← Chapters

ငါက ဗေဒင်ဆရာ

Vol. 17 Ch. 200

ငါက ဗေဒင်ဆရာ

Vol. 17 Ch. 200

ဘိုးဘွားနယ်မြေသို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေစဉ်အတွင်း ကျိယွမ်သည် နတ်ကွန်းထဲ၌သာ သတင်းသုံးနေပြီး အပြင်သို့ မထွက်ခဲ့ပါ ။ သူ၏ခရီးစဉ်သည် သေဘေးနှင့် အလွန့်အလွန်နီးစပ်သော်လည်း လူပေါင်းများစွာက မိမိသဘောဆန္ဒအလျောက် လ်ုက်ပါရန်စာရင်းပေးခဲ့ကြသည်မှာ အံ့အားသင့်ဖွယ်ပင်။

စာရင်းပေးသူများက သူမျှော်လင့်ထားသည်ထက် ပိုမိုများပြားနေပြီး လူပေါင်း ၅၀ ကျော်က လိုက်ပါရန် ဆန္ဒပြုခဲ့ကြခြင်းပင်။

နောက်ဆုံးတွင် ကျိယွမ်က သူနှင့်အတူ လိုက်ပါရန် ရွာသား ၈ ဦးကို ရွေးချယ်ခဲ့ပါသည်။ ၎င်းတို့မှာ ရွာသူကြီး ယွီလီ၊ နတ်ဘုရားတာဝန်ခံ ရှန်ထူ၊ ရှီကျားရွာမှ ရှီချုံရှန်း၊ ချန်ရှီးရွာမှ ချန်ရှီးဖန်နှင့် ကျူးရှိကျုံးတို့ အပါအဝင် သူ၏ နယ်မြေအတွင်းရှိ အနည်းငယ်ထင်ရှားကျော်ကြားသူများ ဖြစ်ကြသည်။

"မင်းတို့ တစ်ယောက်မှ သေမှာကို မကြောက်ကြဘူးလား"

တစ်နေ့တွင် ကျိယွမ်က နတ်ကွမ်းရှေ့၌ ရပ်နေသည့် ရွေးချယ်ခံထားရသော လူ ၈ ဦးကို ပေါ့ပေါ့ပါးပါး မေးမြန်းလိုက်သည်။

ကျူးရှီကျုံးက ပခုံးတွန့်လျက် မတတ်သာသလိုဖြေ၏။

"သေရမှာထက်စာရင် ဘဝတစ်လျှောက်လုံး ခွေးနက်ကြီးတစ်ကောင်ရဲ့ လောင်းရိပ်အောက်မှာ နေရမှာကို ပိုကြောက်မိပါတယ်"

ရှေးဟောင်းမျိုးနွယ်စုဝင် တစ်ဦးဖြစ်သည့်အတွက် ဘိုးဘွားပိုင်နယ်မြေသို့ ဝင်ရောက်ခြင်း၏အန္တရာယ်ကို ကျူးရှိကျုံးကောင်းစွာ သိပါသည်။ စစ်မှန်နတ်ဘုရားများပင်လျှင် ထိုနေရာတွင် သေဆုံးနိုင်ခြေ ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး မဟာအုပ်စိုးရှင်များပင် အသက်ပျောက်ဖူး၏။

သို့သော် အသက်ကိုအရင်းမပြုပါက နတ်ဘုရားထံမှ မြင့်မြတ်သော ကျင့်စဉ်များကို မည်သို့ ရရှိနိုင်မည်နည်း။တစ်ခုလိုချင်လျင် တစ်ခုကိုပေးရမည် ။ ထိုအရာက လောကတရား၏ အရောင်းအဝယ်စည်းမျဥ်းပင် ။

"ကျူးရှိကျုံး ၊ မင်း ငါ့ရဲ့ သွေးသောက်ညီအစ်ကိုကို မစော်ကားနဲ့"

ရှီချုံရှန်းက ခွေးနက်ကြီးဘက်မှ ခုခံကာကွယ်လိုက်သည်။

ကျူးရှိကျုံးက ရှီချုံရှန်းကို အထင်အမြင်သေးစွာ ကြည့်လျက် တုန့်ပြန်၏။

"ငါသာ နတ်ဘုရားကျင့်စဉ်ကို ရခဲ့ရင် မင်းကတော့ ဝက် ဒါမှမဟုတ် ခွေးထက် မပိုတဲ့ကောင် ဖြစ်သွားမှာပါ"

သူက တစ်လက်စတည်းက ရွာလူကြီးနှင့်ကျန်သောသူများဘက်လှည့်ကာ မေးလ်ုက်သည်။

"ရှီချုံရှန်း ဝက်ဖြစ်သွားရင် ခင်ဗျားတို့က သူနဲ့ သွေးသောက်ညီအစ်ကိုဖွဲ့မလား ၊ ပေါ်စားမလား "

"ပေါ်စားပစ်မှာပေါ့ဟ .."

