← Chapters

ကျောက်စိမ်းဂိုဏ်းက နှုတ်ထွက်ပါတယ်

Vol. 25 Ch. 367

ကျောက်စိမ်းဂိုဏ်းက နှုတ်ထွက်ပါတယ်

Vol. 25 Ch. 367

ရှန်မိုသည် နတ်ဆိုးနိုင်ငံတော်ကို တိုက်ခိုက်ရန် တောင်ဘက်သို့ ချီတက်နေသည့် ကာလအတွင်း နေ့စဉ်နေ့တိုင်း သူ၏ ကံကြမ္မာစနစ်ကို စစ်ဆေးလေ့ရှိသည်။

လွန်ခဲ့သော ရက်အနည်းငယ်က ကံကြမ္မာစနစ်တွင် မည်သည့်အပြောင်းအလဲမျှ မရှိခဲ့ဘဲ အရာအားလုံး ချောမွေ့နေခဲ့၏။ ယနေ့လည်း ထူးခြားသည့် အပြောင်းအလဲ ရှိလိမ့်မည်မဟုတ်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ အပြောင်းအလဲက ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ရှန်မိုသည် လတ်တလော အခွင့်အလမ်းများ ကို အလျင်အမြန် ဖတ်ရှုပြီးနောက် လေးနက်စွာ စဉ်းစားနေမိ၏။

"...ဒါကြောင့်ကိုး… ကုမင်က တကယ့်ကို ဧကရာဇ်တွေထဲက ဧကရာဇ်ပဲ… သူ့လက်ထဲမှာ ဝှက်ဖဲတစ်ချပ် ချန်ထားခဲ့တာပဲ… လူသားကျင့်ကြံသူတွေကို အများဆုံး သတ်ဖြတ်နိုင်ဖို့အတွက် သန်းနဲ့ချီတဲ့ နတ်ဆိုးမျိုးနွယ်စုဝင်တွေရဲ့ အသက်ကိုတောင် အစာအဖြစ် သုံးဖို့ သူက ဝန်မလေးဘူး… တော်တော်လေး ရက်စက်တာပဲ"

ရှန်မို အံ့သြစွာဖြင့် ရေရွတ်မိသည်။ နတ်ဆိုးမျိုးနွယ်စုဝင်များသည် တစ်ကြိမ်လျှင် အများအပြား မွေးဖွားတတ်သဖြင့် မျိုးပွားနှုန်း အလွန်မြန်ဆန်နေ၍သာ ဖြစ်လိမ့်မည်။ မဟုတ်လျှင် ကုမင်သည်လည်း နတ်ဆိုးများ၏ အသက်ကို ဤမျှ ပေါ့ပေါ့တန်တန် ဖြုန်းတီးရဲလိမ့်မည် မဟုတ်ချေ။

"ရှန်မို… ဘာတွေ စဉ်းစားနေတာလဲ”

လီကျန်ထောင်းမှ တဟားဟား ရယ်မောရင်း မေးလိုက်သည်။

ဝမ်မူချွမ်မှလည်း

"ဒီနေ့ နတ်ဆိုးဘုရင် ဘယ်နှစ်ကောင် သတ်ခဲ့လဲဆိုတာ ရေတွက်နေတာ ဖြစ်မှာပေါ့"

သူ ဝင်၍ စနောက်လိုက်၏။

"မင်းတို့ မမြင်လိုက်လို့ပါ… ရှန်မို ဓားတစ်ချက် ဝှေ့လိုက်တာနဲ့ ငွေရောင်သရဖူဘုရင် သုံးကောင်က ချက်ချင်း သေသွားတာ… စွမ်းအားကတော့ တကယ့်ကို ကြောက်စရာကြီးပဲ"

