← Chapters

👑 Let Me Take Everyone Home

Vol. 20 Ch. 195

👑 Let Me Take Everyone Home

Vol. 20 Ch. 195

မြို့တော်တံတိုင်းကြီးပေါ်မှာ ပြောင်းလဲမှုတချို့ဖြစ်ပေါ်လာခဲ့သည်။

တံတိုင်းပေါ်မှာ တပ်စွဲထားသည့် ခံတပ်များအကြား တပ်သားအချို့က လေးတွေမြားတွေကိုင်ပြီး ယွဲ့လင်းတို့၏ စခန်းကို ရုတ်တရက် ပစ်ခတ်လာကြပါသည်။

ရှဲ့ချန်း ဒေါသတကြီး လျှောက်တင်လိုက်သည်။

“တံတိုင်း ခံတပ်တွေထဲမှာ တုံရှောင်းရဲ့လူတွေ ရှိနေတယ် အရှင်မင်းကြီး!”

တုံရှောင်းက ပုန်ကန်ဖို့အတွက် အရာရာပြင်ဆင်ထားခဲ့ပုံပေါ်သည်။

ယခင်တုန်းက ယွဲ့ဟွာနှင့် ချန်ကျင်းမင်တို့၏ လူတွေကို ခါထုတ်ဖို့အတွက် တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့များကို သူတို့အကြိမ်ကြိမ် စစ်ဆေးခဲ့ဖူးပါသည်။ သို့သော် ထိုအချိန်တုန်းက တုံရှောင်းကို သူတို့ ထည့်မတွက်ခဲ့ကြပေ။

တုံရှောင်းကလည်း သူ့လူတွေကို ကိုယ်ရံတော်တပ်ဖွဲ့တွေထဲ နက်နက်ရှိုင်းရှိုင်း ထည့်သွင်းထားခဲ့တာဖြစ်သည်။

ဒီကိစ္စကို နှောင်းဧကရာဇ်မင်းကြီးက ခွင့်ပြုပေးထားတာ ဖြစ်ဖို့များပါသည်။

ထို့ကြောင့် နှောင်းဧကရာဇ်မင်းကြီးကို အားလုံးစိတ်ထဲမှ ကျိန်ဆဲမိကြပြန်သည်။

ဒီအယုတ်တမာကောင် လူကောဟုတ်သေးရဲ့လား!

“ငါ့နောက်လိုက်ခဲ့ကြ!!”

တပ်သားတွေကို ဦးဆောင်ပြီး တုံရှောင်း ချီတက်ဖို့ ပြင်လိုက်သည်။

ထိုစဉ်…

တံတိုင်းပေါ်က သစ္စာဖောက်တပ်သားများ၏ ဦးခေါင်းများ တစ်လုံးပြီးတစ်လုံး ပြုတ်ကျလာခဲ့သည်။

ကျန်းကျီမြောင် အံ့အားသင့်တုန်လှုပ်စွာ မော့ကြည့်လိုက်လေသည်။

တံတိုင်းပေါ်မှာ တည်ငြိမ်ပြတ်သားသည့် လူတစ်ယောက်က ပြဿနာကို မျက်စိတစ်မှိတ်အချိန်အတွင်း ထိန်းချုပ်လိုက်တာကို ကျန်းကျီမြောင် မြင်လိုက်ရသည်။ တခြားသူတွေကတော့ မမှတ်မိနိုင်သော်လည်း ကျန်းကျီမြောင်က တော့ ထိုလူ့ကို တစ်ချက်လောက်မြင်လိုက်ရုံနဲ့ မှတ်မိနိုင်ပါသည်။

