← Chapters

👑 Bringing Up Old Matters

Vol. 18 Ch. 172

👑 Bringing Up Old Matters

Vol. 18 Ch. 172

ယွဲ့ဟွာ ပြတ်ပြတ်သားသား လှည့်ထွက်လာခဲ့သည်။

ထိုစဉ် အမြင်ဖလှယ်သည့် အဆောင်လည်း အချိန်ပြည့်သွားပြီဖြစ်ကာ ကျန်းကျီမြောင် အာရုံထဲက ပုံရိပ်များ ချက်ချင်းပျောက်ကွယ်သွားခဲ့ပါသည်။

ကျန်းကျီမြောင်မျက်နှာ သိပ်မလန်းဆန်းနိုင်ဘဲ အနည်း ငယ် မှိုင်တွေသွားခဲ့သည်။

စုစစ်ယောင် ဖမ်းဆီးခံလိုက်ရပြီး ချန်ကျင်းမင်လည်း စစ်ဆေးမေးမြန်းခံရတော့မည်။

ယွဲ့ဟွာအတွက် လမ်းဆုံးကို ရောက်နေပါပြီ။

သို့သော် သူက အဘက်ဘက်မှပြည့်စုံသည့် ဇာတ်လိုက်မင်းသားဖြစ်သဖြင့် ဒီလို လွယ်လွယ်ကူကူ အရှုံးပေးမှာ မဟုတ်ပါ။ တန်ပြန်တိုက်ခိုက်ဖို့ အသည်းအသန် ကြိုးစားမှာသေချာသည်။

ထိုအရာတွေအတွက် ယွဲ့လင်း ပြင်ဆင်ထားပြီးသားဖြစ်လောက်သည်။

ယခင်တုန်းက ယွဲ့ဟွာအပေါ် ယွဲ့လင်း ပြတ်ပြတ်သားသား မဆုံးဖြတ်ခဲ့ရခြင်းမှာ အခြေအနေတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်လာမှာ စိုးရိမ်တာကြောင့်ဖြစ်သည်။ ယခု လဝက်လောက် ကုန်ဆုံးသွားပြီဖြစ်ပြီး ဒီအဆင့်ထိရောက်လာခဲ့ကြပါပြီ။

ယွဲ့ဟွာဘယ်လို တန်ပြန်တိုက်ခိုက်လာမလဲဆိုတာ ကျန်းကျီမြောင်မသိပါ။

ထို့နောက် ရှို့အန်းနန်းဆောင်ရှိရာဘက်သို့ ကျန်းကျီမြောင် ငေးကြည့်လိုက်မိသည်။

မယ်တော်ကြီးမှာ ယွဲ့လင်း၏မယ်တော်အရင်းဖြစ်သည်။ ယွဲ့ဟွာအတွက်လည်း မယ်တော်ကြီးက ဝှက်ဖဲတစ်ချပ်ဖြစ်နိုင်သည်။ ထိုဝှက်ဖဲကို ယွဲ့ဟွာ ဘယ်လို အသုံးချမလဲဆိုတာ ခန့်မှန်းရခက်သည်။

သတင်းထူး သိရမလားအတွေးဖြင့် ဒီနေ့အတွက် အတင်း အဖျင်းတွေကို ဖတ်ကြည့်ဖို့ ကျန်းကျီမြောင် ကြံရွယ်လိုက်ပါသည်။

ထိုစဉ် ယွဲ့လင်း အချိန်ကိုက် ကြွမြန်းလာခဲ့လေသည်။ ယွဲ့လင်းပုံစံက အလွန်တက်ကြွနေပုံပေါ်ပြီး တစ်ကိုယ်လုံးလည်း တောက်ပလို့နေသည်။

ကျန်းကျီမြောင် အာရုံထဲမှာမြင်ခဲ့သမျှကို ယွဲ့လင်းလည်း သိရှိပြီးသွားပြီဖြစ်မှန်း သေချာသည်။

