အခန်း (၁၆၆)
Vol. 16 Ch. 166
"နေဦး"
ဖေးထျန်းနန်က ကန့်ကွက်လိုက်သည် "ချန်လေး... မင်း ဘာလို့ မင်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ဖုံးကွယ်ထားရတာလဲ မင်း လိမ်လည်နေတယ်လို့ သံသယဖြစ်စရာပဲ"
"မြို့စားကြီး ဖေး... ခင်ဗျားက မြင့်မြတ်တဲ့ စစ်နတ်ဘုရား တစ်ယောက်
ပဲ ပြောင်းလဲခြင်းနှင့် နက်နဲသောခန္ဓာ ဆိုတာ ကျင့်စဉ်အဆင့် တက်လာတာနဲ့အမျှ တဖြည်းဖြည်းမှ ပွင့်ထွက်လာတတ်တယ်ဆိုတာ မသိတာတော့ မဟုတ်ပါဘူးနော်"
ဖန်ချင်းယွမ်က ဝင်ရှင်းပြသည် "ရွေးချယ်ရေးအရာရှိ သူ့ကို သွားခေါ်တုန်းက သူပြခဲ့တဲ့ အစွမ်းက တကယ်ပဲ နဂါးကိုးပါးခန္ဓာ အဆင့်ပဲ ရှိပါသေးတယ်"
"နောက်ပြီး အရေးကြီးဆုံးအချက်က... လိမ်လည်တယ်ဆိုတာ ကိုယ့်မှာရှိတဲ့ ပါရမီထက် ပိုကောင်းအောင် လုပ်တာကို ခေါ်တာလေ။ ဥပမာ ဓားနှလုံးသားခန္ဓာ ကို ထုံကျန့်ခန္ဓာ လို့ အယောင်ဆောင်တာမျိုးပေါ့။ အဲဒီနှစ်ခုက သေချာမခွဲခြားရင် မှားတတ်သလို အစောပိုင်း ကျင့်ကြံမှုအဆင့်မှာလည်း ခွန်အားချင်း သိပ်မကွာလို့ အဆင့်A ရအောင် လိမ်ကြတာမျိုး ရှိပါတယ်။ ဒါပေမဲ့ ဘယ်သူက ကိုယ့်မှာရှိတဲ့ ပါရမီထက် ပိုညံ့တဲ့ ခန္ဓာကိုယ်ရှိပါတယ်လို့ လိမ်ပြောမှာလဲ အဲဒါက ရှုံးဖို့ တောင်းဆိုနေတာနဲ့ မတူဘူးလား"
"မင်း... မင်း" ဖေးထျန်းနန် စကားဆွံ့သွားတော့သည်။
ချောင်ဖန်၏ မျက်နှာမှာလည်း ရှုပ်ထွေးနေသော အရိပ်အယောင်များ လွှမ်းမိုးသွားသည်။ တစ်ဖက်မှာလည်း သူဟာ သာမန် နဂါးကိုးပါးခန္ဓာ ကို ရှုံးခဲ့တာ မဟုတ်ဘူးဆိုတဲ့ အချက်က သူ့ကို အနည်းငယ် စိတ်သက်သာရာ ရစေသလို၊ နောက်တစ်ဖက်မှာလည်း သူ တကယ် ရှုံးသွားခဲ့ပြီ ဖြစ်သည်။
ဒါက ကိုယ့်တွင်းထဲကိုယ် ပြန်ကျသလို ဖြစ်နေပြီ အစကသာ သူတို့ ဇွတ်မကန့်ကွက်ခဲ့ရင် နှစ်ယောက်လုံး အမွေဆက်ခံသူ ဖြစ်နိုင်တာပဲ။ တကယ်လို့ သူသာ ဒါကို ကြိုသိခဲ့ရင်...
"ဘုရင်ခံဆွန်..." ဖေးထျန်းနန်က မျက်နှာချိုသွေးလျက် ပြုံးပြလိုက်သည်။ "ဒီနှစ်အတွက် အမွေဆက်ခံသူ နှစ်ယောက် ယူလိုက်ရင်ကော ဘယ်လိုလဲဗျာ"
"ရှောင်ဖေး... မင်းကတော့ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနိုင်တာပဲ"
ဆွန်ဒူရှန်က အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
"လူပေါင်းများစွာ ကြည့်နေတဲ့ကြားမှာ ငါက မင်းလိုမျိုး စကားကို လက်တစ်လုံးခြား လှည့်စားလို့ မရဘူးလေ"
"..."
