← Chapters

အကြီးအကျယ်ရိတ်သိမ်းခြင်း

Vol. 4 Ch. 40

အကြီးအကျယ်ရိတ်သိမ်းခြင်း

Vol. 4 Ch. 40

“ဟမ့်”

သူ့ထံမှ စကားတစ်ခွန်းထွက်ပေါ်လာသည်နှင့် အရှေ့ရှိ တောအုပ်တစ်ခုလုံးသည် နတ်ဘုရားတစ်ပါးကို ဦးညွှတ်ပူဇော်နေသည့်အလား တစ်ပြိုင်နက်တည်း ယိမ်းနွဲ့သွားကြသည်။

ကံဆိုးစွာပင် ကျန်းချန်မှာမူ မည်သည့်ခံစားချက်မျှမရှိချေ။

လူအိုကြီး၏ ဝိညာဉ်စင်မြင့် ထွက်ပေါ်လာသည်ကို မြင်သောအခါမှ မိမိကိုယ်တိုင်လည်း ဝိညာဉ်အခြေတည်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်နေသည်ကို သတိရသွားသည်။

နောက်တစ်ခဏတွင် ကျန်းချန်သည်လည်း ဝိညာဉ်စင်မြင့်ကို ထုတ်ဖော်လိုက်လေသည်။

ရုတ်တရက်ဆိုသလို ကောင်းကင်ယံတစ်ခုလုံး ရွှေရောင်ဝင်းခနဲဖြစ်သွားပြီး အဆုံးမရှိသော အလင်းတန်းများ ဖြာထွက်လာတော့သည်။

ထိုအလင်းတန်းများစုဆုံရာအရပ်တွင် မြင့်မားလှသော ရွှေရောင်စင်မြင့်တစ်ခုသည် လေထဲတွင် ပျံဝဲနေပြီး တောက်ပလှသော နေမင်းကိုပင် မှေးမှိန်သွားစေကာ ၎င်း၏ပုံသဏ္ဌာန်ကို အတိအကျ ခွဲခြားရန်ပင် မစွမ်းသာချေ။

စင်မြင့်ကိုရစ်ပတ်ထားသော နက်နဲသည့် မြစ်ရေပြင်များ၊ နတ်တူရိယာသံစဉ်များနှင့် လှပသော အရောင်အဝါများကြားတွင် ဝင်းခနဲပေါ်လာတတ်သော နတ်ငှက်များနှင့် နတ်သားရဲများ၏ ပုံရိပ်များကိုသာ ခပ်ရေးရေးမြင်တွေ့ရပြီး တာအို၏ ဆွဲဆောင်မှုရှိသော အငွေ့အသက်များ ဖုံးလွှမ်းနေသည်။

ထို နတ်ဘုရားအဆင့် ဝိညာဉ်စင်မြင့်၏ အလင်းရောင်အောက်တွင် တွမ့်မူဟုန်၏ စင်မြင့်မှာ မှော်ကြေးမုံရှေ့ရောက်နေသည့် မိစ္ဆာတစ်ကောင်ကဲ့သို့ အလင်းအမှောင်ကင်းမဲ့သွားပြီး မည်သည့်တောက်ပမှုမျှမရှိတော့ချေ။

“ဒါ... ဒါက...”

“ဒါက နတ်ဘုရားအဆင့် ဝိညာဉ်စင်မြင့်လား။”

“ရှေးဟောင်းကျမ်းစာတွေအရဆိုရင်တော့ ဒါဟာ တကယ့်ကို နတ်ဘုရားအဆင့်ဝိညာဉ်စင်မြင့်ပဲ”

“မဖြစ်နိုင်တာ... နတ်ဘုရားအဆင့် ဝိညာဉ်စင်မြင့်ဆိုတာ ဒဏ္ဍာရီထဲမှာပဲရှိတာ မဟုတ်လား။ တကယ်ကြီး ရှိနေနိုင်ပါ့မလား။”

“နတ်ဘုရားအဆင့် ဝိညာဉ်စင်မြင့်ကလွဲရင် တခြားဘယ်အရာက မြေကမ္ဘာအဆင့်စင်မြင့်ကို ဒီလောက်အထိ ဖိနှိပ်ထားနိုင်မှာလဲ။”

ခန်းမထဲမှ ကြည့်ရှုနေကြသော တွမ့်မူမိသားစု အကြီးအကဲများသည် စစ်မှန်သော နတ်ဘုရားတစ်ပါး ဆင်းသက်လာသည်ကို မြင်တွေ့လိုက်ရသကဲ့သို့ အားလုံးပင် စိတ်ဓာတ်များ ပြိုကွဲမတတ် ဖြစ်ကုန်ကြသည်။

