← Chapters

👑 Falling out

Vol. 17 Ch. 169

👑 Falling out

Vol. 17 Ch. 169

ရဲမက်တပ်သားတွေကလည်း ညွှန်ကြားချက် ကြိုတင်ရရှိထားပြီးသားဖြစ်သည်။

ထို့ကြောင့် စုစစ်ယောင် လက်မြှောက်လိုက်တာကို မြင်တာနဲ့တစ်ပြိုင်နက် ချက်ချင်းလှုပ်ရှားခဲ့ကြပါသည်။

စုစစ်ယောင် အနောက်မှာ ရပ်နေသည့်ရဲမက်က သူမ၏ ဇက်ပိုးကို လက်ဝါးစောင်းဖြင့် အားပြင်းပြင်းရိုက်ချပစ် လိုက်သည်။

နာကျင်မှုကြောင့် စုစစ်ယောင် ကြံစည်နေတာတွေအကုန် ရပ်တန့်သွားခဲ့ရပါသည်။

ကျန် ရဲမက်တပ်သားတွေလည်း အပြေးရောက်လာကြပြီး စုစစ်ယောင်ကို တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားလိုက်ကြသည်။

စုစစ်ယောင် ရုန်းကန်ဖို့ ကြိုးစားသော်လည်း အသုံးမဝင်သဖြင့် ရဲမက်တွေကို စူးစူးဝါးဝါးကြည့်ကာ မကျေမနပ် ပြောလိုက်လေသည်။

“ဒါဘာသဘောလဲ! ပြဿနာကို သေသေချာချာတောင် မစုံစမ်းရသေးဘူး နင်တို့တွေက-…!”

စုစစ်ယောင် စကားမဆုံးခင် ပါးစပ်ထဲ အဝတ်စုတ်တစ်စ ထိုးထည့်ခံလိုက်ရသည်။

“မေ့တော့မလို့ပဲ၊ ဒီမိန်းမက အန္တရာယ်အရမ်းများတယ်လို့ သခင်ကြီးလင်း မှာထားတယ်၊ သူ့ကို စကားပြောခွင့်မပေးတာ အကောင်းဆုံးပဲ”

“ခဏစောင့်နေ၊ မြို့တော်ဝန်နဲ့ တခြားသူတွေ ခဏနေရင် ရောက်လာလိမ့်မယ်”

-

အနောက်နန်းဆောင်တွင်…

မနက်အစောကြီးကတည်းက ကျန်းကျီမြောင် စောင့်နေခဲ့တာဖြစ်သည်။ ဒီနေ့ လှုပ်ရှားတော့မည်ဟု ယွဲ့လင်း အသိ ပေးထားတာကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် ကျန်းကျီမြောင် အချိန်ကို ခန့်မှန်းတွက်ဆ လိုက်ပြီး မိတ်ဆွေဟောင်းကြီး ယွဲ့ဟွာအပေါ်မှာ အမြင်ဖလှယ်ခြင်း အဆောင်ကိုသုံးခဲ့ပြန်သည်။

ယွဲ့ဟွာက အတင်းအဖျင်းတိုင်းရဲ့ရှေ့ဆုံးမှာ အမြဲလိုလို ရောက်နေတတ်သဖြင့် ကျန်းကျီမြောင်ပင် အားကျမိနေပါပြီ။

စုအိမ်တော်မှ အခြေအနေတွေကို ကိုယ်လုပ်တော်တွေအား လုံး မိဖုရားကြီးနဲ့အတူတူ ဖုန့်ယီနန်းဆောင်မှာ ကြည့်ရှုနေကြသည်။

ပထမတော့ စုစစ်ယောင် လွတ်မြောက်သွားမှာစိုးသဖြင့် အားလုံး စိုးရိမ်ပူပန်ခဲ့ကြပါသည်။

စုကျဲယွီတစ်ယောက် လက်ထဲက လက်ကိုင်ပဝါကို တင်း တင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။

စုစစ်ယောင်မှာ ပြဿနာရှိနေသည့်အကြောင်းကို မယ်တော့်ထံ တိတ်တဆိတ်သတင်းပို့ခဲ့သူမှာ သူမ ဖြစ်သည်။ မယ်တော်လည်း သူ့အား အကြွင်းမဲ့ယုံကြည်သည်။

သို့သော် စုစစ်ယောင်၏ပြစ်မှုတွေကို ဖော်ထုတ်ဖို့အတွက် သက်သေခိုင်ခိုင်လုံလုံမရှိခဲ့သဖြင့် ဖခင်ဖြစ်သူကို ပြောပြဖို့ မလွယ်ကူခဲ့ပါ။

