ထိုက်ယင် မိုးကြိုးပုလဲ
Vol. 17 Ch. 202
လင်းမုနတ်ရေစင်ကို ကြည့်ရှုရင်း ရွာသားများ၏ အသက်ရှူသံများမှာ မြန်ဆန်လာကြပြီး ထိုအရည်ကို သောက်သုံးရန် အလွန်ပင် စိတ်အားထက်သန်နေကြသည်။
သို့သော်လည်း ကျိယွမ်က တစ်စုံတစ်ရာ မပြောသေးသဖြင့် မည်သူမျှ ရှေ့သို့ မတိုးရဲကြပေ။
မိမိ၏နောက်မှ စိတ်အားထက်သန်နေသော ရွာသားများကို လှည့်ကြည့်ပြီး ကျိယွမ်က ဟောက်လိုက်သည်။
"မင်းတို့က ဘတ်စကက်ဘောလည်း ကစားတာမဟုတ်ဘဲနဲ့ ဘာလို့ ဒီရေချိုးရည်ကို သောက်ဖို့ ဒီလောက်တောင် စိတ်အားထက်သန်နေကြတာလဲ"
ကျိယွမ်မှာ သူ၏ယခင်ဘဝ ဘလူးစတာကမ္ဘာမှ ဘတ်စကက်ဘော ကစားသမားတစ်ဦး ရေချိုးရည်သောက်ချင်သည်ဟူသော ကောလာဟလကို သတိရသွားသောကြောင့် သူ၏နောက်လိုက်များကို မေးလိုက်ခြင်းပင်။
ငါ့ချိုးရေကိုသောက်ချင်တယ်ဆိုရင် ဟုတ်သလိုလိုရှိသေးတယ်။
"ဘတ်စကက်ဘော ၊ ရေချိုးရည်"
"ဘာတွေလဲ "
ရွာသားများမှာ ကျိယွမ်၏ ထူးဆန်းသော အတွေးကြောင့် ကြောင်အသွားပြီး အချင်းချင်းနားမလည်သလို ကြည့်မိ၏။
သူတို့မှာ လင်းမုနတ်ရေစင်ကိုသာ အာရုံရောက်နေသဖြင့် ဆက်စပ်မှုမရှိသော ထိုစကားလုံးများကြောင့် ဝေခွဲမရ ဖြစ်နေကြသည်။
"အင်း.. ဒီရေချိုးရည်က သုံးပြီးသား ဖြစ်ပုံရတယ်"
ကျိယွမ်က မှတ်ချက်ပေးလိုက်ပြီး နောက်သိူ့လှည့်ကာအမိန့်ပေးလိုက်၏။
"ရွှင်ပျော်ပျော်သူတော်စင် ...ဒီရေချိုးရည်တွေ အကုန်လုံးကို သိမ်းလိုက်တော့"
ကျိယွမ်မှာ ဤရေချိုးရည်ကို ကိုယ်တိုင်သုံးစွဲမည် မဟုတ်သော်လည်း သူ၏ နောက်လိုက်များ သုံးစွဲလိုပါက တားဆီးမည်မဟုတ်ပေ။
ရွှင်ပျော်ပျော်သူတော်စင်က စိတ်လှုပ်ရှားသွားကာ ကျိယွမ်အားမေးလိုက်သည်။
"အရှင်...ကျွန်တော်က ဒုတိယမြောက် နတ်ဘုရားပေါက်ကို ဖော်ဆောင်တော့မှာပါ။ ဒီလင်းမုနတ်ရေစင်ကို အနည်းငယ် သောက်သုံးခွင့် ရမလား"
မျက်ခုံးရှည်သူတော်စင်ကလည်း အခွင့်အရေးကိုလက်လွတ်မခံပါ ၊ သူက လင်းမုနတ်ရေစင်ကို လိုချင်တောင့်တသော မျက်လုံးများဖြင့်ကြည့်လိုက်ပြီး ချက်ချင်းပင် လိုက်၍ တောင်းဆိုလေသည်။
အခြားသော ရွာသားများမှာ မပြောရဲကြသော်လည်း သူတိုထပ်တူပင် စိတ်အားထက်သန်နေပြီး ပြောချင်လွန်း၍ ပါးစပ်တပြင်ပြင်ဖြစ်နေသည်မှာ သိသာလှ၏။ သူတို့မှာ နတ်ဘုရားများ မဟုတ်ကြသော်လည်း လင်းမုနတ်ရေစင်ကို သောက်သုံးခြင်းဖြင့် ကျင့်ကြံဆင့် မြင့်မားလာခြင်းနှင့် ပါရမီ ထူးချွန်လာခြင်း ကဲ့သို့သော အကျိုးကျေးဇူးများစွာကို ရရှိနိုင်မည်ကို တွေးကာ မရိုးမရွဖြစ်နေကုန်သည်။
"သောက်ကြလေ၊ မင်းတို့ တစ်ယောက်တစ်ငုံစီ သောက်လို့ရတယ်"
ကျိယွမ်က အလွယ်တကူ ခွင့်ပြုလိုက်သည်။
ရွာသားများသည် ရှေ့သို့ တိုးဝှေ့သွားကြပြီး ရေချိုးရည်ကို လက်ဖြင့် ခပ်ယူကာ မိမိတို့ လက်ဖဝါးပေါ်တွင် ယုယစွာ တင်ထားကြသည်။ ရွာလူကြီးယွီလီ၏ အိုမင်းသော မျက်နှာတွင် ကြည်နူးမှုများဖြင့် ပြည့်နှက်နေပြီး လင်းမုနတ်ရေစင်၏ ရနံ့ကို အားရပါးရ ရှူရှိုက်လိုက်၏။
"ဒီရနံ့က တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ။ အနံ့လေး ရှူရုံနဲ့တင် လန်းဆန်းသွားစေတယ်။ အရသာက ဘယ်လောက်တောင် ကောင်းမလဲဆိုတာ မတွေးရဲစရာပဲ"
ရွာလူကြီးယွီလီသည် ပဒေသရာဇ်နိုင်ငံတစ်ခုမှကလေးငယ်တစ်ဦးက နို့ကို ပထမဆုံးအကြိမ် မြည်းစမ်းရသကဲ့သို့ လင်းမုနတ်ရေစင်ကို အရသာခံ သောက်သုံးလိုက်သည်။ အခြားသူများမှာလည်း သူနှင့်ထပ်တူ ဖြစ်ပြီး ထိုအတွေ့အကြုံကြောင့် ကြည်နူးကာမိန်းမော နေကြသည်။
ကျိယွမ်မှာ ထိုလူအုပ်ကိုကြည့်ကာ ပြောစရာစကားများ ပျောက်ဆုံးနေ၏။
"နှမြောစရာပဲ၊ ဒါကို တိုက်ရိုက်ထုတ်လွှင့် လို့ မရဘူး။ ရရင်တော့ တကယ် ကြည့်လို့ကောင်းမှာ သေချာတယ်"
