← Chapters

👑 Gao Huai Pacifies Jiangnan

Vol. 17 Ch. 163

👑 Gao Huai Pacifies Jiangnan

Vol. 17 Ch. 163

ကျန်းကျီမြောင် သက်ပြင်းချမိသည်။

[အနောက်နန်းဆောင် ညီအစ်မတွေအကုန်လုံး ဘာလို့ အပြိုင်အဆိုင် ခေါင်းမာနေကြတာလဲမသိဘူး! ချန်ရှုယိတုန်းကလည်း အရှင်မင်းကြီးက အာဏာသုံးပြီး အမိန့်ထုတ် စုံစမ်းစစ်ဆေးခိုင်းဖို့ စီစဉ်ထားပြီးသား၊ ဒါပေမယ့် ချန်ရှုယိက ငြင်းခဲ့တယ်၊ တရားဝင်အကြောင်းပြချက်ရဖို့အတွက်နဲ့ ကြိဏ်ဒဏ်ကိုတောင် ခံယူခဲ့တာ]

[အခုကြင်ယာတော်သဲ့ နယ်စပ်ကိုသွားချင်တဲ့ကိစ္စမှာလည်း အရှင်မင်းကြီးက စီစဉ်ပေးနေပြီပဲမဟုတ်ဘူးလား၊ ဝူကျီးဘေးမှာ နေရာချထားပေးလိုက်ရင် ကြင်ယာတော်သဲ့ရဲ့ စမှတ်က မနိမ့်နိုင်ပါဘူး၊ ဒါလည်း ကြင်ယာတော်သဲ့က လက်မခံပြန်ဘူး၊ တော်ဝင်လုံခြုံရေးစခန်းမှာ ကိုယ့်အား ကိုယ်ကိုးပြီး နာမည်တစ်လုံးအရင်ဆောက်တည်ချင်သတဲ့!]

ကျန်းကျီမြောင် အတော်လေး စိုးရိမ်မိသည်။

ယခင်တုန်းက အစားကြီးမှုအပေါ် အခြေခံပြီး ယွဲ့လင်း သူ့ကိုယ်လုပ်တော်တွေကို ရွေးချယ်ထားသလားဟု ကျန်းကျီမြောင်ထင်ခဲ့မိသည်။ ယခုတော့ ခေါင်းမာမှုကိုအခြေခံပြီး ရွေးချယ်ထားတာ ဖြစ်မည်ဟု ခံစားနေရပါပြီ။

“ကြင်ယာတော်သဲ့ရဲ့ ဆန္ဒဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ”

ကျန်းကျီမြောင် တိုးညှင်းစွာ ရေရွတ်လိုက်ပါသည်။

“အကယ်၍ မတော်တဆမှုတစ်ခုခုများ ဖြစ်လာခဲ့ရင်…”

ယွဲ့လင်း ပြောလိုက်သည်။

“ကျန်း ညွှန်ကြားထားပြီးသားပါ၊ ကြင်ယာတော်သဲ့ အနောက်နန်းဆောင်ကို ပြန်လာချင်ရင် အချိန်မရွေးပြန် လာနိုင်တယ်”

ထိုအခါမှ ကျန်းကျီမြောင် စိတ်သက်သာစွာ သက်ပြင်းချမိတော့သည်။ သို့သော် သက်ပြင်းချပြီးတာနဲ့ တစ်ပြိုင်နက် ထပ်ပြီး စိတ်ပူသွားမိပြန်သည်။ ကြင်ယာတော်သဲ့လို ဒူပေ နာပေခံသူက လမ်းတစ်ဝက်ရောက်မှ လှည့်ပြန်မည့်အစား သေလမ်းကိုသာ ရွေးချယ်မည့်လူမျိုးဖြစ်သည်။

သို့သော် ကြင်ယာတော်သဲ့၏ ကိုယ်ပိုင်ရွေးချယ်မှုဖြစ်သဖြင့် ကျန်းကျီမြောင်ဘက်မှလည်း လေးစားပေးဖို့သာ ရှိသည်။

