သူနဲ့ငါ အတူတူပဲကို အဓိပ္ပာယ်မရှိလိုက်တာ
Vol. 25 Ch. 362
ခေတ္တမျှ ကြည့်လိုက်ရုံဖြင့်ပင် ရှန်မို ဤသိုင်းပညာ၏ ကြီးမားသော စွမ်းအားကို ချက်ချင်း အာရုံခံမိလိုက်သည်။ ၎င်းသည် သွေးစွမ်းအင်အပေါ် အခြေခံထားသော ကောင်းကင်အဆင့် အလယ်အလတ် သိုင်းပညာတစ်ခု ဖြစ်၏။ ထို့ပြင် သာမန်ရေနဂါးမှ မဟုတ်ဘဲ နဂါးစစ်စစ်ထံမှ ဆင်းသက်လာခြင်း ဖြစ်လေသည်။
သဘာဝကျစွာပင် ထိုသိုင်းမှာ ပင်လယ်လေးသွယ်ရှိ ရေနဂါးများ ပိုင်ဆိုင်ထားသော သွေးစွမ်းအင် နည်းစနစ်များထက် များစွာ သာလွန်လှ၏။ တောင်ပင်လယ်ဘုရင်သည် ဤကဲ့သို့သော အရာကို အလဲအလှယ်အဖြစ် ကမ်းလှမ်းခြင်းမှာ သူ၏ စိတ်ရင်းမှန်မှုကို ထင်ရှားစွာ ပြသနေခြင်းပင်။
ရှန်မို အပြာရောင်ပုလဲကို သိမ်းဆည်းလိုက်ပြီး ဂနာမငြိမ်ဖြစ်နေသော အောင်းဖျင်အား ကြည့်လိုက်သည်။
"မင်းရဲ့အဖေက မင်းကို ငါ့ဆီမှာ အပ်နှံခဲ့တယ်… အခုကစပြီး မင်း မြွေနဂါးတောင်မှာ နေရမယ်… အရာရာတိုင်းမှာ ငါ့အမိန့်ကို နာခံရမယ်"
အောင်းဖျင် စွံ့အသွား၏။
"ဘာ… မဖြစ်နိုင်တာ… ငါ တောင်ပင်လယ်မှာ နေတာ အဆင်ပြေနေတာပဲ… ဘာလို့ ဒီမှာ နေရမှာလဲ… ပြီးတော့ ဘာလို့ မင်းစကားကို နားထောင်ရမှာလဲ"
ရှန်မို အပြာရောင်ပုလဲကို အသာအယာ လှမ်းပစ်ပေးလိုက်သည်။ အောင်းဖျင် ၎င်းကို နဖူးတွင်ကပ်ကာ သေချာနားထောင်ပြီးနောက် သူ့ အမူအရာမှာ အကြီးအကျယ် တုန်လှုပ်သွားတော့၏။
သူ ခပ်တိုးတိုး ရေရွတ်လိုက်၏။
"ဒါကြောင့် အစ်မနဲ့ အစ်ကိုတို့ မလာဘဲ ငါ့ကိုပဲ ကိုယ်စားလှယ်အနေနဲ့ လွှတ်လိုက်တာ… ခမည်းတော်က... ငါတို့ရဲ့ သွေးမျိုးဆက် မပြတ်သွားအောင် လုပ်ချင်နေတာပဲ"
ရှန်မို အသာအယာ ခေါင်းငြိမ့်ပြ၏။
"မင်း နားလည်သွားရင် ပြီးတာပါပဲ"
အောင်းဖျင် ပြတ်ပြတ်သားသား ကြေညာလိုက်သည်။
"ငါ ပြန်သွားမယ်… ငါ့ရဲ့ ဆွေမျိုးသားချင်းတွေနဲ့အတူ ရင်ဆိုင်ပြီး ကံကြမ္မာကို အတူတူ ဝေမျှချင်တယ်”
ရှန်မိုက အေးစက်စွာဖြင့်
"မင်းရဲ့ အဖေက နတ်ဆိုးနိုင်ငံတော်ရဲ့ သူလျှိုတွေကို ရှောင်ပြီး မင်းကို ဒီအထိ ခိုးထုတ်ပေးဖို့ အများကြီး ကြိုးစားခဲ့ရတာ… အခု မင်းက အဲဒီကို တန်းတန်းမတ်မတ် ပြန်သွားချင်တာလား… ဒါဟာ မှန်ကန်တဲ့ လုပ်ရပ်လို့ မင်း တကယ်ထင်လို့လား"
