← Chapters

အခန်း (၁၆၇)

Vol. 16 Ch. 167

အခန်း (၁၆၇)

Vol. 16 Ch. 167

သူကတော့ ဝမ်ချိုးရှီရဲ့ ဖခင် ဝမ်ကျစ်(အရင်က ဝမ်ကျိလို့ပြန်မိပါတယ်)ပင် ဖြစ်သည်။

ထိုလူသည် လမ်းဘေးတွင် ရပ်နေရင်း ချန်ဆန်းရှီကို သွေးကြောမျှင်များ ယှက်သန်းနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ပေပေါင်းများစွာ ကွာဝေးနေသော်လည်း ပြင်းထန်လှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ခံစားနေရသည်။

သြဇာကြီး မိသားစုတွေ ၊ ဂိုဏ်းတွေနဲ့ ဂိုဏ်းစတားတွေဟာ တကယ်ကို ဖိနှိပ်လွန်းလှသည်။ သူတို့ရဲ့ သားသမီးတွေက မင်းကို လာအနိုင်ကျင့်မယ်၊ သတ်မယ်ဆိုရင် ဘာပြဿနာမှမရှိဘဲ၊ မင်းဘက်ကသာ ပြန်ခုခံမယ်၊ ဒူးထောက်မတောင်းပန်ဘူးဆိုရင်တော့ မင်းအတွက် ဘေးဒုက္ခတွေ ဆိုက်ရောက်လာတော့တာပါပဲ။

စစ်နတ်ဘုရား ဖြစ်နေရင်လည်း ဖြစ်ပါစေပေါ့..

ချန်ဆန်းရှီတွင် ကြောက်ရွံ့စိတ် အလျဉ်းမရှိပေ။

ဒီလူက ဤနေရာတွင် ဗြောင်ကျကျ ရပ်နေလေလေ သူသည် လက်ရှိတွင် လက်လှမ်းမဝံ့သေးဘဲ ခြိမ်းခြောက်ရုံသာ တတ်နိုင်သည်ကို ပိုပြနေလေလေဖြစ်သည်။

"ဒါတောင်မှ... ငါ့ရဲ့ ကျင့်စဉ်ကို အရှိန်မြှင့်မှ ဖြစ်မယ်"

ပိုယန်မှာတုန်းကလိုပဲ အရာရာကို လွှမ်းမိုးနိုင်ဖို့အတွက် အနည်းဆုံး အတွင်းအားသန့်စင်ခြင်းအဆင့် လိုအပ်ခဲ့သည်။ ယခု လျန်ကျိုးမှာမူ ဆွန်ဒူရှန်ကို ခေတ္တဘေးဖယ်ထားလျှင်တောင် အနည်းဆုံး စစ်နတ်ဘုရားအဆင့်တော့ ရှိမှ ဖြစ်ပေမည်။

ခရီးကတော့ ရှည်လျားပင်ပန်းလှဦးမည်..

မထွက်ခွာမီက စတုတ္ထစီနီယာအစ်ကို ဖန်ချင်းယွမ် သတိပေးခဲ့သည်မှာ တစ်စုံတစ်ယောက်က သူ့ကို လာရှာလိမ့်မည်ဟူ၍ ဖြစ်သည်။ ၎င်းမှာ ဝမ်ကျစ်ကို ဆိုလိုခြင်းလော၊ သို့မဟုတ် အခြားတစ်ယောက်လော။

"သခင်ကြီး ပြန်လာပြီလား~"

စီချင် က တံခါးဝတွင် ဆီးကြိုနှုတ်ဆက်သည်။

ချန်ဆန်းရှီသည် မြင်းပေါ်မှ ဆင်းပြီး ဆေးခန်းအဖြစ် အသုံးပြုသည့်နေရာသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။ ခြံဝင်းထဲရှိ ထင်းဂိုဒေါင်ကို ဆေးခန်းအဖြစ် အသွင်ပြောင်းထားပြီး စီချင်နှင့် မိုဟွာတို့ကို သူရေးပေးလိုက်သော ဆေးညွှန်းအတိုင်း ဆေးဝါးများစွာ ဝယ်ယူခိုင်းထားသည်။ သူသည် အမလန်၏ ကျန်းမာရေးအတွက် ဆေးရည်များကို ကိုယ်တိုင် ပြင်ဆင်ပေးရင်း တစ်ဖက်တွင်လည်း ဆေးပညာ ကျွမ်းကျင်မှုကို လေ့ကျင့်နေသည်။