အိမ်တော်ရှေ့မှာ စုမင်ယွမ် ပိတ်ဆို့ထားသည့်မြင်ကွင်းကို မြင်ခဲ့ရတုန်းက ကြင်ယာတော်စု စိတ်ဖိစီးလွန်းသဖြင့် ဖခင်ဖြစ်သူကို ချက်ချင်းသွားတားချင်ခဲ့မိသည်။

ကံကောင်းစွာဖြင့် ဖခင်မှာ အသိစိတ်အမြန်ဝင်လာခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် စုမိသားစုဝင်တွေအားလုံး ဘေးကင်းသွားပြီဖြစ်ကာ အသက်ဆက်ရှင်နိုင်တော့မည်ဖြစ်သည်။

လျှို့ဝှက်မြေအောက်ခန်းကို ရှာတွေ့သွားသည့်အခါမှ ကိုယ်လုပ်တော်များအားလုံး စိတ်အေးနိုင်တော့သည်။

စုစစ်ယောင်၏ကုတင်အောက်ရှိ မြေအောက်ခန်းထဲမှာ ရှန်းကွမ့်ပေါ်ကို ဖမ်းဆီးထားကြောင်း ယခင်တုန်းက မိဖုရားကြီးအတွေးသံမှတဆင့် သူမတို့ ကြားဖူးခဲ့ပါသည်။

ရှန်းကွမ့်ပေါ်ကို ရှာတွေ့တာနဲ့ သက်သေတွေအားလုံး အချိတ်အဆက် မိသွားကြလိမ့်မည်။

စုစစ်ယောင်… ချန်ကျင်းမင်…

ဘယ်သူမှ လွတ်မြောက်နိုင်မှာ မဟုတ်တော့ပါ။

ချန်ရှုယိလည်း စိုးရိမ်ပူပန်မှုဖြင့် ခါးမတ်သွားခဲ့လေသည်။

-

အချိန်အတန်ကြာသောအခါ…

စုစစ်ယောင်၏စိတ်ချောက်ချားနေသော အကြည့်အောက်တွင်မြို့တော်ဝန်နှင့် တခြားသူတွေအားလုံးဧရာမ စည်ပိုင်း ကြီးတစ်ခုကို သယ်ဆောင်ပြီးပြန်ထွက်လာခဲ့ကြပါသည်။

သူတို့နဲ့အတူပါသွားသည့် လူတွေအားလုံး မျက်နှာအလွန်အကျည်းတန်လျက် ပြန်ထွက်လာကြသည်။

သူတို့အားလုံးက လောကဓံမုန်တိုင်းများစွာကို ဖြတ်ကျော်ဖူးသူတွေ ဖြစ်ကြသော်လည်း ဒီလောက်ထိ ရက်စက်ကြမ်း ကြုတ်မှုမျိုးကတော့ အလွန်တွေ့ရခဲသည်။

စည်ပိုင်းကြီးထဲမှာ ရှိနေတာက တခြားအရာမဟုတ်ဘဲ လူတစ်ယောက်သာ။ သို့သော် ထိုလူသည် လူနှင့်မတူတော့ပေ။

လက်နှစ်ဖက် ခြေနှစ်ဖက်စလုံး ဖြတ်တောက်ခံထားရပြီး နှာခေါင်းကိုလည်း ဖြတ်တောက်ခံထားရပုံပေါ်သည်။ ခန္ဓာကိုယ်တစ်ခုလုံးကို ထူးဆန်းသည့် ဆေးရည်တစ်မျိုးထံ အစိမ်ခံထားရသဖြင့် ဆိုးဆိုးရွားရွား အနံ့ကြီးတစ်ခု ထွက်နေပါသည်။

“ဒါ နတ်ဆေးသမားတော်ကြီး ရှန်းကွမ့်ပေါ်လေ”

စည်ပိုင်းကြီးထဲက ရှန်းကွမ့်ပေါ်ကို ကြည့်ရင်း ဟယ်ယင်း လှောင်ပြုံးပြုံးကာ ပြောလိုက်ပါသည်။

