← Chapters

အခန်း (၂၀၇)

Vol. 18 Ch. 207

အခန်း (၂၀၇)

Vol. 18 Ch. 207

ထို့နောက် လင်းပိုင်ဖန်သည် စစ်ဘက်ဆိုင်ရာဌာနသို့ စစ်သည်သစ်များစုဆောင်းရန်နှင့် စစ်မြင်းများဝယ်ယူရန် အမိန့်ပေးခဲ့သည်။ သူ၏ရည်မှန်းချက်မှာ စစ်သည် ၈ သိန်းထပ်မံဖြည့်တင်းကာ စုစုပေါင်းစစ်အင်အား ၂ သန်းအထိ တိုးမြှင့်ရန်ဖြစ်သည်။

စစ်သည်သစ်များ ထပ်မံစုဆောင်းခြင်းသည် နိုင်ငံအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးဖြစ်သော်လည်း လက်ရှိတွင် မဟာရှနိုင်ငံသည် ချမ်းသာကြွယ်ဝရုံသာမက ရိက္ခာလည်း ပေါများနေသဖြင့် ထိုစစ်တပ်ကို အပြည့်အဝ ထောက်ပံ့နိုင်စွမ်းရှိသည်။

လင်းပိုင်ဖန်သည် စစ်သည်သစ်များကို စုဆောင်းပြီးနောက် နယ်မြေချဲ့ထွင်ခြင်း မပြုမီ ၂ လမှ ၃ လအထိ လေ့ကျင့်ပေးရန် စီစဉ်ထားသည်။ ကောင်းကင်အဆင့် နှင့် ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင်များ ကိစ္စကိုမူ ကံစီမံရာအတိုင်းသာ ထားရှိလိုက်တော့သည်။ လင်းပိုင်ဖန်၏ အမိန့်ကို လက်ခံရရှိသည်နှင့် စစ်ဘက်ဆိုင်ရာဌာနသည် ချက်ချင်းပင် စတင်လှုပ်ရှားတော့သည်။

လင်းပိုင်ဖန်သည် များပြားလှသော စစ်လစာတွေနှင့် စွမ်းစွမ်းတမံ ဆောင်ရွက်သူများကိုလည်း ဆုလာဘ်များကို ရက်ရက်ရောရော ပေးအပ်ထားတဲ့အတွက် စစ်သည်စုဆောင်းခြင်းသည် အလွန်ပင် ချောမွေ့ခဲ့သည်။ သာမန်စစ်သားတစ်ဦးသည် တစ်နှစ်လျှင် ငွေ ၇ တေး သို့မဟုတ် ၈ တေးအထိ ရရှိနိုင်သည်။ အကယ်၍ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ပါက ငွေ ၁၀ တေးကျော်အထိ ရရှိရန်မှာ မခဲယဉ်းပေ။ ၂ နှစ်ခန့် တာဝန်ထမ်းဆောင်ပြီးပါက ဘိလပ်မြေအိမ်တစ်လုံး ဝယ်ယူနိုင်ပြီဖြစ်ရာ မည်သူက မမက်မောဘဲ နေမည်နည်း။

ထို့ကြောင့် လူတိုင်းက တက်ကြွစွာ ပါဝင်လာကြသည်။

"နန်းတော်က စစ်သည်တွေ ထပ်စုဆောင်းနေပြီ၊ အခွင့်အရေးပဲ၊ ငါ့အလှည့်ရောက်ပြီ"

"မဟာရှနိုင်ငံမှာ စစ်သားလုပ်တာက ချမ်းသာဖို့ အမြန်ဆုံးနည်းလမ်းပဲ။ ဟိုဘက်အိမ်က လူကိုကြည့်ဦး၊ စစ်သားလုပ်တာ တစ်နှစ်တောင်မပြည့်သေးဘူး၊ အိမ်ဝယ်ဖို့ ပိုက်ဆံတောင် ရှိနေပြီ"

"ဟုတ်တယ်၊ စစ်သားတွေဆိုရင် အိမ်ဝယ်ရင် လျှော့စျေးတောင် ရသေးတယ်၊ အားကျလိုက်တာ"

"စစ်တပ်ထဲမှာ နှစ်အနည်းငယ်လောက် တာဝန်ထမ်းဆောင်လိုက်ရင် အားလုံးပြည့်စုံသွားပြီ"

လူတိုင်း စိတ်အားထက်သန်နေကြပြီး ပထမဆုံးနေ့မှာတင် လူပေါင်း ၃ သိန်းကျော် လာရောက်စာရင်းပေးခဲ့ကြသည်။

