← Chapters

👑 Chapter 190 👑 Eunuch Chen

Vol. 19 Ch. 190

👑 Chapter 190 👑 Eunuch Chen

Vol. 19 Ch. 190

လီဝမ့်ယွမ် အံကြိတ်လျက် ဆက်လျှောက်တင်လိုက်ပါသည်။

“အရှင်မင်းကြီးသာ ကံအကြောင်းမလှစွာနဲ့ နတ်ရွာစံသွားတဲ့အခါ မင်းသားအန်းဟယ်ကို ချက်ချင်း နန်းတင်ရမယ်လို့ နှောင်းဧကရာဇ်မင်းကြီး မှာကြားခဲ့ပါတယ်၊ မင်းသားအန်းဟယ်က နှောင်းဧကရာဇ်မင်းကြီး သဘောအကျဆုံး မင်းသား ဖြစ်ပြီး တိုင်းပြည်အတွက် အမြော်အမြင်ရှိတဲ့ မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်လာနိုင်တယ်လို့ ယုံကြည်ခဲ့ပါတယ်၊ ယုံမင်းဆက်အတွက် ကောင်းမြတ်မှုတွေကို ဆောင်ကျဉ်းပေးနိုင်မယ့်လူက မင်းသားအန်းဟယ်သာ ဖြစ်ပါတယ်တဲ့…”

“နောက်ဆုံးတော့ မင်းသားအန်းဟယ်ကိုသာ အရှင်မင်း ကြီး ဖိနှိပ်ဖို့ကြိုးစားမယ်ဆိုရင် အရှင်မင်းကြီးကို တစ်တိုင်းပြည်လုံး ပုန်ကန်ခွင့်ရှိပါတယ်တဲ့၊ မင်းသားအန်းဟယ် ထီးနန်းကို ဆက်ခံနိုင်ပြီး အေးချမ်းသာယာတဲ့ တိုင်းပြည်တစ်ခု ဖြစ်လာစေဖို့အတွက် ဆောင်ရွက်သင့်တာကို ဆောင်ရွက်ရပါမယ်တဲ့”

အားလုံး တိတ်ဆိတ်သွားကြသည်။

လီဝမ့်ယွမ်အပြင် ယွဲ့လင်းဘက်က လူတွေအားလုံး ထိုအမိန့်တော်ကို နားဆင်ရင်းအံကြိတ်မိနေကြပါပြီ။

နှောင်းဧကရာဇ်မင်းကြီး ဒီလောက်ထိယုတ်ညံ့မှန်း သူတို့ မသိခဲ့ကြပါ။

ယခု အမိန့်တော်ကို နားဆင်ပြီးမှ နှစ်ထောင်ချီသည့် ရာဇဝင်သမိုင်းတွေကို ပြန်လှန်ကြည့်လျှင်တောာင် နှောင်းဧကရာဇ်မင်းကြီးလောက် ယုတ်ညံ့သည့် ခမည်းတော်တစ်ပါးအား ရှာတွေ့ကြမည်မထင်ပါ။

ဝန်ကြီးမှူးမတ်တွေအားလုံးရှေ့မှာ ယွဲ့လင်းကို သူကိုယ်တိုင် ထီးနန်းအပ်နှင်းခဲ့တာဖြစ်သည်။ သို့သော် နောက်ကွယ်မှာလည်း ယွဲ့လင်း အချိန်မတိုင်ခင် နတ်ရွာစံဖို့အတွက် အရာရာ ကြံစည်ခဲ့တာ ဖြစ်သည်။

ဒါ ဖခင်တစ်ယောက်ရဲ့ လုပ်ရပ်လား…

မင်းသားအန်းဟယ်လုပ်ခဲ့သည့် လုပ်ရပ်တွေအားလုံးကို ဝန်ကြီးမှူးမတ်တွေအားလုံး မျက်မြင်တွေ့ခဲ့ကြပြီးသား ဖြစ်သည်။

မင်းသားအန်းဟယ် ပုန်ကန်တာကို အရှင်မင်းကြီးက ဖိနှိပ်ခွင့်မရှိဘူးတဲ့လား…

မင်းသားအန်းဟယ်ကို အရှင်မင်းကြီး ဖိနှိပ်ဖို့ကြိုးစားတာနဲ့ တစ်တိုင်းပြည်လုံးက အရှင်မင်းကြီးကို တိုက်ခိုက်ရမည်ဟုပင် မိန့်ကြားခဲ့သေးသည်။