ရှန်းကွမ့်ပေါ်ကို ဒီလိုပုံစံမျိုးနဲ့ မြင်လိုက်ရတာ သူ ကြောက် လည်းမကြောက်သလို ရင်လည်းမနာမိပေ။ တကယ်တော့ ဝမ်းပင် သာမိပါသေးသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်တုန်းက စုစစ်ယောင်ထွက်သွားတာ သူ့ကြောင့်ဟု အပြစ်တင်ပြီး သူမ ခြေထောက်တွေကို ပျက်စီးသွားအောင် ရှန်းကွမ့်ပေါ်လုပ်ခဲ့သည်။ မျက်နှာကိုလည်းဖျက်ဆီးပစ်ခဲ့ပြီး သံကြိုးတွေနှင့်ခတ်ကာ သတ္တဝါတစ်ကောင်သဖွယ် ဖမ်းဆီးချုပ်နှောင်ထားခဲ့သည်။

သူမကို မသတ်ခဲ့သည့် တစ်ခုတည်းသောအကြောင်းအရင်းက စုစစ်ယောင်ပြန်လာမှ သူမလက်နှင့် ကိုယ်တိုင် အပြစ်ပေးစေချင်သောကြောင့်ပင်။

စက်ဆုပ်စရာ ကောင်းလိုက်တာ!

ဟယ်ယင်းက မိသားစု၏တစ်ဦးတည်းသော သမီးဖြစ် သည်။ သူ့အနာဂတ်အတွက်တွေးပူပြီး မိဘတွေက ရှန်းကွမ့်ပေါ်ကို မွေးစားသားအဖြစ်မွေးစားခဲ့ခြင်းဖြစ်သည်။ မိဘတွေ ကွယ်လွယ်သွားသောအခါ ဟယ်မိသားစု၏ပိုင်ဆိုင်မှုများနဲ့အတူ ရှန်းကွမ့်ပေါ်ကို ဟယ်ယင်းလက်ထပ်ခဲ့သည်။

ရှန်းကွမ့်ပေါ် စွေ့ယွင်တောင်ပေါ်မှာ ပူပင်ကြောင့်ကြမှုမရှိဘဲ ဆေးပညာကို အေးအေးလူလူ သင်ယူနိုင်ခဲ့ခြင်းက ဟယ်မိသားစု၏စည်းစိမ်အထောက်အပံ့များကြောင့်သာ။

နောက်တော့ ရှန်းကွမ့်ပေါ် ပညာရည်တွေ အဆက်မပြတ် တိုးတက်လာခဲ့ပြီး အဆိပ်ဖော်စပ်စွမ်းရည်ကလည်း ပြိုင်ဘက်ကင်း ဖြစ်လာခဲ့သည်။

ဟယ်ယင်းက အဆိပ်တွေကိုကြောက်ရွံ့သဖြင့် ရှန်းကွမ့်ပေါ်ကို သတိထားဖို့နှင့် အပြင်လောကကို ဒီနည်းလမ်းတွေ ပြန့်မသွားစေဖို့ သတိပေးခဲ့သည်။

အစကတော့ ရှန်းကွမ့်ပေါ်လည်း သဘောတူခဲ့သည်။ သူ့လက်အောက်မှာ တပည့်နှစ်ယောက် မွေးမြူထားသော် လည်း ပညာတွေကိုအကုန်မသင်ပေးဘဲ တချို့တဝက်ကိုသာ သင်ပေးခဲ့တာဖြစ်သည်။

စုစစ်ယောင် ရောက်မလာခင်အထိတော့ အားလုံးအဆင် ပြေချောမွေ့ခဲ့ပါသည်။

စုစစ်ယောင် ရောက်လာပြီးနောက် တပည့်မလေးအတွက် ရှန်းကွမ့်ပေါ် ရူးသွပ်သွားပြီး ဘာပညာကိုမှ မဖုံးကွယ်ဘဲ အားလုံးသင်ကြားပေးခဲ့သည်။

ဟယ်ယင်း စိတ်တွေလေးလံနေသဖြင့် ရှန်းကွမ့်ပေါ်ကို အကြိမ်ကြိမ် သတိပေးဖို့ကြိုးစားခဲ့ပြန်ပါသည်။

ဒါကိုသိတော့ စုစစ်ယောင်ငိုယိုပြီး ရှန်းကွမ့်ပေါ်ကို သွားတိုင်ကြားခဲ့သည်။ သူမကို ဟယ်ယင်းကစက်ဆုပ်အထင် အမြင်သေးသဖြင့် မောင်းထုတ်ဖို့ ကြံစည်နေသည်ဟုပင် ဆိုခဲ့သေးသည်။

ရှန်းကွမ့်ပေါ်လည်း သူမ ပြောသမျှကို ယုံကြည်ခဲ့သည်။ စုစစ်ယောင်ကြောင့်နဲ့ သူမတို့ ဇနီးမောင်နှံ မကြာခဏ စကားများရန်ဖြစ်ခဲ့ကြသည်။

