← Chapters

အခန်း (၉၈)

Vol. 10 Ch. 98

အခန်း (၉၈)

Vol. 10 Ch. 98

“ရွှပ်...”

စစ်သင်္ဘောရှေ့မှ ပြင်းထန်သော တိုက်ပွဲများကို ကြည့်ရင်း ကျုံးရှန်က လက်တစ်ချက် ဝေ့ယမ်းလိုက်သည်။ နက်မှောင်သော သံချပ်ကာ အစုံတစ်သိန်းနှင့် တလက်လက်တောက်ပနေသော ကိုးကွင်းတပ် စစ်တပ်သုံးဆေဘာဓါးများ စစ်သင်္ဘော၏ ကောင်းကင်ယံတွင် ပေါ်ထွက်လာ၏။

“ဒီမှာ...လိပ်နက်သံချပ်ကာ နဲ့ ကိုးကွင်းတပ် ဖောက်ထွင်းရေးဆေဘာဓါး အစုံတစ်သိန်း ... တိုက်ပွဲဝင်နေတဲ့ မိစ္ဆာသားရဲတွေကို အမြန်ဆုံး ဝေပေးလိုက်...”

“သွေးတစ်စက်ချပြီး အသိအမှတ်ပြုလိုက်တာနဲ့တင် အသုံးပြုလို့ရတာမို့လို့...သူတို့ရဲ့ တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေး စွမ်းရည်တွေကို အများကြီး မြှင့်တင်ပေးလိမ့်မယ်...”

ကျုံးရှန်သည် အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ နိယာမနယ်ပယ် အဆင့် ၁၅ ရှိ ကျားခေါင်းမိစ္ဆာတစ်ကောင်မှာ နိယာမနယ်ပယ် အဆင့် ၁၆ ရှိသော ဟွမ်ရှားစစ်သည်တစ်ဦးနှင့် အသည်းအသန် တိုက်ခိုက်နေသည်ကို မြင်လိုက်ရသည်။ ရန်သူသည် လက်နှစ်ဖက်တွင် ဓားကောက်များကို ကိုင်ဆောင်ထားပြီး မျက်စိတစ်မှိတ်အတွင်း အလွန်ပြင်းထန်သောဓားချက် ဆယ်ချက်ခန့် ထုတ်လွှတ်တိုက်ခိုက်‌နေသည်။

“ဟူး...”

ကျုံးရှန်က လက်ညှိုးတစ်ချက် ဝေ့လိုက်ရာ ထိုကျားမိစ္ဆာသားရဲ၏ ခန္ဓာကိုယ်မှ အနှစ်သာရသွေး နှစ်စက်ပျံထွက်လာပြီး လိပ်နက်သံချပ်ကာနှင့် ကိုးကွင်းတပ် ဖောက်ထွင်းရေးဆေဘာဓားအတွင်းသို့ ပေါင်းစပ်သွားတော့သည်။

လိပ်နက်သံချပ်ကာမှ မြည်ဟီးသံတစ်ခု ထွက်ပေါ်လာပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်ကာ ကျားမိစ္ဆာသားရဲ၏ ခန္ဓာကိုယ်ပေါ်သို့သွားရောက်ကပ်တွယ်သည်။ ထို့‌ နောက်ခန္ဓာကိုယ်တစ်ခုလုံး လိပ်ခွံကွက်များပေါ်ထွက်လာကာ နက်မှောင်မာကျောသောချပ်ကာတစ်ခုဝတ်ဆင်ပြီးဖြစ်သွားလေသည်။ ရန်သူက ဝိညာဉ်စွမ်းအားများဖြင့် ခုတ်ပိုင်းလိုက်သော်လည်း ထိုလိပ်ခွံပေါ်တွင် ချော်ထွက်သွားပြီး မီးပွားများသာ လွင့်စင်သွားကာ အကာအကွယ်ကို လုံးဝ မဖောက်နိုင်ခဲ့ပေ။

“ရွှပ်...ရွှပ်...ရွှပ်...”

