အပိုင်း - ၁၇၆
Vol. 16 Ch. 176
"ဆရာ့ရဲ့ ဆုံးမသွန်သင်မှုကို နာခံပါ့မယ်"
ချန်ဆန်းရှီသည် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။
"ကောင်းပြီ... မင်းသင်ယူချင်တဲ့အရာကို ငါသင်ပေးမယ်" ဆွန်ဒူရှန်က တည်ကြည်စွာ ဆိုသည်။ "ဒါပေမဲ့ မသေမျိုးလမ်းစဉ်ဆိုတာ အလွန်ရှည်လျားတဲ့ ခရီးတစ်ခုပဲ။ အခုလောလောဆယ်တော့ သိုင်းပညာကိုပဲ အာရုံစိုက်ပြီး အရောင်တင်ရမယ်။ ငါ မင်းကို သုံးနှစ် အချိန်ပေးမယ်။ မင်း စစ်နတ်ဘုရားအဆင့်ကို ရောက်တဲ့အခါကျမှ ငါကိုယ်တိုင် မင်းကို အဲဒီလမ်းပေါ် ခေါ်ဆောင်သွားပေးမယ်"
"သုံးနှစ်လား"
ချန်ဆန်းရှီက တွေးတောလိုက်သည် "ဆရာ... ဒါက နည်းနည်း များ စောလွန်းမနေဘူးလား"
"မင်းမှာ ဒီလောက်ပဲ အချိန်ရှိတာ။ တကယ်လို့ အဆင်မပြေခဲ့ရင်လည်း အဲဒီအချိန်ကျမှ ငါတို့ ထပ်ပြောကြတာပေါ့"
ဆွန်ဒူရှန်သည် စားပွဲပေါ်ရှိ တောင်ပုံရာပုံ စာအုပ်များကို လက်ညှိုးညွှန်ပြလျက် "ဒါတွေက မင်းနောက်ထပ် လေ့ကျင့်ရမယ့်အရာတွေပဲ ဟွာကျင်းလှံသိုင်းလည်း ပါတာပေါ့။ အကုန်လုံးကို လေ့ကျင့်ပြီးသွားပြီဆိုမှ နောက်ထပ်ကျင့်စဉ်တွေအတွက် ငါ့ဆီကို လာခဲ့" ဟု ဆိုသည်။
"အကုန်လုံးကို လေ့ကျင့်ရမယ်"
ချန်ဆန်းရှီ ခန့်မှန်းကြည့်ရသလောက် စာအုပ်ပေါင်း တစ်ရာကျော်ရှိသည်။ လက်နက်တစ်ခုတည်းမှာပင် မတူညီသော ကျင့်စဉ်မျိုးစုံ ပါဝင်နေသည်။
"ဒါတွေက အနာဂတ်မှာ မင်းအတွက် အသုံးဝင်လာလိမ့်မယ်" ဆွန်ဒူရှန်က ဆိုသည်။ "မင်းကို ငါက မူလအခြေခံကနေစပြီး တစ်ဆင့်ချင်း သင်ပေးနေဖို့ မလိုတော့ဘူး မဟုတ်လား"
"မလိုပါဘူး ဆရာ"
ချန်ဆန်းရှီသည် ထိုကျင့်စဉ်ကျမ်းများကို ကြည့်ရင်း ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။
"ဆရာ..."
ဖန်ချင်းယွမ်က အကြည့်တစ်ချက်ဖြင့် တစ်စုံတစ်ခုကို မေးမြန်းလိုက်သည်။
"ငါ မမေ့ပါဘူး"
ဆွန်ဒူရှန်သည် သူ၏ နောက်ဆုံးတပည့်၏ ပခုံးပေါ်သို့ လက်တင်လိုက်သည်။
ချန်ဆန်းရှီ၏ တစ်ကိုယ်လုံး တုန်ခါသွားသည်။ မနာကျင်သော်လည်း လုံးဝ လှုပ်ရှား၍ မရတော့ပေ။ ဆရာ့လက်မောင်းမှတစ်ဆင့် ချင်းရွှမ်စွမ်းအင် အငွေ့အသက်တစ်ခုသည် သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး လှည့်ပတ်သွားပြီးနောက် အစအနမကျန် ပျောက်ကွယ်သွားသည်ကို သူ မြင်လိုက်ရသည်။
"ဟင်.."
