← Chapters

အခန်း (၁၆၉)

Vol. 16 Ch. 169

အခန်း (၁၆၉)

Vol. 16 Ch. 169

ချန်ဆန်းရှီသည် မိမိကိုယ်တိုင် ဒုက္ခိတဖြစ်အောင် လုပ်ထားသော ဤမိန်းကလေးမှာ ရတနာဆေးဝါးများဖြင့် မကုသပါက အချိန်အတော်ကြာအောင် လှုပ်ရှားနိုင်တော့မည်မဟုတ်မှန်း သိလိုက်သည်။

သူသည် အတန်ကြာ စဉ်းစားပြီးနောက် ထိုမိန်းကလေးကို ပုခုံးပေါ်ထမ်းကာ အိမ်မှ ထွက်လာခဲ့သည်။

ထိုမိန်းကလေးမှာမူ နာကျင်မှုနှင့် နာကျည်းမှုများ ရောပြွမ်းနေသည့် အသံဖြင့် "ကျွန်မကို နီရောင်လက်မျှော်စင် ကိုပဲ ပို့ပေးပါ" ဟု တိုးတိုးလေး ပြောရှာသည်။

ဒီနေ့ဟာ သူမဘဝမှာ အကံဆိုးဆုံးနေ့ပါပဲ။ သူမက စာလာပို့ရုံတင်လေ၊ ဘယ်လိုလုပ်ပြီး စစ်နတ်ဘုရားကြီးနဲ့ သွားတိုးရတာလဲ။ ပြီးတော့ ဒီချန်ဆန်းရှီကလည်း ဘာမှမမေးမမြန်းဘဲ သူမကို ဓားနဲ့ အချက်ပေါင်းများစွာ ထိုးနှက်ခဲ့တာ တကယ့်ကို ရက်စက်လွန်းလှသည်။ မြစ်ထဲမှာ အရပ်သားတွေကို ကူညီခဲ့တဲ့ ဒဏ္ဍာရီလာ သူရဲကောင်းဆိုတာ ဒါလား၊ တကယ့်ကို လူဆိုးကြီးပါပဲ။

ကံကောင်းတာက သူ သူမကို မသတ်ရဲတာပဲ။ မသေမျိုးရှာဖွေရေးမျှော်စင် ရဲ့ ဂုဏ်သတင်းကတော့ အရှိန်အဝါ ရှိနေတုန်းပဲလို့ သူမ ထင်မိသည်။

"နေဦး... ရှင်ကျွန်မကို ဘယ်ခေါ်သွားနေတာလဲ"

"..."

သက်ပြင်းချရုံရှိသေးသော မိန်းကလေးမှာ သူတို့သွားနေသည့် လမ်းကြောင်းမှာ မှားနေကြောင်း သတိထားမိသွားသည်။ "ဒါ နီရောင်

လက်မျှော်စင်သွားတဲ့လမ်း မဟုတ်ဘူးလေ"

သူမကို ထမ်းထားသော အမျိုးသားမှာ အလွန်လျင်မြန်စွာ ပြေးလွှားနေသဖြင့် လမ်းဘေးဝဲယာမှ မြင်ကွင်းများမှာ နောက်သို့ လျင်မြန်စွာ ကျန်ရစ်ခဲ့သည်။

နာရီဝက်ခန့် ကြာပြီးနောက်... အိမ်တော်ကြီးတစ်ခု ရှေ့သို့ ရောက်လာခဲ့သည်။ တံခါးအထက်ရှိ အနက်ရောင် ဆိုင်းဘုတ်ပေါ်တွင် ရွှေရောင်

စာလုံးကြီး သုံးလုံး ရေးထိုးထားသည်မှာ— ဘုရင်ခံအိမ်တော်။

၎င်းမှာ ဆွန်ဒူရှန်၏ ပုဂ္ဂလိက နေအိမ်ပင် ဖြစ်သည်။

အရှေ့ဘက် ကောင်းကင်ယံမှာ အလင်းရောင် သမ်းစပြုနေပြီ ဖြစ်သည်။ စစ်အတွင်းကာလ မြောက်ပိုင်းဒေသ၏ စစ်ရေး၊ နိုင်ငံရေး အာဏာအရှိဆုံးပုဂ္ဂိုလ်၏ အိမ်တော်ဖြစ်သော်လည်း ထူးဆန်းသည်မှာ ကင်းလှည့်စစ်သားများ မရှိသလို၊ တံခါးဝတွင်ပင် အစောင့်မရှိဘဲ ကျောက်ခြင်္သေ့ကြီး နှစ်ကောင်သာ ရှိနေသည်။

