← Chapters

👑 Chapter 182 👑 The Empress Dowager is Coming

Vol. 19 Ch. 182

👑 Chapter 182 👑 The Empress Dowager is Coming

Vol. 19 Ch. 182

ယွဲ့လင်း နန်းဆောင်တွင် လူတွေအများကြီး ဝင်ထွက်သွားလာနေကြသည်။

ဒီနေ့ နန်းတော်ထဲမှာ အတော်လေး လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့ကြပါသည်။ တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့များအပြင် ရာထူးမြင့် ဝန်ကြီးမှူးမတ်တွေလည်း ခန်းမကြီးထဲမှာ စောင့်နေကြသည်။

အရာရာကို အဆုံးအဖြတ်ပေးမည့် စစ်ပွဲကြီး နီးကပ်လာပြီဖြစ်မှန်း အားလုံး သိကြသည်။

တုံရှောင်းစစ်ချီလာသည့် လမ်းတစ်လျှောက်မှ သတင်းပေးပို့ချက်တွေအားလုံး ရောက်ရှိလာပါပြီ။ သတင်းအချက် အလက်များ အားလုံးကို စစ်ဆေးကြည့်ခြင်းအားဖြင့် အခြေအနေကို ကောက်ချက်ချဖို့ လွယ်ကူပါသည်။

မကြာမီ မြို့တော်တံတိုင်းရှေ့သို့ တုံရှောင်းစစ်တပ် ရောက်ရှိလာပါတောမ့ည်။

ရှဲ့ချန်းက တပ်သားတွေကို ဦးဆောင်ပြီး မြို့ပြင်မှာ သွားစောင့်နေပြီဖြစ်သည်။

မြို့တွင်းမှာလည်း ဝူကျီးက တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့များကို ဦးဆောင်ပြီး အသင့်အနေအထားရှိနေသည်။

စစ်အင်အားအရ နှစ်ဖက်စလုံးက သာတူညီမျှရှိပါသည်။ သို့သော် တုံရှောင်း၏ စစ်တပ်က နှစ်ပေါင်းများစွာ တိုက်ပွဲအတွေ့အကြုံရှိခဲ့ကြတာကြောင့် တိုက်ခိုက်စွမ်းရည် အနည်းငယ် ပိုသာမှာ သေချာသလောက်ရှိသည်။

ဒီတစ်ခေါက် တုံရှောင်း ပုန်ကန်ရသည့် အကြောင်းပြချက်ကတော့ ‘နှောင်းဧကရာဇ်မင်းကြီး၏ သေတမ်းစာအရ မင်းဆိုးမင်းညစ် ယွဲ့လင်းကို နန်းချပြီး မင်းသားအန်းဟယ်ကို နန်းတင်ပေးဖို့’ ဟူ၍ဖြစ်ပါသည်။

နှောင်းဧကရာဇ်မင်းကြီး နတ်ရွာမစံခင်က သူ့ကို ဆင့်ခေါ်ပြီး သေတမ်းစာတစ်စောင် လျှို့ဝှက်ပေးအပ်ခဲ့သည်ဟု တုံရှောင်းကဆိုသည်။

သေတမ်းစာထဲမှာ ယွဲ့လင်းက စရိုက်ကြမ်းသလို အရည်အ ချင်းလည်းမရှိကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် ယွဲ့လင်းကို နန်းတက်ခွင့်ပေးလိုက်ပါက တိုင်းသူပြည်သားတွေ ကပ်ဆိုက်သွားနိုင်သည်ဟု ဖော်ပြထားပါသည်။

ကံမကောင်းစွာဖြင့် သားအကြီးဆုံးကိုသာ နန်းတင်ရမည်ဟူသော ဝန်ကြီးမှူးမတ်မျာ၏ ဖိအားပေးမှုက ပြင်းထန်လွန်းသဖြင့် တိုင်းပြည်တည်ငြိမ်ဖို့အတွက် ယွဲ့လင်းကိုသာ နှောင်းဧကရာဇ်မင်းကြီး ထီးနန်းအပ်နှင်းခဲ့ရခြင်း ဖြစ်သည်ဟု ဆိုထားပါသည်။

