← Chapters

👑 Different Attitudes

Vol. 18 Ch. 177

👑 Different Attitudes

Vol. 18 Ch. 177

ချန်အိမ်တော်တွင်…

ဝမ့်ဝမ်ရုန်မျက်နှာပေါ် စိုးရိမ်ပူပန်မှုတချို့ ထင်ဟပ်နေခဲ့သည်။

ဒီမနက်ခင်းတုန်းက ချန်ကျင်းမင်ကို ရဲမက်တပ်သားတွေ လျှို့ဝှက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြပြီး အခုချိန်ထိ ဘာသတင်းမှ မကြားရ‌သေးပါ။

သို့သော် ဝမ့်ဝမ်ရုန် စိုးရိမ်ပူပန်နေသည့်လူကား ချန်ကျင်းမင် မဟုတ်ပေ။

လင်းရွှယ်က အပြင်ဘက်မှ သတင်းတွေကို ယူဆောင်လာပေးခဲ့သည်။ ချန်ကျင်းမင်နှင့်အတူတူ သူမကို အဆိပ်ခတ်ဖို့ကြံစည်ခဲ့သည့် စုစစ်ယောင်လည်း အဖမ်းဆီးခံလိုက်ရပါပြီ။ ယခု သူတို့နှစ်ယောက်ကိုနှိပ်စက်ပြီးစစ်ဆေးမေးမြန်းနေသည်ဟု သိရှိရသည်။

ဒါကိုကြားသောအခါ ဝမ့်ဝမ်ရုန်ရင်ထဲ အနည်းငယ်လေး လံသွားခဲ့သည်။

သူ တကယ်နားမလည်နိုင်ပေ။

ချန်ကျင်းမင်အပေါ် သူဘာတွေများ လိုအပ်ချက်ရှိခဲ့လို့လဲ…

ဝမ့်မိသားစုကကော ချန်ကျင်းမင်အပေါ် ဘာတွေများ မှားယွင်းခဲ့လို့လဲ…

သူ့ကို ဘာမှအသုံးမဝင်တော့ဘဲ ကုတင်ပေါ်မှာလဲ အမြဲ တမ်း လှဲလျောင်းနေရသည့် လူတစ်ယောက် ဖြစ်အောင် ချန်ကျင်းမင် အဆိပ်ခတ်ကာကြံစည်ခဲ့သည်။

ရွှမ်းယွီ ကြိမ်ဒဏ်တွေကို ရဲဝံ့စွာခံယူခဲ့ပြီး ဝန်ကြီးဌာနသုံးခု၏စုံစမ်းစစ်ဆေးမှုကို တောင်းဆိုခဲ့တာကြောင့်သာ မဟုတ်လျှင်၊ ရွှမ်းယွီလေး၏အသနားခံမှုကို အရှင်မင်း ကြီး ခွင်ပြုပေးခဲ့တာကြောင့်သာ မဟုတ်လျှင် သူမ အခုထိ အမှောင်ထဲမှာဟာ ရှိနေဦးမည်ဖြစ်သည်။

သူ ယခု စိတ်ပူနေရတာက ရွှမ်းယွီလေးအတွက်သာ။ ကြိမ်ဒဏ်ကို ခံယူပြီးနောက် သူ့အခြေအနေ ဘယ်လိုရှိနေမလဲ သိချင်လှသည်။

ကြိမ်ဒဏ်ခံယူသည့်နေ့မှ တစ်လတိတိ ကြာမြင့်သွားခဲ့ပြီဖြစ်သည်။ ဒီကာလအတွင်း သူမ သမီးလေး ဘာတွေများ ဒုက္ခခံခဲ့ရသလဲ ဝမ့်ဝမ်ရုန် မသိနိုင်ပေ။

ထိုအတွေးဖြင့် ဝမ့်ဝမ်ရုန် မျက်ရည်များ ကျလာခဲ့ပါသည်။

“သခင်မချန်! ဒီမှာငိုယိုပြီး ဘာလုပ်နေတာလဲ!”

