အခန်း (၁၇၃)
Vol. 16 Ch. 173
တပ်စခန်းသစ် လေးခုကို တိုးချဲ့ဖွဲ့စည်းရန် ဆုံးဖြတ်လိုက်ခြင်းသည် မြောက်ပိုင်းနယ်ခြား၏ စစ်ရေးအာဏာကို တစ်ဆစ်ချိုး ပြောင်းလဲပစ်လိုက်ခြင်းပင် ဖြစ်သည်။ ၎င်းမှာ ဘုရင်ခံအိမ်တော်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် တပ်စခန်းပေါင်း (၁၂) ခုအထိ ရှိလာမည်ဖြစ်ပြီး၊ ထိုအချိန်ရောက်လျှင် စုစုပေါင်း စစ်သည်အင်အားမှာ တစ်သိန်းငါးသောင်းကျော်အထိ အရှိန်အဟုန်ဖြင့် မြင့်တက်လာတော့မည်ဖြစ်သည်။ သို့သော် စစ်တပ်တိုးချဲ့ခြင်းဟူသည်မှာ စကားပြောသလောက် မလွယ်ကူလှပေ။ ရိက္ခာနှင့် စစ်အသုံးအဆောင်များ စုဆောင်းခြင်း၊ တပ်သားသစ်များကို စနစ်တကျ လေ့ကျင့်ပေးခြင်းနှင့် တပ်ရင်းတပ်ဖွဲ့များ စနစ်တကျ တည်ဆောက်ခြင်းတို့မှာလက်ရှိ ဒေသစောင့်တပ်များမှ တပ်သားများကို ထုတ်နုတ်အသုံးပြုလျှင်တောင်မှအနည်းဆုံး တစ်နှစ်ခွဲခန့် အချိန်ယူရပေဦးမည်။
စစ်တပ်မြို့တော် သို့ ရောက်ရှိသောအခါ မြင်ကွင်းမှာ အလွန်ပင် ခန့်ညားထည်ဝါလှသည်။ တံခါးဝမှ စတင်ကာ သံချပ်ကာအပြည့် ဝတ်ဆင်ထားပြီး လက်နက်ကိုယ်စီ ကိုင်ဆောင်ထားသော စစ်သည်တော်များက တစ်တန်းတည်း စနစ်တကျ တန်းစီစောင့်ကြိုနေကြသည်။ သူတို့ ကိုင်ဆောင်ထားသော လှံရှည်များ၊ ပုဆိန်များနှင့် လက်နက်ကြီးများမှာ လမ်းကြောင်းတစ်ခုသဖွယ် ဖြစ်နေပြီး ဆရာတင်ပွဲကျင်းပရာ စင်မြင့်ဆီသို့ လမ်းပြပေးနေသကဲ့သို့ ရှိသည်။
ဤဆရာတင်ပွဲသည် တက်ရောက်သူ အင်အားများပြားသော်လည်း ထူးထူးခြားခြား ပြင်ဆင်မွမ်းမံထားခြင်းမျိုး မရှိပေ။ ငွေကြေးနှင့် လုပ်အားကို အလဟဿ အကုန်အကျမခံဘဲ ရိုးရှင်းသော သစ်သားစင်မြင့်တစ်ခုကိုသာ အသုံးပြုထားသည်။ တပည့်သစ်များကို သူတို့၏ စွမ်းဆောင်ရည်အဆင့်အတန်းအလိုက် အဖွဲ့များခွဲ၍ စနစ်တကျ နေရာချထားသည်။ လူဦးရေများပြားသဖြင့် ရှုပ်ထွေးလှသော ထုံးတမ်းစဉ်လာများကို လျှော့ချထားသည်။ လူပေါင်း တစ်ရာကျော်မှာ ဝိုင်တစ်ခွက်စီကို ပြိုင်တူ သောက်သုံးလိုက်ကြသည်။ ထိုဝိုင်တစ်ခွက်မှာပင် ဆရာနှင့် တပည့်ကြား သစ္စာဆိုခြင်းဖြစ်ပြီး ဆရာတင်ပွဲ ပြီးမြောက်ခြင်းဟု သတ်မှတ်လိုက်ကြသည်။