[ကြင်ယာတော်သဲ့ ဆန္ဒတွေ အမြန်ဆုံးပြည့်ဝပါစေလို့ မျှော်လင့်ရတာပဲ]

ကျန်းကျီမြောင်ကို ယွဲ့လင်း လှည့်ကြည့်လိုက်သည်။

“ကြင်ယာတော်သဲ့အကြောင်း ပြောလို့ပြီးသွားပြီဆိုတော့ ကျန်းတို့ တခြားအကြောင်းပြောကြမလား”

တခြားအကြောင်း ဟုတ်လား…

တခြားဘာအကြောင်း ရှိသေးလို့လဲ…

ကျန်းကျီမြောင် တစ်ဖက်သို့ ရုတ်တရက်လှည့်သွားပြီး ယွဲ့လင်းကို ကျောခိုင်းလိုက်ပါသည်။

သို့သော်လည်း စနစ်ကတော့ သူမ အာရုံထဲမှာ ပွစိပွစိလုပ်နေလေသည်။

“ဘာလို့ ကျောခိုင်းလိုက်တာလဲ! ငကြောက်ကြီး မလုပ်စမ်းပါနဲ့! ဆေးလုံးက လေးလုံးတောင်ကျန်သေးတာ၊ ရဲရဲကြီး သုံးပစ်လိုက်စမ်းပါ!”

“ကလေးရမှာ စိတ်ပူစရာမလိုဘဲ ပျော်လို့ရမယ့်အရေးကို! ဒါ ဇာတ်လိုက်မင်းသမီးကိုဗဟိုပြုထားတဲ့ စိတ်ကူးယဉ် ဇာတ်လမ်း တစ်ပုဒ်လိုပဲ!”

“ကျွန်ုပ်ပြောတာ နားထောင်စမ်းပါ၊ နောက်တစ်လုံးပေး လိုက်၊ အရှင်မင်းကြီးလည်း သောက်ချင်နေမှာ ကျိန်းသေတယ်”

စနစ်မှာ မရပ်မနား နားပူနားဆာလုပ်နေတော့သည်။

“နင်လစ်တော့”

ကျန်းကျီမြောင် ငေါက်လိုက်ပြီး စနစ်ကို အမှောင်ခန်းလေးထဲ လွှင့်ပစ် ပိတ်လှောင်ထားလိုက်တော့သည်။

ခွေးစနစ်က သူ့ကို မိစ္ဆာစိတ်တွေ ဝင်လာအောင် သွေးထိုးနေတာဖြစ်သည်။ ထိုဆေးလုံးကို နောက်တစ်ကြိမ်လုံးဝ ထပ်သုံးမည် မဟုတ်ပါ။

ကျန်းကျီမြောင်နောက်ကျောကို ကြည့်ရင်း ယွဲ့လင်း သက် ပြင်းချလိုက်မိပါသည်။

ဟူး… ပန်းတိုင်ရောက်ဖို့ တကယ်ဝေးကွာလွန်းသေးတာပဲ…

ယွဲ့လင်း၏ သက်ပြင်းချသံကိုကြားသောအခါ ကျန်းကျီမြောင် မျက်နှာနီမြန်းသွားခဲ့သည်။

ဒီခွေးဧကရာဇ် ဘာသဘောနဲ့ သက်ပြင်းချတာလဲ!

အနေခက်စရာအခြေအနေမှ လွတ်မြောက်နိုင်ဖို့ ကျန်းကျီမြောင် ဂိမ်းဖွင့်ကစားနေလိုက်ပါသည်။ ဒီနေ့ ကျန်းဟွမ်ရာဇဝင်ကိုသာကြည့်ရှုနေခဲ့တာဖြစ်တာကြောင့် ဂိမ်းအခမဲ့ ကစားခွင့်တွေ ကျန်နေပါသေးသည်။

[ဝါး… ဒီ ဇာတ်ကောင်လေးက အရမ်းမိုက်တာပဲ!!! ဗိုက်ကြွက်သားကြီးတွေကိုကြည့်စမ်းပါဦး! အကြည့်တွေကလည်း စူးရှနေတာပဲ! ရွေးမယ် ရွေးမယ် ဒီတစ်ယောက်ကို ကျိန်း‌သေပေါက် ရွေးရမယ်! သူ့ကို အနောက်နန်းဆောင်ထဲ ချက်ချင်းခေါ်ရမယ်၊ ဒီနေ့ည သွားကြင်နာရမယ်!]

