← Chapters

👑 Chapter 189 👑 Verifying the Testamentary Decree

Vol. 19 Ch. 189

👑 Chapter 189 👑 Verifying the Testamentary Decree

Vol. 19 Ch. 189

ယွဲ့ဟွာကိုလည်း ကျန်းကျီမြောင် လှမ်းကြည့်လိုက်သည်။

[သူ့ခမည်းတော်အရင်းက နှောင်းဧကရာဇ်မဟုတ်မှန်း ယွဲ့ဟွာကောသိရဲ့လား ? မသိလောက်ဘူးထင်တယ်၊ မဟုတ်ရင် ထီးနန်းသိမ်းပိုက်ဖို့ ဒီလောက်ထိ ယုံကြည်မှုပြည့်ဝနေမှာမဟုတ်ဘူး၊ ဒါပေမယ့် သိထားရင်လည်း သိထားမှာပေါ့၊ ယွဲ့ဟွာက အစကတည်းက အရှက်ရှိတဲ့ကောင်မှ မဟုတ်တာ…]

ကျန်းကျီမြောင် အာရုံထဲမှာ အားရပါးရ ဖဲ့နေရင်း တစ်ခုခုကို သတိရသွားပြီး ယွဲ့လင်းကို လိပ်ပြာမလုံစွာ ကြည့်လိုက်သည်။

[အိုး သွားပြီ… ငါမေ့သွားတယ်… အခု ယွဲ့လင်းက ငါ့အတွေးသံတွေကို ကြားနေရပြီလေ!!]

ကျန်းကျီမြောင် ရုတ်တရက် ခါးမတ်သွားခဲ့သည်။

နှောင်းဧရာဇ်မင်းကြီးနောက်ကွယ်မှာ တုံရှောင်းနဲ့ မယ်တော်ကြီး ကလေးတစ်ယောက် ရထားတာကို ယွဲ့လင်းသာ သိသွားလျှင် ဘယ်လိုတုန့်ပြန်လာမလဲ သူမ မသိပါ။

ရှဲ့ချန်း: “???”

စစ်အရာရှိများ: “???”

မဟုတ်ဘူး မိဖုရားကြီး!

မိဖုရားကြီးရဲ့အတွေးသံကို အရှင်မင်းကြီးတစ်ယောက် တည်း ကြားနေရတယ်ထင်လို့လား!

ဒီငယ်သားတို့အကုန် ကြားနေရတာ!!

ဘုရားဘုရား…

ကောင်းကင်ဘုံက စောင့်ရှောက်ပေးတော်မူပါ…

ဘယ်လောက်တောင်ဆိုးရွားလိုက်တဲ့ ဖြစ်ရပ်လဲ!

မယ်တော်ကြီး အနောက်နန်းဆောင်ထဲ ရောက်ရှိလာပြီးနောက် တုံရှောင်းနဲ့ အချိန်အတော်ကြာအောင် လျှို့ဝှက် ဆက်သွယ်ခဲ့သေးသည်။ ထို့နောက် ကလေးတစ်ယောက်ပါ ရရှိခဲ့လေသည်။

ယွဲ့ဟွာကို အားလုံး ဝိုင်းကြည့်လိုက်ကြသည်။

မင်းသားအန်းဟယ်ကို နှောင်းဧကရာဇ်မင်းကြီးက အလွန်အရေးပေးခဲ့သည်။

ယွဲ့ဟွာက တုံရှောင်းရဲ့သွေးသားဆိုတာကို နှောင်းဧကရာဇ်မင်းကြီး သိခဲ့ရဲ့လား…

တုံရှောင်းကကော…

ဒီကိုအားကြိုးမာန်တက်စစ်ချီလာတယ်ဆို‌တော့ သူလည်း သိပြီးသားပဲလား...