မဟာရှ စစ်တက္ကသိုလ်တွင် လေ့ကျင့်နေသော စစ်ဗိုလ်ချုပ်လောင်းများသည်လည်း ဂဏာမငြိမ် ဖြစ်နေကြသည်။ မဟာရှ၏ စစ်သည်စုဆောင်းမှုသည် ၎င်းတို့အတွက် များစွာ အကျိုးရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လက်ရှိတွင် စစ်တက္ကသိုလ်၌ ပညာသင်ကြားနေကြပြီး အောင်မြင်စွာ ပြီးမြောက်ခဲ့ပါက နန်းတော်မှ စစ်တပ်များကို ဦးဆောင်ရန် အားကိုးအားထားပြုခြင်းကို ခံရမည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဤစစ်သည် ၈ သိန်းမှာ ၎င်းတို့အတွက် ပြင်ဆင်ထားခြင်းပင် ဖြစ်သည်။

စာသင်ခန်းထဲတွင်ရှိနေသော ချောင်ချောင်က ထိုမြင်ကွင်းကိုကြည့်ကာ ပြုံးလိုက်ပြီး- "အားလုံးပဲ၊ မင်းတို့လည်း လတ်တလော အခြေအနေတွေကို သိကြမှာပါ။ အရှင်မင်းကြီးက စစ်သည် ၈ သိန်း စုဆောင်းဖို့ အမိန့်ပေးထားတယ်၊ ဒါက နည်းတဲ့ပမာဏမဟုတ်ဘူး။ ဒါပေမဲ့ လက်ရှိမှာ ငါတို့ဆီမှာ တပ်မှူးတွေ လိုအပ်နေတယ်။ ဒါကြောင့် ဒါဟာ မင်းတို့အားလုံးအတွက် အခွင့်အရေးပဲ"

"မင်းတို့သာ ဒီမှာ ကြိုးစားသင်ယူပြီး အောင်မြင်စွာ ကျောင်းပြီးသွားတာနဲ့ စစ်တပ်ကို ဦးဆောင်ပြီး တိုက်ပွဲဝင်နိုင်တော့မယ်။ ဒါကြောင့် အရှင်မင်းကြီးရဲ့ ယုံကြည်မှုကို မပျက်ကွက်စေနဲ့"

စစ်ဗိုလ်ချုပ်လောင်းများသည် စိတ်လှုပ်ရှားစွာဖြင့် တညီတညွတ်တည်း ပြန်လည်ဖြေကြားကြသည် - "ဟုတ်ကဲ့ပါ ဒုကျောင်းအုပ်ကြီး။ ကျွန်တော်တို့ သေချာပေါက် ကြိုးစားပါ့မယ်"

ချောင်ချောင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ၊ မင်းတို့က သင်ကြားပေးရကျိုးနပ်တဲ့ ကလေးတွေပဲ။ နောက်ပြီး မင်းတို့ သုံးယောက်၊ မင်းတို့က ပါရမီပါပြီးသားဖြစ်သလို ဒီမှာလည်း စနစ်တကျ သင်ယူနေတာဆိုတော့ အရေးပါတဲ့နေရာမှာ အသုံးချခံရဖို့ အခွင့်အလမ်း ပိုများတယ်။ ဒါကြောင့် ပိုပြီး ကြိုးစားကြဖို့ မျှော်လင့်တယ်"

အဝါရောင်ကောင်းကင်ဂိုဏ်းမှ စစ်သူကြီး သုံးဦးသည်လည်း စိတ်လှုပ်ရှားစွာဖြင့် "ဟုတ်ကဲ့ပါ ဒုကျောင်းအုပ်ကြီး"

မဟာရှနိုင်ငံသည် အရှိန်အဟုန်ဖြင့် စစ်သည်တွေ စုဆောင်းနေစဥ် အိမ်နီးချင်းနိုင်ငံများမှာမူ စိုးရိမ်ထိတ်လန့်လာကြသည်။

"မဟာရှက ဘာလို့ စစ်သည်တွေ စုဆောင်းနေတာလဲ။ ဒါ သေချာပေါက် စစ်တိုက်ဖို့ပဲ"

"သူတို့ တိုက်မယ်ဆိုရင် ဘယ်သူ့ကို တိုက်မှာလဲ။ အိမ်နီးချင်းနိုင်ငံတွေကိုပဲ ဖြစ်မှာပေါ့"

" ငါတို့နိုင်ငံတွေက အားနည်းတယ်၊ မဟာရှရဲ့ စစ်တပ်ကို ဘယ်လိုမှ ခံနိုင်မှာမဟုတ်ဘူး"

"ငါတို့ အရင်က လုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် မဟာရှ စိတ်ဆိုးသွားတာလား"