ထိုအချိန်တုန်းကသာ ဝန်ကြီးမှူးမတ်၏ဖိအားပေးမှုကို နှောင်းဧကရာဇ်မင်းကြီး ဆန့်ကျင်ခဲ့ပြီး မင်းသားအန်းဟယ်ထံ ထီးနန်းအရိုက်အရာ တိုက်ရိုက်အပ်နှင်းခဲ့လျှင် အနည်းဆုံးတော့ နှောင်းဧကရာဇ်မင်းကြီးမှာ တာဝန်သိ စိတ်လေး ရှိသေးသည်ဟု ချီးကျူးမိကြလိမ့်မည်။

ယခုတော့ တစ်ဖက်မှာ ထုံးတမ်းအစဉ်အလာတွေကို လက်ခံကျင့်သုံးပြီး သားကြီးဖြစ်သူကို နန်းတင်ခဲ့သော် လည်း နောက်တစ်ဖက်မှာတော့ သားငယ်ကို နန်းတင်နိုင်ဖို့အတွက် အကွက်ကျကျ စီစဉ်ခဲ့လေသည်။

လက်ရှိဧကရာဇ်မင်းကြီးအတွက် တရားရဲ့လားဆိုတာကို သူတွေးဖူးရဲ့လား…

မင်းသားအန်းဟယ်ရဲ့ ဝံပုလွေလိုကောက်ကျစ်တဲ့ စိတ် ဓာတ်မျိုးကြောင့် ယုံမင်းဆက်တစ်ခုလုံး ဖရိုဖရဲဖြစ်သွားနိုင်တာကိုကော သူတွေးခဲ့ဖူးရဲ့လား…

သေဆုံးသူကို လေးစားရမည်ဟူသော ဆိုရိုးရှိခဲ့သော် လည်း အခုချိန်မှာတော့ ထိုနှောင်းဧကရာဇ် ‘ခွေးအို’ကြီးကို လူပေါင်းများစွာ စိတ်ထဲမှကျိန်ဆဲမိနေကြပါပြီ။

သူတို့သစ္စာမဲ့ခြင်းမဟုတ်ဘဲ နှောင်းဧကရာဇ်နှင့်ထိုက်တန်တာကြောင့်ဖြစ်သည်။

“ကြားရဲ့လား ဧကရာဇ်လေး၊ နှောင်းဧကရာဇ်မင်းကြီးရဲ့ အမိန့်တော်က ရှင်းလင်းနေပြီ၊ သူအမြဲတမ်း အလေးထားခဲ့ရတဲ့ မင်းသားက မင်းသားအန်းဟယ်ပဲ! မင်းသားအန်းဟယ်ကို အခုလို ဖမ်းဆီးချုပ်နှောင်ထားတာကတောင် ကြီးလေးတဲ့ ပြစ်မှုတစ်ခု ဖြစ်နေပြီ!”

“အခုလောလောဆယ် ဒီကိုရောက်လာတာ ကျုပ်တစ်ယောက်ပဲရှိသေးတယ်၊ အခုချိန် အညံ့ခံမယ်ဆိုရင် ရှေ့လျှောက် မင်းသားတစ်ယောက်အနေနဲ့ အေးအေးချမ်းချမ်းနေနိုင်လိမ့်မယ်၊ ဒါပေမယ့် ခေါင်းဆက်မာနေပြီး တစ်တိုင်းပြည်လုံး ပုန်ကန်မယ့်အချိန်ကို စောင့်နေရင်တော့ မြေမြှုပ်စရာနေရာမရှိဖြစ်သွားမယ်နော်!”

တုံရှောင်း ခက်ထန်စွာ သတိပေးလိုက်ပါသည်။

ဒီလူ ဘာစကားပြောတာလဲ!

