← Chapters

👑 Jiang Zhimiao’s Response 

Vol. 18 Ch. 176

👑 Jiang Zhimiao’s Response 

Vol. 18 Ch. 176

စနစ်စတိုးဆိုင်ထဲ ကျန်းကျီမြောင် အမြန်ဝင်မွှေကြည့်လိုက်ပါသည်။

လောလောဆယ် သူ့လက်ထဲ အမှတ် ၅၀၀ ရှိသေးသည်။

ထိုအမှတ်တွေကို အချိန်အတော်ကြာအောင် ခြစ်ခြစ်ကုပ်ကုပ်စုခဲ့ရခြင်းမှာ ယခုလိုအရေးပေါ်အခြေအနေမျိုးမှာ အသုံးချဖို့အတွက်ပင်။

စနစ်စတိုးဆိုင်ကို အဆင့်မြှင့်တင်ပြီးနောက် ပစ္စည်းအသစ်များစွာပေါ်လာခဲ့ပြီဖြစ်သည်။ အရည်အသွေးအရကော အာနိသင်အရကော Level 1 ထက် အပုံကြီးပိုသာနေသည်။

ပစ္စည်းနှစ်ခုထံ ကျန်းကျီမြောင် အကြည့်ရောက်သွားခဲ့သည်။

ထိုပစ္စည်းနှစ်ခုကို တစ်ခုချင်းအသုံးပြုလိုက်ပါက အာနိ သင်သိပ်မရှိနိုင်သော်လည်း နှစ်ခုပူးတွဲပြီးအသုံးပြုလိုက်ပါကနတ်ဘုရားလက်နက်များလို အစွမ်းထက်သွားနိုင်သည်။

“မသေဆုံးခြင်းရောင်ဝါ

ဖော်ပြချက်: ဒီရောင်ဝါကို အသုံးပြုပြီးတဲ့နောက် သုံးရက်တိတိ မသေဆုံးနိုင်တဲ့၊ ထိခိုက်ဒဏ်ရာ မရရှိနိုင်တဲ့၊ ဖျက်ဆီးလို့မရနိုင်တဲ့ ခန္ဓာကိုယ်တစ်ခုကို ရရှိသွားပါလိမ့်မယ်။ အပြင်းထန်ဆုံး အဆိပ်ပဲဖြစ်ပါစေ၊ အစွမ်းအထက်ဆုံး သိုင်းပညာပဲဖြစ်ပါစေ စနစ်ပိုင်ရှင်ကို ထိခိုက်အောင်လုပ်နိုင်မှာ မဟုတ်ပါဘူး။

တန်ဖိုး: ၁၀၀ မှတ်

မှတ်ချက်: ဒီရောင်ဝါကို စနစ်ပိုင်ရှင်ရဲ့ ခန္ဓာကိုယ်ပေါ်မှာပဲ အသုံးချနိုင်ပါမယ်”

ဒီမသေဆုံးခြင်းရောင်ဝါကို ယွဲ့လင်းအပေါ်မှာအသုံးချနိုင်လျှင် အကောင်းဆုံးဖြစ်လိမ့်သည်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စမှာ အန္တရာယ်အကျရောက်နိုင်ဆုံးလူက ယွဲ့လင်းသာမဟုတ်ပါလား ?

လက်ရှိနန်းတော်အတွင်း လုံခြုံရေးအတင်းကြပ်ဆုံးနေရာသည် ဖုန့်ယီနန်းဆောင်ဖြစ်သည်။ တင်းကြပ်လွန်းသဖြင့် ယင်ကောင်တစ်ကောင်ပင် ဝင်မလာနိုင်ပေ။

သို့သော် ကံမကောင်းစွာဖြင့် ထိုရောင်ဝါကို သူမ အပေါ်မှာသာ အသုံးချနိုင်မှာဖြစ်သည်။ ထိုရောင်ဝါကို အသုံးပြုပြီးနောက် ယွဲ့လင်းဘေးအားသွားရောက်ပြီး အကူအညီပေးလို့တော့ ရနိုင်သည်။

သို့သော် ရောင်ဝါမှာအားနည်းချက်တစ်ခုတော့ ရှိနေသည်။ ရန်သူတွေက ကိုယ့်ကို တိုက်ခိုက်ဖို့လိုအပ်သည်။ ယွဲ့လင်းထံကျရောက်လာသည့် တိုက်ခိုက်မှုတိုင်းကို ကျန်းကျီမြောင် ဝင်ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ဒုတိယရောင်ဝါ၏အခန်းကဏ္ဍက အလွန်အရေးပါသည်။