ဒါတွေအားလုံးကို ယွဲ့လင်းကိုယ်တိုင် စီစဉ်ထားခဲ့တာဖြစ်သဖြင့် သူသိနေတာ မထူးဆန်းပါ။ ပြဿနာကို ယွဲ့လင်းက ကျန်းကျီမြောင်ထက်ပင် အသေးစိတ်နားလည်နိုင်သေးသည်။

“အရှင်မင်းကြီး”

ထိုအတွေးဖြင့် ကျန်းကျီမြောင် မျက်လုံးများ အလွန်တောက်ပသွားခဲ့သည်။

“ကိစ္စတွေအကုန် ဆောင်ရွက်ပြီးသွားပြီလား၊ မြန်မြန်ထိုင်ပြီး အနားယူလိုက်ပါဦး”

ယွဲ့လင်းကို ကိုယ်လုပ်တော်များအားလုံး စိတ်ဝင်တစား ဝိုင်းကြည့်လိုက်ကြပါသည်။ မိဖုရားကြီး၏တိုက်ရိုက်ထုတ်လွှင့်မှုကို အားလုံးမြင်ခဲ့ရသော်လည်း စိတ်ကျေနပ်မှု သိပ်မရှိသေးပါ။

ကြင်ယာတော်စု မျက်လုံးများတောက်ပသွားခဲ့သည်။ ညီ အစ်မတွေအတွက် ရှေ့ဆုံးက ဦးဆောင်ပေးဖို့ သူမ ဆုံးဖြတ်လိုက်ပါသည်။

သူမမှာလည်း ကိုယ့်အကြောင်းအရင်းနဲ့ကိုယ်ရှိပါသည်။ ထို့ကြောင့် စုစစ်ယောင် ဖမ်းဆီးခံထားရတုန်း အမြန်ဆုံး ဖြေရှင်းမှ ဖြစ်မည်။

“အရှင်မင်းကြီးနဲ့ အရှင်မတို့…”

ကြင်ယာတော်စု နူးညံ့သိမ်မွေ့စွာ လျှောက်တင်လိုက်ပါသည်။

“ဒီကြင်ယာတော်မှာ အရေးကိစ္စတစ်ခု ရှိနေပါတယ်၊ လျှောက်တင်သင့် မတင်သင့် စဉ်းစားဆုံးဖြတ်နေတာပါ”

“လျှောက်တင်စေ”

ယွဲ့လင်း ထိုင်ကာ မိန့်ကြားလိုက်ပါသည်။

ကြင်ယာတော်စုက ပြောလိုက်သည်။

“အရင်တုန်းက ဒီကြင်ယာတော်ကို ညီမဖြစ်သူက လက် ကောက်လေးတစ်ကွင်း လက်ဆောင်ပေးခဲ့ဖူးတယ်၊ နောက်တော့ အဲ့ဒီလက်ကောက်လေးကို အရှင်မက နှစ်သက်တယ်ဆိုလို့ ဒီကြင်ယာတော်လက်ဆောင်အဖြစ် ဆက်သခဲ့ပါတယ်၊ ဒါပေမယ့် အခု သေချာပြန်စဉ်းစားကြည့်မှ အဲ့ဒီလက်ကောက်မှာ ပြဿနာတစ်ခုခု ရှိနေနိုင်တယ်လို့ သံသယဖြစ်မိတယ်၊ အရှင်မရဲ့ မြင့်မြတ်တဲ့ ခန္ဓာကိုယ် ထိခိုက်မှုရှိမှာစိုးရွံ့မိပါတယ်၊ အဲ့ဒါကြောင့် အရှင်မ အဲ့ဒီလက်ကောက်ကို ထိန်းသိမ်းထားသေးလားဆိုတာ ဒီကြင်ယာတော် မေးမြန်းချင်တာပါ”

လက်ကောက်ကိစ္စကို ကြင်ယာတော်စုရုတ်တရက်် လျှောက် တင်လိုက်သဖြင့် ကိုယ်လုပ်တော်များအားလုံး နားလည်သွားကြသည်။

