← Chapters

ဘိုးဘွားနယ်မြေက အန္တရာယ်များတယ်ဆို ..ဟုတ်လား

Vol. 17 Ch. 201

ဘိုးဘွားနယ်မြေက အန္တရာယ်များတယ်ဆို ..ဟုတ်လား

Vol. 17 Ch. 201

ရှေးဟောင်းနတ်ဘုရားတစ်စုသည် ဘိုးဘွားနယ်မြေထဲသို့ လိုက်မဝင်သေးဘဲ တိုးတိုးတိတ်တိတ် ဆက်လက်ဆွေးနွေးနေကြပြီး အခြေအနေကို ခန့်မှန်းတွက်ချက်နေသည်။

သူတို့အဖွဲ့ ယခုကဲ့သို့ ယုံကြည်မှုပျောက်ဆုံးသွားရခြင်းမှာ မဆန်းပေ။ သူတို့က ကျိယွမ်၏ဟောပြောချက်များကို သာမန်ကျိုးကြောင်းဆင်ခြင်မှုဖြင့် တွေးခေါ်နေကြသောကြောင့်ဖြစ်၏။

နတ်ဘုရားများစွာထဲကမှ သူတို့ချည်းကိုသာ တမင်ရွေးပြီး အသက်အန္တရာယ်ရှိသည်ဟု ထောက်ပြခဲ့ခြင်းမှာ တိုက်ဆိုင်မှုမဟုတ်ဟု သူတို့အားလုံးယူဆနေကြသည်။

ဒါက ဘာဗေဒင်မှမဟုတ်ဘူး ၊ ငါတို့က သစ္စာဖောက်တွေဆိုတာကို သူသိနေလ်ု့ အခြားသူတွေက်ု သွယ်ဝိုက်ပြီးသတိပေးတာမျိုး ဖြစ်မယ်။

သေချာပေါက် သူသိနေပြီ။

ယခုလိုအခြေအနေတွင် ထွက်ပြေးခြင်းကသာ အန္တရာယ်အကင်းဆုံး ရွေးချယ်မှုဟု သူတို့ယူဆကြသည်။ လောကတွင် သစ္စာဖောက်အများစုသည် မိမိ၏အသက်နှင့်အကျိုးစီးပွားကိုသာ အထူးဂရုစိုက်ကြသူများ မဟုတ်ပါလား။တစ်ခုခုဆိုလျှင် သူတို့ကရှေးဆုံးကပြေးမည်ပင် ။

"ဒီအကြောင်းကို ယန်ရှီးရှေးဟောင်းနတ်ဘုရားကို မပြောနဲ့ဦး။ သူက ငါတို့ကို သစ္စာဖောက်ပြီးသားလည်း ဖြစ်နေနိုင်တယ်။ သတင်းတွေ ပေါက်ကြားသွားတာ သူကြောင့်လည်း ဖြစ်ချင်ဖြစ်နေမှာ"

ထိုအုပ်စုသည် စိတ်ချင်းဆက်သွယ်ကာ တိုးတိုးတိတ်တိတ် ပြောဆိုနေသော်လည်း အပြင်ပန်းတွင်မူ ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်နေကြသည်။

"မြွေအိုကြီး... ဘိုးဘေးနယ်မြေထဲ ရောက်ရင် ငါတို့နှစ်ယောက် အသင်းဖွဲ့ရအောင်။ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်လို့ရတာပေါ့"

ခန္ဓာကိုယ်ထွားကြိုင်းသောလူက လက်ရှိအခြေအနေကို ဘာမှမသိသောကြောင့် သစ္စာဖောက်အဖွဲ့ထဲမှ အစိမ်းရောင်ဝတ်ထားသော အဘိုးအိုကို အကြံပြုလိုက်သည်။

မြွေအိုကြီးဆိုသော အဘိုးအိုသည် သူအတွေးနှင့်သူ တွေဝေနေရင်းမှ "ကောင်းပြီလေ" ဟု ဝတ်ကျေတန်းကျေ ခေါင်းငြိမ့်ပြသည်။

"ငါ့မှာ တိုက်စစ်ရော ခံစစ်ပါ အစွမ်းချင်း ပေါင်းစပ်လို့ရတဲ့ ရတနာတစ်ခုရှိတယ်။ အတူတူ သုံးမလား"

ထိုလူကြီးက ထပ်မေးပြန်သည်။

သူပြဿနာနှင့်သူခေါင်းစားနေသော မြွေအိုကြီးမှာ ရုတ်တရက် မျက်နှာပျက်သွားပြီး လူထွားကြီးကို ကြည့်၏။

"မလိုဘူး"

သူက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။ထိုကဲ့သို့သော ရတနာသည် တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်သည်မှာ မှန်သော်လည်း သူ့ကို ထိုလူကြီးနှင့် ချည်နှောင်ထားသကဲ့သို့ ဖြစ်စေပြီး လှုပ်ရှားမှုများကို ကန့်သတ်ပစ်မည်ဖြစ်သည်။

၎င်းမှာ ထောင်ချောက်တစ်ခုနှင့်မခြားနားပါ။

ထို့နောက် မြွေအိုကြီး၏ တွန့်ဆုတ်မှုများ ပျောက်ကွယ်သွားပြီး စိတ်ထဲတွင် အတွေးတစ်ခုသာ ကျန်တော့သည်။

ဘိုးဘေးနယ်မြေထဲ ရောက်တာနဲ့ သူတို့နဲ့ဝေးရာကို ထွက်ပြေးရမယ် ။

အခြားသော သစ္စာဖောက်များကလည်း ထိုအခြေအနေကို ကြည့်ပြီး မြွေအိုကြီးနှင့်တူညီသော ဆုံးဖြတ်ချက်ကို တိတိတဆိတ်ချလိုက်ကြသည်။

ထွားကြိုင်းသောလူကြီးက မြွေအိုကြီးသည် အဘယ်ကြောင့် ဤမျှ ပြင်းပြင်းထန်ထန် တုံ့ပြန်ရသနည်းဆိုသည်ကို နားမလည်ဘဲ ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။

ဒါလေးပြောတာကို သူကဘာတွေလန့်နေတာလဲ ၊ မသိရင် ငါကပဲ သူ့ကိုဖမ်းထားချင်လို့ အကွက်ဆင်နေသလိုလို ။

အမြွှာညီအစ်မထဲမှ အစ်မဖြစ်သူကမူ အခြေအနေကို ကြည့်ကာ တစ်စုံတစ်ခုကို စဉ်းစားနေသည့် ပုံပေါ်သည်။

"ဘိုးဘေးနယ်မြေထဲဝင်ပြီး အတွင်းထဲမှာ ဘာရှိလဲ သွားကြည့်ရအောင်"

ကျိယွမ်ကတော့ အခြားသူများကို စိတ်မဝင်စားပါ ။ သူက ဝင်ပေါက်ကိုစူးစိူက်ကြည့်နေရင်းမှ စိတ်အားထက်သန်စွာ ပြောလိုက်သည်။

