← Chapters

အခန်း (၁၄၈၃-၁၄၈၅)

Vol. 99 Ch. 1483-1485

အခန်း (၁၄၈၃-၁၄၈၅)

Vol. 99 Ch. 1483-1485

အခန်း (၁၄၈၃) ပြာမီးတောက်ခန္ဓာကိုယ်

မကြာခင်တွင်ပင် ချူးယွင်ဖန်းသည် အရှိန်အဟုန်ဖြင့် နီးကပ်လာနေသော ကျင်ကျန်းဟန် ခန်း၏ အရှိန်အဝါကို ခံစားလိုက်ရသည်။ သူသည် စိတ်ထဲမှ ကျိန်ဆဲလိုက်ရင်း ကောင်းကင်ယံသို့ ခုန်တက်ကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။

သူ ထွက်ခွာသွားပြီးနောက် မကြာမီမှာပင် ကြောက်မက်ဖွယ်ရာအရှိန်အဝါတစ်ခုနှင့်အတူ လူရိပ်တစ်ခု ပေါ်လာသည်။ ၎င်းမှာ အခြားသူမဟုတ်ဘဲ ကျင်ကျန်းဟန်၏ ခန်းပင် ဖြစ်သည်။

“အားးးးးး!”

ခန်းသည် ဟိန်းဟောက်လိုက်သည်။

ဤနေရာသည် လက်ယာဘုရင် သေဆုံးခဲ့သည့်နေရာဖြစ်ကြောင်း သိရှိလိုက်သည်။ တော်ဝင်မိသားစုဝင်များကြား သံယောဇဉ်နည်းပါးလှသည်ဆိုသော်လည်း သေဆုံးသွားသူမှာ သူ၏သားအရင်း ဖြစ်သည်။ ထို့အပြင် ပြာဝံပုလွေအလံမှာလည်း ဤနေရာတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

“မင်း ဘယ်သူပဲဖြစ်ဖြစ် သေရမယ်။”

ခန်းသည် ချူးယွင်ဖန်းနောက်သို့ ချက်ချင်းလိုက်လံဖမ်းဆီးတော့သည်။ ချူးယွင်ဖန်းသည် အလံကို အပြီးအပိုင် မစုပ်ယူနိုင်သေးသဖြင့် ခန်းအနေဖြင့် ချူးယွင်ဖန်း ထွက်ခွာသွားသောလမ်းကြောင်းကို အလွယ်တကူသိရှိနေခြင်း ဖြစ်သည်။

လေထဲတွင် ပျံသန်းနေရင်း ချူးယွင်ဖန်းသည် သူရရှိထားသောပြာဝံပုလွေအလံကို စစ်ဆေးကြည့်သည်။ ဤအလံမှာ သာမာန်ဝိညာဉ်လက်နက်များနှင့် မတူပေ။ သာမာန်လက်နက်များသည် ပိုင်ရှင်၏စွမ်းအားမပါလျှင် အသုံးမဝင်တော့သော်လည်း ဤအလံမှာမူ မျိုးဆက်ပေါင်းများစွာ စုစည်းထားသော ပြာမီးတောက်စွမ်းအားများကြောင့် ချူးယွင်ဖန်း၏စုပ်ယူမှုကို ပြင်းထန်စွာ တုံ့ပြန်နေသည်။

'မဖြစ်ဘူး။ အရင်ဆုံး ဒီပြာမီးတောက်စွမ်းအားတွေကို ဖြတ်တောက်ဖို့ နည်းလမ်းရှာရမယ်။ မဟုတ်ရင် နှစ်ပေါင်းတစ်ရာကြာအောင် လုပ်နေရင်တောင် ဒီအလံကို ငါပိုင်အောင်လုပ်နိုင်မှာမဟုတ်ဘူး။’

ချူးယွင်ဖန်း တွေးလိုက်သည်။

သူသည် နတ်ဘုရားကျင့်စဉ်တိုက်ပွဲထဲမှ ပြာမီးတောက်စွမ်းအားနှင့် ပတ်သက်သည့်အချက်အလက်များကို ပြန်လည် ဖော်ထုတ်လိုက်သည်။ သူ၏ ကျင့်ကြံစဉ်မြင့်မားလာသည်နှင့်အမျှ ယခင်က ချိတ်ပိတ်ထားသော မှတ်ဉာဏ်များကို ပိုမို ရယူနိုင်လာခြင်းဖြစ်သည်။

မကြာမီမှာပင် သူ၏ မျက်စိရှေ့တွင် နတ်ဘုရားကျင့်စဉ်တိုက်ပွဲသိုင်းကျမ်းသည် စာအုပ်တစ်အုပ်အဖြစ် ပေါ်လာသည်။ ၎င်းမှာ စိတ်အာရုံထဲတွင်သာပေါ်လာခြင်းဖြစ်ပြီး ချူးယွင်ဖန်းတစ်ဦးတည်းသာ မြင်နိုင်သည်။