ယွဲ့လင်း: “???”

[ဒီတစ်ယောက်လည်း မဆိုးဘူး၊ ဒါပေမယ့် စတိုင်က အဘိုးကြီးအို ပေါက်စလေးနဲ့တူတယ်၊ ရပါတယ်လေ၊ သူ့ကိုပါ ခေါ်လိုက်မယ်]

ယွဲ့လင်း: “???”

[ဒီတစ်ယောက်ကတော့ မဖြစ်ပါဘူး၊ ပုံစံက သွေးအေးရက်စက်မယ့် ပုံစံကြီးနဲ့ ဘော့စ်တစ်ယောက်အနေနဲ့တော့ အဆင်ပြေနိုင်ပေမယ့် ငါ့အနောက်ဆောင်ထဲ ဝင်လာဖို့ဆိုရင်တော့ လစ်လိုက်တော့]

ယွဲ့လင်း: “…”

မြောင်မြောင်၏အတွေးသံထဲက ‘ဘော့စ်’ဆိုတာ သူ့ကို ရည်ညွှန်းသည့် အခေါ်အဝေါ်ဖြစ်မှန်း ယွဲ့လင်းသိပါသည်။

သူ ဘယ်တုန်းကများ သွေးအေးရက်စက်ဖူးလို့လဲ!

“မြောင်မြောင်…”

ကျန်းကျီမြောင်ထံမှ အာရုံစိုက်မှုကိုရဖို့ ယွဲ့လင်း ကြိုးစားလိုက်သည်။

[မကြားဘူး ဘာမှမကြားဘူး! ပြန်မထူးဘူး! ဒီမိဖုရား အိပ် စက်သွားပါပြီ! အိုး… ဒီတစ်ယောက်က အချက်အပြုတ်ကောင်းတဲ့ ပါရမီပါတာပဲ၊ ပြီးတော့ တစ်ချက်ကြည့်လိုက်ရုံနဲ့ ပါရမီပြည့်စုံမယ့် ပုံစံလေး၊ ဒါလေးလည်း ယူမယ်]

ယွဲ့လင်း ထုံကျင်သွားရသည်။ ကျန်းကျီမြောင်၏ အတွေးသံတွေကြောင့် သူ့ခေါင်းပေါ်ကဆံပင်တွေ စိမ်းလာသလိုပင် ခံစားနေရပါသည်။

ထားလိုက်ပါတော့ ထားလိုက်ပါတော့!

သည်းခံလို့ရတာကို သည်းခံထားလိုက်!

ယွဲ့လင်း မျက်လုံးမှိတ်လိုက်ပြီး ဟန်ဆောင်ပန်ဆောင် အိပ်ပစ်လိုက်သည်။

အပေါ်ယံမှာတော့ အရှင်မင်းကြီးနှင့် မိဖုရားကြီးတို့ ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်နေကြသည်ဟု ထင်ရသော်လည်း တကယ်တမ်းတော့ တစ်ယောက်က အနောက်နန်းဆောင်ဂိမ်းကစားနေတာဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဘေးမှာ အိပ်ချင်ယောင်ဆောင်နေရင်း အံတွေကြိတ်နေမိခြင်းသာ။

-

ကျန်းကျီမြောင် နောက်ထပ်ခုနစ်ရက်လောက်အထိ အေးအေးလူလူ နေနိုင်ခဲ့သည်။ ဒီနေ့က ကျန်းဟွမ်ရာဇဝင် ဇာတ်သိမ်းပိုင်းကို ကြည့်ရှုရမည့်နေ့ဖြစ်သည်။

