← Chapters

အခမဲ့ ကိုယ်ရံတော်

Vol. 4 Ch. 34

အခမဲ့ ကိုယ်ရံတော်

Vol. 4 Ch. 34

ထိုစဉ်က သူမသည် ယခင်ဂိုဏ်းချုပ်နှင့်အတူ တွမ့်မူမိသားစုထံသွားရောက်၍ တွမ့်မူချီကို ဂါရဝပြုခဲ့ဖူးသည်။

ထိုအမည်ကိုကြားသည်နှင့် လော့ယွမ်နှင့် အခြားသူများမှာ တုန်လှုပ်သွားကြ၏။

သူတို့သည် တွမ့်မူချီကို တစ်ခါမျှမမြင်ဖူးသော်လည်း သူ၏ကျော်ကြားမှုအား နားမဆံ့အောင်ကြားဖူးကြသည်သာ.......

တွမ့်မူချီသည် ဝိညာဉ်အခြေတည်အဆင့် ၃ ကျွမ်းကျင်သူဖြစ်ပြီး ထိုအဆင့်မှာ ချင်လန်စီရင်စု၏ အမြင့်ဆုံးအဆင့်ပင်။

သူတို့ သိတတ်စအရွယ်ကတည်းက အင်အားကြီးအဖွဲ့အစည်းနှစ်ခုအား လေးစားရန်မှာ သူတို့၏ စိတ်ထဲတွင်စွဲထင်နေခဲ့သဖြင့် ကြောက်ရွံ့နေကြခြင်းဖြစ်သည်။

“ဘာကိစ္စရှိလို့လဲ”

သူသည် ဖိတ်ကြားခြင်းမရှိဘဲ ကျူးကျော်ဝင်ရောက်လာသည့်အပြင် ရိုင်းစိုင်းစွာပြောဆိုနေသဖြင့် ကျန်းချန်မှာ မကျေမနပ်ဖြစ်နေသည်။

သို့သော် မိမိတောင်အောက်တွင် ဂိတ်စောင့်မရှိသည်ကို သတိထားမိလိုက်၏။

*အဝါလေးက ဘယ်ရောက်နေတာလဲ......... ဒီလူကို အထဲမရောက်ခင် သူ့ဝိညာဉ်စွမ်းအားကို ဘာကြောင့်မစုပ်ယူခဲ့တာလဲ*

စဉ်းစားကြည့်လျှင် ဝိညာဉ်အခြေတည်အဆင့်တစ်ဦး၏ ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းသွားပါက ထိုစင်မြင့်သည် ပြိုကျသွားမည်လော.....

ထိုသို့တွေးလိုက်သည်နှင့် အဝါလေးက သိရှိသွားပုံရသည်။

“မေမေ... သမီး မနေ့က ကြောင်လေးကိုဖမ်းတုန်းက အားကုန်သွားလို့ပါ။”

ထိုသို့ စိတ်ချင်းဆက်သွယ်မှုကို ကြားလိုက်ရသောအခါ ကျန်းချန် စိုးရိမ်သွားသည်။

“သမီးလေး... ဘာမှမဖြစ်ဘူးမဟုတ်လား”

“ရက်နည်းနည်းလောက်နားလိုက်ရင် ကောင်းသွားမှာပါ။ ဝိညာဉ်ကျောက်တုံးတွေရှိရင်တော့ မြန်မြန်ပြန်ကောင်းလာမှာ။”

“ဘာလို့ စောစောက မပြောတာလဲ”

*တစ်ခုခုလုပ်ပြီးရင် အားပြန်သွင်းဖို့လိုတယ်ပေါ့...*

သူ့တွင် ဝိညာဉ်ကျောက်တုံးများရှိသည်။ ဂိုဏ်းများကိုချေမှုန်းပြီးနောက် အများစုကို အမှတ်များအဖြစ် လဲလှယ်ခဲ့သော်လည်း အတိုင်းအတာတစ်ခုတော့ ချန်ထားသေးသည်။

