အခန်း (၁၄၈၀-၁၄၈၂)
Vol. 99 Ch. 1480-1482
အခန်း (၁၄၈၀) အားနည်းချက်ကိုထိုးဖောက်ခြင်း
ဟိန်းဟောက်နေသောဝံပုလွေကြီးနှင့် ရင်ဆိုင်လိုက်ရသည့်အခါတွင် ချူးယွင်ဖန်း၏မျက်နှာအမူအရာပင် ပြောင်းလဲသွားသည်။ ဤဝံပုလွေ၏အရှိန်အဝါသည် မည်မျှကြောက်စရာကောင်းကြောင်း သူ ခံစားမိသောကြောင့် ဖြစ်သည်။
ဤပြာဝံပုလွေအလံသည် အဆင့်မြင့်အဆင့်မြင့်ဝိညာဉ်လက်နက်ဖြစ်ပြီး အတိအကျဆိုရလျှင် ထိပ်တန်းအဆင့်သို့ပင် ကူးပြောင်းတော့မည့်အနေအထားတွင် ရှိနေသည်။
မျိုးဆက်ပေါင်းများစွာ၏ဆုတောင်းမှုများနှင့်ပြာမီးတောက်စွမ်းအားများကို စုပ်ယူထားသဖြင့် ဤအလံမှာ အံ့ဩဖွယ်ရာအသွင်ပြောင်းလဲမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ရှေးဟောင်အမွေအနှစ်များတွင် ရှေးဟောင်းကျင့်ကြံရေးလမ်းစဉ်ကို လျှောက်လှမ်းသူများသည် မိမိကိုယ်ကိုယ် နတ်ဘုရားများဟုပင် သတ်မှတ်ကြသည်။
ပုံမှန်အားဖြင့် လက်ယာဘုရင်သည် ဤမျှအဆင့်ရှိသောမှော်လက်နက်၏ စစ်မှန်သောစွမ်းအားကို အသုံးမပြုနိုင်သင့်ပေ။ ချူးယွင်ဖန်းကိုယ်တိုင်ပင် တောတောင်ရေမြေပန်းချီကားကို စတင်ရရှိချိန်တွင် ၎င်း၏ စွမ်းအားအပြည့်ကို ထုတ်မသုံးနိုင်ခဲ့ပေ။
သို့သော် ယခုလက်ယာဘုရင်က အလံ၏စွမ်းအားကို အလွယ်တကူ အသုံးချနေနိုင်သည်။ ၎င်းမှာ ပြာမီးတောက်၏အစွမ်းကြောင့်ဖြစ်ကြောင်း ချူးယွင်ဖန်း ချက်ချင်းပင်ရိပ်မိလိုက်သည်။ အချို့သော ရှေးဟောင်းဂိုဏ်းကြီးများတွင် ဂိုဏ်းစောင့်လက်နက်များကို မျိုးဆက်သစ်များက လျှို့ဝှက်နည်းစနစ်ဖြင့် စွမ်းအားအပြည့်ထုတ်သုံးနိုင်ရန် စီမံထားလေ့ရှိသည်။
“မဆိုးပါဘူး... ဒီလိုကိုး။”
ချူးယွင်ဖန်းရေရွတ်လိုက်သည်။
စဉ်းစားနေစဉ်တွ၍်ပင် ဧရာမရွှေရောင်ဝံပုလွေကြီးက သူ့ ထံသို့ ခုန်အုပ်လာသည်။ တောင်တန်းကြီးတစ်ခု ပြိုကျလာသကဲ့သို့ ခံစားရပြီး ဝံပုလွေကြီးမှာ ချူးယွင်ဖန်း၏ရှေ့သို့ ရောက်ရှိလာတော့သည်။
“လက်နက်ဝိညာဉ်ပဲ။ ဒီရွှေရောင်ဝံပုလွေက လက်နက်ဝိညာဉ်ပဲ။ လက်နက်ဝိညာဉ် ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။”
ဝိညာဉ်လက်နက်တစ်ခုတွင် လက်နက်ဝိညာဉ် ရှိနေပါက ၎င်း၏စွမ်းအားမှာ ပုံမှန်ထက် များစွာ သာလွန်သွားသကဲ့သို့ အခြားသူများ လုယူရန်လည်း ခက်ခဲသွားသည်။ ရှေ့ရှိ ဝံပုလွေကြီးသည် ၎င်း အသက်ရှင်စဉ်က အလွန်ကြောက်စရာကောင်းသောသားရဲကြီး ဖြစ်ခဲ့ပုံရပြီး သေဆုံးပြီးနောက် သူ၏ဝိညာဉ်ကို အလံထဲတွင် ချုပ်နှောင်ကာ လက်နက်ဝိညာဉ်အဖြစ် အသုံးချထားခြင်းဖြစ်သည်။
ဘုန်း….