ကိုးကွင်းတပ် ဖောက်ထွင်းရေး‌ဆေဘာမှာလည်း ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ကျားခေါင်းမိစ္ဆာ၏ လက်အတွင်းသို့ ရောက်ရှိသွားသည်။ သူသည် ဓားကို အသာအယာ ဝှေ့ယမ်းလိုက်ရုံဖြင့် အရှေ့တိုင်း ဖောက်ထွင်းရေးဓားစွမ်းအား တစ်ခု ပေါ်ထွက်လာပြီး ထိုဟွမ်ရှားစစ်သည်ကို အပိုင်းပိုင်း ခုတ်ပိုင်းလိုက်လေသည်။

ချင်ထျန်းတောင်ထွတ်မှ သားရဲသူတော်စင်များမှာ ထိုမြင်ကွင်းကိုကြည့်ကာ အံ့သြတုန်လှုပ်သွားကြ၏။

“တကယ်ကို ကြောက်စရာကောင်းတဲ့ သံချပ်ကာနဲ့ စစ်တပ်သုံးဆေဘာဓားတွေပါလား...”

သူတို့၏ အမြင်မှာ သာမန်မဟုတ်သဖြင့် ထိုလက်နက်များ ဝတ်ဆင်လိုက်သည်နှင့် တိုက်ခိုက်ရေးစွမ်းရည် အနည်းဆုံး အဆင့် နှစ်ဆင့်ခန့် တိုးတက်သွားသည်ကို မြင်နိုင်ပေသည်။

ကိုးကွင်းတပ် ဖောက်ထွင်းရေးစစ်တပ်သုံး‌ဆေဘာဓားမှ ထွက်ပေါ်လာသော အရှေ့တိုင်း ဖောက်ထွင်းရေးဓားစွမ်းအားသည် အရာအားလုံးကို ဖောက်ထွင်းနိုင်ပြီး အကာအကွယ်များကို ဖျက်ဆီးရာတွင် အလွန် ထူးခြားလှပေသည်။

လိပ်နက်သံချပ်ကာမှာလည်း အားကောင်းသော ခုခံစွမ်းအားရှိပြီး လိပ်နက်ပုံရိပ်ယောင်များမှာ တစ်ခုနှင့်တစ်ခု ဆက်သွယ်ကာ လိပ်နက်စစ်ဗျူဟာ ကို ဖွဲ့စည်းနိုင်ရာ ထိုသံချပ်ကာ၏ ကာကွယ်ရေး စွမ်းအားမှာ အလွန်ပင် ပြင်းထန်လှ၏။ ဤကဲ့သို့သော သံချပ်ကာနှင့် စစ်ဓား အစုံအနည်းငယ်ရှိရုံနှင့်ပင် မည်သည့်အဖွဲ့အစည်းမဆို အလွန်အစွမ်းထက်သော သံမဏိစစ်တပ်ကြီးတစ်ခုကို တည်ဆောက်နိုင်ပေသည်။ ယခုအခါ အစုံတစ်သိန်းအထိ ပေါ်ထွက်လာသဖြင့် သူတို့၏ စိုးရိမ်ပူပန်မှုများ လုံးဝ ပျောက်ကွယ်သွားတော့သည်။

--------------

တစ်နာရီခန့် ကြာပြီးနောက်။

အဆုံးမဲ့သဲကန္တာရအတွင်းရှိ တိုက်ပွဲဝင်နေသော မိစ္ဆာသားရဲအားလုံး လက်နက်ပစ္စည်းအသစ်များကို လဲလှယ်တပ်ဆင်ပြီးသွားပြီဖြစ်သည်။ တိုက်ပွဲကွင်းပြင်တွင် သံချပ်ကာဝတ်ဆင်ထား‌သော မိစ္ဆာသားရဲတစ်သိန်းပျံဝဲနေကြပြီး ဓားစွမ်းအားများနှင့် မိစ္ဆာအငွေ့အသက်များမှာ ကောင်းကင်သို့ ထိုးတက်နေ၏။ သူတို့သည် မြေပြင်ပေါ်ရှိ ဟွမ်ရှားကျွမ်းကျင်သူများနှင့် စစ်သည်များကို ကြက်ကလေး ငှက်ကလေးများသတ်သကဲ့သို့ လွယ်ကူစွာသက်ဖြတ်နေကြသည်။