ထိုအချိန်မှာပင် ကောင်းကင်ယံသည် မီးခိုးရောင်မှ အဖြူရောင်သို့ ပြောင်းလဲသွားပြီး သူတို့ရှေ့တွင် ပွင့်လင်းမြင်သာသော အကာအကွယ်တစ်ခု ပေါ်လာသည်။

"ဒါက စွမ်းအင်ဒိုင်းနဲ့ တူတယ်... စိတ်ဝင်စားဖို့ကောင်းသားပဲ"

ကျိယွမ်သည် ဘိုးဘေးနယ်မြေအထက်တွင် မြင့်တက်နေသော အကာအကွယ်ကို ကြည့်ကာ ရေရွတ်လိုက်သည်။ ထိုအကာအကွယ်သည် ကျင့်ကြံခြင်းကမ္ဘာတွင် တွေ့နေကျရိုးရိုးအစီရင်များနှင့်မတူဘဲ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းများထဲမှ စွမ်အားဒိုင်းကာများနှင့် ပို၍တူနေသည်ဟု သူခံစားမိ၏။

"ဝင်ကြမယ်"

အသံနှင့်အတူ သူတို့အားလုံးသည် အကာအကွယ်ကို ဖြတ်၍ ဘိုးဘေးနယ်မြေထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားကြသည်။

သူတို့ အထဲသို့ဝင်သွားသည်နှင့် တပြိုင်နက် အစွမ်းထက်သော အရှိန်အဝါတစ်ခုက သူတို့၏နောက်နားမှ ရုတ်တရက် ပေါက်ကွဲထွက်လာ၏။

"ယား...."

"ဝှစ် ဝှစ် ..

မြွေအိုကြီးသည် သူ၏ နတ်ဘုရားစွမ်းအားကို ချက်ချင်း ထုတ်ဖော်ကာ အစွမ်းကုန်ထွက်ပြေးသွားခြင်းဖြစ်သည်။

အားလုံးအထိတ်တလန့်ဖြစ်သွားကြ၏။

ရှေ့သို့အာရုံစိုက်နေသော ကျိယွမ်ပင် အာရုံပျက်ကာ နောက်သို့ လှည့်ကြည့်မိသည်။

သူက ဘာအရူးထတာလဲ ။

ထိုစဥ်မှာပင် ယန်ရှီးရှေးဟောင်းနတ်ဘုရား၏ ခရမ်းရောင်နန်းတော်အဆင့် နောက်လိုက်သုံးယောက်မှာလည်း ရုတ်တရက် စစ်မှန်နတ်ဘုရားများအဖြစ်ပြောင်းလဲသွားပြီး သူတို့၏ နတ်ဘုရားစွမ်းအားများကို လောင်မြိုက်စေကာ အရှိန်အဟုန်ဖြင့် ထွက်ပြေးကြလေသည်။

ထို့အပြင် ကျိယွမ်ဗေဒင်ဟောခဲ့သော အခြားသစ္စာဖောက်များသည်လည်း အသံထက် အဆပေါင်းရာချီ မြန်သောနှုန်းဖြင့် လွှတ်ခနဲ ထွက်ပြေးသွားကြကုန်ပြန်၏။

"ဘာလားဟ "

"ဘာတွေ ဖြစ်ကုန်တာလဲ"

"ရူးကုန်တာလား"

လုအုပ်ကြီးအံ့သြနေစဥ်မှာပင် လူထွာကြီးက ပြေးသွားသူများကို အော်ဟစ်သတိပေးလိုက်သည်။

"လျောက်မပြေးနဲ့ အန္တရာယ်ရှိတယ် "

"နေကြဦး..."

သူက တွန့်ဆုတ်မနေတော့ဘဲ ထွက်ပြေးသွားသော နတ်ဘုရားများနောက်သို့ စိုးရိမ်တကြီးလိုက်သွားလေသည်။

ကျိယွမ်တို့နှင့်တကွ ကျန်ရှိနေသော ရှေးဟောင်းနတ်ဘုရားများမှာ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့ကြသည်။

ကျိယွမ်က အသန်အသည်းထွက်ပြေးသွားသော နတ်ဘုရားများကို ကြည့်ကာ အခြားသူများကို မေးလိုက်၏။

"ဒီမှာ အပြေးပြိုင်ပွဲ ပထမရရင် ဆုပေးလို့လား"

အမြွှာညီအစ်မထဲမှ ညီမဖြစ်သူက သတိပြန်ဝင်လာပြီး ခေါင်းခါပြသည်။

"အဲဒီလိုမျိုး တစ်ခါမှ မကြားဖူးပါဘူး"

"အဲဒီ လူထွားကြီးကရော သူတို့နဲ့အတူ ဘာလို့ လိုက်ပြေးတာလဲ"

အခြားသူများ အဘယ်ကြောင့် ပြေးသည်ကို ကျိယွမ် ခန့်မှန်းနိုင်သော်လည်း ထိုလူထွားကြီးကပါ အဘယ့်ကြောင့် ရောယောင်ပြီးလိုက်သွားသည်ကိုမူ သူ စဉ်းစားမရပေ။

အခြားသော ရှေးဟောင်းနတ်ဘုရားများလည်း ဇဝေဇဝါ ဖြစ်နေကြသည်။

သူတို့က နေရင်းထိုင်ရင်းကြီးကနေ ဘာလို့ထပြေးကုန်တာလဲ။

နောက်ဆုံးတွင် ယန်ရှီးရှေးဟောင်းနတ်ဘုရားက ကျိယွမ်ကို တစ်ချက်ကြည့်ကာ ရိုသေစွာ မေးလိုက်သည်။

"စီနီယာ... စီနီယာက မြင့်မြတ်တဲ့အရှင်သခင်တစ်ပါးပါးက စေလွှတ်လိုက်တာလား"

သူ၏မေးခွန်းက အခြားသူများ၏ရှုပ်ထွေးမှုကို ပိုမိုနက်ရှိုင်းစေပြီး အားလုံး၏အကြည့်က ကျိယွမ်အပေါ်သို့ ကျရောက်လာခဲ့သည်။

သို့သော် ပြဿနာမှာ အခြားသူများသာမကဘဲ ကာယကံရှင်ကျိယွမ်ကလည်း ထိုမေးခွန်းကို နားမလည်ဖြစ်နေ၏။

"ဘယ်လို မြင့်မြတ်တဲ့ အရှင်သခင်လဲ"

သူက အူကြောင်ကြောင်နှင့် ယန်ရှီးနတ်ဘုရားကို ပြန်မေးလိုက်မိသည်။

ယန်ရှီးက သူ၏မေးခွန်းကြောင့် အနည်းငယ်တွေဝေသွား၏။သူ၏အထင်က မှားများမှားသွားသည်လားဟု ဝေခွဲမရဖြစ်သွားပုံရသည်။

"မောက်မာအုပ်စိုးရှင်က ဘိုးဘေးနယ်မြေကို လုပ်ကြံဖို့ စီစဉ်နေတာကို မြင့်မြတ်တဲ့သခင်တစ်ပါးပါးက သိသွားပြီး အစီအစဉ်ကို ဖျက်ဆီးဖို့ စီနီယာ့ကို လွှတ်လိုက်တာလို့ ကျွန်တော် ထင်နေတာပါ။ ကံကြမ္မာနတ်ဘုရားကလွဲလို့ မြွေအိုကြီးအပါအဝင် တခြားနတ်ဘုရားအားလုံးက နတ်ဆိုးနတ်ဘုရားတွေဆီ ဘက်ပြောင်းသွားကြပါပြီ"

ယန်ရှီးက ရိုသေစွာ ရှင်းပြလိုက်သည်။

သူ၏ စကားကြောင့် အခြားရှေးဟောင်းနတ်ဘုရားများ အလွန်ထိတ်လန့်သွားကြသည်။

"ဘာ... သူတို့က မောက်မာအုပ်စိုးရှင်ဆီ ဘက်ပြောင်းသွားတာလား"

"မောက်မာအုပ်စိုးရှင်က နောက်ဆုံးဝင်ပေါက်ကိုတောင် သိမ်းပိုက်ဖို့ ကြံနေတာလား... အဲဒါဆိုရင်တော့..."