စုစစ်ယောင်အပေါ် ရှန်းကွမ့်ပေါ် ခံစားချက်တွေရှိနေမှန်း ဟယ်ယင်းမြင်နိုင်သည်။ အချိန်အတော်ကြာအောင် ပဋိပက္ခဖြစ်ပြီးနောက် သူမ ပင်ပန်းနေပါပြီ။

ထို့ကြောင့် စွေ့ယွင်တောင်မှ ဟယ်ယင်းထွက်သွားဖို့ ပြင်ခဲ့သည်။ ဒီဆရာတပည့်နှစ်ယောက် ရှေ့လျှောက်ဘာပဲ လုပ်ကြပါစေ သူနှင့် မသက်ဆိုင်တော့ပါ။

သို့သော်…

သူထွက်သွားခါနီးစဲစဲ အချိန်တွင် စုစစ်ယောင် စကားလာပြောခဲ့သည်။ ရှန်းကွမ့်ပေါ်ကို သူ့လက်ထဲသာ ပြန်အပ်ခဲ့မည်ဟု တည်တည်ငြိမ်ငြိမ်ပြောခဲ့သည်။

ထို့နောက် မျက်ရည်များဖြင့် ငိုကြွေးလျက် စုစစ်ယောင် ထွက်သွားခဲ့လေတော့သည်။

စုစစ်ယောင်ကို သူက မနာလိုတာကြောင့် ရိုက်နှက်၊ ဆုံးမ အနိုင်ကျင့်ခဲ့တာဟု ထိုနေ့ညက သတင်းပြန့်သွားခဲ့သည်။ ဒါ့ကြောင့် စုစစ်ယောင် စွေ့ယွင်တောင်မှာ ဆက်မနေနိုင်ခဲ့တာဟု ဠဆိုခဲ့ကြပါသည်။

ခင်ပွန်းယောက်ျားဖြစ်သူကော၊ သူမ ပျိုးထောင်ထားခဲ့သည့် ကလေးနှစ်ယောက်ကကော ဒါကို ယုံကြည်ကြသည်။ သူမ ဘာမှမလုပ်ခဲ့မိကြောင်း အကြိမ်ကြိမ်ရှင်းပြခဲ့သော်လည်း မည်သူမှ မယုံကြည်ခဲ့ချေ။

ရှန်းကွမ့်ပေါ်က သူမကို ‘အဆိပ်ပြင်းသည့်မိန်းမ’ဟု ခေါ် ဝေါ်စွပ်စွဲပြီး ခြေထောက်နှစ်ဖက်စလုံး အသုံးမပြုနိုင်တော့အောင် လုပ်ခဲ့သည်။ သူ့ မျက်နှာကိုလည်း ဖျက်ဆီးခဲ့ကာ ခွေးတစ်ကောင်လို ပိတ်လှောင်ထားခဲ့သည်။

ကံကောင်းစွာဖြင့် သူမကိုရှန်းကွမ့်ပေါ် သတ်ဖို့ အစီအစဉ်မရှိသေးသဖြင့် အစာတော့ အငတ်မထားခဲ့ပေ။

စွေ့ယွင်တောင်ပေါ်သို့ ယွဲ့လင်း၏လူတွေ ရောက်မလာခင်အထိ သူမ ယခုလိုဒုက္ခခံခဲ့ရသည်။

စုစစ်ယောင်၏ပြစ်မှုတွေအတွက် သက်သေခံပေးဖို့ သူမကို လိုအပ်သည်ဟု ကြားလိုက်ရသောအခါ ဟယ်ယင်း မဆိုင်းမတွ သဘောတူခဲ့သည်။

ယခု သူမထက် အဆရာပေါင်းများစွာ ဘဝစုတ်ပြတ်သွားသည့် ရှန်းကွမ့်ပေါ်ကို ကြည့်ရင်း ဟယ်ယင်းအလွန်ဝမ်း မြောက်သွားခဲ့ပါသည်။

ကြည့်ပါဦး…

ရှင့်ရဲ့ စိတ်နှလုံးသား ဖြူစင်ရိုးသားတဲ့ တပည့်မလေးလေ!

စုစစ်ယောင်ကို မြတ်နိုးလှချည်ရဲ့ဆို!