စစ်တပ်၏ ချီတက်မှုအရှိန်မှာ ယခင်ကထက် နှစ်ဆခန့် ပိုမိုမြန်ဆန်လာကာ မူလက ခုနစ်ရက်ကြာမှ ရောက်မည်ဟု ခန့်မှန်းထားသော အာမန်ရာ‌ချောက်နက်ကို လေးရက်အတွင်းရောက်ရှိလာလေသည်။ သူတို့ရှေ့တွင် မိုင်ပေါင်း တစ်သောင်းခန့် ကျယ်ဝန်းသည့် ချောက်နက်တစ်ခု ရှိနေပြီး ချောက်နက်၏အထက်တွင် မြူတိမ်များ ဖုံးလွှမ်းနေပြီး အမည်းရောင် အလင်းတန်းများ မှိန်ပြပြ တောက်ပနေသည်။ ထိုနေရာတွင် ရတနာများ ရှိနေသလော သို့မဟုတ် မိစ္ဆာဆိုးများ ပုန်းအောင်းနေသလော ဆိုသည်မှာ မည်သူမှမသိနိုင်ပေ။

ချောက်နက်ကြီး၏ တစ်ဖက်တစ်ချက်ကိုခမ်းနားထည်ဝါလှသော ဧရာမတံတားကြီး ကိုးစင်းဖြင့် ဆက်သွယ်ထားကာ တံတားတစ်စင်းချင်းစီမှာ မိုင်တစ်ရာခန့် ကျယ်ဝန်းပြီး ပေပေါင်း တစ်သောင်းကျော် မြင့်မားလှပေသည်။ ဟွမ်ရှားလူမျိုးစု တစ်သိန်းခန့်ဘေးတိုက်ယှဉ်လျှောက်နိုင်လောက်အောင် ကျယ်ဝန်းလှ၏။ တံတားများ‌ပေါ်တွင် ဟွမ်ရှားလူမျိုးစု သူတော်စင်များက ကာကွယ်ရေးအစီအရင်များကို ရေးထွင်းထားသဖြင့် သူတော်စင်အဆင့် ၃ ကျွမ်းကျင်သူများ အစွမ်းကုန်တိုက်ခိုက်လျှင်ပင် ပျက်စီးမည်မဟုတ်ပေ။

ယခုအချိန်၌ မရေမတွက်နိုင်သော ဟွမ်ရှားစစ်သည်များမှာ တံတားပေါ်တွင် သွားလာနေကြကာ ချောက်နက်ကြီး၏ တစ်ဖက်တစ်ချက်တွင် ဟွမ်ရှားစစ်တပ်ကြီး၏ စစ်စခန်းများမှာ အဆုံးမရှိအောင် ရှိနေ၏။

ကျွမ်းလီက သူမ၏ နတ်ဘုရားစွမ်းရည်ဖြင့် စစ်ကြည့်လိုက်ရာ အနည်းဆုံး ဟွမ်ရှားစစ်သည် သန်း၂၀ ခန့် ရှိနေကြောင်း သိလိုက်ရသည်။ ကောင်းကင်ယံတွင်လည်း ပေထောင်ချီ ရှည်လျားသော နိုင်းစစ်သင်္ဘောများ ကင်းလှည့်နေကြသည်။

ကိုးဆင့်ပြောင်းလဲ စစ်သင်္ဘောပေါ်ရှိ မိစ္ဆာသားရဲသူတော်စင်များ၏ မျက်နှာထားသည် တည်ငြိမ်အေးစက်နေ၏။

“ဟွမ်ရှားလူမျိုးစုရဲ့ စစ်သင်္ဘောတွေပဲ... အကုန် ပစ်ချလိုက်...”

