← Chapters

👑 Chapter 185 👑 100% Catching Skills with Bare hands

Vol. 19 Ch. 185

👑 Chapter 185 👑 100% Catching Skills with Bare hands

Vol. 19 Ch. 185

ယွဲ့လင်း ရူးသွပ်သွားတော့မည်။ ယခုအချိန်မှာ ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ချင်စိတ်ပါ ပေါ်လာခဲ့သည်။

ထိုစဉ် ကြည်လင်ပြတ်သားသည့် ကျန်းကျီမြောင်၏အသံကို ကြားလိုက်ရပါသည်။

“နင့်ဓားက… အတုကြီးလား အပေါစားလား”

ယွဲ့လင်း မှင်သက်သွားခဲ့သည်။

ထို့နောက် အသိစိတ်တွေပြန်ကပ်လာပြီး ကျန်းကျီမြောင် ဘေးသို့ ပြေးသွားခဲ့ပါသည်။

ဓားမြှောင်က ကျန်းကျီမြောင်ရင်ဘတ်ပေါ် တကယ်ကျရောက်လာခဲ့ပါသည်။

သို့သော်…

ကျန်းကျီမြောင် နည်းနည်းလေးမှ မထိခိုက်ခဲ့ပါ။

ထို့အစား ဓားမြှောင်၏ ဓားသွားကသာ တုံးသွားပြီး ပလတ်စတစ်တစ်ခုသဖွယ် လိပ်တက်သွားခဲ့သည်။

ယွဲ့လင်း ခေတ္တကြက်သေသေသွားသော်လည်း ကျန်းကျီမြောင်ကို သူ့နောက်မှာ ချက်ချင်းကာကွယ်ပေးလိုက်ပါသည်။

“ဒီမိဖုရားဘာမှမဖြစ်ပါဘူး၊ ဒီမိဖုရားကို ကောင်းကင်ဘုံက ကာကွယ်စောင့်ရှောက်ထားတယ်လေ၊ ဘယ်သူမှ ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်ဘူး”

ကျန်းကျီမြောင် ယုံကြည်ချက်အပြည့်ဖြင့် အာမခံကာ ပြောလိုက်သည်။

[ဘာအန္တရာယ်မှမရှိဘူးနော်၊ စိတ်မပူနဲ့]

အတွေးထဲမှာလည်း ယွဲ့လင်းကို ကျန်းကျီမြောင် နှစ်သိမ့်လိုက်ပါသည်။

ယွဲ့လင်း အံကြိတ်လိုက်မိသည်။ ထုံးစံအတိုင်း ထိုထူးခြားသည့် ဖြစ်တည်မှုတစ်ခုထံမှ ကျန်းကျီမြောင်အစွမ်းတစ်ခု ခုရယူထားမှန်း ယွဲ့လင်း နားလည်သွားခဲ့သည်။

ဒါကိုသိလိုက်ရတာ စိတ်သက်သာစရာဖြစ်သော်လည်း နှလုံးရပ်မတတ်ခံစားချက်ကြီးကို ယွဲ့လင်း ထပ်မခံစားချင်ပါ။

မန်ကျစ် နှုတ်ခမ်းကိုက်လိုက်သည်။ သူမလက်ထဲ ဓား မြှောင်တစ်ချောင်း ထပ်ပေါ်လာပြီး ယွဲ့လင်းထံ ထပ်မံပြေးလာခဲ့လေသည်။

မန်ကျစ် နားမလည်နိုင်ပါ။

သူမ သတ်ဖြတ်ဖို့ကြံရွယ်ထားသူက ယွဲ့လင်းဖြစ်သည်။ ပစ်မှတ်က ယွဲ့လင်းဖြစ်သော်ငြား ခုနက ခန္ဓာကိုယ်ကို ထိန်းမနိုင်သိမ်းမရဖြစ်ကာ ကျန်းကျီမြောင်ထံ ပြေးသွားမိသည်။