[ကျွမ်းကျင်မှု့ - ဆေးပညာ-လူသား(ကျွမ်းကျင်အဆင့်)]

[တိုးတက်မှု့ - ၂၉၁/၁၀၀၀]

"ဒီကျွမ်းကျင်မှုက စာသင်တာနဲ့ အတူတူပဲ အဆင့်တစ်ခု ရောက်သွားရင် တိုးတက်မှုက အရမ်းနှေးသွားတယ်။ ပိုပြီး အဆင့်မြင့်တဲ့ ဆေးပညာတွေကို ဆက်လေ့လာရမယ်"

လျန်ကျိုးသို့ ရောက်ရှိလာပြီးနောက် သူ၏ သိုင်းပညာအမြင်မှာ သိသိသာသာ တိုးတက်လာရုံသာမက ဆေးပညာအပေါ် နားလည်မှုမှာလည်း အမြင်သစ်များ ရရှိခဲ့သည်။

အမှန်တကယ် ကျွမ်းကျင်သော ဆရာဝန်များသည် ဆေးဖော်စပ်ရာတွင် 'ချီ' သို့မဟုတ် 'ဂန်းချီ' ကို အသုံးပြု၍ ဆေး၏ အဆိပ်အတောက်ကို လျှော့ချနိုင်သည်ဟု ဆိုကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သိုင်းသမားများသည် အားဖြည့်ဆေးများကို အချိန်တိုအတွင်း ပိုမိုစုပ်ယူနိုင်ပေလိမ့်မည်။

ရတနာဆေးဝါး များ ဖော်စပ်ရာတွင် ထိုကဲ့သို့သော လုပ်ငန်းစဉ်များ ပါဝင်သည်။ ၎င်းမှာ ဆေးဖက်ဝင်အပင်၏ သက်တမ်းသာမက ဆရာဝန်၏ နည်းပညာအပေါ်တွင်လည်း တင်းကြပ်သော လိုအပ်ချက်များ ရှိနေသည်။

သို့သော် 'ချီ' ကို အသုံးပြု၍ ဆေးထုတ်ယူသည့် နည်းပညာမှာ လေ့လာရန် အချိန်အလွန်ပေးရပြီး ရရှိသည့် အကျိုးကျေးဇူးမှာလည်း သိပ်မသိသာလှဟု ဆိုကြသည်။ ထို့ကြောင့် အများစုမှာ သာမန်ဆရာဝန်များအဖြစ်သာ ကျန်ရစ်ကြပြီး၊ ကျင့်စဉ်အဆင့် တက်လှမ်းရန် မျှော်လင့်ချက်မရှိတော့ဘဲ ဤလမ်းစဉ်ကို စိတ်ဝင်စားသူ အနည်းငယ်သာ စမ်းသပ်လေ့ရှိကြသည်။

လျန်ကျိုးစစ်တပ်အတွင်းတွင်မူ မဟာသွေးကြောအဆင့်ရှိသော အဖိုးတန် ဆေးဆရာနှစ်ဦး ရှိနေသည်။

"ဆရာတင်ပွဲပြီးရင် သူတို့ဆီက လမ်းညွှန်ချက် တောင်းကြည့်ရမယ်"

...

"အကိုရှီ... ယောက်ျားလေး လိုချင်တာလား၊ မိန်းကလေး လိုချင်တာလား"

ညဖက် ကုတင်ပေါ်တွင် လှဲလျောင်းနေစဉ် ဂူရှင်းလန်က သူ၏ လက်မောင်းကို ဖက်တွယ်ရင်း တိုးတိုးလေး မေးလိုက်သည်။

"နှစ်ယောက်လုံး လိုချင်တာပေါ့"

ချန်ဆန်းရှီက ပြန်ဖြေသည် "အနည်းဆုံးတော့ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိရမှာ မဟုတ်လား"

ဂူရှင်းလန်က "တကယ်လို့ အမြဲတမ်း သားတွေချည်းပဲ၊ ဒါမှမဟုတ် သမီးတွေချည်းပဲ ဖြစ်နေရင်ကော" ဟု ထပ်မေးသည်။

"ဒါဆိုရင်လည်း အများကြီး ထပ်မွေးကြတာပေါ့"

"ကျွန်မက ကလေးမွေးစက်မှ မဟုတ်တာ... အင်း... အကိုရှီ၊ လက်က ဘယ်ကို ရောက်နေတာလဲ။ ကျွန်မမှာ ကိုယ်ဝန်ရှိနေတာလေ၊ မရဘူးဆိုတာ မေ့သွားပြီလား"

"သိပါတယ်၊ ငါ ဘာမှမလုပ်ပါဘူး"

ဝုန်း——

"အား.."