"မင်း... မင်း ဘာလုပ်မလို့လဲ"

မိန်းကလေးမှာ အသည်းအသန် ရုန်းကန်တော့သည် "ကျွန်မကို လွှတ်ပေးလွှတ်ပေးစမ်း ရှင့်လိုလူယုတ်မာ လူယုတ်မာကြီးရဲ့"

ချန်ဆန်းရှီက အစကတော့ သူမကို လမ်းပေါ်မှာပဲ ပစ်ထားခဲ့မလို့ပါ။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ ဘုရင်ခံအိမ်တော်ကို ခေါ်လာတာက ပိုစိတ်ချရသည်။

သူကိုယ်တိုင် မသတ်ခဲ့သော်လည်း ဝမ်ကျစ်၏ လက်ချက်ဖြင့် သူမ ဒဏ်ရာအပြင်းအထန် ရခဲ့ခြင်းမှာ သူ့ကြောင့်လည်း ပါဝင်နေသဖြင့် သူမဘက်က ဘယ်အချိန်မှာ လက်တုံ့ပြန်လာမလဲ မသိနိုင်ပေ။ ထို့ပြင် မသေမျိုးရှာဖွေရေးမျှော်စင် က ရွေးချယ်ရေးပွဲ ပြီးမှ သူ့ကို လာရှာခြင်းမှာဆွန်ဒူရှန်

နှင့် တစ်နည်းနည်းဖြင့် ပတ်သက်နေနိုင်သလို၊ ချင်းရွှမ် စွမ်းအင်ကလည်း ရှိနေသေးသည်။အတွင်းအားသန့်စင်ခြင်း အဆင့်သာရှိသေးသော သူ့အဖို့ ဤကိစ္စမှာ ရှုပ်ထွေးလွန်းလှသည်။

နောက်တစ်ချက်က ဒါကို ဖုံးကွယ်ထားလို့လည်း မရတော့ပါ။ သူတို့နှစ်ယောက်တည်း သိတာဆိုရင် တစ်မျိုး၊ အခုတော့ ဝမ်ကျစ်တောင် မြင်သွားပြီဆိုမှတော့ ဒါက လျှို့ဝှက်ချက် မဟုတ်တော့ပေ။

ဒေါက်... ဒေါက်... ဒေါက်..

ချန်ဆန်းရှီ တံခါးကို ခေါက်လိုက်သည်။

အတော်ကြာမှ အစေခံတစ်ဦး ထွက်လာပြီး သမ်းဝေလျက် "ဘယ်သူလဲ... ဘယ်သူ့ကို ရှာတာလဲ" ဟု အိပ်ချင်မူးတူးဖြင့် မေးသည်။

"ကျွန်တော် ချန်ဆန်းရှီပါ"

ချန်ဆန်းရှီက မိတ်ဆက်လိုက်သည် "ဘုရင်ခံကို တွေ့ချင်လို့ပါ"

"ဪ... ဆရာချန်ပါလား ခဏလောက် စောင့်ပေးပါဦး"

အစေခံမှာ ဒီနှစ် ရွေးချယ်ရေးပွဲရဲ့ ချန်ပီယံအကြောင်းကို ကြားဖူးပုံရသည်။ သူသည် အထဲသို့ အမြန်ဝင်ပြီး သတင်းပို့လေသည်။

လက်ဖက်ရည်တစ်ခွက်စာ အချိန်ခန့်အကြာတွင် အစေခံမှာ ဝှီးချဲတစ်စီးနှင့်အတူ ပြန်ထွက်လာသည်။

"ညီငယ်လေး... ဆရာကြီးက အနားယူနေတုန်းပဲ။ ဘာကိစ္စပဲရှိရှိ ငါ့ကိုပဲ ပြောပါ"

ဖန်ချင်းယွမ်သည် ချန်ဆန်းရှီ၏ ပုခုံးပေါ်မှ သွေးချင်းချင်းနီနေသော မိန်းကလေးကို ကြည့်ကာ ဇဝေဇဝါဖြစ်သွားသည်။

"ဒါက ဘာဖြစ်တာလဲ..."