ရုတ်တရက် ခန်းဆောင်ထဲ တန့်ရွှေ့လန်အတင်းအကြပ် ဝင်ရောက်လာပြီး စိတ်ချောက်ချားစွာ ပြောလိုက်သည်။

“အစ်ကိုကျင်းမင် အဖမ်းခံလိုက်ရပြီ! သခင်မချန် ဝမ့်မိသားစုရဲ့ အဆက်အသွယ်ကိုအသုံးချပြီးတော့ သူ့ကို ကယ်တင်ဖို့ အစွမ်းကုန်ကြိုးစားနေသင့်တာ မဟုတ်ဘူးလား!”

တန့်ရွှေ့လန်ကို ဝမ့်ဝမ်ရုန်လှည့်ကြည့်လိုက်သည်။ သူမ အကြည့်တွေ တဖြည်းဖြည်းအေးစက်သွားခဲ့ရသည်။

ချန်ကျင်းမင် အဖမ်းခံလိုက်ရပြီးနောက် လင်းရွှယ်၏ လမ်းပြမှုဖြင့် လျှို့ဝှက်စံအိမ်တစ်ခုထဲ ဖွက်ထားခံရသည့် တန့်ရွှေ့လန်ကို ဝမ့်ဝမ်ရုန်ရှာတွေ့ခဲ့သည်။

တန့်ရွှေ့လန်နဲ့ စကားများပြီး အာရုံမနောက်ချင်တာကြောင့် ဝမ့်ဝမ်ရုန်က သူမကို အေးအေးချမ်းချမ်းထွက်သွားခွင့်ပေးခဲ့သည်။

တန့်ရွှေ့လန်ကလည်း မူလက ထွက်သွားခဲ့ပါသေးသည်။ သို့သော် ချန်ကျင်းမင် ဖမ်းဆီးခံရသည့် သတင်းကို အပြင်က ကြားလာပုံရပြီး ချန်အိမ်တော်သို့ အသည်းအသန် ပြန်ရောက်လာခဲ့တာဖြစ်သည်။

“သခင်မတန့်”

ဝမ့်ဝမ်ရုန် ခံစားချက်မဲ့စွာ ပြောလိုက်သည်။

“ချန်ကျင်းမင် ဖမ်းဆီးခံရတဲ့ အကြောင်းအရင်းကိုကော သိရဲ့လား”

တန့်ရွှေ့လန် မျက်နှာအနည်းငယ်ပျက်သွားခဲ့သည်။ သို့ သော် ပေါ့ပေါ့တန်တန်ပုံစံဖြင့် ချက်ချင်းပြောလိုက်သည်။

“ကျွန်မ သိပါတယ်၊ သခင်မချန်ကို အဆိပ်ခတ်ဖို့ စုစစ်ယောင်နဲ့ အတူတူကြံစည်ခဲ့လို့ အစ်ကိုကျင်းမင် အဖမ်းခံရတာလို့ ပြောကြတယ်”

ဝမ့်ဝမ်ရုန် ဒေါသဖြင့် ရယ်မောလိုက်မိသည်။

“ငါ့ကို ဒုက္ခပေးဖို့ ကြံစည်ခဲ့လို့ သူအကျဉ်းကျနေတာလေ၊ အဲ့တာတောင် အခု သူ့ကိုကယ်တင်ပေးဖို့ ငါ့ကိုလာတောင်း ဆိုနေတာလား”

သူက အရူးတစ်ယောက်နဲ့ တူနေလို့လား..

