← Chapters

👑 The End of Yue Hua

Vol. 20 Ch. 194

👑 The End of Yue Hua

Vol. 20 Ch. 194

ဒီ့မတိုင်ခင်တုန်းက ဘယ်လိုပဲ အရေးနိမ့်ခဲ့ပါစေ ယွဲ့ဟွာ အမြဲတမ်း စိတ်ကိုတည်တည်ငြိမ်ငြိမ် ထားနိုင်ခဲ့သည်။

သူက ကူးပြောင်းလာသူလည်းဖြစ်သလို ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုကို ခံထားရသူလည်းဖြစ်ကာ နှောင်းဧကရာဇ်မင်းကြီးနှင့် မယ်တော်ကြီးတို့၏ ကြင်နာမှုကို အခံရဆုံး သားတော်လည်းဖြစ်သည်ဟု ယုံကြည်ခဲ့သည်။

တစ်လောကလုံးမှာ သူသာဇာတ်လိုက်မင်းသားဖြစ်ပြီး ကံအရေးနိမ့်နေသည့် ကာလတွေကလည်း ယာယီသာဖြစ်သည်။

ယွဲ့လင်းယာယီ အောင်မြင်ကောင်းအောင်မြင်နိုင်လိမ့်မည်။

သို့သော် တစ်နေ့ကျလျှင် ယွဲ့လင်းကို သူ့ခြေထောက်အောက်မှာ ကျိန်းသေပေါက် နင်းခြေပြီး အမြင့်ဆုံးကိုရောက်အောင်တက်ပစ်မည်။

ယခင်တုန်းက ထိုမျှော်လင့်ချက်တွေကို လက်ကိုင်ထားပြီး ယွဲ့ဟွာ အသက်ဆက်ရှင်ခဲ့တာဖြစ်သည်။

သို့သော် ယခုတော့…

ချန်ယင်းရှန့်၏ လျှောက်တင်စကားတွေကို နားထောင်ရင်း ယွဲ့ဟွာ လုံးဝ သွေးပျက်သွားခဲ့ပါပြီ။

မယ်တော်ကြီးကို ယွဲ့ဟွာ လှည့်ကြည့်လိုက်သည်။

မယ်တော်ကြီးက အရူးတစ်ယောက်လို ရယ်မောနေဆဲဖြစ်ပြီး သူ့ကို အရိုးထဲထိ အေးစက်သွားစေမည့် အကြည့်မျိုးဖြင့် ကြည့်နေပါသည်။

ယွဲ့လင်းကို ယွဲ့ဟွာ လှည့်ကြည့်လိုက်သည်။

ယွဲ့လင်းက သူ့ကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေသည်။ သူ့မျက်လုံးတွေထဲ ခံစားချက် မျှင်မျှင်လေးတောင် မတွေ့ရပါ။

နောက်ဆုံးတော့… ချန်ကျင်းမင်၏ အလောင်းကို ယွဲ့ဟွာ လှည့်ကြည့်လိုက်သည်။

ချန်ကျင်းမင်၏သေဆုံးခြင်းက အလွန်မြန်ဆန်ပြတ်သားလွန်းသည်။ သူ့အတွက် စကားတစ်ခွန်းမချန်ခဲ့သလို တစ်ချက်ကလေးတောင် လှည့်ကြည့်မသွားခဲ့ပါ။

တစ်ချိန်တုန်းက တစ်လောကလုံးမှာ သူသာ ဇာတ်လိုက်မင်းသားဟု ယွဲ့ဟွာ တွေးထင်ခဲ့ဖူးသည်။

ယခုတော့ သူနားလည်လိုက်ပါပြီ…

ဒီလောကကြီးထဲမှာ သူ့အတွက် တကယ်ဂရုစိုက်ပေးခဲ့သူ၊ သူ့အပေါ် သစ္စာတရား အစစ်အမှန်နဲ့ အမှုထမ်းပေးခဲ့သူဆိုတာ တစ်ယောက်တလေတောင်မရှိခဲ့ပါ။

ဒီကမ္ဘာကို ကူးပြောင်းလာသည့် နှစ်ပေါင်းများစွာအတွင်း သူပိုင်ဆိုင်ခဲ့တာ ဘာမှမရှိခဲ့ပေ။