မယ်တော်ကြီးကကော…

မင်းသားအန်းဟယ်ကို အမြဲတမ်းမျက်နှာလိုက်ခဲ့တာဆိုတော့ သိပြီးသားပဲလား…

တော်ဝင်လျှို့ဝှက်ချက်ကြီးတစ်ခုကို ရုတ်တရက်ကြီး သိရှိလိုက်ရသဖြင့် အားလုံးရင်ထဲ ပြောမပြတတ်အောင် ခံစားချက်တွေပြင်းထန်နေကြသည်။

ပျာယာခတ်သွားသော ကျန်းကျီမြောင်အတွေးသံကို နားထောင်ရင်း ယွဲ့လင်းမျက်နှာ နူးညံ့သိမ်မွေ့သွားသည်။

[ဘာမှမဖြစ်ဘူးမြောင်မြောင်၊ ကျန်း သိပြိးသားပါ]

ယွဲ့လင်း ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားပြီး မြောင်မြောင့်အတွေးသံကို လူတွေအများကြီးကြားနိုင်သည်ဟု မတွေးမိအောင် ကြိုးစားနေရသည်။

ဒီလောက်လေးနဲ့တောင် မြောင်မြောင် အလွန်ရှက်ရွံ့နေပြီဖြစ်သည်။ သူမအတွေးသံကို လူတွေအများကြီး ကြားနိုင်သည်ဆိုတာကိုသာ သိသွားလျှင် ချက်ချင်းမြေတွင်းတူးပြီး ဝင်အောင်းသွားနိုင်သည်။

နောက်မှဖြည်းဖြည်းချင်း အသိပေးရလိမ့်မည်။

[ဟင် အရှင်မင်းကြီးက သိပြီးသားလား]

ယွဲ့လင်း၏ အတွေးသံကြောင့် ကျန်းကျီမြောင် အနည်း ငယ် စိတ်အေးသွားခဲ့သည်။

ယွဲ့လင်းကတော့ ယွဲ့လင်းပါပဲ…

စစ်မက်ရေးရာကိစ္စတွေနဲ့ အလုပ်များနေခဲ့တာတောင် ဒီလိုလျှို့ဝှက်ချက်မျိုုးကို သေချာ စုံစမ်းနိုင်ခဲ့သေးသည်။

[အရှင်မင်းကြီး သိပြီးသားဆိုတော့ စိတ်အေးရတာပေါ့။ မယ်တော်ကြီးနဲ့ တုံရှောင်းတို့ ငယ်ချစ်ဦးတွေ ဖြစ်ဖူးတဲ့ ကိစ္စကိုတော့ အရှင်မင်းကြီး သဘောထားကြီးပေးလိုက်ပါ၊ နှောင်းဧကရာဇ်မင်းကြီးကလည်း အတော်ခြေရှုပ်ခဲ့တာပဲ မဟုတ်လား]

ကျန်းကျီမြောင် နှစ်သိမ့်ပေးလိုက်ပါသည်။

အားလုံး: “!!!”

နှောင်းဧကရာဇ်မင်းကြီး ဘယ်လိုများခြေရှုပ်ခဲ့တာလဲ!!

အားလုံး စိတ်ဝင်စားသွားကြသည်။

ထိုစဉ် တုံရှောင်း၏နက်ရှိုင်းသောအသံထွက်ပေါ်လာခဲ့သည်။

“ဧကရာဇ်လေး၊ ဒီသေတမ်းစာအမိန့်တော်ကို စစ်ဆေးချင်တယ်လို့ တောင်းဆိုခဲ့တာမဟုတ်လား၊ နှောင်းဧကရာဇ်မင်းကြီး နတ်ရွာမစံခင်တုန်းက ကျုပ်ဆီကို မိုင် ၈၀၀ အပြေးစေလွှတ်ပြီး ပို့ဆောင်ခိုင်းခဲ့တာ၊ လုံးဝ အတုမဖြစ်နိုင်ဘူး!”

