← Chapters

👑 Chapter 181 👑 Using the Halos

Vol. 19 Ch. 181

👑 Chapter 181 👑 Using the Halos

Vol. 19 Ch. 181

ရက်အနည်းငယ်ကြာပြီးနောက်…

ယွဲ့ဟွာ၏ ဝှက်ဖဲတွေကို တစ်ခုပြီးတစ်ခု ဖော်ထုတ်ဖယ်ရှားပစ်နိုင်ခဲ့သည်။

တုံရှောင်းစစ်တပ်လည်း မြို့တော်ကို ရောက်လာဖို့ တစ်ရက်ခန့်သာ လိုတော့သည်။

တုံရှောင်း စစ်ချီခရီးလမ်းက အတော်လေးချောမွေ့နေသည်ဟုဆိုရမည်။

ယွဲ့လင်း အမိန့်ကြောင့် လမ်းတစ်လျှောက်လုံးရှိ ပြည်နယ်များ၊ ဒေသများမှာဟန်ပြလောက်သာ ခုခံခဲ့ကြပြီး တုံရှောင်းစစ်တပ်ကို ဖြတ်သန်းသွားလာခွင့် ပြုခဲ့ပါသည်။

တုံရှောင်းကလည်း ယွဲ့ဟွာကို ကယ်တင်ဖို့ အလျှင်လိုနေခဲ့တာဖြစ်သည်။ ထို့ကြောင့် သူတို့ကို သွားခွင့်ပြုသရွေ့ တုံရှောင်း၏ စစ်တပ်က တခြားဘာကိုမှ ဂရုစိုက်မှာမဟုတ်ပေ။ ထို့ကြောင့် တိုင်းသူပြည်သားများ စစ်မက်ဘေးမှ သက်သာရာရခဲ့ကြပါသည်။

တုံရှောင်းကိုယ်တိုင်ကလည်း ဒီခရီးစဉ်တစ်ခုလုံး လွယ်ကူချောမွေ့လွန်းနေသည်ဟု ခံစားလာရသည်။ သို့သော် ယွဲ့ဟွာ အန္တရာယ်တောထဲ ကျရောက်နေတာကြောင့် သူဘာမှ မစဉ်းစားခဲ့ပေ။

ယွဲ့ဟွာက သူ့သွေးသားအရင်းဖြစ်သည်။ သူ့ရဲ့ တစ်ဦးတည်းသော သားလေးဖြစ်သည်။

ယွဲ့လင်း ဘယ်လိုထောင်ချောက်မျိုးပဲ ဆင်ထားပါစေ မြို့တော်သို့ သူရအောင်စစ်ချီပါမည်။

ဒီရက်ပိုင်းအတွင်း ယွဲ့လင်းက စစ်သူကြီးတွေကို နေရာချ၊ စစ်တပ်တွေကို ရွှေ့ပြောင်းပြီး မြို့တော်အနီးနားတဝိုက်ရှိ တပ်ကူတိုင်းကို ဆင့်ခေါ်ခဲ့သည်။

လာမည့်တိုက်ပွဲအတွက် တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့များနဲ့ နန်းစောင့်တပ်များကလည်း အသင့်အနေအထားမှာ ရှိနေကြပါပြီ။

မနက်ဖြန် တုံရှောင်းစစ်တပ်များ မြို့တော်သို့ရောက်ရှိလာပါတော့မည်။

မကြာခင် တိုက်ခတ်တော့မည့် မုန်တိုင်းကြီး၏ အရှိန်အဝါကို မြို့တော်ထဲလူတိုင်း ကြိုတင်ခံစားမိကြသည်။ မြို့ တော်လမ်းမထက်မှာလည်း လူသူရှင်းလင်းနေခဲ့သည်။

တိုင်းသူပြည်သားတွေ အပြင်မထွက်ရဲကြတော့ဘဲ အိမ်ထဲမှာသာ တိတ်တဆိတ်ဆုတောင်းနိုင်ခဲ့ကြသည်။

