မြာပွေသူ ( ၂ )
Vol. 8 Ch. 103
ထို့ပြင် ဘေးပတ်ဝန်းကျင်မှ လေးစားသောအကြည့်များအရ ထိုလူသည် သာမန်အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦး မဟုတ်ကြောင်း မြင်နိုင်သည်။
သို့သော်လည်း ထိုလူ၏အသားအရေက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး မျက်လုံးများအောက်တွင် အမည်းစက်ကလေးများ ရှိသည်။ သူ၏ခန္ဓာကိုယ်က ပိန်ပိန်ပါးပါး ဖြစ်ပြီး သူ့ကိုကြည့်ရသည်မှာ သေရည်သေရက်နှင့် ကာမဂုဏ်တွင် ပျော်မွေ့သောလူတစ်ယောက်နှင့်ဆင်သည်။ သူ၏မျက်လုံးများထဲတွင် ရာဂစိတ်အငွေ့အသက်အနည်းငယ် ရှိနေသည်။
သူက သင်္ဘောထိပ်ဦးတွင် ရပ်နေပြီး “ ကျင်း ” ဆိုသည့်စကားလုံး ရေးထိုးထားသော ဦးထုပ်ဖြူတစ်လုံးကို ဆောင်းထားသည်။
ထိုစကားလုံးသည် အလွန်ထူးဆန်းပြီး ၎င်းထံမှ ဖော်ပြခြင်းငှာ မစွမ်းသာသော ဖိအားများ ထွက်နေသည်။
လူမရေမတွက်နိုင်လောက်အောင် ရူးသွပ်မက်မောနေကြသည့် နက်မှောင်သော ခရမ်းရောင်တာအိုဝတ်ရုံက သူနှင့် အလွန်ကြီးနေသည်။ သူ့ကို လေပြင်းတစ်ချက် ခပ်ကြမ်းကြမ်း တိုက်ခတ်လိုက်သောအခါ သူ့ကို အဝေးသို့ သယ်ဆောင်သွားတော့မည့်အလား ဝတ်ရုံက တရွှီရွှီမြည်သံများ ထွက်နေသည်။
သူသည်လည်း သူ အားနည်းသည်ကို သိနေသည့်အလားပင်။ သူ အပြင်ဘက် ထွက်လာသည့်အခါ ဝတ်ရုံနှင့် အမျိုးသမီးနှစ်ဦးကို ဖက်ထားပြီး ဆိပ်ကမ်းပေါ်မှ ဂိုဏ်းသားများ၏ လေးစားသောအကြည့်များကို ပျော်ရွှင်စွာ ခံယူနေသည်။
အမျိုးသမီးတစ်ဦးက အားဖြည့်စေသောအစားအစာများ ရှိနေသည့် ကြည်လင်သော ပုလင်းတစ်လုံးကို ကိုင်ထားပြီး ထိုပုလင်းထဲမှ အစားအစာများကို သူ့အား ပါးစပ်အပြည့် ခွံ့ကျွေးနေသည်။
ထိုအမျိုးသမီးနှစ်ဦးက အသက်မကြီးသေးဘဲ သူတို့၏ရုပ်ရည်သည်လည်း ထူးထူးခြားခြား လှပကြသည်။ သူတို့၏စိမ်းဖန့်ဖန့်မျက်လုံးလေးများက တစ်မျိုး စွဲဆောင်မှုရှိနေသည်။ ပင်လယ်လေပြေ တိုက်ခတ်လိုက်သည့်အခါ သူတို့၏ဆံပင်ရှည်များ တဖျပ်ဖျပ် လွင့်သွားပြီး ဝတ်ရုံများအောက်ရှိ ဖွံ့ထွားတင်းရင်းသော ခန္ဓာကိုယ်အလှများသည်လည်း တစွန်းတစ ပေါ်ထွက်လာသည်။
ကြီးမားသော သားမြတ်များ၊ ဖွံ့ထွားသော တင်ပါးများနှင့် သေးကျဥ်သောခါးတို့ကို ကြည်လင်ဝင်းပသော မျက်နှာများနှင့် ပေါင်းစပ်လိုက်သောအခါ သူတို့ထံမှ ရမ္မက်လှိုင်းများ ထွက်ပေါ်နေတော့သည်။