“အရှင်မင်းကြီး! တော်ဝင်မျိုးရိုးကို ဖျက်ဆီးဖို့ ကြိုးစားတဲ့ မင်းသားအန်းဟယ်ရဲ့ လုပ်ရပ်တစ်ခုတည်းနဲ့ ပုန်ကန်မှုမြောက်နေပါပြီ! မင်းသားအန်းဟယ် ကိုယ်ကျိုးအတွက် လျှို့ဝှက်တပ်သားတွေ ပျိုးထောင်ပြီး ပုန်ကန်ဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့ သက်သေတွေ ဒီငယ်သားမှာရှိနေပါတယ်”

“ချန့်လုံရဲ့ အမှုကိစ္စကို စုံစမ်းစစ်ဆေးခဲ့တုန်းက မင်းသားအန်းဟယ် လောတိုင်းပြည်နဲ့ ပတ်သတ်မှုရှိခဲ့တာကို ဒီငယ် သားလည်း ရှာဖွေသိရှိခဲ့ပါတယ် အရှင်မင်းကြီး!”

“ပုန်ကန်မှု! တိုင်းပြည်အပေါ်သစ္စာဖောက်မှု! ဒါတွေက ခွင့်လွှတ်နိုင်စရာမရှိတဲ့ ပြစ်မှုတွေပဲ!”

“ဒီကောင့်ကို ချက်ချင်း ကွပ်မျက်ပေးဖို့ အရှင်မင်းကြီးကို တောင်းဆိုပါတယ်!”

ဝန်ကြီးမှူးမတ်တွေလည်း တစ်ယောက်တစ်ပေါက် တောင်းဆိုလာကြသည်။

သူတို့လက်ထဲ သက်သေတွေရထားခဲ့တာကြာပါပြီ။

သို့သော် ယုံမင်းဆက်၏တည်ငြိမ်အေးချမ်းမှုအတွက် ချက်ချင်းထုတ်ပြလို့ မရခဲ့ကြပါ။ သို့သော် ယခုတော့ ဘာမှ ထောက်ထားစရာမလိုတော့ပေ။

ယွဲ့ဟွာလို ယုတ်ညံ့သည့် အတားအဆီးတစ်ခုကို အမြန်ဆုံး ဖယ်ရှားပစ်သင့်သည်။

ယွဲ့ဟွာမျက်လုံးတွေထဲ သွေးချောက်ချားမှုတွေ သိသိသာ သာထင်ဟပ်လာပြီး ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။

“မဟုတ်ဘူး… ငါ့ကို သတ်လို့မရဘူး! ခမည်းတော်သာဆို ငါ့ကိုသတ်ခွင့်ပြုမှာ မဟုတ်ဘူး!!”

“နှောင်းဧကရာဇ်မင်းကြီးသာ သက်ရှိထင်ရှားရှိနေသေးရင် မင်းကို အရင်ဆုံးလာသတ်မှာ"

ချန်ယင်းရှန့် အငြှိုးကြီးစွာ ပြောလိုက်သည်။

ယွဲ့ဟွာ စိတ်ဓာတ်တွေ ပြိုလဲသွားခဲ့သည်။

“အတုတွေ…! အားလုံးအလိမ်အညာတွေ!! ငါက မျိုးမစစ်သားမဟုတ်ဘူး! ငါက ခမည်းတော်နဲ့ မယ်တော်တို့ရဲ့ သားအရင်း၊ ခမည်းတော် အလေးအထားရဆုံး ဆက်ခံသူ မင်းသားတစ်ပါးပဲ! ငါက ကံကြမ္မာရဲ့ မျက်နှာပေးမှုကိုခံရတဲ့သူ… ကောင်းကင်ဘုံရဲ့သားတော်… ငါ… ငါက ကူးပြောင်းလာတဲ့သူ… ငါက ကူးပြောင်းလာသူတစ်ယောက်ပဲ!!!”

ယွဲ့ဟွာစိတ်လွတ်သွားပြီး အဓိပ္ပာမယ်မရှိသည့်စကားတွေ ဆက်တိုက်ဆိုသလို ရေရွတ်နေခဲ့သည်။

“အိပ်မက်ပဲ… ဒါအိပ်မက်ပဲဖြစ်မှာ! ငါက ကူးပြောင်းလာသူလေ… ဒီကောင်တွေ အကုန်လုံံးက ရှေးခေတ်ကကောင်တွေ! ငါ့လိုလူမျိုးက ဘာလို့ ရှုံးရမှာလဲ!! ဒါအိပ်မက်ဆိုတာ သေချာတယ်!!”