ရှန်ထူက လွှတ်ခနဲဖြေမိပြီးမှ ပါးစပ်ကိုအမြန်ပိတ်လိုက်ရသည်။

ထိုစကားကိုကြားသောအခါ နတ်ကွန်းရှေ့မှရွာသားများအားလုံး ရယ်မောကြပြီး ဘိုးဘွားနယ်မြေအပေါ် ထားရှိသော ကြောက်ရွံ့မှုများ ခဏတာ လွင့်ပျယ်သွားသည်။

"ကဲ... ဘိုးဘွားပိုင်နယ်မြေရဲ့ တံခါးပေါက် ပွင့်နေပြီဆိုတော့ အချိန်မဖြုန်းကြနဲ့တော့။ ငါတို့ အမြန်ဝင်ပြီး အမြန်ပြန်ထွက်ကြမယ်"

အမြဲတမ်း တက်ကြွလှုပ်ရှားတတ်သော ကျိယွမ်က သူ၏အစီအစဉ်ကို စတင်ရန် တိုက်တွန်းလိုက်သည်။

"နားလည်ပါပြီ"

အားလုံး၏ အမူအယာများက လေးနက်သွား၏။

ရွာသူကြီး ယွီလီသည် သူ၏ဆေးတံအိုကြီးကို နောက်ဆုံးအနေဖြင့် တစ်ချက်ပြင်းပြင်း ရှိုက်ဖွာပြီးနောက် နတ်ကွန်းနံရံထောင့်တွင် သေသေချာချာ ချထားခဲ့သည်။

ငါပြန်မလာနိုင်ခဲ့ရင်တောင် ဒီဆေးတံကို မြင်တိုင်း ငါ့ရွာသားတွေက ငါ့ကိုသတိရကြမယ်ထင်ပါတယ်။

သူက တစ်သက်လုံးကိုယ်နှင့်မကွာဆောင်လာခဲ့သောဆေးတံကို နောက်ဆုံးနှုတ်ဆတ်သည့်အလား ကြည့်ပြီးနောက် ကျိယွမ်ဆီသို့ ပြတ်သားစွာကြည့်လိုက်၏။

အခြားရွာသားများလည်း သူကဲ့သို့ပင် ထပ်တူပင် စိတ်ပိုင်းဖြတ်ထားကြပြီး လေးနက်နေကြသည်။

သေမြေကြီး ရှင်ရွှေထီးပဲ ၊ ငါတို့က အစကတည်းက သေလူတွေ ၊ ဘာကိုကြောက်နေရမှာလဲ။

ကျိယွမ်က အဘိုးအိုရှန်လဲ့ကို ကြည့်ကာ "ကျွန်တော် တစ်ရက်၊ နှစ်ရက် ဒါမှမဟုတ် လေးငါးရက်အတွင်း ပြန်လာပါ့မယ်။ ကျွန်တော် မရှိခိုက် ချင်းရွှေရွာကို စောင့်ရှောက်ပေးပါဦး မိုးကြိုးအဖိုးကြီး"

" 'အဖိုးကြီး' ဆိုတဲ့အသုံးအနှုန်းက တော်တော်ရိုသေတဲ့ အခေါ်အဝေါ်လား ၊ အကူအညီတောင်းရင်လည်း မင်းပါးစပ်လေးကို ပြင်ဦး"

ရှန်လဲ့က မထူးဆန်းသလို တုန့်ပြန်သည်။

"အဘိုးကြီးလို့ခေါ်တာက မရိုင်းပါဘူး"

ကျိယွမ်က တည်တံ့စွာရှင်းပြ၏။

"ခင်ဗျား တစ်ယောက်ယောက်ကို သတ်တဲ့အခါ 'ငါအဘိုးကြီး လာပြီဟေ့' လို့ မာန်ပါပါအော်ပြောသင့်တယ်။ အဲ့ဒါမှ တကယ်ကို စတိုင်လ်ကျမှာ"

"ထားတော့ ...ဒီတစ်ခါတော့ မင်းစကားကို ယုံလိုက်ပါ့မယ်"

ရှန်လဲ့က ထိုသို့ဆိုရင်း ကျိယွမ်ကို လွမ်းဆွတ်တသဟန်ဖြင့် ကြည့်နေသည်။

"မင်းရဲ့ ဘဝဟာ ကောင်းကင်ယံမှာ တောက်ပနေတဲ့ ကြယ်တာရာတွေလို ထွန်းလင်းပါစေလို့ ငါဆုတောင်းပေးခဲ့ပါတယ်"

ကျိယွမ်က ရှန်လဲ့အား မယုံသင်္ကာကြည့်သည်။

"ဘာကို ဆုတောင်းပေးခဲ့ပါတယ်လဲ ၊ ရုတ်တရက်ကြီး စာပေဆန်သွားပါလား။ အဘိုးကြီး ခင်ဗျား ငယ်ငယ်က စာပေသမား ဖြစ်ခဲ့တာလား"

ကျိယွမ်က သံသယဖြင့် မေးပြီးနောက် ခေါင်းယမ်းကာဆက်ပြောသည်။

"ကျွန်တော်က ကဗျာတွေ ဘာတွေ မသိတော့ ခင်ဗျားလည်း စည်းစိမ်ဥစ္စာတွေ အများကြီးပိုင်ဆိုင်ပြီး သက်တမ်းအရှည်ဆုံး ထိ နေနိုင်ပါစေလို့ပဲ ဆုတောင်းပေးလိုက်မယ်"

ရှန်လဲ့က ကျိယွမ်၏ ဆုတောင်းစကားကိုကြား​သောအခါ မျက်နှာပေါ်တွင် အနည်းငယ်ဝမ်းနည်းရိပ်သန်းသွား၏။

သို့သော် သူကချက်ချင်းဖုံးကွယ်ကာ အော်ဟစ်ရယ်မောလိုက်သည်။

"ဟားဟား ဟားဟား ၊ သက်တမ်းအရှည်ဆုံးနေနိုင်ပါစေတဲ့လား ၊ ကောင်လေး မင်းငါ့ကို ကျိန်ဆဲနေတာပဲ ၊ မင်းသေလို့တောင် ငါကသေဦးမှာ မဟုတ်ဘူးကွ ၊ နားလည်လား"