ဆွန်ဒူရှန်ကအံ့သြဝမ်းသာသွားပုံရသည် "စတုတ္ထမြောက် တစ်ယောက်ပေါ့... သူက တကယ့်ကို အရည်အချင်းရှိတာပဲ၊ မင်းလိုပဲ"
"ဂုဏ်ယူပါတယ် ညီငယ်"
ဖန်ချင်းယွမ်က ပြုံးလျက် "အခုဆိုရင် မင်းမှာ လျှောက်လှမ်းဖို့ လမ်းနှစ်သွယ် ရှိသွားပြီ" ဟု ဆိုသည်။
"လမ်းနှစ်သွယ် ဆရာ... အဲဒါက ဘာကို ဆိုလိုတာလဲ"
"ကျန်တဲ့ လမ်းတစ်ခုကတော့ ဧကရာဇ်မင်းမြတ် လျှောက်လှမ်းနေတဲ့ လမ်းပဲ။ မန္တန်ပညာရပ်တွေက သူ့လက်ထဲမှာ ရှိတာ။ သူကတော့ တခြားသူတွေကို အလွယ်တကူ ပေးမှာမဟုတ်ဘူး။ အိမ်ရှေ့မင်းသားတောင် မြင်ဖူးတာ မဟုတ်ဘူး၊ ဒါကြောင့် မင်း အဲဒါကို စိတ်မကူးနဲ့ဦး"
ဆွန်ဒူရှန်က လက်ကာပြလျက် "ဒါပေမဲ့ မင်း စမ်းသပ်လေ့ကျင့်ကြည့်လို့ရတဲ့ မသေမျိုးအဆင့်ငယ်မန္တန်တစ်ခုတော့ ရှိတယ်" ဟု ဆိုသည်။
"မသေမျိုး မန္တန်လား"
ချန်ဆန်းရှီသည် မျှော်လင့်ချက်များကို ဖုံးကွယ်ထား၍ မရတော့ပေ။ ဖန်
ချင်းယွမ်သည် ရင်ခွင်ထဲမှ ဟောင်းနွမ်းပျက်စီးနေသော စာလိပ်တစ်ခုနှင့် စာအုပ်တစ်အုပ်ကို ထုတ်ပေးလိုက်သည်။
"ဒါတွေကို ရဖို့အတွက် မင်းရဲ့ စတုတ္ထအစ်ကိုကြီးတစ်ယောက် တိုက်ပွဲဝင်
ရင်း ဒီလိုဖြစ်သွားခဲ့ရတာ" ဆွန်ဒူရှန်က ဖြည့်စွက်ပြောသည်။
"ဒါပေမဲ့ အရမ်းကြီး စိတ်မလှုပ်ရှားနဲ့ဦး တစ်ဖက်မှာ ဒါက ကျင့်ကြံဖို့ အရမ်းခက်ခဲသလို တခြားတစ်ဖက်မှာလည်း ဒါအတွက် လိုအပ်တဲ့ အရာတွေက ငါ့လက်ထဲမှာ မရှိတော့ဘူး"
ဝမ်ကျစ် ပြောခဲ့သည်ကို ချန်ဆန်းရှီ သတိရသွားသည်။ ဖန်ချင်းယွမ် ပျောက်ကွယ်သွားပြီး ပြန်လာသည့်အခါ ခြေထောက်နှစ်ဖက်စလုံး မသန်တော့ဘဲ ကျင့်စဉ်လည်း ပျက်စီးသွားခဲ့ရခြင်းမှာ ရတနာတစ်ခုကို ရှာဖွေခဲ့ခြင်းကြောင့် ဖြစ်နိုင်ပေသည်။
သူသည် စာအုပ်နှင့် စာလိပ်ကို လှမ်းယူလိုက်သည်။ စာလိပ်ပေါ်မှ စာသားများမှာ ထူးဆန်းပြီး လက်ရေးစုတ်များကဲ့သို့ နားမလည်နိုင်အောင် ဖြစ်နေသည်။ အခြားစာအုပ်မှာမူ ထိုလျှို့ဝှက်စာသားများကို ဘာသာပြန်ရန်အတွက် ဖန်ချင်းယွမ် ကိုယ်တိုင် လက်ရေးဖြင့် ရေးထားသော အဘိဓာန်တစ်ခုကဲ့သို့ ရှိသည်။
နှိုင်းယှဉ်ကြည့်လိုက်သောအခါ ထိုစာလိပ်ထဲတွင် ပါဝင်သည်မှာ...