ရွှေရောင်ဝံပုလွေကြီးက လေထဲတွင် ကိုက်လိုက်ရာ ၎င်း၏ပါးစပ်မှာ ဟင်းလင်းပြင်ကိုပင် ဖောက်ထွက်သွားပြီး ပြင်းထန်သောပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။ ချူးယွင်ဖန်းသည် နောက်သို့ မီတာရာပေါင်းများစွာ ဆုတ်ခွာကာ ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ရသည်။
“ဟားဟားဟား… မင်းမှာ ဗဟုသုတတော့ အတော်ရှိသားပဲ။”
လက်ယာဘုရင်က အားရပါးရ ရယ်မောလိုက်သည်။
ချူးယွင်ဖန်း၏ဖိနှိပ်မှုကို ခံနေရရာမှ ယခုမှပင် သူ ပြန်လည်အသာစီးရလာခြင်း ဖြစ်သည်။
“ဒီရွှေရောင်ဝံပုလွေက ငါတို့ရဲ့ ပထမဆုံး ခန်းရဲ့ စစ်မြေပြင်က ရဲဘော်ရဲဘက်ပဲ။ သူသေသွားတဲ့အခါ ခန်းက သူ့ဝိညာဉ်ကို ထုတ်ယူပြီး ဒီအလံထဲမှာ ချိပ်ပိတ်ခဲ့တာ။ အဲ့ဒါက အလံရဲ့ စွမ်းအားကို အဆပေါင်းများစွာ တိုးတက်စေတယ်။”
အဝေးမှ ကြည့်နေသောတိုင်းပြည်နှစ်ပြည်မှကိုယ်စားလှယ်များသည် မျက်နှာများ ဖြူလျော့ကုန်ကြသည်။ ထိုရွှေရောင်ဝံပုလွေသည် သာမန် ရွှေအမတေပုံစံအဆင့်ထက်ပင် ပို၍ ကြောက်စရာကောင်းနေသည်။
“မင်း ဒီနေ့ လွတ်မှာ မဟုတ်တော့ဘူး။ အမြန်လက်နက်ချလိုက်စမ်း။”
လက်ယာဘုရင်က အော်ဟစ်၍ အလံကို ဝှေ့ယမ်းလိုက်သည်။ လေပြင်းများက ချူးယွင်ဖန်းဆီသို့ တိုးဝှေ့လာပြီးနောက် ထိုလေပြင်းများကြားမှ ရွှေရောင်ဝံပုလွေကြီးက ရွှေရောင်အလင်းတန်းအလား ချူးယွင်ဖန်းဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာပြန်သည်။
“အံ့ဖွယ်လက်သီးရှစ်ချက်!”
ချူးယွင်ဖန်းက အော်ဟစ်ကာ လက်သီးတစ်ချက် ထိုးထုတ်လိုက်သည်။ သူ၏ဘေးပတ်လည်တွင် နတ်ဘုရားရုပ်ပုံလွှာရှစ်ခုပေါ်လာပြီး ဝံပုလွေကြီးကို ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။
ဘုန်း….
ပြင်းထန်လှသောပေါက်ကွဲသံနှင့်အတူ နတ်ဘုရားရုပ်ပုံလွှာရှစ်ခုလုံးမှာ ဝံပုလွေကြီး၏ ဒဏ်ကို မခံနိုင်ဘဲ ပျက်စီးသွားကြသည်။
ဒုန်း… ဒုန်း… ဒုန်း….