အမှားအယွင်းတစ်ခု ဖြစ်သွားခဲ့တာများလား…

ဒီတစ်ခါတော့ ဘာအမှားအယွင်းမှ မဖြစ်စေရပါ။

ယွဲ့လင်းထံ မန်ကျစ်တန်းတန်းမတ်မတ် ပြေးလာခဲ့သော် လည်း ရောက်ခါနီးကျမှ မန်ကျစ် ခြေလှမ်းတွေ ဦးတည် ချက် ရုတ်တရက်ပြောင်းလဲသွားခဲ့ရပြန်သည်။ မျက်လုံးများက ကျန်းကျီမြောင်ထံသို့ ရောက်ရှိသွားပြီး တိုက်ခိုက်ဖို့ အသင့်ပြင်လိုက်သည်။

ဒီတစ်ခါတော့ ယွဲ့လင်း အခွင့်အရေးကို အရယူပြီး မန်ကျစ်လက်ထဲက ဓားမြှောင်ကို ရိုက်ချပစ်လိုက်ပါသည်။

မန်ကျစ်အံကြိတ်လိုက်ပြီး ယွဲ့လင်းကို လက်ဝါးသိုင်းဖြင့် တန်ပြန်တိုက်ခိုက်လိုက်သည်။ သို့သော် လက်ဝါးသိုင်းက ကျန်းကျီမြောင်ထံကိုသာ အလိုလိုရောက်ရှိသွားခဲ့ပြန် သည်။

[အတူတူလှုပ်ရှားကြစို့]

ကျန်းကျီမြောင် အတွေးသံထွက်ပေါ်လာခဲ့သည်။

ထို့နောက် အဝေးတစ်နေရာသို့ ကျန်းကျီမြောင် ပြေးထွက်သွားခဲ့လေသည်။

မန်ကျစ်လည်း ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ဘဲ ကျန်းကျီမြောင်နောက်ကိုသာ ပြေးလိုက်သွားခဲ့ပါသည်။

ယွဲ့လင်း မျက်လုံးများအရောင်လက်သွားပြီး မန်ကျစ်ကို လက်ဝါးသိုင်းတစ်ချက်ဖြင့် တိုက်ခိုက်လိုက်သည်။ ထို့ နောက် တပ်သားတွေကလည်း မန်ကျစ်ထံ ဝန်းရံလာခဲ့ပါသည်။

မန်ကျစ် နဂိုသိုင်းပညာစွမ်းရည်နဲ့သာဆို လွတ်မြောက်နိုင်မှာ သေချာသည်။

သို့သော်… ဒီလူတွေအားလုံးကို သူမ လုံးဝ တိုက်ခိုက်လို့မရပါ။

သူမဦးနှောက်က ကျန်းကျီမြောင်ကိုသာ ပစ်မှတ်ထားတိုက် ခိုက်ဖို့ တွန်းအားပေးနေသည်။

ဒါ ဘယ်လို အောက်လမ်းပညာလဲ!

မန်ကျစ်မျက်လုံးများ စိုးရိမ်ကြောင့်ကြမှုဖြင့် သွေးချင်းနီသွားခဲ့သည်။

ကျန်းကျီမြောင်ကလည်း ဆက်ပြေးနေဆဲဖြစ်ပြီး မန်ကျစ်ကို လက်ပင် လှမ်းပြနေပါသေးသည်။

လခွီးပဲ!

ယွဲ့လင်းကို တိုက်ခိုက်ဖို့ မန်ကျစ် အသည်းအသန်ကြိုးစားခဲ့သည်။

သို့သော် အသုံးမဝင်ပါ။

ကျန်းကျီမြောင်မှအပ အခြားဘယ်သူ့ကိုမှ မန်ကျစ်မတိုက် ခိုက်နိုင်ခဲ့ပေ။

ဓားချက်တွေ၊ လှံချက်တွေ မန်ကျစ်အပေါ်ကို တစ်ချက်ပြီးတစ်ချက် ကျရောက်လာခဲ့သည်။ မန်ကျစ်လည်း တိုက် ခိုက်မှုတိုင်းကို အသည်းအသန် ရှောင်ရှားနေရပါသည်။

