မူလနတ်ဘုရားကြွလာပြီ၊ ဖေးဝူမြို့သားတို့ စားဖို့ပြင်
Vol. 17 Ch. 197
ချင်းရွှေကျေးရွာတွင်ကျန်နေခဲ့သော ရှန်လဲ့သည် ပျော်ပျော်ပါးပါးထွက်ခွာသွားသော လူအုပ်ကြီးအား ကြည့်ရင်း မယုံကြည်နိုင်သော မျက်လုံးများဖြင့် ငေးမောကျန်ရစ်ခဲ့၏။
"သူတို့ တကယ်ပဲ ဒီအတိုင်းထွက်သွားကြတာပေါ့ ၊ ယောက်မတွေနဲ့ ဝင်ရိုက်ကြမှာလား"
"နှဲမှုတ်ပြီး နားကန်းအောင်လုပ်မှာလား "
သူက ခေါင်းခါလျက် တိုးတိုးရေရွတ်မိသည်။
"ဗရမ်းဗတာတွေ ..."
သူ၏ဘေးတွင် ရပ်နေခဲ့သော ကျူရှိကျုံးသည် စစ်ပွဲသို့ ဂုဏ်ယူဝံ့ကြွားစွာ ချီတက်သွားသော ခွေးနက်ကြီးကို အားကျစွာ ကြည့်နေ၏။ ထို့နောက် သူက သတ္တိမွေးကာ မဟာအုပ်စိုးရှင်ရှန်လဲ့ကို လှမ်းကြည့်လိုက်၏။
အတိတ်ကာလကဆိုလျှင် စစ်မှန်ဘုရားတစ်ပါးရှေ့တွင် သူသည် ပျာပျာသလဲ ဦးညွှတ်ရမည်ဖြစ်သော်လည်း အစွမ်းထက်သော ရွာစောင့်နတ်ဘုရား၏နောက်သို့ လိုက်ပါလာခဲ့သည်မှာ ကြာပြီဖြစ်၍ အာဏာပိုင်များကို ယခင်ကလောက်ကြောက်ရွံ့ခြင်း မရှိတော့ပေ။
သို့သော် ထိုရဲတင်းမှုက ရွာစောင့်နတ်ဘုရားအပေါ်မှာတော့ မထားဝံ့ပါ ။ ရွာသားအားလုံး၏ နတ်ဘုရားအပေါ် ရိုသေကိုင်းရှိုင်းမှုမှာ အတုမရှိ နက်ရှိုင်းလေ၏။
"အရှင်မြတ်လည်း ဒါမျိုးတွေကို ကြာလာရင် နေသားကျသွားမှာပါ"
ကျူရှိကျုံးက သူ၏ အတွေ့အကြုံများဖြင့် ရှန်လဲ့ကို နှစ်သိမ့်စကား ဆိုလိုက်သည်။
သူတို့ရွာစောင့်နတ်ဘုရား၏ ဘုန်းတန်ခိုးကို မြင်တွေ့ဖူးသူများဆိုလျှင်တော့ ထိုသို့သော ခမ်းနားထည်ဝါမှုများသည် ဆန်းကြယ်သောအရာ မဟုတ်တော့ပေ။
ရှန်လဲ့က ကျူရှိကျုံးကို သဘောမကျသလိုတစ်ချက်ကြည့်၏။
"ခွေးတစ်ကောင်ကဖိနှိပ်တာကိုတောင် ခံရပြီး ထမင်းဝိုင်းမှာတောင် နေရာမရတဲ့သူက ငါ့ကို ဆရာလာလုပ်နေတာလား"
သူက ကျူးရှိကျုံးအား အထင်သေးစွာ ဟောက်လိုက်သည်။
ထိုစကားကြောင့် ကျူရှိကျုံး၏ ယုံကြည်မှုများ ပျောက်ဆုံးသွားပြီး သနားစဖွယ် မျက်နှာငယ်လေး ဖြစ်သွားသော်လည်း ပြန်မပြောဝံ့ပါ။
မကြာသေးမီက စားပွဲတော်တစ်ခုတွင် သူက အရက်အလွန်အကျွံ မူးသွားပြီး ခွေးနက်ကြီးကို ဖက်ကာ အတိတ်ဟောင်းများကို ပြောဆိုရန် ကြိုးစားခဲ့ရာ ခွေးကြီးက ဒေါသထွက်ပြီး လက်တစ်ဖက်ဖြင့် ဖိနှိပ်ခြင်းကို ခံခဲ့ရ၏။
အနီးတွင်ရှိနေသော ဝမ်ကျုံးရှန်ကလည်း ရှန်လဲ့နဲ့အတူ ရောဟောက်လိုက်သည်။
"ငါ့ရဲ့ သွေးသောက်အစ်ကိုခွေးက အရင်လို မဟုတ်တော့ဘူး၊ မင်းက ဘယ်လိုသတ္တိနဲ့ သူ့ကို သွားရှုပ်တာလဲ ၊ မသေတာ ကံကောင်းတယ်မှတ် "
ဝမ်ကျုံးရှန်က ခွေးနက်ကြီးကို ကပ်ဖားယက်ဖားလုပ်ကာ သွေးသောက်ညီအစ်ကိုဖွဲ့ထားလေ၏။ သူ၏စကားကိုကြားသောအခါ ကျူရှိကျုံးမှာ ပို၍ပင် စိတ်မကောင်း ဖြစ်သွားသည်။
သူက ဝမ်ကျုံးရှန်ကို ပြန်ဟောက်ချင်သော်လည်း ရှန်လဲ့ကိုတစ်ချက်ကြည့်ကာ ဘာမှမပြောတော့ဘဲ ရွာထဲသို့ပြန်သွားလေသည်။
ထိုအချိန်၌ ဖေးဝူမြို့၏ အပြင်ဘက်တွင် အရာရှိများသည် မြို့တံခါးဝ၌ ဘယ်ညာနှစ်တန်းစီ၍ ရပ်နေကြသည်။ သူတို့၏ မျက်နှာအမူအရာများသည် အမျိုးမျိုး ဖြစ်နေကြ၏။ အချို့က တက်ကြွနေကြပြီး၊ အချို့က စိုးရိမ်နေကြကာ ၊ အချို့မှာမူ နှလုံးသားများကွဲကြေနေသည့်ပုံ ပေါက်နေသည်။
"စစ်သေနာပတိ ကျီ၊ ခင်ဗျား ဘာလို့ ဒီမှာ ရှိနေသေးတာလဲ"
အစိမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသော နှုတ်ခမ်းမွေးနှင့်အရပ်ရှည်ရှည် လူတစ်ယောက်က မေးလိုက်သည်။ သူသည် ကြံ့ခိုင်သန်မာသလို တက်ကြွနေသော ပုံစံလည်းရှိ၏။
စစ်သေနာပတိကျီပုရန်သည် ဝမ်ချွန်ဖုန်းကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှ ပြန်မပြောဘဲ ရပ်မြဲအတိုင်းရပ်နေသည်။
သူ၏စကားကို ပြန်မဖြေသော်လည်း ဝမ်ချွန်ဖုန်းက စိတ်ဆိုးခြင်းမရှိဘဲ ယဉ်ကျေးသောအမူအယာဖမ်းကာ ထပ်ပြောသည်။
"ကျွန်တော်တို့က အခုဆိုရင် လုပ်ဖော်ကိုင်ဖက်တွေဖြစ်နေပြီပဲ ၊ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ရမှာပေါ့"
ဖေးဝူမြို့တွင် မြို့စောင့်ရှေးဟောင်းနတ်ဘုရားများ မရှိတော့ဘဲ မြို့စားမင်းသာ ရှိတော့သည်။ ကျီပုရန်သည် မြို့စားနန်းတော်၏ စစ်သေနာပတိချုပ်ဖြစ်ပြီး တပ်ရင်းတစ်ခုကို ကွပ်ကဲရသည်။ မြို့အတွင်း ရုတ်တရက် အပြောင်းအလဲများ ဖြစ်ပေါ်လာသောအခါ ထင်ရှားသူအများစုမှာ ထွက်ပြေးသွားကြသော်လည်း ကျီပုရန်က နေခဲ့လေသည်။ ထို့ကြောင့် လက်ရှိ ကျန်ရစ်ခဲ့သောအရာရှိများထဲ၌ သူက အဆင့်မြင့်ဆုံး အရာရှိတစ်ဦး ဖြစ်လာသည်။
ဝမ်ချွန်ဖုန်းကတော့ သေနာပတိကျီနှင့်မတူပေ ။ သူသည် မူလက ကုန်သည်တစ်ဦးသာဖြစ်ပြီး ရာထူးဌာနန္တရ လုံးဝမရှိခဲ့ပေ။ သို့သော် ခေတ်သစ်နတ်ဘုရားတစ်ပါးက ဖေးဝူမြို့ကို အုပ်ချုပ်တော့မည်ဟုကြားသောအခါ သူက ထိုနတ်ဘုရားထံသို့ စောစီးစွာ သစ္စာခံခဲ့၏။
ရလဒ်အနေဖြင့် သူကမိစ္ဆာနတ်ဘုရားသစ်၏ ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။
ယခုအခါ သူတို့သည် မြို့တံခါးအပြင်ဘက်၌ မိစ္ဆာနတ်ဘုရားအသစ် ကြွချီလာခြင်းကို ကြိုဆိုရန် စောင့်ဆိုင်းနေကြခြင်းပင်။
မြို့ပြင်တွင်ရပ်နေသော အခြားအရာရှိများထဲတွင်လည်း ရှေးဟောင်းနတ်ဘုရားများက်ုသစ္စာခံသူများပါသလို ခေတ်သစ်နတ်ဘုရားများက်ု သစ္စာခံသူများလည်း မနည်းလှပေ။
ဤသို့ဖြင့် သူတို့သည် ကိုယ်ပိုင်ခံစားချက်မျိုးစုံဖြင့် မိစ္ဆာနတ်ဘုရားကို ကြိုဆိုရန် မိုးဖွဲထဲတွင် ရပ်နေကြကုန်၏။
အားလုံးကလည်း ကျင့်ကြံသူများဖြစ်နေသဖြင့် ထိုမိုးမှာ အရေးမပါလှပေ။
ဝမ်ချွန်ဖုန်းက ပြုံးလျက် "စစ်သေနာပတိ ကျီ၊ ကျွန်တော်က ကုန်သည်တစ်ယောက် ဖြစ်နေလို့ ခင်ဗျားက အထင်သေးနေတာလား" ဟု မပြီးနိုင်မစီးနိုင် ထပ်မေးလိုက်ပြန်သည်။
သူက သာမန်ကုန်သည်လေးဘဝမှ ဖေးဝူမြို့၏အရေးပါသူဖြစ်လာသည်ကို အလွန်ကျေနပ်နေပုံပင်။
ကျီပုရန်က စိတ်သော်လည်း သူ့ကို အလေးအနက် ကြည့်လိုက်ပြီး "လုံးဝ မဟုတ်ပါဘူး" ဟု လေးနက်သော အသံဖြင့် ဖြေလိုက်ရ၏။
"ကောင်းပါတယ် ကောင်းပါတယ် ၊ ကျွန်တော်ကလည်း ခင်ဗျားကို အမြဲတမ်း လေးစားခဲ့တာပါ..ဟဲ ဟဲ ဟဲ "
ထိုအခါမှ ဝမ်ချွန်ဖုန်းက ကျေနပ်သွားသည်။
"ဒါဆို..အရှင်သခင် ရောက်လာတာနဲ့ ကျွန်တော်တို့ အတူတူ နတ်ဘုရားကို အလုပ်အကျွေး ပြုကြတာပေါ့။"
ဝမ်ချွန်ဖုန်းသည် နတ်ဘုရားအသစ်အကြောင်း ပြောသောအခါ သူ၏မျက်လုံးများတွင် ကြည်ညိုလေးစားမှုများ ပြည့်နှက်လာသည်။
ရောက်လာမည့် နတ်ဘုရားအသစ်သည် မြို့သားအချို့ကို နတ်ဘုရားသားပေါက်များအဖြင့် သိမ်းသွင်းမည် ဖြစ်သော်လည်း အားလုံးကိုတော့ မဟုတ်ပေ။၄င်းအား သစ္စာရှိစွာ အမှုထမ်းသူများသည် ဖန်ထုန်ကမ္ဘာမှနေ၍ နတ်ဘုရားနှင့်အတူ ထွက်ခွာခွင့်ရပြီး ထာဝရအသက်ကို ရရှိမည်ဟု နတ်ဘုရားက ကတိပေးထား၏။