"ဟုတ်တယ်... ဒီစီနီယာက သူတို့ကို ရွေးပြီး တမင်ထောက်ပြလိုက်ကတည်းက တစ်ခုခုတော့ မှားနေပြီလို့ ငါ သိလိုက်တယ်"

ထို့နောက်ယန်ရှီးက အသေးစိတ်များကို ဆက်လက်ပြောပြနေစဉ် အခြားသူများကလည်း တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။

မောက်မာအုပ်စိုးရှင်က ယန်ရှီး၏ မိသားစုကို ဖမ်းဆီးထားသဖြင့် နောက်လိုက်များအဖြစ် ဟန်ဆောင်ထားသော စစ်မှန်နတ်ဘုရားသုံးပါးကို ဘိုးဘေးနယ်မြေထဲသို့ ခေါ်လာခဲ့ရခြင်းဖြစ်ကြောင်း သူက ရှင်းပြသည်။

အခြားသော သစ္စာဖောက်များသည်လည်း မောက်မာအုပ်စိုးရှင်အတွက် တိတ်တဆိတ် အလုပ်လုပ်ပေးနေကြသူများ ဖြစ်ပြီး သူတို့၏ တာဝန်မှာ ကျန်ရှိနေသော ရှေးဟောင်းနတ်ဘုရားများကို လုပ်ကြံရန်နှင့် ဘိုးဘေးနယ်မြေ၏ နောက်ဆုံးဝင်ပေါက်ကို ထိန်းချုပ်ရန် ဖြစ်၏။

ယန်ရှီးနတ်ဘုရား၏သတင်းကြောင့် ရှေးဟောင်းနတ်ဘုရားများ အလွန်စိုးရိမ်သွားကြသည်။

"ဒီစီနီယာက သူတို့ကို ထောက်ပြပေးလို့သာ တော်တော့တယ်"

နတ်ဘုရားတစ်ပါးက သူတို့အားလုံးသည် ဘေးဒုက္ခနှင့်မည်မျှနီးကပ်ခဲ့သည်ကို သတိပြုမိကာ ကျောချမ်းသလို ပြောလိုက်သည်။

အခြားနတ်ဘုရားတစ်ပါးကလည်း ကျိယွမ်ကို လေးစားစွာ ဂါရဝပြုရင်း "စီနီယာ... စီနီယာက ကျွန်တော်တို့ရဲ့ အသက်ကို ကယ်တင်ခဲ့တာပါ။ ကျွန်တော်တို့ တကယ်ကိုကျေးဇူးတင်ပါတယ်။ စီနီယာမှာ တစ်ခုခု အကူအညီလိုရင် ပြောပါ" ဟုကမ်းလှမ်းလေသည်။

အခြားနတ်ဘုရားများကလည်း ထိုနည်းတူပင် ကျေးဇူးတင်ကြောင်းနှင့် တုံ့ပြန်ကူညီလိုကြောင်း ပြောလာကြ၏။

"တကယ်ပဲ ဘာမဆို တောင်းဆိုလို့ ရတာလား"

ကျိယွမ်၏ မျက်လုံးများ တောက်ပသွားသည်။

"ဟုတ်ကဲ့... အားမနာဘဲ တောင်းဆိုပါ"

နတ်ဘုရားများက တိုက်တွန်းကြသည်။

ပုံမှန်အားဖြင့် ယခုကဲ့သို့ ကျေးဇူးကို အဖိုးတန်ရတနာဖြင့် ပြန်ဆပ်လေ့ရှိသည် သို့မဟုတ် နောင်တစ်ချိန်တွင် အကူအညီတစ်ခုဖြင့် ​တုန့်ပြန်မည်ဟု ကတိပြုလေ့ရှိကြသည်။

ထို့ကြောင့် နတ်ဘုရားများအတွက်ထိုမျှလောက်က အပန်းမ​ကြီးပါ။

ကျိယွမ်က စစ်မှန်နတ်ဘုရားများကို ဝေ့ကြ​ည့်ပြီး တောင်းဆိုလိုက်၏။

"မင်းတို့ရဲ့ စွမ်းအားတွေက အထင်ကြီးစရာပဲ။ ချင်းရွှေကျေးရွာရဲ့ ရွာသူရွာသားတွေ ဖြစ်လာရင် ဘယ်လိုလဲ"

ယခုနတ်ဘုရားများသည် စစ်မှန်နတ်ဘုရားများ ဖြစ်ကြသဖြင့် သူတို့သာ ပါဝင်လာပါက ကျေးရွာ၏ အင်အားမှာ သိသိသာသာ တိုးတက်လာမည်ဖြစ်သည်။

ထို့ကြောင့် သူကတိုကိူ်ရိုက်တောင်းဆိုလိုက်ခြင်းပင်။

သူ၏စကားကိုကြား​သောအခါ နတ်ဘုရားများမှာ အံ့အားသင့်သွားကြသည်။

"စီနီယာ... စီနီယာ နောက်နေတာ မဟုတ်လား"

ရှေးဟောင်းနတ်ဘုရားများအနေဖြင့် သူတို့တွင် အထက်လူကြီး ရှိကောင်းရှိနိုင်သော်လည်း "ဖခင်" ဟူသည့်သူမျိုးတော့ မရှိနိုင်ပေ။

အုပ်ချုပ်သူနတ်ဘုရားနှင့် သူ၏ရွာသူရွာသားများ၏ ဆက်ဆံရေးမှာ မိဘနှင့် သားသမီးကဲ့သို့ပင် ဖြစ်သည်။

ထို့ကြောင့် မဟာအုပ်စိုးရှင်ချုံးဟွာသည် ကျိယွမ်၏ ရွာသားဖြစ်ရန် သဘောတူခဲ့စဉ်က လူတိုင်းကို တုန်လှုပ်စေခဲ့ခြင်းဖြစ်၏။ ကျိယွမ်၏ ယခုတောင်းဆိုချက်မှာလည်း အလားတူပင် အလွန်အံ့သြစရာ ကောင်းလှသည်။