သို့သော် ကောင်းကင်ဘုံ၏သားတော်အဖြစ် တင်မြှောက်ဖို့ နှောင်းဧကရာဇ်မင်းကြီး အမှန်တကယ် ရွေးချယ်ထားခဲ့သူက ယွဲ့ဟွာသာ။

တစ်နေ့နေ့တစ်ချိန်ချိန်မှာ နတ်လူအပေါင်း၏ အမျက်ဒေါ သကို ခံစားရအောင် ယွဲ့လင်းလုပ်ခဲ့လျှင် တုံရှောင်း စစ်ချီလာပြီး ယွဲ့လင်းကို နန်းချလျက် ယွဲ့ဟွာကိုနန်းတင်ရမည်ဟု နှောင်းဧကရာဇ်မင်းကြီးက လျှို့ဝှက်အမိန့် ထုတ်ပြန်ထားခဲ့သည်။

ထိုသေတမ်းစာအမိန့်တော်ကို အသုံးချပြီး စစ်သည်အင် အားငါးသောင်းကို သူနဲ့အတူပုန်ကန်ဖို့ တုံရှောင်း စည်းရုံးနိုင်ခဲ့တာခြင်းဖြစ်သည်။

ယွဲ့လင်း နန်းတက်တာ နှစ်ဝက်လောက်သာရှိသေးသည်။ ထို့အပြင် နှောင်းဧကရာဇ်မင်းကြီး၏လွှမ်းမိုးမှုကလည်း အလွန်အားကောင်းနေဆဲပင်။

ထို့ကြောင့် နှောင်းဧကရာဇ်မင်းကြီး၏သေတမ်းစာအမိန့်တော်ကို ကိုင်ဆောင်ထားခြင်းအားဖြင့် တိုင်းသူပြည် သားများကိုလည်း အလွယ်တကူ အယုံသွင်းနိုင်ပါလိမ့်မည်။

သို့သော် ထိုသေတမ်းစာ အမိန့်တော် အမှန်တကယ်ကော ရှိနေရဲ့လား…

ယွဲ့လင်းကမူ ရှိနေသည်ဟု ကောက်ချက်ချချင်ပါသည်။

သူ့ ချစ်လှစွာသော ခမည်းတော်သည် ယွဲ့ဟွာ နန်းမတက်ရမည်ကို အလွန်စိုးရိမ်ပူပန်နေခဲ့ခြင်းဖြစ်သည်။ သူ့ကို အဆိပ်ခတ်ခဲ့တာကော၊ ယွဲ့ဟွာလက်ထဲကို လျှို့ဝှက်သတင်းအချက်အလက်ဌာန ထည့်သွင်းပေးခဲ့တာကကော ယွဲ့ဟွာအတွက် လမ်းခင်းပေးခဲ့တာဖြစ်သည်။

သာမန်အခြေအနေမျိုးမှာဆိုရင်တော့ ယွဲ့လင်း နတ်ရွာစံသွားသည့်အခါ ယွဲ့ဟွာ တရားဝင် နန်းတက်နိုင်လိမ့်မည်။ သို့သော် ယခုက သာမန်အခြေအနေ မဟုတ်တော့ပေ။

ထို့ကြောင့် ယွဲ့ဟွာ အချိန်မတိုင်ခင် နန်းတက်ဖို့ ကြံရွယ်ထားလျှင် ယွဲ့လင်းကို ထီးနန်းပေါ်မှ မောင်းချဖို့ ဖြောင့်မတ်မှန်ကန်သည့် အကြောင်းပြချက်တစ်ခုလိုအပ်လာပြီ ဖြစ် သည်။ နှောင်းဧကရာဇ်မင်းကြီး၏သေတမ်းစာ အမိန့်တော်က ယွဲ့ဟွာ လိုအပ်နေသည့် အကြောင်းပြချက် ဖြစ်လာခဲ့သည်။