ဝမ်ချွန်ဖုန်း၏ စည်းစိမ်အုတ်မြစ်များသည် ဖေးဝူမြို့တွင် အတည်တကျရှိနေသည်။ မြို့မှ ထွက်ခွာသွားပါက သူ နှစ်ပေါင်းများစွာ စုဆောင်းထားသမျှ ဆုံးရှုံးရမည်ဖြစ်သဖြင့် သူက နတ်ဘုရားအသစ်ထံ သစ္စာခံကာ နေခဲ့ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။ သူကဲ့သို့ အခွင့်အရေးကို အသုံးချလိုသူများစွာကလည်း မြို့ပြင်သို့ထွက်ကာ နတ်ဘုရားကို ကြိုဆိုရန်တန်းစီးနေကြသည်။
ယခုအချ်န်၌ မြို့ထဲတွင် ကျန်နေခဲ့သော မြို့သူမြို့သားအများစုမှာ အိုမင်းမစွမ်းသူများနှင့်အလွန်အားနည်းသူများဖြစ်၏။
အသက်ကြီးသူများနှင့် အခြေတည်အဆင့် သို့မဟုတ် အမြုတေအဆင့် ကျင့်ကြံသူများမှာ ယခုကဲ့သို့ ဘေးဒုက္ခကာလတွင် မြို့ပြင်သို့ ထွက်ပါက သေဘေးနှင့် ရင်ဆိုင်ရမည် ဖြစ်သောကြောင့် မြို့ထဲ၌သာ ငြိမ်ကုပ်နေကြရသည်။
စစ်သေနာပတိကျီပုရန်မှာမူ သူ၏လက်အောက်ရှိ ပြည်သူများကို စိုးရိမ်သောကြောင့် ကျန်ရစ်ခဲ့ခြင်း ဖြစ်၏။
"ကောင်းပါပြီ"
ကျီပုရန်က ဝမ်ချွန်ဖုန်းကို ခေါင်းညိတ်ပြလိုက်သည်။
ထိုစဉ် ဝမ်ချွန်ဖုန်းက တစ်စုံတစ်ခုကို သတိရသွားပြီး ကျီပုရန်အနီးသို့ကပ်ကာ တိုးတိုးပြော၏။
"စစ်သေနာပတိ ကျီ၊ နတ်ဘုရားသစ် ကြွလာရင် ကျွန်တော်တို့ သစ္စာရှိကြောင်း ပြဖို့ တစ်ခုခု လုပ်သင့်တယ်။ အပျိုစင်လေးတွေနဲ့ စားပွဲတော်တစ်ခု ကျင်းပဖို့ ကျွန်တော်တို့ စီစဉ်နေတာ။ ခင်ဗျားက မြို့အကြောင်း အသိဆုံးဆိုတော့ သူတို့ကို စုဆောင်းပေးဖို့ ကူညီစေချင်တယ်"
ထိုစကားကြောင့် ကျီပုရန်၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း ချက်ချင်း ပြန်ဖုံးကွယ်လိုက်နိုင်သည်။
ယခုအချိန်က မကျေနပ်သော်လည်း သည်းခံရမည့်အချိန်ပင်။
"ဖေးဝူမြို့က အခု ဆုတ်ယုတ်နေတဲ့ အခြေအနေမှာ ရှိတာ။ ဒီလို စားပွဲတော်မျိုးကို သေချာ စီစဉ်မှ ရလိမ့်မယ်။မလွယ်ဘူး"
"ဘာလဲ..ဒီစကားက ၊ ခင်ဗျားက မကူညီချင်ဘူးလား၊ စစ်သေနာပတိ ကျီ"
ဝမ်ချွန်ဖုန်းက ကောက်ကျစ်သော အပြုံးဖြင့် မေးလိုက်သည်။
"ငါကမကူညီချင်ဘူးလို့ ပြောလို့လား "
ထိန်းထားသည့်ကြားမှ ကျီပုရန်၏ မျက်လုံးများတွင် ဒေါသများ ပြည့်လျှံလာ၏။
ဒီကောင်က မိစ္ဆာကိုသစ္စာခံပြီး မာန်တော်တော်တက်နေပါလား။
ကျီပုရန်၏ဒေါသကို မြင်သောအခါ ဝမ်ချွန်ဖုန်းက ပမာမခန့်ရယ်လိုက်ပြီး လက်ခုပ်တီးလိုက်ရာ အစောင့်နှစ်ယောက်သည် ရုန်းကန်နေသော ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးတစ်ယောက်ကို ခေါ်ဆောင်လာကြသည်။
ဝမ်ချွန်ဖုန်းက ပြုံးကာ "အပျိုစင်တွေနဲ့ စားပွဲတော် မလုပ်ချင်ဘူးဆိုရင်လည်း ကလေးယောက်ျားလေးတွေနဲ့ လုပ်လို့ရတာပဲ။ ကျွန်တော် တစ်ယောက် ဖမ်းထားပြီးသားပါ"
"မင်း"
ကျီပုရန်သည် ထိုကလေးမှာ သူ၏သားဖြစ်နေသည်ကို သိလိုက်ရသောအခါ ဒေါသများ ပေါက်ကွဲသွားသည်။ သူသည် ဖေးဝူမြို့ကို နောက်ဆုံးအချိန်အထိ ကာကွယ်ရန် ကျန်ရစ်ခဲ့ပြီး သူ၏မိသားစုကို ဘေးကင်းရာသို့ ပို့ဆောင်ခဲ့သော်လည်း ဝမ်ချွန်ဖုန်းက သူ၏သားကို လိုက်လံဖမ်းဆီးနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"မင်းကို ငါကမသတ်ရဲဘူးလို့ ထင်နေတာလား"