အားလုံး ဝိုင်းဝန်းရယ်မောလိုက်ကြသော်လည်း သူတို့၏ မျက်လုံးထဲတွင် ရှန်မို့အပေါ် လေးစားအားကျမှုများ ရှိနေသည်။ နတ်ဆိုးများ၏ တိုက်ခိုက်ရေးဗီဇမှာ အလွန်အားကောင်းပြီး အားကြီးသူက အနိုင်ယူစတမ်းဆိုသည့် ရှင်သန်ရေး စည်းမျဉ်းမှာလည်း လူသားများထက် ပို၍ ရက်စက်လှသည်။ ထို့ကြောင့် ယေဘုယျအားဖြင့် နယ်ပယ်တူလျှင် နတ်ဆိုးများက လူသားများထက် အနည်းငယ် အသာစီးရလေ့ရှိသည်။ သို့သော် ရှန်မိုကမူ နတ်ဆိုးဘုရင်များကိုပင် မျက်တောင်တစ်ခတ်အတွင်း သတ်ဖြတ်နိုင်နေပြီ ဖြစ်ရာ သူ၏ စွမ်းအားမှာ ခန့်မှန်းရခက်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

"ဒါနဲ့... တခြားဂိုဏ်းတွေကလည်း အဲဒီ အခြေချစခန်းကြီးကို တိုက်ခိုက်ရေးအတွက် ဆွေးနွေးဖို့ လူလွှတ်မယ်လို့ ပြောထားတယ်… အချိန်ကြည့်ရရင် သူတို့ အခုလောက်ဆို ရောက်လာတော့မှာပဲ"

လီကျန်းထောင်းမှ ရုတ်တရက် ပြောလိုက်သည်။

…

အနောက်တောင်ဘက် မိုင်တစ်သောင်းခန့် အကွာတွင် ဝက်ဝံမျိုးနွယ်၏ အခြေချစခန်းကြီးတစ်ခု ရှိသည်။ ထိုနေရာတွင် ဝက်ဝံနတ်ဆိုး တစ်သန်းကျော် နေထိုင်ကြ၏။ ဝက်ဝံမျိုးနွယ်မှာ နတ်ဆိုးနိုင်ငံတော်၏ အဓိက မျိုးနွယ်စုကြီးများထဲမှ တစ်ခုဖြစ်ပြီး အခက်အခဲများကို ကျော်ဖြတ်ရာတွင် အရေးပါသော အင်အားစု ဖြစ်သည်။ အကယ်၍ ဤအခြေချစခန်းကြီးကို ဖျက်ဆီးနိုင်ခဲ့လျှင် ကုမင် စုစည်းနိုင်မည့် စစ်အင်အားကို သိသိသာသာ လျော့ကျသွားစေလိမ့်မည်။

ထို့အပြင် နတ်ဆိုးနိုင်ငံတော်၏ အလယ်ဗဟိုပိုင်းမှ စစ်ကူများ ထပ်မံခေါ်ယူရမည်ဆိုပါက အချိန်နှင့် ရိက္ခာများ ပိုမိုလိုအပ်လာမည်ဖြစ်ရာ စစ်ပွဲမှာ ပို၍ ကြာရှည်သွားမည် ဖြစ်သည်။

တောင်ဘက်သို့ ထွက်ပြေးသွားသော မင်းသား (၁၀) ယင်းထီသည်လည်း ထိုစခန်းတွင်ပင် ဒဏ်ရာကုသနေခြင်း ဖြစ်သည်။ မင်းသားတစ်ပါး ဖြစ်သောကြောင့် သူ့ကိုသာ သတ်နိုင်ခဲ့လျှင် အဖိုးတန် ကျင့်ကြံမှု အရင်းအမြစ်များစွာ ရရှိမည်မှာ သေချာလေ၏။

ရှန်မို မျက်မှောင်ကြုတ်လိုက်ပြီး ကျင့်ကြံသူများကို နောက်ပြန်ဆုတ်ရန် ဖျောင်းဖျဖို့ ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင်ပင် ရင်းနှီးသော အရှိန်အဝါ အချို့ စခန်းသို့ ရောက်ရှိလာသည်အား သူ အာရုံခံမိလိုက်သည်။