ဇာတ်လမ်းတွဲထဲက ဧကရာဇ်ယုံကျန်း မျက်လုံးတွေမှိတ်စက်သွားတာကိုမြင်ပြီး ကိုယ်လုပ်တော်များအားလုံး ရင်ထဲမှာ တစ်မျိုးကြီးခံစားလိုက်ရသည်။ ကျန်းဟွမ်ရာဇဝင်ကို ဒီရက်ပိုင်းအတွင်း မနားမနေတစ်ထိုင်တည်းကြည့်ရှုခဲ့တာကြောင့် ခပ်မြန်မြန်ဇာတ်သိမ်းသွားခဲ့ခြင်းဖြစ်သည်။

ဇာတ်သိမ်းပိုင်းကို ကြည့်ပြီးနောက် အားလုံးရင်ထဲ ဟာတာ တာကြီး ဖြစ်ကျန်ခဲ့ပါသည်။

ထိုစဉ် ကျန်းကျီမြောင်အာရုံထဲ အသိပေးချက်တစ်ခု ဝင်ရောက်လာခဲ့သည်။

“ချန်ကျင်းမင်ရဲ့ လျှို့ဝှက်ချက်ဖော်ထုတ်မှု ၁၀၀ ရာခိုင် နှုန်းအောင်မြင်သွားပါပြီ! ဂုဏ်ယူပါတယ် စနစ်ပိုင်ရှင်! စနစ်စတိုးဆိုင်အဆင့်မြှင့်တင်နိုင်မယ့် မစ်ရှင်ကိုအောင် မြင်သွားပါပြီ!”

ကျန်းကျီမြောင် မျက်လုံးများအရောင်လက်သွားပြီး ခါးမတ်မတ် ထထိုင်လိုက်ပါသည်။ ဒီမစ်ရှင် ဘားတန်းက တစ်ခါတလေမှ တက်လာလေ့ရှိတာဖြစ်သည်။ တစ်ခါတက်လာတိုင်း ချန်ကျင်းမင်နှင့် ပတ်သတ်သည့် လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည့်သဘော သက်ရောက်သည်။

၉၉ ရာခိုင်နှုန်းမှာ ရက်ပေါင်းများစွာ ရပ်တန့်နေခဲ့သော် လည်း ဒီနေ့တော့ ၁၀၀ ရာခိုင်နှုန်း ပြည့်သွားခဲ့ပါပြီ။

ဒီလိုရုတ်တရက်ပြည့်သွားတာက ကျန်းနန်မှာ သတင်းထူးတဲ့သဘောလား…

ကျန်းကျီမြောင် အတင်းအဖျင်းစနစ်ကို အမြန်ဖွင့်ကြည့်လိုက်ပါသည်။

စနစ်က တည်နေရာအပေါ်မူတည်ပြီး အတင်းအဖျင်းတွေကို ဆုံးဖြတ်တာဖြစ်သည်။ အနောက်နန်းဆောင်ထဲမှာ အတင်းအဖျင်းဖတ်ကြည့်သောအခါ ညီလာခံက အကြောင်းအရာတွေကို မြင်ရဖို့ ရှားပါသည်။

သို့သော် ဒီအတင်းအဖျင်းက ချန်ကျင်းမင်နှင့်ပတ်သတ်နေတာဖြစ်သည်။ ချန်ကျင်းမင်က ကြင်ယာတော်ချန်နှင့် ကြင်ယာတော်အန်းတို့၏ခမည်းတော်ဖြစ်သည်။ ထို့ကြောင့် သူ့ကိုလည်း အနောက်နန်းဆောင်နှင့် ဆက်နွယ်မှု ရှိနေသည်ဟု သတ်မှတ်လို့ရပါသည်။