သူ၏ ခန္ဓာကိုယ်မှ ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူ၏ အရှိန်အဝါများ ပြင်းထန်စွာ ထွက်ပေါ်လာသည်။
သို့သော် ဝမ်ချွန်ဖုန်းမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။
"အရှင်သခင်က မကြာခင် ရောက်တော့မှာ။ ခင်ဗျားက ပုန်ကန်မလို့လား"
ဝမ်ချွန်ဖုန်းသည် အာဏာကို မက်မောသူဖြစ်ပြီး ကျီပုရန်ကို ဖယ်ရှားကာ နတ်ဘုရားသစ်၏ ထိပ်တန်းလက်အောက်ငယ်သား ဖြစ်လာရန် ကြံစည်နေခြင်း ဖြစ်သည်။
ထိုစကားကြောင့် ကျီပုရန်သည် သတိပြန်ဝင်လာပြီး သူ၏ ဒေါသကို ထိန်းချုပ်ရန် ကြိုးစားနေစဉ်မှာပင် ဝေးကွာသော အရပ်ဆီမှ ဆိုနာတရုတ်နှဲသံတစ်မျိုး လွင့်ပျံ့လာသည်။
"ဘာပါလိမ့်"
မြို့အပြင်တွင်ရပ်နေသော အရာရှိများအားလုံးနီးပါးက နားမလည်ဖြစ်သွားကြပြီး အသံကြားရာသို့ လှည့်ကြည့်လိုက်သောအခါ ကောင်းကင်ယံတွင် ဖြည်းညှင်းစွာ ရွေ့လျားလာသော စီတန်းလှည့်လည်မှုကြီးကို မြင်လိုက်ရသည်။ ရှေ့ဆုံးမှ ဝမ်းနည်းခြင်းဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဒါဇင်ကျော်သည် ငိုယိုကာ ပျံသန်းလာကြ၏။
ဆိုနာနှဲသံကလည်း ကျွမ်းကျင်သူများတီးမှုတ်နေမှန်း သိသာအောင် အလွန်ပင်ချွဲနွဲ့ကာ ဝမ်းနည်းကြေကွဲဖွယ် ကောင်းလှ၏။
"သူတို့က ဘယ်သူတွေလဲ၊ မြို့ထဲကို ဘာလို့ ဝင်လာကြတာလဲ ၊ ဒီနေ့က ဘယ်လိုနေ့ဆိုတာ နားမလည်ကြဘူးလား"
ဝမ်ချွန်ဖုန်း အလွန် ဒေါသထွက်သွားသည်။
"ဒီနေ့က နတ်ဘုရားသစ် ကြွလာမယ့်နေ့။ သူတို့က နတ်ဘုရားကို စော်ကားမိရင် ငါတို့အားလုံး ဒုက္ခရောက်ကုန်မယ်။ တစ်ယောက်ယောက် သူတို့ကို မောင်းထုတ်လိုက်စမ်း"
"နေဦး .အရမ်းမလုပ်ကြနဲ့ ၊ သေဆုံးသူကို အလေးထားတာက အရေးကြီးဆုံးပဲ"
ကျီပုရန်က ကြားဖြတ်ပြောလိုက်သဖြင့် အရာရှိများက အနည်းငယ်တွေဝေသွားသည်။
"သူတို့ တစ်ခုခု ကြံစည်နေတာ ဖြစ်ရမယ်။ ဒီနေ့က ဘာနေ့လဲဆိုတာ သူတို့ မသိဘူးလား။ နတ်ဘုရား ကြွလာမယ့်နေ့မှာ နာရေးအခမ်းအနား လုပ်တယ်ဆိုတာ သစ္စာဖောက်တာပဲ"
ဝမ်ချွန်ဖုန်းသည် ထိုနာရေးစီတန်းမှုကြောင့် နတ်ဘုရားအသစ် စိတ်ဆိုးမည်ကို အမှန်တကယ် ကြောက်ရွံ့နေသည်။ ယခုကဲ့သို့သောနေ့တွင် နာရေးပြုလုပ်သူကိုလည်း သူ နားမလည်နိုင်အောင် ဖြစ်နေ၏။
ဘယ်အရူးအိမ်က ခုချိန်မှ စျာပနလာချနေပါလိမ့်၊ အကုန်သေကုန်တော့မယ်။
ထိုစဥ်မှာပင် သူ၏ စိုးရိမ်မှုများမှာ အမှန်တကယ် ဖြစ်လာတော့သည်။
ရုတ်တရက် ကောင်းကင်ယံတွင် နတ်သံစဉ်များ ပြည့်နှက်သွားပြီး လှပသော အမျိုးသမီး ဆယ့်နှစ်ဦး ပေါ်ထွက်လာ၏။ သူတို့ခန္ဓာကိုယ်များကို ပါးလွှာသော ပိုးသားများဖြင့်သာ ဖုံးကွယ်ထားသဖြင့် အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။ သူတို့နောက်တွင် ကြီးမားသော သားရဲကြီးတစ်ကောင်က နတ်ရထားလုံးကို ဆွဲလာ၏။
" နတ်ဘုရား ကြွလာပြီ"
သူတို့ကြည့်နေစဥ်မှာပင် ထိုအုပ်စုနှစ်စုသည် ကောင်းကင်တွင် ထိပ်တိုက်ဆုံတွေ့လေသည်။
ဝမ်ချွန်ဖုန်း၏ နှလုံးသားမှာ ထိတ်လန့်မှုများဖြင့် ပြည့်သွားသည်။
နတ်ရထားလုံးအတွင်း၌ ရွှေရောင်မျက်လုံးရှိသော လူတစ်ယောက်သည် လှပသော အမျိုးသမီးတစ်ဦးကို ပွေ့ဖက်ကာ လဲလျောင်းနေသည်။ ရထားလုံးအပြင်ဘက်မှ မိန်းမပျိုလေးတစ်ဦး၏ အသံထွက်ပေါ်လာ၏။
"အရှင်သခင် .. ရှေ့မှာ နာရေးစီတန်းမှုတစ်ခုက လမ်းပိတ်နေပါတယ် ဘုရား။"
"ဘာကွ.."