သူသည် ပြာမီးတောက်နှင့် ပတ်သက်သောမှတ်တမ်းကို ရှာတွေ့သွားသည်။ ၎င်းမှာ သဘာဝအတိုင်း ဖြစ်ပေါ်လာသော ဝိညာဉ်စွမ်းအားမဟုတ်ဘဲ လူသားတို့၏ဆုတောင်းခြင်းင့် ယုံကြည်ကိုးကွယ်ခြင်းတို့မှ ဖြစ်ပေါ်လာသောစွမ်းအားဖြစ်သည်။ ရှေးဟောင်အမွေအနှစ်များတွင် ဤစွမ်းအားကို အသုံးပြုသူများသည် မိမိကိုယ်ကိုယ် နတ်ဘုရားများဟု ခေါ်ဆိုကြသော်လည်း ကိုးကွယ်သူ မရှိတော့လျှင် ချက်ချင်း သေဆုံးနိုင်သော ကြီးမားသည့်အားနည်းချက် ရှိနေသည်။

ချူးယွင်ဖန်းသည် ဤစွမ်းအားကို သူ၏ နတ်ဘုရားဝါးမြိုခြင်းပညာဖြင့် စုပ်ယူရန် စဉ်းစားလိုက်သော်လည်း ခန်းမှာ အနည်းဆုံး ရွှေအမတေပုံစံနှောင်းပိုင်းအဆင့်တွင် ရှိနေသဖြင့် သူ၏စွမ်းအားကို တိုးမြှင့်ရန် နောက်ထပ် နည်းလမ်းတစ်ခု လိုအပ်နေသေးသည်။

ထို့နောက် သူသည်ပြာမီးတောက်ခန္ဓာကိုယ်ဟုခေါ်သောနည်းစနစ်ကို ရှာတွေ့သွားသည်။ ၎င်းကို အသုံးပြု၍ ပြင်ပခန္ဓာကိုယ်ကိုယ်ပွားတစ်ခု ဖန်တီးနိုင်ကြောင်းသိလိုက်ရသည်။ ဤကိုယ်ပွားမှာ ဝိညာဉ်ကိုယ်ပွားကဲ့သို့ မဟုတ်ဘဲ ပင်မခန္ဓာကိုယ်ထက်ပင် ပိုမိုသန်မာနိုင်စွမ်းရှိသည်။

ပုံမှန်အားဖြင့် ဤကိုယ်ပွားကို ဖန်တီးရန် အလွန်ရှားပါးသောရတနာများ လိုအပ်သော်လည်း၊ ပြာမီးတောက် လမ်းစဉ်တွင်မူ ပြာမီးတောက်စွမ်းအား လုံလောက်စွာရှိလျှင် ဖန်တီးနိုင်သည်။ ယခု ချူးယွင်ဖန်း၏လက်ထဲရှိ ပြာဝံပုလွေအလံ၌ ထိုစွမ်းအားများ ပေါများကြွယ်ဝစွာရှိနေသည် မဟုတ်ပါလား…..။

အခန်း (၁၄၈၄) ပြာမီးတောက်ခန္ဓာကိုယ်ကိုဖော်ဆောင်ခြင်း

ပြာဝံပုလွေအလံ မှ ပြာမီးတောက်စွမ်းအားများကို ထုတ်ယူခြင်းသည် အလံကို ဖိနှိပ်ရုံသာမက ချူးယွင်ဖန်းးအတွက် စုပ်ယူရန်လည်း ပိုမိုလွယ်ကူစေသည်။ ပြာမီးတောက်ခန္ဓာကိုယ်ကို ဖန်တီးနိုင်သည့်အပြင် ဤစွမ်းအားများကို အလွန်အစွမ်းထက်သောနတ်ဘုရားအတတ်ပညာများအဖြစ်လည်း ပြောင်းလဲနိုင်သည်။

၎င်းမှာ နတ်ဘုရားလမ်းစဉ် ၏ အလွန်ထူးခြားသောနည်းလမ်းတစ်ခုပင် ဖြစ်သည်။ သာမန်ကျင့်ကြံသူများက ဆေးလုံးနှင့် မှော်လက်နက်များကိုသာ သန့်စင်နိုင်သော်လည်း နတ်ဘုရားလမ်းစဉ်ကမူ နတ်ဘုရားအတတ်ပညာများကိုပါ လက်နက်တစ်ခုကဲ့သို့ သန့်စင်သိမ်းဆည်းထားနိုင်သည်။

၎င်းသည် အကောင်းဆုံးသော နတ်ဘုရားစွမ်းအားများကို မှော်လက်နက်တစ်ခုကဲ့သို့ အခြေအနေသို့ ရောက်အောင် သန့်စင်နိုင်သည်။ လိုအပ်သည့်အခါတွင် ၎င်းတို့ကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်နိုင်သည်။ အချို့သောဂိုဏ်းများသည် ဤနတ်ဘုရားစွမ်းအားများကို ကျမ်းလိပ်များ သို့မဟုတ် အချို့သော မှော်ကိရိယာများတွင် ချိပ်ပိတ်ထားလေ့ရှိသည်။ ၎င်းတို့အားလုံးမှာ ဆင်တူသောနည်းလမ်းများ ဖြစ်သော်လည်း နတ်ဘုရားစွမ်းအားများကို ကိုယ်တိုင်သန့်စင်ခြင်းမှာမူ ထူးခြားလှသည်။

