← Chapters

အခန်း (၁၄၇၇-၁၄၇၉)

Vol. 99 Ch. 1477-1479

အခန်း (၁၄၇၇-၁၄၇၉)

Vol. 99 Ch. 1477-1479

အခန်း (၁၄၇၇) ပြန်လည်ရှင်သန်လာသောလက်ယာဘုရင်

ဤမြင်ကွင်းသည် မိမိတို့၏ကမ္ဘာကြီးတစ်ခုလုံး တစ်လက်မချင်းစီ ပြိုလဲပျက်စီးနေသကဲ့သို့ ခံစားရစေသည်။

လက်ယာဘုရင်သည် ဆယ်စုနှစ်ပေါင်းများစွာ နာမည်ကျော်ကြားခဲ့သော စွမ်းအားကြီး ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ သူသည် တချီနှင့်တဝေတိုင်းပြည်များမှ အထက်တန်းလွှာများ၏ စိတ်နှလုံးထဲတွင် ဖျောက်ဖျက်၍မရသော အရိပ်မည်းကြီးတစ်ခုအဖြစ် ကာလရှည်ကြာတည်ရှိနေခဲ့သူ ဖြစ်သည်။

၎င်းနှင့် နှိုင်းယှဉ်ပါက ချူးယွင်ဖန်းမှာ အသစ်တက်လာသောကြယ်ပွင့်တစ်ပွင့်သာ ဖြစ်သော်လည်း၊ အဆုံးတွင်မူ ချူးယွင်ဖန်းသည် လက်ယာဘုရင်ကို လက်တစ်ဖက်နှင့် မှော်ဓားတစ်လက်တည်းဖြင့် အောင်ပွဲခံ အသာစီးယူနိုင်ခဲ့သည်။

ထိုသို့သော တိုက်ခိုက်မှုမျိုးနှင့် ရင်ဆိုင်ရချိန်တွင် လက်ယာဘုရင်မှာ ပြန်လည်ခုခံရန် နည်းလမ်းမရှိခဲ့ပေ။ အသက်ရှူရန်ပင် အချိန်မရခဲ့ဟု ဆိုနိုင်သည်။

“မြစ်ဖျားဆည်းဆာ!”

ချူးယွင်ဖန်းက အော်ပြောလိုက်သည်။

မုန်တိုင်းဆန်သော တိုက်ခိုက်မှုများအပြီးတွင် ဓားချက်က ကျရောက်လာသည်။ လူတိုင်း၏ မျက်စိရှေ့တွင် ရှည်လျားသောမြစ်ကြီးတစ်စင်းနှင့် နေဝင်ချိန်မြင်ကွင်းတစ်ခု ပေါ်လာသကဲ့သို့ပင်။ သူသည် ဤသဘာဝရှုခင်းကို သူ၏ဓားစိတ်ဆန္ဒထဲတွင် ပေါင်းစပ်ထည့်သွင်းထားပြီး လျှံကျလာသောမြစ်ရေ၏ အရှိန်အဝါနှင့်အတူ လွှဲယမ်းလိုက်ခြင်းဖြစ်သည်။

ဝုန်း!

ဓားအလင်းတန်းသည် လက်ယာဘုရင်ပေါ်သို့ ချက်ချင်းပင် ကျရောက်သွားသည်။

ဘုန်း….

လက်ယာဘုရင်မှာ လေထဲသို့ လွင့်စင်သွားတော့သည်။ သူ၏ တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး ဝတ်ဆင်ထားသော မှော်သံချပ်ကာမှာလည်း အပိုင်းပိုင်းပြတ်ကာ ကွဲအက်သွားသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။

ချူးယွင်ဖန်း၏ ထက်မြက်သောဓားအလင်းတန်းအောက်တွင် လက်ယာဘုရင်မှာ လုံလောက်သောခုခံမှုကိုပင် မပြုလုပ်နိုင်ခဲ့ပေ။ အရာအားလုံးမှာ ချူးယွင်ဖန်း၏ဓားချက်အောက်တွင် ပြိုလဲသွားခဲ့ပြီး လက်ယာဘုရင်၏ ခန္ဓာကိုယ်မှာပင် နောက်သို့လွင့်စဉ်သွားရင်း ကောင်းကင်ယံ၌ ပေါက်ကွဲသွားခဲ့သည်။

“လက်ယာဘုရင် သေသွားပြီလား။”

တိုင်းပြည်နှစ်ပြည်မှကိုယ်စားလှယ်များမှာ လုံးဝဆွံ့အသွားကြသည်။

ဘာတွေဖြစ်ကုန်တာလဲ?

စောနကမှ အလွန်ဝံ့ကြွားနေသောလက်ယာဘုရင်မှာ ချူးယွင်ဖန်း၏တိုက်ကွက်ကိုပင် မတားဆီးနိုင်ပါလား။….

