← Chapters

အခန်း (၁၇၀)

Vol. 16 Ch. 170

အခန်း (၁၇၀)

Vol. 16 Ch. 170

မကြာသေးမီက စခန်းအသီးသီးမှ ဗိုလ်ချုပ်ကြီးများ အားလုံး စုဝေးနေကြခြင်းမှာ တိုက်ပွဲကြီးတစ်ခု ပြီးဆုံးသွား၍ အနားယူရန် လိုအပ်နေခြင်းကြောင့်ဖြစ်သလို၊ တိုက်တိုက်ဆိုင်ဆိုင် ရွေးချယ်ရေးပွဲ ကျင်းပချိန်နှင့်လည်း တိုးနေသောကြောင့် ဖြစ်သည်။

မကြာမီအချိန်အတွင်းမှာတော့ သူတို့အားလုံးသည် အနောက်မြောက်ပိုင်းပြည်နယ်သုံးခုရှိ မိမိတို့ တာဝန်ကျရာ နေရာအသီးသီးသို့ ပြန်လည် လူစုခွဲသွားကြလိမ့်မည်ဟု ခန့်မှန်းရသည်။ အဆုံးသတ်မှာတော့ မိမိကိုယ်ကိုယ်သာ အားကိုးရမည် မဟုတ်လား။

"မသေမျိုးရတနာ တွေကို အသုံးချနိုင်စွမ်းက တကယ်ကို နိမ့်လွန်းနေသေးတယ်"

ချန်ဆန်းရှီ၏ ထူးခြားသော မီးတောက် ကို အသုံးပြုပုံမှာ မီးကို စတင်သုံးစွဲတတ်ကာစ ရှေးဦးလူသားတစ်ယောက်လိုပင်။ သူစားသုံးလိုက်သော ဝိညာဉ်စပါးများကို ပြာဖြစ်သွားအောင် တိုက်ရိုက်လောင်ကျွမ်းစေသဖြင့် အဆီအနှစ် မည်မျှလောက် အလဟဿ ဖြစ်သွားသည်ကို မသိနိုင်ပေ။

တကယ်လို့သာ ဒီ ထူးခြားသော မီးတောက်ရဲ့ အပူရှိန်ကို ခံနိုင်ရည်ရှိမယ့် အိုးတစ်လုံးလောက် ရှိရင် သိပ်ကောင်းမှာပဲ။ သံအိုးတွေနဲ့တော့ သူ စမ်းကြည့်ပြီးပြီ... မရခဲ့ပေ။

'အံ့ဖွယ် လက်နက်'

သူသည် ဆွန်ပုချီ ပြောခဲ့ဖူးသော အံ့ဖွယ်လက်နက်များအကြောင်းကို ရုတ်တရက် သတိရလိုက်သည်။ ထိုလက်နက်များကို သွန်းလုပ်ရာတွင် အသုံးပြုသော သတ္တုသည် 'ချီ'ကို လက်ဆင့်ကမ်း သယ်ဆောင်ပေးနိုင်ပြီး အရည်အသွေးမှာလည်း ထူးခြားကောင်းမွန်ရမည်ဖြစ်သည်။ ကျန်းယွဲ့ဓားကို ကြည့်ခြင်းဖြင့်လည်း သိနိုင်သည်။

တကယ်လို့ အံ့ဖွယ်လက်နက်တွေ သွန်းလုပ်တဲ့ သတ္တုနဲ့ လုပ်ထားတဲ့ အိုးတစ်လုံးသာ ရှိခဲ့ရင်၊ အဲဒီအိုးက ထူးခြားသော မီးတောက်ရဲ့ အပူရှိန်ကို အပြည့်အဝ ခံနိုင်ရည်မရှိရင်တောင်မှ အချိန်အတန်ကြာတော့ ခံနိုင်လိမ့်မည်။ အဆိုးဆုံးကတော့ အသုံးပြုပြီး ပျက်စီးသွားရင်တောင် ကိစ္စမရှိပေ။

