← Chapters

👑 The Child… Was Gone Long Ago?

Vol. 20 Ch. 191

👑 The Child… Was Gone Long Ago?

Vol. 20 Ch. 191

မိန်းမစိုးကြီးချန် ဟုတ်လား…

ယွဲ့လင်းဘက်တော်သားများ၏အဓိပ္ပာယ်မဲ့သော စွပ်စွဲစကားများကို နားမထောင်ချင်တော့သည့်အတွက် တိုက် ခိုက်မှုကို စတင်ဖို့ တုံရှောင်းကြံထားခဲ့တာဖြစ်သည်။ သို့သော် မိန်းမစိုးကြီးချန် ရောက်လာသည်ဟု ကြားလိုက်ရသောအခါ ခေတ္တရပ်တန့်ခဲ့ရပါသည်။

သူ့မျက်လုံးတွေ အနည်းငယ် လှုပ်ခတ်သွားပြီး တပ်သားများကို ခေတ္တဆိုင်းငံ့ထားခိုင်းလိုက်သည်။

မိန်းမစိုးကြီးချန်ဆိုတာ နှောင်းဧကရာဇ်မင်းကြီးနဲ့ ငယ်စဉ်ကတည်းက အတူတူကြီးပြင်းလာကြသည့် မိတ်ဆွေတွေဖြစ်ပြီး နှောင်းဧကရာဇ်၏သစ္စာအရှိဆုံး ခွေးလည်းဖြစ် သည်။ နှောင်းဧကရာဇ်မင်းကြီးကို လူတိုင်းသစ္စာဖောက်နေလျှင်တောင် မိန်းမစိုးကြီးချန် လုံးဝသစ္စာဖောက်မည် မဟုတ်ပေ။

နှောင်းဧကရာဇ်မင်းကြီး နတ်ရွာစံသွားပြီးနောက် တော်ဝင်ဂူဗိမ္မာန်အား မိန်မစိုးကြီးချန် စောင့်ကြပ်ခွင့်တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယခုလိုရုတ်တရက် ရောက်ရှိလာရခြင်းက အံ့အားသင့်ဖွယ်ကောင်းပါသည်။

ယွဲ့ဟွာအပေါ် နှောင်းဧကရာဇ်မင်းကြီး ဘယ်လောက်တောင် မျှော်လင့်ချက်ထားခဲ့သလဲဆိုတာ မိန်းမစိုးကြီးချန်က အသိဆုံးဖြစ်သည်။ ထို့ကြောင့် မိန်းမစိုးကြီးချန် အခုလို ရုတ်တရက်ရောက်ရှိလာခြင်းက ယွဲ့ဟွာ ထီးနန်းပိုင်ဆိုင်ရဖို့အတွက် နှောင်းဧကရာဇ်မင်းကြီး၏ နောက်ဆုံး ဝှက်ဖဲ ဖြစ်နိုင်ပါသည်။

တုံရှောင်း မျှော်လင့်တကြီး စောင့်ကြည့်နေမိသည်။

သိပ်မကြာလိုက်ဘဲ ခေါင်းဖြူအဘိုးကြီးတစ်ဦးကို ဝူကျီး ခေါ်ဆောင်လာခဲ့သည်။

ထိုအဘိုးကြီးက နှောင်းဧကရာဇ်မင်းကြီးလက်ထက်တုန်းက ဂုဏ်သရေအရှိဆုံး မိန်းမစိုးခေါင်းဆောင်ကြီး ချန်ယင်းရှန့်ပင်။

ချန်ယင်းရှန့်က နှောင်းဧကရာဇ်မင်းကြီးကို နှစ် ၅၀ နီးပါး အမှုထမ်းခဲ့တာဖြစ်ပြီး အသက်အရွယ်လည်း အလွန်ကြီး ရင့်နေပါပြီ။ ထို့ကြောင့် ခြေလှမ်းတွေ တုန်ယင်နေပြီး လက်ထဲမှာလည်း ကလေးအနှီးစောင်ဖြင့် ထုပ်ထားသည့် အထုပ်တစ်ထုပ်ကို ပိုက်လာခဲ့သည်။