သူတို့အဝတ်အစားများကလည်း အလွန်ရှင်းလင်းေပေရာ လှပသောခန္ဓာကိုယ်ကောက်ကြောင်းများနှင့် နူးညံ့ချောမွေ့သော အသားရေတို့ကို ကြည့်ရှုနေကြသော ဂိုဏ်းသားများကို သူတို့ပါးများထက်မှ အကျိတ်များကို သတိမမူနိုင်အောင် ဖြစ်သွားစေသည်။
သူတို့က လူငယ်ကို တွဲထားရင်း ရှက်ရွံ့နေဟန်ဖြင့် တခစ်ခစ်ရယ်မောနေ၏။
“ မင်းသားသုံးကို အရိုအသေပေးပါတယ် ”
ဆိပ်ကမ်းပေါ်မှ လေးစားသောအသံများ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာသည်။
ရွှီချင်းက သင်္ဘောပေါ်ရှိ လူငယ်ကို ကြည့်လိုက်ပြီး အမျိုးသမီးနှစ်ဦး၏ အကူအညီသာမပါက လူငယ်မှာ လဲကျသွားတော့မည့်အလား သူ ထင်နေမိပြီး ထိုအခြင်းအရာကြောင့် သူ အလွန် ထူးဆန်းကာ မယုံကြည်နိုင်လောက်အောင် ခံစားနေရသည်။
သူ မိန်းမလှနှစ်ဦးကို ပြန်ကြည့်လိုက်ပြီး မျက်လုံးများ အနည်းငယ် မှေးသွားသည်။ ထိုမိန်းမလှနှစ်သီးထံမှ အန္တရာယ်အငွေ့အသက်ကို သူ ခံစားမိလိုက်ပြီး ခပ်မြန်မြန် အကြည့်လွှဲလိုက်သည်။ သင်္ဘောပေါ်တွင် အစောင့်အကြပ်များအပြင် ဝတ်ရုံနက်များ ဝတ်ထားသော လူအများအပြား ရှိနေသည်ကိုလည်း သူ တွေ့လိုက်ရသည်။
ထိုလူများ၏မျက်နှာများက မိန်းမလှနှစ်ယောက်နှင့် ဆင်တူသည်။ စိမ်းဖန့်ဖန့်မျက်လုံးများ ရှိကြပြီး ပါးများတွင် အကျိတ်ကလေးများ ရှိကြသည်။ သူတို့ထံမှ ထူးကဲသော ကျင့်ကြံခြင်းအငွေ့အသက်များ ထွက်ပေါ်နေသည်။
သူတို့အပြင် ရွှီချင်းနှင့် သက်တူရွယ်တူ လူငယ်လေးတစ်ယောက်လည်း ရှိသေးသည်။ သူ့ဝတ်စုံများက အလွန် အဖိုးတန်ပြီး သူက ဆိပ်ကမ်းကို စိမ်းဖန့်ဖန့်မျက်လုံးများဖြင့် အေးစက်စက်ကြည့်နေသည်။
သူ၏ပါးနှစ်ဖက်တွင်လည်း အကျိတ်များ ရှိနေသည်။
ရွှီချင်းက ထိုလူများကို သေချာကြည့်လိုက်သည်။ ယင်းသည် လူသားနှင့် ဆင်တူသော်လည်း လူသားမဟုတ်သော သတ္တဝါများကို သူ ဒုတိယအကြိမ်မြောက် မြင်ဖူးခြင်း ဖြစ်သည်။ သို့သော် ဘေးပတ်ဝန်းကျင်ရှိ တခြားဂိုဏ်းသားများက အံ့အားသင့်နေဟန်မရှိချေ။ ထိုလူသားမဟုတ်သော မျိုးနွယ်က ရှားရှားပါးပါး မဟုတ်ကြောင်း ထင်ရှားသည်။
သူက အလျင်အမြန် အကြည့်လွှဲလိုက်ပြီး လိုက်လံကြည့်ရှုနေရာမှ ရပ်လိုက်သည်။ သူ ထွက်သွားရန် ပြင်လိုက်စဉ် သင်္ဘောက တဖြည်းဖြည်း နီးကပ်လာပြီး အမျိုးသမီးနှစ်ဦး၏ တွဲထားခြင်း ခံနေရသော လူငယ်က တဟားဟား ရယ်မောကာ ပြောလိုက်သည်။