"ခင်ဗျားက စေတနာကိုနားမလည်တဲ့ အဘိုးကြီးပဲ "

ထို့နောက် ကျိယွမ်က ရှန်လဲ့နှင့် အခြားသူများကို နှုတ်ဆက်ပြီးနောက် နတ်ကွန်းမှ ထွက်ခွာသွားသည်။

သူတို့အဖွဲ့သည် ချင်းရွှေရွာ၏ မြောက်ဘက်တွင်ရှိသော ရှေးဟောင်းရေတွင်းကြီးဆီသို့ ရွာသူကြီး ယွီလီ ၊ နတ်ဆရာ ရှန်ထူတို့၏ ဦးဆောင်မှုဖြင့် ရောက်လာခဲ့သည်။

ထိုရေတွင်းကြီးမှာ အလွန်အိုဟောင်းနေပြီး အောက်ခြေက်ု မမြင်ရလောက်အောင် နက်ရှိုင်း၏။ ရေတွင်းနှုတ်ခမ်းသားတစ်ဝိုက်တွင် ထူးဆန်းသော အလင်းရောင်များ ဖြာထွက်နေသဖြင့် ညဘက်ရောက်လျှင် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ရှန်ထူသည် ပို၍နီးကပ်အောင် ရှေ့သို့ တိုးလာပြီးနောက် သူ၏လက်ချောင်းက်ုဖောက်ကာ ရေတွင်းထဲသို့ သွေးတစ်စက် ချလိုက်သည်။

ထိုအခါ အလင်းရောင်များ ပိုမိုတောက်ပလာပြီး ကျိယွမ်သည် ပြင်းထန်သော ဟင်းလင်းပြင် တုန်ခါမှုကို ခံစားလိုက်ရ၏။

"ဒါက တည်နေရာရွှေ့ပြောင်းတဲ့ အစီအရင် လား"

ကျိယွမ်က ရေတွင်းကြီးအား စိုက်ကြည့်နေရင်းမှ စိတ်ဝင်စားစွာ မေးလိုက်သည်။ သူသည် ကန်းလန်နယ်မြေတွင် အစီအရင်များစွာနှင့် ကြုံတွေ့ဖူးသော်လည်း တည်နေရာရွှေ့ပြောင်းခြင်းမျိုးကိုမူ မကြုံဖူးသေးပါ။

ရွာသူကြီး ယွီလီက ခေါင်းညိတ်ပြပြီး ရိုသေစွာပြန်ဖြေသည်။

"ဒါဟာ ရှေးဟောင်းခေတ်ကတည်းက ရှိခဲ့တဲ့ တည်နေရာရွှေ့ပြောင်း အစီအရင်ဖြစ်ပြီး ဘိုးဘွားပိုင်နယ်မြေဆီကို တိုက်ရိုက် ဦးတည်နေပါတယ်"

ကျိယွမ်၏ စူးစမ်းလိုစိတ်မှာ ပိုမိုနက်ရှိုင်းလာပြီး ထပ်မေးလေသည်။

"ဒီအစီအရင်က ဘယ်လို အလုပ်လုပ်တာလဲ။ ဟင်းလင်းပြင် နိယာမတွေအပေါ် အခြေခံထားတာလား"

ရှန်ထူက ရေတွင်းပေါ်ဆန့်တန်းထားသော သူ၏လက်ကိုရုပ်သိမ်းပြီး ပြန်ဖြေ၏။

"တည်နေရာရွှေ့ပြောင်း အစီအရင်ဟာ ဟင်းလင်းပြင် နိယာမတွေနဲ့ ဘာမှမသက်ဆိုင်ပါဘူး"

"ဘာလို့လဲ။ ဟင်းလင်းပြင် နိယာမတွေကို ကျွမ်းကျင်ရင် ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး လိုချင်တဲ့နေရာကို သွားလို့ရတယ် မဟုတ်ဘူးလား"

ကျိယွမ်မှာ ဇဝေဇဝါ ဖြစ်သွားပြီး လေးနက်စွာစဥ်းစားနေသည်။

"ဟင်းလင်းပြင်ကို ဖောက်ထွက်လိုက်ရင် အနတ္တနယ်မြေကို ရောက်သွားမှာပါ။ အဲ့ဒီနေရာကို လူသားခန္ဓာကိုယ်နဲ့ ဝင်မိရင် ခန္ဓာကိုယ် ပျက်စီးသွားပါလိမ့်မယ်။ နတ်ဘုရားတွေတောင် သူတို့ရဲ့ ဝိညာဉ်ကိုပဲ အနတ္တနယ်မြေထဲ စေလွှတ်နိုင်တာပါ။ အနတ္တနယ်မြေထဲမှာ ဆယ်နှစ်လောက် သွားရတဲ့ ခရီးဟာ တကယ့်ကမ္ဘာမှာ တစ်ရက်စာ ခရီးလောက်တောင် မရှိပါဘူး။ ဒီအစီအရင်ကတော့ အနတ္တနယ်မြေရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အမှောင်အနတ္တနယ်မြေ ထဲကို ဝင်ရောက်တာပါ။ အဲ့ဒီမှာ ခရီးအကွာအဝေးက တကယ့်ကမ္ဘာထက် အများကြီး ပိုတိုတောင်းပါတယ်"