ရွှေရောင်မျက်လုံးရှိသော မိစ္ဆာနတ်ဘုရား၏ မျက်လုံးများတွင် ဒေါသရိပ်များ ဖြတ်ပြေးသွားသည်။
"သူတို့မှာ ခေါင်းတလား ပါလာတယ်မှတ်လား။ အေး....ကျန်တဲ့လူတွေအားလုံးကိုပါ အဲ့ဒီထဲ ထည့်လိုက်စမ်း။"
သတင်းပို့သော မိန်းမပျိုလေး တွေဝေသွား၏။ အဘယ်ကြောင့်ဆိုသော် ထိုစီတန်းမှုမှာ နာရေးနှင့် တူသော်လည်း တစ်ခုခု ထူးဆန်းနေသောကြောင့် ဖြစ်သည်။
ထိုစဉ် ပျင်းရိငြီးငွေ့ဖွယ် အသံတစ်သံ ထွက်ပေါ်လာ၏။
"ရှေ့မှာရှိနေတာ စီးဆင်းနတ်ဘုရားများလား"
ရွှေရောင်မျက်လုံးရှိသောလူသည် ထိုအသံကြောင့် တစ်ခုခု မှားယွင်းနေသည်ကို ချက်ချင်း ခံစားလိုက်ရသည်။
ဒီမြို့မှာ ငါ့ကိုဘယ်သူက အဲဒီလေသံနဲ့ပြောဝံ့တာလဲ။နာရေးကိစ္စခွင့်တောင်းတာ ဘယ်လိုလေသံနဲ့တောင်းနေတာလဲ။
သူက ဒေါသတကြီးဟိန်းဟောက်လိုက်သည်။
"ဘာကိစ္စလဲ ပြောစမ်း"
"ငါတို့ရဲ့ နာရေးစီတန်းမှုမှာ ပို့တဲ့သူအားလုံး စုံပေမဲ့ အဓိကပါဝင်သူ တစ်ယောက် လိုနေလို့။ မင်းက အလောင်းအဖြစ် ပါဝင်ပေးချင်လား"
"ဘာကွ..."
ထိုစကားကိုကြားလိုက်ရသောအခါ မြို့အပြင်တွင်ရှိနေသော အရာရှိများအားလုံး မှင်တက်သွားကြသည်။
သူတို့က စျာပနချဖို့မှ မဟုတ်ဘဲ ပြဿနာရှာဖို့လာတာထင်တယ်။
နဂါးအသည်းကိုစားထားလို့ ဒီစကားမျိုးပြောရဲတာလား။
ကျီပုရန်သည် ယခုကဲ့သို့ ရဲရင့်သူမှာ မည်သူနည်းဟု စဉ်းစားနေစဉ် ရွှေရောင်မျက်လုံးရှိသော မိစ္ဆာနတ်ဘုရား၏ အသံကကျယ်လောင်စွာထွက်ပေါ်လာသည်။
"လူသား..မင်း ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ"
စီးဆင်းနတ်ဘုရား၏ ဒေါသတကြီးဟိန်းဟောက်သံနှင့်အတူ သူ၏ရထားလုံးမှာ အစိတ်စိတ်အမွှာမွာ ပျက်စီးသွားပြီး သူ၏လက်ထဲမှ အမျိုးသမီးမှာလည်း သွေးအိုင်ထဲတွင် လဲကျသွားသည်။
သူ၏ရွှေရောင်မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး လူအုပ်အလယ်မှ ကျိယွမ်ကို မေးလိုက်သည်။
"မင်းရဲ့ နာမည်ကို ပြောစမ်း ၊ နာမည်မရှိတဲ့သူကို ငါ မသတ်ဘူး"
"ချင်းရွှေကျေးရွာက မူလနတ်ဘုရားဆိုတာ ငါပဲ "
ကျိယွမ်က အေးအေးလူလူ ဖြေလိုက်သည်။
"ကဲ...နာမည်လည်းသိသွားပြီဆိုတော့ မင်းရဲ့ အလောင်းကို ခဏလောက် ငှားလို့ရမလား"
ဝမ်ချွန်ဖုန်းသည် ထိုအခွင့်အရေးကို အသုံးချကာ မိစ္ဆာနတ်ဘုရားဘက်မှ ဝင်အော်၏။
"အရှင်သခင်ကို ဘယ်လိုတောင် စော်ကားရဲတာလဲ ၊ မင်း သေချင်နေပြီလား"
သူ၏ သစ္စာရှိမှုကို ပြသရန် အခွင့်အရေးက ဆိုက်ရောက်လာလေပြီ ။ အရှင်သခင်က ထိုကျေးရွာအဆင့်နတ်ဘုရားကို အပြတ်အသတ်ချေမှုန်းလိမ့်မည်ဟု သူ ယုံကြည်နေသည်။