တပ်စခန်း ရှစ်ခုထဲတွင် မဟာသွေးကြောအဆင့်ရှိသော ဆေးဆရာများ ရှိကြသည်။ သူတို့အသုံးပြုသော ဆေးအိုးများသည် အံ့ဖွယ်လက်နက်များ သွန်းလုပ်သည့် သတ္တုဖြင့် ပြုလုပ်ထားခြင်း ဖြစ်နိုင်သည်။

ဒါကတော့ လောလောဆယ် သူ့ရဲ့ ခန့်မှန်းချက်သာ ဖြစ်သည်။ တကယ်လို့ အဆင်မပြေခဲ့ရင်တော့...

အမဲလိုက်ဖို့ပဲ ရှိတော့သည်။

ချန်ဆန်းရှီ အသေအချာ စဉ်းစားပြီးနောက် မိမိ၏ ကျင့်စဉ်အဆင့်ကို မြှင့်တင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းမှာ သူကျွမ်းကျင်သည့် အလုပ်ဟောင်းဖြစ်သော အမဲလိုက်ခြင်းပင် ဖြစ်သည်ဟု ဆုံးဖြတ်လိုက်

သည်။ သူ့မှာ ရတနာဆေးဝါးတွေနဲ့ ဝိညာဉ်စပါးတွေ မရှားပါဘူး၊ ဒါပေမဲ့ ကျားစွယ်အသားတွေကတော့ ကုန်သလောက် ဖြစ်နေပြီ။

ထူးဆန်းသားရဲ တွေကို ဆက်ပြီး အမဲလိုက်မှသာ သူ၏ ကျင့်စဉ်အဆင့်ကို ပိုမိုမြန်ဆန်စွာ မြှင့်တင်နိုင်ပေလိမ့်မည်။

ဒါဟာ တောင်ပေါ်က အဆိပ်သားရဲတွေဆီမှာ တွေ့ရတဲ့ အမည်းရောင် အငွေ့အသက် တွေနဲ့ ကျးန်ဟွိုင်မင် တို့ကြားမှာ ဆက်နွယ်မှု ရှိ၊ မရှိ ဆိုတာကို စုံစမ်းဖို့အတွက် အခွင့်အရေးကောင်း တစ်ခုလည်း ဖြစ်သည်။ အဲဒါကလည်း မသေမျိုးကျင့်စဉ် နဲ့ ပတ်သက်နေနိုင်ပြီး အစွမ်းသတ္တိကတော့ ပိုပြီးတောင် ကြောက်စရာ ကောင်းနေပုံရသည်။

မဟာသွေးကြောအဆင့် ကနေ နက်နဲပုံရိပ်အဆင့်ကို တိုက်ရိုက် ကူးပြောင်းသွားတာမျိုးလေ..

အတွေးပေါင်းစုံဖြင့် ချန်ဆန်းရှီသည် ညီညွတ်ခြင်းလှံသိုင်းကို နှစ်ကြိမ်ခန့် ထပ်မံလေ့ကျင့်လိုက်သည်။ ထို့နောက် လက်နက်ကို ချလိုက်ကာ အဝတ်အစား သန့်သန့်ပြန့်ပြန့်လဲပြီး ဇနီးသည် ဂူရှင်းလန် နှင့်အတူ စီယွင်ဘုရားကျောင်း သို့ ထွက်လာခဲ့သည်။

ဂူရှင်းလန်သည် ကိုယ်ဝန်ရှိကတည်းက ကလေးလေး ဘေးကင်းဖို့နဲ့ ကောင်းချီးမင်္ဂလာ ရရှိဖို့အတွက် ဆုတောင်းချင်ကြောင်း ခဏခဏ ပြောလေ့ရှိသည်။

မိခင်တစ်ယောက်အဖြစ် ပထမဆုံး အကြိမ်ဖြစ်သဖြင့် သူမ စိတ်လှုပ်ရှားနေခြင်းမှာ သဘာဝကျပါသည်။ တကယ်လို့ ဘုရားကျောင်း သွားခြင်းက သူမကို စိတ်သက်သာရာ ရစေနိုင်မည်ဆိုလျှင် ဒါဟာ ကောင်းတဲ့ကိစ္စပါပဲ။