ဒီပဋိပက္ခကြီး အေးအေးချမ်းချမ်း ပြီးဆုံးသွားစေဖို့သာ ဆုတောင်းခဲ့ကြသည်။ သူတို့အားလုံး ဘဝကိုငြိမ်းငြိမ်း ချမ်းချမ်း ဖြတ်သန်းနိုင်စေဖို့ ဆုတောင်းခဲ့ကြပါသည်။

-

ဖုန့်ယီနန်းဆောင်တွင်…

ယွဲ့လင်း အနောက်နန်းဆောင်ဆီ ကြွမြန်းမလာတာ ရက်အတော်ကြာနေပြီဖြစ်သည်။

စနစ်မှ ဖော်ပြထားသည့် အတင်းအဖျင်းများကို ဖတ်ရှုရင်း ကျန်းကျီမြောင်လည်း တစ်ယောက်တည်း အစီအစဉ် ဆွဲနေခဲ့ပါသည်။

ဒီနေ့မနက်တုန်းက ရရှိထားသည့် အတင်းအဖျင်းအရ မနက်ဖြန် အရုဏ်တက်ချိန်မတိုင်ခင် မြို့တော်တံတိုင်းများအနီးသို့ တုံရှောင်း စစ်တပ်ရောက်ရှိလာလိမ့်မည်ဟု ကျန်းကျီမြောင် သိခဲ့ရသည်။

ထို့ကြောင့် သူမ ဝယ်ယူထားသည့် အဆောင်တွေအားလုံးကို ချက်ချင်းအသုံးပြုခဲ့လေသည်။

ယွဲ့ဟွာရဲ့ အကြီးမားဆုံး ဝှက်ဖဲကြီး ဖြစ်သော တုံရှောင်း ရောက်ရှိလာခဲ့ပါပြီ။ နန်းတော်ထဲမှာ ရှိနေသည့် မန်ကျစ်လည်း အချိန်ကိုက် လှုပ်ရှားနိုင်ချေရှိသည်။

သူတို့အတွက် ယွဲ့လင်းကို လုပ်ကြံသတ်ဖြတ်လိုက်ခြင်းက အရာရာကို အလွယ်တကူ အဆုံးသတ်သွားစေမည့် နည်းလမ်းဖြစ်သည်။

ထို့ကြောင့် လာမည့်ရက်ပိုင်းအတွင်း ယွဲ့လင်း အန္တရာယ်တောထဲ ကျရောက်နေနိုင်ပါသည်။

“အတွေးဖလှယ်ခြင်းအဆောင်”

“ယွဲ့လင်းအပေါ်မှာ အသုံးပြုလိုက်”

“မသေဆုံးခြင်းရောင်ဝါ: စနစ်ပိုင်ရှင်ကိုယ်ပေါ်မှာပဲ အသုံး ပြုနိုင်ပါမယ်”

“ချက်ချင်းသုံးလိုက်တော့”

“လက်ချည့်ဗလာ တိုက်ခိုက်မှုကို ရာနှုန်းပြည့်ခံယူခြင်း ရောင်ဝါ”

“မန်ကျစ်ကို ပစ်မှတ်ထားပြီးသုံးလိုက်”

ထိုအဆောင်သုံးခုကို အသုံးပြုလိုက်ပြီးနောက် နောက်သုံးရက်အတွင်း ယွဲ့လင်းဘေးကင်းလုံခြုံမှာ သေချာသွားပါပြီ။

သို့သော်… သူမ ဖုန့်ယီနန်းဆောင်မှာ တစ်ချိန်လုံးထိုင်နေလို့တော့ မဖြစ်ပေ။

ယွဲ့လင်းကို မန်ကျစ် ပစ်မှတ်မထားနိုင်တော့တာ မှန်သော် လည်း နန်းတော်ထဲမှာ ယွဲ့ဟွာ၏လျှို့ဝှက်သတင်းအချက် အလက်ဌာနမှ အခြားသူတွေရှိနေနိုင်ပါသေးသည်။