ယွဲ့လင်း ရယ်သာရယ်ချင်တော့သည်။

သူ့ ‘အချစ်စစ်’ရဲ့ ရင်သွေးလေး နန်းတက်နိုင်စေဖို့အတွက် ခမည်းတော်က အရာရာပုံအောထားခဲ့တာဖြစ်သည်။

သို့သော်… ယွဲ့ဟွာက သူ့ရင်သွေးမဟုတ်မှန်း နှောင်းဧကရာဇ်မင်းကြီး မသိခဲ့ရှာပါ။

စစ်ပွဲအတွက် ပြင်ဆင်ရင်း ယွဲ့ဟွာ၏ မျိုးရိုးအစစ်အမှန်ကို ထုတ်ပြဖို့လည်း ယွဲ့လင်း စီစဉ်ထားပြီးပြီဖြစ်ပါသည်။

မြောင်မြောင့်အတွေးသံမှတဆင့် ကြားသိခဲ့ရသည့် အကြောင်းအရာတွေကို တခြားသူတွေအား ပြန်ပြောပြလို့ မရပါ။ သို့သော် ခိုင်လုံသည့်သက်သေတစ်ခု ရသွားလျှင်တော့ ထိုအဟန့်အတားမရှိတော့ပေ။

အစကတော့ သက်သေတွေက တစ်စစီပြန့်ကျဲနေခဲ့သဖြင့် ချိတ်ဆက်လို့ မရနိုင်ခဲ့ပါ။

သို့သော် ချန်ကျင်းမင်၏ အကူအညီပေးမှုကြောင့် အရာရာကို ချိတ်ဆက်နိုင်ခဲ့ပါသည်။ ယခု ယွဲ့ဟွာမျိုးရိုးအစစ်အ မှန်ကို ယွဲ့လင်း သက်သေပြနိုင်ပြီဖြစ်သည်။

ယွဲ့ဟွာ၏ မျိုးရိုးအစစ်အမှန်ကို ဖော်ထုတ်လိုက်တာနဲ့ နှောင်းဧကရာဇ်မင်းကြီး၏ သေတမ်းစာအမိန့်တော်ဆိုတာ ဟာသကြီးတစ်ခုလိုဖြစ်သွားလိမ့်မည်။

နှောင်းဧကရာဇ်မင်းကြီးကိုလည်း တစ်လောကလုံးက ပြက်ရယ်ပြုကြလိမ့်မည်။

ယွဲ့လင်း ဂရုမစိုက်ပါ။ နှောင်းဧကရာဇ်မင်းကြီး လူပြက်ဖြစ်သွားတာကို သူပျော်ပျော်ကြီး စောင့်ကြည့်နေပါမည်။

ယွဲ့လင်း နှုတ်ခမ်းထက် အေးစက်သည့် အပြုံးတစ်ခု အထင်းသား ပေါ်လာခဲ့သည်။

သူလည်း သားလိမ္မာတစ်ဦးဖြစ်ချင်ခဲ့ပါသည်။ သို့သော် တချို့သောသူတွေက သူ့လက်တွေကို တွန်းအားပေးခဲ့ကြလေသည်။

နှောင်းဧကရာဇ်မင်းကြီးက ဂုဏ်သိက္ခာကို အလွန်တန်ဖိုးထားတတ်သူဖြစ်သည်။ ဒါ့ကြောင့်လည်း မင်းဆက်ဟောင်း၏မင်းသမီးကို ကြင်ယာတော်အဖြစ် တရားဝင် မတင်မြှောက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

ယွဲ့လင်း အသက်ရှင်နေသေးတာကြောင့် ယွဲ့ဟွာကို ထီးနန်းမပေးအပ်နိုင်ခဲ့တာလည်း ဒါ့ကြောင့်ပင်။