ခြံဝင်းထဲတွင် ရွှီဘင်တို့ဇနီးမောင်နှံက အစောကြီးကတည်းက စောင့်နေကြသည်။

လမ်းခရီးတွင် ရွှီဘင်က စီယွင်ဘုရားကျောင်း အကြောင်းကို ပြောပြသည်။ "ဗိုလ်ချုပ်... ကျွန်တော်တို့ လျန်ကျိုးကို ရောက်ကတည်းက ကျွန်တော့်မှာ အားလပ်ချိန်တွေ အများကြီး ရှိခဲ့တယ်။ ဒါကြောင့် ဟိုဟိုဒီဒီ လျှောက်သွားရင်း စီယွင်ဘုရားကျောင်းကို နှစ်ခေါက်လောက် ရောက်ခဲ့ဖူးတယ်။ အဲဒီနေရာက လူအရမ်းစည်တာဗျ သာမန်လူတွေတင်မကဘူး သိုင်းပညာရှင်တွေလည်း အဲဒီကို သွားပြီး အမွှေးတိုင်ထွန်း ဆုတောင်းရတာကို သဘောကျကြတယ်"

"အစ်ကိုဘင်... သာမန်လူတွေကတော့ စိတ်သက်သာရာရဖို့ နတ်ဘုရားတွေ၊ ဘုရားတွေကို ကိုးကွယ်တာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ သိုင်းပညာရှင်တွေက ဘာလို့ အဲဒီကိုသွားပြီး ဆုတောင်းချင်ကြတာလဲ"

ချန်ဆန်းရှီ စဉ်းစားမိတာက ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိသည် "သူတို့ဆီမှာ သိုင်းပညာရှင်တွေအတွက် ကောင်းတဲ့ ဆေးဝါးတွေ ရှိနေလို့လား"

အမထုံကဲ့သို့သော ရိုးသားသည့် အမျိုးသမီးတစ်ဦးကတော့ ဤအကြောင်းများကို သိလိမ့်မည်မဟုတ်ပေ။ သူမကို မေးနေခြင်းမှာ အပိုပင် ဖြစ်သည်။

"မင်း ခန့်မှန်းတာ မှန်တယ်"

ရွှီဘင်က "လာရောက်ဖူးမြော်တဲ့သူတွေဟာ အမွှေးတိုင်ဖိုး ငွေ (၃၀) ပေးနိုင်ရင် သူတို့ရဲ့ လျှို့ဝှက်ချက်နည်းလမ်းနဲ့ ဖော်စပ်ထားတဲ့ စိတ်ဝိညာဉ်

အားဖြည့်ဆေးရည် တစ်ခွက် ရနိုင်တယ်။ အဲဒီဆေးရည်က စိတ်ကို တည်ငြိမ်စေပြီး သိုင်းကျင့်စဉ်အတွက် အများကြီး အထောက်အကူပြုတယ်လို့ ပြောကြတယ်။ ဈေးနှုန်းကတော့ တကယ်ကို မြင့်တာပေါ့"

"ဒါကြောင့်ကိုး"

ချန်ဆန်းရှီ စိတ်ဝင်စားသွားသည်။ စီယွင်ဘုရားကျောင်းမှာ လျန်ကျိုးမြို့တောင်ဘက် တံခါးမှ (၃၀) မိုင်ခန့်အကွာ ဝမ်ယွင်တောင်ပေါ်တွင် တည်ရှိသည်။ တောင်ထိပ်သို့ ရောက်ရန်အတွက် ပေပေါင်းများစွာ ထပ်မံ တက်ရဦးမည်ဖြစ်သည်။

"အမလန်... ပင်ပန်းနေပြီလား၊ အမကို ကျောပိုးပေးမယ်လေ"

"ဘယ်မှာ ယောက်ျားဖြစ်သူက မိန်းမကို လမ်းပေါ်မှာ ဒီအတိုင်း ပိုးသွားလို့... အမလေး"