သူသည် ထိုအခိုက်အတန့်ကို မှတ်တမ်းတင်ရန် သတိရသွားပြီး မှတ်တမ်းကျောက်တုံးကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။ နောင်နှစ်ပေါင်း များစွာကြာသောအခါ ဤလူများသည် အင်အားကြီး ပုဂ္ဂိုလ်များ ဖြစ်လာနိုင်သည်။ ထိုအခါ သူတို့သည် သူများသုံးပြီးသား ရေချိုးရည်အပေါ် စွဲလမ်းခဲ့ပုံကို ပြန်ပြရသည်မှာ အလွန် ရယ်စရာကောင်းမှာ သေချာ၏။
"ကျွန်တော် ဒုတိယမြောက် နတ်ဘုရားပေါက်ကို ဖွင့်နိုင်ပြီ"
ရွှင်ပျော်ပျော်သူတော်စင်က ရုတ်တရက် အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော နတ်ဘုရား စွမ်းအင်များ ထွက်ပေါ်လာပြီး နတ်ဘုရားပေါက်သစ်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ကြောင့် သက်သေပြနေသည့်အလားပင်။ သူ၏ အင်အားမှာ ချက်ချင်းပင် မြင့်တက်လာခဲ့သည်။
အခြားသော ရွာသားများမှာလည်း လင်းမုနတ်ရေစင်အတွင်းရှိ ရတနာဓာတ်များကြောင့် ခန္ဓာကိုယ်များ ကျန်းမာသန်စွမ်းလာကာ အဆင့်အသီးသီး တိုးတက်လာကြသည်။ သူတို့၏ မျက်နှာများမှာ ဝင်းပလာပြီး ကိုယ်ဟန်အနေအထားများမှာလည်း ပိုမို ကြံ့ခိုင်သန်မာလာသည်။
"မဆိုးဘူး၊ ပထမဆုံး မျှော်စင်ကတင် ငါတို့ အများကြီး ရလိုက်ပြီ"
ကျိယွမ်က ကျေနပ်စွာ ပြောပါသည်။
ကြားသိရသလောက် ဘိုးဘေးနယ်မြေတွင် အလွှာ ခုနစ်လွှာရှိပြီး မျှော်စင်ပေါင်း တစ်ရာကျော် ရှိသည်။ ပထမဆုံး မျှော်စင်မှ ရေချိုးရည်ပင် ဤမျှ စွမ်းအားကြီးလျှင် အခြားသော မျှော်စင်များတွင် မည်မျှ ကောင်းမွန်သော ရတနာများ ရှိနေမည်ကို မခန့်မှန်းနိုင်ပေ။ အားလုံးကိုသာ ရလိုက်ပါက သူတို့၏ စုပေါင်းအင်အားမှာ သိသာစွာ တိုးတက်လာမည်မှာ သေချာ၏။
"ကျန်တဲ့ ရေချိုးရည်ကို ထုပ်ပိုးလိုက်ကြ၊ နောက်ထပ် မျှော်စင်တစ်ခုကို ဆက်သွားမယ်"
ကျိယွမ်က အမိန့်ပေးလိုက်သည်။
ရွာသားများမှာ ကျိယွမ်က လင်းမု နတ်ရေစင်ကို အဘယ်ကြောင့် 'ရေချိုးရည်' ဟု ခေါ်နေသည်ကို မသိသော်လည်း ဂရုမစိုက်ကြပေ။ ၎င်းမှာ သူ၏ ထူးခြားသော အပြောအဆိုဟုသာ မှတ်ယူထားကြသည်။
ဤမျှ အဖိုးတန်သောရတနာအရည်မှာ ရေချိုးရည် မည်သို့ ဖြစ်နိုင်မည်နည်း။ မည်သူက ဤမျှ ရှားပါးသော အရည်ကို ရေချိုးရန် သုံးစွဲမည်နည်း။
"ဟုတ်ကဲ့ပါ"
ရွှင်ပျော်ပျော်သူတော်စင်သည် သိုလှောင်အိတ်ကို အမြန်ထုတ်ကာ လင်းမုနတ်ရေစင်များကို ဖြည့်လိုက်သည်။
ကျိယွမ်သည် မျှော်စင်အတွင်းပိုင်းကို အနည်းငယ်လှည့်ပတ်ကြည့်ရှုရာ သတ္တုအပိုင်းအစများနှင့် ထူးဆန်းသော ပစ္စည်းအကျိုးအပဲ့များကိုသာ တွေ့ရသည်။ သူ့အတွက်မူ ထိုအရာများမှာ အသုံးမဝင်သော အမှိုက်များသာ ဖြစ်သည်။
"ကဲ၊ နောက်ထပ် မျှော်စင်တစ်ခုကို သွားကြမယ်"
ကျိယွမ်က လက်ဝှေ့ယမ်းကာ ပြောလိုက်ပြီးရွာသားများသည်လည်း သူ၏နောက်မှ လိုက်ပါ၍ မျှော်စင်အတွင်းမှ ထွက်လာကြသည်။
မျှော်စင်အပြင်ဘက်မှာတော့ ရှေးဟောင်းနတ်ဘုရားတစ်စုမှာ စိုးရိမ်တကြီး စောင့်ဆိုင်းနေကြပြီး မည်သည့်အချိန်တွင်မဆို အတွင်းသို့ ဝင်ရောက် ကယ်ဆယ်ရန် အသင့်ပြင်ထားကြသည်။
"ဒီလောက် ကြာသွားတာတောင် ဘာလှုပ်ရှားမှုမှ မရှိဘူး၊ ဘာတွေ ဖြစ်နေတာလဲ"
ယန်ရှီးနတ်ဘုရားက ဇဝေဇဝါဖြင့် မေးမိသည်။
"တကယ်ကို ထူးဆန်းတယ်"
အခြားသူများကလည်း ထောက်ခံကြသည်။
မျှော်စင်အတွင်းပိုင်းမှာ အန္တရာယ်များဖြင့် ပြည့်နှက်နေပြီး မည်သည့်အချိန်တွင်မဆို ထောင်ချောက်များ ပွင့်ထွက်ကာ ရုပ်သေးနတ်ဘုရားများ နိုးထလာနိုင်သည်။ သူတို့ အတွင်းသို့ ရောက်နေသည်မှာ အသက်ရှုကြိမ် တစ်ရာကျော် ရှိနေပြီ ဖြစ်သော်လည်း မည်သည့် ပြဿနာမှ မရှိခြင်းမှာ မကြားစဖူးသော ကိစ္စပင်။
"သူက တကယ်ပဲ ကံကြမ္မာကို ဟောကိန်းထုတ်နိုင်တာလား"
အမြွှာညီအစ်မထဲမှ ညီမဖြစ်သူက တွေးတွေးဆဆမှတ်ချက်ချ၏။
အခြားသော ရှေးဟောင်းနတ်ဘုရားများက ထိုစကားကို ရယ်မောလိုက်ကြပြီး အတည်မယူကြပေ။ ကံကြမ္မာဟောခြင်းမှာ ခန့်မှန်းရ အခက်ခဲဆုံး ပညာရပ်ဖြစ်ပြီး ဤကဲ့သို့ ရှုပ်ထွေးသော ဘိုးဘေးနယ်မြေတွင် ဟောကိန်းထုတ် ဆရာတစ်ဦးပင် အသက်ဆုံးရှုံးနိုင်သည်။
ထိုစဉ်မှာပင် ..