ပြဿနာတွေကို အမြစ်ပြတ်ဖြေရှင်းဖို့ ကြံရွယ်နေတာ ဖြစ်ပါလိမ့်မည်။

ကျန်းကျီမြောင်တစ်ယောက်တည်းသာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

[အဲ့ဒီလက်ကောက်မှာ ပြဿနာရှိနေမှန်း ကြင်ယာတော်စု ခန့်မှန်းထားပြီးသားလား၊ အဲ့တာကြောင့်လည်း အရင်တစ်ခေါက် လက်ကောက်ကို တောင်းခဲ့တုန်းက သူငါ့ကို မကျေမနပ် မဖြစ်ခဲ့တာကိုး၊ ဒါပေမယ့် မဟုတ်သေးပါဘူး၊ လက် ကောက်အကြောင်းကို ကြင်ယာတော်စု အစောကြီးက တည်းကသိနေရင် မူရင်းဝတ္ထုထဲမှာ အဲ့ဒီအဆိပ်ကြောင့် ဘာလို့ သေသွားရတာလဲ ? ကိုယ်လုပ်တော်ရှားကိုတောင် သံသယဝင်ခဲ့သေးတယ်]

ကိုယ်လုပ်တော်ရှားကို ကျန်းကျီမြောင် လှမ်းကြည့်လိုက်သည်။

[ဒီဘဝမှာလည်း ကြင်ယာတော်စုနဲ့ ကိုယ်လုပ်တော်ရှားတို့ တော်တော်‌လေး အဆင်ပြေကြတဲ့ပုံစံပါပဲ၊ အရင်ဘဝတုန်းက ဘာကြောင့်မှန်းမသိဘဲ အသေအကျေတိုက်ခိုက်ခဲ့ကြတာတဲ့လား၊ ဒါတွေအားလုံး ငါ့ကျေးဇူးကြောင့်ပဲဖြစ်မယ်! အနောက်နန်းဆောင်ကို ငါနေ့တိုင်း ကောင်းကောင်းမွန်မွန် စီမံအုပ်ချုပ်ပေးခဲ့ပြီး ညီအစ်မတွေကိုလည်း တစ်ယောက်ကို တစ်ယောက် နားလည်မှုမလွဲစေဘဲ အချင်းချင်း ခင်မင်ရင်းနှီးမှုတွေ တိုးလာအောင် ငါလုပ်ပေးနိုင်ခဲ့တာ!]

[ကိုယ်လုပ်တော်ရှားနဲ့ ပိုရင်းနှီးသွားလို့ လက်ကောက်အကြောင်းကို ကြင်ယာတော်စု နားလည်သွားတာဖြစ်မယ်၊ ဒါ့ကြောင့်အရင်ဘဝတုန်းကလိုမျိုး နားလည်မှုမလွဲခဲ့တာပေါ့၊ အားလုံး ငါ့ကြောင့်ပဲဖြစ်မှာပါ၊ အရမ်းတော်တဲ့ငါပါလား!]

အချိန်အတော်ကြာအောင် ကျန်းကျီမြောင် အာရုံထဲမှာ ကိုယ့်ကိုယ်ကို ချီးကျူးနေခဲ့ပါသည်။

ကိုယ်လုပ်တော်များအားလုံးလည်း ကျန်းကျီမြောင်ကို အမြတ်တနိုးကြည့်လိုက်ကြသည်။

ဒါတွေအားလုံးက မိဖုရားကြီးရဲ့ကျေးဇူးတွေဖြစ်မှန်း သေချာပါသည်။ မိဖုရားကြီးက အလွန်တော်လွန်းသည်။

ကိုယ့်ကိုယ်ကိုယ် ချီးကျူးရင်းနဲ့ ကြင်ယာတော်စု၏ မေးခွန်းကို ကျန်းကျီမြောင်အပြုံးဖြင့် ပြန်ဖြေလိုက်ပါသည်။