ဂူရှင်းလန် စကားမဆုံးခင်မှာပဲ သူမ၏ ခြေထောက်များ မြေပြင်မှ ကြွတက်သွားပြီး သူ၏ ခိုင်ခံ့သော ကျောပြင်ပေါ်သို့ ရောက်သွားတော့သည်။ ပြုတ်မကျစေရန် သူ၏ လည်ပင်းကို အမြန်ဖက်ထားလိုက်ရသည်။

"ကျွန်တော်က အမကို ကျောပိုးတာမဟုတ်ပါဘူး ကလေးကို ပိုးနေတာ"

ပေါင် (၁၀၀) ကျော် လောက်ရှိသော ဝိတ်မှာ ချန်ဆန်းရှီအတွက် ဘာမှမဟုတ်ပေ။ လမ်းခရီးတစ်လျှောက်တွင် သိုင်းသမားများစွာကို သူ တကယ်ပဲ တွေ့ရသည်။ အချို့က သူ့ကို မြင်သည်နှင့် လာရောက် နှုတ်ဆက်ကြသည်။

ဂူရှင်းလန်က တစ်ဆင့်ကြားဖြင့် "အစ်ကိုရှီ... အစ်ကိုက တကယ်ပဲ နာမည်ကြီးတာပဲနော်" ဟု ပြောရှာသည်။

"အစ်ကိုဘင်... ဆက်ပြောပါဦး"

ချန်ဆန်းရှီက မေးလိုက်သည် "စီယွင်ဘုရားကျောင်းရဲ့ နောက်ခံသမိုင်းနဲ့ အဲဒီက ဘုန်းတော်ကြီးတွေရဲ့ ကျင့်စဉ်အဆင့်အကြောင်း ပြောပြပါဦး"

"စီယွင်ဘုရားကျောင်းက ရှန်မင်းဆက် စတင်တည်ထောင်ကတည်းက ရှိနေခဲ့တာလို့ ပြောကြတယ် အဲဒီအချိန်ကတည်းက လူစည်ကားခဲ့တာ။ ဒါပေမဲ့ ရာစုနှစ်ပေါင်းများစွာမှာ အဆင့်မြင့်သိုင်းသမား တစ်ယောက်မှ ထွက်မလာခဲ့ဖူးဘူး။ အခုလက်ရှိ ကျောင်းထိုင်ဘုန်းကြီး တစ်ပါးပဲ ဟွာကျင်းအဆင့် ပြီးပြည့်စုံခြင်းကို ရောက်ပြီး မဟာသွေးကြောအဆင့် ကို တက်လှမ်းဖို့ နီးစပ်နေပြီ"

ရွှီဘင်က ရှင်းပြသည် "တခြားလူတွေရဲ့ အမြင့်ဆုံးအဆင့်က ဟွာကျင်းအဆင့်ပဲ ရှိကြတာ။ ဒါကြောင့် စီယွင်ဘုရားကျောင်းကို အမြဲတမ်း တတိယတန်းစား ဂိုဏ်းတစ်ခုအဖြစ်ပဲ သတ်မှတ်ကြတယ်။ ဒေသခံမဟုတ်ရင် အဲဒီအမည်ကိုတောင် ကြားဖူးမှာ မဟုတ်ဘူး"

အချုပ်အားဖြင့်ဆိုရသော် သူတို့တွင် ကောင်းမွန်သော နည်းစနစ်များ ရှိသော်လည်း ထိပ်တန်းဆရာကြီးများ မရှိကြပေ။ သို့သော် လက်ရှိ ချန်ဆန်းရှီအတွက်မူ ဟွာကျင်း သို့မဟုတ် မဟာသွေးကြော အဆင့်မှာ ဆရာကြီးဟု ခေါ်ဆိုနိုင်ဆဲ ဖြစ်သည်။

