← Chapters

အခန်း (၁၇၅)

Vol. 16 Ch. 175

အခန်း (၁၇၅)

Vol. 16 Ch. 175

"သူဟာ တကယ့်မသေမျိုးတစ်ပါး ဖြစ်နိုင်ပါတယ်၊ အနည်းဆုံးတော့ ဆရာက သူ့ကို အဲဒီလိုပဲ ခေါ်လေ့ရှိတယ်"

ဖန်ချင်းယွမ် က လွမ်းမောတသသော လေသံဖြင့် ပြန်လည်ပြောပြသည်။ "ဆရာ့ဘဝရဲ့ လူပျိုဘဝ၊ လူလတ်ပိုင်းနဲ့ အသက်ကြီးပိုင်း အချိန်ကာလ သုံးခုမှာ သူက က သုံးကြိမ်တိုင်တိုင် ပေါ်လာခဲ့တယ်။ ပေါ်လာတိုင်းလည်း ဆရာ့ရဲ့ စိတ်ထဲက သံသယနဲ့ ဝေခွဲမရဖြစ်မှုတွေကို ရှင်းလင်းပေးခဲ့တယ်"

"သူက ကျင့်စဉ်ပိုင်းမှာ ဘာအကူအညီမှ မပေးခဲ့ဘူး အဆင့်တက်အောင်လည်း မလုပ်ပေးခဲ့ဘူး"

"ဒါပေမဲ့ သူပေးခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ သိမြင်မှုတွေကတော့ အတိုင်းအဆမရှိ ကြီးမားလွန်းပါတယ်။ ဆရာက ပြောဖူးတယ်... နတ်သမီးမေနဲ့သာ မဆုံခဲ့ရင် သူ ဒီနေ့အထိ တောင့်ခံနိုင်မှာ မဟုတ်ဘူးတဲ့။ ကျွန်တော်သာ အခွင့်အရေးရရင် နတ်သမီးမေကို ကိုယ်တိုင်ကိုယ်ကျ တစ်ခါလောက် ဂါဝရပြုချင်မိတယ်"

"ကျင့်စဉ်တိုးတက်အောင် မကူညီဘူးတဲ့လား..."

ချန်ဆန်းရှီက သိလိုစိတ်ဖြင့် မေးလိုက်သည်။ သူ့လေသံမှာ ထိုသူသည် မသေမျိုးတစ်ပါးထက် စိတ်ပိုင်းဆိုင်ရာ အကြံပေးနိုင်သည့် ပညာရှိရဟန်းတစ်ပါးနှင့် ပိုတူနေသည်ဟု ထင်မြင်နေပုံရသည်။

"သူ့ရုပ်သွင်က ဘယ်တော့မှ မအိုမင်းဘူးလေ" ဖန်ချင်းယွမ်က အလေးအနက် ပြောသည်။ "ဆရာ့ရဲ့ အသက်အရွယ်မှာ ဆရာက လူတွေအများကြီး သေဆုံးသွားတာကို မြင်ခဲ့ရပြီ။ ဒါပေမဲ့ နတ်သမီးမေနဲ့ တွေ့တိုင်း သူကတော့ နုပျိုမြဲ နုပျိုနေတုန်းပဲ"

"ဒါဆိုရင် ဒီလောကမှာ မသေမျိုးတွေ တကယ်ရှိတာပေါ့..." ချန်ဆန်းရှီ တွေးတောနေမိသည်။ ဧကရာဇ်အိုကြီး မသေမျိုးနှင့် ဆုံတွေ့ခဲ့သည်ဟူသော ကောလာဟလမှာလည်း မှန်ကန်နိုင်ချေ ရှိပေသည်။

"မောင်ငယ်လေး..."

အေးစက်စက် အမျိုးသမီးအသံတစ်ခုက ချန်ဆန်းရှီ၏ အတွေးတို့ကို ဖြတ်တောက်လိုက်သည်။ သူ မော့ကြည့်လိုက်သောအခါ ပန်းရောင်ခြည်ပါသော အဖြူရောင် ဝတ်စုံကို ဆင်မြန်းထားသည့် ဆွန်လီ ကို တွေ့လိုက်ရသည်။ သူမသည် ရိုသေစွာ နှုတ်ဆက်လိုက်သဖြင့် ချန်ဆန်းရှီမှာ ခဏတာ ကြောင်သွားပြီး သူမကိုပင် မမှတ်မိနိုင်အောင် ဖြစ်သွားရသည်။