“ ဒီတစ်ခေါက် ခရီးစဉ်က မုန်တိုင်းနဲ့ ကြုံခဲ့ရတယ်ဆိုပေမဲ့ ငါတို့ အတော်အသင့်တော့ ရခဲ့တယ်ကွ။ ဂိုဏ်းတူညီလေး၊ ညီမလေးတို့၊ မင်းတို့လည်း ဝေစုရမယ်ဟေ့ ”
စကားဆုံးသည်နှင့် သင်္ဘောပေါ်မှ နောက်လိုက်အများအပြား ချက်ချင်း ခုန်ထွက်လာပြီး လက်များကို ဝှေ့ယမ်းလိုက်ကြသည်။ ထို့နောက် လက်တစ်ဝါးစာအရွယ် အကြေးခွံများစွာ ဆိပ်ကမ်းပေါ်ရှိ လူအားလုံးထံ ပျံသန်းသွားသည်။
ရွှီချင်းထံသို့လည်း အကြေးခွံတစ်ခု ပျံသန်းသွားသည်။ သူက ပျံသန်းလာနေသော အကြေးခွံကို ကြည့်၍ လက်မြှောက်ကာ ဖမ်းလိုက်သည်။ ထိုအကြေးခွံက ချော်ကျိကျိဖြစ်ကာ အေးစက်နေသည်ကို သူ ပထမဦးစွာ ခံစားလိုက်ရသည်။ ထို့နောက် ၎င်းကို သူ ဖျစ်ညှစ်ကြည့်လိုက်ရာ ဘယ်လိုမှမဖြစ်သွားကြောင်း သူ တွေ့လိုက်ရပြီး မျက်လုံးများ မှေးသွားသည်။
ထိုအကြေးခွံများက အလွန် အဖိုးတန်သည်ကို သူ ကောင်းစွာ နားလည်လိုက်သည်။ တစ်ဆက်တည်း မည်သည့်အတွက်ကြောင့် လူအများအပြား ဆိပ်ကမ်းတွင် လာစုဝေးနေရသည်ကို သူ သိလိုက်ရသည်။
“ နေ့တိုင်းသာ ဒီလိုမျိုးဆိုရင် ဘယ်သူမှ ပိုက်ဆံအတွက် စိတ်ပူနေဖို့ မလိုဘူး ”
ရွှီချင်းက အကြေးခွံကို ကြည့်ကာ သိမ်းထားလိုက်ပြီးနောက် တခြားလူများကဲ့သို့ သင်္ဘောပေါ်ရှိ မင်းသားသုံးကို ကျေးဇူးတင်စကားဆိုလိုက်သည်။
ကျေးဇူးတင်စကားသံများကြားတွင် သင်္ဘောကြီးက ဆိပ်ကမ်းတွင် ကျောက်ချလိုက်သည်။ မင်းသားသုံးက ဆိပ်ကမ်းပေါ်ရှိ ဂိုဏ်းသားများကို လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် တခြားလူများရှိနေသည်ကို ဂရုမစိုက်ဘဲ လူသားမျိုးနွယ်မဟုတ်သော အမျိုးသမီးနှစ်ဦး၏ ဖင်များကို ခပ်ကြမ်းကြမ်း ရိုက်လိုက်သည်။
အမျိုးသမီးနှစ်ဦးထံမှ ရမ္မက်သံစွက်သောအော်ဟစ်သံလေးများ လွင့်ပျံလာပြီး ပိန်ပိန်ပါးပါးရှိသော မင်းသားသုံးက ရာဂစိတ်ကြီးသောအသံဖြင့် တဟားဟား ရယ်မောလိုက်သည်။
ဂိုဏ်းသားများက ထိုမြင်ကွင်းကို မြင်သွားပြီး တစ်ယောက်ပြီးတစ်ယောက် ခေါင်းများငုံ့သွားကြသည်။ မင်းသားသုံး၏ရှေ့တွင်ရှိနေသော လူသားမျိုးနွယ်မဟုတ်သည့် အမျိုးသမီးနှစ်ဦးကို ဂိုဏ်းသားအများစု စေ့စေ့မကြည့်ဝံ့ကြတော့ချေ။