“လက်ဗလာချည်း တိုက်ခိုက်ခြင်းကို ရာနှုန်းပြည့်ခံယူခြင်း ရောင်ဝါ

ဖော်ပြချက်: ဒီရောင်ဝါကို အသုံးပြုပြီးတဲ့နောက် လူတစ်ယောက်ကို ရွေးချယ်နိုင်ပါတယ်။ အဲ့ဒီလူက သုံးရက်တိုင်တိုင် စနစ်ပိုင်ရှင်တစ်ယောက်တည်းကိုပဲ ပစ်မှတ်ထား တိုက်ခိုက်နိုင်ပါလိမ့်မယ်”

ဒီရောင်ဝါက…

သိုင်းပညာ အထွတ်အထိပ်ရောက်နေသည့် မန်ကျစ်အတွက် သီးသန့်ထုတ်ထားမှန်း သိသာသည်။

ကျန်းကျီမြောင် စိတ်အပူဆုံးကလည်း ထိုမန်ကျစ်ကိုပင်။

ထိုအမျိုးသမီး၏စွမ်းရည်များက အလွန်ဆန်းကြယ်လွန်းပြီး ခန့်မှန်းရခက်သည်။ ယွဲ့လင်းလည်း ကာကွယ်ရေး တပ်ဖွဲ့အများစုကို ဖုန့်ယီနန်းဆောင်ထံသို့သာ ပို့ဆောင်ထားသဖြင့် သူ့ဘက်မှာ လုံခြုံရေးလစ်ဟာမှုရှိနေမည်မှာ သေချာသည်။

မန်ကျစ်သာ အသက်ကိုစတေးပြီး ရဲရဲတင်းတင်း လှုပ်ရှားလိုက်ပါက ယွဲ့လင်း ဒုက္ခရောက်နိုင်သည်။

ထို့ကြောင့် ဒီရောင်ဝါကို အသုံးချလိုက်ခြင်းအားဖြင့် သုံးရက်အတွင်း သူ့ကိုသာ မန်ကျစ် ပစ်မှတ်ထားနိုင်လိမ့်မည်။ ဒီရောင်ဝါနဲ့ မသေဆုံးခြင်းရောင်ဝါတို့ကို တွဲစပ်အသုံးပြုလိုက်လျှင် အလွန်ပြီးပြည့်စုံသွားလိမ့်မည်။

မန်ကျစ် အန္တရာယ်ကို အပြီးအပြတ်ကာကွယ်နိုင်လိမ့်မည်။

မန်ကျစ်တစ်ယောက်တည်းအတွက် ကျန်းကျီမြောင် အမှတ် ၂၀၀ တိတိ အသုံးချခဲ့သည်။

အမှတ် ၂၀၀ ကြီးများတောင်!

ထိုအမှတ် ၅၀၀ ရဖို့အတွက် ဘယ်လောက်ကြာကြာပဲ စုဆောင်းထားခဲ့ပါစေ၊ ဘယ်လိုမစ်ရှင်တွေကိုပဲ ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ပါစေ တစ်ချက်တည်းနဲ့ တစ်ဝက်နီးပါးခန့် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။

ဒီလိုအမှတ်တွေအများကြီး သုံးရလောက်အောင် မန်ကျစ်က အတော်လေးထူးချွန်သည်ဟု ဆိုရမည်။

ကျန်းကျီမြောင် အနည်းငယ်ရင်နာမိသည်။ သို့သော် ဒီလောက်နှင့် မပြီးသေးပါ။

ဒီရောင်ဝါနှစ်မျိုးတည်းနဲ့ မလုံလောက်နိုင်သေးပေ။ စနစ်စတိုးဆိုင်ကို ကျန်းကျီမြောင် ဆက်လက်ရှာဖွေကြည့်လိုက်သည်။

ထိုစဉ် ပစ္စည်းကောင်းလေးတစ်ခုကို သူမ ရှာတွေ့သွားခဲ့သည်။

“ရုပ်ရှင်ကြည့်အဆောင်: လူတစ်ယောက်ရဲ့ အာရုံထဲ ပုံရိပ်တစ်ခုပေါ်လာအောင် ဖန်တီးနိုင်ပါတယ်။

တန်ဖိုး: အဆောင်တစ်ခုလျှင် ၅၀ မှတ်”