“မိန်းမစိုးကြီးချန်”

ယွဲ့ဟွာ သူ့ကို လှည့်ကြည့်လိုက်ပြီး မေးမြန်းလိုက်ပါသည်။

“ခမည်းတော် နတ်ရွာမစံခင် နောက်ဆုံး မှာကြားခဲ့တာတွေ ရှိလို့လား”

မိန်းမစိုးကြီးချန်ကတော့ ယွဲ့ဟွာကို မှောင်မိုက်သောမျက် လုံးများဖြင့်သာ စိုက်ကြည့်လိုက်သည်။

ယွဲ့ဟွာ အနည်းငယ် ကြက်သေသေသွားခဲ့ပါသည်။

ယခင်တုန်းကဆို သူ့ကို ကြည့်သည့် မိန်းမစိုးကြီးချန်၏ အကြည့်များက အလွန်နူးညံ့သိမ်မွေ့ပြီး သံယောဇဉ်ကြီး မားခဲ့သည်။

အခု ဘယ်လိုဖြစ်တာလဲ…

သူ့မျက်လုံးတွေထဲမှာ အငြှိုးတရားအရိပ်အယောင်တွေ မြင်နေရသည်။

“မိန်းမစိုးကြီးချန် ဘာလျှောက်တင်ချင်တာ ရှိလို့လဲ”

ယွဲ့လင်း မေးမြန်းလိုက်သည်။

ချန်ယင်းရှန့် ရှေ့တိုးလာခဲ့ပြီး အမျက်ဒေါသထွက်နေသော လေသံဖြင့် လျှောက်တင်လိုက်ပါသည်။ “မင်းသားအန်းဟယ်ရဲ့အမှန်တရားကို ထုတ်ဖော်ပေးဖို့ ဒီငယ်သား ရောက် လာခဲ့တာပါ အရှင်မင်းကြီး! မင်းသားအန်းဟယ်က… ထီးနန်းနဲ့ လုံးဝ မထိုက်တန်တဲ့လူပါ! ယွဲ့ဟွာ မျိုးမစစ် သားတစ်ယောက်ပဲ!!!”

ချန်ယင်းရှန့်က နှောင်းဧကရာဇ်မင်းကြီးအပေါ် သစ္စာအလွန်ကြီးမားသူဖြစ်သည်။ ထို့ကြောင့် အမှန်တရားကို သိရှိလိုက်ရပြီးနောက် သူ ရင်ကွဲမတတ်ဖြစ်ခဲ့ရသည်။

“ပါးစပ်ပိတ်ထား!”

“နင် ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလလဲ!”

မယ်တော်ကြီးနှင့် ယွဲ့ဟွာတို့ ပြိုင်တူ အော်လိုက်ကြသည်။

ယွဲ့ဟွာက အမှန်တကယ် ထိတ်လန့်တုန်လှုပ်နေခဲ့တာဖြစ် သည်။ သူ့ကိုယ်သူ ယွဲ့မို၏သားအရင်းမဟုတ်ကြောင်း တစ်ခါမှ မတွေးခဲ့ဖူးပါ။

သို့သော်…

မယ်တော်ကြီးကို ယွဲ့ဟွာ လှည့်ကြည့်လိုက်သည်။

မယ်တော်ကြီးကကော… ဘာလို့ အဲ့လောက်တောင် စိတ်လှုပ်ရှားနေရတာလဲ…

တုံရှောင်း မျက်နှာလည်း အေးစက်သွားခဲ့သည်။ ထို့နောက် သူ့လက်ထဲက ဓားကို ခံစားချက်မဲ့စွာ ပွတ်သပ်လိုက်ပါသည်။

ဟွားအာလေးရဲ့မျိုးရိုးအစစ်အမှန်ကို သိသွားကြပြီလား…

ဒီလိုသာဆို ချန်ယင်းရှန့်ကို ပါးစပ်ထပ်ဟခွင့်ပြုလို့ မဖြစ်တော့ပါ။

တုံရှောင်းထိုသို့ တွေးနေစဉ် ချန်ယင်းရှန့် အံကြိတ်ကာ လှမ်းအော်လိုက်သည်။

“ပုန်ကန်သူ တုံရှောင်း! နှောင်းဧကရာဇ်မင်းကြီးက မင်းကို အရမ်းလေးစားတန်ဖိုးထားခဲ့တာ! နှောင်းဧကရာဇ်မင်းကြီး အရှက်ရစေမယ့် လုပ်ရပ်မျိုး ဘာလို့လုပ်နေတာလဲ!”