မန္တန်..
၎င်းမှာ တကယ့်မန္တန်တစ်ခု ဖြစ်နေသည်။ တတ်မြောက်သွားပါက လက်ချောင်းတစ်ချက် တောက်လိုက်ရုံဖြင့် ရန်သူကို သတ်နိုင်မည်ဖြစ်သည်။
"မင်းကို ဘယ်လို ရှင်းပြရမလဲ" ဖန်ချင်းယွမ်က နဖူးကို အသာအယာကိုင်လျက် "မသေမျိုး မန္တန်ကို ကျင့်ကြံဖို့အတွက် သီးသန့် ရင်းမြစ်တစ်ခု လိုအပ်တယ်။ ဒါကို ရတနာဆေးဝါး လို့ပဲ သဘောထားလိုက်ပါ။ အဲဒါမရှိရင် အောင်မြင်ဖို့ လုံးဝ မဖြစ်နိုင်ဘူး"
'ဒါက ချီအငွေ့အသက် အကြောင်းပဲ မဟုတ်လား' ချန်ဆန်းရှီ စိတ်ထဲက ရေရွတ်လိုက်သည်။
သူ့မှာ အော်ရာကြည့်ရှု့ခြင်း ရှိနေသည်ကို ဆရာရော၊ အစ်ကိုကြီးပါ မသိကြပေ။ သို့သော် ၎င်းမှာ ဆရာ့ခန္ဓာကိုယ်ထဲမှ ချင်းရွှမ်စွမ်းအင် နှင့် ဆက်စပ်နေကြောင်း သူ သိလိုက်သည်။
"သုံးနှစ်ပေါ့..." ဆွန်ဒူရှန်က တွေးတောစွာ ပြောသည်။
"သုံးနှစ်အတွင်း ငါ မင်းအတွက် အဲဒီရင်းမြစ်တွေကို ရှာပေးမယ်။ အဲဒီမတိုင်ခင်အထိတော့ မင်း အစွမ်းကုန် ကြိုးစားကြည့်ပါ။ အောင်မြင်ရင် ကောင်းတာပေါ့၊ မအောင်မြင်လည်း ကိစ္စမရှိဘူး။မသေမျိုးရှာဖွေရေးမျှော်စင်က လူတွေကို သွားတွေ့ကြည့်ပါ သူတို့ဆီမှာလည်း ရှိနိုင်တယ်"
ချန်ဆန်းရှီသည် ရိုသေစွာ ဂါရဝပြုလိုက်သည် "ကျေးဇူးတင်ပါတယ် ဆရာ"
"ညီငယ်... မင်း ဒါကို ဒီနေရာမှာပဲ ဖတ်လို့ရမယ်၊ အပြင်ကို ယူသွားလို့ မရဘူးနော်" ဖန်ချင်းယွမ်က သတိပေးသည်။
ချန်ဆန်းရှီသည် ဇရပ်ထဲတွင် ထိုင်လျက် အလေးအနက် စတင်ဖတ်ရှုတော့သည်။ ထိုအခါမှသာ ချင်းရွှမ်စွမ်းအင်ဆိုသည်မှာ အဘယ်နည်းကို သူ နားလည်သွားတော့သည်။
ဝိညာဉ်စွမ်းအင်..