ဒီရှေးဟောင်းနတ်ဘုရားကတော့ သေပြီပဲ။
သူတွေးနေစဥ်မှာပင် မိစ္ဆာနတ်ဘုရားက နာရေးလူတန်းကို ကြည့်ကာ အော်ဟစ်လိုက်သည်။
"အေး....မင်း နာမည်ကို ငါ မှတ်ထားလိုက်ပြီ။ ငါ့ရဲ့ ယောက်ဖက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူးကွ "
မိစ္ဆာနတ်ဘုရားက စကားဆုံးသည်နှင့် ချာခနဲလှည့်ကာထွက်ပြေးသွားလေသည်။
ဝမ်ချွန်ဖုန်းမှာ ထိုမြင်ကွင်းကိုမြင်ပြီး မယုံကြည်နိုင်စွာ မှင်တက်ကျန်ရစ်ခဲ့သည်။
ငါတို့နတ်ဘုရားက ဘာလုပ်တာလဲ။
ကျိယွမ်က ထွက်ပြေးသွားသော စီးဆင်းနတ်ဘုရားကို ကြည့်ကာ သက်ပြင်းချလိုက်၏။
"သူ့ရဲ့ဟန်ပန်နဲ့အရှိန်အဝါက ငါ့ထက်တောင် ကြီးကျယ်သေးတယ်။ သူက သူရဲကောင်းတစ်ယောက်လို့ ငါ ထင်ခဲ့တာ၊ တကယ်တော့ သူရဲဘောကြောင်တဲ့သူပဲ ဖြစ်နေတာပဲ"
ကျိယွမ်က စိတ်ပျက်သွားသလို ညည်းလိုက်စဥ်မှာပင် ထွက်ပြေးနေသော စီးဆင်းနတ်ဘုရား၏ ရှေ့တွင် စစ်မှန်နတ်ဘုရားလေးပါး ပေါ်လာပြီး လမ်းပိတ်လိုက်သည်။
ထိုလေးပါးမှာ ကျိယွမ်၏သူတော်စင်များ ဖြစ်ကြ၏။
"မင်းရဲ့ အလောင်းကို ငှားစမ်း"
သူတော်စင်လေးပါး၏ အသံက တစ်ပြိုင်နက်တည်း ပေါ်ထွက်လာရာ အသံမှာ မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်လှသည်။
စီးဆင်းနတ်ဘုရား၏ မျက်နှာမှာ ဖြူလျော်သွားသည်။
"ဖေးလင်ခရိုင်က ရှေးဟောင်းနတ်ဘုရားတွေ ဒီကို ရောက်လာတာလား။ မဟုတ်ဘူး... မင်းတို့က ဖေးလင်ခရိုင်က မဟုတ်ဘူး"
ထိုလေးယောက်လုံးသည် သူမှတ်မိသော ရှေးဟောင်းနတ်ဘုရားများ မဟုတ်ကြပေ။
သူရပ်တန့်သွားစဥ်မှာပင် သူတော်စင်များသည် ဘာမှထပ်ပြန်မပြောဘဲ တစ်ပြိုင်နက် တိုက်ခိုက်ကြ၏။ သူတို့၏ ပူးပေါင်းအင်အားကြောင့် မြေပြင်အထိ တုန်ခါသွားပြီး စီးဆင်းနတ်ဘုရားမှာ ခုခံရန် ခက်ခဲစွာ ရုန်းကန်နေရသည်။
"မင်း...မင်းတို့က ဘယ်သူတွေလဲ"
သူက အော်ဟစ်မေးမြန်းသည်။
"အရစ်မရှည်နဲ့ ..မင်းရဲ့ အလောင်းကို ငှားစမ်း"
သူတော်စင်လေးပါးသည် ကျိယွမ်၏ စကားကိုသာ ထပ်ခါတလဲလဲ ပြောဆိုနေပြီး မရပ်မနားတမ်းတိုက်ခိုက်နေရာ တိုက်ပွဲမှာ ပိုမို ပြင်းထန်လာပြီး စီးဆင်းနတ်ဘုရားမှာ ပိုမို ကြံရာမရ ဖြစ်လာသည်။
ရုန်းကန်နေရင်းမှ သူ၏အကြည့်က ကျိယွမ်ဆီသို့ရောက်ရှိသွားလေ၏။ လွတ်မြောက်ရန်အတွက် တစ်ခုတည်းသော အခွင့်အရေးမှာ ကျိယွမ်ကို ဖမ်းဆီးရန်သာ ရှိတော့သည်ဟု သူ တွေးလိုက်သည်။
"ဒါက အချိန်အကြာကြီး ယူနေတာပဲ။ ဒီလိုသာ ဆက်သွားရင် စားပွဲတော် နောက်ကျလိမ့်မယ်"
ကျိယွမ်က တိုက်ပွဲကို ကြည့်ကာ ပျင်းရိစွာ မှတ်ချက်ပြုသည်။
"ကောင်းကင်ဘုံ နတ်မင်းကြီးလေးပါး၊ နင်တို့..."