ယွဲ့လင်းဘက်ကလူတွေအားလုံး တုံရှောင်းကို ပြေးရိုက်ချင်စိတ်များပေါ်လာခဲ့သည်။

သို့သော် ယွဲ့လင်းကမူ တည်ငြိမ်နေဆဲဖြစ်ပြီး နှုတ်ခမ်းထက်မှာ အပြုံးတစ်ခုပင် ထင်ဟပ်နေပါသေးသည်။

ယုံမင်းဆက်က သားသမီးဝတ္တရားကျေပွန်မှုကို အလွန်အလေးထားသည်။

နှောင်းဧကရာဇ်မင်းကြီး ပြုလုပ်ခဲ့သည့် စက်ဆုပ်စရာလုပ်ရပ်တွေ ပွင့်ပွင့်လင်းလင်း ထုတ်ပြလိုက်လျှင်တောင် နှောင်းဧကရာဇ်မင်းကြီး၏ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ သူကြိုးစားနေသည်ဟု ဦးနှောက်မရှိသည့် အရူးတွေက စွပ်စွဲကြဦးမည်။

သို့သော် ယခုမူ…

နှောင်းဧကရာဇ်မင်းကြီး၏အမိန့်တော်ကို ရွတ်ပြဖို့ လီဝမ့်ယွမ်အား အမိန့်ပေးခဲ့သည်။

သူ့အပေါ်အရင်ဆုံး အမှားကျူးလွန်ခဲ့တာက နှောင်းဧကရာဇ်မင်းကြီးဖြစ်မှန်း ယခုအားလုံးသိပြီးကြလောက်ပါပြီ။

ထို့ကြောင့်… သူ့ကိုယ်သူကာကွယ်ဖို့အတွက် နှောင်းဧကရာဇ်မင်းကြီး၏အရှုပ်တော်ပုံများကို ဖော်ထုတ်လိုက်သောအခါ သူ့ကို ဘယ်သူမှ ကဲ့ရဲ့နိုင်တော့မည် မဟုတ်ပါ။

အမှန်ပင်၊ ယွဲ့လင်း အားလုံးကို ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့ခြင်းဖြစ်သည်။

ဒီပဋိပက္ခကို ဖြေရှင်းဖို့ရာ သူ့မှာတခြားနည်းလမ်းတွေရှိသည်။ ထိုနည်းလမ်းများဖြင့် နှောင်းဧကရာဇ်မင်းကြီး၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးနိုင်သည်။

သို့သော်… ယွဲ့လင်း မကာကွယ်ပေးချင်ပါ။

သားတော်တစ်ပါးအနေဖြင့် ရှက်စရာကောင်းသည်ဟု မထင်မိသဖြင့် တမလွန်က ခမည်းတော်လည်း ရှက်စရာကောင်းသည်ဟု မထင်သင့်ပါ။

နှောင်းဧကရာဇ်မင်းကြီး၏အမည်ကျော်စောချင်သော ဆန္ဒကို သူဖြည့်ဆည်းပေးလိုက်ပါမည်။

နှစ်တစ်သောင်းတိုင်အောင် အပုပ်နံ့ထွက်နေမည့် ဂုဏ်သတင်းကလည်း ကျော်စောခြင်းတစ်မျိုးပဲ မဟုတ်ပါလား…

အခြေအနေတွေကို အကဲခတ်ပြီး ယွဲ့ဟွာ ပြန်လည်တက်ကြွသွားခဲ့သည်။

“အစ်ကိုတော်! ဒီညီတော်က အစ်ကိုတော်နဲ့ ယှဉ်ပြိုင်ဖို့ တစ်ခါမှ စိတ်မကူးခဲ့ဖူးပါဘူး၊ ခမည်းတော်က ဒီညီတော့်ကို ဘာကြောင့် အလေးထားခဲ့ရတာလဲဆိုတာကိုလည်း ဒီညီတော်နားမလည်ဘူး၊ ဒါပေမယ့်ခမည်းတော်ရဲ့သေတမ်း စာအမိန့်တော်ရောက်ရှိလာပြီ မဟုတ်လား ? အမိန့်တော်ကို မနာခံရင် တိုင်းပြည်ကပ်ဆိုက်မှာ စိုးရွံ့ရပါတယ်”

