← Chapters

အခန်း (၁၇၄)

Vol. 16 Ch. 174

အခန်း (၁၇၄)

Vol. 16 Ch. 174

လုရှုဟွာကဲ့သို့သော ထင်ရှားကျော်ကြားသည့် ဂုဏ်သရေရှိ မျိုးရိုးကြီးများမှ ဆင်းသက်လာသူများအတွက်ပင် စစ်နတ်ဘုရားတစ်ဦး ပေါ်ထွက်လာရန်မှာ မိမိတို့ပိုင်ဆိုင်သမျှ ရင်းမြစ်အားလုံးကို ပုံအောပေးဆပ်ရုံမျှဖြင့် မလုံလောက်ပေ။ တစ်ခါတစ်ရံတွင် ကံတရား၏ မစမှုကိုပါ စောင့်ဆိုင်းရတတ်သည်။

အတိတ်ကာလက ရွေးချယ်ရေး ပြိုင်ပွဲများတွင် ချန်ပီယံဆုရရှိသူများသည် ပြိုင်ဘက်ကင်းသော စွမ်းဆောင်ရည်များဖြင့် အပြတ်အသတ် အနိုင်ယူလေ့ရှိသောကြောင့် အခြားသူများမှာ စိန်ခေါ်ရန်ပင် မဝံ့မရဲ ဖြစ်ခဲ့ကြသည်။

သို့သော် ယခုနှစ်မှာမူ ထူးခြားနေသည်။

အဘယ်ကြောင့်ဆိုသော် ချန်ဆန်းရှီသည် အတွင်သအားသန့်စင်

ခြင်းအသေးစားအောင်မြင်မှု့အဆင့်တွင်သာ ရှိနေသေးသောကြောင့် ဖြစ်သည်။ ပြိုင်ပွဲဝင်များစွာမှာ ထိုအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေကြပြီဖြစ်ရာ မကြာမီအချိန်အတွင်း မိမိတို့၏ စွမ်းအားကို အသွင်ပြောင်းလဲနိုင်တော့မည်ဖြစ်သည်။ ထို့ကြောင့် သူတို့အတွက် တပည့်ရင်း ရာထူးကို လုယူရန် အခွင့်အရေးမှာ လက်တစ်ကမ်းအကွာတွင် ရှိနေသကဲ့သို့ ခံစားနေကြရသည်။

ဆရာတင်ပွဲ ပြီးမြောက်သွားသည်နှင့် စုဝေးနေသော လူအုပ်ကြီးမှာ အသီးသီး လူစုခွဲသွားကြတော့သည်။ မနက်ဖြန်မှစ၍ သူတို့သည် စစ်တန်းလျားများသို့ နေ့စဉ်သတင်းပို့ကြရမည်ဖြစ်ပြီး လေ့ကျင့်မှုများနှင့် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ကြရတော့မည်ဖြစ်သည်။

"မင်းသား... မင်းသားက အခု ချီကို အသွင်ပြောင်းတော့မှာလား..."

ယင်ဟန်ဝမ် က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ "မင်းသား ကိုယ်တိုင်ပဲ ကျွန်တော့်ကို ပြောခဲ့ဖူးတယ်လေ ပြည့်စုံတဲ့ ရွှေကျီးကန်း နဂါးပျံဓားသိုင်းက အဆင့်ကို မြန်မြန်တက်စေနိုင်ပေမဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေတယ်ဆိုတာ။ မင်းသားက ငယ်သေးတယ်၊ နောင်တစ်ချိန်မှာ..."

"ကောင်းကင်ဘုံက ကြိုးစားသူကို မျက်နှာသာပေးတယ်"

ချောင်ဖန်က စကားဖြတ်ပြောလိုက်သည် "သူ့ထက် အဆင့်တစ်ခုသာနေပါလျက်နဲ့ ငါ မနိုင်ခဲ့ဘူး။ တကယ်လို့ ငါသာ သူ့ရဲ့ ကျော်တက်တာကို ခံလိုက်ရရင် ဒါဟာ ငါ့အတွက်တင်မကဘူး၊ ငါ့မျိုးရိုးအတွက်ပါ အရှက်ရစရာပဲ။ ဒီတော့ ငါ ဘာလို့ အစွမ်းကုန် မကြိုးစားဘဲ နေနိုင်ပါ့မလဲ"