"ငါ ဘယ်တော့မှ နောက်လေ့မရှိဘူး။ နောက်ပြောင်မှုဆိုတာ နှစ်ဖက်စလုံးက လက်ခံမှ နောက်ပြောင်တာလို့ ခေါ်တယ် ။ မဟုတ်ရင် စော်ကားတာပဲ ဖြစ်လိမ့်မယ်။ ငါက စိတ်ရင်းနဲ့ ဖိတ်ခေါ်နေတာပါ"

ကျိယွမ်က တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။

ပုံမှန်ဆိုလျှင် စကားများတတ်သော ညီမဖြစ်သူမှာပင် စကားစရှာမရ ဖြစ်သွားသည်။ စစ်မှန်နတ်ဘုရားများကို ဘာမဟုတ်​သောရွာသားဖြစ်ရန် ဖိတ်ခေါ်ခြင်းမှာ နောက်ပြောင်မှု မဟုတ်လျှင် စော်ကားမှုသာ ဖြစ်လိမ့်မည်။

"ဒီလူက စိတ်မနှံ့တာလား မသိဘူး"

"သူ့အမူအရာက ထူးဆန်းနေသလိုပဲ"

"သာမန်လူတွေအများကြီး ခေါ်လာပြီး နိမိတ်တွေလျှောက်ဖတ်နေတာကလည်း... နည်းနည်းတော့ ထူးဆန်းတယ်..."

နတ်ဘုရားများသည် စိတ်ချင်းဆက်သွယ်ကာ သူတို့၏ သံသယများကို ဖလှယ်နေကြသည်။

နောက်ဆုံးတွင် အစ်မဖြစ်သူက သူမ၏ဆန္ဒကို ထုတ်ဖော်လိုက်သည်။

"စီနီယာ... ဒီတောင်းဆိုချက်ကိုတော့ ကျွန်မတို့ မဖြည့်ဆည်းပေးနိုင်ဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ စီနီယာက နောက်လိုက် ၁၀ ယောက် ခေါ်လာတယ်ဆိုတော့ ဘိုးဘေးနယ်မြေက အရမ်းအန္တရာယ်များပါတယ်။ စီနီယာ့အတွက် သူတို့ကို ကျွန်မတို့ စောင့်ရှောက်ပေးပါရစေ။ ဒါက ကျေးဇူးတုံ့ပြန်တာလို့ သဘောထားပေးပါ"

သူမသည် ကျိယွမ်၏ နောက်လိုက်များကို ကာကွယ်ပေးခြင်းဖြင့် ကျေးဇူးဆပ်ရန် မျှော်လင့်နေခြင်းဖြစ်သည်။

ကျိယွမ်က သူမအား လက်ကာပြလိုက်ပြီး "ငါ့နောက်လိုက်တွေက ငါနဲ့ရှိနေတာ ပိုလုံခြုံပါတယ်။ မင်းတို့ ချင်းရွှေကျေးရွာကို မဝင်ချင်ဘူးဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် အချိန်မဖြုန်းကြရအောင်"

သူက ပြတ်သားစွာ ငြင်းသည်။

သူသည် ဘိုးဘွားနယ်မြေမှ အန္တရာယ်များကို အလေးအနက်ထားပုံ မပေါ်ပေ။

အခြားနတ်ဘုရားများကလည်း သူ၏ တုံ့ပြန်မှုကို မြင်သောအခါ ထပ်မပြောကြတော့ပေ။ သို့သော် သူတို့သည် ကျိယွမ်အပေါ် စိတ်ဝင်စားမှုတော့ အနည်းငယ် ရှိနေကြသည်။

အချို့ကတော့ သူသည် စိတ်ဖောက်ပြန်နေသည်ဟု သံသယဝင်လာကြသည်။

ကျိယွမ်ကတော့ သူတို့မည်သို့ထင်ထင် အာရုံမစိုက်တော့ပါ ။ သူက ဘိုဘွားနယ်မြေ၏ လက်ရှိအခြေအနေကို စတင်အာရုံစိုက်လိုက်သည်။

သူ့ခြေထောက်အောက်ရှိ မြေပြင်မှာ ရိုးရိုးမြေကြီးမဟုတ်ဘဲ သတ္တုစပ်အမျိုးမျိုး ဖြစ်နေသည်ကို သူသတိထားမိ၏။ ထို့အပြင် အဆင့်နိမ့်ကျင့်ကြံသူများအတွက် အဖိုးတန်သော်လည်း စစ်မှန်နတ်ဘုရားများအတွက် အသုံးမဝင်သော ပစ္စည်းအချို့ကိုလည်း တွေ့ရသည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် သတ္တုအကြွင်းအကျန်များနှင့် ပျက်စီးနေသော အဆောက်အအုံများ ပြန့်ကျဲနေ၏။

ဧရာမ သတ္တုခြေထောက်ကြီးတစ်ခုသည် ကောင်းကင်သို့ ထိုးထွက်နေပြီး ၎င်း၏ ခြေချောင်း ၁၈ ချောင်းတွင် အရောင်စုံ ခြေသည်းဆိုးဆေးများ ဆိုးထားကာ ကျိယွမ် တစ်ခါမှ မမြင်ဖူးသော ထူးဆန်းသည့် သတ္တုအမျိုးအစားများပင် ပါရှိနေသည်။

ညီမဖြစ်သူက ထိုခြေထောက်ကြီးကို လက်ညှိုးထိုးပြရင်းရှင်းပြသည်။

"ဒဏ္ဍာရီအရဆိုရင် ငါတို့ရဲ့ ရှေးဟောင်းမျိုးနွယ် ဘိုးဘေးတွေက ကြယ်တာရာတွေရဲ့ တစ်ဖက်ကနေ လာကြတာတဲ့။ ဘိုးဘေးနယ်မြေ တစ်ခုလုံးက တကယ်တော့ ပျက်စီးသွားတဲ့ ရတနာတစ်ခုပဲ။ ရှေးဟောင်းမျိုးနွယ်က ဒီရတနာကို သုံးပြီးတော့ ဖန်ထုန်နယ်မြေကို ရောက်လာခဲ့ကြတာ။ ဒါပေမဲ့ အဲဒီရတနာက မြေပြင်ပေါ်ကို ဆင်းသက်တဲ့အခါ အစိတ်စိတ်အမွှာမွှာ ကွဲသွားပြီး ဘိုးဘေးနယ်မြေဆိုတာ ဖြစ်လာတာပေါ့။အဲဒါကြောင့် ရတနာတွေ အများကြီးလည်း ပြန့်ကျဲသွားခဲ့တယ်"

ပြန့်ကျဲနေသော ရတနာများအကြောင်း ကြားရသောအခါ စစ်မှန်နတ်ဘုရားများအားလုံး စိတ်ဝင်စားသွားကြသည်။ ဘိုးဘေးနယ်မြေသည် ထူးဆန်းပြီး အစွမ်းထက်သော အမွေအနှစ်များ ရှိခြင်းကြောင့် အန္တရာယ်များရှိနေသော်လည်း စွန့်စားရန် ထိုက်တန်သော နေရာတစ်ခုဖြစ်နေခြင်းပင်။