ယွဲ့ဟွာ အလွန်အံ့အားသင့်မိပါသည်။ ယွဲ့လင်းဒီလောက်ထိ တုံးအလိမ့်မည်ဟု သူအမှန်တကယ် မထင်ထားခဲ့ပါ။

ထိုအမိန့်တော်ကို အသေခံပြီး ငြင်းဆန်ခဲ့လျှင်တောင် အနည်းဆုံးတော့ သူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ခဲ့မည်ဖြစ်သည်။ သို့သော် ယခုတော့ နှစ်ဖက်စစ်တပ်၏ ရှေ့ မှောက်မှာ ထိုအမိန့်တော်ကိုစစ်ဆေးဖို့ ပညာရှိကြီးတစ်ဦးကို စေခိုင်းခဲ့လေသည်။

ယွဲ့လင်း ကျေးဇူးကြောင့် ထိုအမိန့်တော်၏စစ်မှန်မှုကို သက်သေပြနိုင်ခဲ့သည်။

ယွဲ့လင်း ဘာတွေဆက်လုပ်ဖို့ ကြံစည်ထားသလဲဆိုတာ ယွဲ့ဟွာ ဉာဏ်မမီနိုင်တော့ပေ။

ထို့နောက် မယ်တော်ကြီးကိုလည်း ယွဲ့ဟွာ လှမ်းကြည့်လိုက်သည်။

မယ်တော်ကြီးလည်း စိတ်ကိုရှင်းလင်းရင်း လျှောက်တင်လိုက်ပါသည်။

“နှောင်းဧကရာဇ်မင်းကြီးက တကယ်ပဲ ဟွားအာလေးကို ဦးစားပေးခဲ့တာပါ၊ ဒါပေမယ့် ဟွားအာလေးကော အရှင် မင်းကြီးကော ဒီမယ်တော့်ရဲ့ သားတော်တွေချည့်ပါပဲ၊ မင်းသားအန်းဟယ်ကို ထီးနန်းအပ်နှင်းမယ်ဆိုရင် ဒီမယ် တော်လည်း ရှိနေသေးတာကြောင့် မင်းသားတစ်ပါးအနေနဲ့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်မယ်လို့ အာမခံပါတယ်”

“အမှန်ပဲ အစ်ကိုတော်၊ စိတ်ချပါ ဒီညီတော်က သွေးသားအရင်းကို ဒုက္ခပေးတတ်တဲ့လူမျိုး မဟုတ်ဘူး”

ယွဲ့ဟွာ ခုန်ပေါက်လုနီးပါး ဖြစ်နေပြီး လျှောက်တင်လိုက်ပါသည်။

[ဒီယွဲ့ဟွာကတော့ တုံရှောင်းရဲ့ သားအရင်းကျနေတာပဲ၊ အရှက်မရှိတဲ့ မျက်နှာကတစ်ပုံစံတည်းပဲ!]

ကျန်းကျီမြောင် အာရုံထဲမှ ညည်းတွားလိုက်သည်။

ဝန်ကြီးမှူးမတ်များ: “???”

အားလုံး ကြက်သေသေသွားခဲ့ရပြန်သည်။

မိဖုရားကြီး၏ယခင်အတွေးသံကြောင့် ယွဲ့ဟွာမှာတုံရှောင်းနှင့် မယ်တော်ကြီးတို့၏သွေးသားဖြစ်မည်ဟု သူတို့ ခန့်မှန်းထားခဲ့ကြခြင်းဖြစ်သည်။ သို့သော် ယခု မိဖုရားကြီး၏အတွေးသံကို နားထောင်ကြည့်ခြင်းအားဖြင့် တစ်ခုခု ပုံမှန်မဟုတ်သလို ခံစားလာရပြန်သည်။

ဖရဲသီးက စားရင်းစားရင်း ပိုပိုကြီးလာသလိုပင်။

ယွဲ့လင်းပြုံးလိုက်ပြီး လီဝမ့်ယွမ်ကိုတည်တည်ငြိမ်ငြိမ် မေးမြန်းလိုက်သည်။

“မင်းသားအန်းဟယ်က သူ သဘောအကျဆုံး မင်းသားပါလို့ နှောင်းဧကရာဇ်မင်းကြီး မိန့်ကြားခဲ့တယ်ပေါ့”