သို့သော် သူ့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေ အတော်များ ပြားလာပါပြီ။ ပြေးလွှားနေသည့် ကျန်းကျီမြောင်နောက်သို့ နာကျင်မှုကို သည်းခံရင်း မန်ကျစ်ဆက်လိုက်နေခဲ့သေးသည်။

ကျန်းကျီမြောင် အောက်လမ်းပညာတစ်ခုခုကို အသုံးပြုထားတာဖြစ်ရမည်။ ထို့ကြောင့် ကျန်းကျီမြောင်ကိုသာ သုတ်သင်လိုက်ပါက ထိုအောက်လမ်းပညာလည်း ပျောက်ကွယ်သွားနိုင်ပါသည်။

မန်ကျစ် လှုပ်ရှားမှုများက အလွန်သွက်လက်လွန်းသည်။ ရဲမက်တပ်သားများ၏ ပိတ်ဆို့တားဆီးမှုတိုင်းကို ရှောင်ထွက်လာနိုင်ခဲ့သည်။

သို့သော် ကျန်းကျီမြောင်က အတော်ဝေးဝေးကို ရောက်ရှိနေပြီဖြစ်တာကြောင့် မန်ကျစ် ချက်ချင်းလိုက်မီသွားဖို့ဆိုတာ မဖြစ်နိုင်ပါ။

“ဆုတ်ခွာကြ!”

ယွဲ့လင်း ရုတ်တရက် အမိန့်ပေးလိုက်သည်။

ထိုအခါ ရဲမက်တပ်သားတွေအားလုံး မန်ကျစ်နဲ့ အဝေးဆုံးကို ဆုတ်ခွာသွားခဲ့ကြသည်။

သိပ်မကြာလိုက်ဘဲ ကောင်းကင်ပေါ်မှ မြားမိုးတွေ ရွာသွန်းလာခဲ့လေသည်။

မြားအတော်များများကို မန်ကျစ်ရှောင်ရှားနိုင်ခဲ့သော်ငြား မြားတစ်စင်းကတော့ သူ့ရင်ဘတ်ထဲ ထုတ်ချင်းပေါက် ဖောက်ဝင်သွားခဲ့သည်။

မန်ကျစ်ပါးစပ်မှ သွေးတွေပန်းထွက်လာသော်လည်း ကျန်းကျီမြောင်နောက်ကို အသည်းအသန် ဆက်လိုက်ဖို့ကြိုးစား နေဆဲ ဖြစ်သည်။ မြားမိုးတွေကလည်း အဆက်မပြတ်ရွာသွန်းနေပြီး နောက်ဆုံးမှာတော့ ဆယ်စင်းမကသည့် မြားတွေ စိုက်ဝင်ပြီး မြေကြီးပေါ် မန်ကျစ်လဲကျသွားလေတော့သည်။

ထို့နောက် မန်ကျစ်သေဆုံးတာ သေချာစေဖို့အတွက် မြားတွေကို ဆက်လက်ပစ်လွှတ်ခဲ့ကြသေးသည်။

ကျန်းကျီမြောင်လည်း အမောဆို့ကာပြန်ရောက်လာခဲ့သည်။

[သိုင်းပညာလောကရဲ့ နံပါတ်တစ်ဆိုတဲ့ ဘွဲ့နဲ့ ထိုက်တန်ပါပေတယ်… ရောင်ဝါကြောင့်သာ မဟုတ်ရင် သူ့ကို သုတ် သင်ဖို့ ဘယ်လောက်ခက်လိုက်မလဲမသိဘူး]

ဒီလောက်အရေးနိမ့်နေသည့် အခြေအနေမျိုးမှာတောင် မန်ကျစ်အချိန်အတော်ကြာအောင် တောင့်ခံထားနိုင်ခဲ့သည်။