အောင်းဖျင် တုံ့ဆိုင်းသွား၏။ ရှန်မိုမှ ဆက်ပြောသည်။
“နောက်ပြီး တောင်ပင်လယ် ရေနဂါးတွေ လုံးဝ မျိုးပြုတ်သွားမလားဆိုတာ မသေချာသေးဘူး… မင်းရဲ့အဖေက အဆိုးဆုံးအတွက် ပြင်ဆင်ထားရုံပဲ… မင်းကို ဒီမှာ ထားတာက ကြိုတင်ကာကွယ်တဲ့ သဘောပဲ… တခြားမင်းသားတွေကိုလည်း တခြားနေရာတွေဆီ ဘေးကင်းအောင် ပို့ထားလိမ့်မယ်လို့ ငါယုံကြည်တယ်"
အောင်းဖျင် ရုတ်တရက် သတိဝင်လာသည်။
"ဟုတ်သားပဲ... အစ်ကို (၄)၊ အစ်ကို (၅) နဲ့ အစ်မ (၆) တို့ကိုလည်း ကိုယ်စားလှယ်အနေနဲ့ တခြားနေရာအသီးသီးဆီ လွှတ်လိုက်တာပဲ"
ရှန်မိုက ခေါင်းငြိမ့်လိုက်သည်။
"ဒါဆိုရင် ဆုံးဖြတ်ချက်က ပြီးသွားပြီပေါ့… ဒီမှာနေပြီး လေ့ကျင့်တာကိုပဲ အာရုံစိုက်ပါ… မင်းရဲ့ ကျင့်ကြံမှုက အရမ်း အားနည်းလွန်းတယ်… မင်းပြန်သွားရင် သူတို့အတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်မှာ… သေဖို့အတွက် သူတို့နောက် လိုက်သွားစရာ မလိုပါဘူး"
အောင်းဖျင် မျက်နှာမှာ ဒေါသကြောင့် နီရဲသွားသည်။ "ငါ... ငါလည်း သန်မာပါတယ်… ဘာပဲဖြစ်ဖြစ် ငါက ရေနဂါးဘုရင် အဆင့်မှာ ရှိတာပဲ"
ရှန်မို ပြုံးလျက်
"ဪ... ငါ့ဆီမှာ ရေနဂါးလေး တစ်ကောင်ရှိတယ်… မင်း သူနဲ့ ကစားကြည့်မလား”
သူ လေချွန်လိုက်သည်။
"ရှောင်ဟော်... လာခဲ့”
…
မီးနီရောင် အရိပ်တစ်ခုသည် တောအုပ်ထဲမှ ပျံထွက်လာပြီး ရှန်မို၏ ဘေးတွင် ဝမ်းသာအားရ ဆင်းသက်လာသည်။ ၎င်းမှာ ရေနဂါးအိုကြီး၏ တစ်ဦးတည်းသော သားငယ်လေးပင်။ ရေနဂါးအိုကြီးမှာ နှစ်ပေါင်းများစွာ အိပ်ပျော်နေသဖြင့် ရှန်မိုမှ ထိုကလေးကို 'ရှောင်ဟော်' ဟုသာ ခေါ်ထားသည်။
အောင်းဖျင် မျက်လုံးပြူးကြည့်ရင်း နှာခေါင်းရှုံ့လိုက်သည်။
“ရှောင်ဟော် ရေနဂါးလား… ပင်လယ်လေးသွယ်ရဲ့ လက်အောက်ခံ မဟုတ်တဲ့ အပြင်လူပဲ"
ရှောင်ဟော်သည် အောင်းဖျင်ကို မြင်သည်နှင့် အစွယ်တငေါငေါ၊ လက်သည်းတပြပြဖြင့် ခုန်အုပ်လိုက်တော့သည်။ အောင်းဖျင်မှာ လှောင်ပြုံးပြုံးလိုက်ပြီး
"ယဉ်ကျေးမှုမရှိတဲ့ ကလေးလေးပဲ… မင်းရဲ့ အဖေကိုယ်စား မင်းကို သင်ခန်းစာ ပေးရမှာပေါ့”