"စတုတ္ထစီနီယာအစ်ကို"

ချန်ဆန်းရှီသည် မိန်းကလေးကို မြေပြင်ပေါ်သို့ ချလိုက်ပြီး ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုံး ပြောပြလိုက်သည်။ "ကျွန်တော်လည်း ဘာတွေဖြစ်နေတာလဲ သေချာမသိလို့ စီနီယာအစ်ကိုပဲ အဆုံးအဖြတ်ပေးပါတော့"

"မသေမျိုးရှာဖွေရေးမျှော်စင်လား"

ဖန်ချင်းယွမ်က စိတ်ဝင်တစား မှတ်ချက်ပေးသည် "သူတို့ လူလုံးမပြတာ နှစ်အတော်ကြာပြီ မင်းဆီကို ဒီလောက်မြန်မြန် ရောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး"

"ညီငယ်လေး... ဒီကိစ္စအတွက် စိတ်ပူမနေပါနဲ့တော့။ သူ့ကို ဒီမှာပဲ ထားခဲ့လိုက်၊ သူတို့ မင်းဆီကို နောက်ထပ် မလာရဲတော့ပါဘူး။ ဆရာကြီးက အခုတလော အရမ်းအလုပ်များနေလို့ မင်းကို ချက်ချင်းမတွေ့နိုင်သေးဘူး။ ဆရာတင်ပွဲကျမှပဲ အားလုံးကို ပြောကြတာပေါ့"

"ကျေးဇူးတင်ပါတယ် စတုတ္ထစီနီယာအစ်ကို"

ချန်ဆန်းရှီသည် အရိုအသေပေးကာ နှုတ်ဆက်ထွက်ခွာလာခဲ့သည်။

သူသည် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ထိုမိန်းကလေး၏ ကိုယ်ပေါ်တွင် မီးပိုးကောင်လေးများကဲ့သို့ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော ချင်းရွှမ် စွမ်းအင်ကို နောက်ဆုံးတစ်ခေါက် လှည့်ကြည့်လိုက်မိသည်။

ချင်းရွှမ်စွမ်းအင်ကို စုပ်ယူနိုင်တဲ့နည်းလမ်းကို ဘုရင်ခံဆွန်

တစ်ယောက်တည်း သိတာမဟုတ်ဘဲ မသေမျိုးရှာဖွေရေးမျှော်စင် ကလည်း သိထားပုံရသည်။ ဒါပေမဲ့ သူတို့နည်းလမ်းက အလွန်ညံ့ဖျင်းပုံရပြီး ဘာအကျိုးကျေးဇူးမှ မရှိသလောက်ပါပဲ။ အနည်းဆုံးတော့ ဒီမိန်းကလေးအပေါ်မှာ ဘာသက်ရောက်မှုမှ မရှိတာ သိသာသည်။

ချန်ဆန်းရှီ၏ ကိုယ်တွင်းဒဏ်ရာများမှာ အနည်းငယ် နာကျင်နေဆဲ ဖြစ်သည်။ လမ်းလျှောက်ရမှာ ပျင်းရိသဖြင့် အိမ်မှာ အိပ်နေသော ရှောင်ရှင်းကို လှမ်းခေါ်ကာ စီးနင်းလိုက်သည်။

အိမ်အပြန်လမ်းတွင် ရွေးချယ်ရေးပွဲ ပြီးကတည်းက တစ်ညလုံး မအိပ်ရသေးသော သခင်ကြီး ဝမ်ကျစ်ကို လမ်းဆုံရှိ လက်ဖက်ရည်ဆိုင်တွင် တွေ့လိုက်ရသည်။

'သူက တစ်ညလုံး ငါ့အတွက် အိမ်ရှေ့မှာ ကင်းစောင့်ပေးနေတာလား'

"ချန်ဆန်းရှီ"

ဝမ်ကျစ်က လှမ်းမေးသည် "ဟိုလူက ဘယ်သူလဲ ဘယ်ဂိုဏ်းကလဲ ဘာလို့ မင်းကို သတ်ချင်တာလဲ ငါ့ကို အခုချက်ချင်း အကုန်ပြောပြစမ်း"

"သခင်ကြီး ဝမ် အပင်ပန်းခံ စိတ်မပူပါနဲ့"

ချန်ဆန်းရှီက လှည့်မကြည့်ဘဲ ပြောလိုက်သည်။

"မင်းက ငါက စိတ်ပူလို့ မေးနေတယ် ထင်နေတာလား"

ဝမ်ကျစ်က ဝုန်းခနဲ ထရပ်လိုက်သည်။

အနည်းဆုံးတော့ ဒီကလေးသာ ရွေးချယ်ရေးပွဲ ပြီးပြီးချင်း သေသွားရင် သူဟာ ဘယ်လိုမှ ဖြူစင်အောင် ရှင်းပြနိုင်မှာ မဟုတ်တော့ဘူးလေ။

