← Chapters

အခန်း (၂၀၁)

Vol. 18 Ch. 201

အခန်း (၂၀၁)

Vol. 18 Ch. 201

မဟာရှ နိုင်ငံ မြို့တော်၏ အမည်မသိ လမ်းကြားလေးတစ်ခု အတွင်းတွင်….

သာမန်ရုပ်ရည်နှင့် အသားညိုညို အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးသည် လှည်းကလေးတစ်စီးကို တွန်းကာ အိမ်သို့ ပြန်လာနေသည်။ အိမ်တံခါးကို ပိတ်လိုက်ပြီးနောက် သူက "ဒီနေ့တော့ ရောင်းကောင်းလိုက်တာ၊ လှည်းပေါ်က ပစ္စည်းတွေ အကုန်ကုန်ပြီ။ ဒီမှာ စီးပွားရှာရတာ တော်တော်လွယ်တာပဲ။ ငါ့ရဲ့ ယုံကြည်သက်ဝင်တဲ့ ဂိုဏ်းသာ မရှိရင် ဒီမှာပဲ တစ်သက်လုံး နေသွားချင်တော့တာပဲ" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

ထိုစဉ် ဝတ်စုံဖြူဝတ်ထားသည့် အလွန်လှပသော အမျိုးသမီးတစ်ဦး သူ၏ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။ သူမသည် လက်ထဲတွင် ထက်ရှလှသော ဓားတစ်စင်းကို ကိုင်ဆောင်ထားပြီး ထိုသူ၏ လည်ပင်းသို့ တေ့ကာ "မင်းက အဝါရောင်ကောင်းကင်ဂိုဏ်းကလား" ဟု ခက်ထန်စွာ မေးမြန်းလိုက်သည်။

ထိုသူ၏ နှလုံးသားမှာ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သူမ ဘယ်လိုသိသွားတာလဲ။ သူသည် အမှန်တကယ်ပင် အဝါရောင်ကောင်းကင်ဂိုဏ်းဝင်တစ်ဦးဖြစ်ရုံသာမက အမာခံ အဖွဲ့ဝင်တစ်ဦးပင် ဖြစ်လေသည်။ မဟာရှနိုင်ငံအတွင်း ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ မကောင်းသောကြောင့် သူ့ကို စစ်သူကြီး သုံးဦးက စေလွှတ်လိုက်ခြင်းဖြစ်သည်။ ၎င်းမှာ ဂိုဏ်းသားသစ်များ ရှာဖွေရန်မဟုတ်ဘဲ မဟာရှနန်းတွင်း၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန်နှင့် အန္တရာယ်တစ်ခုခုရှိပါက ကြိုတင်သတိပေးနိုင်ရန် ဖြစ်သည်။

တစ်လကျော်ကြာအောင် သူသည် သာမန်ကုန်သည်ငယ်လေးအဖြစ် ဟန်ဆောင်ကာ နေ့စဉ် ဈေးရောင်းရင်း နေထိုင်ခဲ့သည်။ မည်သူနှင့်မျှ အဆက်အသွယ်မလုပ်၊ ထူးခြားသော စကားလုံးများလည်း မပြောဘဲ အလွန်အမင်း သတိကြီးစွာဖြင့် ဥပဒေကို လိုက်နာနေထိုင်ခဲ့သော်လည်း ယခုတော့ သူ၏ လျှို့ဝှက်ချက် ပေါက်ကြားသွားခဲ့ပြီ ဖြစ်သည်။

သို့သော် သူသည် အမူအရာမပျက်ဘဲ ကြောက်ရွံ့ဟန်ဆောင်ကာ- "မိန်းကလေး ဘာတွေပြောနေတာလဲ။ ကျွန်တော်က ဘယ်လိုလုပ်ပြီး အဝါရောင်ကောင်းကင်ဂိုဏ်းရဲ့ တပည့်ဖြစ်ရမှာလဲ။ ကျွန်တော်က ရိုးရိုးသားသား ဈေးရောင်းစားနေတဲ့ လူတစ်ယောက်ပါ၊ မယုံရင် ကျွန်တော့်ကို ကြည့်ပါဦး" ဟု ပြောလိုက်သည်။