မြွေအိုကြီးသည် တစ်ခါက ဘိုးဘေးနယ်မြေထဲတွင် ရှားပါးဆေးရည်တစ်မျိုးကို တွေ့ခဲ့ပြီး ၎င်းကို သောက်သုံးပြီးနောက် နတ်ဘုရားပေါက်နှစ်ခုကို ထပ်မံဖွင့်လှစ်နိုင်ခဲ့သည်။

အချို့သော ရတနာများသည်လည်း နတ်ဘုရားစွမ်းအင်သိုလှောင်မှုကို တိုးမြှင့်ပေးနိုင်သဖြင့် ကျင့်ကြံသူ၏ အခြေခံနှင့် အစွမ်းကို မြှင့်တင်ပေးနိုင်သည်။ အန္တရာယ်များရှိသော်လည်း ဤဆုလာဘ်များက စစ်မှန်နတ်ဘုရားများကို ဘိုးဘေးနယ်မြေသို့ လာရောက်ရန် ဆွဲဆောင်နေခြင်းဖြစ်သည်။

"ဒီမှာ ရတနာတွေ အများကြီး ရှိတာတော့ အမှန်ပဲ။ ဒါပေမဲ့ အန္တရာယ်ကလည်း အရမ်းကြီးတယ်။ ခြေတစ်လှမ်း မှားတာနဲ့ အသက်ဆုံးရှုံးသွားနိုင်တယ်"

အစ်မဖြစ်သူက ခြေထောက်ကြီးကို ကြည့်နေရင်းမှ လေးနက်စွာသတိပေးသည်။

"ဘိုးဘေးနယ်မြေမှာ 'ရုပ်သေးနတ်ဘုရား' အမျိုးမျိုး ရှိတယ်။ သူတို့က ပုံသေမရှိဘူး။ အရည်တစ်စက်၊ ကျောက်ခဲတစ်လုံး ဒါမှမဟုတ် မြူတိမ်တစ်ခုအဖြစ်တောင် ရှိနေနိုင်တယ်။ သူတို့က အရမ်းအစွမ်းထက်တယ်၊ အားအနည်းဆုံးကတောင် ပထမအဆင့် စစ်မှန်နတ်ဘုရားတွေ ဖြစ်ပြီး အားအကောင်းဆုံးက မဟာအုပ်စိုးရှင်အထွတ်အထိပ်အဆင့်အထိ ရှိနိုင်တယ်။ သူတို့ရဲ့နယ်မြေထဲကို မှားဝင်မိရင် ဘာမှန်းတောင် မသိလိုက်ဘဲ အသက်ပျောက်သွားနိုင်တယ်။ ဒီရုပ်သေးနတ်ဘုရားတွေက ဘိုးဘေးနယ်မြေ တစ်ခုလုံးမှာ အမြဲတမ်း ရွေ့လျားနေတာ ဒါမှမဟုတ် အိပ်စက်နေတာ ဖြစ်တဲ့အတွက် အရင်က အတွေ့အကြုံတွေက အသုံးမဝင်ဘူး။ ဘယ်နေရာမှာမဆို အိပ်စက်နေတဲ့ ရုပ်သေးနတ်ဘုရား တစ်ပါး ရှိနေနိုင်တယ်။ ဥပမာဆိုရင် ဟိုရှေ့က ဧရာမ သတ္တုခြေထောက်ကြီးထဲမှာ အိပ်ပျော်နေတဲ့ ရုပ်သေးနတ်ဘုရား တစ်ပါး ရှိနေနိုင်တယ်။ သွားနှောင့်ယှက်မိရင် နိုးလာလိမ့်မယ်"

ရုပ်သေးနတ်ဘုရားများအကြောင်း ကြားသောအခါ ရတနာများကြောင့် စိတ်ဓာတ်ကြွနေသော အခြားစစ်မှန်နတ်ဘုရားများ အနည်းငယ် တင်းမာသွားကြသည်။

"ရုပ်သေးတွေကို အသာထား ၊ အဲဒီရတနာတွေကို ဘယ်မှာ ရှာလို့ရမလဲ"

ကျိယွမ်က လိုရင်းကိုမေးလိုက်သည်။သူက ရုပ်သေးနတ်ဘုရားများကို စိတ်မဝင်စားပါ ။ သူက ရတနာများအတွက် လာခြင်းဖြစ်သည်။

ညီမဖြစ်သူက ကျိယွမ်ကို ထူးဆန်းသလိုလှည့်ကြည့်၏။

"အတွင်းထဲကို ပိုဝင်နိုင်လေ ရတနာတွေက ပိုကောင်းလေပဲ။ ဒါပေမဲ့ အန္တရာယ်ကလည်း ပိုများလာတယ်။ ဘိုးဘေးနယ်မြေကို ခုနစ်ထပ် ခွဲထားတယ်။ ပထမအဆင့် စစ်မှန်နတ်ဘုရားတွေက ပထမအထပ်မှာပဲ နေလေ့ရှိပြီး ဒုတိယအဆင့်တွေကတော့ ပထမနှစ်ထပ်အထိ သွားကြတယ်။ ပထမအထပ်မှာဆိုရင် ပထမအဆင့် နတ်ဘုရားတစ်ပါး ရှင်သန်နိုင်ခြေ ငါးဆယ်ရာခိုင်နှုန်း ရှိတယ်။ ဒုတိယအထပ်မှာဆိုရင်တော့ အဲဒီအခွင့်အရေးက သိသိသာသာ လျော့သွားပြီ။ဒါနဲ့ စီနီယာ့မှာ မြေပုံမရှိဘူးလား"

သူမက ကျိယွမ်၏နောက်ခံက မြင့်မားဟန်ရှိသဖြင့် ဘိုးဘွားနယ်မြေ၏မြေပုံရှိလိမ့်မည်ဟု ထင်ထားခဲ့သည်။

သို့သော် ကျိယွမ်က သူမအား ကြောင်တောင်တောင်ပြန်ကြည့်ကာ ဖြေသည်။

"ငါ့မှာ ဘာမြေပုံမှ မရှိဘူး "

"ရော့... ဒါကို ယူထားလိုက်"

ညီမဖြစ်သူက သားရေဖြင့် လုပ်ထားသော မြေပုံကို ကျိယွမ်အားပေးလိုက်သည်။

"ကျေးဇူးပဲ "

ကျိယွမ်သည် သူမ၏မြေပုံကို တစ်ချက်ကြည့်ကာ သေသေချာချာမှတ်သားနေရင်းမှ မျက်မှောင်ကျုံ့၏။

"ခွဲခြားထားတာက တော်တော်လေးကို ရိုးရှင်းတာပဲ။ အဲဒီတော့ ငါက ခုနစ်ထပ်မြောက် အနက်ဆုံးနေရာကို ရောက်တဲ့အထိ ရှေ့ကိုပဲ ဆက်သွားရမှာပေါ့ ဟုတ်လား"