“ဟုတ်တယ်မလားစနစ် ချန်ကျင်းမင်နဲ့ပတ်သတ်တဲ့ အတင်းအဖျင်းလေး နည်းနည်းပြပေးလို့ ပြဿနာ မရှိနိုင်ပါဘူး ဟုတ်တယ်မလား”

ကျန်းကျီမြောင် ခြိမ်းခြောက်လိုက်ပါသည်။

စနစ်အသံကို မကြားရတော့ပေ။ ထို့ကြောင့် ကျန်းကျီမြောင် အတင်းအဖျင်းကိုသာ ဖွင့်ကြည့်လိုက်တော့သည်။

အတင်းအဖျင်းသုံးခုအနက် ချန်ကျင်းမင်နှင့် ပတ်သတ်သည့် အတင်းအဖျင်းတစ်ခုသာပါဝင်သည်။ သို့သော် ကျန်းကျီမြောင် ကျေနပ်သွားပါသည်။ ထိုအတင်းအဖျင်းတစ်ခုတည်းနဲ့ မစ်ရှင်အောင်မြင်ဖို့ လိုအပ်နေသည့် ၁ ရာ ခိုင်နှုန်း ဘယ်ကနေ တက်လာသလဲဆိုတာ ကျန်းကျီမြောင် နားလည်သွားခဲ့သည်။

[ဒီနေ့မနက်ခင်း ညီလာခံမှာ သခင်ကြီးကောဟွိုက်ကို အရှင်မင်းကြီး ဆင့်ခေါ်ခဲ့တယ်တဲ့, သခင်ကြီးကောက ကျန်းနန်ကို လျှို့ဝှက်သွားရောက်ခဲ့ရတာလေ၊ အရင်တစ်ခေါက် တာတမံကိစ္စမှာတုန်းက သူ သဲလွန်စတွေ အများကြီး ရှာဖွေနိုင်ခဲ့တယ်]

[ဒီတစ်ခေါက် ကျန်းနန်ကို တိတ်တဆိတ်သွားရတဲ့အခါမှာလည်း အရင်က သဲလွန်စတွေနောက်ကိုလိုက်ပြီး ဆက်စုံစမ်းခဲ့တယ်၊ အရှင်မင်းကြီးဘက်ကလည်း အသစ်ရထားတဲ့ သဲလွန်စတချို့ကိုခြေလျှင်တပ်သားတွေနဲ့ သတင်းပါးခိုင်းခဲ့တယ်]

[အဲ့ဒီနောက် တာတမံတွေ ပျက်စီးနေရတဲ့ အကြောင်းအရင်းမှန်ကို ကောဟွိုက်ရှာတွေ့သွားပြီး အကျင့်ပျက်ခြစားနေတဲ့ အရာရှိတွေကိုလည်း စာရင်းပြုစုနိုင်ခဲ့တယ်၊ အဲ့ဒီစာရင်းနဲ့အတူ မြို့တော်ကို ပြန်လာဖို့လုပ်တဲ့အချိန် လုပ်ကြံသတ်ဖြတ်သူတွေနဲ့ ကြုံခဲ့ရတယ်တဲ့]

[ဒါပေမယ့် အရှင်မင်းကြီးက ကောဟွိုက်ကို ကာကွယ်ပေးဖို့နဲ့ ကျန်းနန်မှာရှိနေတဲ့ ယွဲ့ဟွာရဲ့လျှို့ဝှက်တပ်သားတွေကို ခြေရာခံဖို့ ကြိုတင်စီမံထားပြီးသား၊ ကောဟွိုက်က သူ့တပ်သားတွေကို အမိန့်ပေးပြီး အဲ့ဒီလုပ်ကြံသတ်ဖြတ်သူတွေကို ဝန်းရံခိုင်းလိုက်တယ်၊ နောက်ဆုံးတော့ အရပ်သားတွေရဲ့အကူအညီကိုပါ ရရှိသွားပြီး လုပ်ကြံသတ်ဖြတ်သူတွေကို ခြေမှုန်းနိုင်ခဲ့တယ်၊ ကျန်းနန်မှာ ယွဲ့ဟွာ စုဆောင်းထားတဲ့တပ်တွေ ဆယ်ပုံတစ်ပုံတောင် မကျန်တော့ဘူးတဲ့]