“ဒီမိဖုရား မဝတ်ပေမယ့် သေချာထိန်းသိမ်းထားပါတယ်”

ထို့နောက် ကျွေ့ယွဲ့ကို ကျန်းကျီမြောင်အချက်ပြလိုက်သည်။ ကျွေ့ယွဲ့လည်း နားလည်သွားပြီး ထွက်ခွာသွားခဲ့သည်။ ခဏကြာတော့ စန္ဒကူးသေတ္တာလေးတစ်လုံးကို ယူဆောင်ပြီး ပြန်လာခဲ့သည်။

သေတ္တာလေးကို ဖွင့်ပြလိုက်သောအခါ ကြင်ယာတော်စု ဆက်သထားသည့် လက်ကောက်အမှန်တကယ်ပဲ ရှိနေပါသေးသည်။

“အရှင်မင်းကြီး၊ ဒီကြင်ယာတော် အဲ့ဒီလက်ကောက်ကို ဝတ်ဆင်ခဲ့တုန်းက မကြာခဏ နေထိုင်မကောင်းဖြစ်ခဲ့သလို့ စိတ်တွေလည်း မကြည်မလင်ဖြစ်ခဲ့ဖူးပါတယ်၊ သို့ပေမယ့် အဲ့ဒီလက်ကောက်ကို ချွတ်ပြီးတဲ့နောက်မှာတော့ ခန္ဓာကိုယ်က တစ်နေ့ထက်တစ်နေ့ ပိုနေထိုင်ကောင်းလာသလို ခံစားရတယ်”

“အဲ့ဒီလက်ကောက်လေးကို ဒီကြင်ယာတော်ရဲ့ ညီမဖြစ်သူ စုစစ်ယောင်က လင်ဆောင်အဖြစ် ပေးအပ်ခဲ့တာပါ၊ ဒီကြင်ယာတော်ရဲ့မိခင်လည်း တိုက်တိုက်ဆိုင်ဆိုင်ပဲ မကြာသေးခင်က အဲ့လိုအလားတူဖြစ်ရပ်မျိုးကြုံတွေ့ခဲ့ရပါတယ်”

ကြင်ယာတော်စု ခေတ္တရပ်တန့်သွားခဲ့သည်။

ကျန်းကျီမြောင် အနည်းငယ် စိတ်ဝင်စားသွားခဲ့ပါသည်။

ကြင်ယာတော်စုရဲ့ အမေက စုစစ်ယောင်ကို သံသယဖြစ်နေတာ ကြာပြီလား…

ဟူး…

စနစ်၏စည်းမျဉ်းစည်းကမ်းများကြောင့် ကျန်းကျီမြောင် အတင်းအဖျင်းတွေကို ထုတ်မပြောနိုင်ခဲ့ပေ။

သို့သော် အားလုံးက သူမထင်ထားတာထက်ပိုပြီး ထက် မြက်နေကြပါသည်။ သူမရဲ့ လိပ်ပြာတောင်ပံလေး တစ်ချက်လောက် ခပ်လိုက်တာနဲ့ အားလုံး၏အတွေးအခေါ်တွေ အရင်တုန်းကနှင့် အလွန်ခြားနားသွားခဲ့သည်။

“ဒီကြင်ယာတော်ရဲ့ညီမဖြစ်သူကို ကိုယ်လုပ်တော်တစ်ယောက်က ဖွားမြင်ထားတာပါ၊ အဲ့ဒီကိုယ်လုပ်တော်က အရင်တုန်းက မယ်တော့်ရဲ့အခြွေအရံအဆင့်ပဲရှိပါတယ်၊ ဒီကြင်ယာတော်ရဲ့မိခင်က သူ့ကို မိသားစုကောင်းကောင်းတစ်ခုနဲ့လက်ဆက်ထိန်းမြှားပေးဖို့ အစီအစဉ်ရှိခဲ့ပေမယ့် သူက ဉာဏ်နီဉာဏ်နက်များခဲ့ပြီး ဒီကြင်ယာတော်ရဲ့ ဖခင်ဖြစ်သူ ကုတင်ပေါ် ရအောင်တက်သွားခဲ့တယ်၊ အဲ့ဒါကြောင့် စုစစ်ယောင်ကိုရရှိခဲ့တာပါ၊ အမေက မကျေမနပ်ဖြစ်ပေမယ့် ဘာမှမပြောခဲ့ဘဲ သူ့ကို ကိုယ်လုပ်တော်ရာထူး အပ်နှင်းခဲ့ပါတယ်”