နိုင်ငံအသီးသီးသည် မဟာရှနိုင်ငံထံသို့ တောင်းပန်ရန်အတွက် လက်ဆောင်ပဏ္ဏာများစွာနှင့် စေလွှတ်ခဲ့ကြသည်။ လင်းပိုင်ဖန်သည် ပေးသမျှ လက်ဆောင်အားလုံးကို လက်ခံခဲ့သော်လည်း မည်သည့်စကားမှ မဆိုသောကြောင့် ထိုနိုင်ငံများမှာ ပို၍ပင် စိုးရိမ်နေကြရသည်။ ထို့ကြောင့် ၎င်းတို့သည်လည်း မဟာရှနှင့် စစ်တိုက်ရန် အသင့်ပြင်သည့်အနေဖြင့် စစ်သည်စုဆောင်းခြင်းနှင့် စစ်မြင်းဝယ်ယူခြင်းတွေကို အပြိုင်အဆိုင် လုပ်ဆောင်လာကြသည်။

ထိုမြင်ကွင်းကို မြင်သောအခါ လင်းပိုင်ဖန် မရယ်ဘဲ မနေနိုင်တော့ပေ။ သူသည် တောင့်တင်းသော နိုင်ငံတော် အင်အားရှိ၍သာ စစ်တပ်ကို ချဲ့ထွင်ဝံ့ခြင်းဖြစ်သည်။ သို့သော် ထိုနိုင်ငံများမှာမူ အဝါရောင်ကောင်းကင်ဂိုဏ်းကြောင့် နိုင်ငံအင်အား ချည့်နဲ့နေချိန်တွင် ၎င်းကို အတုခိုးရန် ကြိုးစားနေကြရာ မိမိကိုယ်ကိုယ် ဖျက်ဆီးနေသကဲ့သို့ပင် ဖြစ်နေသည်။

ထိုအချိန်တွင် မဟာရွှယ်နိုင်ငံ၏ နန်းတော်အတွင်း၌ မဟာရွှယ်ဧကရာဇ်သည် မျက်နှာပျက်နေခဲ့သည်။ ယခုနှစ်တွင် ကောက်ပဲသီးနှံများ အထွက်နှုန်း လျော့နည်းခဲ့သည်။ အဝါရောင်ကောင်းကင်ဂိုဏ်း၏ နှောင့်ယှက်မှုကြောင့် စိုက်ခင်းများ ပျက်စီးကာ ရိက္ခာ ၃၀ ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့ရသည်။

"အမတ်မင်းတို့၊ အခြေအနေကို သိတဲ့အတိုင်းပဲ၊ ဘယ်လို အကြံဉာဏ်ကောင်းတွေ ရှိကြသလဲ" ဟု ဧကရာဇ်က မေးမြန်းလိုက်သည်။

အမတ်ကြီးတစ်ဦးက "အရှင်မင်းကြီး၊ နည်းလမ်းနှစ်ခုပဲ ရှိပါတယ်။ ပထမနည်းလမ်းက ပြင်ပကနေ ရိက္ခာဝယ်ဖို့ပါ။ ဒါပေမဲ့ စျေးနှုန်းတွေက အဆမတန် မြင့်တက်နေနိုင်ပါတယ်" ဟု တင်ပြလိုက်သည်။

ဧကရာဇ်သည်လည်း မိမိပိုက်ဆံ အကုန်အကျခံရမည့် ထိုနည်းလမ်းကို သဘောမကျပေ။

"ဒုတိယနည်းလမ်းက ဘာလဲ"

"ဒုတိယနည်းလမ်းကတော့ လုယက်ဖို့ပါပဲ။ အနီးအနားက နိုင်ငံငယ်တွေကို စစ်တပ်လွှတ်ပြီး သူတို့ရဲ့ ရိက္ခာတွေကို လုယူရပါမယ်"

ဧကရာဇ်သည် ထိုနည်းလမ်းကို အလွန် သဘောကျသွားသည်။ "ဒါ အကြံကောင်းပဲ။ ဒါဆို ဘယ်နိုင်ငံကို အရင်တိုက်မလဲ"

"အရှေ့တောင်ဘက်က ငါးနိုင်ငံဟာ နိုင်ငံငယ်လေးတွေဖြစ်ပြီး အင်အားနည်းတာကြောင့် ကျွန်တော်မျိုးတို့ရဲ့ သန်းချီရှိတဲ့ စစ်တပ်ကို မခုခံနိုင်ပါဘူး" ဟု အမတ်ကြီးက တင်ပြလိုက်သည်။

မဟာရွှယ်ဧကရာဇ်သည် စားပွဲကို ရိုက်ကာ ထရပ်လိုက်ပြီး - "ကောင်းပြီ။ အရှေ့တောင်ဘက် ငါးနိုင်ငံကို စစ်တပ်ကို လွှတ်ပြီး ရိက္ခာတွေ အားလုံး သိမ်းပိုက်စေ"

All Chapters