ထို့နောက် အဆင့်မြင့်သူတော်စင်သလင်းကျောက် အိတ်များကို ဝေပေးလိုက်ရာ ကိုးဆင့်ပြောင်းလဲ အစိမ်းရောင်အလင်းအမြောက် ရာပေါင်းများစွာသည် စတင် ပစ်ခတ်လာလေသည်။

ရာပေါင်းများစွာသော အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာကာ ရန်သူများ သတိမထားမိခင်မှာပင် နိုင်းစစ်သင်္ဘောများကို ဖောက်ထွက်သွား၏။ ပြစ်ချက်တိုင်းသည် သူတော်စင်တစ်ပိုင်း ၏ တိုက်ခိုက်မှုနှင့် ညီမျှသဖြင့် နိုင်းစစ်သင်္ဘောများ၏ ကာကွယ်ရေးမှာ စက္ကူကဲ့သို့ပင် စုတ်ပြဲသွားကာ နိုင်းစစ်သင်္ဘောများပေါက်ကွဲသွား‌လေသည်။ ဟွမ်ရှားစစ်စခန်းများ၏ကောင်းကင် ယံတွင် ပေါက်ကွဲသံများ ရာနှင့်ချီ၍ ထွက်ပေါ်လာပြီး စစ်သင်္ဘောအပျက်အစီးများသည် မြေပြင်ရှိစစ်စခန်းများအတွင်းသို့ ကျရောက်သွားကာ ခဏအတွင်းမှာပင် ဟွမ်ရှားစစ်သည်အများအပြားသေဆုံးသွား၏။

“ရန်သူ လာပြီဟေ့... ပြန်တိုက်ကြစမ်း...”

ကိုးဆင့်ပြောင်းလဲ စစ်သင်္ဘောတွင် ကိုယ်ယောင်ဖျောက်ထားနိုင်သော စွမ်းရည်ရှိသဖြင့် အမြောက်များ ပစ်လိုက်မှသာ ဟွမ်ရှားလူမျိုးစုများက သတိထားမိကြခြင်း ဖြစ်သည်။

“ဝေါ...”

ဟွမ်ရှားကျွမ်းကျင်သူ ထောင်ပေါင်းများစွာ ကောင်းကင်ပေါ်သို့ ပျံတက်လာကြကာ စစ်ဗျူဟာများ ခင်းကျင်းတိုက်ခိုက်လာကြသည်။ ထိုကျွမ်းကျင်သူများမှာ အနည်းဆုံး နိယာမနယ်ပယ် အဆင့် ၁၀ ခန့် ရှိကြပြီး ရှေ့တန်းတပ်ဖွဲ့၏ လက်ရွေးစင် စစ်ဗိုလ်ချုပ်များ ဖြစ်ကြ၏။

ချိုမ့်ဝမ်း၏ တခြားတစ်ဖက်ရှိ အဓိကစစ်တပ်ကြီးကလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး စစ်ကြောင်းများ ခွဲထုတ်ကာ တံတားပေါ်သို့ တက်လာလေသည်။ ထို့နောက်ချက်ချင်းပင် ရှေ့တန်းစစ်စခန်းဆီသို့ ချီတက်လာကြတော့၏။

“ရွှပ်... ရွှပ်...ရွှပ်...”

လက်ရွေးစင် လူမျိုးစု ၂၀ မှ ခေါင်းဆောင်များလည်း သူတို့၏ စစ်စခန်းမှ ပျံထွက်လာပြီး အလင်းတန်းများအဖြစ်ပြောင်းလဲလိုက်ကာ ရှေ့တန်းစစ်မျက်နှာရှိ ရန်သူ၏တိုက်ခိုက်လာမှုကို ပိတ်ဆို့ရန်ကြိုးစားလိုက်ကြသည်။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးသွားလေသည်။

ထို့နောက် ဝိညာဉ်စွမ်းအားများစုစည်းသွားကာ ဧရာမ ပိုက်ကွန်ကြီးတစ်ခု အဖြစ်ပြောင်းလဲသွားပြီး ကိုးဆင့်ပြောင်းလဲ အစိမ်းရောင်အလင်းအမြောက်များ၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။

ထိုအချိန်တွင် နားရွက်ရှည်ရှည်နှင့် ခေါင်းဆောင်တစ်ဦးက လည်ချောင်းသံကြီးဖြင့်အော်ဟစ်လိုက်၏။

“မင်းတို့လို တိရစ္ဆာန် မိစ္ဆာတွေက... တကယ်ကို သေချင်နေကြတာလား...”

“ငါတို့ရဲ့ အဆုံးမဲ့သဲကန္တာရကို... ကျူးကျော်ရဲတယ်ပေါ့...”