သူနတ်ရွာစံသွားသည့်အခါ နာမည်ကောင်းတစ်ခု ကျိန်း သေ ကျန်ရစ်ခဲ့ချင်တာဖြစ်မည်။

ကံမကောင်းစွာဖြင့်… အဆုံးသတ်မှာ နှောင်းဧကရာဇ်မင်းကြီး၏ဆန္ဒမှာ စိတ်ကူးယဉ်မှုသက်သက်အဖြစ် ပြောင်းလဲသွားပါတော့မည်။

-

ခန်းမကြီးထဲမှာ အရာရှိအမတ်ပေါင်းစုံ အခြေအနေကို အစီရင်ခံရင်း ဆူညံနေကြပါသည်။

ထိုစဉ်ရုတ်တရက်ဆိုသလို အားလုံး ငြိမ်ကျသွားခဲ့သည်။

ယွဲ့လင်း မျက်မှောင်ကြုတ်လျက် မိန့်လိုက်သည်။ “ဘာလို့ တိတ်ဆိတ်သွားကြတာလဲ”

ယွဲ့လင်း ခေါင်းဖော်ကြည့်လိုက်မှ သူပါ အံ့ဩတုန်လှုပ်သွားခဲ့ရတော့သည်။

ယွဲ့လင်း ရုတ်တရက် မတ်တပ်ထရပ်လိုက်လေသည်။ “မြောင်မြောင်?!”

ထို့နောက် တပ်မှူးတုကို ယွဲ့လင်း လှည့်ကြည့်လိုက်သည်။ “ဖုန့်ယီနန်းဆောင်ကို သေချာစောင့်ကြပ်ထားပါလို့ ငါအမိန့်ပေးမထားဘူးလား!”

တပ်မှူးတု အလွန်ချောက်ချားသွားကာ တစ်ခုခုလျှောက်တင်ဖို့ ကြံလိုက်ပါသည်။

ထိုစဉ် ကျန်းကျီမြောင်က အပြုံးဖြင့် ဝင်လျှောက်တင်လိုက်သည်။ “တပ်မှူးတုကို အပြစ်မတင်ပါနဲ့ အရှင်မင်း ကြီး၊ ဒီမိဖုရားက ကိုယ့်အသက်ကိုယ် ခြိမ်းခြောက်ပြီး သူတို့ကို ဖိအားပေးခဲ့တာပါ”

ယွဲ့လင်း အလွန်မျက်မှောင်ကြုတ်သွားပြီး ပလ္လင်ပေါ်မှ ဆင်းလာခဲ့သည်။

“မြောင်မြောင်! အခု အရေးကြီးတဲ့အချိန်ကိုရောက်နေတာ၊ ကိုယ် မြောင်မြောင့်ကို အန္တရာယ်မကျရောက်စေချင်ဘူး”

ခန်းမကြီးထဲက အရာရှိအမတ်တွေအားလုံး ခေါင်းငုံ့သွားကြပါသည်။

ယွဲ့လင်းထံမှာ မင်းကောင်းမင်းမြတ်တစ်ပါး၏လက္ခဏာတွေ သူတို့ ပိုပိုပြီးမြင်လာရတာ သေချာပါသည်။

သို့သော် ကျန်းကျီမြောင်ရှေ့မှာတော့ အသိစိတ်လွတ်ပြီး သူ့ကိုယ်သူ ‘ကိုယ်’ဟု သုံးနှုန်းနေသေးသည်။ ထို့ကြောင့် အရှင်မင်းကြီးနှင့် မိဖုရားကြီးတို့၏အသွင်က သာမန် ဇနီးမောင်နှံနှစ်ဦးနှင့် မခြားနားလှပေ။

“အ‌ရေးကြီးတဲ့အချိန်ကို ရောက်နေတာမို့လို့ပဲ ဒီမိဖုရားလာခဲ့တာလေ”