ယခင်တုန်းက သူမ ‘ဖရဲသီး’တွေ အများကြီးစားခဲ့ရသည်။ သို့သော် စနစ်၏စည်းမျဉ်းစည်းကမ်းများကြောင့် သူများတွေကို ပြန်ပြောလို့မရခဲ့ပါ။

ဥပမာအားဖြင့် အလှည့်အပြောင်း လျှို့ဝှက်ချက်တွေ များလှသော ယွဲ့ဟွာ၏ဘဝကို မယ်တော်ကြီးအား တင်ဆက်ချင်နေသည်မှာ ကျန်းကျီမြောင် တစ်ပိုင်းသေနေပြီဖြစ် သည်။ သို့သော် သူမ ထုတ်ပြောဖို့ရာနည်းလမ်းမရှိခဲ့ပါ။

သူထုတ်ပြောနိုင်လျှင်ပင် မယ်တော်ကြီး ယုံကြည်မည်မဟုတ်လောက်ပါ။

ထို့ကြောင့် ဒီရုပ်ရှင်ကြည့်အဆောင်နဲ့သာဆို လွယ်ကူသွားနိုင်သည်။

ယွဲ့ဟွာမွေးဖွားချိန်က ဇာတ်ကွက်ကို စနစ်အားတည်းဖြတ်ခိုင်းလိုက်ပြီး မယ်တော်ကြီးအာရုံထဲ ထပ်ခါထပ်ခါပြသပေးလိုက်လို့ရသည်။

ဒီဘွားတော်ကြီးသည်ယွဲ့ဟွာအတွက် ယွဲ့လင်းအားနှစ်ပေါင်းများစွာ နှိပ်ကွပ်ခဲ့သူဖြစ်သည်။

သူမ အသည်းအသန် ချစ်မြတ်နိုးနေရသည့်လူက ဘယ်လိုလူမျိုးလဲဆိုတာကို သေချာပေါက် မြင်သွားစေရမည်။

ရုပ်ရှင်ကြည့်အဆောင်တစ်ခုကို ကျန်းကျီမြောင် ဝယ်ယူလိုက်သည်။

ကျန်းကျီမြောင် ရုတ်တရက်ကြီး ရီဝေသွားတာကို မြင်သောအခါ မိဖုရားကြီး နတ်ဘုရားအစွမ်းတွေ ထုတ်သုံးတော့မည် ဆိုတာကို အားလုံးသိနေကြပါသည်။

ချန်ရှုယိ မျက်လုံးများ အနည်းငယ်ပြောင်းလဲသွားပြီး ရုတ်တရက်ပြောလိုက်သည်။

“စကားမစပ် ဒီကြင်ယာတော် စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ခုကို ရုတ်တရက်စဉ်းစားမိတယ်”

ဒါကိုကြားတော့ ကျန်းကျီမြောင်လည်း စပ်စုချင်သွားပြီး လှမ်းကြည့်လိုက်ပါသည်။

ချန်ရှုယိ တိုးညှင်းစွာ ဆက်ပြောလိုက်သည်။

“မယ်တော် ငယ်စဉ်တုန်းက ငယ်ချစ်ဦးလေးတစ်ယောက် ရှိခဲ့ဖူးတယ်လို့ ကြားမိတယ်၊ နှောင်းဧကရာဇ်မင်းကြီးရဲ့ မိဖုရားတင်မြှောက်မှုကိုသာ မခံခဲ့ရရင် မယ်တော်ကြီးက သူ့ငယ်ချစ်ဦးလေးနဲ့ပဲ လက်ဆက်ဖို့အစီအစဉ်ရှိခဲ့တာတဲ့”

ကျန်းကျီမြောင် မျက်လုံးများအရောင်လက်သွားခဲ့သည်။

အိုး…

မယ်တော်ကြီးမှာ ငယ်ချစ်ဦးရှိနေသည့်အကြောင်းကို သိထားတာ သူတစ်ယောက်တည်းဖြစ်မည်ဟု ကျန်းကျီမြောင် ထင်ထားခဲ့တာဖြစ်သည်။

ထင်မထားစွာဖြင့် ဒီကိစ္စက လူသိများထင်ရှားသောကိစ္စ ဖြစ်နေပါသည်။

မဟုတ်ပါက ချန်ရှုယိလို အပြင်ထွက်လေ့ထွက်ထ မရှိသည့် သခင်မလေးတစ်ယောက်တောင် သိနေရလောက်သည့်အထိ ဖြစ်မည်မဟုတ်ပေ။