ထို့နောက် မယ်တော်ကြီးကိုလည်း ချန်ယင်းရှန့်လှည့်ကြည့်လိုက်သည်။

“ပြီးတော့ ချွီရှင်းဆိုတဲ့ နင်!! နှောင်းဧကရာဇ်မင်းကြီးက နင့်ကို မျက်နှာမငယ်စေရအောင် အမြဲအရေးပေးခဲ့တာ၊ ဒီလိုအရှက်မရှိတဲ့လုပ်ရပ်မျိုး ဘာကြောင့် လုပ်ခဲ့တာလဲ!”

“တိတ်စမ်း!”

မယ်တော်ကြီး စူးစူးဝါးဝါး အော်ပြောလိုက်သည်။

“ဒီမယ်တော့်ကို မဟုတ်မမှန်စွပ်စွဲနေတာတွေ ချက်ချင်းရပ်လိုက်စမ်း!”

တုံရှောင်း လှောင်ပြုံးပြုံးလိုက်ပြီး တိုက်ခိုက်မှုစတင်ဖို့အတွက် တပ်သားတွေကို အမိန့်ပေးရန်လက်ပြင်လိုက်သည်။

ထိုစဉ် ကျန်းကျီမြောင်လည်း အခွင့်အရေးကိုမြင်သွားပါသည်။

ထို့နောက် သူမ ဝယ်ယူထားသည့် ရုပ်ရှင်ကြည့်အဆောင်နှစ်ခုကို မယ်တော်ကြီးနှင့် တုံရှောင်းတို့အပေါ်မှာ အသုံးပြုလိုက်သည်။

[မယ်တော်ကြီးနဲ့ တုံရှောင်းတို့နှစ်ယောက်စလုံးက ယွဲ့ဟွာကို သူတို့သားအရင်းလို့ ထင်နေတာ…အခု အမှန်တရားကို ကြည့်လိုက်ကြပေတော့!]

ထို့နောက် ယွဲ့ဟွာ၏မျိုးရိုးနှင့်ပတ်သတ်ပြီး စနစ်မှ တည်း ဖြတ်ပေးထားသည့် အပိုင်းတို ရုပ်ရှင်ကလေးကို ကျန်းကျီမြောင် ဖွင့်ပြခဲ့သည်။

နှောင်းဧကရာဇ်မင်းကြီးနှင့် ယခင်မင်းဆက် မင်းသမီးတို့၏တွေ့ဆုံခြင်းနဲ့ ရုပ်ရှင်ကို နိဒါန်းပျိုးထားသည်။

တုံရှောင်းနှင့် မယ်တော်ကြီးတို့၏ အာရုံထဲ ထူးထူးဆန်းဆန်း ပုံရိပ်တွေ ရုတ်တရက်ပေါ်လာခဲ့ပါသည်။ ထို့ကြောင့် နှစ်ယောက်စလုံး ကြက်သေသေသွားခဲ့ကြလေသည်။

ဒါ… ဒါ ဘာတွေလဲ

ဘာတွေဖြစ်နေတာလဲ!

နှောင်းဧကရာဇ်မင်းကြီးရဲ့ပုံရိပ်တွေကို ဘာလို့ ရုတ်တရက်ကြီးမြင်လာရတာလဲ!