“ကိုယ်လုပ်တော်တစ်ယောက်နဲ့ ကတောက်တဆဖြစ်ဖို့ အမေက စိတ်မဝင်စားပါဘူး၊ သူ့ကို အခြားကိုယ်လုပ်တော်တွေနဲ့ တန်းတူ ဆက်ဆံခဲ့ပါတယ်၊ ဒါပေမယ့် အဲ့ဒီ ကိုယ် လုပ်တော်ကတော့ အမြဲတမ်း လိပ်ပြာမလုံဖြစ်နေပြီး သူ့ကို မယ်တော်က လုပ်ကြံဖို့ကြံစည်နေတယ်လို့ပဲ ထင်နေတာပါ၊ကိုယ်ဝန်ဆောင်စဉ် ကာလတစ်ခုလုံး အစိုးရိမ်လွန်ကဲနေလို့ စုစစ်ယောင်ကိုလမစေ့ဘဲ မွေးဖွားခဲ့ရတယ်၊ စုစစ်ယောင်ကို မွေးဖွားပြီးနောက်ပိုင်း အဲ့ဒီ ကိုယ်လုပ်တော်ကျန်းမာရေး ဆက်တိုက်ဆိုသလို ဆိုးရွားနေခဲ့တာပါ”

ကြင်ယာတော်စုလည်း အစက ဒါတွေကို မသိခဲ့ပါ။

စုစစ်ယောင်အကြောင်းကို မယ်တော်စုံစမ်းစစ်ဆေးပြီးမှ တစ်ခုခုမူမမှန်တာကိုသိပြီး အတိတ်ကအကြောင်းတွေကို ပြန်ပြောပြခဲ့ခြင်းဖြစ်သည်။

“စုစစ်ယောင်က လမစေ့ဘဲမွေးလာသည့် ကလေးဖြစ်တာကြောင့် ငယ်စဉ်ကတည်းက ကျန်းမာရေးချူချာခဲ့သည်။ စုစစ်ယောင်ရဲ့အမေကလည်း ဒီကြင်ယာတော်ရဲ့ မိခင်က သူတို့ကို လုပ်ကြံဖို့ကြိုးစားနေတယ်လို့ အမြဲတမ်း သံသယတွေဝင်နေတုန်းပဲ။ နောက်တော့ ဒီကြင်ယာတော်ရဲ့ မိခင်မှာစိတ်အနှောင့်အယှက်ဖြစ်လွန်းလို့ သူတို့သားအမိကို ရွေးချယ်စရာတစ်ခုပေးခဲ့တယ်”

“အပြင်ဘက်က စံအိမ်တစ်ခုမှာ သူတို့သားအမိကို သီးသန့်နေထိုင်ခွင့်ပေးခဲ့တယ်၊ သူတို့ခေါ်သွားချင်တဲ့လူကို ခေါ်သွားလို့ ရသလို စံအိမ်ရဲ့အရေးကိစ္စအကုန်လုံးကိုလည်း သူတို့ကို ကိုယ်တိုင် စီမံအုပ်ချုပ်ခွင့်ပေးခဲ့တယ်”