“အမှန်ပဲ၊ ဒီကြင်ယာတော်လည်း ကြားဖူးတယ်”

အန်းကျောက်ရီလည်း အပြုံးဖြင့် ဝင်ပြောလိုက်သည်။

“အဲ့တုန်းက မယ်တော်ကြီးနဲ့ စစ်သူကြီးတုံရှောင်းတို့က ငယ်ချစ်ဦးတွေဖြစ်ခဲ့ကြတာ၊ စေ့လည်းစေ့စပ်ပြီးသွားပြီ။ မယ်တော်ကြီးကို အနောက်နန်းဆောင်ထဲ ခေါ်ဖို့ နှောင်းဧကရာဇ်မင်းကြီးက အတင်းအကြပ်စေခိုင်းခဲ့တာ၊အဲ့အကြောင်း ဒီကြင်ယာတော်ရဲ့ မယ်တော်ပြောတာကို ကြားဖူးတာမို့လို့ မှန်သလားမှားသလားဆိုတာကိုတော့ အတည် ပြုနိုင်ခြင်း မရှိပါဘူး”

“မှန်ဖို့များတယ်”

စုကျဲယွီလည်း ဝင်ပြောလိုက်သည်။

“အဲ့တုန်းက လူတွေ ပေါ်တင်ထုတ်မပြောကြပေမယ့် နောက်ကွယ်မှာတော့ ပြောဆိုနေကြတာ၊ ဟိုးအရင်တုန်းက မယ်တော်ကြီးက အရမ်းဆွဲဆောင်မှုရှိခဲ့တယ်လို့ ကြားမိတယ်၊ အဲ့တာကြောင့် နှောင်းဧကရာဇ်မင်းကြီးကော၊ စစ်သူကြီးတုံရှောင်းကော သူ့ကို လုဖို့ကြိုးစားခဲ့ကြတာ၊ ဒါပေမယ့် မယ်တော်ကြီး အနောက်နန်းဆောင်ထဲကို ရောက်တော့ နှောင်းဧကရာဇ်မင်းကြီးရဲ့အရေးပေးမှုကို သိပ်မခံခဲ့ရဘူး၊ ပြီးတော့ စစ်သူကြီးတုံရှောင်းကလည်း မြို့တော်ကနေထွက်သွားလို့ အဲ့ဒီကိစ္စကိုတဖြည်းဖြည်းနဲ့ လူတွေမေ့မေ့ပျောက်ပျောက်ဖြစ်ကုန်တာပဲ”

[ဝါး…]

စနစ်ကို ကျန်းကျီမြောင် အပြစ်တင်လိုက်သည်။

“ကြည့်စမ်းပါဦး! နင်ပေးတဲ့အတင်းအဖျင်းတွေက မသေ ချာ မရေရာတာတွေ၊ ငါ့ညီအစ်မတွေကြောင့်သာ အားလုံးရှင်းရှင်းလင်းလင်း သိလိုက်ရတာ!”

တုံရှောင်းဟူသည့် အမည်ကိုမကြာသေးခင်ကမှ မြင်ခဲ့ရတာဖြစ်သည်။

ထိုအတင်းအဖျင်းနှစ်ခုကို နောက်ဆုံးတော့ ကျန်းကျီမြောင် ချိတ်ဆက်မိသွားပါပြီ။

မယ်တော်ကြီး လင်ငယ်ကလည်း ထိုစစ်သူကြီးတုံရှောင်းသာ ဖြစ်ဖို့များသည်။ ထို့ကြောင့် ဒီလိုအရေးကြီးသည့် အခြေအနေမျိုးမှာ တုံရှောင်းကိုယွဲ့ဟွာ အားကိုးတကြီး အကူအညီတောင်းခဲ့ခြင်းဖြစ်လိမ့်မည်။

စစ်သူကြီးတုံရှောင်းလည်း ယွဲ့ဟွာကို သူ့သားလို့ ထင်နေတာများလား…

ဟုတ်ပြီ ဟုတ်ပြီ ငါ နားလည်သွားပြီ…

ကျန်းကျီမြောင် ရုပ်ရှင်ကြည့်အဆောင်နောက်တစ်ခုဝယ် ယူလိုက်သည်။ ယွဲ့ဟွာနောက်ကြောင်းရာဇဝင်ကိုတုံရှောင်း ၏ အာရုံထဲမှာပါပြသပေးရမည်။