စနစ်က ဆက်ရှင်းပြလိုက်သည်။

“ကျန်းနန်မှာရှိတဲ့ တပ်သားတွေကို ချန်ကျင်းမင်က ထိန်း ချုပ်ထားတာ၊ အဲ့ဒီမတိုင်ခင်ကလည်း မြို့တော်မှာရှိတဲ့ ချန်ကျင်းမင်ရဲ့ အဆက်အသွယ်တွေကို တစ်ယောက်ချင်း ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သေးတယ်၊ အဲ့တာကြောင့် ချန်ကျင်းမင်ရဲ့လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ရမယ့် မစ်ရှင်အောင် မြင်သွားတာပါ”

ကျန်းကျီမြောင် ခေါင်းညိတ်လိုက်ပါသည်။ သူ လန်းဆန်း တက်ကြွသွားသလို ခံစားလိုက်ရပါသည်။

ကျန်းနန်မှာ ကောဟွိုက်ကြုံတွေ့ခဲ့ရသည့် အရာများကို ဇာတ်လမ်းအဖြစ်ရိုက်ကူးမည်ဆိုလျှင် အပိုင်း ၄၀ လောက် ရှည်သည့် ဇာတ်လမ်းတွဲတစ်ပုဒ်ဖြစ်သွားနိုင်သည်။ ဒါ့ကြောင့်လည်း ယွဲ့လင်းက ကောဟွိုက်ကို ကျန်းနန်သို့ နှစ်ကြိမ်နှစ်ခါ ပို့ဆောင်ခဲ့တာဖြစ်လိမ့်မည်။

ကောဟွိုက်က ရေကြီးရေလျှံမှုပြဿနာကို စီမံနိုင်ရုံသာမကဘဲ ဉာဏ်ပညာနဲ့ သတ္တိလည်းကောင်းမွန်လှသည်။ ဒီလို လူမျိုးက မျိုးဆက်ပေါင်းများစွာမှာ ကျော်ကြားသည့် အရာရှိတစ်ဦးဖြစ်သင့်သည်။

မူလဝတ္ထုထဲမှာတော့ ကံမကောင်းစွာဖြင့် သူ့လူတွေရဲ့ ရက် စက်မှုကြောင့် ကောဟွိုက်အသက်ဆုံးရှုံးခဲ့ရသည်။ နှမျောစရာ ကောင်းလွန်းပါသည်။ ဒီဘဝမှာတော့ ကံကောင်းသွားပြီဖြစ်ကာ သူ့အရည်အချင်းတွေကို ထုတ်ပြနိုင်ခဲ့ပါပြီ။

ကျန်းနန်မှာ ရှိနေသည့် ယွဲ့ဟွာစဩဇာအာဏာများလုံးဝ ပြိုကွဲသွားခဲ့ပြီဖြစ်သည်။ အရှင်မင်းကြီးအတွက် ယွဲ့ဟွာ အတောင်ပံတစ်ဖက်ကို ဖြတ်ပစ်လိုက်နိုင်ပါပြီ။

ကျန်းနန်အား အပြီးအပြတ် စာရင်းရှင်းပြီးသွားသောအခါ ယွဲ့ဟွာ၏တပ်ဖွဲ့များက မြို့တော်အနီးနားတစ်ဝိုက်မှာသာ စုစည်းကျန်ရှိတော့မည်။ ကျန်းကျီမြောင် သွေးနံ့များအား ရရှိနေပြီဖြစ်သည်။

ရက်စက်ကြမ်းကြုတ်ပြီး သွေးချောင်းစီးမည့် တိုက်ပွဲကြီးက သူ့ မျက်စိရှေ့မှာတင်ရှိနေပြီဖြစ်သည်။

All Chapters