"မင်းတို့အားလုံး ဘာလို့ ဒီမှာ ရှိနေသေးတာလဲ" ဟူသော အသံတစ်သံက အမြင့်တစ်နေရာမှ ထွက်ပေါ်လာခဲ့သည်။
ရှေးဟောင်းနတ်ဘုရားများက ထိုအသံလာရာသို့ ချက်ချင်း မော့ကြည့်လိုက်ကြသောအခါ မျှော်စင်ထိပ်ရှိ မှန်ပြတင်းပေါက်ကဲ့သို့ အရာကို ဖွင့်ကာ လွှာခနဲ ခုန်ဆင်းလာသော ကျိယွမ်ကို တွေ့လိုက်ရပြီး နောက်တွင်လည်း ရွာသားများကတဖုန်းဖုန်း ခုန်ချလာကြကုန်သည်။
ကျိယွမ်နှင့်တကွ ရွာသားများမှာ မျှော်စင်ပေါ်မှ လွယ်ကူစွာ ခုန်ဆင်းလာကြသည်မှာ အလွန်အေးဆေးလှပြီး အမျိုးသားတစ်ဦးသည် ချစ်သူ၏ အိမ်မှ တိတ်တဆိတ် ထွက်လာသည်နှင့်ပင် ဆင်တူနေ၏။
ရှေးဟောင်းနတ်ဘုရားများမှာ ခေတ္တမှင်တက်သွားပြီး ပြောစရာစကားများပင် ပျောက်ဆုံးသွားကြသည်။
သူတို့က...။
အမြွှာညီအစ်မထဲမှ ပွင့်လင်းသည့်စရိုက်ရှိသော ညီမဖြစ်သူက မနေနိုင်တော့ပါ။
"ရှင်...ရှင်တို့ အပေါ်ဆုံးထပ်အထိ ရောက်ခဲ့တာလား"
သူမက ရွာသားများခုန်ချလာသော အထပ်ကိုငေးကြည့်ကာ အံ့ဩတကြီး အော်လိုက်မိသည်။
အကယ်၍ သူတို့သည် အပေါ်ဆုံးထပ်မှ ထွက်လာခြင်းဖြစ်လျှင် မျှော်စင်ထိပ်သို့ ရောက်ခဲ့သည်ဟု ဆိုလိုနေ၏။
ဤမျှော်စင်တွင် သုံးလွှာရှိပြီး ပထမအလွှာကပင် ရှေးဟောင်းနတ်ဘုရား အများအပြား၏ အသက်ကို နုတ်ယူခဲ့ပြီး ကျော်ဖြတ်ရန်အလွန်ခက်ခဲလေသည်။ ထို့ကြောင့် ဒုတိယအလွှာသို့ပင် မည်သူမျှ မရောက်ဖူးရာ အပေါ်ဆုံးထပ်ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
နတ်ဘုရားနှစ်ပါးနှင့် သာမန်လူသား တစ်စုသည် မည်သို့ အပေါ်ဆုံးထပ်သို့ ရောက်ရှိကာ အသက်ရှင်လျက် ပြန်ထွက်လာနိုင်သနည်း။
အတွင်းရှိ ရုပ်သေးနတ်ဘုရားများမှာ အိပ်ပျော်နေကြသလော။
ရှေးဟောင်းနတ်ဘုရားများမှာ လုံးဝ မယုံနိုင်အောင် ဖြစ်နေကြသည်။
ထိုအချိန်မှာပင် ကျိယွမ်နှင့် သူ၏အဖွဲ့မှာ သူတို့အနီးသို့ ဆင်းသက်လိုက်ကြသည်။
"ငါ ကံကြမ္မာ ဟောနိုင်ပါတယ်ဆို၊ ဘေးကင်းတဲ့ လမ်းကို ရှာတွေ့ခဲ့တာ ဘာဆန်းလဲ။ ကံမကောင်းတာက ဒီမျှော်စင်မှာ အဖိုးတန်တာ ဘာမှမရှိဘူး၊ ရေချိုးရည် အနည်းငယ်ပဲ ရှိတယ်"
ကျိယွမ်က အက်ျီပေါ်တွင်ကပ်နေသော ဖုန်များကို ခါထုတ်ရင်း အေးအေးဆေးဆေး ပြောလိုက်သည်။
ပထမဆုံး မျှော်စင်မှာ သူ့ကို အထင်ကြီးစေခြင်း မရှိပေ။
"ရေချိုးရည်....မျှော်စင်ထဲမှာ ရေချိုးရည် ရှိတယ် ဟုတ်လား"
ရှေးဟောင်းနတ်ဘုရားများသည် တစ်ဦးကိုတစ်ဦး ဝေခွဲမရစွာ ကြည့်လိုက်ကြသည်။
"ရေချိုးရည် သက်သက်ပဲလား ၊ နေပါဦး... ဘယ်သူ့ ရေချိုးရည်လဲ"
ကျိယွမ်နှင့် ရွာသားအဖွဲ့မှာ အလွန်လွယ်ကူစွာ ထွက်လာသည်ကို တွေ့ရသဖြင့် သူတို့၏ စိတ်ထဲတွင် ဖြစ်နိုင်ခြေ အမျိုးမျိုးကို တွေးတောနေကြသည်။ ကျိယွမ်မှာ အလွန် ကံကောင်းခြင်း ဖြစ်နိုင်သလို၊ လျှို့ဝှက်စွမ်းအားများ ရှိနေခြင်း သို့မဟုတ် မျှော်စင်မှာ ချွတ်ယွင်းနေခြင်းလည်း ဖြစ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ သူတို့မှာ မနာလိုမှုနှင့်အားကျခြင်းများ ရောပြွမ်းနေကြသည်။