"သူတို့ ရောက်လာပြီ"

ဝူယန်လန် ပြုံးလျက် စခန်းဝင်ပေါက်ကို လက်ညှိုးထိုးပြလိုက်၏။

နန်းတွင်း တပ်မတော်၏ ဦးဆောင်သူ ကျီချွမ် နှင့် ဒုတိယတပ်မှူး ကျင်းမင်းသားတို့ ရောက်ရှိလာကြသည်။ သူတို့နောက်တွင် လင်းသောင်ထျန်း၊ ရွှယ်ကျီယီ၊ ကျိုးမင်ယီ၊ ယွဲ့ယင်းရုံ နှင့် အခြားသော အင်အားစုများမှ အရေးပါသော ပုဂ္ဂိုလ်များလည်း ပါဝင်လာကြသည်။

…

"အားလုံးပဲ... ကျွန်တော်ကတော့ တပ်ဖွဲ့ရဲ့ အဓိက ခေါင်းဆောင် ကျီချွမ်ပါ… ခင်ဗျားတို့ထဲက တချို့နဲ့တော့ ရင်းနှီးပြီးသားပါ"

ကျီချွမ်မှာ အရင်အတိုင်းပင် ညစ်ပတ်ပေရေသော ပုံစံရှိနေဆဲ ဖြစ်သည်။ သူ၏ မျက်လုံးများမှာ ရှန်မိုထံသို့ တည့်တည့်ကျရောက်နေသည်။ သူတို့ နှစ်ဦးသည် လျှို့ဝှက်စွာဖြင့် အကြိမ်အနည်းငယ် ပတ်သက်ခဲ့ဖူးသော်လည်း မျက်နှာချင်းဆိုင် တွေ့ဆုံခြင်းမှာ ယခုမှ ပထမဆုံး ဖြစ်၏။ ရှန်မို၏ ထူးခြားသော အရှိန်အဝါကို မြင်လိုက်ရသည့်အခါ ကျီချွမ်သည် ပို၍ပင် အထင်ကြီးသွားမိသည်။

"စကားအပိုတွေ ပြောမနေပါနဲ့တော့… တပ်မှူးကြီး... မနက်ဖြန် မြို့သိမ်းတိုက်ပွဲကို ဘယ်လို စီစဉ်ထားလဲဆိုတာ ပြောပြပါဦး"

ယန်ချီယဲ့မှ အသံကျယ်ကြီးဖြင့် မေးလိုက်သည်။

ကျီချွမ် တဟားဟား ရယ်မောရင်း

"ကောင်းပါပြီ… အစီအစဉ်က ရိုးရှင်းပါတယ်… ပထမဦးဆုံး ကျွန်တော့်ရဲ့ သံချပ်ကာ တိမ်တိုက်သင်္ဘော (၁၀) စင်းကနေ ဝက်ဝံမျိုးနွယ်ရဲ့ ကာကွယ်ရေး အင်အားတွေ လျော့နည်းသွားအောင် သုံးကြိမ်ဆက်တိုက် ပြိုင်တူ ပစ်ခတ်မယ်… အဲဒီအချိန်မှာ သင်္ဘောတွေက တိုက်ခိုက်ခံရဖို့ အလွယ်ဆုံး အခြေအနေမှာ ရှိနေမှာမို့လို့ သင်္ဘောတွေ ဘေးကင်းအောင် ခင်ဗျားတို့က ကူညီပေးရမယ်… အဲဒီနောက်မှာတော့..."