နှောင်းဧကရာဇ်မင်းကြီး ချန်ထားခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်သဖြင့် ထင်သလောက် မရိုးရှင်းနိုင်ပေ။

အဆိပ်ခတ်တာတွေ၊ မြှားပုန်းတွေနဲ့ ပစ်ခတ်တာတွေ… စသည်ဖြင့် လုပ်ကြံနည်းပေါင်းစုံကို အသုံးချနိုင်ပါသေးသည်။

နောက်ဆုံးအချိန်ကျမှ ယွဲ့လင်းတစ်ခုခုဖြစ်သွားလျှင် သူမ ကြိုးစားအားထုတ်ထားရတာတွေအကုန် သဲထဲရေသွန် ဖြစ်သွားလိမ့်မည်။

အတွေးဖလှယ်ခြင်းအဆောင်က ချက်ချင်း အာနိသင်ပြခဲ့ပါသည်။ ကျန်းကျီမြောင် အာရုံထဲ ယွဲ့လင်းအတွေးသံတွေ ဆက်တိုက်ဆိုသလို ဝင်ရောက်လာခဲ့သည်။

[ဒီခံစစ်ကို မြို့စားရှဲ့ပဲ ဦးဆောင်နိုင်လိမ့်မယ်၊ ဝူကျီးက လက်ထောက်စစ်သူကြီးအဖြစ် ထမ်းဆောင်ရမယ်၊ မြို့တော်တံတိုင်းတွေမှာ အနာအဆာရှိနေသေးလား ? သေချာ ပြန်စစ်ကြည့်ရမယ်]

[မဟုတ်သေးဘူး… ဒီကိစ္စကို သေချာမစီမံရသေးဘူး! စစ်မက်ရေးရာဝန်ကြီးကို အမြန်အသိပေးရမယ်]

ယွဲ့လင်း၏အတွေးသံတွေ ဟိုတစ်စဒီတစ်စ လွင့်ပျံနေခဲ့သည်။ ဒီမဟာစစ်ပွဲကြီးအတွက် ကဏ္ဍပေါင်းစုံတိုင်းကို ယွဲ့လင်း သေသေချာချာစိစစ်နေသည်။

ထိုအတွေးသံတွေကိုနားထောင်ရင်း ကျန်းကျီမြောင် ခေါင်းကိုက်လာမိသည်။ ထို့ကြောင့် မတ်တပ်ရပ်လိုက်ပြီး ဖုန့်ယီနန်းဆောင်အပြင်ထွက်ဖို့ကြံရွယ်လိုက်ပါသည်။

ထိုစဉ် ရုတ်တရက်ဆိုသလို သူ့အာရုံထဲ ယွဲ့လင်း၏အတွေး သံတစ်သံ ဝင်ရောက်လာခဲ့သည်။

[ဒီနေ့ည လမင်းကြီး သိပ်လှတာပဲ… မြောင်မြောင် ဘာတွေ လုပ်နေမလဲမသိဘူး]

ကျန်းကျီမြောင် ခြေလှမ်းများ ရပ်တန့်သွားရသည်။

ထိုအတွေးက တစ်ခဏတာသာဖြစ်ပြီး စစ်ပွဲနှင့်သက်ဆိုင်သည့် အရေးကိစ္စတွေကိုသာ ယွဲ့လင်း အသည်းအသန်ပြန်စဉ်းစားနေခဲ့သည်။

ကျန်းကျီမြောင် မျက်လုံးများ နူးညံ့သွားခဲ့သည်။ ဧကရာဇ်မင်းတစ်ပါး၏ချစ်မေတ္တာကို သူမ မယုံကြည်ခဲ့ပါ။