ကြည့်ရသည်မှာ မြေပုံသည် သူ့အတွက် အသုံးဝင်ပုံမပေါ်ပေ။ သူ၏ အန္တိမပန်းတိုင်မှာ တစ်ချိန်က မောက်မာအုပ်စိုးရှင်ကဲ့သို့ စစ်မှန်နတ်ဘုရားအဖြစ်သို့ ရောက်ရှိနိုင်မည့် အခွင့်အရေးရှိနိုင်သော ခုနစ်ထပ်မြောက် နေရာဖြစ်သည်။ သို့သော် သူ၏ နောက်လိုက်များကို အားကောင်းလာစေရန်အတွက် လမ်းတွင်တွေ့သော မည်သည့်ရတနာကိုမဆို သူက လက်လွတ်ခံမည် မဟုတ်ပေ။

"ဟုတ်ပါတယ်"

ညီမဖြစ်သူက အတည်ပြုသည်။

"ဒါဆိုရင် ငါ သွားတော့မယ်။ အားလုံးပဲ ကံကောင်းကြပါစေ"

ကျိယွမ်က ထိုသို့ပြောကာ ရှေ့သို့ စတင်လျှောက်လှမ်းသွားသည်။

သူက အဝေးမှ လှမ်းမြင်နေရသော မျှော်စင်တစ်ခုကို လှမ်းကြည့်လိုက်ပြီး နောက်လိုက်များကို ဆော်သြလိုက်၏။

"ဟိုမျှော်စင်ထဲမှာ တစ်ခုခု ရှိနေပုံရတယ်ဟေ့။ သွားကြရအောင်"

ကျိယွမ်ပြသော မျှော်စင်ကိုမြင်သောအခါ အစ်မဖြစ်သူက ချက်ချင်း လှမ်းအော်ကာ သတိပေးလေ၏။

"သတိထားဦး။ အဲဒီမျှော်စင်ထဲမှာ အစွမ်းထက်တဲ့ ရုပ်သေးနတ်ဘုရား တစ်ပါး ရှိတယ်လို့ သတင်းကြီးတယ်။ ရှေးဟောင်းနတ်ဘုရား အတော်များများ အဲဒီမှာ အသက်ပျောက်ခဲ့ကြတယ်"

"ဟုတ်ပါတယ် စီနီယာ ၊ အခြားနေရာကို ရွေးသင့်တယ်"

အခြားနတ်ဘုရားများကလည်း သူ့ကို တားဆီးရန် ကြိုးစားကြသည်။

ဘိုးဘေးနယ်မြေထဲတွင် ထိုကဲ့သို့ မြင့်မားသော မျှော်စင်ပုံစံအဆောက်အအုံများစွာ ရှိပြီး ၎င်းတို့မှာ ရတနာများကြောင့် ကျော်ကြားသလို အန္တရာယ်ကြောင့်လည်း နာမည်ဆိုးဖြင့် ကျော်ကြားလှသည်။ အချို့မျှော်စင်များဆိုလျှင် မဟာအုပ်စိုးရှင်အဆင့် ရုပ်သေးနတ်ဘုရားများက စောင့်ကြပ်နေသဖြင့် မည်သည့်ရှေးဟောင်းနတ်ဘုရားမျှ မဝင်ရဲကြပေ။

"ဘာမှမဖြစ်ပါဘူး။ ငါ့ရဲ့ ဘယ်ဘက်မျက်ခုံးက ဆက်တိုက် လှုပ်နေတယ်။ အဲဒါက အတွင်းထဲက ရတနာတွေက ငါ့ကို ခေါ်နေတာပဲ"

ကျိယွမ်က ယုံကြည်မှုအပြည့်ဖြင့် ပြောကာ သူ၏နောက်လိုက်များကို မျှော်စင်ထဲသို့ ဦးဆောင်ခေါ်သွားသည်။

ကျန်ရှိနေသော နတ်ဘုရားများမှာ သူတို့အဖွဲ့ကို စိုးရိမ်တကြီးဖြင့် ကြည့်ကျန်ရစ်ခဲ့သည်။

ခေါင်းဆောင်က ခရမ်းရောင်နန်းတော်အဆင့် ၊ နောက်လိုက်အများစုက စိတ်ဝိညာဥ်အဆင့်တွေ ၊ ဒီပုံစံနဲ့ မျှော်စင်ထဲဝင်သွားရင် သေလမ်းသွားသလို ဖြစ်ကုန်တော့မှာပဲ။

အစ်မဖြစ်သူက သတိဝင်လာပြီး အခြားသူများကို တိုက်တွန်းလိုက်သည်။

"သူ့ကို ဒီအတိုင်း ထားခဲ့လို့ မဖြစ်ဘူး။ သူက ငါတို့ကို ကယ်ခဲ့တာလေ၊ သူ့နောက်ကို လိုက်ကြရအောင်"

"ဟုတ်တယ် "

"လိုက်ကြမယ်"

သူတို့က စိုးရိမ်တကြီးဖြင့် ချက်ချင်းလိုက်သွားကြသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ကျိယွမ်နှင့်သူ၏အဖွဲ့မှာ မျှော်စင်ထဲသို့ ဘုမသိဘမသိဖြင့် အဖွဲ့လိုက်ကြီး ဝင်သွားကြသည်ကို သူတို့မြင်လိုက်ရ၏။

အပြင်ဘက်ရှိ နတ်ဘုရားများမှာ မျက်နှာပျက်သွားကြသည်။

"သူတို့အားလုံး အထဲရောက်သွားပြီ။ ငါတို့ ဘာလုပ်ကြမလဲ"

"သူတို့တော့ သွားပြီပဲ။ အထဲက ရုပ်သေးနတ်ဘုရားသာ နိုးလာရင် သူတို့ ဒုက္ခရောက်ကုန်တော့မှာ"

နတ်ဘုရားများသည် ကျိယွမ်အားကယ်တင်ချင်သော်လည်း ကိုယ်တိုင်ဝင်ရန်ကိုတော့ တွန့်ဆုတ်နေကြသည်။ အနည်းငယ် နှောင့်ယှက်မိရုံနှင့်ပင် ရုပ်သေးနတ်ဘုရားကို နိုးသွားစေနိုင်သဖြင့် ကျိယွမ်တို့အဖွဲ့သာါ ထိုရှေးဟောင်းအစောင့်အရှောက်ရုပ်သေးများကို မနိုးမိပါစေနှင့်ဟုသာ ဆုတောင်းရင်း အပြင်တွင် စောင့်နေကြသည်။

တစ်ချိန်တည်းမှာပင် မျှော်စင်အတွင်း၌ ကျိယွမ်သည် သူ၏ ပတ်ဝန်းကျင်ရှိ ထူးဆန်းသော ပစ္စည်းများကို စိတ်ဝင်တစား ကြည့်ရှုနေခဲ့သည်။

စကျင်ကျောက်နှင့် တူသော်လည်း အမည်မသိ သတ္တုစပ်ဖြင့် ပြုလုပ်ထားသော ကြမ်းပြင်ပေါ်တွင် ရပ်နေရင်း မျှော်စင်အတွင်းရှိ ထူးဆန်းမှုများကို တစ်ခုပြီးတစ်ခု စိုက်ကြည့်နေ၏။

[ဟတ် တိုက်တေနီယမ် ခွက် - ရေကို ဝိုင်အဖြစ် ပြောင်းလဲပေးနိုင်သော ထူးဆန်းသည့် သောက်ရေခွက်]