ထို့နောက်တွင် တာဝန်ခွဲဝေမှုများ စတင်တော့သည်။ တပ်စခန်းများအတွင်းရှိ တာဝန်သတ်မှတ်ချက်များမှာ သာမန်ဒေသစောင့်တပ်များနှင့် မတူဘဲ ပိုမိုနက်နဲ ရှုပ်ထွေးလှသည်။
အကျဉ်းချုပ်ရလျှင် အရံတပ်စခန်းတွင် စုစုပေါင်း စစ်သည် (၁၂,၀၀၀) ရှိသည်။ အမြင့်ဆုံး အုပ်ချုပ်သူမှာ တပ်မှူးကြီးနှင့် ဒု-တပ်မှူးကြီးတို့ ဖြစ်ကြသည်။ ကျန်ရှိသော စစ်သည် (၁၂,၀၀၀) ကို ရှေ့၊ နောက်၊ ဝဲ၊ ယာ ဟူ၍ လေးပိုင်းခွဲခြားထားပြီး တစ်ပိုင်းလျှင် လက်ထောက်တပ်မှူး တစ်ဦးစီက အုပ်ချုပ်ကာ စုစုပေါင်း လက်ထောက်တပ်မှူး လေးဦး ရှိသည်။
၎င်းတို့အောက်ရှိ ရာထူးများမှာ ထောင်မှူးစုမှုးကစစ်သည် တစ်ထောင်ကို အုပ်ချုပ်ရသည်။
ရာစုမှုးမှာစစ်သည် ငါးရာကို အုပ်ချုပ်ရသည်။
ရာမှူးမှာစစ်သည် တစ်ရာကို အုပ်ချုပ်ရသည်။
အလံမှုးမှာ စစ်သည်ဆယ်ဦးကို အုပ်ချုပ်ရသည်။
ပုံမှန် တပ်စခန်းရှစ်ခုတွင် ထောင်စုမှူးဖြစ်ရန် ဟွာကျင်းအဆင့်၊ လက်ထောက်တပ်မှူးဖြစ်ရန် မဟာသွေးကြောအဆင့် နှင့် တပ်မှူးကြီးဖြစ်ရန် နက်နဲပုံရိပ်အဆင့် ရှိရန် လိုအပ်သည်။ အရံတပ်စခန်းမှာ အတွေ့အကြုံယူရန်နှင့် အရည်အချင်းရှိသူများကို မြေတောင်မြှောက်ပေးရန် ဖွဲ့စည်းထားခြင်းဖြစ်၍ သတ်မှတ်ချက်ကို တစ်ဆင့်လျှော့ထားသည်။
ချန်ဆန်းရှီသည် သူ၏ အဆင့်အတန်းနှင့် ကိုက်ညီသော ထောင်စုမှူးရာထူးကို ရရှိသည်။ ၎င်းမှာ သူ၏ အဆင့် (၅) စစ်ဘက်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သော သူရသတ္တိနှင့်ပြည့်စုံသောဗိုလ်ချုပ်နှင့်လည်း ထပ်တူကျသည်။ အတွင်းစည်းတပည့်များဖြစ်သော ချောင်ဖန်၊ လုရှုဟွာ၊ ယန်ချန်းချင်း၊ ပိုင်ထင်းကျီ၊ ရှဲ့စီရှူ တို့သည်လည်း အသီးသီး ထောင်စုမှူးများ ဖြစ်လာကြသည်။ ဝမ်ချိုးရှီမှာ သေဆုံးသွားပြီဖြစ်၍ အခြားသူတစ်ဦးက အစားထိုးဝင်ရောက်သည်။ ထန်ရင်ခမှာမူ ဒဏ်ရာမသက်သာသေးသဖြင့် ယာယီအားဖြင့် မတက်ရောက်နိုင်ပေ။
ချန်ဆန်းရှီ၏ တပ်ဖွဲ့မှာ စုပေါင်းဖွဲ့စည်းထားခြင်း ဖြစ်သည်။ ပိုယန်မှ ပါလာသူ (၄၀၀) နှင့် ယူပြည်နယ်၊ လျန်ကျိုး၊ ယန်ပြည်နယ်တို့မှ ရွေးချယ်ထားသော စစ်သည် (၆၀၀) တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ကံကောင်းသည်မှာ သူတို့အားလုံးသည် စစ်ပညာ အခြေခံရှိပြီးသားဖြစ်၍ အစကနေ ပြန်လေ့ကျင့်ပေးရန် မလိုဘဲ အချင်းချင်း ရင်းနှီးကျွမ်းဝင်အောင်သာ လုပ်ရန် လိုအပ်သည်။