ချူးယွင်ဖန်းသည် ထိုပြင်းထန်သောတုန့်ပြန်အားကို အသုံးချကာ နောက်သို့ဆုတ်ခွာလိုက်ရသည်။ လက်ယာဘုရင်နှင့်တိုက်ခိုက်ရာတွင် သူ ပထမဆုံးအကြိမ် နောက်သို့ဆုတ်ခွာရခြင်း ဖြစ်သည်။ ဤဝံပုလွေကြီးမှာ အဆင့်မြင့်နည်းစနစ်များ မသုံးသော်လည်း အကြွင်းမဲ့ခွန်အားဖြင့်သာ ချူးယွင်ဖန်းကို ဖိနှိပ်ထားခြင်း ဖြစ်သည်။
ချူးယွင်ဖန်း၏ သွေးသားများက ဗလောင်ဆူလာသည်။ ခွန်အားချင်းယှဉ်ပြိုင်ရာတွင် သူ အသာစီးမရခြင်းမှာ ပထမဆုံးအကြိမ်ပင်။
'ထိပ်တိုက်ရင်ဆိုင်လို့ မဖြစ်ဘူး။”
ချူးယွင်ဖန်းသည် ချက်ချင်းဆုံးဖြတ်လိုက်သည်။ သူ၏နောက်ကျောတွင် လျှပ်စီးတောင်ပံတစ်စုံပေါ်လာပြီး သူသည် နေရာမှ ရုတ်တရက်ပျောက်ကွယ်သွားရာ ဝံပုလွေကြီး၏အုပ်မိုးမှုမှာ ဘာမှမရှိသော ဟင်းလင်းပြင်ပေါ်သို့သာ ကျရောက်သွားသည်။
“သူ ဘယ်ပျောက်သွားတာလဲ။”
လက်ယာဘုရင်တစ်ယောက် ထိတ်လန့်သွားသည်။
ချူးယွင်ဖန်း၏ ဤမျှမြန်ဆန်သောအရှိန်ကို မမြင်ဖူးခဲ့ပေ။ သို့သော် မိမိသတိမထားမိခင်မှာပင် ချူးယွင်ဖန်းသည် သူ၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာခဲ့ပြီ။
လက်ယာဘုရင်သည် အလိုအလျောက်ပင် ပြာဝံပုလွေအလံကို မြှောက်၍ ကာကွယ်ရန်ကြိုးစားသော်လည်း နောက်ကျသွားခဲ့လေပြီး ချူးယွင်ဖန်းက လျှပ်စီးဓားဖြင့် အောက်သို့ အားကုန်ခုတ်ချလိုက်လေသည်။
ဘုန်း….
လက်ယာဘုရင်တစ်ယောက် လွင့်ထွက်သွားပြီး ပါးစပ်ထဲမှ သွေးများအန်ထွက်လာတော့သည်။
အခန်း (၁၄၈၁) လက်ယာဘုရင်၏နိဂုံး
လက်ယာဘုရင်သည် ချူးယွင်ဖန်းကို မတားဆီးနိုင်ဘဲ အပြင်းအထန်ဒဏ်ရာရသွားခဲ့သည်။
ချူးယွင်ဖန်းသည် အလွန်ပင် မြန်ဆန်လွန်းလှသည်။ လက်ယာဘုရင်အနေဖြင့် ပြာဝံပုလွေအလံကို အသုံးချ၍ မိမိကိုယ်ကိုကာကွယ်ရန်ပင် အချိန်မရလိုက်ဘဲ ချူးယွင်ဖန်း၏တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။