“တုံရှောင်းဆိုတဲ့ ကျုပ်က သူပုန်လုံးဝမဟုတ်ဘူး! တရားမျှတမှုကို ရယူဖို့အတွက် ဒီအာထိစစ်ချီလာခဲ့တာ! ရှဲ့ချန်း မင်းကိုလည်း နှောင်းဧကရာဇ်မင်းကြီးက ဒီလောက်ထိ အရေးပေးခဲ့တာ၊ အခု နှောင်းဧကရာဇ်မင်းကြီးရဲ့ သေတမ်းစာ အမိန့်တော်ရောက်လာခဲ့ပြီ၊ ဘာလို့ ဆန့်ကျင်နေသေးတာလဲ!”

ရှဲ့ချန်းမျက်နှာအလွန်ပျက်သွားပြီး ပြန်ပြောလိုက်ပါသည်။

“သစ္စာဖောက်လောက်ကောင်! အဓိပ္ပာယ်မရှိတဲ့စကားတွေ ချက်ချင်းရပ်! မင်းပြောတဲ့ အမိန့်တော်ကို သေချာတောင် မစစ်ဆေးရသေးဘူး။ ဒီလို စစ်ချီလာနိုင်ဖို့အတွက်နဲ့ အတု အယောင်ဖန်တီးခဲ့တာကော မဖြစ်နိုင်ဘူးလား!”

ရှဲ့ချန်း ဆုံးဖြတ်ချက်ပြတ်သားနေပါပြီ။

ယွဲ့ဟွာ၏ မျိုးရိုးအစစ်အမှန်က စက်ဆုပ်စရာကောင်းသည်။ ဒါကို အရှင်မင်းကြီးလည်း သိနေပါသည်။

အရှင်မင်းကြီး ဒီလိုတွေပြုမူနေတာကို ကြည့်ခြင်းအားဖြင့် အစီအစဉ်တစ်ခုခု ရှိလို့သာ ဖြစ်လိမ့်မည်။

ယွဲ့ဟွာမျိုုးရိုးအစစ်အမှန်ကို လူသိရှင်ကြားဖြစ်အောင် ထုတ်ဖော်လိုက်တာနဲ့ သေတမ်းစာအမိန့်တော် ၁၀ စောင်လောက် ရှိနေလျှင်တောင် ဘာမှအသုံးဝင်မှာ မဟုတ်တော့ပါ။

“တုံရှောင်းဆိုတဲ့ငါ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကို တိုင် တည်ပြီး သစ္စာဆိုရဲတယ်! အမိန့်တော်တစ်ခုကို အတုအ ယောင် ဖန်တီးရလောက်တဲ့အထိ ငါမယုတ်ညံ့ဘူး! ငါ့ကို နှောင်းဧကရာဇ်မင်းကြီးကိုယ်တိုင် ဒီလိုကြီးလေးတဲ့ တာဝန်ကိုပေးအပ်ခဲ့တာ!”

“သူ့ယုံကြည်မှုကို ငါလေးစားတယ်! မင်းတို့ရှေ့မှောက် အမိန့်တော်ကို ယူဆောင်လာပြဖို့ သဘောတူခဲ့တာကလည်း မင်းတို့တွေ အသိတရားရ၊ မိစ္ဆာလမ်းစဉ်ကို စွန့်ပယ်ပြီး မင်းကောင်းမင်းမြတ်တစ်ပါး ထီးနန်းရရှိတာကို ငါနဲ့အတူတူ ရှုမျှော်စေချင်လို့ပဲ!”

တုံရှောင်းကျယ်လောင်စွာ ကြေညာလိုက်သည်။

“သေတမ်းစာအမိန့်တော်က ငါ့လက်ထဲမှာပဲရှိနေတယ်၊ စစ် ဆေးချင်တဲ့ ဘယ်သူ့ကိုမဆို စေလွှတ်လိုက်လို့ရတယ်!”