ယန်ရှီးနတ်ဘုရားသည်လည်း ယခင်က ဤမျှော်စင်ထဲသို့ ဝင်ရောက်ခဲ့ဖူးပါသည်။ သို့သော် အသက်ရှူတစ်ကြိမ်စာအတွင်းမှာပင် ရုပ်သေးနတ်ဘုရား အုပ်စု၏ တိုက်ခိုက်မှုကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးကာ ထွက်ပြေးခဲ့ရသည်။ သူသည် ရွှေရောင်ပိုးချည်မျှင် တစ်ခုရရန် အသည်းအသန် ကြိုးစားခဲ့ရပြီး ယခုအခါ ၎င်းကို မျက်နှာဖုံးအဖြစ် သုံးနေသည်။ သူ ခက်ခက်ခဲခဲ ရရှိခဲ့သော ဆုလာဘ်နှင့် ကျိယွမ်၏ အားစိုက်စရာမလိုသော အောင်မြင်မှုမှာ အလွန်ပင် ကွာခြားလွန်းလှသည်။
သို့သော် ၎င်းမှာ ရေချိုးရည်သာ ဖြစ်သည်ဟု ကြားလိုက်ရသောအခါ သူတို့ အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။
တော်သေးတာပေါ့ ၊ဒါက သိပ်အဖိုးတန်ပုံမရဘူး ။
ထိုစဉ်မှာပင် အမြွှာညီအစ်မထဲမှ အစ်မဖြစ်သူက
"သူတို့အားလုံး အပြောင်းအလဲတွေ ဖြစ်သွားပုံရတယ်၊ အထူးသဖြင့်..."
သူမ၏ အကြည့်မှာ ရွှင်ပျော်ပျော်သူတော်စင်ထံသို့ ကျရောက်သွားသည်။ သူ၏ အင်အားမှာ သိသိသာသာ တိုးတက်လာခဲ့ပြီကို သူမအကဲခတ်မိ၏။
ဤမျှ တိုတောင်းသော အချိန်အတွင်းမှာပင် သူ၏ ကျင့်ကြံဆင့်မှာ သိသိသာသာတိုးတက်လာခဲ့ခြင်းမှာ အတွင်းတွင် ထူးခြားသော ရတနာ တစ်ခုခုရှိနေသောကြောင့်ပင် ဖြစ်ရမည်။
"ငါ လင်းမုနတ်ရေစင်ရဲ့ အနံ့ကို ရတယ်"
နဖူးတွင် မှဲ့ကြီးပါသော အမျိုးသားတစ်ဦးက မျက်လုံးများ တောက်ပလျက် နှာခေါင်းကိုတရှုံ့ရှုံ့လုပ်ကာ ပြောလိုက်သည်။
"လင်းမု နတ်ရေစင်၊ ငါလည်း အနံ့ရတယ်"
"တကယ်ပဲ လင်းမုနတ်ရေစင်ပါလား"
အခြားသော ရှေးဟောင်းနတ်ဘုရားများမှာလည်း မနာလိုစိတ်ကြောင့် မျက်လုံးများ နီမြန်းလာကြသည်။
လင်းမုနတ်ရေစင်မှာ 'မဟာအုပ်စိုးရှင်အဆင့်အောက်ရှိ စစ်မှန်နတ်ဘုရားများအတွက်ရှားပါးရတနာ ဖြစ်သည်။ ၎င်းမှာ အရသာ ထူးကဲပြီး မွှေးရနံ့နှင့် ပြည့်စုံရုံသာမက တစ်စက်တည်းဖြင့်ပင် နတ်ဘုရားပေါက် ဖော်ဆောင်နှုန်းကို ဆယ်နှစ်အထိ ငါးဆ မြန်ဆန်စေသည်။ အတားအဆီးနှင့် ကြုံနေသော နတ်ဘုရားများအတွက် အစက်အနည်းငယ်မှာပင် ဖောက်ထွက်ရန် အထောက်အကူ ဖြစ်စေ၏။
ဤမျှ အဖိုးတန်သော ဆေးရည်ကို ကျိယွမ်က သူ၏ရွာသား သာမန်လူသားများကို သောက်ခိုင်းလိုက်သည်မှာ အလွန်ပင် နှမြောစရာ ကောင်းလှသည်။
ရတနာကို ခွေးကျွေးပစ်သလိူပဲ ၊
နှမြောစရာ..။
၎င်းမှာ အဖိုးတန်ရတနာကို တန်ဖိုးမသိသူလက်ထဲ ထည့်ပေးလိုက်သကဲ့သို့ပင်။ ရှေးဟောင်းနတ်ဘုရားများမှာ ရင်ကွဲမတတ် ခံစားရသည်။ ဤရတနာမှာ သာမန်လူသားများထက်စာလျှင် သူတို့အတွက် ပို၍ အကျိုးရှိစေမည်မဟုတ်ပါလား။
"မင်းတို့ ပြောတာ ဒီရေချိုးရည်ကိုလား။ ဒါက တကယ်ကို တစ်ခုခုပဲ။ ရှန်ထုက တော်တော်ပိန်တာ ၊ ဘယ်လောက်စားစား ဝ မလာဘူး ၊ ဒါပေမဲ့ ဒါကို သောက်ပြီးနောက်မှာ သူ ကိုယ်အလေးချိန် တက်လာတယ်။ဒီကောင့်ကို နေ့တိုင်း တစ်ခွက်သောက်ခိုင်းရမယ် ၊ မဟုတ်ရင် ပိန်တူးနေတာ ။ ငါက နတ်ဘုရားတာဝန်ခံကို အစာမကျွေးဘဲ ထားတယ်လို့ လူတွေ ထင်နေမယ်"
ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ပုံမှန်အားဖြင့် ကျိယွမ်သည် သူ၏မကောင်းကြောင်း သူများပြောခြင်းကို ဂရုမစိုက်တတ်ပေ။ သူသည် သဘောထားကြီးသူဖြစ်သော်လည်း နတ်ဆရာကို အငတ်ထားသည်ဟူသော ကောလာဟလကိုမူ လက်မခံနိုင်ပေ။
ငါက ဒီလောက်ပွဲတော်တွေလုပ်ပေးနေတာကို ဘယ်လိုလုပ်ပြီး အငတ်ထားတဲ့သူလို့ အထင်ခံနိုင်မှာလဲ။
"ရေချိုးရည်...လင်းမူ နတ်ရေစင်လား"
"နေ့တိုင်း တစ်ခွက် သောက်ခိုင်းမယ်..."