သူတို့နှစ်ဦး စိတ်ချင်းဆက်သွယ်နေစဉ် စင်မြင့်ပေါ်တွင်ထိုင်နေသော တွမ့်မူချီသည် အေးစက်စွာ နှာမှုတ်လိုက်သည်။

“ငါက မင်းတို့ကို အလင်းပြပေးဖို့ လာခဲ့တာ”

ထိုသို့ ပြောပြီးနောက် သူသည် ကျန်းချန်နှင့် အခြားသူများက သူ့အား တောင်းပန်တိုးလျှိုးလာမည်ကို စောင့်ဆိုင်းနေသည်။

ဖေးရှန်ဂိုဏ်းသည် ချီရီဂိုဏ်း၏ တိုက်ခိုက်ခြင်းကိုခံရတော့မည်ဖြစ်ရာ တွမ့်မူမိသားစုက သူတို့ကို ဒယ်အိုးပူပေါ်မှ ပုရွက်ဆိတ်များကဲ့သို့ ထင်မှတ်နေကြခြင်းဖြစ်သည်။

သူတို့ပစ်ပေးလိုက်သော အသက်ကယ်ကြိုးကို ဆုပ်ကိုင်လိမ့်မည်ဟု တွေးထားကြသည်။ ထိုအခါမှသာ တွမ့်မူမိသားစုက သူတို့အလိုရှိရာကို တောင်းဆိုနိုင်မည်။

သို့သော်လည်း ကျန်းချန်မှာ သူ၏သမီးနှင့် စကားပြောနေသဖြင့် တွမ့်မူချီအား လုံးဝဂရုမစိုက်ဘဲ ပစ်ထားလိုက်ရာ ခန်းမတစ်ခုလုံး တိတ်ဆိတ်နေတော့သည်။

အချိန်အတန်ကြာစောင့်ဆိုင်းပြီးနောက် တွမ့်မူချီ ဒေါသထွက်လာကာ ဝိညာဉ်အခြေတည်အဆင့်၏ အရှိန်အဝါများကို ထုတ်လွှင့်လိုက်၏။

သူ၏နောက်တွင် ငါးပေခန့်မြင့်သောပုံရိပ်ယောင်တစ်ခု ဝိညာဉ်ပုံစံအဖြစ် ပေါ်ထွက်လာသည်။

ဝိညာဉ်အခြေတည်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ ဝိညာဉ်အပေါ် ထိန်းချုပ်နိုင်စွမ်းမှာ ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ထက် များစွာသာလွန်လှသည်။

“မင်းတို့က စေတနာကို စော်ကားနေကြတယ်”

ထိုပုံရိပ်ထွက်ပေါ်လာသည်နှင့် ခန်းမအတွင်းရှိ အပူချိန် ကျဆင်းသွားကာ အားလုံးကို ချမ်းစိမ့်သွားစေသည်။

လော့ယွမ်နှင့် အခြားသူများမှာ သူတို့၏ဝိညာဉ်အသိများ ပြိုကွဲတော့မတတ် ခံစားနေရ၏။

ပုံရိပ်ယောင်သာဖြစ်သော်လည်း တွမ့်မူချီသည် သူတို့ကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။

ထိုစဉ် ကျန်းချန်သည် အဝါလေးနှင့် စကားပြောပြီးသွားပြီဖြစ်ရာ ဤနှောက်ယှက်သူကို မောင်းထုတ်ရန် ပြင်လေတော့သည်။

“ကဲ... တော်လောက်ပြီ။ ပြောစရာရှိတာ မြန်မြန်ပြော”

ကျန်းချန်သည် ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ၇ သာ ရှိသေးသော်လည်း သူ့တွင် လောကသုံးပါး၏ အစွမ်းထက်ဆုံးခန္ဓာကိုယ်ရှိသည်။

ထို့ကြောင့် ဝိညာဉ်အခြေတည်အဆင့်၏ဖိအားကို ဂရုစိုက်နေစရာမလိုပေ။

သူ့စကားကြောင့် ခန်းမအတွင်းရှိဖိအားများ ရုတ်တရက်လျော့ကျသွားကာ တပည့်များမှာ သက်ပြင်းချနိုင်သွားကြ၏။