"တော်လိုက်"

ပိုင်ဇူက အမိန့်ပေးသံဖြင့်- "ငါ ဒီကိုလာတာ မင်းရဲ့ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုဖို့ မဟုတ်ဘူး၊ မင်းကို တာဝန်တစ်ခုပေးဖို့ လာတာ"

သူမ၏ လက်ထဲတွင် အထုပ်တစ်ထုပ်ရှိပြီး ထိုသူထံသို့ ပစ်ပေးလိုက်သည်။ ထိုသူကလည်း ကြောက်ကြောက်လန့်လန့်ဖြင့် ဖမ်းယူလိုက်ကာ "ဒါက ဘာလဲ" ဟု မေးလိုက်သည်။

ပိုင်ဇူက တင်းမာသော မျက်နှာထားဖြင့် "ဒါက အရှင်မင်းကြီးက မင်းကို ပေးခိုင်းလိုက်တာ။ အထဲမှာ ကိရိယာတချို့နဲ့ စာတစ်စောင်ပါတယ်။ မင်း အခုချက်ချင်း ပြန်သွားပြီး မင်းရဲ့ အထက်က သခင်သုံးယောက်ဆီ ပေးပို့ရမယ်။ အမိန့်ကို မနာခံရင် နောင်တရလိမ့်မယ်" ဟု ပြောလိုက်သည်။

ပြောပြီးသည်နှင့် ပိုင်ဇူသည် ဓားကိုဝှေ့ယမ်းကာ ထိုသူ၏ ထုံးထားသော ဆံပင်ကို ဖြတ်ချလိုက်ပြီးနောက် လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။ ထိုသူသည် လက်ထဲမှ အထုပ်ကို ကြည့်ကာ ပြန်သွားသင့် မသွားသင့် ဝေခွဲမရဖြစ်နေသော်လည်း ထိုနေ့မှာပင် မြို့တော်မှ ထွက်ခွာခဲ့သည်။

ငါးရက်ခန့်အကြာတွင် သူသည် မဟာကျူးနိုင်ငံရှိ လျှို့ဝှက်နေရာတစ်ခုသို့ ရောက်ရှိသွားပြီး အဝါရောင်ကောင်းကင်ဂိုဏ်း၏ စစ်သူကြီး နှစ်ဦးနှင့် တွေ့ဆုံကာ အထုပ်ကို ပေးအပ်လိုက်သည်။

ကောင်းကင်စစ်သူကြီး နှင့် မြေပြင်စစ်သူကြီးတို့မှာ အထုပ်ကို ကြည့်ကာ ဝေခွဲမရ ဖြစ်နေကြသည်။ "ဒါက မဟာရှဧကရာဇ်က ငါတို့အတွက် ပေးလိုက်တာလို့ မင်းပြောတာလား"

"ဟုတ်ပါတယ် စစ်သူကြီးတို့" ဟု ထိုသူက အရိုအသေပေးကာ ပြောလိုက်သည်။

မြေပြင်စစ်သူကြီးက ဒေါသတကြီးဖြင့် "မင်းက မဟာရှနန်းတွင်းရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ဖို့ သွားတာမဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ မင်းရဲ့ အထောက်အထားက ပေါ်သွားရတာလဲ"

"ကျွန်တော်လည်း အဲ့ဒါကို နားမလည်နိုင်အောင် ဖြစ်နေတာပါ"

ထိုသူက တုန်တုန်ရင်ရင်ဖြင့် "ကျွန်တော်ဟာ မဟာရှမြို့တော်မှာ ကုန်သည်အဖြစ် ဟန်ဆောင်ပြီး စည်းကမ်းတကျ နေထိုင်ခဲ့တာပါ။ ဒါပေမဲ့လည်း အဖော်ထုတ်ခံလိုက်ရပါတယ်။ ဘယ်လိုကြောင့်လဲဆိုတာတော့ ကျွန်တော် တကယ်မသိပါဘူး"