ရှေးဟောင်းနတ်ဘုရားများမှာ ဆွံ့အသွားကြသည်။ သာမန်လူသားတစ်ဦးက ဤမျှ အဖိုးတန်သော ဆေးရည်ကို နေ့စဉ်သောက်နေခြင်းမှာ အလွန်ပင် မတန်တဆ ဖြစ်နေသည်။
အချို့သော ရှေးဟောင်းနတ်ဘုရားများမှာ ထိုလူသားမှာ ဆေးရှိန်လွန်၍ ပေါက်ကွဲသွားပါစေဟုပင် ကျိန်ဆဲမိကြသည်။
"ရှင် ..လင်းမူ နတ်ရေစင် ဘယ်လောက်တောင် စုဆောင်းနိုင်ခဲ့တာလဲ"
အမြွှာညီမဖြစ်သူက မနာလိုစွာ မေးလိုက်သည်။
"အများကြီး မဟုတ်ပါဘူး၊ ပိဿာပေါင်း တစ်သောင်းလောက်ပဲ ရှိမယ်"
ကျိယွမ်က မထူးဆန်းသလိုပြန်ဖြေသည်။
ရှေးဟောင်းနတ်ဘုရားများ၏ မျက်လုံးများ ပြူးထွက်သွားပြီး အသက်ရှူသံများ ပြင်းထန်လာသည်။ အကယ်၍ သူတို့တွင် ဂုဏ်သိက္ခာမရှိလျှင် သော်လည်းကောင်း၊ ကျိယွမ်က သူတို့ကို ကယ်တင်ခဲ့သည် မဟုတ်လျှင် သော်လည်းကောင်း၊ ၎င်းတို့မှာ ကျိယွမ်ကို ထိုနေရာ၌ပင် လုယူမိကြမည် ဖြစ်သည်။
ဤရတနာမှာ မည်သူ့ကိုမဆို ဆွဲဆောင်နိုင်၏။
"စကားတွေ အများကြီး မပြောတော့ဘူး၊ နောက်ထပ် မျှော်စင်ကို သွားဖို့ လိုသေးတယ်။ ငါ့ရည်မှန်းချက်က မိုးမလင်းခင် မျှော်စင်တွေ အကုန်လုံးကို ရှင်းပစ်ဖို့ပဲ"
ကျိယွမ်က ပြောပြီးသည်နှင့် သူ၏ နောက်လိုက်များနှင့်အတူ နောက်ထပ် မျှော်စင်ဆီသို့ ထွက်ခွာသွားသည်။
ရှေးဟောင်းနတ်ဘုရားများသည် တစ်ဦးကိုတစ်ဦး ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်လိုက်ကြပြီး တိုင်ပင်စရာမလိုဘဲ သူ၏နောက်သို့ လိုက်သွားကြကုန်၏။
အသက်ရှူကြိမ်တစ်ရာခန့် ကြာသောအခါ သူတို့သည် နောက်ထပ် မျှော်စင်တစ်ခုသို့ ရောက်ရှိသွားကြသည်။ ရှေးဟောင်းနတ်ဘုရားများမှာ ထိတ်လန့်မှုမှ မသက်သာသေးမီမှာပင် ချီယွမ်နှင့် အဖွဲ့မှာ မျှော်စင်အသစ်အတွင်းသို့ အုပ်လိုက်ကြီး ဝင်သွားကြပြန်သည်။
"ဒါက ကံကောင်းတာသက်သက်လို့ မင်းတို့ ထင်လား"
"ငါ သူတို့နောက်ကို လိုက်သွားချင်စိတ် ပေါက်နေပြီ၊ လင်းမု နတ်ရေစင် ပိဿာ တစ်သောင်းတောင်နော်"
"အခုမျှော်စင်က အန္တရာယ်များတယ်။ မင်း သေချင်နေတာလား"
"ငါတော့ မနာလိုလွန်းလို့ ရင်ဘတ်တွေတောင် နာတယ်"
မှဲ့ကြီးနှင့်လူက အံကြိတ်ထားသောအသံနှင့် ပြောမိသည်။
သူသည် လူတိုင်း၏ရင်ထဲရှိ စကားကို ထုတ်ပြောလိုက်သကဲ့သို့ပင် ။
ယခင်က မနာလိုရုံမျှသာ ဖြစ်သော်လည်း ယခုမူ မနာလိုစိတ်မှာ မီးလိုတောက်လောင်နေကြလေပြီ။ သူတို့သည် ဘိုးဘေးနယ်မြေအတွင်းသို့ အကြိမ်ကြိမ် ဝင်ရောက်ခဲ့သော်လည်း ရရှိခဲ့သော ပစ္စည်းများမှာ ကျိယွမ် တစ်ကြိမ်တည်းနှင့် ရရှိခဲ့သည်ကို မမီနိုင်ပေ။
သူတို့ မည်သို့ မနာလိုဘဲ နေနိုင်မည်နည်း။
"ဒီလောက် မနာလိုဖြစ်နေရင်လည်း အဲဒီလူသားတွေလိုပဲ ကျိယွမ်ရဲ့ နောက်လိုက် လုပ်လိုက်ပါလား"
အမြွှာညီမဖြစ်သူက မှဲ့ကြီးကို စနောက်လိုက်သည်။
မှဲ့ကြီးနှင့်လူက "လင်းမု နတ်ရေစင်က အဖိုးတန်ပါတယ်၊ ဒါပေမဲ့ ငါက အဲဒါရဖို့အတွက် ဒူးထောက်မယ့်သူတော့ မဟုတ်ဘူး" ဟု မှုန်တေစွာ ပြန်ပြောသည်။
"မှန်တယ်၊ လင်းမုနတ်ရေစင်က တန်ဖိုးရှိပေမဲ့ လွတ်လပ်မှုကို ရောင်းစားဖို့တော့ မထိုက်တန်ဘူး။ ဒါပေမဲ့ နေ့တိုင်း တစ်ခွက် သောက်ရမယ်ဆိုရင်တော့ ငါလည်း နည်းနည်းတော့ စဉ်းစားရဦးမယ်"
အဘိုးအိုတစ်ဦးက ရယ်မောလျက် ဟာသဖောက်လိုက်သည်။