ယွဲ့လင်းကို ယွဲ့ဟွာ လှည့်ကြည့်ကာ အော်ဟစ်လိုက်သည်။

“ယွဲ့လင်း! ငါ မသိဘူးထင်နေတာလား ?မင်းနားမှာလည်း ကူးပြောင်းလာတဲ့သူတစ်ယောက် ရှိတယ်မလား! သတ္တိရှိရင် ဘယ်သူလဲ ထုတ်ပြလိုက်စမ်းပါ! ဒါတွေအားလုံးကို အဲ့ဒီကောင် ကြံစည်ခဲ့တာမလား!”

ထို့နောက် ကျန်းကျီမြောင်ကို ယွဲ့ဟွာ ရုတ်တရက်ကြည့်လိုက်သည်။

“မဟုတ်ဘူး… အဲ့ဒီကောင် မဟုတ်ဘူး… ‘အဲ့ဒီကောင်မ’ပဲ! နင် မလား… နင် မလားလို့!!!”

တခြားသူတွေအားလုံးအတွက် ယွဲ့ဟွာစကားလုံးများက ယုတ္တိလုံးဝမရှိပေ။

ကျန်းကျီမြောင်ကလည်း မသိနားမလည်သည့် မျက်နှာလေးဖြင့်သာ ယွဲ့ဟွာကိုကြည့်နေသည်။

ယွဲ့လင်း ခံစားချက်မဲ့စွာ မိန့်လိုက်ပါသည်။ယ

“ကျူးလွန်ထားတဲ့ ပြစ်မှုတွေအားလုံးကို ပေါင်းစည်းလိုက်ရင် ယွဲ့ဟွာရဲ့ အပြစ်ဒဏ်က သေဒဏ်ပဲဖြစ်သင့်တယ်၊ ဒီနေ့ ဒီအယုတ်တမာရဲ့သွေးနဲ့ စစ်အလံကိုပူဇော်ကြတာပေါ့”

ယွဲ့လင်း အသံက အလွန်တည်ငြိမ်နေပါသည်။

သို့သော် ယွဲ့ဟွာကတော့ ချောက်ချားမှုဖြင့် တုန်ယင်သွားခဲ့သည်။

သူ တကယ်သေရတော့မှာလား…

မဖြစ်နိုင်ဘူး… လုံးဝမဖြစ်နိုင်ဘူး…!

သူ့ကို တစ်ယောက်ယောက် လာကယ်လိမ့်မည်။ ဒီဇာတ် လမ်းမှာ လှည့်ကွက်တစ်ခုခု ရှိလောက်သေးသည်။

သူက ကူးပြောင်းလာတဲ့ သူလေ…

ဒီအတိုင်း လွယ်လွယ်ကူကူ သေသွားလို့ရမလား!!!

ထိုစဉ် ယွဲ့ဟွာ ဇက်ပိုးပေါ်မှာ စူးစူးရှရှ နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။

ထို့နောက်…

မြေပေါ်မှာ ကျန်ရစ်ခဲ့သည့် သူ့ခန္ဓာကိုယ်ကိုသူ ယွဲ့ဟွာ ပြန်မြင်လိုက်ရသည်။

ဘာလှည့်ကွက်မှမရှိတော့ပါ။ ဘာအမှားအယွင်းမှလည်း မရှိတော့ပေ။

မြေကြီးပေါ်သို့ ယွဲ့ဟွာခေါင်း ပြတ်ကျသွားခဲ့ပြီဖြစ်သည်။

နောက်ဆုံးတော့ သူတကယ်သေဆုံးသွားခဲ့ပါပြီ။

ယွဲ့ဟွာသေဆုံးသွားတာကို မျက်လုံးနဲ့ တပ်အပ်မြင်တွေ့လိုက်ရမှ ကျန်းကျီမြောင်ရင်ထဲက အလုံးကြီးကျဆင်းသွားလေတော့သည်။

သူ ဘယ်လောက်တောင် စိုးရိမ်ပူပန်နေခဲ့ရသလဲ ကောင်း ကင်ဘုံကသာ သိပါလိမ့်မည်။

ဝတ္ထုတွေထဲမှာ ဒီလို အဘက်ဘက်မှပြည့်စုံသည့် ဇာတ်လိုက်မင်းသားမျိုးက ပိုးဟပ်တစ်ကောင်လိုပဲ သတ်ရခက်သည်။