ဟိန်းသံတစ်ချက်နှင့်အတူ သူသည် နဂါးအသွင်သို့ ချက်ချင်း ပြောင်းလဲလိုက်သည်။ ထို့နောက် အပြာရောင်နှင့် အနီရောင် ရေနဂါးနှစ်ကောင်မှာ လေထုထဲတွင် ရစ်ပတ်တိုက်ခိုက်ကြတော့သည်။ သို့သော် ရှန်မိုသည် အစီအရင်ဖြင့် အသံနှင့် မြင်ကွင်းကို ပိတ်ထားသဖြင့် ဘယ်သူမှ မသိကြပေ။
ခဏအကြာတွင် နဂါးနှစ်ကောင်လုံး ဒဏ်ရာဗရပွဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျလာကြ၏။ အောင်းဖျင်မှာ ခန္ဓာကိုယ် ပိုကြီးသော်လည်း အသာမရခဲ့ဘဲ အကြိမ်ကြိမ် မီးလောင်ခံခဲ့ရသည်။
"ဒီကောင်လေးက... ငါထင်တာထက် ပိုသန်မာတာပဲ… စိတ်ဝင်စားဖို့ ကောင်းတယ်”
ရှန်မို အေးစက်စွာ ပြောလိုက်သည်။
"ဆက်လုပ်စရာ မလိုတော့ဘူး… သူက ရေနဂါးစစ်သူကြီးအဆင့်ပဲ ရှိသေးတယ်… မင်းကတော့ ရေနဂါးဘုရင် ဖြစ်နေပြီ… အဆင့်ကွာခြားချက်က ဒီလောက်ကြီးတာတောင် မင်းက သရေပဲ တိုက်နိုင်တယ်ဆိုတော့... မင်း ရှုံးသွားပြီ"
အောင်းဖျင် အကြီးအကျယ် အံ့ဩသွားကာ
"ဘာ… သူက စစ်သူကြီးအဆင့်ပဲလား… မဖြစ်နိုင်တာ… ဒီလောက် သွေးစွမ်းအင်မျိုးက..."
ရှောင်ဟော် သူ၏သွေးစွမ်းအင်ကို ထုတ်ပြလိုက်ရာ အရည်အသွေးနှင့် ပမာဏသည် အောင်းဖျင်ထက်ပင် များစွာ နိမ့်ကျနေသည်မှာ ထင်ရှား၏။ အောင်းဖျင် စွံ့အသွားပြီးနောက်
"သူ ဘယ်လိုလုပ်လိုက်တာလဲ”
"အနန္တမီးတောက်"
ရှန်မိုမှ တည်ငြိမ်စွာ ဖြေလိုက်ရင်း လက်ဝါးပေါ်တွင် ကြာပန်းစိမ်းမီးတောက်ကို ထွန်းညှိလိုက်သည်။ ရှောင်ဟော်မှာ ထိုမီးလျှံကို အနားကပ်၍ ဇိမ်ခံနေသည်ကို မြင်ရသောအခါ အောင်းဖျင် မှင်တက်သွားတော့သည်။
ရှန်မို ပြုံး၍
"မင်း ပိုသန်မာလာတဲ့အခါမှ ကုမင်ကို လက်စားချေဖို့ အချိန်တန်လိမ့်မယ်… အရာရာဟာ အစွမ်းအစပေါ်မှာပဲ အခြေခံရမယ်"
အောင်းဖျင် တုံ့ဆိုင်းနေပြီးမှ လက်သီးကို တင်းတင်းဆုပ်ကာ ဆုံးဖြတ်ချက် ချလိုက်သည်။
"ကောင်းပြီ… ငါ ဒီမှာ နေမယ်… ဒါပေမဲ့ ငါ 'မဟာနဂါး အသွင်ပြောင်းခြင်း အတတ်ပညာ' ကို အကုန်မသင်ရသေးဘူး… အဲဒီ ပုလဲကို တစ်ရက် မင်းယူ၊ တစ်ရက် ငါယူမယ်… မင်း တစ်ယောက်တည်း အပိုင်မစီးနဲ့"
ရှန်မို ရယ်မောလိုက်ပြီး
"ကောင်းပါပြီ… အဲဒါ ပြဿနာမရှိပါဘူး"
…
နှစ်နှစ်အကြာ...