"ပထမ မျှော်စင်က ကံကောင်းတာ ဖြစ်နိုင်ပေမဲ့ ဒုတိယတစ်ခုကတော့ အဲဒီလောက် မလွယ်လောက်ပါဘူး။ အချိန်မဖြုန်းဘဲ စောင့်ကြည့်ကြရအောင်။ တစ်ခုခုဖြစ်ရင် ငါတို့ ကူညီနိုင်တာပေါ့"
"ဟုတ်တယ် ..ပြီးမှ ငါတို့ဘာသာဆက်သွားကြတာပေါ့ "
ရှေးဟောင်းနတ်ဘုရားများမှာ အငြင်းပွားရင်း ဆက်လက်ခန့်မှန်းနေကြသည်။
ထိုစဉ်မှာပင် မှဲ့ကြီးနှင့်လူက ရုတ်တရက် ထပြော၏။
"ဒါပေမဲ့ သူတို့ ပထမမျှော်စင်ကလိုပဲ အပြင်ကို ထွက်လာရင်ကော... ဘာဖြစ်မလဲ"
ထိုမေးခွန်းကြောင့် လူတိုင်း တိတ်ဆိတ်သွားကြပါသည်။
တစ်ကြိမ်ဆိုလျှင် ကံကောင်းခြင်း ဖြစ်နိုင်သော်လည်း နှစ်ကြိမ်ဆိုလျှင်မူ မိမိကိုယ်ကိုယ် လိမ်ညာခြင်းသာ ဖြစ်ပေလိမ့်မည်။
"အကယ်၍ သူတို့ ဒုတိယမျှော်စင်ကနေ အောင်အောင်မြင်မြင် ထွက်လာခဲ့ရင်... ရတနာကလည်း တကယ် ဆွဲဆောင်မှု ရှိမယ်ဆိုရင်... ငါတော့ ငါ့ရဲ့ ရပ်တည်ချက်ကို ပြန်စဉ်းစားရလိမ့်မယ်"
ဝမ်စုန်းဟုအမည်ရသော နတ်ဘုရားက ဆုံးဖြတ်ထားပုံရသည်။
"မင်းက ဂုဏ်သိက္ခာရှိတဲ့ ထင်းရှုးပင်ကြီး မဟုတ်ဘူးလား၊ အခုတော့ နောက်လိုက်လုပ်ဖို့ စဉ်းစားနေပြီလား"
မှဲ့ကြီးနှင့်လူက ဝမ်စုန်းအား စလိုက်သည်။
"ငါက ထင်းရှုးပင်ပါ၊ ထင်းရှုးပင်ဆိုတာ အရိုးပွရောဂါ ဖြစ်တတ်တဲ့ အမျိုးပဲလေ ၊ အခြေမခိုင်တာ သဘာဝပဲ "
"ဟားဟား ဟားဟား "
ဝမ်စုန်းနတ်ဘုရားက နောက်ပြောင်လိုက်သဖြင့် အားလုံး ရယ်မောသွားကြသည်။
သူတို့က နောက်လိုက်လုပ်မည်ဟု နောက်ပြောင်နေကြသော်လည်း မည်သူမျှ အတည်မစဉ်းစားကြသေးပေ။ ရတနာများမှာ တန်ဖိုးရှိသော်လည်း မိမိတို့၏ လွတ်လပ်မှုကိုမူ မစွန့်လွှတ်နိုင်ကြပါ။
ထိုအချိန်တွင် မျှော်စင်အတွင်း၌ ကျိယွမ်နှင့် အဖွဲ့မှာ မျက်ခုံးလှုပ်အစွမ်းဖြင့် အပေါ်ဆုံးထပ်သို့ အောင်မြင်စွာ ထပ်မံရောက်ရှိနေလေပြီ။
"ဒါတွေက... ထိုက်ယင် မိုးကြိုးပုလဲတွေပဲ"
ရှေးဟောင်းပစ္စည်းများကို ကျွမ်းကျင်သော နတ်ဆရာရှန်တုက ထိတ်လန့်တကြား အော်ဟစ်လိုက်ပါသည်။ ဖန်အိုးကြီး တစ်လုံးထဲတွင် ရှိနေသော ကြောက်မက်ဖွယ်ရာ အလုံးလေးများကို မြင်ပြီး သူ၏ မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။
"ထိုက်ယင် မိုးကြိုးပုလဲတွေ၊ တစ်လုံးတည်းနဲ့တင် မြို့တစ်မြို့ကို ဖျက်ဆီးပစ်နိုင်တယ်"
ထိုက်ယင် မိုးကြိုးပုလဲများမှာ အရွယ်အစား အမျိုးမျိုးရှိပြီး အသေးဆုံးမှာ ပဲစေ့ခန့် ရှိပါသည်။ ထိုအလုံးလေးများကပင် စစ်မှန်နတ်ဘုရားတစ်ပါး၏ အပြည့်အဝ တိုက်ခိုက်မှုနှင့် ညီမျှသော ပေါက်ကွဲအားကို ထုတ်လွှတ်နိုင်သည်။ အကြီးဆုံးမှာ လက်သီးဆုပ်ခန့် ရှိပြီး မဟာအုပ်စိုးရှင်တစ်ဦး၏ တိုက်ခိုက်မှုနှင့် ညီမျှသော ဖျက်ဆီးအား ရှိပသည်။
ဖန်အိုးထဲတွင် ပဲစေ့အရွယ် ပုလဲပေါင်း များစွာနှင့် လက်သီးဆုပ်အရွယ် ပုလဲ ၁၂ လုံး ပါဝင်နေသည်။
ရွာသားများမှာ ထိုအရာများကို ကြည့်ရင်း ခြေထောက်များ တုန်ယင်နေကြသည်။
အကယ်၍ ၎င်းတို့သာ ပေါက်ကွဲသွားပါက သူတို့အားလုံး နေရာမှာပင် အမှုန့်ဖြစ်သွားမည်မဟုတ်ပါလား။
မြန်မြန်ပြန်ဆုတ်ရမယ်။
ကျိယွမ်သည် ထိုပုလဲများကို စပ်စုသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
[ထိုက်ယင် မိုးကြိုးပုလဲ၊ သို့မဟုတ် ငါးဖမ်းရာတွင် သုံးသော ယမ်းတောင့်၊ ကလေးအချို့ ကြိုက်နှစ်သက်သော ကစားစရာ ပစ္စည်းဖြစ်သည်။]