တွမ့်မူမိသားစုသည် ကျန်းချန်၏စရိုက်ကို ကြိုတင်ခန့်မှန်းခဲ့ကြသော်လည်း ဂိုဏ်းချုပ်တစ်ဦးက ဤကဲ့သို့ ရိုင်းစိုင်းစွာပြောဆိုလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။

၎င်းသည် တွမ့်မူမိသားစုကို စော်ကားခြင်းပင်။

ထိုအချိန်တွင် မိုင်ပေါင်းသောင်းနှင့်ချီ၍ ဝေးကွာသော ခန်းမတစ်ခု၌ ပုံရိပ်လွှင့်ပစ္စည်းမှတစ်ဆင့် စောင့်ကြည့်နေကြသော အကြီးအကဲများ အမျက်ထွက်နေကြလေသည်။

“အရင်ဆုံး ယဉ်ယဉ်ကျေးကျေးပြောမယ်။ မရရင်တော့ အင်အားသုံးရမှာပဲ”

“အေးဆေးပြောတာကို လက်မခံရင် သူ့ကို အပြတ်ရှင်းပစ်လိုက်”

ကျန်းချန်သည် တွမ့်မူမိသားစု၏ပြောစကားများကို မကြားရသော်လည်း တွမ့်မူချီ၏ဒေါသကို ခံစားမိနေသည်။

“ကျန်းချန်... အမှန်အတိုင်း ပြောရရင် မင်း ချီရီဂိုဏ်းကို တိုက်ထုတ်ချင်ရင် ငါတို့ တွမ့်မူမိသားစုဆီက အကူအညီယူမှရမယ်။ အကူအညီတောင်းတဲ့အခါ သင့်တော်တဲ့အမူအရာ ပြသစမ်း”

ကျန်းချန် ပြုံးလိုက်သည်။ သူသည် တွမ့်မူမိသားစုကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့ချေ။ ဖေးရှန်ဂိုဏ်း ဖျက်ဆီးခံရချိန်က ဘယ်သွားသေနေကြတာလဲ..............

“ကျုပ်လိုရုပ်ချောတဲ့လူက အကူအညီလိုအပ်တယ်လို့ ခင်ဗျား တကယ်ထင်နေတာလား”

တပည့်များမှာ မျက်နှာကို လက်ဖြင့်အုပ်လိုက်ကြသည်။

*ဂိုဏ်းချုပ်ရယ်... ကျွန်တော်တို့ အရေးကြီးကိစ္စတွေ ဆွေးနွေးနေတာပါ၊ နည်းနည်းလောက် တည်တည်တံ့တံ့ နေပေးပါလား။*

“ကျန်းချန်... မင်းရဲ့ နောက်ကွယ်မှာ အင်အားစုတစ်ခုရှိတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ အဝေးက ရေက အနီးက မီးကို မငြိမ်းနိုင်ဘူး”

တွမ့်မူချီ၏ ဝိညာဉ်ပုံရိပ်မှာ ဒေါသကြောင့် တုန်ခါနေသည်။

“ဒါက ချင်လန်စီရင်စုပဲ။ ချီရီဂိုဏ်းကို ဆန့်ကျင်ဖို့ဆိုရင် ငါတို့ တွမ့်မူမိသားစုနဲ့ ပူးပေါင်းဖို့ကလွဲလို့ မင်းမှာ တခြားလမ်းမရှိဘူး”

တွမ့်မူမိသားစု ဤမျှ စိတ်အားထက်သန်နေခြင်းမှာ အကြောင်းရင်းရှိသည်။

သူတို့သည် ချီရီဂိုဏ်းနှင့် နှစ်ပေါင်းသောင်းချီ၍ ပြိုင်ဆိုင်လာခဲ့သော်လည်း တစ်ဖက်နှင့်တစ်ဖက် အနိုင်မတိုက်နိုင်ခဲ့ကြချေ။