ယွဲ့လင်း နောက်လှည့်ကြည့်လိုက်သည်။

ယုံမင်းဆက်၏ နာမည်ကျော် ပညာရှိကြီး လီဝမ့်ယွမ် ထွက်လာပြီး ယွဲ့လင်းကို ဂါဝရပြုလိုက်ပါသည်။

“ပညာရှိကြီးလီရဲ့ ဂုဏ်သတင်းက ကြီးမားသလို သူကိုယ် တိုင်က ဖြောင့်မတ်မှန်ကန်သူတစ်ယောက် ဖြစ်တယ်၊ ဒီ့အပြင် နှောင်းဧကရာဇ်မင်းကြီးရဲ့ အနားမှာ အချိန်အတော်ကြာအောင် ခစားခဲ့ရတာမို့လို့ နှောင်းဧကရာဇ်မင်းကြီးရဲ့ လက်ရေးလက်သားနဲ့ အကျွမ်းဝင်ဆုံး လူဆိုလည်း ဟုတ်တယ်”

“အဲ့ဒီ သေတမ်းစာအမိန့်တော်ကို ပညာရှိကြီးလီကိုယ်တိုင် စစ်ဆေးမှာကို ကန့်ကွက်စရာမရှိဘူးမဟုတ်လား တုံရှောင်း”

ရှဲ့ချန်း အေးစက်စွာ မေးလိုက်သည်။

“လီဝမ့်ယွမ်ပေါ့! ကောင်းပြီလေ”

တုံရှောင်း သဘောတူလိုက်သည်။

လီဝမ့်ယွမ် ဂုဏ်သတင်းက ကြီးမားသည်။ ထို့ကြောင့် သူက လိမ်ညာမည့်လူမျိုး မဟုတ်မှန်း တုံရှောင်း ယုံကြည်ပါသည်။

လီဝမ့်ယွမ်မျက်နှာလည်း အလွန်လေးနက်သွားခဲ့သည်။

ယွဲ့လင်းကို ဧကရာဇ်မင်းတစ်ပါးအနေနဲ့ သူအကြွင်းမဲ့အသိအမှတ်ပြုပါသည်။

ထို့အပြင် ယွဲ့လင်းဘေးမှာလည်း မိဖုရားကြီးလို နတ်ဘုရားတမျှအစွမ်းထက်သည့် ပုဂ္ဂိုလ်မျိုး ရှိနေသည်။

အချိန်နည်းနည်းလောက်ထပ်ပေးလိုက်တာနဲ့ ကြီးမြတ်သည့် ယုံမင်းဆက်တစ်ခုလုံး အေးချမ်းသာယာပြီး ကြီးပွား တိုးတက်နိုင်ပါလိမ့်မည်။

သူ့ဂုဏ်သိက္ခာကို စတေးပြီး အမိန့်တော်ကို အတုအယောင်ဖြစ်သည်ဟုပင် ကြေညာလိုက်ရလား လီဝမ့်ယွမ် တွေးမိသည်။

သို့သော် အမှန်တရားကိုသာ ပြောဖို့ အရှင်မင်းကြီးက သေချာ မှာကြားထားပါသည်။

ထို့ကြောင် လီဝမ့်ယွမ် မှင်သက်သွားခဲ့ရသည်။

ထိုအမိန့်တော်က အစစ်အမှန်ဖြစ်ဖို့များမှန်း အားလုံး သိထားကြသည်။

ဒါကိုသာ လူသိရှင်ကြားဖြစ်အောင် ကြေညာလိုက်ပါက အရှင်မင်းကြီး၏ ထီးနန်းခိုင်မြဲတော့မှာ မဟုတ်ပါ။ တိုင်း ပြည်တစ်ခုလုံးလည်း အုတ်အော်သင်းတင်းဖြစ်သွားလိမ့်မည်။