အကယ်၍ မိမိတို့၏လောကကြီးကိုရှုမြင်ပုံမှာ ခုနကမှ စတင်ပြိုလဲနေသည်ဆိုလျှင် ယခုမူ လုံးဝ ဥဿုံ ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။ မိမိတို့ အလွန်အစွမ်းထက်သည်ဟုထင်ထားသော လက်ယာဘုရင်မှာ တကယ်တမ်းတွင် ဤမျှလောက် ထိခိုက်လွယ်နေသည်လား….

“သူ အငိုက်မိသွားတာ။ လက်ယာဘုရင်က ရန်သူကို အထင်သေးပြီး ချူးယွင်ဖန်းရဲ့ အငိုက်ဖမ်းတာကို ခံလိုက်ရတာပဲ။ အဲ့ဒီနောက်ပိုင်းမှာတော့ တိုက်ပွဲရဲ့ အရှိန်အဟုန်တစ်ခုလုံးက ချူးယွင်ဖန်းရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားတာ။”

တချီဆေးပညာရှင်များအဖွဲ့ခေါင်းဆောင်က သုံးသပ်ပြသည်။

တချီကိုယ်စားလှယ်များကလည်း ခေါင်းညိတ်ကြသည်။ အလုံးစုံကို ကြည့်မည်ဆိုလျှင် ထိုအတိုင်းပင်။ လက်ယာဘုရင်သည် ပြိုင်ဘက်ကို လျှော့တွက်ခဲ့မိသည်။ တိုက်ကွက်အနည်းငယ်အတွင်းမှာပင် ချူးယွင်ဖန်းက အခြေအနေတစ်ခုလုံးကို စိုးမိုးသွားခဲ့သည်။

“မဟုတ်ဘူး၊ ကျွန်တော်ကတော့ အဲ့ဒီလို မထင်ဘူး။ လက်ယာဘုရင်က ရန်သူကို အထင်သေးတာ မဟုတ်ဘဲ သူ့ရဲ့ စွမ်းအားက ချူးယွင်ဖန်းကို မယှဉ်နိုင်တာပဲ။”

ကုန်းစွန်းဝူလုံက အခြားတစ်မျိုး ပြောလိုက်သည်။

“ချူးယွင်ဖန်းက တဝေရဲ့ နံပါတ်တစ် ကျွမ်းကျင်သူဆိုတာ ခင်ဗျားတို့ သိထားသင့်တယ်။ ငါတို့နိုင်ငံရဲ့ နံပါတ်တစ်ဖြစ်တဲ့ ယွင်ဟွမ်တောင် သူ့ကို ရှုံးသွားတာ။ ဒါကြောင့် ချူးယွင်ဖန်းရဲ့အောင်ပွဲဟာ ကံကောင်းလို့ မဟုတ်ဘဲ အစစအရာရာ သာလွန်နေလို့ပဲ။”

တဝေ ကိုယ်စားလှယ်များအားလုံးကလည်း ဤစကားကို ထောက်ခံကြသည်။ သူတို့က ချူးယွင်ဖန်း မည်မျှ ကြောက်စရာကောင်းကြောင်း ပို၍ သိထားကြသောကြောင့် ဖြစ်သည်။

သို့သော် သူတို့ ငြင်းခုံနေကြစဉ်မှာပင် ကောင်းကင်ယံ၌ အပိုင်းပိုင်းပြတ်ကာ သေဆုံးသွားပြီဟု ထင်ထားသော ကျင်ကျန်းဟန်၏လက်ယာဘုရင်မှာ မမျှော်လင့်ဘဲ သူ၏ခန္ဓာကိုယ်ကို ပြန်လည် စုစည်းလိုက်သည်။

“ဒါက အစပဲ ရှိသေးတယ်။”

လူတိုင်း မယုံနိုင်အောင်ဖြစ်သွားကြသည်။ ရွှေအမတေပုံစံအဆင့်ရှိသူပင်လျှင် လူသားခန္ဓာကိုယ်သာ ရှိသည် မဟုတ်ပါလား။ လက်တစ်ဖက်ပြတ်သွားလျှင် လျှို့ဝှက်နည်းစနစ်များဖြင့် ပြန်ပေါက်အောင် လုပ်နိုင်ကောင်းသော်လည်း တစ်ကိုယ်လုံးအပိုင်းပိုင်းပြတ်သွားပြီဆိုလျှင် မည်သည့် ရွှေအမတေပုံစံအဆင့်ပင်ဖြစ်စေ အသက်ရှင်နိုင်မည်မဟုတ်ပေ။

သို့သော် ယခုမူ လက်ယာဘုရင်သည် ပုံမှန်စည်းမျဉ်းများကို ချိုးဖောက်ကာ ပြန်လည် ရှင်သန်လာခဲ့ပြီဖြစ်သည်။

“အား... မင်းက ငါ့ကိုတောင် သတ်ရဲတယ်ပေါ့။”