ကောင်းကင်စစ်သူကြီးက လက်ကို ဝှေ့ယမ်းလိုက်ကာ "ထားလိုက်တော့၊ မင်း အခု ထွက်သွားလို့ရပြီ"

"ကျေးဇူးတင်ပါတယ်" ဟု ဆိုကာ ထိုသူ ထွက်ခွာသွားသည်။

"အစ်ကိုကြီး၊ အဲ့ဒီ ခွေးဧကရာဇ်က ငါတို့ကို ဘာတွေ ပေးလိုက်တာလဲ။ သူ တစ်ခုခု ကြံစည်နေသလိုပဲ" ဟု မြေပြင်စစ်သူကြီးက အထုပ်ကို သံသယဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ဖွင့်ကြည့်လိုက်ရင် အဖြေပေါ်မှာပေါ့"

၎င်းတို့နှစ်ဦး အထုပ်ကို ဖွင့်ကြည့်လိုက်သောအခါ ဗုံအသေးလေးတွေ နှင့် စာတစ်စောင်ကို တွေ့လိုက်ရသည်။ စာကိုဖတ်ကြည့်ရင်း ကောင်းကင်စစ်သူကြီး၏ မျက်နှာမှာ ပိုမိုတင်းမာလာလေသည်။

မြေပြင်စစ်သူကြီးက မနေနိုင်ဘဲ "အစ်ကိုကြီး စာထဲမှာ ဘာရေးထားလဲ" ဟု မေးသောအခါ၊ ကောင်းကင်စစ်သူကြီးက စာကို ကမ်းပေးလိုက်ပြီး "ညီလေး ကြည့်စမ်း။ အဲ့ဒီ ခွေးဧကရာဇ်က ငါတို့ကို သုံးပြီး မဟာရွှယ်နိုင်ငံကို တိုက်ခိုက်ခိုင်းနေတာ။ ဒီဗုံလေးတွေက လူတွေကို စိတ်ညှို့နိုင်တဲ့ စွမ်းအားရှိတယ်တဲ့။ ဒါကိုသုံးပြီး မဟာရွှယ်မှာ သောင်းကျန်းခိုင်းနေတာ။ ငါတို့ ငြင်းရင် ငါတို့ ခက်ခက်ခဲခဲ တည်ဆောက်ထားတဲ့ အခြေခံတွေကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်နေတယ်" ဟု ဒေါသတကြီး ပြောလိုက်သည်။

"အတင့်ရဲလှချည်လား"

မြေပြင်စစ်သူကြီးက စားပွဲကို ရိုက်ကာ ဒေါသတကြီး ထရပ်လိုက်ပြီး "အဲ့ဒီ ခွေးဧကရာဇ်က တကယ် ယုတ်မာတာပဲ၊ ကျွန်တော်တို့ကို ဒီလိုမျိုး ခြိမ်းခြောက်ရဲတယ်ပေါ့။ အစ်ကိုကြီး ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ သူခိုင်းတဲ့အတိုင်း တကယ်ပဲ လုပ်မှာလား"

ကောင်းကင်စစ်သူကြီးမှာ ဒေါသထွက်နေသော်လည်း မတတ်သာသည့်လေသံဖြင့် "တခြား ဘာလုပ်နိုင်ဦးမှာလဲ။ မဟာရှမှာ ငါတို့ရဲ့ အစီအမံတွေကို တားဆီးနိုင်တဲ့အရာ ရှိနေတယ်။ အမိန့်ကို မနာခံရင် ငါတို့ တည်ဆောက်ထားတာတွေ အကုန် ပျက်စီးသွားလိမ့်မယ်။ ညီလေး မင်း အဲ့ဒါကို လက်ခံနိုင်လား"

"ဒါပေမဲ့ အကြောင်းပြချက်မရှိဘဲ အခြိမ်းခြောက်ခံရတာကိုတော့ ကျွန်တော် တကယ်မခံနိုင်ဘူး"