ရှန်ထူ၏ရှင်းပြချက်ကြောင့် ကျိယွမ်သည် ထိုအချက်ကို စတင်နားလည်လာသည်။

'အမှောင်အနတ္တနယ်မြေ' သည် ဟင်းလင်းပြင်ကို စက္ကူတစ်ရွက်အား ခေါက်ချိုးလိုက်သကဲ့သို့ လုပ်ဆောင်နိုင်ပုံရသည်။ ထိုသို့ ခေါက်ချိုးလိုက်သောအခါ စက္ကု၏ထိပ်ဖျားအနားစနှစ်ခုကို နီးကပ်သွားစေသည့် လမ်းကြောင်းတစ်ခုသဖွယ် ဖြစ်လာ၏။

သေချာတွေးပြီးနောက် ကျိယွမ်က ရှန်ထူကိုထူးဆန်းသလိုကြည့်သည်။

"မင်းလို စိတ် ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်က ဒါတွေကို ဘယ်လိုလုပ် အများကြီး သိနေတာလဲ။ မင်းက ရှင်းပြချက်တွေပေးဖို့ သတ်မှတ်ထားတဲ့ NPC လား"

"ကျွန်တော်က နတ်ဆရာတစ်ယောက် ဖြစ်တဲ့အတွက် ဒါတွေက ကျွန်တော့်ရဲ့ အမွေဆက်ခံတဲ့ မှတ်ဉာဏ်တွေထဲမှာ ပါပြီးသားပါ"

ရှန်ထူက NPC ဆိုသောစကားကိုနားမလည်သော်လည်း သူတတ်နိုင်သမျှ ပြန်လည်ရှင်းပြသည်။

"နားလည်ပြီ။ ဒါက မင်းရဲ့ ကဏ္ဍအလိုက် သတ်မှတ်ချက်ပေါ့။ လူတိုင်းမှာ ကိုယ်စီ ကဏ္ဍတွေ ရှိကြတာပဲ။ ဂိမ်းထဲမှာရော လက်တွေ့မှာရော အတူတူပါပဲ"

ကျိယွမ်က နားလည်သွားသလို မှတ်ချက်ချပြီးနောက် ရေတွင်းကို ပြန်၍အာရုံစိုက်လိုက်သည်။

"ကဲ... ဒီအစီအရင်က ဘယ်လိုလဲဆိုတာ ကြည့်ကြတာပေါ့"

သူ၏ စကားကြောင့် လူတိုင်းသည် အစီအရင်အတွင်းသို့ လှမ်းဝင်လိုက်ကြသည်။ ကျိယွမ်သည် သူတို့အားလုံးကို ဖောက်ထွင်းမြင်ရသော အမြှေးပါးတစ်ခုက ဖုံးအုပ်ထားသကဲ့သို့ ခံစားလိုက်ရပြီး ထိုအပြင်ဘက်တွင်မူ အရာအားလုံး မှောင်အတိ ကျနေသည်ကို တွေ့လိုက်ရ၏။

"ဒါက အမှောင်အနတ္တနယ်မြေဖြစ်မယ်။ အလင်းလည်းမရှိသလို အသံလည်းမရှိဘူး"

ရှန်ထူက အံ့သြတကြီး ပြောဆိုလိုက်သည်။

သူသည်လည်း ဤအစီအရင်ကို ပထမဆုံးအကြိမ် အသုံးပြုဖူးခြင်း ဖြစ်၏။အများအားဖြင့် ကျင့်ကြံသူများသည် အမှောင်ထဲတွင် မြင်နိုင်စွမ်း ရှိကြသော်လည်း ဤနေရာ၏အမှောင်ထဲကိုမူ မမြင်နိုင်ကြပါ။

စိတ်ဝိညာဉ်ဖြင့် ကြည့်လျှင်ပင် အစီအရင်အတွင်းရှိ လူများ၏ အသံမှလွဲ၍ ဘာကိုမျှ မမြင်ရ၊ မကြားရပေ။ ကျိယွမ်က အမျိုးမျိုးကြိုးစားကာ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်နေသော်လည်း အမှောင်ထုသာ ရှိနေပြီး ဘာကိုမှမမြင်ရဖြစ်နေသည်။

သူ၏မျက်လုံးများသည် အစီအရင်ကိုသာ မြင်နိုင်ပြီး အပြင်ဘက်ရှိ အမှောင်ထုထဲကို မမြင်ရပေ။

ငါ့ကိုစိန်လာခေါ်နေတာလား ။

သူသည် မျက်လုံးများကို မှိတ်ကာ အာရုံစူးစိုက် နားထောင်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် ထူးဆန်းသော အသံအချို့ ကျိယွမ်၏ နားထဲသို့ တိုးဝင်လာပါသည်။

"တာမာလူမျိုးတွေဟာ ဘယ်တော့မှ ကျွန်မခံဘူးကွ"

"မြန်မြန်လုပ်ကြ၊ ရှေ့မှာ ကမ္ဘာသစ်တစ်ခု တွေ့ပြီ။ အဲ့ဒါကို သိမ်းပိုက်ပြီး ပြန်ရောင်းစားကြမယ်။ ငါ နှစ်ပေါင်းထောင်ချီ စုထားတဲ့ ပိုက်ဆံတွေနဲ့ဆိုရင် ရှောင်နင်းရဲ့ ကျောင်းလခအတွက် လုံလောက်ပြီ"