တန့်ရွှေ့လန် ဖြောင့်မတ်စွာ ပြောလိုက်သည်။

“အဲ့တာ ထူးဆန်းလို့လား ? ကြက်နဲ့ညားရင် ကြက်နောက် လိုက်၊ ခွေးနဲ့ညားရင် ခွေးနောက်လိုက်ရမှာပေါ့၊ အစ်ကိုကျင်းမင် ခဏတာ အမှားအယွင်းလေးတစ်ခု လုပ်ခဲ့မိတာပါ၊ အခုလည်း သခင်မချန် အဆင်ပြေနေတာပဲ မဟုတ်ဘူးလား”

“သခင်မချန်ကို သူချက်ချင်း သတ်ပစ်ခဲ့လို့ရပေမယ့် မသတ်ပစ်ခဲ့ဘူး၊ အဲ့တာက သက်ညှာထားတာမဟုတ်လို့ ဘာလဲ ? အခု အစ်ကိုကျင်းမင်ကို သခင်မချန် ကယ်တင်ပေး လိုက်ရင် သူလည်း ကျေးဇူးတင်သွားပြီး ရှေ့လျှောက် သခင်မချန်နဲ့ သင့်သင့်မြတ်မြတ် နေသွားလောက်မှာပါ”

ထို့နောက် နာကျင်နေသည့် မျက်နှာထားဖြင့် တန့်ရွှေ့လန် ဆက်ပြောလိုက်သည်။

“စိတ်ချပါ၊ အစ်ကိုကျင်းမင်ကိုသာ ကယ်တင်ပေးမယ်ဆိုရင် ကျွန်မ ချန်အိမ်တော်ကနေ ထာဝရထွက်သွားပြီး သခင်မချန်ရှေ့မှောက်ကို ဘယ်တော့မှ ထပ်ရောက်မလာစေရပါဘူး၊ ဒါဆို သခင်မချန်လည်း ကျေနပ်နိုင်မယ် မဟုတ်လား”

တန့်ရွှေ့လန်ပြောပုံမှာ သူမကပဲ ဝမ်းနည်းနာကျင်မှုတွေ အများကြီးခံစားရပြီး၊ အနစ်နာခံ စတေးမှုကြီးတစ်ခုကို ပြုလုပ်နေရသကဲ့သို့ပင်။

ထိုစကားတွေကို နားဆင်ရင်း ဝမ့်ဝမ်ရုန်ကြက်သေသေသွားခဲ့သည်။

ဒါ… ဒါဘယ်လို တွေးခေါ်ပုံတွေလဲ!

ဝမ့်ဝမ်ရုန် အပြစ်ဆိုချင်သော်လည်း အပြစ်တွေကများလွန်းသဖြင့် ဘယ်နေရာက စပြောရမှန်းမသိဖြစ်နေသည်။

ဝမ့်ဝမ်ရုန် အံ့ဩမှင်သက်နေစဉ် တန့်ရွှေ့လန်၏မျက်နှာ ထားက ပိုနာကျင်သွားပုံပေါ်သည်။

“ကျွန်မ အမှန်တိုင်းပြောဖို့ ဝန်မလေးပါဘူး၊ သခင်မချန်ကို အစ်ကိုကျင်းမင် ဒီလိုတွေလုပ်ခဲ့ရတာက ကျွန်မကြောင့်ပါ၊ သခင်မချန်သာ မရှိတော့ရင် ကျွန်မကို ပဏာမဖနီးအဖြစ် လက်ထပ်ယူမယ်လို့ အစ်ကိုကျင်းမင် ကတိပေးခဲ့ဖူးတယ်”

“အဲ့တာကြောင့် ကျွန်မ မရှိတော့ဘူးဆိုရင် သူလည်း သခင် မချန်ကို ဒုက္ခပေးစရာအကြောင်းမရှိတော့ဘူးလေ၊ အဲ့တာကြောင့်… အခုချိန်ကစပြီး အစ်ကိုကျင်းမင်နဲ့ သခင်မချန်တို့ဆံဖြူသွားကျိုးတဲ့အချိန်အထိ သက်ရှည်ကျန်းမာပြီးမကွဲမကွာနေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်၊ အဲ့လောက် ဆို လုံလောက်ပြီပဲမဟုတ်လား”