၎င်းမှာ စိတ်ကူးပင်မယဉ်နိုင်လောက်သောအရာဖြစ်သည်။

ချင်လန်စီရင်စုတွင် သူတော်စင်အဆင့်ဝိညာဉ်စင်မြင့်ပင် မရှိသေးရာ နတ်ဘုရားအဆင့်ကို ဆိုဖွယ်ရာမရှိပေ။

ထိုနတ်ဘုရားအဆင့် ဝိညာဉ်စင်မြင့်နှင့် ထိပ်တိုက်ရင်ဆိုင်နေရသော တွမ့်မူဟုန်မှာ မည်မျှအထိ တုန်လှုပ်နေမည်ကို ခန့်မှန်းကြည့်နိုင်လေ၏။

“မင်း... မင်း...”

“ဒါက အတုကြီးပဲ”

“ဒါက လှည့်စားမှုပဲ... ငါ့ကို လာလိမ်လို့ရမယ် မထင်နဲ့.....”

သူ တကယ်ပင် စိတ်ဖောက်ပြန်သွားတော့သည်။

တစ်ချက်တည်းနှင့် သတ်နိုင်မည်ဟု သူထင်မှတ်ထားခဲ့သော ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် အကောင်ပေါက်လေးမှာ ယခုအခါ သူ့ကိုပင် ပြန်လည်ခြိမ်းခြောက်နေလေပြီ။

သူ၏ ဝိညာဉ်စင်မြင့်နှင့် ကျန်းချန်၏ စင်မြင့်တို့ ထိတွေ့မိခြင်းမှာ လင်းယုန်နှင့် တွေ့ဆုံရသော ကြက်ကလေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

*ဝုန်း*

စင်မြင့်နှစ်ခု တိုက်ခိုက်မိကြရာ ပုံသဏ္ဌာန်မဲ့သော နတ်ဝိညာဉ်စွမ်းအားများ ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားသည်။

ခဏချင်းမှာပင် တွမ့်မူဟုန်၏ နတ်ဝိညာဉ်မှာ ဖယောင်းတိုင်မီးအလား ရိမ်းခါလာတော့သည်။

မူလကအစိမ်းရောင်ရှိသော စင်မြင့်ပေါ်တွင် အက်ကွဲကြောင်းများပင် ထင်ကျန်လာ၏။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဝိညာဉ်မှာ ပြင်းထန်သောထိုးနှက်မှုကို ခံစားလိုက်ရသဖြင့် အခြေခံကျင့်စဉ်များပါ ပျက်စီးသွားရသည်။

*ဖူး*

တွမ့်မူဟုန်သည် သွေးတစ်လုတ် အန်ထုတ်လိုက်ရပြီး ထွက်ပြေးရန် ကြိုးစားလေတော့သည်။

သူသည် နောက်လှည့်၍ ဆုတ်ခွာရန် ကြိုးပမ်းသော်လည်း ကျန်းချန်က အဘယ်ကြောင့် အခွင့်အရေးပေးတော့မည်နည်း။

ရွှေရောင်စင်မြင့်ကြီးမှာ ထိုက်ရှန်းတောင်ကြီးကဲ့သို့ ဖိနှိပ်ချလိုက်ရာ အစိမ်းရောင်စင်မြင့်မှာ အပိုင်းပိုင်းပြတ်သွားပြီး တွမ့်မူဟုန်မှာလည်း မတ်တတ်ပင်မရပ်နိုင်တော့ချေ။

*ရွှစ်*

ဓားအလင်းတစ်ချက်နှင့်အတူ ခေါင်းတစ်လုံးမှာ လေထဲသို့လွင့်စင်သွားသည်။

ချင်လန်စီရင်စု၏ အာဇာနည်သူရဲကောင်းကြီးမှာ လူသူမနီးသော ချိုင့်ဝှမ်းတစ်ခုအတွင်း၌ ယခုကဲ့သို့ပင် အထီးကျန်စွာ သေဆုံးသွားခဲ့ရရှာသည်။

သူသာ တွမ့်မူမိသားစု အကြီးအကဲများကို လှမ်းကြည့်နိုင်စေသည့် အဝေးကြည့် ဝိညာဉ်ကိရိယာကို ယူဆောင်မသွားခဲ့ပါက သူ အမှန်တကယ် သတ်ဖြတ်ခံလိုက်ရသည်ကို မည်သူမျှ ယုံကြည်ကြမည် မဟုတ်ပေ။