လက်ယာဘုရင်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏မျက်လုံးများမှာ ဒဏ်ရာရထားသော သားရဲတစ်ကောင်အလား နီရဲနေသည်။

ကြောက်မက်ဖွယ်ရာအရှိန်အဝါတစ်ခုသည် ဆူနာမီလှိုင်းကြီးတစ်ခုအလား ထွက်ပေါ်လာပြီး သူ့ကို ဗဟိုပြုကာ အရပ်မျက်နှာအားလုံးသို့ လိမ့်တက်သွားသည်။

သူ့ရှေ့မှ ချူးယွင်ဖန်းကလည်း အနည်းငယ် အံ့သြသွားရသည်။ ခုနကတိုက်ကွက်များတွင် သူ အစွမ်းကုန် ထည့်သွင်းထားသဖြင့် လက်ယာဘုရင်မှာ သေချာပေါက်သေဆုံးခဲ့ပြီးပြီ ဖြစ်သည်။ သေချင်ယောင်ဆောင်ခြင်းဖြင့် ချူးယွင်ဖန်း၏ မျက်စိကို ဖုံးကွယ်၍ မရနိုင်ပေ။

“မင်း တကယ်ပဲ အသက်ရှင်နေသေးတာလား။”

ချူးယွင်ဖန်းက အေးစက်စွာ မေးလိုက်သည်။

“ဒီကောင်စုတ်... ငါ့မှာ မတော်တဆ ရထားတဲ့ အသက်အစားထိုးရုပ်သေးသာ မရှိရင် ဒီနေ့ မင်းလက်ထဲမှာ တကယ် သေသွားမှာပဲ။”

လက်ယာဘုရင်၏မျက်လုံးထဲမှ ကြောက်မက်ဖွယ်ရာသတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာသည်။ သူ၏ မျက်နှာမှာ ပြာနှမ်းနေပြီး အမူအရာကလည်း ရုပ်ပျက်ဆင်းပျက် ကြောက်စရာကောင်းနေသည်။

၎င်းမှာ သူ ငယ်စဉ်က ရှေးဟောင်းအပျက်အစီးများထဲမှ ရှာဖွေတွေ့ရှိခဲ့သောရုပ်သေးရုပ်ပင် ဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်း သူသည် ဤရုပ်သေးအမျိုးအစားကို အနည်းငယ် အသုံးပြုခဲ့ဖူးပြီး ၎င်းကပင် သန်မာသူက အားနည်းသူကို အနိုင်ကျင့်သော ကျင်ကျန်းဟန်တိုင်းပြည်အတွင်း မိမိကို လက်ယာဘုရင် ဖြစ်လာရန် ကူညီပေးခဲ့ခြင်း ဖြစ်သည်။

ယခုမူ ၎င်းမှာ သူ၏နောက်ဆုံးရုပ်သေးရုပ် ဖြစ်သည်။ ဤမှော်ရုပ်သေး၏ နိယာမကို နားမလည်သကဲ့သို့ ပြန်လည် ပြုလုပ်၍လည်း မရပေ။ ထို့ကြောင့် သူ အမြဲတမ်း ဂရုတစိုက် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ ၎င်းကို အသုံးပြုလိုက်ရပြီ ဖြစ်သည်။

လက်ယာဘုရင်၏အရှိန်အဝါမှာ ပိုမိုမြင့်တက်လာသည်။ သူ၏ အထွတ်အထိပ်အခြေအနေထက်ပင် ငါးဆယ်ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားလာခြင်း ဖြစ်သည်။ ဤစွမ်းအားတိုးတက်မှုသည် ခဏတာသာ ဖြစ်သော်လည်း ကျွမ်းကျင်သူချင်းတိုက်ခိုက်ရာတွင် အောင်ပွဲနှင့်ရှုံးနိမ့်မှုကို ဆုံးဖြတ်ရန် လုံလောက်လှသည်။

“မင်း သေပြီသာမှတ်!”

လက်ယာဘုရင်က အံကြိတ်၍ ပြောလိုက်သည်။

“ငါ့ရဲ့ ဒီဝှက်ဖဲကို ထုတ်သုံးအောင် မင်းလုပ်ခဲ့ပြီဆိုတော့ ကမ္ဘာပေါ်မှာ မင်းကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်တော့ဘူး။”

“ငါ့ကို သတ်မလို့လား။ မင်းကလားလေ။”

ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။

“မင်း ကံကြမ္မာကို ဘယ်လိုနည်းနဲ့ ပြောင်းလဲလိုက်လဲဆိုတာ ငါမသိပေမဲ့ ဒါကို မင်း ထပ်လုပ်နိုင်မယ်လို့ ငါမယုံဘူး။ မင်းကို တစ်ခါ သတ်နိုင်ခဲ့ရင် နောက်တစ်ခါလည်း ထပ်သတ်နိုင်တာပဲ။”

“ပါးစပ်ပိတ်ပြီး သေလိုက်တော့။”

လက်ယာဘုရင်က အော်ဟစ်လိုက်သည်။ သူ၏လက်ထဲရှိသွေးနီရောင်လှံမှာ ပြင်းထန်စွာ တောက်လောင်လာသည်။ ၎င်းမှာ လူသားတို့၏သွေးဓာတ်မှ ဖြစ်ပေါ်လာသော သွေးရောင်မီးတောက်များ ဖြစ်သည်။

ရှူး….