“စုစစ်ယောင်ရဲ့မယ်တော်ကတော့ အဲ့ဒီလမ်းကိုပဲ ရွေးချယ်လိုက်ပြီး စုစစ်ယောင်နဲ့အတူ ထွက်သွားခဲ့တယ်၊ သူတို့ စံအိမ်ကကိစ္စတွေကို ဒီကြင်ယာတော်ရဲ့ မယ်တော်တစ်ခါမှ ဝင်မစွက်ဖက်ခဲ့ပါဘူး”

“ခြောက်နှစ်လောက်ကြာတော့ အဲ့ဒီကိုယ်လုပ်တော် ဆုံးပါးသွားခဲ့တယ်၊ မယ်တော်က စုစစ်ယောင်ကို ပြန်ခေါ်ဖို့လူတွေ လွှတ်ခဲ့ပေမယ့် စုစစ်ယောင်က ငြင်းဆန်ခဲ့ပါတယ်၊ မယ်တော်လည်း သိပ်အရေးမစိုက်ဘဲ သူ့ဆုံးဖြတ်ချက်ကို ခွင့်ပြုခဲ့တယ်”

“ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပိုင်းလောက်ကမှ စုအိမ်တော်ကို ပြန်လာချင်တယ်လို့ စုစစ်ယောင် သတင်းပါးလာခဲ့တယ်၊ မယ်တော်ကလည်း ဘာဆင်ခြေမှမပေးဘဲ သူ့ကို ပြန်လာခွင့်ပြုခဲ့ပါတယ်”

“အစကတော့ စုစစ်ယောင်က နူးညံ့သိမ်မွေ့ပြီး လိမ္မာယဉ် ကျေးတဲ့ မိန်းကလေးတစ်ယောက်လို နေထိုင်ခဲ့တယ်၊ အိမ်နဲ့ငယ်စဉ်ကတည်းက ဝေးကွာခဲ့တဲ့အတွက် ဒီကြင်ယာတော်လည်း သူ့ကို ကရုဏာသက်မိပြီး ညီမအရင်းတစ်ဦးလို အမြဲတမ်း ပြုစုစောင့်ရှောက်ပေးခဲ့တယ်၊ ဒီကြင်ယာတော်ကို ကျေးဇူးတင်တဲ့အနေနဲ့ ဒီလက်ကောက်လေးကို စုစစ်ယောင် လက်ဆောင်ပေးခဲ့တာပါ”

“ဒါပေမယ့် စုစစ်ယောင်နေထိုင်ခဲ့တဲ့ စံအိမ်ဟောင်းက လူအိုကြီးတစ်ယောက် သံသယဖြစ်စရာစကားတစ်ခုကို ဆိုလာခဲ့တယ်၊ အဲ့ဒီစံအိမ်မှာ စုစစ်ယောင်တို့ သားအမိ နေထိုင်ခဲ့ကြတဲ့ နှစ်အတော်များများမှာ စုစစ်ယောင်က စံအိမ်မှာ လုံးဝရှိမနေခဲ့ဘူးတဲ့၊ မိန်းကလေးတစ်ဦး ဖြစ်ပါလျက်နဲ့ သူ ဘယ်ကိုရောက်သွားရတာလဲ”

“မယ်တော်က ဆက်ပြီး စုံစမ်းစစ်ဆေးခဲ့တယ်၊ စုစစ်ယောင် ဘယ်ကိုရောက်သွားသလဲ မသိခဲ့ပေမယ့် အဲ့ဒိစံအိမ်နားမှာ အလောင်းတချို့ကိုတူးဖော်ရရှိခဲ့တယ်။ အဲ့ဒီအလောင်းတွေက စံအိမ်နားတစ်ဝိုက်မှာပျောက်ကွယ်သွားတဲ့ လူတွေရဲ့ အလောင်းတွေပဲ”