သူမတစ်ယောက်တည်းကို မန်ကျစ်ပစ်မှတ်ထားအောင် စွမ်းဆောင်ပေးသည့် ‘လက်ချည့်ဗလာ တိုက်ခိုက်မှုကို ရာနှုန်းပြည့်ခံယူခြင်း ရောင်ဝါ’ကြောင့်သာ မဟုတ်လျှင် သူတို့အားလုံး မန်ကျစ်ကို နှိမ်နင်းနိုင်ခဲ့သည် ဆိုလျှင်တောင် အကျအဆုံးများပြားပါလိမ့်မည်။

ကျန်းကျီမြောင် အနည်းငယ် စိတ်မကောင်းဖြစ်သွားခဲ့သည်။

ကိုယ်တတ်မြောက်ထားသည့် အတတ်ပညာတစ်ခုကို အဆုံးစွန်ထိရောက်အောင် ကြိုးစားနိုင်သည့်လူတိုင်းက ပြိုင်ဘက်ကင်း ပါရမီရှင်တွေ ဖြစ်ကြသည်။ သိုင်းပညာကို ဒီလို အဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ခဲ့သည့် မန်ကျစ်ကလည်း ဘဝကိုအေးအေးချမ်းချမ်း လွယ်လွယ်ကူကူ ဖြတ်သန်းခွင့်ရှိခဲ့သည်။

သို့သော် ကံကြမ္မာ၏ကစားကွက်ကြောင့် ယခုလိုအဖြစ်ဆိုးနှင့် ဇာတ်သိမ်းသွားခဲ့ရရှာသည်။

အမှန်ပင်… ကျန်းကျီမြောင် စိတ်မကောင်းဖြစ်မိရုံသာရှိသည်။

အပြစ်ရှိသလို မခံစားရပါ။ မန်ကျစ် သေဆုံးမှုအတွက် အပြစ်ရှိသူတွေက နှောင်းဧကရာဇ်နှင့် ယွဲ့ဟွာတို့သာ။

ထို့အပြင် သူတို့အတွက် လိုလိုလားလားအသေခံပေးခဲ့သည့် မန်ကျစ်ကိုယ်တိုင်မှာလည်း အပြစ်ရှိနေသည်။

သူမနှင့် ယွဲ့လင်းတို့ကို အပြစ်တင်လို့ လုံးဝမရပေ။

မန်ကျစ်သေဆုံးသွားသောအခါ ရှို့အန်းနန်းဆောင်တစ်ခုလုံး ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။

ယွဲ့လင်း နောက်ပြန်လှည့်လာပြီး ပထမဆုံးလုပ်သည့်အလုပ်က ကျန်းကျီမြောင်၏ လက်တွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်ဖို့ဖြစ်သည်။

ယွဲ့လင်း၏ အပြုအမူက ရုတ်တရက်ဆန်လွန်းသဖြင့် ကျန်းကျီမြောင် မျက်နှာ နီမြန်းသွားခဲ့ပါသည်။

သို့သော်… ယွဲ့လင်းလက်တွေတုန်ယင်နေတာကို သူမ ခံစားမိသည်။

ခုနက ယွဲ့လင်း အလွန်ကြောက်လန့်သွားခဲ့တာ ဖြစ်ပါလိမ့်မည်။

ကျန်းကျီမြောင်စိတ်ပျော့သွားပြီး သူ့လက်ကို ပြန်ဆုပ်ကိုင်ပေးလိုက်သည်။

[ဒီမိဖုရား တကယ် ဘာဒဏ်ရာမှမရခဲ့ပါဘူး]

အတွေးထဲမှလည်း နှစ်သိမ့်ပေးလိုက်သည်။

ယွဲ့လင်းအာရုံထဲ ဗလာကျင်းဖြစ်နေသည်။ ကျန်းကျီမြောင်လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဖို့ကလွဲပြီး တခြားဘာမှ မစဉ်းစားနိုင်ခဲ့ပါ။