ယခင်တိုက်ပွဲတွင် သူသည် စင်မြင့်၏ အကန့်အသတ်ဘောင်ကို အသုံးချ၍ အသာစီးရရန် ကြိုးပမ်းခဲ့ခြင်းသာ ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူ၏ ရှုံးနိမ့်မှုမှာ ယခုထက် ပို၍ မြန်ဆန်ပြီး ပို၍ပင် အရှက်ရစရာ ကောင်းနေပေလိမ့်မည်။ ထိုအသိကပင် ချောင်ဖန်၏ ရင်ထဲတွင် ဖိအားနှင့် စိတ်ဓာတ်ခွန်အားတို့ကို တစ်ပြိုင်နက်တည်း ဖြစ်ပေါ်စေခဲ့သည်။

"ဒါ့အပြင်..." ချောင်ဖန်က ဆက်ပြောသည်။

"ငါ လျန်ကျိုးကို လာခဲ့တာက ဆွန်ဒူရှန်ဆီမှာ ပညာသင်ဖို့တင် မဟုတ်ဘူး၊ စစ်တပ်ထဲမှာ ငါ့ရဲ့ အာဏာကို တည်ဆောက်ဖို့လည်း ပါတာကို မမေ့နဲ့။ တကယ်လို့ ငါသာ မြောက်ပိုင်းနယ်ခြားရဲ့ စစ်အာဏာကို ချုပ်ကိုင်နိုင်ခဲ့ရင် ငါ့ရဲ့ အဆင့်အတန်းက ပိုပြီး ခိုင်မာသွားလိမ့်မယ်"

တော်ဝင်မိသားစုဝင်များကြားတွင် အာဏာလုပွဲမှာ ရှောင်လွှဲ၍ မရနိုင်ပေ။ အိမ်ရှေ့မင်းသားနေရာကို ထားရှိဦး၊ မင်းသားတစ်ပါး၏ အဆင့်အတန်းမှာပင် အမြဲတမ်း ခြိမ်းခြောက်ခံနေရတတ်သည်။ သူ့မှာလည်း ပြိုင်ဘက် ညီအစ်ကိုများစွာ ရှိနေသည် မဟုတ်ပါလား။

"ဟန်ဝမ်... မင်း နားမလည်ပါဘူး"

ချောင်ဖန်က ခါးသီးသော အပြုံးဖြင့် ဆိုသည် "ငါတို့ ချောင်မျိုးနွယ်တွေဟာ မြင့်မြတ်တဲ့ မျိုးရိုးနဲ့ မွေးဖွားလာကြပေမဲ့ ဝန်ထုပ်ဝန်ပိုးတွေလည်း ကြီးမားလှတယ်။ တစ်ခါ ရှုံးနိမ့်သွားတာနဲ့ ရာထူးတင်မကဘူး၊ တစ်ဘဝလုံးရဲ့ ပိုင်ဆိုင်မှုနဲ့ အသက်ပါ ဆုံးရှုံးသွားနိုင်တယ်။ အဲဒီတော့ ငါတို့က ဘာလို့ အစွမ်းကုန် မတိုက်ခိုက်ဘဲ နေမလဲ"

"မင်းသား" ယင်ဟန်ဝမ်က လက်သီးကို တင်းတင်းဆုပ်ကာ သစ္စာဆိုသည်။ "ကျွန်တော် ယင်ဟန်ဝမ်က မင်းသားအတွက် အသက်ပေးပြီး အလုပ်အကျွေးပြုသွားပါ့မယ်"

"ဟန်ဝမ်... သီးသန့်ရှိနေချိန်မှာ ငါ့ကို မင်းသားလို့ မခေါ်ပါနဲ့အစ်ကိုဖန် လို့ပဲ ခေါ်ပါ။ တကယ်လို့ ငါသာ အဲဒီအဆင့်မြင့်တဲ့ နေရာကို ရောက်သွားခဲ့ရင် မင်းက ငါ့ရဲ့ လက်ရုံးတစ်ဆူ ဖြစ်နေဦးမှာပါ"

ချောင်ဖန်သည် ထွက်ခွာသွားသော ချန်ဆန်းရှီ၏ ကျောပြင်ကို ကြည့်ရင်း သူ၏ နဂါးစိမ်းဓားကို မြေကြီးထဲသို့ လက်မဝက်ခန့် နက်ဝင်သွားသည်အထိ တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူသည် အစွမ်းကုန်ကြိုးစားပြီး အနိုင်ယူမည်ဟု သန္နိဋ္ဌာန်ချထားပြီ ဖြစ်သည်။

"ညီငယ်လေး... ဝင်ခဲ့ပါ"

ဘုရင်ခံအိမ်တော် တံခါးဝတွင် ဖန်ချင်းယွမ် က ပြုံးလျက် ကြိုဆိုသည်။ "ဆရာက မင်းကို နောက်ဖေးခြံဝင်းထဲမှာ စောင့်နေတယ်"