သို့သော် အသံများမှာ ခဏချင်းပင် ပျောက်ကွယ်သွားပါသည်။ ကျိယွမ်သည် မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး ထူးဆန်းသော အမူအရာဖြင့် စကားဆို၏။

"ဒီအမှောင်ထုထဲမှာ လူတွေ တော်တော်များများ ရှိနေပုံရတယ်"

ရွာသားများမှာ ဇဝေဇဝါ ဖြစ်သွားကြပြီး အမှောင်ထုထဲသ်ု့ ပြူးပြဲကာကြည့်၏။

သို့သော် သူတို့သည် မည်သည့်အရာကိုမှ မမြင်ရပေ။

"အရှင်... ဘယ်မှာ လူတွေ တွေ့လို့လဲ"

"မြင်တာမဟုတ်ဘူး"

ကျိယွမ်က ထိုအသံများသည် အမှောင်ထုထဲမှ ကြားရခြင်းဖြစ်ကြောင်းနှင့် အလွန်စိတ်ဝင်စားဖို့ ကောင်းကြောင်း ပြန်ပြောလိုက်သည်။

သူတို့စကားပြောနေစဉ်အတွင်းမှာပင် အမှောင်ထုက နည်းပါလာပြီး အလင်းရောင်များ ပိုမိုတောက်ပလာ၏။

ရောက်တော့မယ် ။

လူအားလုံး၏ အာရုံများနိုးကြားသွားကာ ပြောလက်စစကားများလည်း ရပ်သွားသည်။

အားလုံး၏မျက်နှာပေါ်တွင် စိတ်အားထန်သန်မှုနှင့်အတူ အနည်းငယ်စိုးရိမ်မှုများ ဖြစ်ပေါ်လာ၏။

ငါတို့ဘာတွေနဲ့ တွေ့ရမှာပါလိမ့်။

..............

"လူစုံပြီလား"

ခက်ထန်သောမျက်နှာထားရှိသည့် လူသန်ကြီးတစ်ဦးက ကြမ်းတမ်းစွာ မေးလိုက်သည်။

အနီးနားတွင် ရုပ်ရည်သိပ်မကွာသော စစ်မှန်နတ်ဘုရားအဆင့်ညီအစ်မနှစ်ဦး ရှိနေပြီး အစ်မဖြစ်သူက မြူခိုးများ ဖုံးလွှမ်းနေသော နယ်မြေကို ကြည့်ကာ အဖြေပေးသည်။

"တစ်ယောက် လိုသေးတယ်"

ထိုနေရာတွင် အစောင့်အရှောက်မျိုးနွယ်စု၏ အစောင့်အရှောက်နတ်ဘုရားများ သို့မဟုတ် နည်းလမ်းတစ်ခုခုဖြင့် ဝင်ခွင့်ရထားသော ရှေးဟောင်းနတ်ဘုရား ၁၃ ပါးခန့် စုဝေးနေကြလေသည်။ ၎င်းတို့သည် မိမိတို့အုပ်စုအလိုက် ရပ်နေကြပြီး တစ်ဦးနှင့်တစ်ဦး ရင်းနှီးပုံမရကြပါ။

ညီမဖြစ်သူ၏ အကြည့်က လူအုပ်ကြားထဲတွင်ရှိနေသော ဝတ်ရုံဖြူဝတ် လူတစ်ဦးထံသို့ ရောက်သွားပြီး တီးတိုးမှတ်ချက်ချ၏။

"ယန်ရှီးရှေးဟောင်းနတ်ဘုရားကတော့ ကျင့်စဉ်တွေ တိုးတက်လာပုံပဲ။ ဒီတစ်ခါ နောက်လိုက် သုံးယောက်တောင် ခေါ်လာတယ်"

ယခုနေရာသို့ ရောက်လာကြသောနတ်ဘုရား အများစုမှာ နောက်လိုက်များ ခေါ်မလာကြပါ။ ဘိုးဘွားပိုင်နယ်မြေသည် စစ်မှန်နတ်ဘုရားများအတွက်ပင် အန္တရာယ်ကြီးလွန်းလှသဖြင့် သာမန်နောက်လိုက်များခေါ်လာခြင်းမှာ အလကားသပ်သပ် သေရုံသာ ရှိလိမ့်မည်။

"ငါ ကံကောင်းလို့ ဒုတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့တာပါ။ ဒါပေမဲ့ ဒီနယ်မြေထဲမှာတော့ အသက်ရှင်ဖို့ကသာ အဓိကပဲ"

ယန်ရှီးနတ်ဘုရားက အေးစက်စွာပြန်ပြောလ်ုက်၏။

ယန်ရှီးသည် ဒုတိယအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိလိုက်ရသောအခါ အခြားသူများက သူ့ကို သတိထားသောအကြည့်များဖြစ်ပေါ်လာသည်။

ဒုတိယအဆင့်ရှိသောနတ်ဘုရားများသည် ယခုလူအုပ်ထဲတွင် အင်အားအကြီးဆုံးဖြစ်ပြီး လူဦးရေအနည်းငယ်သာပါလေသည်။

နတ်ဘုရားညီအစ်မနှစ်ဦးသည် အချင်းချင်း စိတ်ချင်းဆက်သွယ်ကာ သတိပေးလိုက်သည်။

"ယန်ရှီးရဲ့ အခြေအနေက မဟန်ဘူး။ အဲ့ဒီ နောက်လိုက် သုံးယောက်က မောက်မာအုပ်စိုးရှင်ရဲ့ လက်ပါးစေတွေ ဖြစ်ရမယ်"