"ငါးဖမ်းတဲ့ ကစားစရာလား"
ကျိယွမ်တော်တော်လေး စိတ်ဝင်စားသွားသည်။
နျူကလီးယားအဆင့် စွမ်းအားရှိသော ဖျက်ဆီးရေးပုလဲများသည် ဤကမ္ဘာတွင် ကလေးကစားစရာမျှသာ ဖြစ်နေခြင်းမှာ ဤကမ္ဘာ၏ လျှို့ဝှက်ချက်များမှာ မည်မျှ နက်ရှိုင်းကြောင်း သတိပေးနေသကဲ့သို့ပင် ။
နျူကလီးယာဗုံးနဲ့ ဆော့တဲ့ကလေးတွေနေတဲ့ နယ်မြေလား ။ ဘယ်လိုတောင် အကျိုးနည်းတဲ့ ဟာသကြီးလဲ။
သို့သော် ချီယွမ်က မိမိကိုယ်ကိုယ် ပြန်သတိပေးလိုက်သည်မှာ သူသည် ဤကမ္ဘာမှမဟုတ်ဘဲ အလည်လာသော ကစားသမားတစ်ဦးသာ ဖြစ်သဖြင့် အလွန်အကျွံ တွေးနေရန် မလိုပေ။
"ဒီကကလေးတွေက ဗျောက်အိုးတွေ စုဆောင်းရတာ တကယ် ဝါသနာပါတာပဲ။ အခုတော့ အဲဒါတွေ အကုန်လုံး ငါ့အပိုင် ဖြစ်သွားပြီ"
ကျိယွမ်က နျူကလီယားဗျောက်အိုးများကို ကြည့်ရင်း ကျေနပ်စွာ တွေးလိုက်သည်။
သူသည် ကလေးဘဝက အိမ်မက်ကို ဖြည့်ဆည်းရန် လုံလောက်သော ဗျောက်အိုးများကို ယခုမှ ရရှိလိုက်ခြင်းပင်။
"ကြည့်ကြဦး၊ ငါ ဗျောက်အိုးတွေ အများကြီး ရသွားပြီ"
ကျိယွမ်က ဖန်အိုးကို မြှောက်ပြကာ ရွာသားများကို ကြွားဝါလိုက်သည်။ သူက အိုးကို လှုပ်လိုက်သဖြင့် အတွင်းမှ ပုလဲများအချင်းချင်းတိုက်မိကာ တချွင်ချွင် တရွှမ်ရွှမ်အသံများ ချက်ချင်းထွက်ပေါ်လာ၏။
"အောင်မယ်လေး..."
"သေပါပြီဗျ .."
"ပြန်..ပြန်ချတော်မူပါ ဘုရား ..."
ရွာသားများမှာ ကျိယွမ်က မတော်တဆ ပေါက်ကွဲအောင် လုပ်မိမည်ကို စိုးရိမ်ကာ ထိတ်လန့်ကုန်ကြသည်။
ထောင်ချောက်များကြောင့် ထွက်ပြေး၍လည်းမရသဖြင့် နေရာတွင်စုံရပ်ကာ အော်ဟစ်ရင်း ဒူးတုန်နေကြတော့သည်။
ကျိယွမ်က မျက်စိစုံမှိတ်ကာ အော်ဟစ်နေသော ရွာသားများကို ဟောက်ထည့်လိုက်၏။
"မင်းတို့က ကလေးဆော့တဲ့ဗျောက်အိုးလည်းကြောက်နေတာပဲ ၊ ချင်းရွှေရွာကို နာမည်ဖျက်နေတာလား"
သူက ပုလဲများထည့်ထားသော ဖန်ဗူးကို ကြည့်ပြီး အားရနေသည်။
"ဒါက ပထမမျှော်စင်ထက်တောင် ပိုကောင်းသေးတာကို ။ ရေချိုးရည်က ငါမှသုံးမရတာ ၊ ဒါက အပျင်းပြေဗျောက်ဖောက်လို့ရတယ် ၊ မဆိုးဘူး ၊ ဆက်သွားကြမယ်"
ကျိယွမ်က အမိန့်ပေးကာ အနီးမှ ပြတင်းပေါက်ကို ကန်ဖွင့်ပြီး လွှားခနဲ ခုန်ချသွားလေ၏။
အပြင်ဘက်တွင် စောင့်နေသော ရှေးဟောင်းနတ်ဘုရားများမှာ မျှော်စင်ပေါ်မှ လှုပ်ရှားမှုကို အာရုံခံမိလိုက်ပြီး မော့ကြည့်လိုက်ကြသည်။
"သူတို့ ထွက်လာကြပြီ"
"သူတို့ တကယ်ကြီး ထွက်လာတာပဲ"
"သူက တကယ်ပဲ နမိတ်ဖတ်တာ တော်တာလား"
ရှေးဟောင်းနတ်ဘုရားများမှာ ဝေခွဲမရ ဖြစ်နေကြပြီး သူတို့၏ လောကကြီးအပေါ်အမြင်များပင် ပြောင်းလဲသွားရသည်။
"မင်းတို့ ဒီမှာဘာလာလုပ်နေကြတာလဲ "
ကျိယွမ်က နတ်ဘုရားအုပ်စုကို ကြည့်ကာ အံ့ဩစွာ မေးလိုက်ပါသည်။
"ဒီဂိမ်းထဲက NPC တွေကတော့ (AI) မြှင့်ဖို့ လိုနေပြီ၊ ဘာမှမလုပ်ဘဲ ရပ်ကြည့်နေကြတာကြီးက အဆင်မပြေဘူး"
ကျိယွမ်သည် ဂိမ်းများစွာ ကစားဖူးပြီး NPC များ၏ ထူးခြားချက်များကို သိထားသည်။ သူတို့သည် အကြောင်းမဲ့ ငေးနေတတ်ကြပြီး၊ သူတို့၏ ပုံစံများကို ပျင်းရိဖွယ်ဒီဇိုင်းထုတ်ထားကာ၊ အားလပ်ရက်များတွင်သာ ပုံစံအသစ် ပြောင်းတတ်ကြသည်။