အခြေအနေတွေကို ချက်ချင်း ထိန်းချုပ်လိုက်သည့်လူက ဝူချုံးလန်(ကြင်ယာတော်သဲ့)ပင်။

ဝူချုံးလန်၏ တိုက်ရည်ခိုက်ရည်များက မှင်သက်စရာကောင်းလှသည်။ လူကဲခတ်နိုင်စွမ်းကလည်း အလွန် ကောင်းမွန်ပါသည်။ သစ္စာဖောက်ခေါင်းဆောင်ကို သူမ ချက်ချင်းရှာဖွေနိုင်ခဲ့ပြီး လျှပ်စီးလိုအလျှင်ဖြင့် သုတ်သင်ပစ်လိုက်သည်။

ထိုအခါ ဝူချုံးလန်၏ဦးဆောင်မှုဖြင့် အခြားတပ်သားတွေလည်း လှုပ်ရှားခဲ့ကြပါသည်။ သစ္စာဖောက်တွေအားလုံး ကြီးကြီးမားမား ပြဿနာမရှာနိုင်ခင် ကွပ်မျက်ခံလိုက်ရလေသည်။

“မင်းတို့ထဲမှာ သစ္စာဖောက်ရှိသေးသည်ဖြစ်စေ မရှိတော့ သည်ဖြစ်စေ၊ အမိန့်မပါဘဲ လှုပ်ရှားရဲတဲ့လူတိုင်း ဒီသစ္စာ ဖောက်ကောင်လို ဇာတ်သိမ်းသွားရမယ်!”

သစ္စာဖောက်ခေါင်းဆောင်၏ခေါင်းကို ဝူချုံးလန် မြေကြီးပေါ် ပစ်ချလိုက်သည်။

မြို့တော်တံတိုင်းပေါ်က အခြေအနေတွေ ချက်ချင်းဆိုသလိုပဲ ပြန်လည်တည်ငြိမ်သွားခဲ့ပါသည်။

တံတိုင်းပေါ်က အရှိန်အဝါကြီးမားသည့် ပုဂ္ဂိုလ်ကို မော့ကြည့်ရင်း ဝူကျီးမှင်သက်သွားသည်။

အဲ့တာ… အဲ့တာ သူညီမလေးမဟုတ်လား!!

သူ့ညီမလေးက အနောက်နန်းဆောင်ထဲမှာ ရှိမနေဘဲ ဒီမှာဘာလုပ်နေတာလဲ!

ဝူကျီး အလွန်တုန်လှုပ်သွားသော်လည်း ယခုက စုံစမ်းစစ်ဆေးရမည့်အချိန် မဟုတ်သေးပါ။

ရှောင်လွှဲလို့မရသည့် စစ်ပွဲကြီးတစ်ခု ဖြစ်ပွားလာတော့မည်။ ထို့ကြောင့် တုံရှောင်း၏စစ်တပ်ကိုသာ ဝူကျီး အာရုံစိုက်ထားရပါမည်။

သို့သော် ယွဲ့ဟွာမျိုးရိုးအမှန်ကို ဖော်ထုတ်လိုက်ပြီးနောက် တုံရှောင်းစစ်တပ်၏စိတ်ဓာတ်များက အရင်လို မခိုင်မာတော့ပါ။ တပ်သားအများစုက တပ်ဆုတ်ဖို့ စိတ်ကူးထားကြလောက်ပြီဖြစ်သဖြင့် သူတို့အောင်ပွဲရနိုင်ချေမြင့်သည်။

စစ်မက်ဖြစ်ပွားတော့မှာကို မြင်ပြီး ကျန်းကျီမြောင် အံကြိတ်လျက် စနစ်စတိုးဆိုင်ထဲက ဧရာမအော်လန်ကြီးတစ်ခုကို ဝယ်ယူလိုက်သည်။

အော်လန်က အမှတ် ၂၀ သာ တန်ဖိုးရှိပြီး အတော်လေး ဈေးပေါသည်။

လုပ်ဆောင်ချက်လည်း ရိုးရှင်းပါသည်။

နောက် ၅ မိနစ်အတွင်း ဒီအော်လန်ကို အသုံးပြုပြီး စကား ပြောလိုက်ပါက ၁၀ မိုင် အကွာအဝေးအတွင်းမှာ ရှိနေကြသူတွေအားလုံး သူ့အသံကို ကြားရပါလိမ့်မည်။

“ရပ်ကြစမ်း!!!”