နှောင်းဧကရာဇ်မင်းကြီးနှင့် ထိုအမျိုးသမီးတို့က အတော်လေး ရင်းနှီးနေကြပုံပေါ်သည်။

မယ်တော်ကြီးမျက်နှာ အလွန်ပျက်သွားခဲ့သည်။ ထိုအမျိုး သမီးကို အနောက်နန်းဆောင်ထဲမှာ သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

နှောင်းဧကရာဇ်မင်းကြီး နန်းတော်အပြင်ဘက်မှာ တွေ့လာတဲ့ အမျိုးသမီးလား…

ထူးခြားသည့်ဖြစ်စဉ်ကြောင့် တုံရှောင်း စစ်တိုက်ဖို့ပင် မေ့လျော့သွားခဲ့သည်။

ရုပ်ရှင်ကို တည်းဖြတ်ပြီးနောက် စနစ်ကို သူမအာရုံထဲမှာလည်း ကျန်းကျီမြောင် ဖွင့်ပြခိုင်းခဲ့ပါသည်။

ထိုပုံရိပ်တွေကို မြင်သောအခါ ယွဲ့လင်းလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားသည့် လက်သီးများကို ဖြေလျော့လိုက်ပါသည်။ ကျန်းကျီမြောင် နည်းလမ်းတစ်ခုခု သုံးလိုက်ပြီ ဆိုတာကို သူ နားလည်သွားခဲ့သည်။

အရာရှိအမတ်တွေလည်း မှင်သက်သွားခဲ့လေသည်။

ဒါ ဘာလဲ…

နှောင်းဧကရာဇ်ရဲ့ ဇာတ်လမ်းတစ်ပုဒ်လား…

ဘေးမှာ ချန်ယင်းရှန့်ကတော့ ဒေါသတကြီး ဆက်အော် ငေါက်နေဆဲဖြစ်သည်။

“ငါကနင့်ကို မဟုတ်မမှန်စွပ်စွဲတယ်ဟုတ်လား! နင်တို့နှစ်ယောက် နှောင်းဧကရာဇ်ရဲ့နောက်ကွယ်မှာ ဖောက်ပြားခဲ့ကြပြီး ကလေးပါရခဲ့ကြတာ မဟုတ်ဘူးလား! အဲ့တာ ငါက မဟုတ်မမှန် စွပ်စွဲတာတဲ့လား!”

“တော်ဝင်ဂူဗိမ္မာန်ကို စောင့်ကြပ်ရင်း ဒီအရိုးစုတွေ မတော် တဆ ရှာတွေ့ခဲ့တာကြောင့်သာမဟုတ်ရင် ငါဘယ်အချိန်ထိ ဆက်လှည့်စားခံရမလဲ မသိဘူး!”

ထို့နောက် သူသယ်ဆောင်လာသည့် အနှီးထုပ်လေးကို မြေကြီးပေါ် ချလိုက်သည်။

ထို့နောက် အနှီးကို ဖွင့်ပြလိုက်ပါသည်။ အထဲမှာရှိနေသည့်အရာများက မွေးကင်းစကလေးတစ်ဦး၏အရိုးစုများဖြစ်နေသည်။

ထိုအရိုးစုတွေကို ကြည့်ရင်း ဘာကြောင့်မှန်းမသိဘဲ မယ် တော်ကြီးတစ်ကိုယ်လုံး ဖိမ့်ဖိမ့်တုန်သွားခဲ့သည်။

ဒါ… ဒါ ဘယ်သူ့အရိုးစုတွေလဲ!

အာရုံထဲကရုပ်ရှင်တိုထဲမှာလည်း ယခင်မင်းဆက် မင်းသမီးက ကိုယ်ဝန်ရရှိသွားခဲ့ပြီဖြစ်သည်။ ထိုရင်သွေးလေးကို ဧကရာဇ်မင်းတစ်ပါးဖြစ်လာအောင် ကျိန်းသေပေါက် နန်းတင်ပေးမည်ဟု နှောင်းဧကရာဇ်မင်းကြီးက ကတိပေးခဲ့သည်။

ထိုစဉ် သူ့ရှေ့မှာ ဒီကလေးအရိုးစုတွေ ပေါ်လာခဲ့တာဖြစ်ပါသည်။

“ယွဲ့ဟွာက မျိုးမစစ်သားဆိုတာ ဟုတ်တယ်၊ ဒါပေမယ့် နင်တို့နှစ်ယောက်ရဲ့ မျိုးမစစ်သားမဟုတ်ဘူး!”