ကျန်းကျီမြောင် ပြုံးလိုက်သည်။

“ဒီမိဖုရားက ကံအလွန်ကောင်းပြီး ကောင်းကင်ဘုံရဲ့စောင့် ရှောက်မှုကို ခံထားရလို့ အဲ့ဒီကံကို အရှင်မင်းကြီးနဲ့ မျှဝေချင်တာပါ”

“မြောင်မြောင်…”

ယွဲ့လင်း မျက်နှာ အလွန်နူးညံ့သိမ်မွေ့သွားခဲ့သည်။

[ငါတို့ ကလေးကို ဘာနာမည်ပေးရင်ကောင်းမလဲ]

ကြည်နူးစရာအခြေအနေထဲ ကျန်းကျီမြောင် စိတ်နှစ်ထားချိန် ယွဲ့လင်း၏အတွေးသံကို ရုတ်တရက်ကြားလိုက်ရသည်။

ယွဲ့လင်းကို ကျန်းကျီမြောင် စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပါသည်။

[ဒီကောင်ကတော့! ခေါင်းထဲမှာ အဲ့အတွေးတွေနဲ့ပဲ ပြည့်နေတာလား!]

ယွဲ့လင်း မှင်သက်သွားသည်။

[ငါဘာမှ မတွေးမိပါဘူး… နေပါဦး… ငါ တွေးမိတယ်ဆိုရင်တောင် မြောင်မြောင်က ဘယ်လိုလုပ်သိမှာလဲ]

ကျန်းကျီမြောင်ကို ယွဲ့လင်း တုန်လှုပ်စွာကြည့်လိုက်သည်။

ကျန်းကျီမြောင်လည်း ကြက်သေသေသွားသည်။ ထို့နောက် သူ့အာရုံထဲ စမ်းသပ်ကာ တွေးကြည့်လိုက်သည်။

[ယွဲ့လင်းက ဧကရာဇ်အစုတ်ပလုတ်… ငတုံးကောင်ကြီး…?]

ယွဲ့လင်း: “…”

ကျန်းကျီမြောင်ကို ယွဲ့လင်း ဝမ်းနည်းပက်လက်ကြည့်လိုက်သည်။

[မြောင်မြောင် ဘာလို့ ဆူနေတာလဲ]

ကျန်းကျီမြောင် ဆွံ့အသွားခဲ့သည်။

သူ သေချာသွားပါပြီ။ ယွဲ့လင်းလည်း သူ့အတွေးသံတွေကို ကြားနေရသည်။

“သုံးစားမရတဲ့ စနစ်!”

ကျန်းကျီမြောင် စနစ်ကို ဟိန်းဟောက်လိုက်သည်။

“အတွေးဖလှယ်ခြင်းအဆောင်က တစ်ဖက်သတ်ပဲ အာနိ သင်ရှိတာဆို! အခု ယွဲ့လင်းကပါ ဘာလို့ ငါ့အတွေးသံတွေကိုကြားနေရတာလဲ!”

စနစ်လည်း ဇဝေဇဝါဖြစ်သွားခဲ့သည်။ ထို့နောက် အဆောင်၏ အညွှန်းကို သေချာပြန်ဖတ်ကြည့်လိုက်ပြီး ရှင်းပြလိုက်ပါသည်။

“အဆောင်ရဲ့အညွှန်းအရတော့ တကယ် တစ်ဖက်သက်ပဲ အာနိသင်ရှိရမှာ… ဘာလို့နှစ်ယောက်စလုံး ကြားနေရတာလဲ ဆိုတာကတော့… ကျွန်ုပ်အသုံးမကျမှန်း စနစ်ပိုင်ရှင်သိပါတယ်။ ကျွန်ုပ်လည်း နားမလည်ဘူး”

ပထမတော့ စနစ်က လိပ်ပြာမလုံဖြစ်မိသော်လည်း နောက်တော့ သူအသုံးမကျတာကို ယုံကြည်မှုပိုရှိလာခဲ့သည်။