နတ်ဘုရားကျင့်စဉ်တိုက်ပွဲသိုင်းကျမ်းထဲတွင် မှတ်တမ်းတင်ထားသောနတ်ဘုရားစွမ်းအားများစွာ ရှိသည်။ ပြာမီးတောက်ဖြင့် သန့်စင်ခြင်းတွင် ကြီးမားသောအားသာချက်တစ်ခု ရှိသည်။ ပြာမီးတောက် များလေလေ၊ နတ်ဘုရားစွမ်းအား၏အစွမ်းမှာ ပိုမို ကြောက်မက်ဖွယ်ကောင်းလေလေ ဖြစ်သည်။ ထို့အပြင် သန့်စင်သူ၏ ကိုယ်ပိုင်အရည်အချင်း လိုအပ်ချက်ကလည်း အလွန်မမြင့်မားလှပေ။

မကြာခင်တွင်ပင် ချူးယွင်ဖန်းသည် နတ်ဘုရားမိုးကြိုးလက်နက်ဟုခေါ်သော ဂါထာတစ်ခုကို ရွေးချယ်လိုက်သည်။ သူသည် ပြာမီးတောက်စွမ်းအားများကို အသုံးပြု၍ ပြိုင်ဘက်ကို သတ်ဖြတ်နိုင်သော နတ်ဘုရားမိုးကြိုးများအဖြစ် ပြောင်းလဲမည်ဖြစ်သည်။ ပြာမီးတောက်ပမာဏပေါ်မူတည်၍ စွမ်းအားမှာ များစွာ ကွာခြားသွားမည်ဖြစ်ရာ ကျင်ကျန်းဟန် ခန်မင်းကြီးသည် ရွှေအမတေပုံစံနှောင်းပိုင်းအဆင့်မှာ ရှိနေပါစေ၊ ဤမိုးကြိုးများ၏ဒဏ်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရနိုင်သလို သေဆုံးသည်အထိပင် ဖြစ်သွားနိုင်သည်။

ချူးယွင်ဖန်းသည် နျူးကလီးယားဗုံးကို အသုံးပြုရန် စဉ်းစားခဲ့သော်လည်း ရွှေအမတေပုံစံအဆင့် ကျွမ်းကျင်သူတစ်ဦး၏ အန္တရာယ်ကို ကြိုတင်သိမြင်နိုင်စွမ်းမှာ အံ့မခန်းလှသဖြင့် ထိရောက်မည်မဟုတ်ကြောင်း သူသိသည်။ ချူးယွင်ဖန်းအနေဖြင့် နူကလီးယားဒုံးကျည်ပစ်လွှတ်စင်ကို ထုတ်ယူချိန်မှ ပစ်လွှတ်ချိန်အထိ ကြာမြင့်သောအချိန်မှာ ရွှေအမတေပုံစံတစ်ဦးအတွက် အလွန်ရှည်လျားလှသည်။ ထိပ်တန်းကျွမ်းကျင်သူများသည် နျူးကလီးယားပေါက်ကွဲမှုအရှိန်ကို အလွယ်တကူ ရှောင်ရှားနိုင်စွမ်း ရှိကြသည်။

ယခင် ကမ္ဘာ့အဖွဲ့အစည်းဘက်တွင် ရှိစဉ်ကပင် နတ်ဘုရားဟု ခေါ်ဆိုကြသူများကို နျူကလီးယားဗုံးနှင့် မနှိမ်နင်းနိုင်ခဲ့ရာ ခန်မင်းကြီးကဲ့သို့သောသူမျိုးမှာ ဆိုဖွယ်ရာမရှိပေ။ နျူကလီးယားဗုံး၏ စွမ်းအားမှာ အရာအားလုံးကို ဝါးမြိုပစ်နိုင်သည်မှာမှန်သော်လည်း လုပ်ငန်းစဉ်တစ်ခုလုံးက ကြာမြင့်လွန်းလှသည်။ ထိပ်တန်းကျွမ်းကျင်သူများသည် ဘေးကင်းရာသို့ လျှပ်တစ်ပြက်အတွင်း ထွက်ပြေးနိုင်ကြသည်။

ထိုသို့ တွေးမိသည်နှင့် ချူးယွင်ဖန်းသည် နတ်ဘုရားတိုက်ပွဲသိုင်းကျမ်း ထဲမှ ပြာမီးတောက်နတ်ဘုရားလမ်းစဉ်ကို ရှာဖွေလိုက်သည်။ သူ၏ လက်ရှိနားလည်သဘောပေါက်နိုင်စွမ်းမှာ အံ့ဩဖွယ်ကောင်းလှသည်။ နတ်ဘုရားဦးခေါင်းမှ ထွက်ပေါ်လာသောဖျော့တော့သောအလင်းရောင်ကြောင့် ချူးယွင်ဖန်းသည် ချက်ချင်းပင် ဉာဏ်အလင်းပွင့်ခြင်းအခြေအနေသို့ ရောက်ရှိသွားတော့သည်။

ခဏချင်းအတွင်းပင် သူသည် ပြာမီးတောက်နတ်ဘုရားလမ်းစဉ်ကို နားလည်သဘောပေါက်သွားပြီး ပြာဝံပုလွေအလံထဲမှ ပြာမီးတောက်စွမ်းအားများကို စတင်ထုတ်ယူတော့သည်။ ချူးယွင်ဖန်း၏ ထုတ်ယူမှုအောက်တွင် အလံအတွင်းရှိဆုတောင်းဆုစွမ်းအားများသည် အရှိန်မပြတ် စီးဆင်းနေသော မြစ်တစ်စင်းအလား တရစပ်စုပ်ယူခြင်း ခံလိုက်ရသည်။