တန့်ရွှေ့လန်တစ်ယောက် ကိုယ့်ဇာတ်လမ်းထဲမှာကိုယ် စီးမျောနေပုံရသည်။

ပထမတော့ ဝမ့်ဝမ်ရုန် စိတ်ရှုပ်ထွေးမိသော်လည်း နောက် ဆုံးမှာတော့ ရယ်ချင်စိတ်သာဖြစ်မိတော့သည်။

“ချန်ကျင်းမင် ငါ့ကို သတ်ချင်တာက နင့်အတွက်လို့ ထင်နေတာလား”

ဝမ့်ဝမ်ရုန် ရယ်မောကာ မေးလိုက်သည်။

“သခင်မချန် လက်ခံဖို့ ခက်ခဲနေမှာ နားလည်နိုင်ပေမယ့် အဲ့တာ အမှန်တရားပါပဲ”

ဝမ့်ဝမ်ရုန်ကို တန့်ရွှေ့လန် ကရုဏာသက်စွာ ကြည့်လိုက်သည်။

“ဒါပေမယ့် စိတ်ပူစရာမလိုတော့ဘူး၊ ကျွန်မ နောက်ဆုတ်ပေးဖို့ ဆုံးဖြတ်ထားပြီးသားပဲ၊သခင်မချန်နဲ့ အစ်ကိုကျင်းမင်တို့က အချိန်အကြာကြီး ပေါင်းသင်းနေထိုင်လာကြတာ၊ အခု အစ်ကိုကျင်းမင်ဒုက္ခရောက်တဲ့ အချိန်ကျမှ သခင်မချန် ဒီတိုင်းထိုင်ကြည့်နေလို့ မဖြစ်ဘူးလေ”

“မိန်းမတစ်ယောက်ရဲ့ အနာဂတ်ကကိုယ့်ခင်ပွန်းယောက်ျား အပေါ်မှာ မူတည်နေတာမဟုတ်ဘူးလား ? အစ်ကိုကျင်းမင်သာ တစ်ခုခုဖြစ်သွားရင် သခင်မချန်လည်း အေးအေးချမ်းချမ်း နေနိုင်တော့မှာမဟုတ်ဘူး၊ ဒါမှမဟုတ် နောက် အိမ်ထောင်ပြုဖို့ သခင်မချန် ကြံစည်နေတာလား ? အဲ့လို သစ္စာမရှိတဲ့ လုပ်ရပ်မျိုးလုပ်ရင် ငရဲမှာ အပြစ်ပေးခံရမှာနော်”

သူမ စကားတွေက အလွန်ယုတ္တိရှိပြီး အကြံဉာဏ်ကောင်းတွေဖြစ်သည်ဟု တန့်ရွှေ့လန်ယုံကြည်ထားသည်။ ထို့ ကြောင့် သခင်မချန်လည်း နည်းနည်းလောက်ပဲဖြစ်ဖြစ် နားထောင်မှာ သေချာသည်။

ဝမ့်ဝမ်ရုန်အပြုံး ပိုတောက်ပသွားခဲ့ပြီး နွေးထွေးစွာပြောလိုက်သည်။

“ငါမှတ်မိတာ မမှားရင် သခင်မတန့် အရင်တုန်းက လက် ဆက်ထားတဲ့လူက သခင်လေးအန်းမဟုတ်ဘူးလား ? အခြားယောက်ျားတစ်ယောက်နဲ့ အစောကြီးကတည်းက ပတ်သတ်ခဲ့ပြီး အဲ့ဒီဖောက်ပြန်မှုကြောင့်ပဲ ကွာရှင်းခံလိုက်ရပြီးတော့ ဖောက်ပြန်နေတဲ့သူရဲ့ အိမ်မှာ သိုသိုဝှက်ဝှက်လာနေတဲ့ သခင်မတန့်လို့ လူမျိုးကိုကော ငရဲသွားရမယ့်လူတွေထဲ ထည့်တွက်လို့ရလား”