"ကျွန်တော် အဲဒီလူကို ဘုရင်ခံအိမ်တော်ကို ပို့လိုက်ပြီ။ သခင်ကြီး ဝမ် သိချင်ရင် အဲဒီကိုသွားပြီး မေးနိုင်ပါတယ်"

ချန်ဆန်းရှီသည် စိတ်တိုနေသော ရှောင်ရှင်းကို နှင်တံဖြင့် အသာတို့ကာ အရှိန်မြှင့် ထွက်ခွာသွားတော့သည်။

"မိုက်မဲလိုက်တာ"

ဝမ်ကျစ် ဟိန်းဟောက်လိုက်ရာ ရှေ့က စားပွဲမှာ အစအနမကျန် ကြေမွသွားသည်။

"ခင်ဗျား... ခင်ဗျား..." ဆိုင်ရှင်မှာ ကြောက်လန့်တုန်ရီစွာဖြင့် လက်ညှိုးထိုးရင်း "ကျွန်တော် ဘုရင်ခံအိမ်တော်ကို တိုင်မယ်"

"ပါးစပ်ပိတ်ထားစမ်း၊ ငါ မင်းကို ငွေနဲ့ ပြန်လျော်ပေးမယ်"

"..."

...

ချန်ဆန်းရှီသည် နဝမစီနီယာအစ်မပေးထားသော ရတနာဆေးဝါးများကို အသုံးပြုကာ နှစ်ရက်အတွင်း ကိုယ်တွင်းဒဏ်ရာများ ပျောက်ကင်းအောင် ကုသလိုက်သည်။ ထို့နောက် လကုန်ပိုင်းမတိုင်မီ အတွင်းအားသန့်စင်ခြင်းအဆင့် ပြီးပြည့်စုံသောအဆင့်ရောက်ရှိရန် ပြန်လည် ကျင့်ကြံတော့သည်။

အသေးစားအောင်မြင်မှု့ အဆင့် နှင့် ပြီးပြည့်စုံသောအဆင့်ဆိုသည်မှာ တကယ့်ကို ကွာခြားလှသည်။ တကယ်လို့သာ သူ သွေးပေါက်ကွဲမှု့ ကို အသုံးပြုနိုင်ခဲ့ရင် ချောင်ဖန်ကို အနိုင်ယူဖို့ ဒီလောက်ထိ အပင်ပန်းခံစရာ လိုပါ့မလား။

[သိုင်းပညာ - ညီညွတ်ခြင်း လှံသိုင်း (အသေးစားအောင်မြင်မှု့)]

[တိုးတက်မှု့ - ၈၂၉/၂၀၀၀]

သိုင်းအဆင့် မြင့်လာလေလေ တိုးတက်မှုက နှေးကွေးလာလေလေပင်။ သိုင်းသူတော်စင်ခန္ဓာကိုယ် ပိုင်ရှင်ပင်လျှင် အဆင့်တစ်ခုမှာ ပိတ်မိနေတတ်သည်။

သူ အခုလို လျင်မြန်စွာ တိုးတက်နေခြင်းမှာ ဝိညာဉ်စပါးကြောင့်လည်း ပါဝင်သည်။

အပြင်လူတွေသာ သိရင် သူ အခုလို လျင်မြန်စွာ တိုးတက်နေတာကို အံ့သြကြမှာ အမှန်ပါပဲ။ ဒါပေမဲ့ ချန်ဆန်းရှီကတော့ မတင်းတိမ်နိုင်သေးပါဘူး။

ဒါဟာ လောဘကြီးတာ မဟုတ်ဘဲ အခြေအနေအရ လိုအပ်နေလို့ပါ။

ချောင်ဖန်၊ မသေမျိုးရှာဖွေရေးမျှော်စင် နဲ့ လကွဲတောင်ကုန်းစံအိမ်တို့က သူ့ကို မျက်စိဒေါက်ထောက် ကြည့်နေကြသည်။ စစ်တပ်နဲ့ ဘုရင်ခံရဲ့ ကာကွယ်မှုအောက်မှာပဲ အမြဲ နေလို့မရနိုင်သလို၊ နတ်ဘုရားတွေတောင် နေရာတိုင်းမှာ တစ်ချိန်တည်း ရှိမနေနိုင်ဘူး မဟုတ်လား။ အထူးသဖြင့် သူတို့အားလုံးက ကိုယ်စီ အလုပ်များနေကြသူတွေလေ။

All Chapters