မူလက ရွှီချင်းသည် ကြည့်စရာဘာမှမကျန်တော့ကြောင်း ခံစားနေရပါသော်လည်း အမျိုးသမီးနှစ်ဦးနောက်ရှိ လူသားမျိုးနွယ်မဟုတ်သော လူငယ်လေးက အထင်သေးသောအကြည့်ဖြင့် ကြည့်နေသည်ကို သူ သတိထားမိလိုက်သည်။
မင်းသားသုံးက အမျိုးသမီးနှစ်ဦးနှင့် စနောက်ကျီစယ်နေပြီး သူတို့ခန္ဓာကိုယ်များအပေါ် လုံးလုံးလျားလျား အာရုံစိုက်နေဟန်တူကာ သူ့နောက်ရှိ လူငယ်လေး၏ အမူအရာကို သတိမထားမိပေ။
“ နတ်မိမယ်လေးတို့ … ဒီမှာ ကျုပ်ကို စောင့်နေဦး။ သင်္ဘောကို မဆင်မခြင် ထွက်မသွားနဲ့ဦးနော်။ ဒီလိုမှမဟုတ်လို့ ကျုပ်ဆရာ မြင်သွားရင် ကျုပ်ကို ထပ်ဆူနေဦးမယ်။ ဒါပေမဲ့ ကျုပ်ဆရာ ပြန်ရောက်ပြီလားတောင် မသိဘူး။ ကျုပ် အရင်သွားကြည့်လိုက်ဦးမယ်။ သူ ပြန်မလာသေးရင် မင်းတို့လေးတွေနဲ့ ဒီည လာပျော်မယ် ”
အမျိုးသမီးနှစ်ဦးသည် မင်းသားသုံးကို အလွန်သဘောကျနေဟန်တူပြီး စွဲဆောင်မှုရှိစွာပြုံး၍ ဆက်လက် ပရောပရည်လုပ်နေသည်။ ခဏအကြာ မင်းသားသုံးက ချောင်းတဟွတ်ဟွတ်ဆိုးကာ အာဟာရဖြစ်စေသောအရာများ ဖြည့်ထားသည့် ကြည်လင်နေသော ပုလင်းလေးကို ယူကာ သင်္ဘောပေါ်ရှိ အစောင့်များကို ပြောလိုက်သည်။
“ အားလုံးကို အောက်ချလိုက်။ အဲဒါတွေ အောက်ချရင် ဂရုတစိုက်လုပ်နော် ”
သူ၏အမိန့်ပေးစကားအပြီးတွင် နောက်လိုက်များနှင့် အစောင့်များက သင်္ဘောဝမ်းထဲမှ သေတ္တာကြီးများ သယ်ထုတ်လာကြသည်။ ထိုသေတ္တာများအားလုံး ပိတ်ထားသည်ဖြစ်၍ အထဲတွင် မည်သည့်အရာရှိနေသည်ကို မမြင်နိုင်ချေ။
“ ဂရုတစိုက်လေး လုပ်ကြကွ။ ပြီးရင် ငါ့ကိုလည်း မှတ်တမ်းတင်ထားဦး။ ဒါက အစ်ကိုအကြီးဆုံးအတွက် လုပ်ထားတာ။ သူက သိပ်အမြင်ကျဉ်းတယ်။ ငါ့ကို ပစ္စည်းက အရိုးများသလေး၊ ချေးခါးသလေး ပြောတာ မခံနိုင်ဘူးဟေ့ ”
မင်းသားသုံးက တဟားဟားရယ်မောကာ ဘေးပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများကို လက်နှစ်ဖက် ဆုပ်ပြလိုက်သည်။ ထို့နောက် သင်္ဘောပေါ်မှ ခံ့ညားထည်ဝါသောအမူအရာဖြင့် ဆင်း၍ သတ္တမမြောက်တောင်ထိပ်ကို တန်းတန်းမတ်မတ် သွားလိုက်သည်။
သူ ထွက်သွားသည်နှင့် ဆိပ်ကမ်းပေါ်ရှိ ဂိုဏ်းသားများက တစ်ယောက်ကိုတစ်ယောက် တွန်းဖယ်၍ အလျင်အမြန် နောက်ဆုတ်သွားကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ပြင်းထန်သော ဖိအားများ သက်ရောက်လာ၏။