သူ၏ စကားမဆုံးမီမှာပင် စီးဆင်းနတ်ဘုရားသည် သူ၏ နတ်ဘုရားစွမ်းအားများကို အသုံးချကာ ကျိယွမ်ထံသို့ အောင်နိုင်သူအပြုံးဖြင့် ပြေးဝင်လာသည်။
"ငါက နတ်ဘုရားစစ်ပွဲတွေကိုတောင် ရှင်သန်ခဲ့တာ ၊ မင်းတို့လို ဒေသခံ အားနည်းသူတွေက ငါ့ကို ဘာလုပ်နိုင်မှာလဲ"
သူက အောင်နိုင်မည်ဟု ယုံကြည်ကာ ဟိန်းဟောက်လိုက်သည်။
သို့သော် သူ ကျိယွမ်ထံသို့ ရောက်သောအခါ လှပသော အမျိုးသမီးလေးဦး (ကောင်းကင်ဘုံ နတ်မင်းကြီးလေးပါး) သည် ရှေ့သို့ ရုတ်တရက်တက်လာကြသည်။ သူတို့ တစ်ဦးစီမှာ စစ်မှန်ဘုရားများ ဖြစ်ကြသလို သူတို့နောက်တွင် ကျန်ရှိသော သူတော်စင်များကလည်း ကျိယွမ်ကို ဝန်းရံကာ အကာအကွယ် ပေးလိုက်ကြသည်။ သူတို့၏ နတ်ဘုရား အရှိန်အဝါများကလည်း သိသိသာသာ ပြင်းထန်နေ၏။
"သောက်ခွေး...ဘာတွေလဲ "
စီးဆင်းနတ်ဘုရား၏ အပြုံးမှာ အေးခဲသွားတော့သည်။ သူ၏ အမှားကို နားလည်သွားပြီး ကြောက်လန့်တကြားပြန်လှည့်ပြေးရန် ပြင်လိုက်၏။
"သတ်စမ်း
စစ်မှန်နတ်ဘုရား ဆယ့်ခြောက်ပါးကလည်း လက်မနှေးဘဲ တစ်ပြိုင်နက်တည်း တိုက်ခိုက်ကြတော့သည်။
ပုလွေသံများ၊ ထီးသံများနှင့် ခေါင်းလောင်းသံများ ကောင်းကင်ယံတွင် ပြည့်နှက်သွားပြီး စီးဆင်းနတ်ဘုရားမှာ သံလက်သီး ဆယ့်ခြောက်လုံး၏ မညှာမတာထိုးနှက်မှုကို မရှုမလှခံလိုက်ရသည်။
"ဒါကြီးကတော့ လွန်တာပေါ့.."
"အား...."
နာကျင်စွာ အော်ဟစ်သံနှင့်အတူ စီးဆင်းနတ်ဘုရား၏ ကျင့်ကြံမှု အရှိန်အဝါများမှာ ထိုတိုက်ခိုက်မှုအောက်တွင် လုံးဝ ပျက်စီးသွားရသည်။
ကျိယွမ်က ထိုမြင်ကွင်းကို ကြည့်ကာ သက်ပြင်းချရင်း ခေါင်းခါ၏။
"မင်း အစကတည်းက အလောင်းကို ငှားခဲ့ရင် ဒီလို ခံစားရမှာ မဟုတ်ဘူး။ မင်းရဲ့ ဝိညာဉ်ကိုတောင် ထမင်းဝိုင်းမှာ ပါဝင်ခွင့် ပေးခဲ့ဦးမှာ ၊ ခုတော့ .."
သူ၏ စကားသံကို တစ်ဖက်သားမှာ မကြားနိုင်တော့ပါ ၊ စီးဆင်းနတ်ဘုရားမှာ သူတော်စင်များ၏ သံလက်သီးအောက်တွင် အသက်ပျောက်သွားရပြီ မဟုတ်ပါလား။
ကျိယွမ်သည် မြို့တံခါးအပြင်မှ အရာရှိများကို အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်ရာ သူတို့မှာ ကြောက်ရွံ့လွန်း၍ မလှုပ်နိုင်ဘဲ ဖြစ်နေကြသည်။
စီးဆင်းနတ်ဘုရားသည် စစ်မှန်နတ်ဘုရား အပါးနှစ်ဆယ်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့၏။
ဒီလောက်များတဲ့ စစ်မှန်နတ်ဘုရားတွေက ဘယ်နေရာက ရောက်လာကြတာလဲ။
သူတို့ထိတ်လန့်နေစဥ်မှာပင် ကျိယွမ်က ကြေညာလိုက်သည်။
"စားပွဲတော် စပြီ"
"မိစ္ဆာနတ်ဘုရားတွေကို ကူညီဖို့ ကြံစည်တဲ့သူမှန်သမျှကို သတ်ပစ်လိုက်စမ်း။ အဲ့ဒါမှ ငါတို့ စားပွဲတော်အတွက် အချိန်ပိုရမယ်။"
သူ၏ အမိန့်သံဆုံးသည်နှင့် နဂါးနိုင်သူတော်စင်နှင့် ကျားနိုင်သူတော်စင်တို့သည် လူအုပ်ထဲသို့ ဝင်ရောက်ကာ အရာရှိများကို အလွယ်တကူ သုတ်သင်ကြတော့သည်။
တစ်ချိန်က ဝံ့ကြွားခဲ့သော အရာရှိများသည် စက္ကူများကဲ့သို့ စုတ်ပြဲကာ လဲကျကုန်၏။
ကျိယွမ်သည် တုန်လှုပ်နေသောကျီပုရန်ဘက်သို့ လှည့်ကာ လေသံကို အနည်းငာ် လျှော့၍ အသိပေးလိုက်သည်။