ချန်ယင်းရှန့် အေးစက်စွာပြောလိုက်သည်။

“နင်တို့မွေးဖွားခဲ့တဲ့ မျိုးမစစ်သားအရင်းက အရိုးစုဖြစ်သွားတာကြာလှပြီ! ဒီကလေးက မျိုးမစစ်သားဆိုတာ နှောင်းဧကရာဇ်မင်းကြီး မသိခဲ့လို့ တော်ဝန်ဂူဗိမ္မာန်ရဲ့ ထောင့်တစ်နေရာမှာမြှုပ်နှံဖို့ လျှို့ဝှက်အမိန့်ပေးခဲ့တာ!”

ပထမတော့ တော်ဝင်ဂူဗိမ္မာန်ကို ချန်ယင်းရှန့် အေးအေးချမ်းချမ်းစောင့်ကြပ်ပေးခဲ့တာဖြစ်သည်။ သို့သော် သိပ်မကြာသေးခင်က သဲလွန်စတချို့ကိုသိခဲ့ရပြီး လူတချို့၏ ကောလဟာလစကားသံများကြောင့် သူ တစ်ခုခုကို နားလည်သွားခဲ့သည်။

ထို့နောက် သူ့ဆင်ခြင်တုံတရားကို အသုံးချပြီး အမှန်တရားကို ဖော်ထုတ်နိုင်ခဲ့သည်။

မျိုးမစစ်သားဖြစ်သည့် ယွဲ့ဟွာ မျိုးရိုးအမှန်က သူထင်ထားတာထက်ပင် ပိုမိုစက်ဆုပ်စရာကောင်းနေသည်။

အမှန်တရားကို သိရှိပြီးနောက် ယွဲ့လင်းထံကို ချန်ယင်းရှန့် ချက်ချင်းလာလျှောက်တင်ဖို့ ရည်ရွယ်ခဲ့သည်။

သေတမ်းစာ အမိန့်တော်အားကိုးဖြင့် တုံရှောင်းပုန်ကန်နေကြောင်း သိရှိရသောအခါ ချန်ယင်းရှန့် ဘာမှမတွန့်ဆုတ်တော့ဘဲ ဒီအထိ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။

နှောင်းဧကရာဇ်မင်းကြီးအပေါ် သူသစ္စာစောင့်သိမှဖြစ်မည်။

အမှန်တရားကိုသာ မသိမြင်ခဲ့ပါက နှောင်းဧကရာဇ်မင်းကြီး၏အမိန့်တော်ကို သူနာခံမိလောက်သည်။

သို့သော်ယခု အမှန်တရားကို သိရှိခဲ့ရပြီဖြစ်တာကြောာင့် တော်ဝင်မျိုးရိုးကို ယွဲ့ဟွာ လာဖျက်ဆီးမှာ သူလုံးဝ ခွင့်မပြုနိုင်ပေ။

နှောင်းဧကရာဇ်မင်းကြီး သက်ရှိထင်ရှားရှိနေသေးလျှင်လည်း မျိုးမစစ်သားယွဲ့ဟွာကို သူကိုယ်တိုင် လည်ပင်းညှစ်သတ်လောက်သည်။

မယ်တော်ကြီး မျက်လုံးများရုတ်တရက်ပြူးကျယ်သွားခဲ့သည်။

ဒါ သူမရဲ့ ကလေးဟုတ်လား…

မဟုတ်ဘူး… မဖြစ်နိုင်ဘူး!!