ဤအလံသည် နှစ်ပေါင်းများစွာအတွင်း ကျင်ကျန်းဟန်ထံမှ မရေတွက်နိုင်သောဆုတောင်းခြင်းနှင့် ယုံကြည်ကိုးကွယ်မှုများကို စုပ်ယူထားခဲ့ခြင်း ဖြစ်သည်။ စစ်ပွဲကာလများအတွင်း ၎င်း၏ စွမ်းအားအနည်းငယ်ကိုသာ အသုံးပြုခဲ့ရပြီး ကျန်ရှိသောစွမ်းအားအားလုံးမှာ အလံအတွင်း၌သာ သိုလှောင်ထားခြင်း ဖြစ်သည်။

ယခုအခါ အလံအတွင်းရှိပြာမီးတောက်စွမ်းအားများမှာ ဆွဲထုတ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။ လက်နက်ဝိညာဉ်ဖြစ်သော ရွှေရောင်ဝံပုလွေမှာ စွမ်းအားများ လျော့နည်းသွားသည်ကို ချက်ချင်းခံစားလိုက်ရပြီး အသည်းအသန် ရုန်းကန်တော့သည်။ သို့သော် ၎င်းက ချူးယွင်ဖန်းကို မည်သို့ ရုန်းကန်နိုင်ပါမည်နည်း။

ချူးယွင်ဖန်း၏ချိပ်ပိတ်စည်းတံဆိပ်က ဝံပုလွေကို အလံအတွင်း၌ပင် ပိတ်လှောင်ထားသည်။ ယခင်က ပြာမီးတောက်စွမ်းအားများ ရှိနေသဖြင့် ချူးယွင်ဖန်း၏ စုပ်ယူမှုကို ခုခံနိုင်ခဲ့သော်လည်း၊ ယခုအခါ ထိုစွမ်းအားများမှာ စုပ်ယူခံလိုက်ရပြီဖြစ်ရာ ၎င်း၏ အင်အားမှာ တဖြည်းဖြည်း အားနည်းလာတော့သည်။ ၎င်းအနေဖြင့် မည်သို့ ဆက်လက် ခုခံနိုင်တော့မည်မဟုတ်ပေ။

မရေတွက်နိုင်သော ပြာမီးတောက်နှင့်တောင်းဆုစွမ်းအားများက ချူးယွင်ဖန်းကို ဝန်းရံထားသည်။ မကြာမီမှာပင် ချူးယွင်ဖန်း၏ရှေ့တွင် လူရိပ်တစ်ခု ဖြည်းဖြည်းချင်း ပေါ်လာတော့သည်။ ထိုပုံရိပ်မှာ ပိုမိုထင်ရှားလာပြီး ချူးယွင်ဖန်းနှင့်ရာခိုင်နှုန်းခန့် တူညီနေသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုပုံရိပ်မှာ ချူးယွင်ဖန်းနှင့် ပို၍ပင် တူညီလာတော့သည်။

တစ်ဖက်တွင်လည်း ချူးယွင်ဖန်းသည် ပြာမီးတောက်နတ်ဘုရားလမ်းစဉ်ကို လေ့လာရင်း ပြာမီးတောက်ခန္ဓာကိုယ်ကို စုစည်းနေသည်။ သူသည် ကျင့်ကြံရင်းနှင့်ပင် အံ့ဩနေမိသည်။ ဤလမ်းစဉ်မှာ သူ၏ ပင်မကျင့်စဉ်နှင့် ကွဲပြားနေသော်လည်း "အခြားတောင်မှကျောက်ခဲများဖြင့် ကျောက်စိမ်းကို သွေးနိုင်သည်" ဟူသော ဆိုရိုးစကားအတိုင်းပင်။ ၎င်းမှာ လုံးဝကွဲပြားသော သိုင်းပညာစနစ်တစ်ခု ဖြစ်သော်လည်း ပြာမီးတောက်နတ်ဘုရားလမ်းစဉ်တွင် မှတ်တမ်းတင်ထားသော ဆန်းကြယ်သည့်နည်းလမ်းများမှာ အမှန်တကယ်ပင် ထူးခြားလှသည်။

ထို့ကြောင့်ပင် ချူးယွင်ဖန်းကို ပို၍အမြင်ကျယ်သွားစေသည်။

အထူးသဖြင့် ပြာမီးတောက်နတ်ဘုရားလမ်းစဉ်သည် နတ်ဘုရားလမ်းစဉ် ကျင့်စဉ်များထဲတွင် အထွတ်အထိပ် ကျင့်စဉ်ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းသည် သာမန် နတ်ဘုရားလမ်းစဉ် ကျင့်စဉ်များနှင့် နှိုင်းယှဉ်၍မရနိုင်ဘဲ ကောင်းကင်နှင့်မြေကြီး၊ မိုးနှင့်မြေကဲ့သို့ ကွာခြားလှသည်။