ပြာဝံပုလွေအလံသည် မည်မျှပင် အစွမ်းထက်ပါစေ၊ ၎င်းတွင် ကြီးမားသောအားနည်းချက်တစ်ခု ရှိနေသည်။ ထိုအားနည်းချက်မှာ လက်ယာဘုရင်ကိုယ်တိုင်ပင် ဖြစ်သည်။ လက်နက်က မည်မျှပင်သန်မာပါစေ၊ ၎င်းကို ကိုင်တွယ်သူမှာ ချူးယွင်ဖန်း၏အရှိန်အဝါကို မမှီပါက အရာအားလုံးမှာ အချည်းနှီးသာဖြစ်၏။
ယခင်တိုက်ပွဲများတွင် ချူးယွင်ဖန်းသည် သူ၏ အနှိုင်းမဲ့ခွန်အားကိုသာပြသခဲ့ပြီး အရှိန်နှုန်းကိုမူ အစွမ်းကုန် မထုတ်ဖော်ခဲ့ပေ။ ထို့ကြောင့် လက်ယာဘုရင်က ချူးယွင်ဖန်း၏စွမ်းအားကို အကဲခတ်မိပြီဟု ထင်မှတ်ခဲ့သော်လည်း၊ ချူးယွင်ဖန်းက ရုတ်တရက် အရှိန်မြှင့်လိုက်သည့်အခါတွင်မူ အထိနာသွားရတော့သည်။
“မင်း... ဘယ်လိုတောင် ရဲတင်းရတာလဲ။”
လက်ယာဘုရင်က အော်ပြောလိုက်သည်။
သို့သော် ချူးယွင်ဖန်းက ထိုအခွင့်အရေးကိုလွှတ်ပေးမည်မဟုတ်ပေ။ သူ၏တစ်ကိုယ်လုံးသည် လျှပ်စီးတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ရွှေရောင်အလင်းတန်းတစ်ခုအလား လက်ယာဘုရင်ဆီသို့ တိုးဝင်သွားပြန်သည်။
ဝုန်း….
လက်ယာဘုရင်သည် ဒုတိယအကြိမ် ထပ်မံအထိနာသွားပြီး လွင့်ထွက်သွားပြန်သည်။ သူ၏နောက်ကွယ်မှ အလံ၏လက်နက်ဝိညာဉ်ဖြစ်သော ဧရာမရွှေရောင်ဝံပုလွေကြီးမှာ အတင်းအဓမ္မ လိုက်ပါလာသော်လည်း ချူးယွင်ဖန်း၏အရှိန်ကို မမီနိုင်ပေ။
ထိူအဖြစ်အပျက်သည် ချူးယွင်ဖန်း သူ၏အရှိန်အဝါကို ပထမဆုံးအကြိမ် စစ်မှန်စွာ ထုတ်ဖော်ပြသခြင်းပင် ဖြစ်သည်။ သူ၏လျှပ်စီးခန္ဓာကိုယ်မှ ထွက်ပေါ်လာသောလျှပ်စီးတောင်ပံများက သူ၏အရှိန်ကို သာမန်လူများ မခန့်မှန်းနိုင်သောအဆင့်သို့ မြှင့်တင်ပေးထားသည်။
“မြန်လိုက်တာ။ ငါ့မျက်စိနဲ့တောင် လိုက်မကြည့်နိုင်တော့ဘူး။” တဝေကိုယ်စားလှယ်များကြားရှိ ပိုင်ရှန်းဇူက ပါးစပ်အဟောင်းသားဖြင့် ရေရွတ်နေမိသည်။
ကောင်းကင်ယံ၌ ချူးယွင်ဖန်း၏ပုံရိပ်မှာ ပျောက်ကွယ်လိုက်၊ ပေါ်လာလိုက်နှင့် လက်ယာဘုရင်ကို လက်သီးဖြင့် အဆက်မပြတ် ထိုးနှက်နေသည်။ လက်ယာဘုရင်မှာ ပြန်လည်တိုက်ခိုက်ရန် ကြိုးစားတိုင်း လွင့်ထွက်သွားရသဖြင့် ကြည့်ရသည်မှာ လေ့ကျင့်ရေးပစ်မှတ်တစ်ခုအလား ဖြစ်နေတော့သည်။
ဘုန်း….ဘုန်း….ဘုန်း….