ဖေးထျန်းနန်၏ ပါးစပ်မှာ တုန်ရီသွားတော့သည် "ဘုရင်ခံဆွန်... ဘုရင်ခံပြောတာ... ကျိုးကြောင်းဆီလျော်ပါတယ်"
အခုမှတော့ သူ အားလုံးကို နားလည်သွားခဲ့ပြီ။ သူတို့မှာ အဝတ်အစားတွေရဲ့ အောက်က ပြောင်းလဲခြင်းနှင့် နက်နဲသောခန္ဓာ ကို မြင်နိုင်တဲ့ မျက်စိမျိုး မရှိခဲ့ကြပေမဲ့ ဆွန်ဒူရှန်ကတော့ ပြိုင်ပွဲအစကတည်းက သိနေခဲ့တာ ကျိန်းသေသည်။ ဆွန်ဒူရှန်က သူတို့ကို အခွင့်အရေးတောင် ပေးခဲ့သေးတယ် သူတို့ကိုယ်တိုင်က ငြင်းပယ်ခဲ့ကြတာပဲ။
ဒီလို အခြေအနေမျိုးမှာ ချောင်မိသားစုက နောက်မှ အမှန်တရားကို သိသွားရင်တောင် ဘာမှ ပြောစရာ ရှိတော့မှာ မဟုတ်ပါဘူး။ အဆင့်အတန်း မြင့်မားလေလေ အပေါ်ယံမှာတော့ စည်းကမ်းတွေကို ပိုပြီး လိုက်နာပြရလေလေ မဟုတ်လား။ အခုလောက် လူတွေအများကြီး ရှေ့မှာ သူတို့ကိုယ်တိုင် သတ်မှတ်ထားတဲ့ စည်းကမ်းကို သူတို့ ပြန်ဖျက်လို့ မရတော့ဘူးလေ။
"သိပ်ပြီး ပါးနပ်တာပဲ" နန်းတွင်းက လာတဲ့ သခင်ကြီးဟောက်ကတော့ နိုင်ငံရေး ကစားကွက်တွေကို နောကျေနေသူပါ။ စောစောက ဆွန်ဒူရှန်ရဲ့ အရှိန်အဝါအောက်မှာ သူ တွေးတောဖို့ မေ့နေခဲ့ပေမဲ့ အခုတော့ အားလုံးကို ရိပ်မိသွားပါပြီ။ ဒီ ဆွန်ဆိုတဲ့လူက သူတို့ရဲ့ မလျှော့ချင်တဲ့ စိတ်ဓာတ်ကို အသုံးချပြီး ကစားသွားတာပဲ။
ဒါပေမဲ့ ဒီကံဆိုးမှုထဲက ကံကောင်းတာတစ်ခုကတော့ ချန်ဆန်းရှီဟာ ဧကရာဇ်ရဲ့ လူတစ်ယောက်လို့ ယူဆလို့ ရနေတာပါပဲ။ တကယ်လို့ သူသာ မသေမျိုးကျင့်စဉ် ကို ရခဲ့ရင်တောင် နန်းတွင်းကို ပြန်လည် ဆက်သလိမ့်မယ်လို့ သူတို့ မျှော်လင့်နေကြသည်။ ဒီလို သစ္စာရှိတဲ့သူက ဧကရာဇ်ရဲ့ ကျေးဇူးကိုလည်း မှတ်ထားမှာပါ။ ဘာပဲဖြစ်ဖြစ် ဧကရာဇ်က သူ့ကို အရင်ဆုံး အသိအမှတ်ပြုပြီး ဘွဲ့ထူးတွေနဲ့ ဆေးဝါးတွေ ပေးသနားခဲ့တာ မဟုတ်လား။
'ဧကရာဇ်မင်းမြတ်ကတော့ လူတွေကို ရွေးချယ် အသုံးချတဲ့နေရာမှာ တကယ်ကို တော်တာပဲ' သခင်ကြီး ဟောက် က စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်မိသည်။