သူတို့ ဘုရားကျောင်းတံခါးဝသို့ ရောက်သောအခါ ဝတ်ရုံဖြူဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဆီးကြိုနှုတ်ဆက်သည်။ "ဆရာချန်... ဂုဏ်ယူပါတယ်ဗျာ ရွေးချယ်ရေးပွဲ မှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို မကြာခင်မှာလည်း ဘုရင်ခံဆွန်ရဲ့ တပည့်အဖြစ် အသိအမှတ်ပြုခံရတော့မှာဆိုတော့ ဆရာ့ရဲ့ အနာဂတ်က အကန့်အသတ်မရှိ တောက်ပနေပါပြီ"

ချန်ဆန်းရှီသည် ဤလူကို မှတ်မိသည်။ သူသည် ထိုစဉ်က ဝမ်ကျစ်နှင့်အတူ ရပ်နေသောသူ ဖြစ်သည်။ သူသည် ယဉ်ယဉ်ကျေးကျေး လက်သီးစုပ်

နှုတ်ဆက်ကာ "လူကြီးမင်းက ထုံရွှမ်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရှောက် လားခင်ဗျာ။ ကျွန်တော် ရိုင်းပြမိသွားပါတယ်"

မြင့်မြတ်လှသော စစ်နတ်ဘုရား တစ်ယောက်တောင် ကိုယ်တိုင် ရောက်လာသည်ဆိုလျှင် ဤဆေးရည်၏ အကျိုးကျေးဇူးမှာ တကယ်ပင် ကြီးမားလှပေမည်။

"ဗိုလ်ချုပ်က အရမ်းအားနာတတ်တာပဲ။ ကျွန်တော့်လို သာမန်လူတစ်ယောက်က အစိုးရအရာရှိ တစ်ယောက်ရဲ့ လေးစားမှုကို ဘယ်ခံယူဝံ့ပါ့မလဲ"

ရှောက်ယုကျင်က ရယ်မောရင်း ပြောသည်။ "ဆရာချန်ကလည်း စိတ်

ဝိညာဉ်အားဖြည့်ဆေးရည်အတွက် လာတာလား"

"ဟုတ်ပါတယ်" ချန်ဆန်းရှီက ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေသည်။ "ဂိုဏ်းချုပ်ရှောက်တောင် ကိုယ်တိုင်လာတယ်ဆိုတော့ အာနိသင်က တကယ်ကို ထူးခြားမှာ အမှန်ပဲ"

"ဟဲဟဲ... စိတ်ဝိညာဉ်အားဖြည့်ဆေးရည် က တကယ်ကို ကောင်းတဲ့အရာပါ။ သောက်ပြီးသွားရင် စိတ်နဲ့ ဝိညာဉ်ကို တည်ငြိမ်သွားစေတယ်။ လျန်ကျိုး တစ်ခုလုံးမှာ ဒီလိုဆေးမျိုး ဒါ တစ်ခုပဲ ရှိတာ"

ရှောက်ယုကျင်က လမ်းညွှန်ပြသလိုက်သည် "ကျွန်တော့်နောက်ကို လိုက်ခဲ့ပါဗိုလ်ချုပ်ချန်၊ ဗိုလ်ချုပ်ကိုယ်တိုင် စမ်းကြည့်ရင် သိပါလိမ့်မယ်"

ချန်ဆန်းရှီက ပဓာနခန်းမဘက်ကို ကြည့်ကာ "အရင်ဆုံး အမွှေးတိုင် မထွန်းရဘူးလား" ဟု မေးသည်။

"ပြန်ခါနီးမှ ထွန်းလည်း ရပါတယ်" ရှောက်ယုကျင်က ပြုံးကာ ပြောသည်။ "ဘုရားကျောင်းရဲ့ စီမံခန့်ခွဲသူ ချိုးမင်ကျီ က ဘေးက ဆေးခန်းမှာ ဆေးရည်ကို အခုပဲ ချက်နေတာ။ အခုသွားရင် အချိန်က အတော်ပဲ၊ မဟုတ်ရင်တော့ နောက်ထပ် နာရီပေါင်းများစွာ စောင့်နေရလိမ့်မယ်"

All Chapters