ချူးယွင်ဖန်းသည် ဆေးနတ်ဘုရားဧကရာဇ်၏မှတ်ဉာဏ်များကို ရရှိထားသော်လည်း ထိုဧကရာဇ်မှာ တစ်သက်လုံး ဆေးဖော်စပ်ခြင်း၌သာ အစွဲအလမ်းကြီးခဲ့သူ ဖြစ်သည်။ သူ၏ အတွေ့အကြုံအများစုမှာ ဆေးပညာတွင်သာ ရှိပြီး သိုင်းပညာပိုင်း၌မူ နတ်ဘုရားတိုက်ပွဲသိုင်းကျမ်းပါ နည်းစနစ်များကို မမီပေ။

သို့သော် ချူးယွင်ဖန်းမသိသောအချက်မှာ ရှေးဟောင်အမွေအနှစ်ထဲမှ နတ်ဘုရားလမ်းစဉ်ကျင့်ကြံသူများသာ သူ၏ ပြာမီးတောက်ခန္ဓာကိုယ်ကို အချိန်တိုအတွင်း စုစည်းနိုင်မှုကို မြင်ပါက သေလုမတတ် ထိတ်လန့်သွားကြမည်ဖြစ်သည်။

ချူးယွင်ဖန်းသည် ကျောပေါ်ရှိလျှပ်စီးတောင်ပံများကို ခတ်၍ ကောင်းကင်ယံတွင် အလင်းတန်းတစ်ခုအသွင်ဖြင့် ပျံသန်းသွားလေသည်။ တစ်ချိန်တည်းမှာပင် သူသည် ပြာမီးတောက်တောင်းဆုစွမ်းအာကို ထုတ်ယူကာ ပြာမီးတောက်ခန္ဓာကိုယ်ကို စတင်ကျင့်ကြံတည်ဆောက်နေသလို အခြားတစ်ဖက်တွင်လည်း ပြာဝံပုလေွအလံကို မိမိပိုင်ဖြစ်အောင် စတင်သန့်စင်နေလေသည်။

သာမန်လူများအဖို့ အလုပ်သုံးခုကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ရန် မဖြစ်နိုင်သော်လည်း၊ ချူးယွင်ဖန်းမှာမူ နတ်ဘုရားခေါင်း၏ ပံ့ပိုးမှုကြောင့် ဤအရာများကို အလွန်လွယ်ကူချောမွေ့စွာ လုပ်ဆောင်နိုင်နေခြင်းဖြစ်သည်။

ကောင်းကင်ယံ၏တစ်နေရာတွင်မူ ချူးယွင်ဖန်းနောက်သို့ အသည်းအသန်လိုက်နေသော ခန်းသည် ရုတ်တရက် မျက်နှာပျက်သွားပြီး ရွေရွတ်လိုက်မိသည်။

"မကောင်းတော့ဘူး... တောက်! ဒီကောင် ငါ့ရဲ့ ပြာဝံပုလွေအလံကို သန့်စင်ဖို့ တကယ်ကြီး လုပ်ရဲတယ်ပေါ့လေ။”

ခန်းသည် အလွန်အမင်း ဒေါသထွက်လွန်းသဖြင့် လေဟာနယ်ထဲတွင် ခြေဆောင့်ကာ ပေါက်ကွဲနေလေတော့သည်။

အခန်း (၁၄၈၅) ခန္ဓာကိုယ်ဖော်ဆောင်နိုင်ပြီ၊ ဘယ်သူက ဘယ်သူ့ကိုသတ်မှာလဲ?

ပြာဝံပုလွေအလံကို အသုံးပြုရာတွင် ခန်း၊ လက်ဝဲအရှင်နှင့် လက်ယာဘုရင်တို့၌ လုပ်ပိုင်ခွင့်အဆင့်ဆင့် ကွဲပြားကြသော်လည်း အားလုံးတွင် အသုံးပြုခွင့် ရှိကြသည်။ သို့ရာတွင် အမြင့်ဆုံးစီရင်ပိုင်ခွင့်မှာ ခန်းထံ၌သာရှိလေရာ အလံ၏ စစ်မှန်သောအရှင်သခင်မှာ ခန်းပင် ဖြစ်ပေသည်။

လက်ဝဲနှင့်လက်ယာဘုရင်တို့မှာမူ အတိုင်းအတာတစ်ခုအထိသာ အခွင့်အာဏာ ရှိကြပြီး တစ်နေ့သောအခါ ခန်း ဖြစ်လာမှသာလျှင် ဤအလံကို အပိုင်သိမ်းနိုင်ကြမည် ဖြစ်သည်။

ယခုအခါ ချူးယွင်ဖန်းက အလံကို စတင်သန့်စင်နေခြင်းမှာ ခန်း၏ အခြေအမြစ်ကို တူးထုတ်ပစ်နေခြင်းပင် ဖြစ်တော့သည်။

ခန်းသည် ကျင်ကျန်းဟန်၏ ရာဇပလ္လင်ကို သိမ်းပိုက်ထားနိုင်သည်မှာ သူ၏ အစွမ်းကြောင့်သာမက ပြာဝံပုလွေအလံ၏ ပံ့ပိုးမှုကြောင့်လည်း ပါဝင်သည်။ ဤအလံသည် သူ၏အစွမ်းကို အဆမတန် တိုးပွားစေရုံတင်မကဘဲ သူ၏ အုပ်ချုပ်စိုးစံမှု၏ သင်္ကေတအမှတ်အသားလည်း ဖြစ်ပေသည်။