ချူးယွင်ဖန်း၏တိုက်ကွက်တိုင်းမှာ ကောင်းကင်နှင့်မြေကြီးကို ပြိုကျပျက်စီးစေနိုင်လောက်အောင် ပြင်းထန်လှသည်။
“သိုင်းလောကမှာ မြန်နှုန်းဆိုတာ ဖျက်ဆီးလို့မရတဲ့တစ်ခုတည်းသော အရာပဲ။”
တစ်စုံတစ်ယောက်က အော်ပြောလိုက်၏။
ချူးယွင်ဖန်း၏ယခင်စွမ်းရည်မှာ အနှိုင်းမဲ့ခွန်အားဖြစ်ခဲ့လျှင် ယခုစွမ်းဆောင်ရည်မှာ မဖျက်ဆီးနိုင်သောအမြန်နှုန်းဖြစ်သည်။ လက်ယာဘုရင်ကဲ့သို့သော ရွှေအမတေပုံစံအဆင့်ကျွမ်းကျင်သူပင်လျှင် ချူးယွင်ဖန်း၏လက်ထဲတွင် ကလေးငယ်တစ်ယောက်အလား အနိုင်ကျင့်ခံနေရသည်။
“ဆရာချူးမှာ ငါတို့ မမြင်ဖူးသေးတဲ့ဝှက်ဖဲတွေ ဘယ်လောက်တောင် ကျန်နေသေးတာလဲ။”
လူတိုင်းမှာအံ့သြတုန်လှုပ်နေကြသည်။ အကြွင်းမဲ့စွမ်းအားရှေ့တွင် မည်သည့် မှော်လက်နက် သို့မဟုတ် လျှို့ဝှက်နည်းစနစ်မှ အသုံးမဝင်ကြောင်း သူတို့ မြင်တွေ့နေရပြီ ဖြစ်သည်။
“အဆုံးသတ်ရမယ့် အချိန်ရောက်ပြီ။ ငရဲကန်ချက်ကိုးသွယ်။”
ချူးယွင်ဖန်းက အော်ပြောလိုက်သည်။
ရုတ်တရက် ကောင်းကင်ယံမှ ငရဲရေများ အလုံးအရင်းနှင့် ထွက်ပေါ်လာပြီး ဧရာမခြေရာကြီးတစ်ခု ဟင်းလင်းပြင်ထဲမှ ဆင်းသက်လာသည်။ ထိုခြေရာကြီးအောက်တွင် လက်ယာဘုရင်ပေါ်လာသည်။ ၎င်းမှာ လက်ယာဘုရင်ကပြေးထွက်လာချိန်နှင့် ချူးယွင်ဖန်းကန်ချလိုက်ချိန် ကွက်တိ ကျရောက်သွားခြင်း ဖြစ်သည်။
ဘုန်း….
လက်ယာဘုရင်သည် စူးရှစွာ အော်ဟစ်ရင်း မြေပြင်ပေါ်သို့ ဆောင့်ကျသွားတော့သည်။ မြေကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ဖုန်မှုန့်များမှာ တောင်ပမာ လွင့်တက်လာသည်။
ဖုန်မှုန့်များကြားမှ မြင်တွေ့လိုက်ရသောလက်ယာဘုရင်မှာ ယခင်ကကဲ့သို့ ဝင့်ကြွားခြင်းမရှိတော့ပေ။ သူ၏ တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်နေပြီး အရေပြားများမှာလည်း အက်ကွဲနေသည်။ အကယ်၍ ပြာဝံပုလွေအလံ ၏ကာကွယ်မှုသာမရှိပါက သူသည် အစောကြီးကတည်းက အသတ်ခံလိုက်ရပြီးဖြစ်ပေလိမ့်မည်။
ချူးယွင်ဖန်းက အခွင့်အရေး မပေးဘဲ သူ၏ ခြေထောက်ကို ထပ်မံမြှောက်လိုက်ပြန်သည်။
“ဒုတိယ ငရဲကန်ချက်…”
ဤခြေနင်းချက်က လက်ယာဘုရင်ကို မြေကြီးထဲသို့ ဆယ်မီတာကျော်မျှနစ်ဝင်သွားစေခဲ့သည်။ သူ၏ ခန္ဓာကိုယ်ကို ဗဟိုပြု၍ ပင့်ကူအိမ်အလား အက်ကြောင်းများက ဘေးပတ်လည်သို့ ပြန့်သွားတော့သည်။
“တတိယ ငရဲကန်ချက်….”