သို့သော်… ဒီလိုအချိန်မျိုးမှာတောင် ယွဲ့လင်းက သူမအကြောင်းတွေစဉ်းစားနိုင်သေးသည်။

ဒါဆို သူ့ရင်ထဲက ခံစားချက်က အစစ်အမှန်ပဲလား…

ကျန်းကျီမြောင် သက်ပြင်းချလိုက်မိသည်။ သူသည် လောဘကြီးသူတစ်ယောက်ပင်။

ယွဲ့လင်းပေးနိုင်သည့် အချစ်က အပြည့်အဝမဟုတ်လျှင် သူ လက်ခံမည်မဟုတ်ပါ။

မိဖုရားကြီးဟူသည့် ရာထူးကို အလုပ်တစ်ခုလိုသဘော ထားပြီး သူမဘက်က တာဝန်တွေကို အပြည့်အဝထမ်းဆောင်ပေးပါမည်။ သို့သော်… ကျန်တာတွေကိုတော့ သူ မပေးဆပ်ရဲသေးပါ။

အနာဂတ်မှာ သူတို့ဘယ်လိုတွေပဲဖြစ်လာပါစေ ယွဲ့လင်းကို မသေစေချင်တာတော့ သေချာသည်။

ထို့ကြောင့် နန်းဆောင်ဝင်ပေါက်သို့ ကျန်းကျီမြောင် တွန့် ဆုတ်မှုမရှိ လျှောက်လာခဲ့သည်။

နန်းစောင့်တပ်သားများက ကျန်းကျီမြောင်ကို အမြန်တား ဆီးဖို့ ပြင်လိုက်ကြသည်။

“အရှင်မ! အပြင်ဘက်မှာ အန္တရာယ်တွေ ရှိနေနိုင်တယ်လို့ အရှင်မင်းကြီး မှာကြားထားပါတယ်၊ အရှင်မ အပြင်မထွက်ဖို့ ဒီငယ်သားတို့တောင်းဆိုပါတယ်”

လောလောဆယ် နန်းတော်တစ်ခုလုံးမှာ ဖုန့်ယီနန်းဆောင်ကသာဘေးကင်းအလုံခြုံဆုံးဖြစ်သည်။ ယွဲ့လင်း၏ နန်းဆောင်မှာတောင် ဒီလောက်များပြားသည့် ကာကွယ်ရေးတပ်တွေရှိမနေလောက်ပါ။

ကျန်းကျီမြောင်ပြုံးကာ ပြောလိုက်သည်။

“ဒါပေမယ့် ဒီမိဖုရား နားမထောင်ချင်ဘူး”

နန်းစောင့်တပ်သားများ: “???”

ကျန်းကျီမြောင် ဓားမြှောင်တစ်ချောင်းကို ထုတ်လိုက်ပြီး သူ့လည်ပင်းကို ရွယ်လိုက်ပါသည်။

နန်းစောင့်တပ်သားတွေအားလုံး ခြေမကိုင်မိလက်မကိုင်မိ ကယောင်ချောက်ချား ဖြစ်ကုန်ကြသည်။

“အရှင်မ ဘာလုပ်တာလဲ! အရှင်မရဲ့ ဘေးကင်းလုံခြုံမှုအတွက်စိုးရိမ်လို့ အရှင်မင်းကြီး ခုလိုမိန့်ကြားထားတာပါ!”

“အရှင်မ ဓားကိုအမြန်ချလိုက်နော်”

ကျန်းကျီမြောင် တည်ငြိမ်စွာ မိန့်လိုက်သည်။

“တပ်သားနည်းနည်းခေါ်ပြီး ဒီမိဖုရားကို အရှင်မင်းကြီးရဲ့ နန်းဆောင်ဆီ လိုက်ပို့ပေးကြစမ်း၊ ဒီနေ့ည အရှင်မင်းကြီးကို ဒီမိဖုရားတွေ့ရမှဖြစ်မယ်၊ အရှင်မင်းကြီးကို မတွေ့ရရင် ဒီမိဖုရား ချက်ချင်းသေကြောင်းကြံပစ်လိုက်မှာနော်!’

[အဟွတ် အဟွတ်… ဓားက တော်တော်အေးတာပဲ၊ ရပါတယ် ရပါတယ်၊ မသေဆုံးခြင်းရောင်ဝါကြောင့် ဘာဒဏ် ရာမှ မရနိုင်ဘူး၊ လက်တွေတုန်နေရင်တောင် ဓားရှမှာ မဟုတ်လောက်ဘူး]

“အရှင်မ! တကယ်မဖြစ်လို့ပါ! အရှင်မကို ထွက်သွားခွင့်ပြုလိုက်ရင် ဒီငယ်သားတို့ကို အရှင်မင်းကြီး ချမ်းသာပေးမှာ မဟုတ်ဘူး!”