"ချပ်ဝတ်တန်ဆာ အပ်နှင်းစေ"
ဖန်ချင်းယွမ် ကိုယ်တိုင် ဆင်းလာပြီး ထောင်စုမှူးတိုင်းကို သော့ချပ်ဝတ်
တစ်စုံစီ ဝေပေးသည်။ ဤချပ်ဝတ်မှာ သာမန်တပ်သားများထက် အရည်အသွေးများစွာ သာလွန်ပြီး ခန္ဓာကိုယ်တစ်ခုလုံးနီးပါးကို လုံခြုံစေသည်။ သိုင်းပညာရှင်၏ ကိုယ်ပိုင်ကာကွယ်နိုင်စွမ်းနှင့် ပေါင်းစပ်လိုက်ပါက အဆင့်နိမ့်သိုင်းပညာရှင်များ၏ တိုက်ခိုက်မှုကို ကောင်းစွာ ခုခံနိုင်သည်။ သို့သော် လူသားတို့၏ ခွန်အားမှာ အကန့်အသတ်မရှိပေ။ သိုင်းပညာနယ်ပယ် မြင့်မားလာလေလေ ဖျက်အားက ကြီးမားလာလေ ဖြစ်သည်။ သာမန်ချပ်ဝတ်များမှာ အဆင့်မြင့် ဂန်းချီ များကို မခံနိုင်တော့ပေ။ ထိုအခါမျိုးတွင် အနက်ရောင်သံမဏိ သို့မဟုတ် လေးလံသောချပ်ဝတ်များ လိုအပ်သော်လည်း ၎င်းတို့မှာ တန်ဖိုးအလွန်ကြီးမားသဖြင့် လက်ထောက်တပ်မှူးနှင့် အထက်ကိုသာ တပ်ဆင်ပေးလေ့ရှိသည်။
အချို့တပ်စခန်းများတွင် အနက်ရောင်ချပ်ဝတ် သံမဏိခြေလျင်တပ် နှင့် သံမဏိမြင်းတပ်များ ရှိသော်လည်း ၎င်းတို့မှာ အထူးရွေးချယ်ထားသော လက်ရွေးစင်များဖြစ်ပြီး ကုန်ကျစရိတ်မှာလည်း အလွန်ကြီးမားသဖြင့် အရေးကြီးသော အချိန်များတွင်သာ အသုံးပြုလေ့ရှိသည်။
ချပ်ဝတ်များပြီးနောက် ကျင့်စဉ်ကျမ်းများကို ဝေငှသည်။ အပြင်စည်းတပည့်များမှာ စာကြည့်ဆောင်တွင် စိတ်ကြိုက်ရွေးချယ်ခွင့်ရသလို၊ နက်နဲပုံရိပ်အဆင့်ရှိ တပ်မှူးကြီးများထံမှ သင်ကြားခွင့် ရရှိမည်ဖြစ်သည်။ အတွင်းစည်းတပည့်များကိုမူ ဆွန်ဒူရှန်ကိုယ်တိုင် သူတို့၏ စရိုက်လက္ခဏာနှင့် ကိုက်ညီမည့် ကျင့်စဉ်များကို ရွေးချယ်ပေးထားသည်။ ကျင့်ကြံရာတွင် အခက်အခဲရှိပါက မြို့တော်ဝန်အိမ်တော်သို့ စာရေးသား မေးမြန်းနိုင်ပြီး တစ်ဦးချင်း လမ်းညွှန်မှုများလည်း ရရှိနိုင်မည် ဖြစ်သည်။
ချန်ဆန်းရှီကဲ့သို့သော တပည့်ရင်း အတွက်မူ ဤနေရာတွင် သင်ကြားပေးမည်မဟုတ်ဘဲ ဆရာတင်ပွဲအပြီး ဘုရင်ခံအိမ်တောိတွင် ဘုရင်ခံကိုယ်တိုင် သီးသန့် တွေ့ဆုံသင်ကြားပေးမည် ဖြစ်သည်။ တပည့်အဆင့်အတန်းအလိုက် ရရှိသော အခွင့်အရေးများမှာ များစွာကွာခြားလှသည်။ ၎င်းမှာ တမင်ခွဲခြားဆက်ဆံခြင်းမဟုတ်ဘဲ လူပေါင်းတစ်ရာကျော်ကို ဘုရင်ခံကိုယ်တိုင် သင်ကြားပေးရန်မှာ မဖြစ်နိုင်သလို၊ စစ်ရေးနှင့် အုပ်ချုပ်ရေးကိစ္စများကိုလည်း ကိုင်တွယ်ဖြေရှင်းနေရသောကြောင့် ဖြစ်သည်။