ကျန်းကျီမြောင် အသက်ဝဝရှူလိုက်ပြီး အော်လန်ထဲ အကျယ်ကြီးအော်ဟစ်လိုက်ပါသည်။

ထိုအသံက မိုးကြိုးပစ်သံပမာ ကျယ်လောင်သဖြင့် အားလုံးရဲ့နားတွေ အူထွက်သွားကြသည်။

တုံရှောင်းစစ်တပ်လည်း ချက်ချင်း ထိတ်ထိတ်ပျာပျာဖြစ်သွားခဲ့ကြလေသည်။ ရှေ့ဆုံးမှာရပ်နေသည့် ကျန်းကျီမြောင်ကို တုံရှောင်း ချောက်ချားစွာ ကြည့်လိုက်ပါသည်။

ဒီမိန်းမက ဘယ်သူလဲ!!

သူ့လက်ထဲ ဘာကြီးကိုင်ထားတာလဲ!!

အဲ့ဒီပစ္စည်းက ဘာလို့အသံအကျယ်ကြီး ထွက်လာတာလဲ!!

[ဒီမိဖုရားကိုယုံကြည်လား အရှင်မင်းကြီး]

ကျန်းကျီမြောင် အတွေးထဲမှ မေးမြန်းလိုက်သည်။

ယွဲ့လင်း ရင်တုန်သွားပြီး တွန့်ဆုတ်မှုမရှိဘဲ ချက်ချင်းပြန်ဖြေလိုက်ပါသည်။

[မြောင်မြောင့်ကို ကိုယ့်ကိုယ်ကိုယ်ထက်တောင် ပိုယုံပါတယ်]

ကျန်းကျီမြောင် ပီတိဖြာသွားခဲ့သည်။

သူမ ဝန်ထမ်းကောင်းတစ်ယောက် ဖြစ်ခဲ့သည့်ပုံပင်။ ဒါ့ကြောင့် ဘော့စ်က သူမကို ဒီလိုအကြွင်းမဲ့ ယုံကြည်နေတာ ဖြစ်လိမ့်မည်။

အစကတော့ ကျန်းကျီမြောင် အနောက်မှာ ငြိမ်ငြိမ်လေးနေပြီး အတင်းအဖျင်းတွေကိုသာ ကြည့်ချင်ခဲ့တာဖြစ်သည်။

သို့သော် ယခုမူ…

သူမရှေ့မှာ တုန်ရှောင်း စစ်သည်အင်အား သုံးသောင်းနှင့် သူ့နောက်မှာလည်း သောင်းချီသည့် စစ်သည်တွေရှိနေသေးသည်။ ထို့နောက် တံတိုင်းကြီး၏အတွင်းဘက်မှာ တိုင်းသူပြည်သားတွေအပြည့်ဖြင့် မြို့တစ်မြို့လည်း ရှိသေးသည်။

သူမတို့ အနိုင်ရနိုင်ချေ မြင့်တာတော့မှန်ကန်သည်။ သို့ သော် တိုက်ပွဲစတင်သည်နှင့် လူပေါင်းများစွာ အသက်ဆုံးရှုံးရလိမ့်မည်။

သူ့အတွေးက စိတ်ကူးယဉ်ဆန်မှန်း ကျန်းကျီမြောင်သိပါသည်။ သူ့ အစွမ်းတွေကို ဒီလိုထုတ်မပြသင့်မှန်းလည်း ကျန်းကျီမြောင်သိသည်။

သို့သော် ယခုအချိန်မှာတော့ လူတိုင်းကို အိမ်ကထွက်လာသည့်အတိုင်းပဲ အိမ်ကိုပြန်စေချင်သည်။ မိသားစုနဲ့အတူ တူ ပူပူနွေးနွေး ထမင်းလက်ဆုံ စားစေချင်သေးသည်။