ခန်းမတစ်ခုလုံးမှာ သင်္ချိုင်းကုန်းကဲ့သို့ တိတ်ဆိတ်သွားသည်။

အတန်ကြာမှသာ အော်ဟစ်ငိုယိုသံတစ်ခု ထွက်ပေါ်လာသည်။

“မိသားစုခေါင်းဆောင်... သေသွားပြီ”

ကျန်းချန်မှာမူ ထိုကဲ့သို့သော အတွေးမျိုးမရှိချေ။

ထိုအဖိုးကြီးမှာ မည်သူဖြစ်သည်ကိုပင် ယခုအထိ သူမသိသေးပေ။

နောက်ဆုံးတွင် သူသည် ဤကမ္ဘာသို့ရောက်ရှိလာသည်မှာ မကြာသေးသော လူသစ်လေးတစ်ဦးသာ ဖြစ်ရာ အရေးပါသူများကို မည်သို့သိနိုင်ပါမည်နည်း။ ရန်သူသည် ရန်သူသာ ဖြစ်သည်။

ဂိုဏ်းလေးဂိုဏ်းကိုပင် အမြစ်ပြတ်အောင် ချေမှုန်းခဲ့ဖူးသူပီပီ သူသည် အလွန်တည်ငြိမ်လှ၏။

တွမ့်မူဟုန်၏အလောင်းကို အတွင်းခံဘောင်းဘီပါမကျန် ရှာဖွေလေတော့သည်။

“ဟိုး... ဒီအဖိုးကြီးက တော်တော်ချမ်းသာတာပဲ”

“အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေ အများကြီးပဲ”

“ဒါက ဘာလဲ... အဆင့် ၆ ဝိညာဉ်ချပ်ဝတ်လား။ အဆင့် ၆ ဝိညာဉ်ဓားလား။”

“ဝိညာဉ်အခြေတည်အဆင့်ဆိုတာ တကယ့်ကိုသူ‌ဌေးပဲ”

တွက်ချက်ကြည့်လိုက်သောအခါ တွမ့်မူဟုန်၏လက်စွပ်အတွင်းရှိ ဝိညာဉ်ကျောက်တုံးများမှာ အဆင့်မြင့်ဝိညာဉ်ကျောက်တုံးများဖြစ်ပြီး အမှတ် ၄,၀၀၀ ခန့်နှင့် လဲလှယ်နိုင်သည်။

ထို့အပြင် ဝိညာဉ်အခြေတည်အဆင့်အတွက် လိုအပ်သော ဆေးရည်ပုလင်းပေါင်းများစွာလည်း ပါဝင်သည်။

ဝိညာဉ်လက်နက်များနှင့် ချပ်ဝတ်များအပြင် အဆင့် ၄ ဝိညာဉ်အဆောင်များလည်း ရှိသေးသည်။

ခုနက တိုက်ပွဲတွင် ထိုအရာများကိုအသုံးပြုရန် အချိန်မရလိုက်သည်မှာ နှမြောစရာပင်။

ထို့အပြင် တွမ့်မူမိသားစု၏ နောက်ဆုံးအဆင့် ကျင့်စဉ်များနှင့် ဓားသိုင်းများ၏ လျှို့ဝှက်ချက်များကိုလည်း ထိုလက်စွပ်အတွင်း၌ သိမ်းဆည်းထားသည်။

၎င်းမှာလည်း အဓိပ္ပာယ်ရှိပေသည်...

တွမ့်မူဟုန်မှာ မိသားစုခေါင်းဆောင် မဟုတ်ပါလား။

ထိုကဲ့သို့ အလွန်အရေးကြီးသော ကျင့်စဉ်ဖော်မြူလာများကို ပြင်ပသို့မပေါက်ကြားစေရန် သူနှင့်အတူ အမြဲဆောင်ထားလေ့ရှိသည်။

မိသားစုခေါင်းဆောင်ကြီးမှာ လူသူကင်းမဲ့သောတောအရပ်တွင် တစ်ဦးတည်း အသတ်ခံရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။

ထိုပစ္စည်းအားလုံးကို ပျော်ရွှင်စွာ သိမ်းဆည်းပြီးနောက် အစ်ကိုကြီးချန်သည် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။