[ရုပ်သေးနတ်ဘုရား - ဒုတိယအဆင့် စစ်မှန်နတ်ဘုရား၊ လက်ရှိတွင် အိပ်ပျော်နေသည်။ မျှော်စင်၏ အချက်ပေးစနစ် အလုပ်လုပ်ပါက နိုးလာလိမ့်မည်]

[စကြဝဠာ ဆေးဖို - ထူးခြားသော ဆေးဖိုတစ်ခု]

[ရွှေပိုးကြိုး - စွန့်ပစ်ထားသော အတွင်းခံအဝတ်အစား တစ်ခု]

ကျိယွမ်၏ မျက်လုံးများက ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေပြီး မျှော်စင်၏ လျှို့ဝှက်ချက်များကို ဖော်ပြနေသော အချက်အလက်များကို ဆက်တိုက်ဖတ်ရှုလိုက်သည်။

"သူတို့ပြောတဲ့ ရုပ်သေးဆိုတာ ဒါတွေလား"

မျှော်စင်အတွင်း အိပ်စက်နေသော ရုပ်သေးနတ်ဘုရားများကိုလည်း ကျိယွမ် သတိပြုမိသည်။ သူတို့သည် ပုံစံအမျိုးမျိုးဖြင့် ရှိနေကြသည်။ တစ်ခုမှာ ဖုန်မှုန့်တစ်စနှင့် တူနေပြီး၊ အခြားတစ်ခုမှာ ခြေခြောက်ချောင်းပါသော သတ္တုပိုးဟပ်တစ်ကောင်နှင့် တူကာ၊ နောက်တစ်ခုမှာ အုတ်ခဲတစ်ခဲနှင့် တူနေသည်။

"သောက်ခွေး ..တစ်ချက်ကြည့်ရုံနဲ့တင် ရုပ်သေးနတ်ဘုရား ငါးဆယ့်ခုနစ်ပါးက ပုံစံမျိုးစုံနဲ့ပုန်းအိပ်နေတာကို တွေ့နေရပြီ။ ဒီမျှော်စင်က ဘာလို့ ဒီလောက် အန္တရာယ်များလဲဆိုတာ မဆန်းတော့ဘူး"

ဖုံးကွယ်ထားသောအရာများကို မြင်နိုင်သော ပျိယွမ်၏ စွမ်းရည်ကြောင့် မျှော်စင်အတွင်းရှိ အရာအားလုံးကို ဖော်ထုတ်နိုင်သဖြင့် သူကံကောင်းသွားခြင်းပင်။

မဟုတ်လျှင် မည်သည့်အရာကြောင့် သေရသည်ကိုပင် သိလိုက်မည်မဟုတ်ပေ။

"အဲဒီတော့ ငါသာ မျှော်စင်ရဲ့ အချက်ပေးစနစ်ကို မထိမိရင် ဒီရုပ်သေးနတ်ဘုရားတွေက နိုးလာမှာ မဟုတ်ဘူးပေါ့"

ကျိယွမ်က အနည်းငယ်စဥ်းစားနေရာမှ အသံထွက်၍ မှတ်ချက်ချလိုက်၏။

သို့သော် အခြားရှေးဟောင်းနတ်ဘုရားများ၏ ပြောကြားချက်အရဆိုလျှင် လေအဖြစ် ပြောင်းလဲ၍ ဝင်သွားလျှင်ပင် မည်သည့်လှုပ်ရှားမှုကမဆို ရုပ်သေးနတ်ဘုရားကို နိုးသွားစေနိုင်သည်ဟု ဆိုသည်။

ထိူ့သို့ဆိုလျှင်လအထဲသိူ့ ဝင်ရန်မှာ တော်တော်လေးခက်ခဲနေလေပြီ။

ဘယ်လိုလုပ်ရပါ့။

ကျိယွမ်ငြိမ်သက်စွာစဥ်းစားနေ၏။ ရွာသားများက တိတိဆိတ်နေပြီး သူ၏သူ၏ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြသည်။

"ငါ့ရဲ့ လှုပ်နေတဲ့ မျက်ခုံးတွေကို အသုံးချရမယ့် အချိန်ရောက်ပြီ"

နောက်ဆုံးတွင် ကျိယွမ်က သူ၏ သီအိုရီကို စမ်းသပ်ရန် စိတ်အားထက်သန်စွာ တွေးလိုက်သည်။

သူ၏ လှုပ်နေသော မျက်ခုံးများသည် အန္တရာယ်နှင့် ကံကောင်းခြင်းကို ကြိုတင်ဟောကိန်းထုတ်နိုင်သည်။ သူသည် စိတ်ထဲမှနေ၍ မျှော်စင်အတွင်း လျှောက်ရမည့် လမ်းကြောင်းကို တစ်လှမ်းခြင်းကြိုတင်ပုံဖော်ကြည့်မည် ။ ထို့နောက် မျက်ခုံး၏ တုံ့ပြန်မှုကို လမ်းပြအဖြစ် အသုံးချကာ မည်သည့်​လမ်းကို သွားရမည် မည်သည့်လမ်းကိုမသွားရဟု ဟောကိန်းထုတ်ကာ ရွေးချယ်ပြီး အချက်ပေးစနစ်ကိုမထိဘဲ ဘေးကင်းသော လမ်းကြောင်းကို ရှာဖွေနိုင်မည် ဖြစ်သည်။

သူသည် တည်ငြိမ်စွာရပ်လျှက် လမ်းကြောင်းများကို စိတ်ထဲတွင်ပုံဖော်ကာ စမ်းသပ်လိုက်၏။ ထိုအခါ သူ၏ ညာဘက်မျက်ခုံးက အလိုလို လှုပ်လာသည်။

ဒီလမ်းက အန္တရာယ်ရှိတယ်။

သူက အခြားလမ်းကြောင်းတစ်ခုကို ထပ်မံစမ်းသပ်ကြည့်ပြန်ရာ ညာဘက်မျက်ခုံးက ထပ်လှုပ်ပြန်သည်။

ဒီလမ်းလည်းမရဘူး ။

သူသည် အကြိမ်ကြိမ် စမ်းသပ်ပြီးနောက် နောက်ဆုံးတွင် သူ၏ မျက်လုံးများ တောက်ပသွားသည်။ သူသည် ဘေးကင်းသော ပထမခြေလှမ်းကို ရှာတွေ့သွားပြီ ဖြစ်သည်။

ဘေးတွင်ရှိနေသော ကျူးရှီကျုံးက တိတ်ဆိတ်စွာရပ်နေရင်းမှ နားမလည်နိုင်ဖြစ်လာပြီး မေးလိုက်သည်။

"အရှင်ကျိယွမ်... အရှင့်မျက်ခုံး တစ်ခုခုဖြစ်နေလို့လား။ အရမ်းလှုပ်နေတယ်"

ရွာသူကြီးယွီလီ၊ နတ်ဆရာရှန်တုနှင့် အခြားရွာသားများသည်လည်း ကျိယွမ်ကို အံ့သြတကြီး ကြည့်နေကြသည်။ သူ၏ မျက်ခုံးနှစ်ခုမှာ သဘာဝမကျလောက်အောင် မြန်မြန်ဆန်ဆန် လှုပ်နေ၏။