သွေးနီရောင်လှံသည် ချူးယွင်ဖန်းဆီသို့ ဦးတည်ပြေးဝင်သွားသည်။ ထိုခဏ၌ ကောင်းကင်ယံတစ်ခုလုံး ပြိုကျသွားသလိုခံစားရပြီး လေထုမှာလည်း ဆူပွက်နေသောရေနွေးကဲ့သို့ တုန်ခါလာတော့သည်။

ကြောက်စရာကောင်းလိုက်တာ….

ဒုတိယအကြိမ် ပြန်လည်တိုက်ခိုက်ရာတွင် လက်ယာဘုရင်၏ စွမ်းအားမှာ ယခင်ကထက်များစွာ ပိုမိုပြင်းထန်လာသည်။ ဤတိုက်ကွက်သည် တောင်တန်းတစ်ခုလုံးကိုပင် ပြားချပ်သွားစေနိုင်သည်။ ချူးယွင်ဖန်းကလည်း ဒီအတိုင်းထိုင်စောင့်မနေဘဲ အားယူကာ နောက်ထပ်လက်သီးတစ်ချက်ကို ပြန်လည် ထုတ်လိုက်ပြန်တော့၏။

ဘုန်း….

အခန်း (၁၄၇၈) ပြာဝံပုလွေအလံ

ကောင်းကင်ကြီးတစ်ခုလုံး ပေါက်ကွဲသွားသလားဟုထင်မှတ်ရသည်။ နှစ်ဖက်စလုံး၏ တိုက်ခိုက်မှုကြောင့် တစ်ကမ္ဘာလုံး ပြင်းထန်စွာ တုန်ခါသွားရသည်။

ယခင် ထိပ်တိုက်တွေ့မှုနှင့် နှိုင်းယှဉ်လျှင် ယခုတစ်ကြိမ်မှာ လုံးဝကို နောက်တစ်ဆင့်ဖြစ်နေသည်။ တချီနှင့်တဝေ ကိုယ်စားလှယ်များမှာ တစ်ယောက်ပြီးတစ်ယောက် ဆုတ်ခွာနေကြရသည်။ သူတို့မှာ အနားသို့ မကပ်ရဲကြတော့ဘဲ မိုင်ပေါင်းရာချီဝေးသည့်နေရာရောက်မှသာ ရပ်တန့်နိုင်တော့သည်။

ရွှေအမတေပုံစံ အဆင့်ကျွမ်းကျင်သူတစ်ဦးသည် သူ၏စွမ်းအားဖြင့် မြို့တစ်မြို့ကို အမှန်တကယ်ပင် အပျက်အစီးများအဖြစ် ပြောင်းလဲပစ်နိုင်သည်မှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။

လက်ယာဘုရင်သည် အကြိမ်ကြိမ် နောက်ဆုတ်နေရသည်။ သူ၏ မျက်လုံးထဲတွင် အံ့သြရိပ်များ ဖြတ်ပြေးသွားသည်။ ဤမျှ ပြင်းထန်သောတိုက်ကွက်ကပင် ချူးယွင်ဖန်းကို ဘာမှမလုပ်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဤချူးယွင်ဖန်းမှာ မိမမိမိထင်ထားသည်ထက် ပို၍ ဒုက္ခပေးနိုင်သူ ဖြစ်နေသည်။

ချူးယွင်ဖန်းက လက်ယာဘုရင်ကို အပြုံးလေးဖြင့်ကြည့်၍ ပြောလိုက်သည်။

“ငါပြောသားပဲ။ မင်းရဲ့ စွမ်းအားနဲ့ဆိုရင် ငါ မင်းကို တစ်ခါသတ်နိုင်ခဲ့ရင် နောက်တစ်ခါလည်း ထပ်သတ်နိုင်တယ်လို့။”

လက်ယာဘုရင်၏စွမ်းအားမှာင ါးဆယ်ရာခိုင်နှုန်း တိုးလာသော်လည်း အများဆုံးရှိလှ ယွင်ဟွမ်နှင့် မခြားနားပေ။ နည်းစနစ်ပိုင်းတွင်မူ ယွင်ဟွမ်ကိုပင် မမီသေးရာ လက်ရှိ ချူးယွင်ဖန်းနှင့် ယှဉ်ရန်မှာ ဝေးလွန်းလှသည်။