ကျီချွမ်တွင် အစီအစဉ်များ အတိအကျ ရှိပြီးသား ဖြစ်၏။ မည်သည့်အချိန်တွင် မည်သည့်ဂိုဏ်းက မည်သည့်နေရာကို တိုက်ခိုက်ရမည်၊ မည်သူက ရှေ့တန်းမှ တိုက်ခိုက်ပြီး မည်သူက ပူးပေါင်းဆောင်ရွက်ရမည် ဆိုသည်အထိ အသေးစိတ်ကျလှ၏။ ရှန်မိုသည် ကျီချွမ်၏ စစ်ဗျူဟာ ကျွမ်းကျင်မှုကို မချီးကျူးဘဲ မနေနိုင်ပေ။ သို့သော်... နည်းဗျူဟာမှာ ပြဿနာမရှိသော်လည်း မဟာဗျူဟာတွင်မူ ပြဿနာ ရှိနေသည်။

"အားလုံးမှာ ဘာပြဿနာရှိသေးလဲ… မရှိဘူးဆိုရင်တော့ အစီအစဉ်အတိုင်းပဲ မနက်ဖြန် ယုန်အချိန် ( နံနက် ၅ နာရီမှ ၇ နာရီကြား) မှာ အတိအကျ တိုက်ခိုက်မယ်"

ကျီချွမ်မှ ပြောလိုက်သည်။ အားလုံးလည်း ခေါင်းငြိမ့်ကြ၏။ ဂိုဏ်းများမှ ကျင့်ကြံသူ အများစုမှာ စစ်တိုက်သည့် အတွေ့အကြုံ မရှိကြသဖြင့် ကျီချွမ်၏ အစီအစဉ်ထဲမှ အမှားအယွင်းကို ရှာမတွေ့ကြပေ။

သို့သော် ရှန်မိုမှာ ခေါင်းယမ်းလိုက်ပြီး

"အစီအစဉ်ကတော့ ကောင်းပါတယ်၊ ဒါပေမဲ့ ကျောက်စိမ်းဂိုဏ်းကတော့ ပါဝင်ဖို့ အစီအစဉ်မရှိဘူး"

ထိုစကားကြောင့် လူအုပ်ကြားတွင် အံ့သြသံများ ထွက်ပေါ်လာသည်။ အထူးသဖြင့် ကျောက်စိမ်းဂိုဏ်းမှ ကျင့်ကြံသူများပင် အံ့ဩသွားကြ၏။ ထိုမျှ ကြီးမားသော အခြေချစခန်းတွင် ရှိနေမည့် အဖိုးတန် အရင်းအမြစ်များကို လုယူနိုင်လျှင် ဂိုဏ်း၏ အခြေခံအုတ်မြစ်မှာ များစွာ မြင့်တက်သွားမည် မဟုတ်ပါလား။

ကျင်းမင်းသားမှာ အရင်ဦးဆုံး ဒေါသတကြီးဖြင့်

"ရှန်မို… မင်း နန်းတော်ကို မကြိုက်ဘူးဆိုတာ သိပေမဲ့ ဒီလိုမျိုးတော့ မလုပ်သင့်ဘူးလေ… အခုက နတ်ဆိုးတွေကို တိုက်နေတဲ့ လူသားနဲ့ နတ်ဆိုးကြားက စစ်ပွဲပဲ… ဘာလို့ မင်းရဲ့ ကိုယ်ကျိုးစီးပွားကို လူသားမျိုးနွယ်ရဲ့ ဖြောင့်မတ်မှုထက် ပိုဦးစားပေးနေရတာလဲ"

ရှန်မို ရယ်မောလိုက်စဉ် မူယုံးယွဲ့မှ ရှေ့သို့တက်လာပြီး

"ကျင်းမင်းသား… ရှင်က လူသားမျိုးနွယ်ရဲ့ ဖြောင့်မတ်မှုအကြောင်း ပြောဖို့ နောက်ဆုံးတန်းကနေတောင် အရည်အချင်းမရှိတဲ့သူပဲ… ယုကျောက်မှာ နတ်ဆိုးတွေ တိုက်ခိုက်လို့ လူတွေ ဒုက္ခရောက်နေတုန်းက ရှင် လာမကူညီခဲ့ဘဲ အခုမှ အကျိုးအမြတ် လာယူချင်နေတာ မဟုတ်လား"