ထို့ကြောင့် နောက်ဆုံးအချိန်အထိ သတိကပ်ထားရမှ တော်ရာကျမည်။

ယွဲ့ဟွာ ဦးခေါင်း မြေပေါ်ကျသွားတာနဲ့တစ်ပြိုင်နက် စနစ်၏အသိပေးသံထွက်ပေါ်လာခဲ့ပါသည်။

ကျန်းကျီမြောင် မစ်ရှင်နှစ်ခုကို တစ်ပြိုင်တည်း အောင်မြင်သွားခဲ့သည်။

တစ်ခုက ယွဲ့ဟွာ၏ ကံကောင်းခြင်းအမှတ်ကို လျှော့ချရမည့် မစ်ရှင်ဖြစ်သည်။

ထိုမစ်ရှင်ကို ကျန်းကျီမြောင် ဖြည်းဖြည်းချင်း ဆောင်ရွက်နေခဲ့ပါသည်။

ဒီနေ့မတိုင်ခင်တုန်းက ယွဲ့ဟွာ၏ ကံကောင်းခြင်းအမှတ် ၄၉ အထိ ကျဆင်းသွားခဲ့သည်။ ယွဲ့ဟွာ သေဆုံးသွားသောအခါ ကံကောင်းခြင်းအမှတ်က သုညအထိ တစ်ခါ တည်း ထိုးကျသွားခဲ့ပြီး ကျန်းကျီမြောင် ၄၉ မှတ် ချက် ချင်းရခဲ့ပါသည်။

နောက်မစ်ရှင်တစ်ခုကတော့ ယွဲ့ဟွာ၏ဇာတ်သိမ်းကို ရောက်ရှိအောင်လုပ်ရမည့် ပင်မ မစ်ရှင်ဖြစ်သည်။

ယွဲ့ဟွာသေဆုံးသွားပြီဖြစ်သဖြင့် ထိုမစ်ရှင်လည်း အောင် မြင်သွားပြီဖြစ်ကာ ကျန်းကျီမြောင် အမှတ် ၃၀၀ ဆုကြေး ရခဲ့ပါသည်။

ယခု ကျန်းကျီမြောင်၏အမှတ်စုစုပေါင်းက ၅၀၀ နားပြန်ကပ်လာခဲ့လေပြီ။

ကျန်းကျီမြောင် အကျိုးအမြတ်တွေကို တွက်ချက်နေစဉ်… သူ့ စိတ်ထဲ တစ်ခုခုကို အာရုံခံမိသွားပါသည်။

ခေါင်းမော့ကြည့်လိုက်ရာ ယွဲ့ဟွာ၏ ရုပ်အလောင်းမှ သာမန်လူတွေမမြင်နိုင်သည့် ရွှေရောင်အလင်းတန်းတွေ ဖြာထွက်လာတာကို ကျန်းကျီမြောင် မြင်လိုက်ရသည်။

ထို့နောက် ထိုရွှေရောင်အလင်းတန်းများက တစ်စုံတစ်ခု၏ ဆွဲငင်မှုကို ခံရပြီး ယွဲ့လင်းခန္ဓာကိုယ်ထဲ ဝင်ရောက်သွားခဲ့လေတော့သည်။

ကျန်းကျီမြောင် ချက်ချင်း နားလည်လိုက်ပါသည်။

တစ်ခါတုန်းက စနစ်ရှင်းပြခဲ့ဖူးသည်။

ယွဲ့ဟွာဇာတ်သိမ်းသွားတာနဲ့တစ်ပြိုင်နက် ယွဲ့လင်း ပိုင်ဆိုင်သင့်သည့် ကံကောင်းခြင်းတွေကို ပြန်လည်ပိုင်ဆိုင်ရမည်ဟု စနစ်က ဆိုဖူးသည်။

ထိုရွှေရောင်အလင်းတန်းများက ယွဲ့လင်း ပိုင်ဆိုင်သင့်သည့် ‘မင်းမြတ်တစ်ပါး၏ ဘုန်းတန်ခိုး အရှိန်အဝါများ’ ဖြစ်နိုင်ပါသည်။

ကျန်းကျီမြောင် အာရုံထဲမှာလည်း ရုပ်ရှင်သစ်တစ်ခုပေါ်လာခဲ့သည်။

[မျိုးဆက်တစ်ခု၏ ပညာရှိဧကရာဇ်]

ကျန်းကျီမြောင်ပြုံးလိုက်သည်။ စနစ်ပြောဖူးသည့် ယွဲ့လင်း၏ မူလကံကြမ္မာဆိုတာ ဒါပဲဖြစ်ပါလိမ့်မည်။

ကူးပြောင်းလာသူတစ်ယောက်၏ အနှောင့်အယှက်မရှိတော့သောအခါ ယွဲ့လင်း အစွမ်းအစရှိသည့် ဧကရာဇ်မင်းတစ်ပါး ဖြစ်လာပါတော့မည်။