လီဝမ့်ယွမ် ခေါင်းညိတ်လိုက်သည်။

“အမိန့်တော်ထဲမှာတော့ အဲ့လိုဖော်ပြထားပါတယ် အရှင်မင်းကြီး”

ယွဲ့လင်းထပ်မေးလိုက်သည်။

“မင်းသားအန်းဟယ်က သူ့သွေးသားမဟုတ်ရင်ကော သဘောကျနိုင်ပါဦးမလား”

လီဝမ့်ယွမ် ခေတ္တမှင်သက်သွားသော်လည်း အမြန်လျှောက်တင်လိုက်သည်။

“အဲ့လိုသာဆို ဒီသေတမ်းစာ အမိန့်တော်ရဲ့ အာနိသင်က အလိုလျောက် ပျက်ပြယ်သွားပါလိမ့်မယ်!”

ပျက်ပြယ်သွားရုံသာမကဘဲ နှောင်းဧကရာဇ်မင်းကြီးလည်း ထာဝရ လူပြက်ကြီးတစ်ယောက် ဖြစ်သွားပါလိမ့်မည်။

ယွဲ့ဟွာ မျက်မှောင်ကြုတ်ကာ ဝင်ပြောလိုက်သည်။

“အဲ့တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အစ်ကိုတော်၊ ဒီညီတော်က ခမည်းတော်ရဲ့ သွေးသားအရင်းပါ!”

တုံရှောင်းကို မယ်တော်ကြီး လိပ်ပြာမလုံစွာလှမ်းကြည့်လိုက်ပြီး သူမလည်း ဝင်ပြောလိုက်ပါသည်။

“အဓိပ္ပာယ်မဲ့တဲ့ စကားတွေမပြောပါနဲ့ အရှင်မင်းကြီး၊ ယွဲ့ဟွာက နှောင်းဧကရာဇ်မင်းကြီးရဲ့ သွေးသားမဟုတ်ရင် ဘယ်သူ့သွေးသား ဖြစ်ရမှာလဲ!”

တုံရှောင်းလည်း အလွန်မျက်မှောင်ကြုတ်သွားခဲ့သည်။

“ဧကရာဇ်လေး မဟုတ်မမှန်တဲ့ စကားတွေကို အခုချက် ချင်း ရပ်တန့်လိုက်စမ်း!”

“မဟုတ်လောက်ဘူးထင်တယ်”

တချို့ကိစ္စတွေကို ယွဲ့လင်းကိုယ်တိုင် ပြောလို့မကောင်းသဖြင့် ရှဲ့ချန်းက ဝင်ကူညီပေးလိုက်သည်။

“မယ်တော်ကြီးနဲ့ တိုင်းမှူးတုံတို့ ငယ်စဉ်တုန်းက ငယ်ချစ်ဦးတွေဖြစ်ခဲ့ကြဖူးတယ်လို့ ဒီငယ်သား ကြားသိရတယ်၊သူတို့ နှစ်ဦးရဲ့ သံယောဇဉ်ကလည်း အရမ်းနက်ရှိုင်းတယ်တဲ့၊ ဒါပေမယ့် မယ်တော်ကြီး အနောက်နန်းဆောင်ထဲကို ရုတ်တ ရက် ရောက်ရှိသွားတော့ စစ်သူကြီးတုံနဲ့ စေ့စပ်ကြောင်း လမ်းထားတာကိုပါ ဖျက်သိမ်းလိုက်ရတယ်”

“ဒါပမေယ့် သံယောဇဉ်တွေ မပျက်သေးဘဲ လျှို့ဝှက်တွေ့ဆုံခဲ့တာမျိုးတွေ ရှိခဲ့နိုင်တယ်၊ ဪ… တွေးကြည့်ရင် အဓိပ္ပာယ်တော့ ရှိသားပဲနှောင်းဧကရာဇ်မင်းကြီးရဲ့ သေတမ်းစာ အမိန့်တော်ကို နာခံတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မင်းသားအန်းဟယ်ကို ထောက်ခံဖို့အတွက် တိုင်းမှူးတုံက မိုင်ပေါင်းထောင်ချီ ဖြတ်သန်းလာခဲ့တာ၊ ဒါပေမယ့် လက်တွေ့မှာတော့… သူ့သားအရင်းကို နန်းတင်ပေးပြီး ကြီးမြတ်တဲ့ ယုံမင်းဆက်ကို သိမ်းပိုက်ချင်လို့ပဲ ဖြစ်မှာပေါ့!”