ခြံရှေ့ဝင်းဆီမှ စူးရှသော အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

စီချင်..

ချန်ဆန်းရှီသည် နံရံမှ လေးနှင့်မြားကို ဆွဲယူကာ၊ ထောင့်ရှိ လှံရှည်ကို ကိုင်လျက် အပြင်သို့ ပြေးထွက်သွားသည်။ "ဘာဖြစ်တာလဲ"

"သခင်ကြီး... ဟိုမှာ၊ ဟိုမှာ လူတစ်ယောက်"

စီချင်၏ အသံမှာ တုန်ရီနေပြီး ခေါင်မိုးစွန်းကို ညွှန်ပြသည် "ဟိုအပေါ်မှာ လူတစ်ယောက် ရပ်နေတာ ခုနတင် ခြံထဲကို ပစ္စည်းတွေနဲ့ ပစ်ပေါက်သွားတယ်"

ဘုန်း..

နဂါးဆင်သွေး နှင့် ငှက်မွှေးကဲ့သို့ ပေါ့ပါးခြင်းစွမ်းရည်ကို ပေါင်းစပ်ကာ ချန်ဆန်းရှီသည် ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်သည်။ အဝေးတွင် မှောင်မိုက်သော ညယံထဲသို့ ပြေးဝင် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ပုံရိပ်တစ်ခုကို သူ မြင်လိုက်ရသည်။

သူသည် ခါးကြားမှ မြားအိတ်ထဲတွင် လေချွန်မြားများ ပါမပါ စစ်ဆေးပြီးနောက် နောက်မှ ထပ်ကြပ်မကွာ လိုက်လံ ဖမ်းဆီးတော့သည်။

လျန်ကျိုးသည် မကြာသေးမီက သေဆုံးမှုများစွာ ကြုံတွေ့ထားရသဖြင့် လုံခြုံရေးမှာ အလွန်တင်းကြပ်နေသည်။ ရှေ့ကလူက မည်သည့် အဆင့်မှာပဲ ရှိနေပါစေ၊ သူက လေချွန်မြားကို ကောင်းကင်သို့ ပစ်လွှတ်လိုက်သည်နှင့် မြို့စောင့်တပ်များစွာ ချက်ချင်း ရောက်ရှိလာပြီး ဝိုင်းရံပိတ်ဆို့ နှိမ်နင်းကြပေလိမ့်မည်။

ချန်ဆန်းရှီ၏ အရှိန်မှာ တစ်ဖက်လူထက် မနိမ့်သော်လည်း၊ တစ်ဖက်လူက အစောကြီး ကြိုထွက်သွားသဖြင့် ခြေလှမ်း ရာဂဏန်းခန့် ကွာဝေးနေသည်။ ထို့ပြင် ထိုလူမှာ လျန်ကျိုးမြို့၏ လမ်းအကွေ့အကောက်များကို အလွန်ကျွမ်းကျင်ပုံရသဖြင့် လမ်းထောင့်တစ်ခုအရောက်တွင် အရိပ်အယောင် ပျောက်ကွယ်သွားတော့သည်။

"ဘယ်သူလဲ"

သူသည် ခေါင်မိုးပေါ်တွင် ရပ်ရင်း တွေးတောနေမိသည်။

မိစ္ဆာဂိုဏ်း တော့ မဟုတ်နိုင်ပေ။ ဒါဆိုရင် ဘယ်သူ ဖြစ်နိုင်မလဲ။

ချောင်ဖန်တို့ လူစုလား အဲဒါလည်း မဖြစ်နိုင်ဘူး။

ဒီလူက ကိုယ်ဖော့သိုင်းမှာ အလွန်ကျွမ်းကျင်ပြီး စီချင် သူ့ကို မြင်အောင် တမင် လုပ်ခဲ့ပုံရသည်။ လူမိသွားပြီးနောက်မှာလည်း ဘယ်သူ့ကိုမှ ရန်မပြုခဲ့တာကို ကြည့်ရင် ရန်လိုတဲ့ သဘောတော့ မရှိပုံရပေမဲ့၊ သူစိမ်းတစ်ယောက်က ခွင့်ပြုချက်မရှိဘဲ အိမ်ထဲ ကျူးကျော်ဝင်ရောက်တာကတော့ ကြီးမားတဲ့ စော်ကားမှုပါပဲ။

"သူတို့ ရောက်လာပြီ"