ချန်ဆန်းရှီသည် ဝှီးချဲကို အစေခံလက်ထဲမှ ယူလိုက်ပြီး ဖန်ချင်းယွမ်ကို ကိုယ်တိုင်တွန်း၍ အထဲသို့ ဝင်လာခဲ့သည်။ အိမ်တော်၏ တံခါးခုံကို ကျော်လိုက်သည်နှင့် သူ၏ ရင်ထဲတွင် မည်သို့မှ ဖော်ပြ၍ မရသော စိတ်လှုပ်ရှားမှုတို့ ကိန်းအောင်းလာသည်။

အိမ်တော်အတွင်းရှိ အစေခံများနှင့် အိမ်ဖော်များမှာ စည်းကမ်းရှိကြသော်လည်း အခြားအိမ်တော်များကဲ့သို့ ဖိနှိပ်ချုပ်ချယ်ခံထားရသည့် အရိပ်အယောင်မျိုး မရှိပေ။ သူတို့သည် ကျွန်များထက် အိမ်သားများကဲ့သို့ ပို၍ နွေးထွေးနေကြသည်။

ခြံဝင်းတစ်ခုကို ဖြတ်သန်းစဉ် စာဖတ်သံများကို ကြားလိုက်ရသည်။

"အိမ်တော်မှာ ကိုယ်ပိုင်ကျောင်း ရှိတယ်" ဖန်ချင်းယွမ်က ရှင်းပြသည်။ "အိမ်ဖော်တွေရော၊ အစေခံတွေရော ဒီမှာ ပညာသင်ကြားနိုင်တယ်။ တကယ်လို့ သူတို့က အိမ်တော်ရဲ့ စာမေးပွဲတွေကို အောင်မြင်ရင် ကျွန်အဆင့်ကနေ လွတ်မြောက်ပြီး အစိုးရစာမေးပွဲတွေ ဝင်ဖြေနိုင်သလို၊ သိုင်းပညာကိုလည်း လေ့လာခွင့်ရှိတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး မြို့တော်ကနေ ဒါကို သံသယဝင်လာကြလို့ ခေတ္တရပ်နားထားရတယ်"

"ဘာလို့ ဘာမှမပြောတာလဲ ညီငယ်လေး။ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံကြားက တင်းကျပ်တဲ့ အဆင့်အတန်းခွဲခြားမှုတွေ ရှိရမယ်ဆိုတဲ့ စံနှုန်းတွေနဲ့ ကွဲလွဲနေလို့ အံ့သြသွားတာလား"

"အင်း..." ချန်ဆန်းရှီ ခေါင်းညိတ်လိုက်သည်။

"တကယ်ကို အံ့သြစရာပါပဲ"

"တကယ်တော့ ဆရာကိုယ်တိုင်ကလည်း ကျွန်ဘဝကနေ လာခဲ့တာလေ။ နာခံမှုမရှိလို့ အရိုက်ခံရပြီး သေလုနီးပါး ဖြစ်ခဲ့ဖူးတယ်။ ကံကောင်းလို့ အခုလက်ရှိ ဧကရာဇ်မင်းမြတ်က သူ့ကို ကယ်တင်ပေးခဲ့ပြီး သိုင်းပညာသင်ယူခွင့် ပေးခဲ့လို့ အခုလို အဆင့်အတန်းကို ရောက်လာခဲ့တာ။ ဒါပေမဲ့ ဆရာက တစ်ခါမှ မပျော်ရွှင်ခဲ့ဘူး။ ရာထူးတက်လာလေလေ၊ လောကကြီးကို ပိုမြင်လာရလေလေ၊ မပျော်ရွှင်မှုတွေက ပိုများလာလေလေပဲ"

"နောက်ပိုင်းမှာ ဆရာက မသေမျိုးတစ်ပါးနဲ့ ဆုံတွေ့ခဲ့ပြီး အသိဉာဏ်ပွင့်လင်းသွားခဲ့တယ်။ အဲဒီနောက်ပိုင်းမှ အိမ်တော်ကို ဒီလိုပုံစံ ပြောင်းလဲပစ်လိုက်တာအဲဒီအချိန်ကစပြီး ဆရာ့စိတ်တွေ ပိုပြီး ကြည်လင်လာခဲ့တာပဲ"

"မသေမျိုးလား" ချန်ဆန်းရှီက အရေးကြီးသော စကားလုံးကို ဖမ်းဆုပ်

လိုက်သည်"ဒီလောကမှာ မသေမျိုးတွေ တကယ်ရှိတာလား၊ ပြီးတော့... ဆရာက သူတို့ကို တကယ်ပဲ ဆုံတွေ့ခဲ့တာလား"

All Chapters