တော်ဝင်မိသားစုတစ်စု၏ သခင်မတစ်ယောက်ဖြစ်သည့် အတွက် ဝမ့်ဝမ်ရုန် ဒီလို ကပ်သီးကပ်ဖဲ့နိုင်သည့်စကားတွေ ပြောလေ့မရှိပါ။

သို့သော် တစ်ခါတလေတော့ ဒီလိုပြောလိုက်တာက ရင်ထဲကိုပေါ့ပါးသွားစေသည်။

“ဝမ့်ဝမ်ရုန်! ဘယ်လိုစကားမျိုး ပြောလိုက်တာလဲ! အဲ့ဒီအန်းဟွာက အစ်ကိုကျင်းမင်လို လူမျိုးနဲ့ ယှဉ်နိုင်မတဲ့လား!”

တန့်ရွှေ့လန် ဒေါသဖြင့် တစ်ကိုယ်လုံးတုန်ယင်သွားခဲ့သည်။

သူမ အမြင်မှာတော့ ကမ္ဘာပေါ်မှာ ချန်ကျင်းမင်လောက် ထူးချွန်ထက်မြက်သည့်လူမရှိပေ။

ဒီနေ့ဒီအချိန်အထိ သူမကိုယ်တိုင်မှာ အပြစ်ရှိသည်ဟုလည်း တန့်ရွှေ့လန်မထင်မိပါ။

ဝမ့်ဝမ်ရုန် စိတ်ပြန်လည်တည်ငြိမ်သွားပြီဖြစ်သည်။ ဒီလိုလူမျိုးနဲ့ ဘာမှ ဆက်ပြောနေစရာအကြောင်း မရှိတော့ပါ။

“သူ့ကို အပြင် မောင်းထုတ်လိုက်ကြ”။ ဝမ့်ဝမ်ရုန် တိုးညှင်းစွာ အမိန့်ပေးလိုက်သည်။

ထို့နောက် ထန့်ရွှေ့လန်ကို အစေခံတွေ လာဆွဲကြလေသည်။

တန့်ရွှေ့လန် ရုန်းကန်အော်ဟစ်နေခဲ့သော်လည်း ဝမ့်ဝမ်ရုန်ကတော့ သွေးအေးစွာသာ ထိုင်ကြည့်နေခဲ့သည်။

ထိုစဉ် ရုတ်တရက်ဆိုသလို မိန်းမစိုးငယ်တချို့နဲ့အတူ လီသဲ့ဟွိုက် အလျှင်အမြန် ရောက်ရှိလာခဲ့သည်။

ဝမ့်ဝမ်ရုန်ကို ပြုံးပြလျက် လီသဲ့ဟွိုက် ရှင်းပြလိုက်ပါသည်။

“သခင်မဝမ့်၊ ချန်ရှုယိရဲ့ ဝတ္တရားကျေပွန်မှုကတော့ မှတ် ကျောက်တင်လောက်ပါပေတယ်၊ ကြင်ယာတော်ချန်ကို အဖော်ပြုပေးဖို့ အရှင်မင်းကြီးက သခင်မဝမ့်ကို အနောက်နန်းဆောင်ထဲမှာ ယာယီနေထိုင်ခွင့်ပေးလိုက်ပါတယ်၊ စီစဉ်စရာရှိတာ စီစဉ်ပြီး နန်းတော်ထဲကို လိုက်ခဲ့ဖို့အသင့်ပြင်ထားလိုက်ပါ”

ဝမ့်ဝမ်ရုန်မျက်လုံးများ အရောင်တောက်သွားခဲ့သည်။

ရှန်းယွီလေးကို အဖော်ပြုပေးဖို့ အရှင်မင်းကြီးက သူမကို အနောက်နန်းဆောင်ထဲ ဝင်ရောက်ခွင့်ပြုတယ်တဲ့လား!