[ဟုတ်ပြီ၊ ဒါဆို ဒီမိဖုရားနဲ့ ကျေးဇူးပြုပြီး ပူးပေါင်းပေးပါ အရှင်မင်းကြီး]

ကျန်းကျီမြောင် အတွေးထဲမှ တောင်းဆိုလိုက်သည်။

ထို့နောက် အော်လန်ကြီးကို ကိုင်မြှောက်ကာ သူမ အော်ပြောလိုက်ပါသည်။

“နင်တို့ အခုလက်နက်တွေနဲ့ ရွယ်ထားတာ ဘယ်သူလဲ သိရဲ့လား! လက်ရှိ ဧကရာဇ်မင်းကြီးက ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေရဲ့ ကောင်းချီးပေးခြင်းကို ခံထားရတဲ့လူ! ကောင်းကင်ဘုံကနေ ရွေးချယ်ထာတဲ့ နှစ်တစ်ထောင်မှ တစ်ခါမြင်ရတဲ့ ပညာရှိဧကရာဇ်ပဲ!”

“သူ့ကို ထိခိုက်အောင် နင်တို့လုပ်ရဲရင် ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေက ခွင့်လွှတ်မှာမဟုတ်ဘူး! နင်တို့ သေသွားတာနဲ့ ငရဲ ၁၈ ထပ်မှာ ဆင်းရဲဒုက္ခကို ခံစားရလိမ့်မယ်!”

ကျန်းကျီမြောင်၏ကျယ်လောင်လွန်းလှသည့်အသံက အားလုံးရဲ့ နားထဲဝင်ရောက်လာခဲ့သည်။

တုံရှောင်း စစ်သည်တော်တွေလည်း အနည်းငယ် စိတ်ချောက်ချားသွားခဲ့ကြလေသည်။

တုံရှောင်း မျက်နှာအလွန်ပျက်သွားပြီး ဒေါသတကြီး ဟိန်း ဟောက်လိုက်သည်။

“မင်းက သာမန်မိန်းမတစ်ယောက်ပဲ! ဘာတွေ ပေါက်ကရလာပြောနေတာလဲ! ဒီစုန်းမလှည့်စားတာကို မခံကြနဲ့! အားလုံး တိုက်ခိုက်ကြ!!”

ကျန်းကျီမြောင် အသံက ပိုမိုကျယ်လောင်လာခဲ့သည်။

“တုံရှောင်းက ခွင့်လွှတ်လို့မရနိုင်တော့တဲ့ အပြစ်သား ဖြစ်နေပြီ၊ သူသေရင် အဆုံးမဲ့ ငရဲမှာခံစားရမှာသေချာတယ်! ဒါပေမယ့် ကျန်တဲ့သူတွေကတော့ အပြစ်တွေကို ပြန်ပေး ဆပ်နိုင်မယ့် အခွင့်အရေးရှိသေးတယ်နော်! အခု နင်တို့လက်ထဲက လက်နက်တွေနဲ့ တုံရှောင်းရဲ့ ခေါင်းကို ဖြတ်ပစ်လိုက်မယ် ဆိုရင် ကောင်းကင်ဘုံက နင်တို့ကို ခွင့်လွှတ်ပေးလိမ့်မယ်!’

တုံရှောင်း စစ်သည်တော်များ ရုတ်ရုတ်သဲသဲ ပိုဖြစ်သွားကြသည်။

တုံရှောင်း အံကြိတ်လျက် ခက်ထန်စွာပြောလိုက်ပါသည်။

“ကောင်းကင်ဘုံတွေ ငရဲတွေနဲ့ လက်ဆုပ်လက်ကိုင်မပြနိုင်တာတွေ လာပြောနေတယ်! ငါနင့်ကို အခုချက်ချင်း မြားနဲ့ ပစ်သတ်ပြမယ်!”