ကျန်းချန်၏ ပေါ်ပေါက်လာမှုက ချီရီဂိုဏ်းကိုဖျက်ဆီးရန် အခွင့်အရေး ဖြစ်လာသည်။

သူတို့၏ပူးပေါင်းမှုမှာ ဤကောင်လေး၏ နောက်ကွယ်မှအင်အားကို အသုံးပြု၍ ချီရီဂိုဏ်းကို တစ်ချက်တည်းနှင့် ရှင်းပစ်ရန်ဖြစ်၏။

ထို့နောက် ကျန်းချန်ကိုမောင်းထုတ်ကာ ချင်လန်စီရင်စုတစ်ခုလုံးကို သူတို့သာစိုးမိုးရန်ဖြစ်သည်။

ကျန်းချန်သည် စိတ်ထဲမှ လှောင်ပြုံးပြုံးလိုက်သည်။

ပူးပေါင်းဆောင်ရွက်မှုလား...... သူ လုံးဝ စိတ်မဝင်စား။

မလိုအပ်ပေ..... သို့သော် အပြင်ပန်းတွင်မူ ဘာမှမသိသကဲ့သို့ ပြုမူလိုက်သည်။

“ကဲ... ဒါဆို ဘယ်လို ပူးပေါင်းဆောင်ရွက်မှာလဲဆိုတာ ပြောပြပါဦး။”

သူ နားယောင်လာပြီဟုထင်ကာ တွမ့်မူချီက သတ်မှတ်ချက်များကို ချက်ချင်းချပြလိုက်သည်။

“ငါတို့ စစ်တပ်စေလွှတ်ပေးဖို့ဆိုရင် သတ်မှတ်ချက် သုံးခုကို လိုက်နာရမယ်။”

“ပထမ... အဲဒီဂိုဏ်းလေးခုဆီက ရထားတဲ့ အရင်းအမြစ်အားလုံးကို ငါတို့ဆီ လွှဲပေးရမယ်။”

“ဒုတိယ... ဖေးရှန်ဂိုဏ်းက တွမ့်မူမိသားစုရဲ့ လက်အောက်ခံအဖြစ် ရှိနေရမှာဖြစ်ပြီး နှစ်စဉ် ပစ္စည်းတွေ ဆက်သရမယ်။”

“တတိယ... ကျိလင်းဟန်က ငါတို့မိသားစုရဲ့ တွမ့်မူကျီရှို့နဲ့ လက်ထပ်ပြီး မိသားစုချင်း မဟာမိတ် ဖွဲ့ရမယ်။”

တွမ့်မူမိသားစုသည် ကျိလင်းဟန်၏ ထူးခြားသောပါရမီကို လွန်ခဲ့သောနှစ်များကတည်းက သတိထားမိခဲ့ကြသည်။

သူမ၏အလှအပနှင့် ပေါင်းစပ်လိုက်ပါက သူမအား သူတို့ဘက်သို့ ဆွဲခေါ်ရန် အစီအစဉ် ရှိခဲ့ပြီးသား ဖြစ်၏။

ယခင်ဂိုဏ်းချုပ်က ထိုတောင်းဆိုချက်များကို အမြဲငြင်းဆန်ခဲ့ခြင်းသာဖြစ်သည်။

ဂိုဏ်းလေးဂိုဏ်းသာ မတိုက်ခိုက်ခဲ့လျှင်လည်း တွမ့်မူမိသားစုက သူမကို လာရောက် သိမ်းပိုက်ပေလိမ့်မည်။

ဤသတ်မှတ်ချက်သုံးခုသည် ခန်းမအတွင်းရှိ တပည့်များကို ဒေါသထွက်စေ၏။

ယခင်က ဂိုဏ်းဖျက်ဆီးခံရစဉ် တွမ့်မူမိသားစု ဘယ်ရောက်နေသနည်း...........