ကျန်းကျီမြောင်လည်း ဘာမှမတတ်နိုင်ဘဲ သူခေါ်ရာနောက်ကိုသာ လိုက်ပါသွားခဲ့ရသည်။

နန်းဆောင်တံခါးဝတွင်…

အထိန်းတော်ဖန့် ကြမ်းပြင်ပေါ် ဒူးထောက်လျက်သားလဲ ကျသွားခဲ့သည်။ သူမ နှုတ်ခမ်းတွေတဆတ်ဆတ်တုန်ယင် နေပြီး ရုတ်တရက် စူးစူးဝါးဝါးအော်ဟစ်ကာ မန်ကျစ် အလောင်းထံ ပြေးလာခဲ့သည်။

သူ့ကို ဘယ်သူမှ မတားကြတော့ပါ။ မန်ကျစ် အလောင်းကို ပွေ့ဖက်ရင်း ကမ္ဘာကြီးအဆုံးသတ်သွားသကဲ့သို့ အထိန်းတော်ဖန့် ငိုကြွေးနေခဲ့လေသည်။

မယ်တော်ကြီးကမူ ပြူတင်းပေါက်မှတဆင့် အပြင်က အခြေအနေတွေကို ချောင်းကြည့်နေခဲ့ပါသည်။ ဖုန်တွေသဲတွေ ငြိမ်ကျသွားတာကိုမြင်မှ အသုံးမကျသည့် မန်ကျစ်ကို စိတ်ထဲမှာကျိန်ဆဲရင်း အပြင်ထွက်လာခဲ့တော့သည်။

“သူခိုးကို ရှင်းလင်းဖယ်ရှားပြီးပါပြီ မယ်တော်၊ တခြား ဘာအရေးကိစ္စများ ရှိပါသေးလဲ”

မယ်တော်ကြီးကိုကြည့်ကာ ယွဲ့လင်း မေးမြန်းလိုက်သည်။

မယ်တော်ကြီး ရင်ထဲလိပ်ပြာမလုံစိတ်တွေဖြစ်ပေါ်လာပြီး တွန့်ဆုတ်စွာ လျှောက်တင်လိုက်သည်။

“မ… မရှိတော့ပါဘူး”

“ကောင်းပါပြီ၊ ဒါဆို ရှို့အန်းနန်းဆောင်ကို မယ်တော် ကောင်းကောင်းစီမံအုပ်ချုပ်ပြီး သူခိုးတွေ ထပ်အဝင်မခံဖို့လည်း မျှော်လင့်ပါတယ်”

မယ်တော်ကြီးနဲ့ စကားပြောချင်စိတ်မရှိသဖြင့် ကျန်းကျီမြောင်ကိုခေါ်ပြီး ယွဲ့လင်းလှည့်ထွက်လာခဲ့တော့သည်။

တော်ဝင်ကိုယ်စောင့်တပ်သားတွေလည်း ယွဲ့လင်းနှင့်အတူ ဆုတ်ခွာသွားခဲ့ကြသည်။ မြေပေါ်မှ မန်ကျစ် အလောင်းကို ဘယ်သူမှ မထိခဲ့ကြပါ။

မယ်တော်ကြီး တစ်ခေါင်းလုံးထုံကျင်သွားခဲ့သည်။

“နေကြဦး… အလောင်းကို သယ်သွားကြဦးလေ…”

သို့သော် အားလုံး အစအနရှာမရအောင် ပျောက်ကွယ်သွားကြပါပြီ။

ထို့ကြောင့် အထိန်းတော်ဖန့်ကိုသာ မယ်တော်ကြီး အမိန့်ပေးနိုင်တော့သည်။

“အဲ့ဒီအပျက်မရဲ့ အလောင်းကို အပြင်ဆွဲထုတ်ပြီးမြေမြှုပ်ပစ်လိုက်စမ်း”

အထိန်းတော်ဖန့် မယ်တော်ကြီးကိုအငြှိုးကြီးစွာ မော့ကြည့် လိုက်သည်။

“ဒါကျွန်မသမီး! ဘာ…ဘာမှ…”

“သူက အပျက်မပဲ”

မယ်တော်ကြီး လှောင်ပြောင် သရော်လိုက်ပါသည်။

“သူ့ကို အစွမ်းအစတွေ အရမ်းရှိပါတယ်လို့ မြှောက်ပင့်ပြောဆိုနေကြတာ၊ နောက်ဆုံးကျတော့လည်း ယွဲ့လင်း အရုပ်လို ကစားသွားတာကို ခံလိုက်ရတာပဲ မဟုတ်ဘူးလား! ဟွားအာလေးကိုလည်း သူလှည့်စားခဲ့တာပဲဖြစ်မယ်၊ ဒီအပျက်မက ဘာအစွမ်းအစမှ မရှိဘူး!”