ဖန်ချင်းယွမ်က အေးအေးလူလူပင် ဆက်လက်ပြောကြားသည်။ "ဒါ့အပြင် အတွင်းစည်းတပည့်တိုင်းက လက်နက်တိုက်ကနေ အံ့ဖွယ်လက်နက်
တစ်ခုစီ ရွေးချယ်နိုင်ပါတယ်။ အပြင်စည်းတပည့်တွေကတော့ စွမ်းဆောင်ရည်အလိုက် လဲလှယ်ယူနိုင်တယ်"
"ဗိုလ်ချုပ်ဖန်"
သန်မာထွားကြိုင်းသော အတွင်းစည်းတပည့်တစ်ဦးက မကျေမနပ်ဖြစ်နေသော အသံဖြင့် ကြားဖြတ်မေးမြန်းသည်။ "တခြား ကြေညာစရာ ရှိသေးလား။ ချန်ဆန်းရှီ တစ်ယောက်တည်းကိုပဲ မျက်နှာသာပေးတာမျိုး မလုပ်ပါနဲ့"
"ငါ အခုပဲ ပြောမလို့ပါ၊ မလောပါနဲ့"
ဖန်ချင်းယွမ်က ခေါင်းညိတ်ပြလိုက်သည် "နောက်ဆုံးအချက်ကတော့၊ အခု တပည့်တွေထဲမှာ အရိုးတည်ဆောက်ပုံအဆင့်A အဆင့်ရှိသူတွေဟာ သုံး
နှစ်အတွင်း တပည့်ရင်း ဖြစ်လာဖို့ အခွင့်အရေး ရှိပါတယ်။ အဲ့ဒီအတွက် သတ်မှတ်ချက်ကတော့ ရိုးရှင်းပါတယ်။ တပည့်ရင်းတစ်ယောက်ထက် အဆင့်ငယ် နှစ်ခု ကျော်လွန်သွားပြီး စစ်ရေးစွမ်းဆောင်ရည်လည်း ကောင်းမွန်မယ်ဆိုရင် သူ့ကို စိန်ခေါ်ပွဲ နွှဲနိုင်ပါတယ်။ သူကလည်း ငြင်းပယ်လို့ မရပါဘူး"
"အနိုင်ရရင် မင်းက သူ့နေရာမှာ အစားထိုးပြီး တပည့်ရင်း ဖြစ်လာမယ်။ သူ့ဆီက ရင်းမြစ်အားလုံးကလည်း မင်းဆီကို ရောက်လာလိမ့်မယ်။ ဒါကြောင့် ရွေးချယ်ရေးပွဲမှာ ရှုံးနိမ့်ခဲ့တာဟာ ယာယီပါပဲ။ အားမလျှော့ကြပါနဲ့။ ဒါက စစ်တပ်ဖြစ်တဲ့အတွက် အရာရာကို ခွန်အားနဲ့ပဲ ဆုံးဖြတ်သွားမှာပါ"
ဤစည်းကမ်းသည် လူတိုင်းကို စိတ်အားတက်ကြွစေရန် သတ်မှတ်ထားခြင်း ဖြစ်သည်။ ထိုစကားအဆုံးတွင် ချောင်ဖန်၊ လုရှုဟွာ နှင့် အခြားသူများသည် ချန်ဆန်းရှီကို ပြင်းထန်သော အကြည့်များဖြင့် ကြည့်လိုက်ကြပြီး စိန်ခေါ်သူများ ဖြစ်လာရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ကြတော့သည်။ လူအများစုအတွက်တော့ စစ်နတ်ဘုရားအဆင့် အထက်ကို တက်လှမ်းမည့် နည်းလမ်းထက် ဤသုံးနှစ်အတွင်း အကန့်အသတ်မရှိ ရရှိမည့် ကျင့်ကြံခြင်း ရင်းမြစ်များက ပို၍ အရေးကြီးနေသည် မဟုတ်ပါလား။