ယခုမှ လာရောက်၍ လက်အောက်ခံလုပ်ရန် ပြောဆိုခြင်းမှာ မည်သို့မျှ မဖြစ်နိုင်ပေ။

ထို့အပြင် ဂိုဏ်းလေးဂိုဏ်းကို ကျန်းချန်ကချေမှုန်းခဲ့ခြင်းဖြစ်ရာ တွမ့်မူမိသားစုက ဘာမျှမကူညီခဲ့ဘဲ အရင်းအမြစ်များ တောင်းဆိုခြင်းမှာ မတရားပေ။

တွမ့်မူကျီရှို့၏ နာမည်ပျက်မှာလည်း တစ်ခရိုင်လုံး ကျော်ကြားလှရာ စီနီယာကျိကို မီးပုံထဲသို့ မတွန်းပို့နိုင်ပေ။

“ကျွန်တော်တို့ ငြင်းတယ်”

“ဒီသတ်မှတ်ချက်တွေက ဓားပြတိုက်တာပဲ”

“ဟမ့်.......”

တွမ့်မူချီ၏ဝိညာဉ်မှာ တစ်ဖန်လှုပ်ခတ်လာပြန်သည်။

“ဂိုဏ်းချုပ်ကျန်း... မင်းရဲ့ လူတွေကို ဆုံးမဖို့ လိုအပ်နေပြီ။”

ကျန်းချန် စိတ်ထဲမှကြိတ်ရယ်လိုက်သည်။ ဤလူ၏ ယုံကြည်မှုမှာ အံ့ဩစရာပင်။

“မင်း ပြောလို့ ပြီးပြီလား”

“ပြီးပြီ။”

တွမ့်မူချီက မောက်မာစွာ ဖြေသည်။

“ကောင်းပြီ...” ကျန်းချန်က လက်ဝှေ့ယမ်းလိုက်သည်။

“တံခါးပိတ်ပြီး ခွေးလွှတ်လိုက်စမ်း”

တပည့်များမှာ အချင်းချင်း ကြည့်လိုက်ကြသည်။ သူ ဘာကိုဆိုလိုမှန်း မသိကြချေ။

သို့သော် မျက်စိသုံးလုံးကျားက သူ့ဘာသာသူ ပြေးဝင်လာသည်။

“မင်းလိုကောင်လေးက ငါ့ကို ရိုရိုသေသေ ဆက်ဆံစမ်း”

ကျန်းချန်က လက်ကို ဖြန့်လိုက်ကာ...

“ဂိုဏ်းစောင့်နတ်သားရဲအနေနဲ့ အမှိုက်တွေကို ဘယ်လိုရှင်းရမလဲဆိုတာ သိပါတယ်နော်”

ဟု ပြောလိုက်သည်။

သူ့တွင် ဂိုဏ်းစောင့်နတ်သားရဲဟူသည့် အခမဲ့ကိုယ်ရံတော်ရှိနေသဖြင့် ပြန်လည်ရှင်သန်ခြင်း အခွင့်အရေးကို အလဟဿ အသုံးမပြုလိုပေ။

“မင်း ခိုင်းစရာမလိုဘူး”

မျက်စိသုံးလုံးကျားက ပြန်ပြောလိုက်သော်လည်း ရွေးချယ်စရာမရှိပေ။

သူသည် ဂိုဏ်းစောင့်နတ်သားရဲအဖြစ် လက်ခံထားပြီးဖြစ်ရာ ရန်သူကျူးကျော်လာသည်ကို မတားဆီးပါက ကတိပျက်ရာရောက်ပေမည်။

“ဒီအမှိုက်ကောင်လား... မင်းက ဒီလောက်အားနည်းတဲ့လူကိုတောင် မကိုင်တွယ်နိုင်ဘူးလား”

၎င်းက တွမ့်မူချီ၏ဝိညာဉ်ပုံရိပ်ကို မထီမဲ့မြင်ကြည့်ကာ ကျန်းချန်ကိုလည်း လှောင်ပြောင်လိုက်သည်။

All Chapters