“ပါးစပ်ပိတ်ထား! ရှင့်ပါးစပ်ကို ပိတ်ထား!”

အထိန်းတော်ဖန့် သည်းမခံနိုင်တော့ဘဲ မန်ကျစ် အလောင်းကိုပွေ့ဖက်လျက် မယ်တော်ကြီးကို စတင်အော်ဟစ်လိုက်သည်။

မယ်တော်ကြီး ကြက်သေသေသွားခဲ့ရသည်။

အထိန်းတော်ဖန့် သူ့ထံမှာ အမှုထမ်းလာတာ နှစ်ပါင်းများစွာကြာပြီဖြစ်သည်။ ဘယ်တုန်းကမှ ဒီလောက်ထိမရိုင်း စိုင်းခဲ့ဖူးပါ။

မယ်တော်ကြီး လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

“တော်လောက်ပြီ! အဲ့ဒီမိန်းမကို နင့်သမီးလို့ တကယ်ထင်နေတာလား!”

အထိန်းတော်ဖန့် မျက်လုံးများ ပြူးကျယ်သွားခဲ့၏။

“အဲ့… အဲ့တာ ဘာစကားလဲ”

မယ်တော်ကြီး ခံစားချက်မဲ့စွာ ပြောလိုက်သည်။

“နင့်ရဲ့ မျိုးမစစ်သမီးက လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က တည်းက သေသွားပြီ!”

အထိန်းတော်ဖန့် မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားခဲ့သည်။

“ဘာအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ!”

မယ်တော်ကြီး အေးစက်စွာရှင်းပြလိုက်ပါသည်။

“အရင်တုန်းက ဟွားအာလေးအပေါ် နင်ကောင်းခဲ့ပေမယ့် နင့်ရင်ထဲမှာ နင့်သမီးအတွက်ပဲ စိုးရိမ်ပူပန်နေခဲ့တာမဟုတ်ဘူးလား ? အဲ့လိုဖြစ်လို့ ဘယ်ရမလဲ ? ဟွားအာလေးတစ် ယောက်တည်းကို သေသေချာချာ ပြုစုစောင့်ရှောက်နိုင်ဖို့အတွက် နင့်ယောက်ျားနဲ့ သမီးကို ငါ သတ်ပစ်ခိုင်းလိုက်တာ!”

“ဒီမန်ကျစ်က နင့်သမီးလုံးဝ မဟုတ်ဘူး၊ ဒီလို သိုင်းပညာမျိုးကို တွေ့ကရာလူ သင်ယူနိုင်မယ်ထင်လို့လား ? ဒီမန်ကျစ်က ကလေးပေါင်းများစွာထဲကနေ နှောင်းဧကရာဇ်မင်းကြီး သေသေချာချာရွေးထုတ်ထားတဲ့ သိုင်းပါရမီရှင် တစ်ယောက်ပဲ၊ နင့်သမီးကတော့…”

အထိန်းတော်ဖန့်ကို လှောင်ပြောင်သော အကြည့်မျိုးဖြင့် မယ်တော်ကြီး ကြည့်လိုက်သည်။

“နင့်သမီးမှာ သိုင်းပညာ ပါရမီရှိ၊ မရှိ နင်ကိုယ်တိုင်မသိဘူးလား”

မိုးကြိုးအချက်ပေါင်း ထောင်သောင်းချီ ပစ်ချခံလိုက်ရသကဲ့သို့ အထိန်းတော်ဖန့် ခေါင်းထဲ ဝုန်းခနဲမြည်ဟည်းသွားလေတော့သည်။

All Chapters