ရှဲ့ချန်းစကားသံကို ကြားသောအခါ မယ်တော်ကြီးနှင့် တုံရှောင်းတို့ မျက်နှာတွေ အလွန်ပျက်သွားကြသည်။

ယွဲ့ဟွာ အလွန်ဒေါသထွက်သွားပြီး ခက်ထန်စွာအော်ပြောလိုက်သည်။

“သောက်အဓိပ္ပာယ်မရှိတာတွေ! ရှဲ့ချန်း! ခင်ဗျားက တကယ် သစ္စာရှိခဲ့ခွေးပဲ! ယွဲ့လင်းအတွက်နဲ့ မဟုတ်မမှန် ဇာတ်လမ်းတွေကိုပါ လုပ်ကြံဖန်တီးတတ်နေပြီပေါ့ဟုတ် လား ? ခင်ဗျားအပေါ် နှောင်းဧကရာဇ်မင်းကြီး ငဲ့ညှာခဲ့တာတွေကို ဒီလိုနည်းနဲ့ ကျေးဇူးဆပ်လိုက်တာလား!”

“နှောင်းဧကရာဇ်မင်းကြီးရဲ့ ကျေးဇူးတရားတွေကြောင့်ပဲ ဒီကိစ္စကို သေသေချာချာ စုံစမ်းပေးသင့်တာပေါ့”

ရှဲ့ချန်း သရော်ကာ ပြောလိုက်သည်။

ယွဲ့လင်း သက်ပြင်းချလိုက်ပါသည်။

“မြို့စားရှဲ့၊ တစ်ခုခုကို စွပ်စွဲတဲ့အခါ သက်သေခိုင်ခိုင်လုံလုံရှိရတယ်၊ နောက်တစ်ခါ အဓိပ္ပာယ်မဲ့တဲ့စကားတွေကို အလွယ်တကူ မပြောပါနဲ့”

ရှဲ့ချန်း အမြန်အမိန့်နာခံလိုက်ပါသည်။

“မယ်တော်ကြီးနဲ့ တိုင်းမှူးတုံတို့ တစ်ချိန်တုန်းက ခံစားချက်တွေရှိခဲ့ကြတာ ကျန်းလည်း သိပါတယ်၊ ဒါပေမယ့် မယ် တော်ကြီး အနောက်နန်းဆောင်ထဲကို ရောက်ကတည်းက သူတို့ အဆက်အသွယ်ဖြတ်ခဲ့ကြတာ ဖြစ်မယ်”

ယွဲ့လင်း သဘောထားကြီးစွာ တွေးပေးလိုက်သည်။

ထိုစဉ်… ဝူကျီး လျှောက်တင်သံ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

“အရှင်မင်းကြီး! မိန်းမစိုးကြီးတစ်ဦးက အရှင်မင်းကြီးဆီမှာ အခစားဝင်ရောက်ဖို့ တောင်းဆိုနေပါတယ်!”

“မိန်းမစိုးကြီးတစ်ဦးဟုတ်လား”

ယွဲ့လင်း နွေးထွေးစွာ မေးလိုက်သည်။

“ဘယ်သူများလဲ”

“နှောင်းဧကရာဇ်မင်းကြီးရဲ့အနီးကပ်အခြွေအရံ မိန်းမစိုးကြီးချန်ပါ” ဝူကျီး ပြန်ဖြေလိုက်ပါသည်။

ယွဲ့လင်း အံ့ဩသွားဟန်ဖြင့် မိန်ကြားလိုက်သည်။

“မိန်းမစိုးကြီးချန်ဟုတ်လား! အဲ့တာ ခမည်းတော်သက်ရှိထင်ရှားရှိစဉ်တုန်းက အယုံကြည်ရဆုံး မိန်းမစိုးခေါင်း ဆောင်ကြီးပဲ! မြန်မြန်ခေါ်ဆောင်လာခဲ့စမ်း”

All Chapters