“စုတ်ပြတ်နေတဲ့ သင်္ဘောတစ်စင်း ရထားရုံနဲ့ မင်းတို့ကိုယ်မင်းတို့ တစ်လောကလုံးမှာ အနှိုင်းမဲ့ပြီလို့ ထင်နေတာလား...”

သူ၏ မျက်ဝန်းများမှာ အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေပြီး ကိုးဆင့်ပြောင်းလဲ စစ်သင်္ဘောပေါ်ရှိမိစ္ဆာသားရဲများကို လုံးဝ ဂရုမစိုက်ဟန် ရှိသည်။ ကျန်ရှိသော ခေါင်းဆောင်များမှာလည်း ထိုပုံစံအတိုင်းပင် ဖြစ်၏။

သူတို့၏ စိတ်အာရုံဖြင့် တစ်ချက် စစ်ဆေးကြည့်လိုက်ရာ ဤမိစ္ဆာသားရဲများ၏ ကျင့်ကြံခြင်းမှာ မဆိုးလှဘဲ နိယာမနယ်ပယ် ၂၅ နှင့်၂၆ အဆင့်ရှိမိစ္ဆာဘုရင်များ ပါဝင်နေသည်ကိုသိလိုက်ရသည်။ ထိုအရာသည် သူတို့၏ မျက်စိထဲတွင်မူ သာမန်မျှသာ ဖြစ်၏။

ထို့ပြင် ဤသားရဲများမှာ စနစ်တကျ ဖွဲ့စည်းမှု မရှိဘဲ စစ်တပ်၏ လေ့ကျင့်မှုများကိုလည်း ခံယူထားခြင်း မရှိရာ ဖရိုဖရဲဖြင့်စုစည်းထားသည့် မိစ္ဆာသားရဲအုပ်စုတစ်စုသာသာ ဖြစ်ကြောင်း မြင်နေရသည်။ သူတို့၏ မျက်လုံးထဲတွင်စစ်သင်္ဘောကြီးကသာ အနည်းငယ် ထူးခြားနေပြီး သူတို့ လိုချင်တပ်မက်စရာ ဖြစ်နေ၏။

ဖရိုဖရဲဖွဲ့စည်းထားသည့်မိစ္ဆာအုပ်စုမှာ အင်အား တောင့်တင်းသော်လည်း သူတို့၏ လူမျိုးစု တစ်စုချင်းစီ၏ စစ်တပ်ကိုပင် ယှဉ်နိုင်မည် မဟုတ်‌ပေ။ စစ်ပွဲကြီးများတွင် တစ်ဦးချင်း ခွန်အားထက် စည်းကမ်း၊ ပူးပေါင်းဆောင်ရွက်မှုနှင့် စစ်ဗျူဟာများကသာ ပိုမို အရေးကြီးပေသည်။ သို့ဖြစ်ရာ သူတို့လိုလက်‌ရွေးစင်ခေါင်းဆောင် ၂၀ ပေါင်း၍ တိုက်ခိုက်မည်ဆိုလျှင် ထိုသင်္ဘောကို အလွယ်တကူ ဖျက်ဆီးနိုင်မည်ဟု ယုံကြည်နေကြသည်။

ဤမျှလောက်လွယ်ကူတဲ့အလုပ်ကို အစွန်အဖျားကမျိုးနွယ်စုတွေ ဘယ်လိုများ အရေးနိမ့်သွားခဲ့တာလဲ ဆိုတာကို သူတို့ နားမလည်နိုင် ဖြစ်နေကြ၏။

“နတ်ဘုရားသားတော် ပေးတဲ့ တာဝန်က လွယ်ကူလွန်းနေပါ့လား...”

သဲကန္တာရ၏အလယ်ဗဟိုတွင် သက်သောင့်သက်သာဘဝဖြင့်နေခဲ့ရသည်မှာကြာမြင့်နေပြီဖြစ်ရာ ခေါင်းဆောင်အားလုံးမှာ တိုက်ခိုက်ရာတွင်ရှိသင့်ရှိထိုက်သည့် အလေးအနက်ထားတွေးတောခြင်းမျိုးပင်မရှိဘဲ သူတို့ရှေ့ရှိ ကိုးဆင့်ပြောင်းလဲ စစ်သင်္ဘောကို ဂရုမထားဘဲရှိနေလေသည်။

All Chapters