"မင်းသားလေး... ကျွန်တော် တတ်နိုင်သမျှတော့ လုပ်ပေးခဲ့တာပဲ" ဆွန်ဒူရှန် က ချောင်ဖန်းအနားသို့ သွားကာ ပခုံးကို အသာပုတ်ရင်း ဖော်ဖော်ရွေရွေ ပြောလိုက်သည်။ "ဒါပေမဲ့ အရင်နှစ်တွေကလည်း အတွင်းစည်းတပည့်ကနေ အမွေဆက်ခံသူ ဖြစ်လာတဲ့ အစဉ်အလာတွေ ရှိခဲ့ဖူးပါတယ်။ မင်းလည်း ကြိုးစားဦးပေါ့"
"လမ်းညွှန်ပေးတဲ့အတွက်... ကျေးဇူးတင်ပါတယ် ဘုရင်ခံ" ချောင်ဖန်က လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် အပြင်ပန်းမှာတော့ ရိုရိုသေသေ ပြန်ပြောလိုက်သည်။
"ကဲ... အားလုံး လူစုခွဲကြတော့"
ဖန်ချင်းယွမ်က သူ၏ ဝှီးချဲကို တွန်းရင်း ပြောလိုက်သည် "ညီငယ်လေး... အိမ်ပြန်ပြီး ကောင်းကောင်း အနားယူဦး။ ခုနစ်ရက်အကြာမှ ဆရာတင်ပွဲ အခမ်းအနားကို ပြန်လာခဲ့ပါ။ ငါက စတုတ္ထမြောက်ပါ၊ ငါ့ကို စတုတ္ထစီနီယာအစ်ကို လို့ ခေါ်လို့ရတယ်"
ချန်ဆန်းရှီက ခေါင်းညိတ်ပြလိုက်သည်"နားလည်ပါပြီ စတုတ္ထစီနီယာအစ်ကို"
"နောက်ပြီးတော့..."
ဖန်ချင်းယွမ်က အလေးအနက်ထားပြီး မှာကြားလိုက်သည်"မင်း နိုင်သွားတဲ့အတွက် လူအများကြီးက မင်းဆီကို လာကြလိမ့်မယ်။ တချို့က စေတနာကောင်းနဲ့ လာမှာဖြစ်သလို၊ တချို့ကတော့ မဟုတ်ဘူး။ ဒါကို မင်းကိုယ်တိုင် သေချာ ဝေဖန်ပိုင်းခြားရလိမ့်မယ်"
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို"
စစ်တပ်မြို့တော်ထဲက ထွက်လာတဲ့အခါမှာတော့ အရာရှိပေါင်းစုံက ချန်ဆန်းရှီကို စောင့်ကြိုနေကြပါတယ်။
"ဆရာချန် ကျွန်တော့်အိမ်ကို ကြွရောက် ချီးမြှင့်ပေးပါဦး"
"ဆရာကြီးခင်ဗျာ... နတ်ဗျိုင်းမျှော်စင် က ဖိတ်ကြားနေပါတယ်"
"ဗိုလ်ချုပ်ချန်... ကျွန်တော့်မှာ မြေးမလေး တစ်ယောက် ရှိပါတယ် ဆရာကြီးရဲ့ မယားငယ်အဖြစ် လက်ခံပေးပါဦး"
ရွေချယ်ရေးပွဲ မှာ ချန်ပီယံဖြစ်တယ်၊ သိုင်းသူတော်စင် ခန္ဓာကိုယ် ပိုင်ဆိုင်
တယ်ဆိုတာ မြို့တော်က သိုင်းပညာထူးချွန်ဘွဲ့ ရတာနဲ့ အတူတူပါပဲ။ ဒါဟာ နောင်တစ်ချိန်မှာ အနည်းဆုံးတော့ ရွှမ်ရှန်းအဆင့်ရှိတဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက် သေချာပေါက် ဖြစ်လာတော့မယ်လို့ ဆိုလိုတာပါ။
ချန်ဆန်းရှီကတော့ အားလုံးကို ယဉ်ယဉ်ကျေးကျေး ငြင်းပယ်လိုက်ပါတယ်။ သူ့မှာ ချမ်းသာကြွယ်ဝမှုတွေ ရှိပြီးသားဖြစ်သလို၊ ဒီလူတွေက သူ့အတွက် ဘာအရင်းအမြစ်မှ မပေးနိုင်သေးတဲ့အတွက် အခုချိန်မှာ လူမှုရေးတွေ လုပ်နေဖို့ မလိုသေးပါဘူး။