၎င်းသည် တဝေပြည်ကြီးနှင့်တချီပြည်ကြီးတို့၏ တော်ဝင်တံဆိပ်တော်များကဲ့သို့ပင် အရေးပါလှရာ အကယ်၍ ချူးယွင်ဖန်းကသာ ဤအလံကို အောင်မြင်စွာ သန့်စင်သွားပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်မှာ မှန်းဆ၍ပင် မရနိုင်တော့ပေ။

ဤအချက်ကို တွေးမိသည်နှင့် ခန်းသည် တစ်စက္ကန့်မျှပင် မနှောင့်နှေးဝံ့တော့ဘဲ အလံရှိရာဘက်သို့ အသည်းအသန် ပျံသန်းလေတော့သည်။ သူ၏ ရင်ထဲ၌လည်း ဗလောင်ဆူနေ၏။ သူ၏ ကျင့်စဉ်အဆင့်မှာ အလံကို လုယူသွားသူထက် များစွာသာလွန်သော်လည်း တစ်ဖက်လူ၏အရှိန်မှာ သူနှင့် တန်းတူ ဖြစ်နေသည်။ အစွမ်းကုန် အရှိန်မြှင့်ပျံသန်းသည့်တိုင် အကွာအဝေးကို အနည်းငယ်မျှသာ ကျဉ်းမြောင်းအောင် လုပ်နိုင်လေသည်။

အကယ်၍ သူသာ ထိုသူကို လိုက်မီချင်ပါက အချိန်အတော်ကြာ လိုက်လံဖမ်းဆီးရပေဦးမည်။

အစပိုင်းတွင်မူ ခန်းသည် သိပ်ပြီး မစိုးရိမ်ခဲ့ပေ။ ရှေးယခင်ကပင် အစွမ်းထက်သော ရန်သူပေါင်းများစွာသည် ဤအလံကို သန့်စင်ရန် ကြိုးစားခဲ့ကြသော်လည်း အားလုံး ကျရှုံးခဲ့ကြဖူးသည်။ အကြောင်းမှာ ဤအလံထဲ၌ ကျင်ကျန်းဟန်၏ ပြာမီးတောက်စွမ်းအားများ ကိန်းအောင်းနေပြီး၊ ၎င်းသည် တိုင်းပြည်၏ ကံကြမ္မာနှင့် တစ်သားတည်း ချိတ်ဆက်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းကို သန့်စင်ရန်မှာ ထင်သလောက် မလွယ်ကူလှပေ။

ခန်း ကိုယ်တိုင်ပင်လျှင် ထိုပြာမီးတောက်အင်အားကို မည်သို့ ကျွမ်းကျင်စွာ အသုံးချရမည်ကို မသိဘဲ ဘိုးဘေးတို့ ချန်ထားရစ်သည့်လျှို့ဝှက်နည်းစနစ်ဖြင့်သာ အကြမ်းဖျင်း ထိန်းချုပ်ထားနိုင်ခြင်း ဖြစ်သည်။ သို့သော် ယခုမူ ထိုစည်းတံတိုင်းကို တစ်စုံတစ်ယောက်က ချိုးဖျက်နေလေပြီ။

ထိုသည်က အကြီးမားဆုံးပြဿနာပင်။

"မင်း သေပြီသာမှတ်တော့!"

ခန်းသည် ဒေါသတကြီး ပေါက်ကွဲထွက်လာသည်။

ထိုသို့ လိုက်တမ်းပြေးတမ်း ကစားနေသည်မှာ တစ်နေ့နှင့် တစ်ညကြာမြင့်သွားခဲ့သည်သည်။ နှစ်ဦးသားလုံးသည် လျှပ်စီးကဲ့သို့ လျင်မြန်လှရာ တစ်နေ့နှင့် တစ်ည ကုန်ဆုံးသွားချိန်တွင် ချူးယွင်ဖန်း ကိုယ်တိုင်ပင် သူ မည်သည့်နေရာသို့ ရောက်နေသည်ကို မသိတော့ပေ။ သူသည် ခန်းကို မျက်စိလည်စေရန် လမ်းကြောင်းများကို အထပ်ထပ်ပြောင်းလဲကာ ပတ်ပြေးနေခဲ့ခြင်း ဖြစ်သည်။ ဤနည်းဖြင့် ခန်းကို အမြဲတမ်း ဖုံးကွယ်ထားနိုင်မည်မဟုတ်သော်လည်း အချိန်ဆွဲရန်အတွက်မူ ထိရောက်လှပေသည်။

တစ်နေ့နှင့်တစ်ည ကုန်ဆုံးသွားသောအခါ ချူးယွင်ဖန်းသည် အရှိန်ကို အနည်းငယ်လျှော့ချလိုက်သည်။ သူ၏ လက်ဝါးပေါ်တွင်မူ ပြာဝံပုလွေအလံမှာ လက်ဖဝါးခန့်သာ အရွယ်အစား ရှိတော့၏။ အလံအတွင်း သိုလှောင်ထားသမျှသော ပြာမီးတောက်စွမ်းအားနှင့် ဆုတောင်းအင်အားများကို ချူးယွင်ဖန်းက စုပ်ယူပစ်လိုက်သဖြင့် အလံာ ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်ကာ မှေးမှိန်နေတော့သည်။