မောက်မာအုပ်စိုးရှင်သည် ယခင်က ရှေးဟောင်းနတ်ဘုရား ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ခေတ်သစ်နတ်ဘုရားဖြစ်လာသူပင် ။ထိုအပြင် ဘိုးဘွားပိုင်နယ်မြေ၏ ဝင်ပေါက်လေးခုအနက် သုံးခုကို သူက ထိန်းချုပ်ထားပြီး နောက်ဆုံးတစ်ခုကိုပါ သိမ်းပိုက်ရန် ကြံစည်နေသူလည်း ဖြစ်၏။

ထိုစဉ် အလင်းတစ်ချက် ဖြာထွက်လာပြီး ကျိယွမ်နှင့် ချင်းရွှေရွာသားများ ရောက်ရှိလာသည်။

ရှိနေသောနတ်ဘုရားများ၏ အကြည့်က အသစ်ရောက်လာသော လူအုပ်အပေါ် အာရုံစိုက်သွား၏။

"သာမန်လူတွေလား.."

"ဘာလို့... သာမန်လူတွေ ဒီလောက်တောင် များနေရတာလဲ"

"များနေတာမဟုတ်ဘူး ၊ နတ်ဘုရားအဆင့်က နှစ်ယောက်တည်း ၊ ကျန်တာအကုန်လုံးက သာမန်လူတွေဟ"

နတ်ဘုရားများအားလုံး အံ့အားသင့်သွားကြကုန်သည်။

နောက်လိုက်များက သာမန်လူဖြစ်နေသည်မှာမဆန်းသော်လည်း ခေါင်းဆောင်ကလည်း ခရမ်းရောင်နန်းတော်အဆင့်သာရှိသေးသည်။

သူတို့က ဘာလာလုပ်ကြတာလဲ။

ထိုအခိုက် အုပ်စုကို ဦးဆောင်လာသော ကျိယွမ်က သူတို့အဖွဲ့အား ကြောင်တောင်တောင်ကြည့်နေသူများကို မေးလိုက်၏။

"ငါ နောက်ဆုံးမှ ရောက်လာတာလား"

နတ်ဘုရားအငယ်မက ခေါင်းညိတ်ပြရင်းမှ မနေနိုင်စွာ မေးမိသည်။

"ရှင် ဘာလို့ လူတွေ အများကြီး ခေါ်လာတာလဲ"

အခြားသူများလည်း သူ၏အဖြေသိချင်နေ၏။အင်အားကြီးသူများကို မခေါ်ဘဲ မအူမလည်ရွာသားများဖြစ်သော သာမန်ကျင့်ကြံသူများကို ခေါ်လာခြင်းမှာ နားမလည်နိုင်စရာ ဖြစ်နေသည်မဟုတ်ပါလား။

"ဟ....လူများတော့ အင်အားရှိတာပေါ့"

ကျိယွမ်က မထူးဆန်းသလို ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

စစ်မှန်နတ်ဘုရားများမှာ သူ၏အဖြေကြောင့် ဘာပြန်ပြောရမှန်းမသိဖြစ်ကုန်၏။

လူများတိုင်းအင်အားရှိရအောင် ကောက်ရိတ်ပြိုင်ပွဲကျင်းပနေတာမှ မဟုတ်တာ ။

ငါတို့လိုစစ်မှန်နတ်ဘုရားတွေတောင် နေ့သေမလား ၊ ညသေမလား မသိတဲ့နေရာလေ ၊ ရွာသားတွေက ဘာတတ်နိုင်မှာလဲ ။

လူသန်ကြီးတစ်ဦးက မနေနိုင်စွာ တဟားဟား ရယ်မောလိုက်သည်။

"မင်း သာမန်လူတွေ အများကြီး ခေါ်လာတာပဲ။ ဒီနေရာက ဘယ်လောက် အန္တရာယ်များလဲ မသိဘူးလား။ မင်းရဲ့ နောက်လိုက်တွေကို အမြောက်စာအဖြစ် သုံးမလို့လား"

လူသန်ကြီးသည် ကျိယွမ်က သာမန်လူများကို အသုံးချရန်ခေါ်လာသဖြင့် သဘောမကျဖြစ်နေပုံရ၏။

ကျိယွမ်က မျက်မှောင်ကျုံ့၏။

"တကယ်ပဲ အဲ့လောက် အန္တရာယ်များလို့လား"

သူက ပတ်ဝန်းကျင်မှ အုပ်ဆိုင်းနေသောမြူခိုးများကို ကြည့်ကာ ပြန်မေးသည်။

လူသန်ကြီးက ခေါင်းညိတ်၏။

"အရမ်း အန္တရာယ်များတယ်။ ငါတို့လိုစစ်မှန်နတ်ဘုရားတွေတောင် အလွယ်လေး သေနိုင်တယ်။"

"ဒီလိုလုပ်ပါလား ၊ ငါ့ကို မင်း နောက်လိုက်တွေထဲက သုံးယောက်လောက်ပေးလိုက် ၊ ငါက ယင်နတ်ဘုရားလက်နက်တစ်ခုနဲ့ လဲပေးမယ်"

လူသန်ကြီးသည် ထိုလူများကို သနားသဖြင့် တတ်နိုင်သမျှကယ်တင်ချင်ပုံရသည်။သူက ခရမ်းရောင်နန်းတော်အဆင့်သာရှိသော ကျိယွမ်ဆီမှာ ထားခြင်းထက် သူနှင့်ခေါ်ထားလျှင် ပို၍ကယ်တင်နိုင်မည်ဟု ယူဆနေခြင်းပင်။