နန်းစောင့်တပ်သားများ ကြောက်ရွံ့မှုဖြင့် တုန်ယင်သွားခဲ့ကြပါသည်။

“အရှင်မင်းကြီးရဲ့အမိန့်ကိုကျတော့ နာခံပြီး မိဖုရားကြီးအမိန့်ကိုတော့ နာခံစရာမလိုဘူးဆိုတဲ့ သဘောလား”

ချန်ရှုယိ၏ အသံ ရုတ်တရက် ထွက်ပေါ်လာပါသည်။

“နန်းတော်ထဲမှာ အရှင်မ သွားလိုတဲ့နေရာကို လွတ်လွတ်လပ်လပ် သွားခွင့်ရှိတယ်!”

“အမှန်ပဲ၊ အရှင်မရဲ့ အမိန့်ကို နားထောင်လိုက်တာပိုကောင်းမယ်နော်”

အခြားကိုယ်လုပ်တော်တွေလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြလေသည်။

အနောက်နန်းဆောင် ညီအစ်မတွေကိုကျန်းကျီမြောင်အံ့အားသင့်စွာ ကြည့်လိုက်ပါသည်။ အားလုံး သူ့ဘက်မှာ မတွန့်မဆုတ် ရပ်တည်နေကြသည်။

“အရှင်မ သေချာရဲ့လား” ချန်ရှုယိ တီးတိုးမေးလိုက်ပါသည်။

ကျန်းကျီမြောင်အတွေးသံတွေကို သူမကြားပြီးသားဖြစ်သော်လည်း သေချာအတည်ပြုချင်သေးသည်။

ကျန်းကျီမြောင် ခေါင်းညိတ်လိုက်သည်။ မသေဆုံးခြင်းရောင်ဝါ၏အာနိသင်ကိုလည်း မကြာခင် လူတွေမြင်သွားကြမှာ သေချာသည်။

ထို့ကြောင့် ကျန်းကျီမြောင် နန်းစောင့်တပ်သားတွေဘက်ကို ပြန်လှည့်သွားပြီး ခက်ထန်စွာ မိန့်လိုက်လေသည်။

“ဒီမိဖုရားက နတ်ကောင်းနတ်မြတ်တစ်ပါးရဲ့ ကာကွယ်စောင့်ရှောက်မှုကို ခံထားရတာ! အခု အရှင်မင်းကြီးဘေးကအနှောင့်အယှက်တွေကို ဖယ်ရှားပေးဖို့ ကြွမြန်းမှာ! ဒီမိဖုရားကိုမြင်ရင် အရှင်မင်းကြီးနားလည်သွားလိမ့်မယ်။ အဲ့တာကြောင့် ငယ်သားတို့က လမ်းဖယ်ပေးဖို့ပဲလိုအပ်တယ်။ ငယ်သားတို့ ဘာပြစ်ဒဏ်မှ မခံစားစေရဘူးလို့ ဒီမိဖုရား အာမခံတယ်”

အနောက်နန်းဆောင် ညီအစ်မတွေအားလုံးစိတ်ဓာတ်တက် ကြွသွားခဲ့ကြသည်။

မိဖုရားကြီးကိုယ်တိုင် ဝန်ခံလိုက်လေပြီ။

မိဖုရားကြီးက နတ်ကောင်းနတ်မြတ်တစ်ပါး၏ကာကွယ်စောင့်ရှောက်မှုကို ခံထားရသည်ဆိုတာထက် ပိုပါသည်။ သူကိုယ်တိုင်က နတ်ကောင်းနတ်မြတ်တစ်ပါး ဝင်စားလာသည့်လူဖြစ်သည်။