ဝမ့်ဝမ်ရုန် အမြန်သဘောတူလိုက်ပြီး အထုပ်အပိုးတွေချက်ချင်းပြင်ဆင်ဖို့ အစေခံများအားအမိန့်ပေးလိုက်သည်။

တန့်ရွှေ့လန်လည်း တံခါးဝထိ ဆွဲခေါ်ခံလိုက်ရပြီဖြစ် သည်။ လီသဲ့ဟွိုက် စကားကိုကြားသောအခါ တန့်ရွှေ့လန် မျက်လုံးများ ပြူးကျယ်သွားခဲ့ပါသည်။

“ဝမ့်ဝမ်ရုန်! အစ်ကိုကျင်းမင်ကို ဒီတိုင်းလျစ်လျူရှုထားလို့ မရဘူးနော်! နင်အဲ့လိုလုပ်ရပ် မိုးကြိုးပစ်ခံရလိမ့်မယ်! ငါ--…”

တန့်ရွှေ့လန် စကားဆုံးအောင် မပြောနိုင်ခင် အပြင်ဘက်သို့ ပစ်ထုတ်ခံလိုက်ရသည်။

ဝမ့်ဝမ်ရုန်က တန့်ရွှေ့လန်ကို အာရုံထဲပင် မထားတော့ဘဲ အထုပ်အပိုးပြင်ဆင်ပြီးနောက် နန်းတော်ရှိရာဆီ ချက်ချင်း ထွက်ခွာလာခဲ့ပါသည်။ ထို့နောက် ချန်အိမ်တော်ကြီးလည်း လူသူကင်းမဲ့ကာ ဗလာကျင်းဖြစ်သွားလေတော့သည်။

ဝမ့်ဝမ်ရုန်တို့ ထွက်ခွာသွားတာကို ငေးကြည့်ရင်း တန့်ရွှေ့လန်မျက်လုံးထဲ ဒေါသအရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။

ဒီမိန်းမ…!

အစ်ကိုကျင်းမင်ကို တကယ်လျစ်လျူရှုလိုက်တော့မလို့လား!

ရတယ်လေ! နင် ဂရုမစိုက်ပေမယ့် ငါ ဂရုစိုက်တယ်!

တရားရေးရာဝန်ကြီးဌာန၏ဝင်ပေါက်ထံသို့ တန့်ရွှေ့လန် သွားခဲ့သည်။ သူမသည် ချန်ကျင်းမင်၏သစ္စာမရှိသည့် တခြား မိန်းမတွေလိုမဟုတ်ပါ။ ဒီရှေ့မှာပဲ တစ်သက်လုံး ထိုင်စောင့်နေလိုက်မည်။

တရားရေးရာဝန်ကြီးဌာန အကျဉ်းထောင်ထဲတွင်…

စုစစ်ယောင်နဲ့ ချန်ကျင်းမင်တို့ကို သီးခြား စစ်ဆေးမေး မြန်းနေကြသည်။

စစ်ဆေးမေးမြန်းမှုနှစ်ခု၏ အခြေအနေက မိုးနဲ့မြေလိုကွာ ခြားသည်။

စုစစ်ယောင်ကတော့ မေးသမျှကိုအကုန်ပြန်ဖြေခဲ့ပြီး အရာရာကို အသေးစိတ်ကျကျက ရှင်းပြခဲ့သလို လိုတာထက်ပိုသည့်အရာတွေကိုပါ ဝန်ခံခဲ့သည်။

စုစစ်ယောင် အပြစ်တွေကို အလွယ်တကူဝန်ခံခဲ့သည်။

သို့သော် ချန်ကျင်းမင်ဘက်ရှိ အခြေအနေမှာမူ အတော် လေးဆိုးရွားလှသည်ဟု ဆိုနိုင်သည်။

All Chapters