"မင်းကို ခိုင်းစရာ တစ်ခုရှိတယ်"
ကျီပုရန်က ထိတ်လန့်နေသည့်ကြားမှ စိတ်လှုပ်ရှားသွားပြီး
"မိန့်ကြားပါ အရှင်မြတ်"
ယခုလိုခေတ်ဆိုးကြီးထဲ၌ ဖေးဝူမြို့အတွက် ရပ်တည်ပေးသော ရှေးဟောင်းနတ်ဘုရား တစ်ပါးကို မြင်တွေ့ရသဖြင့် သူ၏ ကြည်ညိုမှုမှာ အတိုင်းအထက်အလွန် ဖြစ်နေခဲ့သည်။
"ငါတို့က စီးဆင်းနတ်ဘုရားအတွက် စားပွဲတော်လုပ်ဖို့ အဝေးကြီးကနေ လာခဲ့ကြတာ။ ငါတို့မှာ စားဖိုမှူးတွေ၊ ငိုချင်းသည်တွေ၊ ဂီတသမားတွေ အကုန်ပါတယ်။ အစားအစာပဲ လိုတာ။ မင်း မြန်မြန်သွားပြီး ရိက္ခာတွေ စုဆောင်းလိုက်"
ကျိယွမ်၏ စကားကိုကြားသောအထါ
သူ၏နောက်မှ ရွာသားများသည်လည်း စားပွဲတော်ကို မျှော်လင့်ကာ လျှာလေးများ တသပ်သပ်ဖြင့် မိမိတို့ ဗိုက်များကို ပွတ်နေကြသည်။ သူတို့အတွက် နတ်ဘုရားနောက်သို့ လိုက်ရသည်မှာ စားပွဲတော်ရှိသော အချိန်သည် အပျော်ဆုံးအချိန် ဖြစ်သည်ဟု ဝန်ခံရမလိုပင်။
ငါတို့ချင်းရွှေရွာနတ်ဘုရားက အကောင်းဆုံးပဲကွ။
ကျီပုရန်သည် မမျှော်လင့်ထားသော စကားကြောင့် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
"နားလည်ပါပြီ"
သူသည် ချင်းရွှေကျေးရွာ ရွာစောင့်နတ်ဘုရား၏ ရည်ရွယ်ချက်ကို အပြည့်အဝ နားမလည်သော်လည်း ဤစားပွဲတော်ထက် ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်ရှိမည်ဟု ယုံကြည်နေသည်။
"မူလနတ်ဘုရား ကြွလာပြီဆိုတော့ ဖေးဝူမြို့သားတွေ စားပွဲတော် ဆင်နွှဲရတော့မှာပေါ့"
ကျိယွမ်က ကျီပုရန် ထွက်ခွာသွားသည်ကို ကြည့်ရင်း မှတိချက်ချ၏။
သူ၏ဘေးတွင်ရှိနေသော ချီချီ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ရှိနေသော်လည်း ဝမ်းနည်းရိပ်အချို့ ကိန်းအောင်းနေခဲ့သည်။
ငါရဲ့မွေးရပ်မြေထျန်းဖူမြို့သားတွေခမျာ အခုလို အောင်ပွဲခံ စားပွဲတော်ကို ဆင်နွှဲခွင့် မရခဲ့ရှာကြဘူး။သနားဖို့ ကောင်းလိုက်တာ ။
ချီချီသည် ထျန်းဖူကို ကာကွယ်ရင်း သေဆုံးသွားသူများကို ဂုဏ်ပြုသောအားဖြင့် အဝစားမည်ဟု ဆုံးဖြတ်လိုက်သည်။
ကျိယွမ်သည် စီးဆင်းနတ်ဘုရား၏ သိုလှောင်အိတ်ကို စစ်ဆေးကြည့်ပြီး စိတ်အလွန်ပျက်သွားသည်။
"လွန်ခဲ့တဲ့လအနည်းငယ်ကဆိုရင်တော့ ဒါက အဖိုးတန်ကောင်း တန်လိမ့်မယ်၊ ဒါပေမဲ့ အခုတော့ ဒါပဲလား"
သိုလှောင်အိတ်ထဲတွင် အဖိုးတန်သောအရာ မရှိပေ။ မိစ္ဆာနတ်ဘုရားစွမ်းအားနှင့် အတွေ့အကြုံရမှတ်ရလိုက်သည်ကိုပင် တော်သေးသည်ဟု ဖြေသိပ်ရမလိုပင်။
သို့သော် တစ်စုံတစ်ခုက သူ၏ အာရုံကို ဖမ်းစားလိုက်သည်။ ၎င်းမှာ အပေါက်များစွာဖြင့်ပျက်စီးနေသည့် သွေးစွန်းနေသော စစ်ဦးထုပ်တစ်ခု ဖြစ်သည်။ ကျိယွမ်သည် ထိုဦးထုပ်မှ ရင်းနှီးသော အရှိန်အဝါကို ခံစားလိုက်ရ၏။
"ဝမ်ချီ၊ ဒါ မင်းဘိုးဘေးရဲ့ ဦးထုပ် မဟုတ်လား"
ကျိယွမ်က ဝမ်ဝမ်ချီကို ထိုစစ်ဦးထုပ်ကို ထုတ်ပြလိုက်သည်။
ထိုဦးထုပ်တွင် မိစ္ဆာနတ်ဘုရား၏ စွမ်းအားအရှိန်အဝါများမှာကျန်ရှိနေဆဲဖြစ်ရာ ဦးထုပ်ပိုင်ရှင်သည် အလွန်ပြင်းထန်သော တိုက်ပွဲတစ်ခုကို ရင်ဆိုင်ခဲ့ရကြောင်း သက်သေပြသည့်အလား ရှိ၏။
"ရတနာနတ်ဘုရားရဲ့ ဦးထုပ်ဆိုတာ သေချာတယ်"