ကျိယွမ်က ချက်ချင်း ခေါင်းခါလျက်

"မဖြစ်ဘူး ၊ခင်ဗျားနဲ့ဆိုရင် ပိုအန္တရာယ်များမှာပေါ့"

သူက ထိုသိူ့ပြောရင် မြူခိုးများဝေနေသော ဘိုးဘွားနယ်မြေကို အာရုံစိုက်ကာ ကြည့်၏။

ထိုအခါ သူ၏ဘယ်ဘက်မျက်ခုံးက တလှုပ်လှုပ် ဖြစ်သွားလေသည်။

"ဘယ်မျက်ခုံးလှုပ်ရင် လာဘ်ရမယ်၊ ညာမျက်ခုံးလှုပ်ရင် ဘေးတွေ့မယ်လို့ ဗေဒင်ကျမ်းတွေမှာပြောကြတာပဲ။ အခု ငါ့ရဲ့ ဘယ်မျက်ခုံး လှုပ်နေပြီဆိုတော့ ငါတော့ သေချာပေါက် ချမ်းသာတော့မှာပဲ"

လူသန်ကြီးက နှာခေါင်းရှုံ့လျက် ကျိယွမ်အား အထင်သေးစွာကြည့်သည်။

"မင်းက ကံကြမ္မာကို သိလို့လား။ အဲဒါဆို . ငါ့အတွက်လည်း တစ်ချက်လောက် ဟောပေးစမ်းပါဦး"

သူက လှောင်ပြောင်လိုက်သည်။

ကျိယွမ်က လူသန်ကြီးကို မကြည့်တော့ဘဲ အခြားနတ်ဘုရားများကို ဝေ့ကြည့်ရင်း ကြေညာလေသည်။

"ဒီလိုဆုံရတာ ကံတရားပဲ။ ငါ အလကား ဗေဒင်ဟောပေးမယ်"

သူ၏အရင်ဘဝက တီဗီဇာတ်လမ်းများထဲတွင် ဗေဒင်ဆရာများ ကျော်ကြားလာပုံကို သတိရသွားသည်။ သူသည် ယခင်က ချူကျန်းကို ဗေဒင်ဟောပေးဖူးပြီး မှန်ကန်ခဲ့သည်။

အဲဒီတုန်းက ငါ့မျက်ခုံးရဲ့အစွမ်းတောင်မရသေးဘူး ၊ အဲဒါတောင် ဗေဒင်က သွေးထွက်အောင်မှန်တယ်။ သွေးထွက်မဟုတ်ဘူး ခေါင်းပါပြတ်သွားတာ ။ ဒီထက် မှန်ရဦးမလား။

ယခု မျက်ခုံးလှုပ်သည့် အစွမ်းနှင့်ဆိုလျှင် ပို၍ပင် မှန်ကန်နိုင်သည်မဟုတ်ပါလား။

သူက ထိုသို့ပြောပြီးနောက် လူသန်ကြီးကို ကြည့်ကာ ခပ်တည်တည်ဟောလိုက်သည်။

"ခင်ဗျားကတော့ ဒီနယ်မြေထဲမှာ ကံဆိုးတာလေးတွေ ကြုံရလိမ့်မယ်။ ဒါပေမဲ့ ပြီးရင်တော့ ကံကောင်းခြင်းတွေ ရလာလိမ့်မယ် "

"ဟားဟား ဟား ထားပါတော့ .."

လူသန်ကြီးက တဟားဟားအော်ရယ်ပြီး ဘာမျှ ထပ်ပြန်မပြောတော့ပေ။

ထို့နောက် ကျိယွမ်သည် အခြားသူများကို တစ်ယောက်ချင်း ကြည့်ကာ အလကား ဆက်ဟောနေသည်။

"မင်းကတော့... အဆင်ပြေလိမ့်မယ်"

"ဒါပေမဲ့ ခင်ဗျားကတော့... သေဖို့ အခွင့်အရေး ရှိတယ်"

သူက ဝတ်ရုံစိမ်းနှင့် အဘိုးအိုကို လက်ညှိုးထိုးပြသည်။

ထိုအဘိုးအို သည် ဒုတိယအဆင့်၏အထွတ်အထိပ်သို့ ရောက်နေသူဖြစ်ပြီး ယန်ရှီးထက်ပင်သာလွန်ကာ ယခုနေရာတွင် အင်အားအကြီးဆုံး ဖြစ်သည်။

"မင်းရဲ့ဗေဒင်က ပြောင်းပြန်ဗေဒင်လား ဟားဟား ဟား"

သူက ကျိယွမ်ကို အထင်အမြင်သေးစွာ လှောင်ရယ်လိုက်၏။

ဒီနေရာမှာ ငါကအင်အားအကြီးဆုံးကို ၊ ကျန်တဲ့သူတွေက အဆင်ပြေပြီး ငါကသေစရာလား ။

ကျိယွမ်က ပြုံးလျက် "ကျုပ်ရဲ့ ပညာရပ်နှစ်ခုလုံးက ခင်ဗျားသေလိမ့်မယ်လို့ ပြောနေတာပဲ။ စိတ်မကောင်းပါဘူး၊ ခင်ဗျားကတော့ သွားပြီ" ဟု ပျင်းရိပျင်းတွဲ ပြောလိုက်သည်။