ထို့အပြင် သူတို့ကို ပေးသော လုပ်ငန်းဆောင်တာ (Quests) များမှာလည်း အရေးမပါတတ်ပေ။
ကျိယွမ်အတွက်တော့ ဤရှေးဟောင်းနတ်ဘုရားများသည် ဂိမ်းထဲမှ NPC များသာ ဖြစ်သည်။
ထိုအခိုက် အမြွှာညီမဖြစ်သူ၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ကျဉ်းမြောင်းသွားပြီး အလန့်တကြားအော်ဟစ်လိုက်သည်။
"ထိုက်...ထိုက်ယင် မိုးကြိုးပုလဲတွေ... အများကြီးပဲ"
ကျိယွမ် ကိုင်ထားသော ဖန်အိုးထဲတွင် ထောင်နှင့်ချီသော ပုလဲငယ်များနှင့် လက်သီးဆုပ်အရွယ် ပုလဲကြီး ၁၂ လုံး ရှိနေသည်။
ကျိယွမ်က ဖန်အိုးကို ပေါ့ပေါ့ဆဆက်ုင်ထားပြီး လှုပ်ယမ်းနေသည်ကို မြင်သောအခါ နတ်ဘုရားများမှာ ကြောက်လန့်တကြား နောက်ဆုတ်သွားကြ၏။
ဒီကောင်က ဗရမ်းဗတာနဲ့ ။
အကုန်သေကုန်တော့မှာပဲ။
သူတို့က ပုလဲဗူးကို ထိတ်လန့်စွာကြည့်နေရင်း ခြေဖျားလက်ဖျားများပင် အေးစက်လာသည်ဟု ခံစားမိလေ၏။
ကျိယွမ်က ၄င်းတို့အားဖြေသိပ်ပေးလိုက်သည်။
"မစိုးရိမ်ကြပါနဲ့၊ ဒါတွေက ကလေးတွေ ငါးဖမ်းဖို့အတွက်ပဲ သုံးတာပါ"
ဝန်ခံရလျှင် သူသည် ထိုဗျောက်အိုးများကို စုဆောင်းနိုင်ခဲ့သည်ကို အနည်းငယ်တော့ဂုဏ်ယူနေမိ၏။
ရှေးဟောင်းနတ်ဘုရားများမှာ တိတ်ဆိတ်သွားကြပြီး ပုလဲများကို သတိဖြင့် ကြည့်နေကြဆဲရှိသည်။
လက်သီးဆုပ်အရွယ် ပုလဲတစ်လုံးတည်းဖြင့်ပင် သူတို့ကို ထွက်ပြေးချိန်မရမီ အမှုန့်ပြုနိုင်သည် မဟုတ်ပါလား။ယခုက ဖန်ဗူးအပြည့် ပုလဲများဖြစ်၏။
"မင်းရဲ့ကံက တကယ်ကို အံ့ဩစရာပဲ၊ ဒီလိုရတနာတွေကို ရှာတွေ့နိုင်တာ"
အနည်းငယ် တည်ငြိမ်မှုကို ရသွားမှ သူတို့က မနာလိုစွာ ပြောလိုက်ကြသည်။
ဝမ်စုန်းနတ်ဘုရား၏ မျက်လုံးများမှာ မနာလိုစိတ်ကြောင့် နီမြန်းနေလေသည်။ လင်းမုနတ်ရေစင်က သူ့ကို မနာလိုရုံသာ ဖြစ်စေသော်လည်း ထိုက်ယင် မိုးကြိုးပုလဲများကမူ သူ့ကို လုံးဝ လက်လျှော့သွားစေခဲ့သည်။
နောက်ဆုံးတွင် သူသည် ကျိယွမ်ကို ကြည့်ကာ ကမ်းလှမ်းလိုက်တော့သည်။
"မိတ်ဆွေ၊ နောက်ထပ် မျှော်စင်ကို မင်းနဲ့အတူ လိုက်ပါခွင့် ရမလား။ မင်းရဲ့ နောက်လိုက်အဖြစ် ဆယ်နှစ်တာ အမှုထမ်းဖို့ အသင့်ပါပဲ"
ကျိယွမ်မှာ အံ့ဩသွားပြီး အနည်းငယ်တွေဝေနေပြီးမှ ခေါင်းညိတ်၏။
"ငါ သဘောတူပါတယ်"
နောက်လိုက်တစ်ယောက် ပိုလာခြင်းမှာ သူ့အတွက် အခက်အခဲ မရှိပေ။
၎င်းကို မြင်သောအခါ အခြားသော ရှေးဟောင်းနတ်ဘုရားများမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပါသည်။
မှဲ့ကြီးကလည်း တုန့်ဆိုင်းမနေတော့ပေ။
"မိတ်ဆွေ၊ ကျွန်တော်လည်း ဝမ်စုန်း အရှင်လိုပဲ လိုက်ချင်ပါတယ်။ မျှော်စင် တစ်ခုအတွက် ဆယ်နှစ် အမှုထမ်းပါ့မယ်"
ကျိယွမ်က ချက်ချင်း ခေါင်းညိတ်၏။
"ကောင်းပြီလေ"
ထိုအခါ ကျန်ရှိသော ရှေးဟောင်းနတ်ဘုရားများမှာလည်း အလုအယက် တောင်းဆိုကြတော့သည်။
"ကျွန်ုတေ့်ကိုလည်း ထည့်ပေးပါဦး"
"ကျွန်မတို့ ညီအစ်မကိုလည်း ခေါ်သွားပါ"
ခဏအတွင်းမှာပင် ရှေးဟောင်းနတ်ဘုရား ရှစ်ပါးစလုံးမှာ ကျိယွမ်၏ နောက်သို့ လိုက်ပါရန် သဘောတူလိုက်ကြသည်။
အားလုံးပြီးသောအခါ ကျိယွမ်က ပြုံးလိုက်ပြီး တွက်ချက်ပြသည်။
"မျှော်စင်တစ်ခုကို ဆယ်နှစ်နော်။ ဒီမှာ မျှော်စင် တစ်ရာကျော် ရှိတာဆိုတော့ မင်းတို့ ငါ့အတွက် နှစ်ပေါင်း တစ်ထောင်ကျော် အလုပ်လုပ်ရလိမ့်မယ်"