“ရဲတင်းလှချည်လား။ ငါ့လှံက မင်းရဲ့ နှလုံးကို ထိုးဖောက်သွားတဲ့အခါမှာလည်း ဒီစကားမျိုး ပြောနိုင်ဦးမလား ကြည့်ရသေးတာပေါ့။”

လက်ယာဘုရင်က အေးစက်စွာ ဆိုသည်။

သူ၏ လက်ထဲရှိလှံကို ဝှေ့ယမ်းလိုက်သည်။ သူသည် အချိန်ဖြုန်းမနေတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ စွမ်းအားတိုးနေသောအခြေအနေမှာ ရုပ်သေးရုပ်၏အကူအညီကြောင့်သာဖြစ်ပြီး အချိန်အကြာကြီး ထိန်းထားနိုင်မည်မဟုတ်ကြောင်း သိနေသောကြောင့်ပင်။

ဘုန်း….

လှံရှည်သည် ကောင်းကင်ကို ဖြတ်သန်းသွားပြီး သွေးနီရောင်သိုင်းစိတ်ဝိညာဉ်များကို လွှင့်ထုတ်လိုက်သည်။ ၎င်းမှာ ဒြပ်ရှိပစ္စည်းတစ်ခုအလား အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

“မင်း ဘယ်လောက်အထိ ခံနိုင်မလဲ ငါကြည့်ရသေးတာပေါ့။”

ချူးယွင်ဖန်းက ရှေ့သို့ တစ်လှမ်းတိုးကာ အော်ပြောလိုက်သည်။

“ငရဲကန်ချက်ကိုးသွယ်။”

သူ ခြေတစ်ချက်နင်းလိုက်သည်နှင့် ခြေဖဝါးအောက်မှ ငရဲရေစွမ်းအင်များ လှိမ့်တက်လာပြီး ကြောက်မက်ဖွယ်ရာခြေရာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဘုန်း….

သူ၏ခြေကန်ချက်သည် လှံမှထွက်ပေါ်လာသော စစ်မြေပြင်အရှိန်အဝါကို နင်းခြေဖျက်ဆီးပစ်လိုက်ပြီး လက်ယာဘုရင်ပေါ်သို့ တိုက်ရိုက်ကျရောက်သွားသည်။

“ဒါက ဘာအကွက်လဲ။”

လက်ယာဘုရင်မှာ ထိတ်လန့်သွားရသည်။ ဤခြေနင်းချက်မှာ အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။ ပေါ့ပေါ့ပါးပါး တိုက်ခိုက်လိုက်ခြင်းဖြစ်သော်လည်း ကမ္ဘာမြေကို အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားစေနိုင်သော စွမ်းအားမျိုး ပါဝင်နေသည်။ သို့သော်အချိန်အကြာကြီး မတွေးနိုင်ပေ။ ချက်ချင်းပင် လှံချက်ပေါင်းများစွာကို ထိုးထုတ်ကာ အတင်းအကျပ် ပြန်လည်ခုခံလိုက်ရသည်။

“မဆိုးဘူးပဲ။ ငါ့ရဲ့ ပထမကန်ချက်ကို မင်း တားနိုင်သားပဲ။ ကဲ…. ဒုတိယငရဲကန်ချက်ကိုးသွယ်။”

ချူးယွင်ဖန်းက ထပ်မံအော်ဟစ်ကာ ကန်ချလိုက်ပြန်သည်။ ဟင်းလင်းပြင်ထဲမှ ပိုမိုများပြားသော ငရဲရေစွမ်းအင်များ ထွက်ပေါ်လာပြီး ဆူနာမီလှိုင်းကြီးတစ်ခုအလား လက်ယာဘုရင်ဆီသို့ လိမ့်ဆင်းသွားတော့သည်။

“ကွဲအက်စမ်း!”

လက်ယာဘုရင်က ဟိန်းဟောက်လိုက်ပြီး သူ၏ နတ်ဘုရားစွမ်းအားအားလုံးကို လှံပေါ်သို့ စုစည်းကာ အလွန်ကြီးမားသောလှံကြီးတစ်ခုအဖြစ် ပြောင်းလဲစေပြီး ငရဲရေလှိုင်းများကို ထိုးခွဲလိုက်သည်။

ဘုန်း….

သို့သော် ထိုဧရာမလှံကြီးမှာ ချူးယွင်ဖန်း၏ခြေဖဝါးအောက်တွင် တစ်လက်မချင်းစီ ကွဲအက်ပျက်စီးသွားခဲ့သည်။ ချူးယွင်ဖန်း၏ကန်ချက်ကြောင့် ကောင်းကင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားရသည်။

လက်ယာဘုရင်မှာ ထိုကြောက်မက်ဖွယ်ရာစွမ်းအားများကြောင့် အသက်ရှူကျပ်ကာ နောက်သို့ ဆက်တိုက် ဆုတ်ခွာနေရသည်။ သူ၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများ အထင်းသားမြင်နေရသည်။

ဘုန်း….ဘုန်း….ဘုန်း….