ယွဲ့လင်းက ဘယ်လို ဧကရာဇ်မင်းမျိုးလဲဆိုတာကို တုံရှောင်းမသိဘဲ ကောလဟာလတွေထဲကအတိုင်း မင်းဆိုးမင်းညစ်တစ်ပါးဖြစ်မည်ဟု ယုံကြည်နေတာဖြစ်သည်။

ထို့ကြောင့် လီဝမ့်ယွမ် လိမ်ညာလိမ့်မည်ဟု တုံရှောင်းမထင်မိပါ။

သူ့ရင်ထဲ ဘယ်လို နာကျင်မှုမျိုးကို ခံစားနေရသလဲဆိုတာ လီဝမ့်ယွမ်ကိုယ်တိုင်သာ သိသည်။

တုံရှောင်းထံသို့ လီဝမ့်ယွမ် ဖြည်းညှင်းစွာ လျှောက်လာလိုက်သည်။ တုံရှောင်းကိုယ်တိုင် အမိန့်တော်ကို ဖွင့်ပြလိုက်ပါသည်။

ထိုအခါ လီဝမ့်ယွမ် အသေးစိတ် စစ်ဆေးလေတော့သည်။

အမိန့်တော် နိဒါန်းကို ဖတ်ကြည့်ရုံနဲ့ လီဝမ့်ယွမ် မျက်နှာမှောင်မိုက်သွားခဲ့သည်။ ထို့နောက် အမိန့်တော်တစ်ခုလုံးကို အမြန်ဖတ်ကြည့်လိုက်ပါသည်။

ထို့နောက် အစမှ အဆုံးအထိ နောက်တစ်ကြိမ်ထပ်ဖတ်မိသည်။ ထို့နောက် အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါ ဖတ်ကြည့်မိပါသည်။

လီဝမ့်ယွမ်ကိုကြည့်ရင်း တုံရှောင်းမျက်ခုံးပင့်သွားသည်။ ထို့နောက် အမိန့်တော်ကို ပြန်သိမ်းလိုက်ရင်း မေးလိုက်ပါသည်။

“ကြည့်လို့မဝသေးဘူးလား လီဝမ့်ယွမ်၊ ရလဒ်ကို အားလုံးစောင့်နေကြတာ! ဒါနှောင်းဧကရာဇ်မင်းကြီးရဲ့ လက်ရေး လက်သား အစစ်အမှန်လား၊ ခင်ဗျားပြောတဲ့အဖြေက အမှန်တရားပါလို့ ခင်ဗျားဂုဏ်သိက္ခာကို တိုင်တည်ပြီး သစ္စာဆိုပါ!”

လီဝမ့်ယွမ် တုန်ယင်သွားပြီး ယွဲ့လင်းကို လှည့်ကြည့်လိုက်သည်။

ယွဲ့လင်းကတော့ အလွန်တည်ငြိမ်နေပါသည်။

“ပွင့်ပွင့်လင်းလင်းသာပြောပါ”

ယွဲ့လင်းအမူအရာကြောင့် လီဝမ့်ယွမ် အနည်းငယ်စိတ်သက်သာရာရသွားခဲ့သည်။

အရှင်မင်းကြီး ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်မှန်းသေ ချာပါသည်။

ယွဲ့လင်းကသူ့ကို အမှန်အတိုင်းပြောဖို့ မှာကြားထားသဖြင့် သူလည်း အမှန်တရားကိုသာပြောပါမည်။

လီဝမ့်ယွမ် ဖြည်းညှင်းစွာ ပြောလိုက်သည်။

“တကယ်ပဲ နှောင်းဧကရာဇ်မင်းကြီးရဲ့ လက်ရေးလက်သားပါ…တော်ဝင်တံဆိပ်တော်ကလည်း အတုအယောင် လုံးဝ မဟုတ်ပါဘူး”

လီဝမ့်ယွမ် အဖြေပေးလိုက်တာနဲ့တစ်ပြိုင်နက် စစ်မြေပြင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားခဲ့သည်။

တုံရှောင်းစစ်တပ်က စတင်ကြွေးကြော်လေသည်။

“နှောင်းဧကရာဇ်မင်းကြီးရဲ့အမိန့်တော်ကို နာခံပြီး မင်းသစ်ကို နန်းတင်ကြ!”