ကောင်းကင်စစ်သူကြီးက ဖျောင်းဖျလိုက်သည်။ "ဒေါသကို ထိန်းပါ ညီလေး။ အခုလောလောဆယ် ငါတို့က အသားစင်ပေါ်က ငါးလို ဖြစ်နေတာ။ မကျေနပ်ရင်တောင် သူတို့ခိုင်းတာကို လုပ်ပေးရမှာပဲ။ နောင်တစ်ချိန် ငါတို့ အင်အားကြီးလာမှ သူ့ကို ပြန်ပြီး ဒုက္ခပေးကြတာပေါ့"

"အင်း၊ အဲ့ဒီနည်းပဲ ရှိတော့တာပဲ" ဟု သက်ပြင်းချလိုက်သည်။

ထို့နောက် ၎င်းတို့သည် ထိုဗုံတွေကို မဟာရွှယ်နိုင်ငံရှိ ၎င်းတို့၏ ညီငယ်ဖြစ်သူ လူသားစစ်သူကြီးထံ ပို့ပေးလိုက်သည်။ လူသားစစ်သူကြီးသည် ဗုံများကို လက်ခံရရှိသောအခါ အလွန်ဝမ်းသာသွားပြီး ချက်ချင်း အသုံးပြုကြည့်လိုက်သည်။ ထိုဗုံများသည် အမှန်တကယ်ပင် စိတ်ဓာတ်ခိုင်မာသူများကိုပင် စည်းရုံးနိုင်စွမ်းရှိကြောင်း တွေ့ရှိလိုက်ရသည်။

"ဒီဗုံတွေသာရှိရင် မဟာရွှယ်နိုင်ငံကို အုပ်စိုးဖို့က အချိန်ပဲ လိုတော့တယ်"

လူသားစစ်သူကြီးက ရည်မှန်းချက်ကြီးစွာဖြင့် ပြောလိုက်သည်။ သူသည် သာမန်ပြည်သူများကိုသာမက စစ်တပ်နှင့် အရာရှိများကိုပါ စည်းရုံးရန် စတင်ကြံစည်တော့သည်။

မဟာရွှယ်နန်းတော် အတွင်းတွင်….

မဟာရွှယ်နိုင်ငံ နန်းတော်အတွင်း ဒေါသတကြီး အော်ဟစ်သံတစ်စံက ထွက်ပေါ်လာသည်။ "ဘာ…။ မဟာရှက ဗုံကိုလည်း မငှားပေးတဲ့အပြင် ငါတို့ရဲ့ တမန်တော်ကိုပါ သတ်လိုက်တယ်၊ ဟုတ်လား…" ဟု ပြောလိုက်သူမှာ မဟာရွှယ်နိုင်ငံ၏ ဧကရာဇ်ဖြစ်သည်။

"အမှန်ဖြစ်ကြောင်းပါ အရှင်မင်းကြီး "

အမတ်ကြီးတစ်ဦးက တုန်တုန်ရီရီဖြင့် "အမတ်ဝေဟာ စိတ်ရင်းမှန်နဲ့ ဗုံသွားငှားတာကို မဟာရှဧကရာဇ်က နားမထောင်တဲ့အပြင် ကွပ်မျက်လိုက်ပါတယ်။ ဒါဟာ ကျွန်တော်မျိုးတို့နိုင်ငံကို စော်ကားလိုက်တာပဲ ဖြစ်ပါတယ်။ မဟာရှကို အပြစ်ပေးဖို့ စစ်တပ်စေလွှတ်တော်မူပါ အရှင်မင်းကြီး"

မဟာရွှယ်ဧကရာဇ်က ဒေါသတကြီးဖြင့် "မဟာရှက တကယ်ပဲ အတင့်ရဲလွန်းတယ်။ အပြစ်ပေးကိုပေးရမယ်။ ဒါပေမဲ့ အခုလောလောဆယ် အဝါရောင်ကောင်းကင်ဂိုဏ်းရဲ့ အန္တရာယ်က ပိုကြီးနေတယ်။ ဒါကြောင့် အဲ့ဒီအန္တရာယ်ကို ရှင်းပြီးတာနဲ့ ငါကိုယ်တော်ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပြီး တောင်ဘက်က မဟာရှကို သွားရောက် အပြစ်ပေးမယ်" ဟု မိန့်ကြားလိုက်သည်။

All Chapters