ရုပ်ရှင်ကြည့်အဆောင် နှစ်ခုအတွက် ကျန်းကျီမြောင် အမှတ် ၁၀၀ သုံးခဲ့သည်။

ယခု သူ့မှာ အမှတ် ၂၀၀ သာ ကျန်တော့သည်။

ထို့နောက် အမှတ် ၁၀၀ ကို ထပ်သုံးပြီး ‘အတွေးဖလှယ်ခြင်းအဆောင်’ တစ်ခုကို ကျန်းကျီမြောင် ဝယ်ယူခဲ့သည်။

ထိုအဆောင်ကို လူတစ်ယောက်ပေါ်မှာ အသုံးပြုနိုင်မည်ဖြစ်ပြီး အသုံးပြုပြီးနောက် ထိုလူ၏အတွေးတွေ၊ သုံးသပ်ချက်တွေကို သုံးရက်တိတိကြားနိုင်မည်ဖြစ်သည်။

ထိုအဆောင်ကို ယွဲ့လင်းအပေါ်မှာ အသုံးချဖို့ ကျန်းကျီမြောင် စီစဉ်ထားသည်။

သူ လောလောဆယ် ဖုန့်ယီနန်းဆောင်မှာ နေထိုင်နေရတာဖြစ်သဖြင့် အပြင်ဘက်က အခြေအနေတွေကို ထိန်းချုပ်နိုင်စွမ်းမရှိပါ။ သူ အများကြီး ပြင်ဆင်ထားသော်လည်း တစ်ခုမှ အသုံးမချနိုင်လျှင် နှမျောစရာကောင်းပါလိမ့် မည်။

ယွဲ့လင်းအတွေးသံတွေကို ကြားရခြင်းအားဖြင့် အပြင်ဘက်က အခြေအနေတွေအားလုံးကိုလည်း ကျန်းကျီမြောင် သိနိုင်လိမ့်မည်။ ထိုအခါ အဆောင်တွေကို အသုံး ပြုရမည့် အကောင်းဆုံးအချိန်ကို တွက်ဆနိုင်ပါလိမ့်မည်။

နောက်ဆုံး အမှတ် ၁၀၀ သာ ကျန်တော့သည်။

ထိုအမှတ် ၁၀၀ ကို ဘာအတွက်အသုံးပြုရမလဲ မသေချာသေးပါ။ သို့သော် စနစ်စတိုးဆိုင်ထဲက ပစ္စည်းအားလုံးကို သေချာကြည့်ရှုခဲ့ပြီး သူမ အသုံးပြုကောင်းပြုနိုင်သည့် ပစ္စည်းများကို အပေါ်ဆုံးမှာ pin ထောက်ထားလိုက်သည်။ ဒါမှ အရေးပေါ်အခြေအနေတစ်ခုခု ကြုံလာသည့်အခါ အလျှင်အမြန်ဝယ်ယူနိုင်မည်ဖြစ်သည်။

စနစ်ထဲက ပစ္စည်းတွေကို ကြည့်လိုက်၊ လက်ကျန်အမှတ် ၁၀၀ ကို ကြည့်လိုက်နဲ့ ကျန်းကျီမြောင် သက်ပြင်းချမိလေသည်။

ဒီတစ်ခါတော့ ညတွင်းချင်းပြန်လည်မွဲတေသွားခဲ့ရသည်။

သို့သော်… ဒီအမှတ်တွေက သုံးရကျိုုးနပ်လိမ့်မည်။

မကြာခင်ရောက်လာမည့် အရပ်သားမင်းသမီးအတွက်လည်း စိတ်ပူစရာမလိုပါ။ ယွဲ့ဟွာကိုသာ အရင်ရှင်းထားလိုက်လျှင် အားလုံးအဆင်ပြေသွားလိမ့်မည်။

စနစ်ထဲမှာ သိုလှောင်ထားသည့် ပစ္စည်းတွေကို ကြည့်ရင်း လောလောဆယ် အသုံးမပြုသေးဖို့ ကျန်းကျီမြောင် ဆုံးဖြတ်လိုက်ပါသည်။

ရုပ်ရှင်ကြည့်အဆောင်ကလွဲလို့ အခြား အဆောင်သုံးခုစလုံးမှာ အချိန်သုံးရက် အကန့်အသတ်ရှိသည်။ ထို့ကြောင့် အရေးအကြီးဆုံး အချိန်ကိုရောက်ခါမှ သူ အသုံးချသင့်သည်။

All Chapters