ချူးယွင်ဖန်း၏ခြေနင်းချက်များအောက်တွင် လက်ယာဘုရင်တစ်ယောက် ခြေလှမ်းများမတည်မငြိမ်ဖြစ်ကာ တစ်ကိုယ်လုံးရှိ သွေးသားများမှာလည်း ပြောင်းပြန်လည်ကုန်သလို ခံစားနေရသည်။

'သူ ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနေရတာလဲ? ဒါက သူ့ရဲ့အစွမ်းကုန်တောင် မဟုတ်သေးဘူးလား။’

လက်ယာဘုရင်သည် ချူးယွင်ဖန်းကို အထင်သေးမိခဲ့ကြောင်း ယခုမှ အမှန်တကယ်နားလည်သွားတော့သည်။ ချူးယွင်ဖန်းသည် အစွမ်းကုန်မထုတ်သေးဘဲနှင့်ပင် မိမိမယှဉ်နိုင်အောင်စွမ်းအားကြီးမားနေသ်ည။

“မဖြစ်ဘူး... ဒီအတိုင်း ဆက်သွားရင် ငါသေမှာပဲ။”

လက်ယာဘုရင်က တစ်ချက်အော်လိုက်ရင်း ချိတ်စည်းတစ်ခု ပြုလုပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားစွမ်းအားများမှာ ပြင်းထန်စွာ တုန်ခါသွားပြီး အဝေးတစ်နေရာသို့ ဆက်သွယ်လိုက်သကဲ့သို့ ကောင်းကင်ယံသို့ ပြန့်နှံ့သွားတော့သည်။

………….

ထိုအချိန်တွင် ကျင်ကျန်းဟန်၏တခန်းး စံမြန်းရာတော်ဝင်တဲနန်းအတွင်းရှိ ထူးခြားသော ဟင်းလင်းပြင်တစ်ခု၌ဝယ် ဖြစ်သည်။

ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသောအဘိုးအိုတစ်ဦးမှာ ရုတ်တရက် မျက်လုံးပွင့်လာသည်။ သူ၏ ဘေးနားတွင် ရှိနေသော ရွှေရောင်ဝံပုလွေပုံပါသည့်အလံကြီးက ရုတ်တရက် အလင်းများတောက်ပလာပြီး အလံတိုင်မှ ကွာထွက်ကာ ပျောက်ကွယ်သွားတော့သည်။

“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။”

အဘိုးအိုမှာ အံ့သြသွားရသည်။ အလံအတွင်းရှိ ဝံပုလွေဝိညာဉ်ပျောက်ကွယ်သွားသည်ကို သူ ခံစားလိုက်ရသော်လည်း မတားလိုက်ပေ။

ဤအလံကို ပြာဝံပုလွေဟုခေါပြီး ကျင်ကျန်းဟန်၏ တိုင်းပြည်ရတနာဖြစ်သော အဆင့်မြင့်ဝိညာဉ်လက်နက် တစ်ခုဖြစ်သည်။ ၎င်းသည် ကျင်ကျန်းဟန်ကို မျိုးတုံးမည့်အန္တရာယ်များမှ အကြိမ်ကြိမ် ကယ်တင်ပေးခဲ့ဖူးသည်။

ကျင်ကျန်းဟန်ရှိလူများမှာ မိမိတို့ဘာသာ ပြာဝံပုလွေ၏မျိုးဆက်များဟု ခေါ်ဆိုကြပြီး ဤအလံမှာ ရှေးဦးဘိုးဘေးများ ဖန်တီးခဲ့သောမှော်လက်နက်ဖြစ်သည်။ ၎င်းကို ကျင်ကျန်းဟန်တွင် တခန်း ၊ လက်ဝဲအရှင်နှင့် လက်ယာဘုရင်သုံးဦးသာ ဆင့်ခေါ်နိုင်ခွင့်ရှိသည်။

ယခုအခါ ဤအလံကို ဆင့်ခေါ်လိုက်သူမှာ သူ၏သားဖြစ်သူ လက်ယာဘုရင်ပင် ဖြစ်သည်။

တခန်းမှာ အနည်းငယ် အံ့ဩနေမိသည်။ လက်ယာဘုရင်သည် မကြာသေးမီကမှ ရွှေအမတေပုံစံအဆင့်သို့ ရောက်ရှိထားသူဖြစ်ရာ ကမ္ဘာပေါ်တွင် ရှားပါးကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ ထိုသို့သောသူတစ်ယောက်က ဤအလံကို ဆင့်ခေါ်ရလောက်အောင် ဘယ်လိုအန္တရာယ်မျိုးနဲ့ ကြုံနေရလို့လဲ…..