သို့သော် နန်းစောင့်တပ်သားတွေကတော့ တွန့်ဆုတ်နေကြပါသေးသည်။

ပုံမှန်ဆိုတည်တည်ငြိမ်ငြိမ် နေတတ်သည့် ချန်ရှုယိတစ်ယောက် တံမြက်စည်းတစ်ချောင်းကို ကောက်လိုက်ပြီး နန်းစောင့်တပ်သားတွေထံ ပြေးလာခဲ့သည်။

ဒါကိုမြင်တော့ အခြားကိုယ်လုပ်တော်တွေလည်း တံမြက်စီးတွေ ကိုယ်စီကိုင်လျက် နန်းစောင့်တပ်သားတွေကို ပြေးရိုက်ကြပါသည်။

နန်းစောင့်တပ်သားများ မှင်သက်ကုန်ကြလေပြီ။

တံမြက်စည်းဖြင့် အရိုက်ခံရတာ သိပ်မနာသော်လည်း သူတို့ ပြန်တိုက်ခိုက်လို့မရပေ။

ဗရုတ်သုက္ခဖြစ်နေသည့် အခြေအနေတွေကို အခွင့်ကောင်း ယူပြီး ကျန်းကျီမြောင် နန်းဆောင်ထဲမှ ထွက်ပြေးသွားလေတော့သည်။

“မိဖုရားကြီး! အရှင်မ! အနည်းဆုံးတော့ တပ်သားနည်းနည်းလောက် ခေါ်သွားပါဦး!”

တပ်မှူးဖြစ်သူက စိတ်ချောက်ချားစွာ လှမ်းအော်ပြောလိုက်ပါသည်။

“နင်တို့တွေသာ အစောကြီးကတည်းက အဲ့လိုလုပ်ခဲ့ရင် ဒီလောက် ကြန့်ကြာစရာအကြောင်း မရှိဘူး!”

ကိုယ်လုပ်တော်များအားလုံး လက်ထဲက တံမြက်စည်းတွေကိုပစ်ချလိုက်ကြပါသည်။

တပ်မှူးလည်း ဆွံ့အသွားခဲ့သည်။ နောက်ဆုံးမှာတော့ နန်းစောင့်တပ်သား သုံးဦးကိုရွေးချယ်ပြီး ကျန်းကျီမြောင်နောက်သို့ လိုက်လာကာ ယွဲ့လင်းနန်းဆောင်ထံ လိုက်လံပို့ဆောင်ပေးဖို့ ပြင်လေတော့သည်။

အခြားတပ်သားတွေကတော့ ဖုန့်ယီနန်းဆောင်ကိုသာ ဆက်စောင့်ကြပ်ခဲ့ကြပါသည်။

"ကျမတို့ နိုင်လောက်မှာပါနော်…”

ယွဲ့မြန် ရီဝေစွာ မေးလိုက်သည်။

“ဒါပေါ့! မိဖုရားကြီးက သာမန်လူမို့လို့လား!”

အန်းကျောက်ရီ မဆိုင်းမတွ ပြန်ဖြေလိုက်ပါသည်။

ကိုယ်လုပ်တော်များအားလုံး ခေါင်းညိတ်ထောက်ခံလိုက်ပြီး အမှောင်ထုထဲ တိုးဝင်ပျောက်ကွယ်သွားသည့် ကျန်းကျီမြောင်ကို တိတ်တဆိတ် ငေးကြည့်နေခဲ့ကြသည်။

သူမတို့အားလုံးက အားနည်းပျော့ညံ့သဖြင့် အကူအညီ သိပ်ပေးနိုင်စွမ်းမရှိပါ။ ထို့ကြောင့် မိဖုရားကြီးနဲ့အတူ လိုက်သွားလျှင် မိဖုရားကြီးအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုသာဖြစ်သွားလိမ့်မည်။

ထို့ကြောင့်… အရာရာ အဆင်ပြေချောမွေ့ပါစေဟုသာ ဆုတောင်းရင်း အားလုံးကျန်ရစ်ခဲ့ကြတော့သည်။

All Chapters