အလံာ ချူးယွင်ဖန်း၏ လက်ထဲ၌ပင် သူ၏ စိတ်အလိုအတိုင်း အရွယ်အစားအမျိုးမျိုး ပြောင်းလဲနိုင်နေပြီ ဖြစ်ရာ ၎င်းကို အပိုင်သန့်စင်ပြီးကြောင်း ထင်ရှားလှပေသည်။ ပြာမီးတောက်စွမ်းအားနှင့် ဆုတောင်းအင်အားများ မရှိတော့သည့်နောက် ဤအလံသည် ချူးယွင်ဖန်း၏သန့်စင်မှုကို မည်သို့မျှ မခုခံနိုင်တော့ပေ။ သူသည် ခန်းနှင့် ဘုရင်နှစ်ပါးတို့၏စိတ်ဝိညာဉ်အမှတ်အသားများကို ခဏချင်းအတွင်း အမြစ်ပြတ် ချေမှုန်းပစ်လိုက်သည်။

အမှန်စင်စစ် ဤမျှတိုတောင်းသောအချိန်အတွင်း ပြာဝံပုလွေအလံကို သန့်စင်ရန်မှာ မည်သူမျှ မတတ်နိုင်သော ကိစ္စဖြစ်သည်။ သို့သော် ချူးယွင်ဖန်း တတ်ကျွမ်းထားသောနည်းစနစ်များမှာ လောက၌ အစွမ်းထက်ဆုံး ပညာရပ်များ ဖြစ်နေသည်။ ပြာဝံပုလွေအလံမှာ ယခုထက် ဆယ်ဆမျှ ပို၍ အစွမ်းထက်နေဦးတော့၊ ချူးယွင်ဖန်းအတွက်မူ မခဲယဉ်းလှပေ။

'တစ်နေ့နဲ့ တစ်ည အချိန်ပေးလိုက်ရတာပဲ။’

ချူးယွင်ဖန်း တွေးလိုက်မိသည်။ ဤအလံသည် သူ သန့်စင်ခဲ့ဖူးသမျှသော မှော်လက်နက်များထဲတွင် အချိန်အကြာဆုံး ပေးလိုက်ရခြင်း ဖြစ်သည်။ အခြားလက်နက်များကိုမူ နေရာတွင်ပင် သန့်စင်ပြီး ချက်ချင်း အသုံးပြုနိုင်ခဲ့ဖူးရာ သူ၏ နည်းစနစ်များ မည်မျှထူးကဲသည်ကို ခန့်မှန်းနိုင်ပေသည်။

ချူးယွင်ဖန်း၏ရှေ့မှောက်တွင်မူ သူနှင့် တစ်ပုံစံတည်း တူသော အရိပ်တစ်ခု ရှိနေသည်။ ၎င်းမှာ ပြာမီးအင်အားဖြင့် သူဖန်တီးထားသော ပြင်ပခန္ဓာကိုယ်ကိုယ်ပွားဖြစ်သည်။ ထိုကိုယ်ပွားမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းလှပြီး ချူးယွင်ဖန်း၏ အစွမ်းထက်ပင် သာလွန်နေလေသည်။

ဤပြာမီးကိုယ်ပွား၏ အစွမ်းမှာ ပြင်ပအချက်အလက်များပေါ်တွင် မူတည်ခြင်း မရှိဘဲ ကျင့်ကြံသူ၏ပါရမီနှင့် စုပ်ယူထားသော ပြာမီးတောက်အင်အားပမာဏပေါ်တွင်သာ မူတည်သည်။ ထို့အပြင် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုတိုးတက်လာနိုင်သေးသည်။ ချူးယွင်ဖန်း ပို၍အစွမ်းထက်လာလေလေ၊ ကိုယ်ပွားက ပြာမီးတောက်အင်အား ပိုမို စုပ်ယူနိုင်လေဖြစ်ရာ သူ၏ ပြာမီးတောက်ခန္ဓာကိုယ်မှာလည်း ပို၍ အစွမ်းထက်လာမည် ဖြစ်သည်။

ထိုပြာမီးတောက်ခန္ဓာကိုယ်ပွားအပြင် သူ၏ဘေးပတ်လည်တွင် လက်သီးဆုပ်ခန့်ရှိပြီး ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသောအရာတစ်ခုလည်း ဝဲပျံနေသေးသည်။ ၎င်းမှာ ချူးယွင်ဖန်းက ရှေ့ကအလုပ်များနှင့်အတူ တစ်ပြိုင်နက်တည်း သန့်စင်ထားသည့် နတ်ဘုရားလျှပ်စီးပင် ဖြစ်သည်။

ပြာမီးတောက်ခန္ဓာကိုယ်ကို တည်ဆောက်ရာတွင် ပြာမီးတောက်ဆုတောင်းအင်အား အမြောက်အမြား အသုံးပြုလိုက်ရသဖြင့် ကျန်ရှိသောအင်အားဖြင့် ဤလျှပ်စီးလုံးကိုသာ သန့်စင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ချူးယွင်ဖန်းမှာ စိတ်ပျက်ခြင်း မရှိပေ။ ဤလျှပ်စီးလုံးသည်ပင် လုံလောက်လှပြီ ဖြစ်သည်။ စနစ်တကျ အသုံးချတတ်ပါက ခန်းကို အသေသတ်ရန် ဤအရာက အဓိကလက်နက် ဖြစ်လာပေလိမ့်မည်။