“အရိုးတွေက မည်းနက်နေလို့ အဆိပ်ခတ်ခံရပြီး သေသွားကြတဲ့ပုံစံပဲ၊ စံအိမ်ထဲကလူတွေကို သေသေချာချာ စစ်ဆေးမေးမြန်းကြည့်လိုက်တော့ အရင်တုန်းက သူတို့အားလုံး ထူးထူးဆန်းဆန်း လက္ခဏာတွေ မကြာခဏ ခံစားခဲ့ကြရတယ်တဲ့၊ တချို့က အသားအရည်တွေ နီမြန်းယားယံလာပြီး တချို့ကတော့ ရုတ်တရက် စကားမပြောနိုင်တော့တာမျိုး ဖြစ်သွားတယ်၊ တချို့ကျတော့လည်း နာကျင်မှုတွေကို မခံမရပ်နိုင်အောင် ခံစားခဲ့ရပါတယ်တဲ့”

“စံအိမ်ထဲမှာနေတဲ့လူတိုင်း အဲ့ဒီလက္ခဏာတွေကို ခံစားခဲ့ရတယ်၊ ဒါပေမယ့် အချိန်တစ်ခုကြာရင် ဖြည်းဖြည်းချင်း ပြန်သက်သာလာတတ်ကြတယ်တဲ့၊ စံအိမ်ရဲ့ပတ်ဝန်းကျင်မှာ ညစ်ညမ်းမှုတစ်ခုခုရှိလို့ ဒီလိုလက္ခဏာတွေကို ခံစားခဲ့ရတာလို့ သူတို့ယူဆခဲ့ကြပြီး တခြားဘာသံသယမှ မဖြစ်ခဲ့ကြဘူး”

“သေချာဆက်မေးမြန်းကြည့်လိုက်တော့ စုစစ်ယောင် စံအိမ်ကို ပြန်ရောက်လာမှ အဲ့ဒီလက္ခဏာတွေကို သူတို့ခံစားခဲ့ရတာလို့ သိခဲ့ရတယ်၊ ဒါပေမယ့် စုစစ်ယောင်ကိုယ်တိုင်ကတော့ နည်းနည်းလေးတောင် လက္ခဏာမပြဘဲ ကျန်းကျန်းမာမာရှိခဲ့တယ်တဲ့။”

ကြင်ယာတော်စု ဖြည်းညှင်းစွာ ပြောလိုက်သည်။

“အဲ့တာကြောင့် ဒီကြင်ယာတော်ရဲ့ညီမဖြစ်သူက သာမန်လူမဟုတ်ဘူးလို့ အမေက သံသယဖြစ်သွားပြီး သဲလွန်စ သက်သေတွေရှာဖွေနေခဲ့တယ်၊ သက်သေလုံလုံလောက်လောက်ရတာနဲ့ ရုံးတော်ကို တင်ပြပါလိမ့်မယ်၊ အဲ့ဒီအကြောင်းတွေကြားခဲ့ရလို့ လက်ကောက်ကိစ္စကို ဒီကြင်ယာတော် အမှတ်ရသွားခဲ့တာပါ”

“ဒီလက်ကောက်ကို ဝတ်ဆင်ထားရင် နေထိုင်မကောင်းဖြစ်တယ်။ လက်ကောက်ကို ချွတ်လိုက်ရင်တော့ ချက်ချင်း သက်သာသွားတယ်။ အရင်တုန်းက သေချာမစဉ်းစားကြည့်ဖူးပေမယ့် အခုသေချာ သုံးသပ်ကြည့်မှ ကြောက်စရာကောင်းလွန်းနေပါတယ်”

“အဲ့တာကြောင့် ဒီလက်ကောက်ကို သေသေချာချာ စုံစမ်းစစ်ဆေးပေးဖို့ တော်ဝင်သမားတော်ကြီးတွေကို တောင်းဆိုချင်တယ်၊ ဒီလက်ကောက်မှာ ပြဿနာတစ်ခုခု အမှန်တကယ် ရှိနေတယ်ဆိုရင် ဒီကြင်ယာတော်ရဲ့ ညီမဖြစ်သူ အပြင်လောက,ကနေ သာမန်မဟုတ်တဲ့ ပညာတွေကို သင်ယူလာတာ သေချာသလောက်ရှိသွားပါပြီ”

All Chapters