"အစ်မကြီး... ကျွန်တော့်ကို အဲဒီလောက်အထိ အလေးထားစရာမလိုပါဘူး" ချန်ဆန်းရှီ အနည်းငယ် ပျာယာခတ်သွားသည်။ ဆွန်လီတွင် ဤကဲ့သို့ နူးညံ့သိမ်မွေ့သော အမျိုးသမီးကောင်းလေးတစ်ဦး၏ ပုံစံရှိနေလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးပေ။ အပြင်လောကက သူမနှင့် လုံးဝ တခြားစီပင်။

မှန်ပါသည်။ အမလန် ပြောခဲ့ဖူးသလိုပင် ဆွန်လီသည် ဒဏ်ရာအမာရွတ်တွေအတွက် စိုးရိမ်ပြီး ငိုတတ်သည့် မိန်းကလေးတစ်ယောက် ဖြစ်နေဆဲပင်။

"သူက မနှစ်ကမှ သိုင်းစသင်တာပါ။ အရင်ကဆို အပြင်တောင် ထွက်လေ့မရှိဘူး၊ စစ်မြေပြင်ဆိုတာ ပိုတောင် ဝေးသေးတယ်" ဖန်ချင်းယွမ်က ဆက်ပြောသည်။ "သိုင်းလောကဆိုတာ နာကျင်မှုနဲ့ စိုးရိမ်ရမှုတွေ ပြည့်နှက်နေတာလေ၊ အစကတော့ ဘယ်သူမှ သူ့ကို မသင်ပေးချင်ကြဘူး။ ဒါပေမဲ့ သူက နေ့တိုင်း လာပူဆာနေတော့မှ ငါကပဲ ဓားသိုင်း စသင်ပေးလိုက်ရတာ"

ထိုသို့ပြောစဉ် ဖန်ချင်းယွမ်၏ လေသံမှာ ပုံမှန် တည်ငြိမ်နေသည့် ပုံစံနှင့် မတူဘဲ ပြောင်းလဲသွားသည်။ "ညီငယ်... ငါက အခု ခြေမသန်တော့ဘူးဆိုပေမဲ့ အထင်မသေးနဲ့ဦးနော်။ ငါ ငယ်ငယ်ကဆိုရင် တပ်စခန်းရှစ်ခုလုံးမှာ ထိပ်တန်းပါရမီရှင်ပဲ၊ ဂိုဏ်းချုပ်ကြီးတောင် ငါ့ကို မယှဉ်နိုင်ဘူး"

"ဒါကတော့ သိသာပါတယ် အစ်ကိုကြီး" ချန်ဆန်းရှီ စိတ်ထဲကနေ ခေါင်းညိတ်မိသည်။ မဟုတ်ပါက ခြေမသန်တော့သည့်တိုင်အောင် ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ပေးခံရပြီး လက်အောက်ငယ်သားတွေက အသက်ပေးကာ သစ္စာစောင့်သိနေကြလိမ့်မည် မဟုတ်ပေ။

"ရောက်ပြီ"

မုခ်ဦးတစ်ခုကို ဖြတ်ကျော်ပြီးနောက် ကျောက်စရစ်ခဲလမ်းအတိုင်း လျှောက်လာရာ အဆုံးမရှိ ကျယ်ပြောလှသော ကန်ကြီးတစ်ခုသို့ ရောက်ရှိလာသည်။ ဆွန်ဒူရှန်သည် ကျောက်ဆောင်တစ်ခုပေါ်တွင် ထိုင်လျက် ငါးမျှားတံကို ကိုင်ထားသည်။

"ဆရာ"

ချန်ဆန်းရှီက အမြန်ပြင်လိုက်ကာ "တပည့်က ဆရာ့ကို ဂါရဝပြုပါတယ်"

"တိုးတိုးနေ" ဆွန်ဒူရှန်က ဆိုသည်။ ငါးမျှားတံကို အသာအယာ ချထားပြီးနောက် အနားရှိ ဇရပ်သို့ လာခဲ့ရန် အချက်ပြသည်။

ဇရပ်အလယ်ရှိ ကျောက်စားပွဲပေါ်တွင် စာအုပ်များမှာ တောင်ပုံရာပုံ ရှိနေသည်။ ချန်ဆန်းရှီ တစ်ချက်ကြည့်လိုက်ရုံနှင့် ၎င်းတို့မှာ အမျိုးမျိုးသော လျှို့ဝှက်ကျင့်စဉ်ကျမ်းများ ဖြစ်ကြောင်း သိလိုက်သည်။ သူသည် ဖျတ်လတ်စွာပင် ဆရာ့အတွက် လက်ဖက်ရည်ကို ဦးအောင် ငှဲ့ပေးလိုက်သည်။ "ဆရာ... လက်ဖက်ရည် သောက်ပါဦး"