တုံရှောင်း လေးနဲ့မြားကို နောက်တစ်ဖန် ပြင်လိုက်သည်။

ကျန်းကျီမြောင်နောက်က စစ်သည်တော်တွေလည်း တုံရှောင်းကို လက်နက်များဖြင့် အသင့် ရွယ်ထားကြသည်။

စစ်မက်ဖြစ်ပွားဖို့ မဆိုသလောက်သာ လိုပါတော့သည်။

ထိုစဉ် ကျန်းကျီမြောင် တည်ငြိမ်စွာ ပြောလိုက်သည်။

“လက်ရှိဧကရာဇ်မင်းကြီးက ယုံမင်းဆက်ကို ကယ်တင်ပေးဖို့အတွက် ကမ္ဘာမြေပေါ်ကို သက်ဆင်းလာတဲ့ ကြင်စင်နတ်ဘုရားတစ်ပါးပဲ၊ မိဖုရားကြီးဖြစ်တဲ့ ငါကလည်း အဲ့ဒီကြင်စင်နတ်ဘုရားကို ကာကွယ်ပေးဖို့ မွေးဖွားလာတဲ့သူမို့ နတ်စွမ်းအင်တွေကို ပိုင်ဆိုင်ထားတယ်၊ ငါဒီမှာပဲ ဆက်ရပ်နေမယ်၊ နင်တို့တွေလည်း တစ်ယောက်မှ လှုပ်ရှားခွင့်မရှိဘူး”

“တုံရှောင်း၊ ကျွန်မတို့ နှစ်ယောက်တည်း အလောင်းအစားတစ်ခု လုပ်ကြရအောင်”

ကျန်းကျီမြောင် ဖြည်းညှင်းစွာ ကမ်းလှမ်းလိုက်သည်။

“ကျွန်မကို ရှင့်ရဲ့ မြားနဲ့ ပစ်လိုက်ပါ၊ ကျွန်မ လုံးဝမရှောင်ဘူး၊ မြားသုံးစင်းနဲ့ ပစ်လို့ ကျွန်မရဲ့ ဆံနွယ်တစ်ချောင်းကို ထိခိုက်အောင်လုပ်နိုင်မယ်ဆို ကျန်းကျီမြောင်ဆိုတဲ့ ကျွန်မ အခုချက်ချင်း အဆုံးစီရင်ပစ်လိုက်မယ်”

“မြားသုံးစင်းနဲ့ပစ်လို့မှ ကျွန်မကို ထိခိုက်အောင် မလုပ်နိုင်ဘူးဆိုရင်တော့ လက်ရှိဧကရာဇ်မင်းကြီးက ကောင်းကင် ဘုံရဲ့ ကာကွယ်ပေးမှုကို ခံထားရတဲ့ ပညာရှိဧကရာဇ်ဆိုတာ သက်သေပြနိုင်ပြီ၊ တုံရှောင်းကို နေရာမှာတင် ခေါင်းဖြတ် ကွပ်မျက်နိုင်တဲ့သူကို ကောင်းကင်ဘုံက ခွင့်လွှတ်ပေးလိမ့်မယ်၊ မဟုတ်ရင်တော့ နင်တို့အားလုံးအတွက် မြေမြှုပ်စရာ နေရာရှိမှာ မဟုတ်သလို သေဆုံးပြီးရင်လည်း ဘယ်တော့မှ ပြန်မွေးဖွားလာနိုင်မှာ မဟုတ်တော့ဘူး!”

ကျန်းကျီမြောင်စကားကြောင့် အားလုံး အံ့ဩတုန်လှုပ်သွားကြသည်။

ရှဲ့ချန်းတို့လို လူမျိုးတွေကတော့ ခေါင်းတညိတ်ညိတ်ဖြစ်ကုန်ကြပါသည်။

ဒီလိုကိုး…

အရှင်မင်းကြီးကို ကာကွယ်ပေးဖို့အတွက် မိဖုရားကြီးကို ကောင်းကင်ဘုံမှ စေလွှတ်ထားခြင်းဖြစ်သည်။