သေတာထက်ဆိုးရွားသည့် ဒီဘဝကိုလည်း ရှန်းကွမ့်ပေါ် ကိုယ်တိုင်ပဲ ရွေးချယ်ခဲ့တာဖြစ်သည်။

ရှန်းကွမ့်ပေါ် အသိစိတ်အနည်းငယ်ရှိနေသေးပုံပေါ်ပြီး ဟယ်ယင်းကို မြင်သောအခါ ‘ဝူးဝူးဝါးဝါး’အသံတွေ လုပ်ပြနေပါသည်။

ဟယ်ယင်းက သူ့ကိုအပြုံးဖြင့်သာ ကြည့်နေပါသည်။ ရှန်းကွမ့်ပေါ်၏ဆိုးရွားလှသော အခြေအနေကို သူမ ကြည့်လို့ မဝနိုင်ပါ။

“သခင်ကြီးလင်း”

ဟယ်ယင်း သိမ်မွေ့စွာ လျှောက်တင်လိုက်သည်။

“တစ်ချိန်တုန်းက စွေ့ယွင်တောင်မှာ စုစစ်ယောင် ဆေးပညာလာသင်ကြားခဲ့ဖူးပါတယ်၊ ကျွန်မရဲ့ ခင်ပွန်းက သူ့ကို အရမ်းနှစ်သက် သဘောကျတာလေ၊ နှစ်ယောက်သား လင်မယားတွေလို သွားအတူ၊ လာအတူ၊ စားအတူ၊ အိပ်အတူပါပဲ”

“သောက် အဓိပ္ပာယ်မရှိတာတွေ!!!”

စုစစ်ယောင်၏ ပါးစပ်က အဝတ်ဖြင့် ဆို့ခံထားရသဖြင့် ဘာမှမပြောနိုင်သော်လည်း ယွဲ့ဟွာကတော့ သည်းမခံနိုင်တော့ဘဲ ကျယ်လောင်စွာဝင်ဟိန်းဟောက်လိုက်ပါသည်။

ဘာကို စားအတူ အိပ်အတူလဲ!

စစ်ယောင်က သူ့မိန်းကလေးပဲ!

ယွဲ့ဟွာကို ဟယ်ယင်းလှည့်ကြည့်လိုက်သည်။

“ကျွန်မက ဘာလို့ မဟုတ်တာ ပြောရမှာလဲ အရှင်မင်းသား၊ကျွန်မတို့က တောင်ပေါ်မှာ သီးခြားနေထိုင်တာမို့လို့ ရိက္ခာတွေ ဝယ်ယူဖို့အတွက် တောင်ခြေကိုဆင်းရလေ့ရှိတယ်၊ အစကတော့ အဲ့ဒီအလုပ်တွေအားလုံးကို ကျွန်မ တာဝန်ယူထားခဲ့ရတာ”

“ဒါပေမယ့် သူတို့နှစ်ယောက်ဆုံပြီးတဲ့နောက်ပိုင်း ကျွန်မကို ရှောင်နိုင်ဖို့အတွက် တောင်‌ခြေဆင်းရမယ့် တာဝန်ကို သူတို့ လွှဲပြောင်းယူလိုက်ကြတယ်၊ ကျွန်မကတော့ ကျွန်မကို သက်သာအောင် သူတို့စာနာထောက်ထားပြီး ကူညီပေးခဲ့တာလို့တောင် ထင်ထားခဲ့တာ၊ တောင်ခြေကို ရောက်တိုင်း ဇနီးမောင်နှံတွေလို ပူးပူးတွဲတွဲဖြစ်နေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ၊ တောင်ခြေမှာရှိတဲ့ အဲ့ဒီမြို့ငယ်လေးမှာ ဒီကိစ္စကို သေချာစုံစမ်းမယ်ဆိုရင် မျက်မြင်သက်သေတွေကိုတောင် ရှာတွေ့နိုင်ပါတယ် အရှင်မင်းသား”

ယွဲ့ဟွာမျက်နှာက အကျည်းတန်သထက် အကျည်းတန်လာပြီး အတော်လေးအကျည်းတန်လာခဲ့ပါသည်။

သူက မိန်းမတွေကြိုက်သလောက် ယူလို့ရသည်။ သို့သော် သူ့မိန်းမတွေမှာတော့ သေသည်အထိယောက်ျားဟူ၍ သူတစ်ယောက်တည်းသာရှိရပါမည်။

စုစစ်ယောင် အပျက်မ!!!

ငါ့ကို လှည့်စားရဲတယ်ပေါ့!!!

စုစစ်ယောင်ကို အဆိပ်ပြင်းသောအကြည့်ဖြင့် ယွဲ့ဟွာ ချက်ချင်းလှည့်ကြည့်လိုက်သည်။

All Chapters