ထို့နောက် သူသည် ကျန်သောလူများကို လက်ညှိုးထိုးကာ ဆက်ဟောလေ၏။

"မင်း... အဆင်ပြေမယ်"

"မင်း... အဆင်ပြေမယ်"

"မင်း... ပြဿနာတက်လိမ့်မယ်"

သူက လူပုလေး တစ်ယောက်ကို ထိုးပြသည်။

နောက်ဆုံးတွင် ယန်ရှီး နတ်ဘုရားကို ကြည့်ကာ "မင်းကတော့ ကံကောင်းပြီး ရတနာတွေ ရလိမ့်မယ်။ ဒါပေမဲ့ မင်းရဲ့ နောက်လိုက် သုံးယောက်ကတော့... အသက်ပျောက်ကြလိမ့်မယ်" ဟု နိဂုံးသတ်လိုက်၏။

"ဒါပေမဲ့ ဒါက ငါ့ရဲ့ ဒုတိယအကြိမ်မြောက် ဗေဒင်ဟောတာဆိုတော့ သိပ်တော့ မယုံနဲ့ဦးပေါ့"

သူ၏ဟောပြောချက်များကို ထိုနေရာမှ စစ်မှန်နတ်ဘုရားများ၏ တုံ့ပြန်မှုမှာ အမျိုးမျိုး ဖြစ်နေခဲ့သည်။ အချို့က ပြက်လုံးတစ်ခုလို သဘောထားသော်လည်း အချို့မှာမူ အနည်းငယ်တွေးတောသွားကြသည်။

အထူးသဖြင့် ဘေးတွေ့မည်ဟု အဟောခံရသူများသည် စိတ်ထဲတွင် ထိတ်လန့်သွားကြ၏။

"ငါ ရတနာတစ်ခု ပေးရင် အဘိုးအိုအတွက် ဟောကိန်းကို ပြောင်းပေးလို့ ရမလား"

နတ်ဘုရားအငယ်မက ကျိယွမ်ကို နောက်ပြောင်သလိုမေးသည်။

ကျိယွမ်က သူမအားမကြည့်ပါ။

သူက ဘိုးဘွားနယ်မြေအဝင်ဝကို ကြည့်နေရင်း လေးနက်စွာ ပြောလိုက်သည်။

"လူအချို့က သေနေပြီ၊ ဒါပေမဲ့ သူတို့ကိုယ်တိုင် မသိကြဘူး။ အချို့ကတော့ ရှင်နေတယ်၊ ဒါပေမဲ့ သေနေတာနဲ့ မခြားဘူး"

သူ၏စကားက လျှို့ဝှက်ဆန်းကြယ်နေသဖြင့် နတ်ဘုရားအငယ်မက နားမလည်သလို ပြန်ကြည့်သည်။

သူပြောတာကို ငါဘာလို့နားမလည်ပါလိမ့်။

လူသန်ကြီးက စကားဝိုင်းကို ရပ်တန့်လိုက်သည်။

"တော်ပြီ၊ သွားကြစို့။ ကောင်လေး... မင်း နောက်လိုက်တွေကို မကာကွယ်နိုင်ရင် ငါ့ဆီ အပ်လိုက်လို့ရတယ်"

ထိုသို့ ပြောပြီးနောက် သူက ဝင်ပေါက်ဆီသို့ လှည့်ကာအချိန်က်ုစောင့်နေလိုက်သည်။

ကျိယွမ်ကလည်း သူ၏ရွာသားများကို ဦးဆောင်ကာ ထိုနေရာအနီးသို့ တိုးကပ်သွားသွားသည်။

ကျန်သောသူအားလုံးကလည်း ဘိုးဘွားပိုင်နယ်မြေထဲသို့ဝင်ရန် လှုပ်ရှားလိုက်ကြသည်။

သို့သော် ကျိယွမ်က ဘေးတွေ့မည်ဟု ဟောလိုက်သော နတ်ဘုရားများက ဝင်ပေါက်အနီးသို့ မကပ်သေးဘဲ တိတ်တဆိတ် တိုင်ပင်နေကြ၏။

"ဒီကောင် ဘယ်လိုလုပ် သိနေတာလဲ။ ငါတို့က နတ်ဘုရားအသစ်တွေဘက်ကို ဘက်ပြောင်းထားတာ ဘယ်သူမှ မသိနိုင်ဘူးလေ"

"ဒီကလေးက သံသယဖြစ်စရာပဲ။ သူ့ရဲ့ နောက်လိုက်တွေထဲမှာ အင်အားကြီးတဲ့ နတ်ဘုရားတစ်ပါး ဖုံးကွယ်နေပြီး ငါတို့ကို ပစ်မှတ်ထားနေတာ ဖြစ်ရမယ်"

"ဒါဆိုရင် ငါတို့ ဘာလုပ်ကြမလဲ"

"ဘာလုပ်ရမှာလဲ... ပြေးရမှာပေါ့ဟ"

၎င်းတို့သည် ကျိယွမ်၏ နောက်လိုက်များထဲတွင် အနည်းဆုံး တတိယအဆင့်ရှိသော နတ်ဘုရားတစ်ပါး ရုပ်ဖျက်ကာပါဝင်နေသည်ဟု ထင်မှတ်ကာ အလွန်အမင်း ထိတ်လန့်နေကြသည်။

မင်းတို့က မအူမလည်ရွာသားတွေလို ရုပ်ဖျက်လာရုံနဲ့ ငါတို့ကိုလှည့်ဖြားလို့ရမယ်ထင်နေတာလား ။

All Chapters