ဇနီးသည်မှာ အိမ်တွင် တစ်ယောက်တည်း ကျန်ခဲ့သဖြင့် ချန်ဆန်းရှီမှာ အဝေးကြီးအထိ လိုက်မသွားဝံ့ဘဲ ပြန်လှည့်အလာတွင်၊ လရောင်အောက်၌ နောက်ထပ် ပုံရိပ်တစ်ခု ပေါ်လာပြန်သည်။

လခွဲတောင်ကုန်းစံအိမ် ၏ အရှင်သခင် ဝမ်ကျစ် သည် အနက်ရောင်ဝန်စုံနဲ့လူတစ်ယောက်ကို ဆွဲလျက် ပျံသန်းရောက်ရှိလာသည်။

"မင်း..."

ချန်ဆန်းရှီသည် ထိုအမည်းရောင်ဝတ်စုံနဲ့လူကို ကြည့်လိုက်၊ ဝမ်ကျစ်ကို ကြည့်လိုက်ဖြင့် အခြေအနေကို ချက်ချင်း သဘောပေါက်သွားသည်။

ရန်ငြိုးရှိနေသည့် ဤစစ်နတ်ဘုရားကြီးက...

သူ့အိမ်ရှေ့မှာ ကင်းစောင့်ပေးနေပြီး သက်တော်စောင့် လုပ်ပေးနေတာလား

"မင်း အခုချိန်မှာ သေလို့မရသေးဘူး မင်းသာ သေသွားရင် ဟို ဆွန်ဆိုတဲ့လူက ငါ့နောက်ကို လိုက်လာလိမ့်မယ်"

ဝမ်ကျစ်သည် မျက်လုံးများ နီမြန်းလျက် သွားများကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။

သူ့သားရဲ့ ရုပ်အလောင်းကို သယ်ပြီး ပြန်လာပြီး မကြာခင်မှာပဲ ရွေးချယ်ရေးပွဲရဲ့ ရလဒ်ကို သူ ကြားလိုက်ရပြီး စိတ်ပျက်အားငယ်သွားခဲ့ရသည်။ အမွေဆက်ခံသူ တစ်ယောက် ဖြစ်သွားပြီဆိုတာကတော့ သူ ဇွတ်အတင်း လုပ်ဖို့ ပိုပြီး မဖြစ်နိုင်တော့ဘူးဆိုတာပါပဲ။ အထူးသဖြင့် ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာပေါ့။

တစ်နည်းအားဖြင့် ပြောရရင်...

ဘယ်သူမဆို ချန်ဆန်းရှီကို သတ်လို့ ရပေမဲ့ သူကတော့ သတ်လို့ မရပါဘူး။ အနည်းဆုံးတော့ အခုလောလောဆယ်မှာပေါ့..

"..."

ချန်ဆန်းရှီမှာ ခေတ္တမျှ ဘာပြောရမှန်း မသိအောင် ဖြစ်သွားရသည်။

ဘုရင်ခံရဲ့ သြဇာအာဏာက ဒီလောက်တောင် ပြင်းထန်တာလား။

မှန်ပါသည်။

နင်ချန်းချွန်း သေသွားတာကို လူပေါင်း သောင်းခြောက်ထောင် မြင်တွေ့ခဲ့ကြရသည်။ သာမန် သိုင်းသမားတွေက သိပ်မကြောက်ကြပေမဲ့ စစ်နတ်ဘုရားတွေကတော့ တကယ်ကို ကြောက်ကြပေသည်။

သူတို့နှစ်ဦး ခေါင်မိုးပေါ်မှ မြေပြင်သို့ ဆင်းသက်လိုက်ကြသည်။

ဝမ်ကျစ်သည် အနက်ရောင်ဝတ်စုံနဲ့လူကို လက်ညှိုးထိုးပြကာ ဒေါသတကြီး အော်လိုက်သည်။ "သူက မင်းကို ဘာလို့ သတ်ချင်နေတာလဲ"

"ကျွန်တော် မသိဘူး"

ချန်ဆန်းရှီက ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်သည်။

"မင်း မသိဘူး ဟုတ်လားမင်းက လူပေါင်း ဘယ်နှစ်ယောက်ကိုများ စော်ကားထားမိလို့လဲ"

ဝမ်ကျစ်သည် ထိုအနက်ရောင်ဝတ်စုံနဲ့လူကို ပါးရိုက်လိုက်ရာ ထိုသူမှာ သွေးများ အန်ထုတ်ရင်း နာကျင်စွာ အော်ဟစ်နေတော့သည်။

All Chapters