ဤရန်သူတစ်ယောက်တည်းကို သတ်လိုက်ရုံဖြင့် ကျီယွဲ့ဂိုဏ်းတစ်ဂိုဏ်းလုံးကို ချေမှုန်းရသည်ထက် အမှတ်ပိုရ၏။

တွမ့်မူမိသားစုအကြီးအကဲများ နောက်ဆုံးမြင်လိုက်ရသည့်ပုံရိပ်မှာ ကျန်းချန်က အဝေးကြည့် ဝိညာဉ်ကိရိယာကို သူ၏ သိုလှောင်လက်စွပ်အတွင်းသို့ ပစ်ထည့်လိုက်သဖြင့် အဆက်အသွယ် ပြတ်တောက်သွားခြင်းဖြစ်သည်။

နောက်ထပ် ဘာဖြစ်လာမည်ကို သူတို့ ခန့်မှန်းရန်ပင် မလိုတော့ချေ။

မိသားစုခေါင်းဆောင် သေဆုံးသွားရုံမက ရတနာများပါ လုယက်ခံလိုက်ရသည်ကို တွေးမိတိုင်း သူတို့၏ ရင်ထဲတွင် သွေးစိမ်းရှင်ရှင် ထွက်နေသကဲ့သို့ ခံစားကြရသည်။

သို့သော် မည်သူမျှ လက်စားချေရန် မအော်ရဲကြတော့ပေ။

နတ်ဘုရားအဆင့် ဝိညာဉ်စင်မြင့်ကို သွားရောက်ရင်ဆိုင်ခြင်းမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းနှင့်သာ တူပေလိမ့်မည်။

ယခု သူတို့ အကြောက်ဆုံးအရာမှာ ကျန်းချန်က သူတို့၏ အိမ်ရှေ့တံခါးအထိ ရောက်လာမည်ကိုပင် ဖြစ်သည်။

“ငါတို့ ဘာလုပ်ကြမလဲ။”

“တွမ့်မူမိသားစုက သေရေးရှင်ရေးနဲ့ ကြုံနေရပြီ”

တွမ့်မူချီနှင့် တွမ့်မူဟုန်တို့ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြရာ မိသားစုအတွင်း ဝိညာဉ်အခြေတည်အဆင့် ကျွမ်းကျင်သူ နှစ်ဦးသာ ကျန်ရှိတော့သည်။

အကြီးအကဲများမှာ ခေါင်းမပါသော ယင်ကောင်များကဲ့သို့ ပျာယာခတ်နေကြသည်။

“ထူးချွန်တဲ့ တပည့်တွေကို ဘေးလွတ်ရာ ပို့လိုက်ကြ၊ ပြီးတော့ ဖေးယွန်စီရင်စုကို ဆက်သွယ်...”

“သူတို့ဆီက အကူအညီ တောင်းမလို့လား။”

“သူတို့က အခွင့်ကောင်းယူပြီး အဆမတန်တောင်းဆိုလာမှာကိုတော့ စိုးရိမ်ရတယ်။”

“မျိုးတုံးသွားတာထက်စာရင်တော့ ပိုကောင်းပါသေးတယ်”

ကျန်းချန်သာ ဤအခြေအနေကိုသိပါက အလွန်အံ့အားသင့်သွားပေလိမ့်မည်။

သူ့ကို တိုက်ခိုက်ခဲ့သည်မှာ တွမ့်မူမိသားစုဖြစ်ကြောင်း သူ မသိသေးသလို၊ ဤခရီးမှာလည်း သူတို့ကို အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားခြင်း မဟုတ်ပေ။

သူ၏ ပစ်မှတ်မှာ ချီရီဂိုဏ်းဖြစ်သော်လည်း သူရောက်လာမီ တွမ့်မူမိသားစုမှာ ကြောက်လန့်တကြား ဖြစ်နေကြလေပြီ။

နောက်ဆုံးတွင် ချီရီဂိုဏ်းသို့ ရောက်ရှိလာသောအခါ တောင်တံခါးဝတွင် လူပင်လယ်ကြီးကို သူ တွေ့လိုက်ရသည်။

အားလုံးမှာ ပွဲကြည့်ရန်လာရောက်ကြသော တစ်ကိုယ်တော်ကျင့်ကြံသူများဖြစ်ကြ၏။ (ပွဲကြိုက်ကြတယ်နော်.......................ကိုယ်တွေဆီကလိုပဲ)