မှန်ပေသည်။

ချူးယွင်ဖန်းသည် ခန်းကို မောင်းထုတ်ရန်လောက်ကိုသာ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ ထိုသို့သာ ဖြစ်ပါက သူသည် နျူကလီးယားဗုံးကိုသာ သုံးလိုက်မည် ဖြစ်သည်။ ရွှေအမတေပုံစံအဆင့်ရှိသူတစ်ဦးပင် နျူကလီးယားဗုံး၏ ဖျက်အားကို မခံနိုင်ဘဲ ထွက်ပြေးရမည်ဖြစ်ရာ သူ၏လက်ထဲ၌ ဗုံးရှိနေသရွေ့ ခန်းသည်ပင် သူ့ကို ကြောက်ရွံ့ရမည် ဖြစ်သည်။

သို့သော် နျူကလီးယားဗုံးဖြင့် ခန်းကို အပြတ်အသတ် သတ်ရန်မှာမူ မဖြစ်နိုင်ပေ။ ထို့ကြောင့်ပင် ချူးယွင်ဖန်းသည် ထိုနည်းလမ်းကို မရွေးချယ်ခဲ့ဘဲ ခန်းကို ဤနေရာ၌ပင် အသက်ပျောက်သွားစေရန် အစကတည်းက ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။

"ခန်းလား... လာစမ်းပါ၊ မင်းနဲ့ ငါ တစ်ပွဲလောက် နွှဲကြတာပေါ့"

ချူးယွင်ဖန်းက အေးစက်စွာ ပြုံးလိုက်သည်။

သူသည် ချိတ်စည်းတစ်ခု ဖော်လိုက်သည်နှင့် ပြာမီးတောက်ခန္ဓာကိုယ်ပွားသည် သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ဝန်းရံသွားပြီး ချပ်ဝတ်တန်ဆာအသွင်သို့ ပြောင်းလဲသွားလေသည်။

ဤသည်မှာ သူ၏ စိတ်ကူးတည့်ရာ တီထွင်လိုက်သည့ နည်းလမ်းပင်။ "ပြာမီးတောက်နတ်ဘုရားကျင့်စဉ်၌ ပြဌာန်းထားသည်မှာ ပြာမီးတောက်ခန္ဓာကို လျှပ်စီးခန္ဓာကိုယ် သို့မဟုတ် ဧကရာဇ်ခန္ဓာကိုယ် ကဲ့သို့သော ခန္ဓာကိုယ်ကျင့်စဉ်များအဖြစ် ကျင့်ကြံရန် သို့မဟုတ် ကိုယ်ပွားဖန်တီးရန်သာ ဖြစ်သည်။ ချူးယွင်ဖန်းကဲ့သို့ ပြာမီးတောက်ခန္ဓာကိုယ် ချပ်ဝတ်တန်ဆာအဖြစ် ပြောင်းလဲအသုံးချသူမှာမူ ယခင်က တစ်ယောက်မျှမရှိခဲ့ဖူးပေ။

ချူးယွင်ဖန်း၏ အရှိန်အဝါမှာ ရုတ်ချည်းပင် ခန့်ညားထည်ဝါလာပြီး ယခင်ကထက် များစွာသာလွန်သော အဆင့်တစ်ခုသို့ မြင့်တက်သွားတော့သည်။

ချူးယွင်ဖန်းရပ်နားလိုက်ပြီး မကြာခင်မှာပင် အဝေးဆီမှ ထိတ်လန့်ဖွယ်ရာအရှိန်အဝါတစ်ခု တဟုန်ထိုး တိုးကပ်လာသည်။ ခဏချင်းအတွင်းမှာပင် ထိုအရှိန်အဝါသည် ချူးယွင်ဖန်း၏ရှေ့မှောက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပြီး လေပြင်းများ ငြိမ်သက်သွားသောအခါ လူရိပ်တစ်ခုပေါ်လာတော့သည်။

သူကား ခန်းမှတစ်ပါး အခြားသူ မဟုတ်ပေ။

တစ်နေ့နှင့်တစ်ညမနားတမ်း လိုက်လံဖမ်းဆီးခဲ့ရသော ခန်းမှာ ထိတ်လန့်မှုနှင့် ဒေါသတို့ ရောယှက်နေသည်။ သူသည် အလံအပေါ် ထိန်းချုပ်နိုင်စွမ်း တဖြည်းဖြည်း လျော့နည်းသွားရာမှ ယခုအခါ လုံးဝ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီဖြစ်ရာ အလံသည် တစ်ဖက်လူ၏လက်ထဲ၌ အပိုင်ဖြစ်သွားပြီဆိုသည်ကို ကောင်းကောင်းနားလည်လိုက်သည်။

ဤသို့တွေးမိသည်နှင့် သူ၏ရင်ထဲမှ ဒေါသမီးမှာ ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲထွက်လာတော့သည်။

"ယုတ်မာတဲ့ကောင်! နောက်ဆုံးတော့ မင်းကို မိပြီ။ မင်းကို အစိပ်စိပ်အမွှာမွှာ ဆွဲဖြဲပစ်မယ်….”

All Chapters