အချိန်များ မျက်တောင်တစ်ခတ်အတွင်း နှစ်နှစ် ကုန်လွန်သွားခဲ့သည်။ မြွေနဂါးတောင်၏ လွင်ပြင်ပေါ်တွင် ရှောင်ဟော် နေပူစာလှုံနေစဉ် အောင်းဖျင်မှာ ရှန်မို့ကို သရဲမြင်သလို ကြည့်နေမိသည်။
ရှန်မို၏ သွေးစွမ်းအင်များ ထကြွလာပြီး မျက်စိတစ်မှိတ်အတွင်း မီတာ (၂၀၀) ရှည်လျားသော နဂါးစိမ်း အရိပ်သဏ္ဌာန်ကြီး ပေါ်ထွက်လာ၏။ ထိုနဂါးစိမ်းကြီးမှာ တကယ်အသက်ရှိသကဲ့သို့ ထင်မှတ်ရပြီး ဟိန်းသံတစ်ချက်နှင့်ပင် ကောင်းကင်ကို ခွဲပစ်နိုင်မည့် အရှိန်အဝါမျိုး ရှိနေသည်။
အောင်းဖျင် တုန်လှုပ်စွာ ရေရွတ်လိုက်သည်။
"နှစ်နှစ်... နှစ်နှစ်အတွင်းမှာ သူက အဆင့် ၃ အထိ ရောက်သွားပြီလား… နဂါးစိမ်း အရိပ်သဏ္ဌာန်ကိုတောင် အပြည့်အဝ ဖော်ထုတ်နိုင်နေပြီ… ငါက နှစ်ပေါင်း ၅၀ လေ့ကျင့်တာတောင် အဆင့် ၂ ပဲ ရှိသေးတယ်… နဂါးခေါင်းနဲ့ လက်သည်းပဲ ထုတ်နိုင်သေးတာ”
အောင်းဖျင် ငိုချင်စိတ်ပင် ပေါက်သွားသည်။ သူသည် နဂါးစစ်စစ် မျိုးနွယ်ဖြစ်သော်လည်း လူသားတစ်ယောက်မှ နဂါးသိုင်းပညာကို သူ့ထက် ပိုမြန်မြန် တတ်မြောက်နေသည်မှာ လုံးဝ ယုတ္တိမရှိပေ။
ရှန်မို နဂါးရိပ်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ပြုံးလိုက်၏။ သူ၏ တိုးတက်မှုမှာ 'ဧရာမဆင်မင်း ငရဲနှိမ်နင်းခြင်းစွမ်းအား' ကြောင့် ဖြစ်သည်။ ထို့အပြင် လွန်ခဲ့သော ခြောက်လက 'ကောင်းကင်နဲ့ မြေကြီး မီးဖိုကြီး' စွမ်းရည်ကို နိုးကြားစေခဲ့သဖြင့် အင်အားများအား ဝေလငါးကြီး ပင်လယ်ကို ဝါးမျိုသကဲ့သို့ အလျှင်အမြန် စုပ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
"မဟာနဂါး အသွင်ပြောင်းခြင်း အတတ်ပညာရဲ့ စတုတ္ထအဆင့်ကတော့ အခက်ဆုံးနဲ့ အစွမ်းအထက်ဆုံးပဲ… အခု အဆင့် ၃ မှာတင် 'ဝိညာဉ်ဝါးမျို သွေးလှံ' ထက် ပိုသန်မာနေပြီ… အကယ်၍ ငါ အဆင့် ၄ ကို ရောက်သွားရင်တော့ အစွမ်းက ဆယ်ဆလောက် ပိုကြီးမားလာမှာပဲ”
ရှန်မို၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများကြောင့် ဝင်းလက်သွားသည်။ တောင်ပင်လယ်ဘုရင် ပြောခဲ့သလိုပင် ဤသိုင်းပညာမှာ အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။