ကျန်းချန်က ချေမှုန်းရန် လာသည်ဖြစ်စေ ငြိမ်းချမ်းရေး ဆွေးနွေးရန် လာသည်ဖြစ်စေ ချင်လန်စီရင်စု၏ အင်အားဖွဲ့စည်းပုံအပေါ် များစွာ သက်ရောက်မှု ရှိပေလိမ့်မည်။

“အဲဒါ ကျန်းချန်လား။”

“သူကတကယ့်ကို ချောတာပဲ”

“သူက ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်ပဲရှိသေးတယ်လို့ ပြောကြတယ် မဟုတ်လား။ ဒါပေမဲ့ ငါ့ရဲ့ စစ်ဆေးမှုအရဆိုရင် သူ့ရဲ့ဝိညာဉ်စွမ်းအားက သမုဒ္ဒရာလိုပဲ နက်ရှိုင်းနေတယ်............. အဆင့် ၉ ထက်တောင် အများကြီး ပိုနေသေးတယ်။”

“သူကလည်း ဝိညာဉ်အခြေတည်အဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေတာလား။”

“ဒါပေါ့... ငါ ဟိုးအရင်ကတည်းက သိနေတာ... ဂိုဏ်းလေးဂိုဏ်းကို ဖျက်ဆီးခဲ့တဲ့သူက ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်မှာပဲ ရှိနေဦးမလား။”

“ဒီလောက် ငယ်ငယ်လေးနဲ့ ဝိညာဉ်အခြေတည်အဆင့်ကို ရောက်နေပြီလား။ တကယ့် ပါရမီရှင်ပဲ”

ထိုပြောဆိုသံများကို ကြားသောအခါ အစ်ကိုကြီးချန်မှာ အလွန်ကျေနပ်နေတော့၏။

ကျင့်ကြံခြင်းအဆင့်ကိုဖုံးကွယ်ရန် သူစိတ်ကူးမရှိချေ။

ထိုသို့လုပ်ခြင်းမှာ လူတောထဲတွင် ထင်ပေါ်မည်မဟုတ်သောကြောင့် ဖြစ်သည်။

ချီရီဂိုဏ်းသည်လည်း သူရောက်လာမည့်အချိန်ကို ကြိုတင်ပြင်ဆင်ထားခဲ့သည်။

“သူက တကယ်ပဲ တစ်ယောက်တည်း လာတာလား။”

ဂိုဏ်းချုပ်ကြီး ကွေ့ယန်က မယုံကြည်နိုင်သကဲ့သို့ ခံစားရပြီး အနည်းငယ် စော်ကားခံရသကဲ့သို့လည်း ဖြစ်သွားသည်။

တစ်ယောက်တည်းလာရုံမက ယခုလို ခမ်းခမ်းနားနား ပုံစံမျိုးနှင့်ဆိုတော့...

သူက ငါတို့ ချီရီဂိုဏ်းကို သူ့အိမ်များမှတ်နေတာလား................

“သူက ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လာတာ နေမှာပါ။”

“သဘာဝကျပါတယ်။ သူ ဂိုဏ်းလေးဂိုဏ်းကို ချေမှုန်းခဲ့ပေမဲ့ သူ့နောက်ကွယ်က အင်အားစုတွေ ပါလာရင်တောင် ငါတို့ချီရီဂိုဏ်းထဲကိုဝင်လာဖို့ ကြိုးစားတာဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲ။”

ကျန်းချန်၏ နောက်ကွယ်မှ အင်အားစုမှာ မည်သူဖြစ်သည်ကို သူတို့ မသိသော်လည်း အခြားခရိုင်မှ ဂိုဏ်းကြီးတစ်ခုခု ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားကြသည်။

ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုလျှင်ပင် ချီရီဂိုဏ်းက မည်သူ့ကိုမျှမကြောက်ချေ။

သူတို့သည် မျက်စိသုံးလုံးကျားကိုလည်း မမြင်ဖူးသလို တွမ့်မူချီနှင့် တွမ့်မူဟုန်တို့ သေဆုံးသွားသည်ကိုလည်း မသိကြသေးပေ။

ဤနေရာမှာ မိမိတို့၏နယ်မြေဖြစ်သည်ဟု မှတ်ယူထားသဖြင့် လုံးဝမစိုးရိမ်ကြပေ။

“သူက ငြိမ်းချမ်းရေးဆွေးနွေးဖို့လာတာဆိုရင်တောင် သူ့ကို ပြင်းပြင်းထန်ထန်သတိပေးရမယ်.................”

All Chapters