စိတ်ရင်းအရရော၊ ကျင့်ဝတ်အရရော ဤသို့ပြုလုပ်ခြင်းက မှန်ကန်သည်။ ဆရာဖြစ်သည်ကို ထားဦး၊ ဆွန်ဒူရှန်သည် သူ့အသက်ကို ကယ်တင်ခဲ့သူ မဟုတ်ပါလား။

"အင်း"

ဆွန်ဒူရှန်က လက်ဖက်ရည်အိုးကို ကြည့်ရင်း မထူးခြားသလို မေးလိုက်

သည် "မင်းနဲ့ မင်းရဲ့ ဇနီးသည်က တော်တော်လေး သံယောဇဉ်ကြီးတယ်လို့ ကြားတယ်"

"ဟုတ်ပါတယ် ဆရာ" ချန်ဆန်းရှီက အမှန်အတိုင်း ဖြေလိုက်သည်။

"ဟုတ်လို့လား"ဆွန်ဒူရှန်က မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

"ငါကတော့ မင်းရဲ့ အနာဂတ်အတွက် အထောက်အကူဖြစ်မယ့် ဂုဏ်သရေရှိ အမျိုးသမီးတစ်ယောက်ကို ရှာပေးပြီး၊ မင်းရဲ့ အခုဇနီးကို မယားငယ်အဖြစ် ပြောင်းထားဖို့ စဉ်းစားနေတာ"

"ဆရာ့ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျွန်တော် မလိုအပ်ပါဘူး" ချန်ဆန်းရှီက လက်သီးစုပ်လျက် တည်ကြည်စွာ ဆိုသည်။ "ကျွန်တော့်ဇနီးက ကျွန်တော် ထမင်းတောင် မဝအောင် စားခဲ့ရတဲ့ အချိန်ကတည်းက အနားမှာ ရှိခဲ့တာပါ။ အခု ကျွန်တော် နည်းနည်း အောင်မြင်လာတာနဲ့ သူ့ကို စွန့်ပစ်လိုက်ရင် ကျွန်တော်ဟာ ကျေးဇူးကန်းတဲ့ လူတစ်ယောက် ဖြစ်မသွားဘူးလား"

သူ ပြောရင်းနှင့် တစ်ခုခု မှားနေသည်ကို သတိထားမိလိုက်သည်။ အဘယ်ကြောင့် ဆရာက ဤအကြောင်းအရာဖြင့် စကားစလာရသနည်း။

"ကောင်းတယ်... ကောင်းတယ်" ဆွန်ဒူရှန်က လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း မျက်နှာသေဖြင့် ဆိုသည်။ ထို့နောက် ချက်ချင်းပင် စကားလမ်းကြောင်း လွှဲလိုက်သည်။ "မသေမျိုးရှာဖွေရေးမျှော်စင်က လူတွေ မင်းကို လာရှာကြသေးလား"

"ဟုတ်ကဲ့၊ သူတို့က ကျွန်တော့်ကို နီရောင်လက်မျှော်စင် မှာ တွေ့ဖို့တောင် ချိန်းထားကြပါတယ်" ချန်ဆန်းရှီက ပြန်ဖြေရင်း မေးလိုက်သည်။ "ဆရာ သူတို့ကို ဘယ်လို ကိုင်တွယ်လိုက်သလဲဆိုတာ မသိရသေးလို့ပါ"

"သူတို့ကို လွှတ်ပေးလိုက်တယ်" ဖန်ချင်းယွမ်က ကြားဖြတ်ဖြေသည်။

"ညီငယ်... မင်း သူတို့ကို တွေ့ချင်ရင် နီရောင်လက်မျှော်စင် ကို သွားလို့ရပါတယ်။ သူတို့ မင်းကို ဒုက္ခမပေးတဲ့အပြင် အကျိုးကျေးဇူးတောင် ပေးနိုင်ပါသေးတယ်"

"ဟုတ်ကဲ့" ချန်ဆန်းရှီ မှတ်သားထားလိုက်သည်။

"ကဲ... အခု အလုပ်ကိစ္စ ပြောရအောင်" ဆွန်ဒူရှန်က လက်ဖက်ရည်ကို တစ်ငုံ၊ နှစ်ငုံ သောက်လိုက်ပြီးနောက် "ငါ့တပည့်... မင်း ဘာဖြစ်လို့ ငါ့ကို ဆရာအဖြစ် တင်ဖို့ တောင်းဆိုခဲ့တာလဲဆိုတာ ပြောပြပါဦး"