ထိုကမ္ဘာမှာ ကျန်းကျီမြောင်မရှိပါ။ ထိုကမ္ဘာမှာ ယွဲ့လင်း ကျန်းမာသက်ရှည်ခဲ့သည်။

အချိန်နဲ့နေရာက မသင့်တော်သေးသဖြင့် ယွဲ့လင်း၏ ကံကြမ္မာရုပ်ရှင်ကို ကျန်းကျီမြောင်ဖွင့်မကြည့်သေးပါ။

ယွဲ့ဟွာ သေဆုံးတာကိုမြင်ပြီး ချန်ယင်းရှန့်လည်း ရုတ်တ ရက် မျက်ရည်ဝဲသွားခဲ့သည်။

“နှောင်းဧကရာဇ်မင်းကြီး! အရှင်မင်းကြီးအပေါ် ဒီငယ်သား တာဝန်ကျေခဲ့ပါပြီ!!”

ယခုအချိန်မှာ ချန်ယင်းရှန့်က သူ့ကိုယ်သူ တိုင်းပြည်တစ်ခုကို ကယ်တင်နိုင်ခဲ့သည့် သူရဲကောင်းဟုထင်နေမှာ သေချာပါသည်…

အရာရာကို စောင့်ကြည့်နေခဲ့သည့် တုံရှောင်းမျက်မှောင် ကြုတ်လိုက်ပြီး လေးနှင့်မြားကို ကိုင်ကာ ယွဲ့လင်းထံ မြားတစ်စင်းပစ်လွှတ်လိုက်လေသည်။

တစ်ချိန်တုန်းက တုံရှောင်းမှာ ယုံမင်းဆက်၏အထူးချွန်ဆုံးစစ်သည်တော်ဟူသည့် ဘွဲ့ကို ပိုင်ဆိုင်ခဲ့ရဖူးသည်။ ထို့ကြောင့် လေးအတတ်ပညာမှာလည်း တုံရှောင်း အလွန်ထူးချွန်ပါသည်။

ရာထူးအဆင့်အတန်းတွေ မြင့်သွားသည့်အခါ ကိုယ်တိုင်လှုပ်ရှားဖို့ မလိုအပ်တော့တာကြောင့် တုံရှောင်း၏တိုက်ရည်ခိုက်ရည် ဘယ်လောက်ထိ ထူးချွန်သလဲဆိုတာကို အားလုံးမေ့လျော့သွားခဲ့ကြတာဖြစ်သည်။

အားလုံးအဆင်ပြေသွားလိမ့်မယ်!!

ယွဲ့လင်းကိုသာ သတ်ပစ်နိုင်လျှင် ဒီကစားပွဲမှာ သူအနိုင်ရနိုင်ချေ ရှိပါသေးသည်။

တုံရှောင်း အလစ်တိုက်ခိုက်မှုက ရုတ်ခြည်းဆန်လွန်းသော်လည်း ယွဲ့လင်း မအံ့ဩခဲ့ပါ။ ထို့အစား ကျန်းကျီမြောင်ကသာ စိတ်ချောက်ချားသွားပြီး ယွဲ့လင်းထံပြေးလာခဲ့သည်။

သို့သော် ယွဲ့လင်းထံ ကျန်းကျီမြောင်မရောက်ခင် မြားက အရင်ရောက်သွားခဲ့လေသည်။

ယွဲ့လင်းက ထိုးမြားကို လက်ထဲကဓားဖြင့် လျှင်မြန်ပြတ် သားစွာ တစ်ချက်တည်းပိုင်းချပစ်လိုက်သည်။

နှစ်ပိုင်းပြတ်သွားသည့်မြား မြေပေါ်ကို ကျသွားသောအခါ ကျန်းကျီမြောင်လည်း ယွဲ့လင်းနား တုန်လှုပ်စွာ ရောက်လာခဲ့လေပြီ။

“မြောင်မြောင် ဒီမှာအန္တရာယ်များတယ်-…”

ယွဲ့လင်း သတိပေးချိန်ပင် မရှိတော့ချေ။

အလစ်တိုက်ခိုက်မှု မအောင်မြင်သဖြင့် တုံရှောင်း ခက်ထန်စွာ အမိန့်ပေးလိုက်သည်။

“စကြတော့!!!”

စကြတော့…?

ဘာကို စရမှာလဲ!

ယွဲ့လင်း မျက်မှောင်ကြုတ်လိုက်ပြီး သူ့နောက်ကို ရုတ်တ ရက် လှည့်ကြည့်လိုက်လေသည်။

All Chapters