ဘာဖြစ်နေပါလိမ့် ၊ သူ့ဟာက ညာကလှုပ်လိုက် ဘယ်ကလှုပ်လိုက်နဲ့ ။

"ငါ ပြောသားပဲ... ငါ့မျက်ခုံးက နိမိတ်ဖတ်နိုင်တယ်လို့"

ကျိယွမ်က ပြုံးရင်း ပြောလိုက်သည်။ သူသည် ပထမဆုံး ဘေးကင်းသောခြေလှမ်းကို သိရှိသွားပြီ ဖြစ်သည်။

ရွာသားများသည် ထိုစကားကို ကြားသောအခါ အချင်းချင်း မသိမသာကြည့်မိလိုက်ကြသည်။

အရှင်ကျိယွမ်သည် သူ၏ ထူးဆန်းသော နည်းလမ်းများကြောင့် ကျော်ကြားသူဖြစ်ကြောင်း သိနေပြီးသားမို့ သူတို့ကအရမ်းစိတိမလှုပ်ရှားကြပါ။ အမှန်စင်စစ် သူကိုယ်တိုင်က အသက်နှင့်ရင်း၍ အရင်စမ်းသပ်နေခြင်းလည်းဖြစ်သဖြင့် သူတို့အနေဖြင့် ကြောက်စရာ ဘာမှမရှိပေ။

"ငါ့နောက်က လိုက်ခဲ့ကြ... ဘယ်တစ်ချက်၊ ညာတစ်ချက်၊ တစ်လှမ်းချင်းစီပဲ"

ကျိယွမ်က သူတို့ကို ကခုန်နေသကဲ့သို့ ထူးဆန်းသော ပုံစံဖြင့် ဦးဆောင်ခေါ်သွားသည်။

အခြားသူများသည် ယခုနေရာက အလွန်အန္တရာယ်များကြောင်းကြားထားပြီးဖြစ်သောကြောင့် မပေါ့ဆဝံ့ပါ။ သူ၏ ထူးဆန်းသော လှုပ်ရှားမှုများကို အတိအကျ လိုက်လုပ်ကြပြီး ချီစွမ်းအားများကို သုံးကာ သူ၏ ကိုယ်ဟန်နှင့် အဝတ်အစားများကိုပါ တူအောင် လိုက်လုပ်ကြသည်။

ထိုအုပ်စုသည် မျှော်စင်အတွင်း၌ ကနေသော ယိမ်းအဖွဲ့တစ်ခုကဲ့သို့ ညီညီညာညာ လှုပ်ရှားကာ နေရာတစ်ခုသို့ ရောက်သွား၏။

ကျိယွမ်က သူရှာထားသော ဘေးကင်းသည့် နေရာတစ်ခုတွင် ရပ်လိုက်သည်။ ထို့နောက် နောက်ထပ် ဘေးကင်းမည့် ခြေလှမ်းကို ရှာရန် စိတ်ထဲမှ ပြန်လည်တွက်ချက်ပြန်သည်။

ရွာသားများသည် သူတို့၏နတ်ဘုရားကို ကြည့်နေရင်းမှ တိုးတိုးတိတ်တိတ် ပြောဆိုနေကြ၏။

"ကြည့်စမ်း... သူ့မျက်ခုံးက ပြန်ပြီး အရမ်းလှုပ်နေပြန်ပြီ"

"သူက တကယ်ပဲ နိမိတ်ဖတ်နေတာလား"

"ဒါမှမဟုတ် သူ တကယ်ပဲ ပင်ပန်းနေတာလား "

"ငါ ဒါကို ကြည့်ပြီး ရယ်ချင်နေတယ်လို့ ပြောရင် မင်း ငါ့ကို ရိုက်မလား"

"ငါတို့ အရှင့်ကို ရိုရိုသေသေ ဆက်ဆံရမယ်။ ငါတို့က ကျွမ်းကျင်တဲ့သူတွေ၊ သစ္စာရှိတဲ့ နောက်လိုက်တွေလေ... အရှင့်ကို မရယ်ရဘူး"

"ဒါပေမဲ့... အရှင်က အရမ်းရယ်ရနေတာကိုး"

သူတို့၏ တိုးတိုးတိတ်တိတ် စကားသံများကြားမှပင် ကျိယွမ်က သူ၏ မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။

"ငါ့နောက်ကို လိုက်ခဲ့... ခုနကအတိုင်းပဲ"

စကားဆုံးသည်နှင့် ကျိယွမ်က မျှော်စင်၏ အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ခေါ်ဆောင်သွားသည်။

အသက်ရှူအကြိမ် အနည်းငယ်အတွင်းမှာပင် သူသည် ကျွမ်းကျင်သော စက္ကောမပညာရှင်တစ်ယောက်ကဲ့သို့ မျှော်စင်၏ အန္တရာယ်ရှိသောနေရာများကို ဖြတ်ကျော်ကာ အပေါ်ဆုံးထပ်သို့ ရောက်အောင် ပို့ဆောင်ပေးခဲ့သည်။

ထိုနေရာတွင် ရှေးဟောင်းအချိန်ကတည်းက ကျန်ရစ်နေသကဲ့သို့သော မွှေးရနံ့တစ်ခုက လေထုထဲတွင် ပျံ့လွင့်နေ၏။

ထို့အပြင် မသေမျိုးစွမ်းအင်များဖြင့် ပွက်ပွက်ဆူနေသော အရည်များကို တွေ့လိုက်ရသောအခါ ရွာသားများ၏ မျက်လုံးများ ပြူးသွားကြသည်။

"လင်မု မသေမျိုး ဆေးရည်"

ရွာသူကြီးယွီလီက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"ဒါက မယုံနိုင်စရာပဲ။ တစ်ငုံလောက် သောက်ရုံနဲ့ နတ်ဘုရားအလင်းပေါက်ဖြစ်ပေါ်မှုကို ငါးဆပိုမြန်စေနိုင်တာ။ ဒီမှာက အများကြီးပဲ"

"ဒီမှာ ပေါင်ချိန် ဘယ်လောက်တောင် ရှိမလဲ"

ရွာသားများသည် သူတို့၏ စိတ်ကို မထိန်းနိုင်တော့ပေ။ ဤသည်မှာ စစ်မှန်နတ်ဘုရားများပင် မက်မောရသော မသေမျိုးဆေးရည် မဟုတ်ပါလား။

"ဒါက သောက်လို့ရရဲ့လား"

ကျိယွမ်က ထိုဆေးရည်ကို သံသယဖြင့် ကြည့်ကာ မေးလိုက်သည်။

[လင်မု မသေမျိုး ဆေးရည် - ရတနာရေမျိုးနွယ်မှ ပြုလုပ်ထားသော သန့်စင်ဆေးနှင့် ရောစပ်ထားသည့် ထူးခြားသော ရေချိုးရည်]

ကျိယွမ်၏မျက်ခုံးများ ကျုံ့သွားလေသည်။

ဘာကို မသေဆေးလဲ ၊ ချိုးဖို့လုပ်ထားတဲ့ ချိုးရေတွေလေ။

All Chapters