ဒါ့ကြောင့် မိဖုရားကြီးမှာ အံ့အားသင့် မှင်သက်စရာစွမ်း အားတွေ ရှိနေတာဖြစ်မှန်း သူတို့နားလည်သွားကြပါပြီ။

သို့သော်… တုံရှောင်းရဲ့မြားသုံးစင်းကို ဒဏ်ရာတစ်ချက်မှ မရရှိဘဲ ရှင်သန်နိုင်ဖို့ဆိုတာ… တကယ်ကော ဖြစ်နိုင်ပါ့မလား။

“မြောင်မြောင်…”

ယွဲ့လင်းမျက်နှာ အလွန်ပျက်သွားပြီး တစ်ခုခုပြောဖို့ကြံလိုက်ပါသည်။

သို့သော် သူ့အာရုံထဲ ကျန်းကျီမြောင်အတွေးသံ ဝင်ရောက်လာခဲ့သည်။

[ဒီမိဖုရားကို ယုံကြည်မယ်လို့ အရှင်မင်းကြီး ပြောထားတယ်လေ]

ကျန်းကျီမြောင် အတွေးသံက အလွန်တည်ငြိမ်နေသည်။

[ဒီမိဖုရားကို ယုံကြည်တယ်ဆိုရင် အားလုံးကို အိမ်ပြန်ပို့ပေးခွင့်ပြုပါ]

ယွဲ့လင်း သူ့နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်ထားမိသည်။

မြောင်မြောင့် အစွမ်းအစတွေက ကျိန်းသေမှုရှိတာ သူသိပါသည်။

သို့သော် အကြောက်တရားအဖြစ်ပင် အသွင်ပြောင်းသွားနိုင်သည့် သူ့ရင်ထဲက ဒီစိုးရိမ်ကြောင့်ကြမှုကို ယွဲ့လင်းထိန်းချုပ်လို့ မရခဲ့ပါ။

[အကယ်၍… အကယ်၍များ မြောင်မြောင်…]

[‘အကယ်၍’ဆိုတာတွေ ဘာမှမရှိစေရဘူး၊ကျေးဇူးပြုပြီး အားလုံးကို ဘေးဖယ်ခိုင်းလိုက်ပါ အရှင်မင်းကြီး]

ကျန်းကျီမြောင် ပြတ်သားစွာ ပြောလိုက်သည်။

ယွဲ့လင်း အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် အေးစက်ခြောက်သွေ့နေသည့် အသံဖြင့် သူအမိန့်ပေးလိုက်သည်။

“မိဖုရားကြီးက ဒီလိုပြောမှတော့… အားလုံး လမ်းဖယ်ပေးလိုက်ကြ”

ထိုအခါမှ စစ်သည်တော်များနဲ့ အရာရှိအမတ်တွေအားလုံး ရှောင်ဖယ်ပေးလိုက်ကြသည်။

ကျန်းကျီမြောင်ကတော့ မလှုပ်မယှက်ခိုင်ခိုင်မြဲမြဲ ရပ်တည် နေပြီး တုံရှောင်းကို တွန့်ဆုတ်မှုမရှိစွာ စိုက်ကြည့်နေခဲ့သည်။

“ရှင် လောင်းရဲလား တုံရှောင်း”

တုံရှောင်းမျက်နှာအေးစက်သွားခဲ့သည်။

“မင်း မရှောင်မှာ သေချာလား”

ကျန်းကျီမြောင် မဆိုင်းမတွ အတည်ပြုပေးလိုက်ပါသည်။ “လုံးဝ မရှောင်ဘူး”

“ကောင်းပြီလေ!”

တုံရှောင်းအံကြိတ်လိုက်သည်။

စကားဆုံးတာနဲ့တစ်ပြိုင်နက် ပထမဆုံးမြားတစ်စင်းကို ကျန်းကျီမြောင်ထံ တုံရှောင်း ပစ်လွှတ်လိုက်လေတော့ သည်။

All Chapters