“နှောင်းဧကရာဇ်မင်းကြီးရဲ့အမိန့်တော်ကို နာခံပြီး မင်းသစ်ကို နန်းတင်ကြ!”

တုံရှောင်းလည်း ပီတိဖြာသောအပြုံး ပြုံးလိုက်ပါသည်။

ဒီယွဲ့လင်းကတော့ အမှန်တကယ် တုံးအပေသည်။ သေတမ်း စာအမိန့်တော်က အစစ်အမှန်ဖြစ်ကြောင်း သက်သေ ပြဖို့ သူ့ကို ကူညီပေးလိုက်တာနှင့် ညီမျှလေသည်။

“ပညာရှိကြီးလီကတော့ ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်၊အမှန်တရားကို ရဲရဲဝံ့ဝံ့ပြောဆိုရဲတယ်၊ အဲ့ဒီ ယွဲ့လင်းက ပညာရှီကြီးလီကို ခွင့်လွှတ်မှာမဟုတ်လောက်ဘူး၊ ကျုပ်တို့ဘက်ကို…”

ပညာရှိကြီးလီကို တလေးတစား ဖိတ်ခေါ်ဖို့ တုံရှောင်း စကားစလိုက်ပါသည်။

သို့သော် လီဝမ့်ယွမ်က ယွဲ့လင်းဘက်သို့ ပြန်လျှောက်သွားပြီ ဖြစ်သည်။

“ကျေးဇူးတင်ပါတယ် အကြီးအကဲလီ”ယွဲ့လင်းပြုံးလိုက်သည်။

“သေတမ်းစာအမိန့်တော်ထဲမှာ ဘာတွေရေးသားထားတာလဲ၊အကြီးအကဲလီ အတိုချုန်းပြောပြပေးလို့ ရနိုင်မလား”

လီဝမ့်ယွမ်မျက်နှာ အနည်းငယ်အကျည်းတန်သွားပြီး ဖြည်းညှင်းစွာ လျှောက်တင်လိုက်သည်။

“နှောင်းဧကရာဇ်မင်းကြီးရဲ့ ပြောဆိုချက်အရ… အရှင်မင်း ကြီးရဲ့ စရိုက်က ဆိုးသွမ်းပြီး အမျက်ဒေါသလည်း ကြီးပါတယ်တဲ့၊ ပြီးတော့ ငယ်စဉ်ကတည်းက ကျန်းမာရေးချူချာပြီး အားနည်းပျော့ညံ့ခဲ့သူဖြစ်လို့… သက်တမ်းရှည်တဲ့ ဧကရာဇ်မင်းတစ်ပါးမဖြစ်မှာ စိုးရွံ့မိပါတယ်တဲ့”

လီဝမ့်ယွမ် လျှောက်တင်ရင်း အံကြိတ်လိုက်မိသည်။

နှောင်းဧကရာဇ်မင်းကြီး ရူးသွပ်သွားပြီပဲ!

ကိုယ့်သားအရင်းကိုယ် ဒီလိုကျိန်စာတိုက်တဲ့လူမျိုး ရှိသေးလို့လား!

ယွဲ့လင်းကတော့ စိတ်မလှုပ်ရှားဘဲ မိန့်လိုက်သည်။

“ဆက်လျှောက်တင်ပါဦး”

ဒါတွေကို ကြားတော့ တုံရှောင်းကလည်း အလွန်ဝမ်း မြောက်နေပြီး လီဝမ့်ယွမ် ဆက်လျှောက်တင်မှာကို အပြုံးဖြင့် စောင့်မျှော်နေခဲ့သည်။

All Chapters