ချူးယွင်ဖန်းသည် မရပ်တန့်ဘဲ ထပ်မံဆောင့်နင်းလိုက်သည်။ လက်ယာဘုရင်မှာ ပြန်လည်ခုခံနိုင်စွမ်း လုံးဝ မရှိတော့ဘဲ ချူးယွင်ဖန်း၏ခြေဖဝါးအောက်တွင် တောင်ကုန်းတစ်ခုလုံးနှင့်အတူ ပျက်စီးသွားခဲ့ရသည်။ လက်ယာဘုရင်သည် နေရာတင်ပင် ခန္ဓာကိုယ်အပိုင်းပိုင်းပြတ်ကာ သေဆုံးသွားခဲ့ရလေ၏။
အခန်း (၁၄၈၂) စွမ်းအာတိုးဖို့အခွင့်အရေး
“လက်ယာဘုရင်သေသွားပြီလား?”
တစ်စုံတစ်ယောက်က အသက်ကို ပြင်းပြင်းရှူရင်း ရေရွတ်လိုက်သည်။
“သေသွားပြီ ထင်တာပဲ။ ဒီတစ်ခါတော့ သူ ပြန်ရှင်လာနိုင်မှာ မဟုတ်တော့ဘူး။”
“ဟုတ်တယ်။ ဒီလောက်အထိ အစွမ်းပြနိုင်ခဲ့တာတင် သူ့အကန့်အသတ်ကို ရောက်နေပြီလေ။”
လူတိုင်းက အုတ်အော်သောင်းတင်း ဆွေးနွေးနေကြသည်။ ထိုခဏ၌ဝယ်….
ဝုန်း…
ချူးယွင်ဖန်းရှိနေသည့်နေရာ၌ သွေးနီရောင်ပါးစပ်ကြီးတစ်ခု ပေါ်လာပြီး သူ့ကို အပိုင်းပိုင်းကိုက်ခဲရန် ကြိုးစားလိုက်ရာ လေထုမှာပေါက်ကွဲသွားတော့သည်။ သို့သော် ချူးယွင်ဖန်းမှာ ထိုနေရာတွင် မရှိတော့ဘဲ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။
ချူးယွင်ဖန်းသည် ပေါ့ဆခြင်းမရှိပေ။ ပိုင်ရှင်ဖြစ်သူအသတ်ခံလိုက်ရသဖြင့် သာမန်ဝိညာဉ်လက်နက်ဆိုလျှင် စွမ်းအားမဲ့သွားမည်ဖြစ်သော်လည်း ပြာဝံပုလွေအလံမှာမူ လုံးဝ ကွဲပြားနေသည်။ ၎င်းတွင် ကိုယ်ပိုင်အသိဉာဏ်ရှိသော လက်နက်ဝိညာဉ်ဖြစ်နေသောကြောင့်ပင်။
၎င်းသည် သက်မဲ့အရာတစ်ခုမဟုတ်သည့်အပြင် မျိုးဆက်ပေါင်းများစွာ စုပ်ယူထားသော ပြာမီးတောက်စွမ်းအားများကြောင့် ပိုင်ရှင်မရှိဘဲနှင့်ပင် ချူးယွင်ဖန်းကို တိုက်ခိုက်နိုင်စွမ်းရှိနေခြင်းဖြစ်သည်။
သို့သော် ချူးယွင်ဖန်းက ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ သူသည် လျှပ်တစ်ပြက်အတွင်း အလံကို လှမ်းဖမ်းလိုက်သည်။ အလံမှာ ချူးယွင်ဖန်း၏လက်ထဲသို့ ရောက်သွားသော်လည်း ရွှေရောင်အလင်းများ ထုတ်လွှတ်ကာ အပြင်းအထန် ရုန်းကန်နေတော့သည်။
ချူးယွင်ဖန်းသည် သူ၏နတ်ဘုရားစွမ်းအားအားလုံးကို အသုံးပြု၍ အလံပေါ်ရှိ ချိပ်ပိတ်စည်းတံဆိပ်ခတ်လိုက်သည်။ ချက်ချင်းပင် ကောင်းကင်ယံရှိ ဧရာမရွှေရောင်ဝံပုလွေကြီးမှာ ပျောက်ကွယ်သွားသော်လည်း အလံမှာမူ ချူးယွင်ဖန်း၏လက်ထဲမှလွတ်မြောက်ရန် ဆက်လက် ရုန်းကန်နေဆဲပင်။
“ဘယ်သူပဲဖြစ်ဖြစ် ငါတို့တိုင်းပြည်ရဲ့ရတနာကို ခိုးယူရဲတဲ့ကောင်ဟာ သေရမယ်!”