သူ အေးစက်စွာ ပြောလိုက်ရာ ကျင်းမင်းသား စွံ့အသွားလေသည်။

လင်းသောင်ထျန်းနှင့် ရွှယ်ကျီယီတို့မှာ ရှန်မိုကို လေးနက်စွာ ကြည့်နေကြစဉ် နှင်းနန်းတော်မှ ယွဲ့ယင်းရုံကလည်း

"ကျွန်မတို့ရဲ့ နှင်းနန်းတော်လည်း နုတ်ထွက်ပါတယ်"

သူကလည်း တိုးညှင်းစွာ ပြောလိုက်ပြန်ရာ အားလုံး ပို၍ပင် အံ့အားသင့်သွားကြ၏။

ကျီချွမ် သက်ပြင်းချရင်း

"ရှန်မို… မင်း ဘာကို စိုးရိမ်နေလဲဆိုတာ ငါသိပါတယ် ဒါက ထောင်ချောက် ဖြစ်မှာကို မင်း စိုးရိမ်နေတာ မဟုတ်လား… ကုမင်က တောင်ပင်လယ်မှာ ရေနဂါးဘုရင်နဲ့ တိုက်နေတုန်းပဲ… သူ့ရဲ့ ဒုတိယ အင်အားအကြီးဆုံး ဝက်ဝံလွမ်ကလည်း အဲဒီမှာပဲ ရှိနေတယ်… ဒါက နန်းတော်ကရတဲ့ သတင်းဖြစ်သလို ပင်လယ်နတ်ဘုရားကျွန်းက မိတ်ဆွေတွေလည်း သိမှာပါ"

ဝူယန်လန် အနေခက်စွာဖြင့်

"ဟုတ်ပါတယ်... ကျွန်တော်တို့ကျွန်းက ခေါင်းဆောင်တစ်ယောက်က တောင်ပင်လယ်နားမှာ လျှို့ဝှက် စောင့်ကြည့်နေပါတယ်… နေ့တိုင်း သတင်းတွေ ပို့နေတာပါ"

သူ ဝင်ထောက်ခံရင်း ခေါင်းငြိမ့်ပြသည်။

ရှန်မိုမှာ ထိုအချက်ကို သိသော်လည်း သူက သူ၏ ကံကြမ္မာစနစ်ကိုသာ ပို၍ ယုံကြည်၏။ ကုမင်သည် အရာရာကို အစအဆုံး စီစဉ်မထားဘဲနေမည့် နတ်ဆိုးတစ်ဦး မဟုတ်ပေ။ ထိုဝက်ဝံမျိုးနွယ် အခြေချစခန်းမှာ အစာဖြစ်သော်လည်း သေစေနိုင်သော အစာမျိုး ဖြစ်သည်။

“ကျောက်စိမ်းဂိုဏ်းက မပါဝင်ဘူး… ဒါက ငါ့ရဲ့ နောက်ဆုံးစကားပဲ"

ရှန်မို ပြတ်သားစွာ ပြောလိုက်၏။

လီကျန်ထောင်းလည်း ရှန်မို၏ ယုံကြည်မှုမှာ မည်သည့်နေရာမှ လာသည်ကို မသိသော်လည်း သူ့ဘက်မှ ခိုင်ခိုင်မာမာ ရပ်တည်ပေးလိုက်လေသည်။

“ခေါင်းဆောင်ငယ်ရဲ့ စကားဟာ ကျောက်စိမ်းဂိုဏ်းရဲ့ စကားပဲ"

ထုံယွမ်နှင့် ပင်လယ်နတ်ဘုရားကျွန်းမှ လူများမှာ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် မျက်မှောင်ကြုတ်ကာ လေးနက်စွာဖြင့်

"ကျွန်တော်တို့လည်း နုတ်ထွက်ပါတယ်"

All Chapters