ထိုအတွေးဖြင့် အရိုးစုတွေထံ မယ်တော်ကြီးပြေးလာခဲ့သည်။

အဖြူရောင်အရိုးစုလေးကိုကြည့်ရင်း မယ်တော်ကြီးမျက်လုံးထဲမှ မျက်ရည်များ ရုတ်တရက်စီးကျလာခဲ့ပါသည်။

အနှီးထုပ်ထဲမှာ ရွှေသော့ခလောက်လေးတစ်ခု ရှိနေသည်။

ထိုရွှေသော့ခလောက်လေးကို မယ်တော်ကြီး တုန်ယင်နေသော လက်များဖြင့် ကောက်ယူလိုက်သည်။

သူမ မှတ်မိနေသည်။ ရှင်းရှင်းလင်းလင်းကို မှတ်မိနေသေးသည်။

သူ့သားလေးအတွက် ဒီရွှေသော့ခလောက်လေး ဖန်တီးပေးဖို့ သူကိုယ်တိုင် တောင်းဆိုခဲ့တာဖြစ်သည်။

နောက်တော့ ထိုရွှေသော့ခလောက်လေး ပျောက်သွားသည်ဟု နှောင်းဧကရာဇ်မင်းကြီးက အကြောင်းပြချက်ပေးကာ အသစ်တစ်ခု ဖန်တီးခိုင်းခဲ့သည်။

ထိုအချိန်တုန်းကတော့ မယ်တော်ကြီး ဘာမှမစဉ်းစားခဲ့ပါ။

သို့သော် ယခုမူ…

ရွှေသော့ခလောက်လေးက အဖြူရောင်အရိုးစုလေးဘေးမှာ ပြန်ပေါ်လာခဲ့ပြီဖြစ်သည်။

အာရုံထဲက ရုပ်ရှင်တိုထဲမှာလည်း မယ်တော်ကြီး ကလေးဖွားမြင်သည့် အခန်းကိုရောက်ရှိနေပါပြီ။ ဖွားမြင်ပြီးနောက် ထိုကလေးကို နှောင်းဧကရာဇ်မင်းကြီး ချက်ချင်း ခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် ထိုကလေးကို နှောင်းဧကရာဇ်မင်းကြီး သူ့လက်နဲ့ကိုင်တိုင် သတ်ပစ်ခဲ့သည်။

အာရုံထဲက ပုံရိပ်တွေနဲ့ သူမရှေ့က အရိုးစုတွေကိုမယ် တော်ကြီး တစ်ပြိုင်တည်းမြင်လိုက်ရသည်။

ထို့နောက် မယ်တော်ကြီး ရုတ်တရက် စူးစူးဝါးဝါးအော် ဟစ်လိုက်လေတော့သည်။

သားလေး…

သူ့ သားလေး!!

သူ့ သားလေးကို အယုတ်တမာ ယွဲ့မိုက သတ်ပစ်ခဲ့တာ!!!

တုံရှောင်းလည်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး ယွဲ့ဟွာကို မယုံကြည်နိုင်စွာကြည့်လိုက်သည်။

ယွဲ့ဟွာကို သူနဲ့ မယ်တော်ကြီးတို့ ရရှိထားသည့် ရင်သွေးဟု တုံရှောင်း ထင်ခဲ့မိသည်။ ထို့ကြောင့်လည်း သူ့အပေါ် ဒီလောက်ထိ သစ္စာစောင့်သိခဲ့တာဖြစ်ပြီး သူထီးနန်းကို ပိုင်ဆိုင်ရဖို့အတွက် မိုင်ထောင်ချီ စစ်ချီလာခဲ့ရခြင်းဖြစ်သည်။

သို့သော် အမှန်တရားကတော့…

သူတို့ရဲ့ ရင်သွေးအစစ်အမှန်က သေဆုံးသွားတာ ကြာပြီတဲ့လား…!

“ယွဲ့မို! ယွဲ့မို! ယွဲ့မို!!!”

နှောင်းဧကရာဇ်မင်းကြီး၏အမည်ကို မယ်တော်ကြီး သွေးဆာလောင်စွာ အော်ဟစ်လိုက်ရင်း မျက်ဝန်းထောင့်တွေ ကွဲထွက်မတတ် မျက်လုံးများပြူးကျယ်သွားခဲ့လေတော့သည်။

All Chapters