ရုတ်တရက် ဟင်းလင်းပြင်ထဲမှ ဒေါသတကြီးဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။ ခမ်းနားသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် ခန့်ညားထည်ဝါသောအဘိုးအိုတစ်ဦး၏ပုံရိပ်မှာ အလံမှတစ်ဆင့် ထွက်ပေါ်လာသည်။
“ကျင်ကျန်းဟန်ရဲ့ ခန်းပဲ…”
တိုင်းပြည်နှစ်ခုကြားမှကိုယ်စားလှယ်များသည် ထိုအဘိုးအိုကို မြင်သည်နှင့် အလန့်တကြား အော်ဟစ်လိုက်ကြသည်။ လူတိုင်း အသက်ရှူမှားသွားကြသည်။ ကျင်ကျန်းဟန်၏ခန်းမှာ လောကကြီးတွင် အင်အားအကြီးဆုံးကျွမ်းကျင်သူများထဲမှတစ်ဦးဖြစ်သည်။
ကျင်ကျန်းဟန်သည် သန်မာသူက အားနည်းသူကို အုပ်စိုးသောတိုင်းပြည်ဖြစ်ရာ ခန်းသည် ကမ္ဘာပေါ်တွင် အတော်ဆုံး မဟုတ်လျှင်ပင် ထီးနန်းကို ဆက်လက်ထိန်းသိမ်းထားရန် မလွယ်ကူပေ။ ယခု ခန်းမှာ နှစ်ပေါင်းများစွာ တိုက်ခိုက်ရင်း သူ၏ဂုဏ်သတင်းကို တည်ဆောက်ထားသူ ဖြစ်သည်။
“ငါတို့တော့ သွားပြီ... အကုန်လုံး သေကုန်ကြတော့မှာပဲ။”
တစ်စုံတစ်ယောက်က ပါးစပ်အဟောင်းသားနှင့် ပြောလိုက်သည်။
သို့သော် ထိုအချိန်တွင် ချူးယွင်ဖန်းက စွမ်းအင်လက်ကြီးတစ်ခုကို ဖန်တီးကာ ခန်း၏ပုံရိပ်ကို ဆုပ်ကိုင်လိုက်ပြီး အရပ်မျက်နှာအနှံ့သို့ စွမ်းအင်များအဖြစ် ဖျက်ဆီးပစ်လိုက်သည်။
၎င်းမှာ ခန်းကိုယ်တိုင် ရောက်လာခြင်းမဟုတ်ဘဲ အလံထဲတွင် ဝှက်ထားသော ပင်မဝိညာဉ်၏အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။
“စကားပဲ ပြောတတ်တာလား။ ငါ့ကို အရင်ရှာတွေ့အောင် လုပ်ဦးလေ။”
ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။
ဝိညာဉ်ပုံရိပ်က အခြားသူများကို လှည့်စားနိုင်သော်လည်း ချူးယွင်ဖန်းကိုမူ ဖုံးကွယ်၍မရပေ။ အကယ်၍ ခန်းကိုယ်တိုင် ရောက်လာမည်ဆိုလျှင် ချူးယွင်ဖန်း အနည်းငယ် စိုးရိမ်မိမည် ဖြစ်သော်လည်း၊ ဝိညာဉ်အစအနလေးတစ်ခုက သူ့ရှေ့တွင် လာရောက်ဟိန်းဟောက်နေသည်ကိုမူ သူ အလေးမထားပေ။
သို့သော် ချူးယွင်ဖန်း မျက်မှောင်ကြုတ်သွားသည်။ တစ်ခုခုမှားနေသည်ကို သူ သတိထားမိလိုက်သည်။ အလံကို တောတောင်ရေမြေပန်းချီကားထဲသို့ ထည့်၍မရဖြစ်နေသည်။ အလံအတွင်းရှိ ပြာမီးတောက်စွမ်းအားများက ချူးယွင်ဖန်းကို အတင်းအကျပ်ခုခံနေခြင်း ဖြစ်သည်။ အကယ်၍ အလံကို မသန့်စင်နိုင်လျှင် ပန်းချီကားထဲသို့ သိမ်းဆည်းနိုင်မည်မဟုတ်ပေ။
ပြဿနာပဲ….