ကျန်းကျီမြောင် အံကြိတ်လိုက်မိသည်။

သူ့အတွေးသံတွေကို ကျန်းကျီမြောင်ကြားနေရမှန်း ယွဲ့လင်းလည်း နားလည်သွားခဲ့ပါသည်။

ထို့ကြောင့် သူ့အာရုံထဲမှ တွေးလိုက်သည်။

[မြောင်မြောင် အားလုံးမကြာခင် ပြီးသွားလိမ့်မယ်၊ ဖုန့်ယီနန်းဆောင်မှာပဲ ပြန်စောင့်နေလိုက်နော် ဟုတ်ပြီလား]

စနစ်ကို ကျန်းကျီမြောင် ဆဲလို့ကောင်းနေစဉ် ယွဲ့လင်းကမူ စိတ်ချင်းဆက်သွယ်မှုကို ခပ်မြန်မြန်အသားကျသွားခဲ့ပါသည်။

တစ်ဖက်မှာတော့ ကျန်းကျီမြောင်က အနည်းငယ်နေရခက်နေဆဲဖြစ်သည်။

သို့သော် စိတ်ခံစားချက်များကို ချုပ်တည်းလိုက်ပြီး အာရုံထဲ တွေးလိုက်ပါသည်။

[စိတ်ချပါ ဒီမိဖုရားကြောင့် အရှင်မင်းကြီး အနှောင့်အ ယှက်မဖြစ်စေရပါဘူး]

ယွဲ့လင်းကတော့ စိတ်မအေးနိုင်ပေ။

[မြောင်မြောင့်အတွက် စိတ်ပူလို့ ကိုယ်ပြောနေတာ]

ခန်းမကြီးထဲမှာ သူတို့နှစ်ယောက် လက်ချင်းတွဲထားပြီး မျက်လုံးချင်းဆုံကာ စိတ်ချင်းဆက်သွယ်နေကြသည်။

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်နေကြပြီး လက်ချင်းပင်မဖြုတ်နိုင်ကြသည့် မြင်ကွင်းကို အရာရှိအမတ်များငေးကြည့်ရင်း ကြည်နူးသွားကြပါသည်။

ကျန်းကျီမြောင်၏အတွေးသံတွေကို ကြားနေရသော အမတ်များအဖို့လည်း ယခု သူမအတွေးသံတွေက အနည်း ငယ် အဓိပ္ပာယ်မဲ့နေသလိုခံစားရသည်။ သို့သော် လက်ရှိအခြေအနေတွေက တင်းမာနေသဖြင့် ဒါတွေကို သူတို့ မစဉ်းစားနိုင်သေးပါ။

ထိုစဉ် တော်ဝင်ကိုယ်ရံတော်တပ်သားတစ်ဦး ဝင်ရောက် လာခဲ့သည်။

“အရှင်မင်းကြီး”

ကျန်းကျီမြောင်လက်ကို ကိုင်ထားရင်း ယွဲ့လင်းလှည့်ကြည့်လိုက်သည်။

“လျှောက်တင်စေ”

တပ်သားက အမြန်လျှောက်တင်လိုက်ပါသည်။ “ရှို့အန်းနန်းဆောင်မှာ မယ်တော်ကြီးက အရှင်မင်းကြီးဆီ အခစား ဝင်ချင်တယ်လို့ တောင်းဆိုနေပါတယ်”

ကျန်းကျီမြောင် မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားခဲ့သည်။

[စတော့မယ်! မယ်တော်ကြီးက ချိုးလီကိုပါခေါ်လာမှာသေချာတယ်၊ အဲ့ဒီ ချိုးလီဆိုတာ လျှို့ဝှက်သတင်းအချက် အလက်ဌာနရဲ့ ခေါင်းဆောင် မန်ကျစ်ပဲ! သိုင်းပညာ အထွတ်အထိပ်ကို ရောက်နေပြီဆိုတဲ့ သမိုင်းဝင်သိုင်းပညာရှင်လေ!]

All Chapters