သူ့စိတ်ထဲမှာတော့ နောက်ထပ် လုပ်ဆောင်ရမယ့် ရည်မှန်းချက်တွေကို တစ်ဆင့်ချင်း စီစဉ်နေပါပြီ။
ပထမဦးစွာ ပညာသင်ယူဖို့ပါပဲ။ စစ်နတ်ဘုရားအထက်ကို တက်လှမ်းနိုင်မယ့် နည်းလမ်းကို ရှာဖွေနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဘယ်သူကကော ပိုကျယ်ပြန့်တဲ့ ကမ္ဘာကြီးကို မမြင်ချင်ဘဲ နေမှာလဲ။
ဒုတိယအချက် အတွင်းအားသန့်စင်ခြင်း အဆင့်ကို အမြန်ဆုံး ပြီးပြည့်စုံအောင် လုပ်ပြီး ဟွာကျင်းအဆင့်ကို တက်လှမ်းဖို့ပါ။ လျန်ကျိုးမှာ အတွင်းအားသန့်စင်ခြင်း အဆင့်လောက်နဲ့ကတော့ မလုံလောက်သေးပါဘူး။ အထူးသဖြင့် သူက လူကုံထံမိသားစုက အရာရှိကြီးတွေ အများကြီးကို စော်ကားထားမိသလို ဖြစ်နေတာပါ။ သူတို့က အခုတော့ စည်းကမ်းတွေကြောင့် ငြိမ်နေပေမဲ့ ရွေးချယ်ရေးပွဲရဲ့အရှိန်သေသွားရင် ဘာလုပ်လာမလဲ မသိနိုင်ပါဘူး။
ဒါ့အပြင် စစ်တပ်အတွင်းမှာလည်း အားလုံးက တစ်စိတ်တစ်ဝမ်းတည်း မဟုတ်ဘူးဆိုတာ သူ သိလိုက်ရပါတယ်။ ချောင်ဖန်က သူ့ရဲ့ ညီညွတ်ခြင်း လှံသိုင်း အကြောင်းကို ကြိုသိနေတာကို ကြည့်ရင် တစ်ယောက်ယောက်က သူ့ကို ကြိုပြထားတာ ဖြစ်နိုင်ပါတယ်။ ဒါက ပုံမှန်ပါပဲ ညီအစ်ကိုအရင်းတွေတောင် အမွေခွဲရင် ရန်ဖြစ်တတ်တာပဲလေ၊ ဂိုဏ်းတူညီအစ်ကိုတွေကြားမှာ တွက်ကပ်တာမျိုးက ရှိမှာပါပဲ။
တတိယအချက် မိစ္ဆာဂိုဏ်းနဲ့ ထူးဆန်းတဲ့ အမှောင်စွမ်းအင်တွေကို စုံစမ်းဖို့ပါ။ သူတို့တွေ သိုင်းသမားတွေကို ဘာလို့ ဖမ်းဆီးနေတာလဲ သွေးယဇ်ပူဇော်မှု့ ရဲ့ နောက်ကွယ်က ရည်ရွယ်ချက်က ဘာလဲဆိုတာကို သူ သိရပါလိမ့်မယ်။
ဒါ့အပြင် ပိုပြီး အရေးကြီးတာက... သူ ဖခင်တစ်ယောက် ဖြစ်တော့မှာပါ။
ရွေးချယ်ရေးပွဲပြီးသွားပြီဆိုတော့ အမလန်နဲ့ အတူအချိန်ဖြုန်းဖို့ အချိန်ရပါပြီ။ ဒီအခွင့်အရေးကို သုံးပြီးတော့လည်း သိုင်းပညာရှင်တွေ ကိုးကွယ်ကြတဲ့ ဘုရားကျောင်းတွေဆီကို သူ သွားကြည့်ချင်နေပါသေးတယ်။
အိမ်အပြန်လမ်းမှာတော့ ချန်ဆန်းရှီဟာ သူသိကျွမ်းတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရပြန်တယ်...။