"အစကတော့ သူတစ်ပါး အနိုင်ကျင့်တာ မခံချင်လို့ပါ" ချန်ဆန်းရှီက တွန့်ဆုတ်မနေဘဲ ဖြေသည်။ "အခုကတော့ သိုင်းပညာလမ်းစဉ်မှာ ပိုပြီး ဝေးဝေးရောက်ချင်လို့ပါ။ ဆရာ့မှာ မသေမျိုးကျင့်စဉ်ရှိတယ်ဆိုတဲ့ ကောလာဟလကို ကြားဖူးပါတယ် အခွင့်အရေး ရမယ်ဆိုရင် ကျွန်တော်လည်း သင်ယူချင်ပါတယ်"

ဆွန်ဒူရှန်နှင့် ဖန်ချင်းယွမ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် တစ်ပြိုင်နက်တည်း ရယ်မောလိုက်ကြတော့သည်။

"ကောင်းတယ်ကွာ... မင်းက တော်တော် ပွင့်လင်းတာပဲ"

"တချို့လူတွေလို မဟုတ်ဘူး စိတ်ထဲကတော့ အကျိုးအမြတ် လိုချင်နေပြီး ပါးစပ်ကတော့ တရားဓမ္မတွေ၊ လူမှုရေးတွေ ရွတ်နေတာမျိုး အဲဒီလိုလူတွေကို ကြားရတာ ငါ စိတ်ရှုပ်လှပြီ။ တစ်ခုခု သင်ချင်ရင် ပွင့်ပွင့်လင်းလင်း ပြောတာက အကောင်းဆုံးပဲ"

ဆွန်ဒူရှန်က ဆက်မေးသည် "ဒါဆို မင်းကို ငါ မေးမယ်။ တကယ်လို့ တစ်နေ့မှာ မင်းက တကယ့်ကို မြင့်မားတဲ့ အဆင့်ကို ရောက်သွားခဲ့ရင် ဘာလုပ်မှာလဲ"

"မသိပါဘူး ဆရာ" ချန်ဆန်းရှီက ပွင့်လင်းစွာ ဆိုသည်။

"ကျွန်တော် မစဉ်းစားရသေးဘူး"

"မစဉ်းစားရသေးဘူး... ဟုတ်တယ်၊ ငါ မင်းအရွယ်တုန်းကလည်း ဒါကို မစဉ်းစားခဲ့ဖူးဘူး ဒါက မင်းအတွက်တော့ ခက်ခဲတဲ့ မေးခွန်းပဲ" ဆွန်ဒူရှန်က ထပ်မေးပြန်သည်"ဒါဆို မင်းရဲ့ အားနည်းချက်က ဘာလို့ ထင်သလဲ"

"ကျွန်တော်..."

ချန်ဆန်းရှီ တွေးတောလိုက်ပြီး"မိန်းမမက်တာထင်ပါတယ်"

"..."

ဆွန်ဒူရှန်ကိုင်ထားသော လက်ဖက်ရည်ခွက်မှာ အနည်းငယ် တုန်ခါသွားတော့သည်။

"ဆရာ..."

ဖန်ချင်းယွမ်က ကြားဝင်ရှင်းပြသည် "လူပျိုလူရွယ်ဆိုတာ ဒီလို ဆန္ဒတွေ ပြင်းပြတာ သဘာဝပါပဲ။ အလှအပဆိုတာ လူတိုင်း နှစ်သက်တာပဲလေ။ ကျွန်တော် ငယ်ငယ်တုန်းကလည်း ဒီလိုပဲ အချစ်ရေးတွေ ရှုပ်ထွေးခဲ့လို့ ဆရာ့ကို ဒုက္ခပေးခဲ့ဖူးတာ မဟုတ်လား"

"ပါးစပ်ပိတ်ထားစမ်း ငါ ငယ်ငယ်တုန်းက မင်းတို့လို မဟုတ်ဘူး၊ ငါက သိုင်းပညာကိုပဲ အာရုံစိုက်ခဲ့ပြီး မိန်းမတွေနဲ့ ဝေးဝေးနေခဲ့တာ" ဆွန်ဒူရှန်က သူတို့ကို စိုက်ကြည့်လိုက်ပြီး "အဲဒါကို ပြင်ပါ၊ မိန်းမမက်တာက တကယ့်ကို ကြီးမားတဲ့ ပြဿနာပဲ"

All Chapters