ပုံမှန်အခြေအနေတွင် ဤအလံကို ဆင့်ခေါ်ခွင့်မရှိပေ။ ၎င်းမှာ တိုင်းပြည်ရတနာဖြစ်သဖြင့် အလွန်အရေးကြီးသောပစ္စည်းဖြစ်သည်။

ထိုသို့တွေးမိသည်နှင့် တခန်းတစ်ယောက် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အလံသွားရာ နောက်သို့ ချက်ချင်း လိုက်ပါသွားလေတော့၏။

အခန်း (၁၄၇၉) ပြာဝံပုလွေအလံဝိညာဉ်လက်နက်

ချူးယွင်ဖန်းသည် လက်ယာဘုရင်၏လုပ်ရပ်များကို ကြည့်နေသော်လည်း သူဘာလုပ်နေသည်ကို ဂရုမစိုက်ပေ။ သူသည် တုံ့ဆိုင်းနေတတ်သောအလေ့အကျင့်မရှိရာ ရှေ့သို့တစ်လှမ်းထပ်တိုးလိုက်သည်။

“တတိယငရဲကန်ချက်….”

ချူးယွင်ဖန်းက အော်၍ ဆောင့်နင်းချလိုက်သည်။

ဘုန်း….

ကောင်းကင်ယံတစ်ခုလုံးပြိုကျတော့မည့်အလား ပြင်းထန်စွာ တုန်ခါသွားသည်။ ဤခြေကန်ချက်၏စွမ်းအားမှာ ယခင်ကထက် များစွာပိုမိုပြင်းထန်လာသည်။ တောင်တန်းများကို ဖြိုလှဲကာ ပင်လယ်များကို မှောက်ခုံလှန်ပစ်နိုင်သောစွမ်းအားမျိုးဟု လက်ယာဘုရင် ခံစားလိုက်ရသည်။

“ငါ့မှာရှိသမျှ အကုန်ထုတ်သုံးရမှာပဲ။”

လက်ယာဘုရင်က ထိုသို့အော်ပြော၍ သူ၏လှံဖြင့် ချူးယွင်ဖန်း၏ ခြေကန်ချက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဘုန်း ဘုန်း ဘုန်း….

လက်ယာဘုရင်သည် လွင့်ထွက်သွားပြီး သွေးတစ်လုတ်အန်ထွက်လာသည်။ မျက်နှာကလည်း ဖြူလျော့သွားပြီး ချူးယွင်ဖန်း၏တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာဒဏ်ရာရသွားခဲ့လေပြီ။ ထိုအချိန်တွင် ချူးယွင်ဖန်း၏ ခြေနင်းချက်က အရှိန်မပျက်ကျရောက်လာသည်။

ရုတ်တရက် လေထုထဲတွင် အက်ကြောင်းတစ်ခုပေါ်လာပြီး အလင်းတန်းတစ်ခု ပြေးဝင်လာကာ ဧရာမ အလံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကို ဟန့်တားလိုက်သည်။

“အဲ့ဒါ ဘာကြီးလဲ။”

တိုင်းပြည်နှစ်ပြည်မှကိုယ်စားလှယ်များက အဝေးမှ အော်ဟစ်ကြသည်။ ချူးယွင်ဖန်း နိုင်တော့မည်ဟု ထင်နေစဉ်မှာပင် အလံကြီးတစ်ခုကပေါ်လာပြီး တိုက်ကွက်ကိုပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။

“အဲ့ဒီအလံက ရင်းနှီးနေသလိုပဲ။ ဘယ်မှာ မြင်ဖူးပါလိမ့်။”

တချီခေါင်းဆောင်က မျက်မှောင်ကြုတ်ကာ ဆိုသည်။

“ဒါ ကျင်ကျန်းဟန်ရဲ့ ဒဏ္ဍာရီလာတိုင်းပြည်ရတနာ ပြဝံပုလွေအလံမဟုတ်လား။”

ကုန်းစွန်းဝူလုံက မဝံ့မရဲ မေးလိုက်သည်။

“ဟုတ်တယ်။ အဲ့ဒါ ပြာလုဝံပုလွေအလံပဲ။”

ထိုအလံသည် ကျင်ကျန်းဟန်၏ နာမည်ကြီးအလံဖြစ်ပြီး ကျင်ကျန်းဟန်အနေဖြင့် ဤကမ္ဘာမြေကို သိမ်းပိုက်နိုင်ခဲ့ခြင်းမှာ ဤအလံကြောင့်ပင် များစွာအထောက်အကူပြုရခဲ့သည်။ ဒဏ္ဍာရီအရ ထိုအလံသည် တိုင်းပြည်ကိုကာကွယ်ရန် ကောင်းကင်ဘုံက ပေးသနားထားသောနတ်ဘုရားလက်နက်ဖြစ်သည်ဟု ဆိုကြသည်။