မသေမျိုးလမ်းစဉ်ဖြစ်စေ၊ မန္တန်များကိုဖြစ်စေ ကျင့်ကြံရာတွင် ဝိညာဉ်စွမ်းအင်သည် မရှိမဖြစ် လိုအပ်သော အင်အားအရင်းအမြစ် ဖြစ်သည်။ သို့သော် အကြောင်းတစ်စုံတစ်ရာကြောင့် ဤလောကတွင် ဝိညာဉ်စွမ်းအင်များ မရှိတော့ပေ။ အနည်းဆုံးတော့ ချန်ဆန်းရှီ ယခုအချိန်အထိ မတွေ့ရှိသေးပေ။
ဤမန္တန်၏ အမည်မှာ ရိုးရှင်းလှသည် "ဓားချီမန္တန်"ဟု ခေါ်သည်။ ခန္ဓာကိုယ်၏ စွမ်းအင်လမ်းကြောင်းမှတစ်ဆင့် ဝိညာဉ်စွမ်းအင်ကို စုပ်ယူပြီး အထူးနည်းလမ်းဖြင့် ထုတ်လွှတ်ကာ တိုက်ခိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ မသေမျိုးလမ်းစဉ်၏ အခြေခံအကျဆုံး မန္တန်ဖြစ်၍ သာမန်လူများပင် ခန္ဓာကိုယ်ကြံ့ခိုင်မှုရှိပါက လေ့ကျင့်နိုင်သည်ဟု ဖော်ပြထားသည်။
ချန်ဆန်းရှီသည် နေဝင်ချိန်အထိ အာရုံစိုက်ဖတ်ရှုပြီးနောက် အကြောင်းအရာအားလုံးကို မှတ်သားလိုက်သည်။ ထို့နောက် တင်ပျဉ်ခွေထိုင်လျက် 'ဓားချီမန္တန်' ကို စမ်းသပ်လေ့ကျင့်ကြည့်သည်။ ချက်ချင်းပင် သူ့အတွင်း၌ ခလုတ်တစ်ခုကို နှိပ်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး၊ လောကကြီးအတွင်းမှ ချင်းရွှမ်စွမ်းအင်များကို စတင်ဆွဲငင်ရန် ကြိုးပမ်းလိုက်သည်။
စွမ်းအင်လမ်းကြောင်းများ..
ဝိညာဉ်စပါးကိုလည်း ဤလမ်းကြောင်းများမှတစ်ဆင့် စုပ်ယူခဲ့ခြင်း ဖြစ်သည်။ အရာအားလုံးက ဆက်စပ်နေသည်။
သို့သော် ကံမကောင်းသည်မှာ ဝိညာဉ်စပါးထဲတွင် ချင်းရွှမ်စွမ်းအင် မပါဝင်သလို၊ လောကကြီးထဲတွင်လည်း ဝိညာဉ်စွမ်းအင် အစအနမျှ မရှိပေ။ ချန်ဆန်းရှီ လေ့ကျင့်လိုက်သောအခါ သူ့ပတ်ဝန်းကျင်ရှိ စွမ်းအင်အမျိုးမျိုးမှာ ဝဲကယက်သဖွယ် ဖြစ်ပေါ်လာသော်လည်း ကိုယ်ထဲသို့ စုပ်ယူ၍ မရပေ။ ခဏအကြာတွင် စွမ်းအင်လမ်းကြောင်းများမှာ မီးလောင်သကဲ့သို့ နာကျင်လာသဖြင့် သူ အမြန်ရပ်တန့်လိုက်ရသည်။
ချင်းရွှမ်စွမ်းအင် (ဝိညာဉ်စွမ်းအင်) မရှိဘဲ အောင်မြင်ရန်မှာ မဖြစ်နိုင်ကြောင်း သူ လက်တွေ့သိလိုက်ရသည်။
"အစ်ကိုကြီး... ဒါကို ပြန်အပ်ပါတယ်" ချန်ဆန်းရှီက စာလိပ်ကို ပြန်ပေးလိုက်သည်။
"ဖတ်လို့ ပြီးပြီလား" ဖန်ချင်းယွမ်က သိမ်းဆည်းလိုက်ရင်း သတိပေးသည်။ "အခုအချိန်အထိ ဒါကို မင်းရယ်၊ ဆရာရယ်၊ ငါရယ် သုံးယောက်ပဲ သိတာနော်။ တခြား အစ်
ကိုကြီးတွေနဲ့ ဆွန်လီ၊ ဆွန်ပုချီ တို့တောင် မသိကြဘူး"