ခန်း၏ အရှိန်အဝါတစ်ခုက ဤအလံပေါ်တွင် ချိတ်ဆက်ထားသည်ကို သူ ခံစားနေရသည်။ ထိုအရှိန်အဝါမှာ ပိုမိုပြင်းထန်လာပြီး ခန်းမှာ အလွန်လျင်မြန်သောအရှိန်နှင့် ဤနေရာသို့ လာနေပြီ ဖြစ်ကြောင်း သိသာလှသည်။
ချူးယွင်ဖန်းက ကုန်းစွန်းဝူလုံဆီသို့ လှည့်ကာ မဆိုင်းမတွ ပြောလိုက်သည်။
“အခုချက်ချင်း ဒီကနေ ထွက်သွားကြတော့။ ခန်း ဒီကိုလာနေပြီ။ သူ မင်းတို့ကို တွေ့သွားရင် အသက်အန္တရာယ် ရှိလိမ့်မယ်။”
လူတိုင်းမှာ ဒဏ္ဍာရီလာခန်းလာနေပြီဟူသော စကားကြောင့် ကြောက်လန့်တကြား ထွက်ပြေးရန် ပြင်ကြတော့သည်။
“ဆရာချူးရော ဘယ်လိုလုပ်မှာလဲ။”
ကုန်းစွန်းဝူလုံက မေးလိုက်သည်။
“ငါတစ်ယောက်တည်းဆို အဆင်ပြေတယ်။ ငါ့မှာ နည်းလမ်းရှိတယ်။”
ချူးယွင်ဖန်းက တည့်တိုးပင်ဖြေလိုက်၏။
သူတို့ရှိနေခြင်းက ချူးယွင်ဖန်းအတွက် ဝန်ထုပ်ဝန်ပိုးသာဖြစ်စေမည်ကို သိသဖြင့် အားလုံးကနှုတ်ဆက်ကာ အမြန်ဆုံး ထွက်ခွာသွားကြတော့သည်။
လူတိုင်းထွက်သွားပြီးနောက် ချူးယွင်ဖန်းသည် လက်ယာဘုရင်၏အလောင်းကို ယူကာ 'ဗြဟ္မသစ်ပင်ကို ရေလောင်းရန် အသုံးပြုလိုက်သည်။ သစ်ပင်၏အမြစ်များက အလောင်းအတွင်းရှိ အားကောင်းသော စွမ်းအင်များကို စုပ်ယူလိုက်ကြသည်။ ၎င်းမှာ ချူးယွင်ဖန်းတစ်ယောက် ပထမဆုံးအကြိမ်အဖြစ်သတ်ဖြတ်လိုက်သည့် ရွှေအမတေပုံစံအဆင့်ကျွမ်းကျင်သူ၏ အသွေးအသားဖြစ်ရာ သာမန် ရွှေအမတေမဲ့များထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်လှသည်။
ဗြဟ္မာသစ်ပင်ပေါ်မှ ဗြဟ္မာသီးတစ်လုံးမှာ မယုံနိုင်လောက်အောင် လျင်မြန်သောအရှိန်နှင့် မှည့်လာတော့သည်။ ချူးယွင်ဖန်း၏မျက်နှာတွင် အပြုံးတစ်ခု ထွက်ပေါ်လာ၏။ ဤအသီးသည် ယခင်အသီးများထက် အာနိသင် အဆပေါင်းများစွာသန်မာမည် ဖြစ်သည်။
ထိုအသီးမှည့်သွားလျှင် ရွှေအမတေမဲ့အစောပိုင်းအဆင့်တွင်ရှိသောချူးယွင်ဖန်းသည် ရွှေအမတေမဲ့ အလယ်အလတ်အဆင့်သို့ တက်လှမ်းနိုင်ရန် လုံလောက်သောစွမ်းအားကို ပေးစွမ်းနိုင်မည် ဖြစ်သည်။