“ဒုက္ခပဲ။ ပြာလုဝံပုလွေအလံက အဆင့်မြင့်ဝိညာဉ်လက်နက်လို့ ကောလာဟလ ရှိတယ်။ ဒါကို ဖျက်ဆီးဖို့ မလွယ်ဘူး။”

ကုန်းစွန်းဝူလုံက စိုးရိမ်တကြီးပြောလိုက်သည်။

“ဖျက်ဆီးဖို့ မလွယ်တာတင် မဟုတ်ဘူး၊ တိုက်ခိုက်တဲ့သူကပါ ပြန်အသတ်ခံရနိုင်တယ်။”

တချီခေါင်းဆောင်က ထပ်လောင်းပြောလိုက်ရာ လူတိုင်း စိုးရိမ်စိတ်များ မြင့်တက်လာတော့သည်။

“ဟားဟားဟား… ချူးယွင်ဖန်း... မင်း စောနက ငါ့ကို မသတ်နိုင်ခဲ့ဘူး။ အခုတော့ မင်းသေရမယ့် အချိန်ပဲ။”

လက်ယာဘုရင်က အားရပါးရ ရယ်မော၍ ကြုံးဝါးလိုက်သည်။

သူ၏ရှေ့တွင် ပြာဝံပုလွေအလံက သူ့အား ဝန်းရံထားသည်။ အလံမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပြီး အလံပေါ်ရှိဝံပုလွေပုံမှာလည်း အလွန်ပင် ကြောက်စရာကောင်းနေသည်။

“ဒါက ပြာမီးတောက်စွမ်းအားလား။”

ချူးယွင်ဖန်းက အလံကိုကြည့်ရင်း စဉ်းစားလိုက်မိ၏။

သူသည် ဆေးနတ်ဘုရားဧကရာဇ်၏မှတ်ဉာဏ်များကိုရရှိထားသူဖြစ်ရာ အခြားသူများမသိသောအရာများကို သိထားသည်။ ရှေးဟောင်အမွေအနှစ်များတွင် ပြာမီးတောက်စွမ်းအား သို့မဟုတ် တောင်းဆုစွမ်းအားဟု ခေါ်သောအင်အားတစ်မျိုးရှိသည်။ထိုစွမ်းအားသည် သက်ရှိများစွာ၏ယုံကြည်ကိုးကွယ်မှုနှင့် ဆုတောင်းမှုများကို စုစည်းထားခြင်းဖြစ်သည်။

ရှေ့ရှိ ပြာလုဝံပုလွေအလံသည် ကျင်ကျန်းဟန်လူမျိုးများ၏ မျိုးဆက်ပေါင်းများစွာ ဆုတောင်းကိုးကွယ်လာသည့်စွမ်းအားများကို စုစည်းထားသဖြင့် ဤမျှ ထူထပ်သောရွှေရောင်အလင်းတန်းများ ပေါ်ထွက်နေခြင်း ဖြစ်သည်။

“ချူးယွင်ဖန်း ပြာဝံပုလွေအလံအောက်မှာ သေရမှာမလို့ မင်း စိတ်အေးအေးထားပြီး သေလိုက်တော့။ ဟားဟားဟာ…”

လက်ယာဘုရင်က အလံကိုကိုင်ကာ ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် ကောင်းကင်ကြီးက ရောင်ပြောင်းသွားပြီး ဓားသွားများအလား ထက်မြက်သောလေပြင်းများက ချူးယွင်ဖန်းဆီသို့ တိုက်ခိုက်လာတော့သည်။

ချူးယွင်ဖန်း၏ပတ်ပတ်လည်တွင် လျှပ်စီးပင်လယ်တစ်ခု ဖြစ်ပေါ်လာပြီး အကာအကွယ်စည်းဝိုင်းတစ်ခု ပြုလုပ်ထားသော်လည်း ထိုလေပြင်းများက လျှပ်စီးစွမ်းအားများကို တစ်စစတိုက်စားနေသည်။

“ဘယ်လောက်ထိ ခံနိုင်မလဲ ကြည့်ရသေးတာပေါ့။”

လက်ယာဘုရင်က သူ၏စွမ်းအားများအားလုံးကို အလံထဲသို့ လောင်းထည့်လိုက်သည်။ ထိုခဏ၌ လေပြင်းများမှာ မီတာရာပေါင်းများစွာထိ မြင့်မားသောဧရာမရွှေရောင်ဝံပုလွေကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။

“ဝေါင်း….”

ဧရာမဝံပုလွေကြီး၏ဟိန်းဟောက်သံက တစ်လောကလုံးကို တုန်ခါသွားစေပြီး ထွက်ပေါ်လာသော အသံလှိုင်းများမှာ အရပ်မျက်နှာအားလုံးသို့ ရိုက်ခတ်သွားလေတော့သည်။

All Chapters