← Chapters

👑 When Was This Discussed?

Vol. 20 Ch. 197

👑 When Was This Discussed?

Vol. 20 Ch. 197

ကလေးတစ်ယောက်ကို ချော့နေဟန်နှင့် တူနေသည့် ကျန်းကျီမြောင်၏အတွေးသံကို ဝန်ကြီးမှူးမတ်များ မကြားချင်ယောင်ဆောင်လိုက်ကြပြီး ခေါင်းတွေငုံ့လိုက်ကြလေသည်။

အဟွတ် အဟွတ်…

မကြည့်ရဲဘူး တကယ်မကြည့်ရဲပါဘူး…

ကျန်းကျီမြောင်လည်း အနည်းငယ် ရှက်ရွံ့လာပြီး ယွဲ့လင်းကို ခပ်ပါးပါး တွန်းထုတ်လိုက်သည်။

“အရှင်မင်းကြီး… လူတွေအများကြီး ကြည့်နေတယ်…”

ယွဲ့လင်း စိတ်ကိုမနည်းအားတင်းပြီးမှ ကျန်းကျီမြောင်ကို လွှတ်ပေးနိုင်ခဲ့သည်။ သို့သော် သူမ လက်တွေကိုတော့ ဆုပ်ကိုင်ထားမိဆဲဖြစ်ပါသည်။

ကျန်းကျီမြောင်လက်ကို ပြန်ဆွဲထုတ်ဖို့ ကြိုးစားသော် လည်း မတတ်သာခဲ့ပါ။ ထို့ကြောင့် ယွဲ့လင်း ဆွဲခေါ်ရာနောက်သာ မျက်နှာနီမြန်းမြန်းဖြင့် လိုက်ပါသွားခဲ့ရသည်။

ကျန်းကျီမြောင် လက်ကိုဆုပ်ကိုင်ရင်း အညံ့ခံတပ်သားတွေကို ယွဲ့လင်း စုစည်းလိုက်သည်။ ထို့နောက် နှစ်ယောက်သား ယှဉ်တွဲရင်း စစ်သည်ရဲမက်များ၏ချီးမြှောက်ဂုဏ်ပြုမှုကို ခံယူခဲ့ကြသည်။

ဒီလိုအပြုအမူက မသင့်တော်ရာကျသည်ဟု ထင်ရသော် လည်း ဘယ်သူမှ မကန့်ကွက်ခဲ့ကြပေ။

မိဖုရားကြီးက… အရာရာနှင့်ထိုက်တန်သည်။

စစ်မက်ကပ်ဘေးကြီးတစ်ခု ဖြစ်ပွားလုနီးပါးအချိန်တွင် မိဖုရားကြီး၏ရဲရင့်မှုကြောင့် အရာအားလုံး ချက်ချင်း ပြေလည်ငြိမ်းချမ်းသွားခဲ့သည်။

ယွဲ့ဟွာနှင့် တုံရှောင်းတို့ သေဆုံးသွားခဲ့ကြပါပြီ။

နောက်ဆုံးကျန်ရစ်သူဆိုလို့ မယ်တော်ကြီးသာ ရှိတော့ သည်။

ယွဲ့ဟွာအလောင်း၊ သူမ လက်ထဲရှိ အနှီးထုပ်လေးထဲက အရိုးစုများနဲ့ မမှတ်မိနိုင်တော့လောက်အောင်ဓားဖြင့် ခုတ် ထစ်ခံထားရသည့် တုံရှောင်း၏အလောင်းတို့ကို မယ်တော်ကြီး အပြန်အပြန်အလှန်လှန်ကြည့်လိုက်သည်။

ထို့နောက် သူမ ရယ်မာလေသည်။

ရယ်မောရင်း ရယ်မောခဲ့သည်…

သူမ အမှန်တကယ် ရူးသွပ်သွားခဲ့လေသည်။

မယ်တော်ကြီး… လုံးဝ ရူးသွပ်သွားခဲ့ပါပြီ။

သူ့ကို နှောင်းဧကရာဇ်မင်းကြီး အတင်းအဓမ္မသိမ်းပိုက်ခဲ့တာဟု ထင်ထားမိခဲ့သည်။ သို့သော် အားလုံးက တုံရှောင်း ၏အကြံအစည်တွေသာ ဖြစ်နေလေသည်။

ယွဲ့လင်းကို သိတတ်လိမ္မာမှုမရှိဟုထင်ကာ သားငယ်ဖြစ်သူအတွက် စိတ်ဝိညာဉ်အားလုံးကိုပုံအပ်ပြီး ပြုစုပျိုးထောင်ခဲ့သည်။

သို့သော် ရလဒ်ကတော့… သူပျိုးထောင်ခဲ့သည့်လူမှာ သူမနှင့်သွေးမတော်သားမစပ်သည့် မျိုးမစစ်သားတစ်ယောက် ဖြစ်နေခဲ့ပြန်သည်။

သားအရင်းဖြစ်သူကမူ သူ့ရဲ့လုပ်ရပ်တွေကြောင့် စိတ်နာကာနှလုံးသားချင်း ဝေးကွာသွားခဲ့သည်မှာကြာခဲ့လေပြီ။

မယ်တော်ကြီး ကိုယ့်ကိုယ်ကိုယ်လက်မခံနိုင်သလို ခွင့်လည်းမလွတ်နိုင်ပါ။

ထို့ကြောင့် ယွဲ့လင်းကို ရင်ဆိုင်ဖို့ဆိုပိုဝေးသည်။

‘တောင်းပန်ပါတယ်’ဟု သူ ပြောချင်ခဲ့သည်။ သို့သော် နှစ်ပေါင်းများစွာတင်ခဲ့သည့် အကြွေးများနှင့် နာကျင်မှုတွေအတွက်…

‘တောင်းပန်ပါတယ်’ဟူသည့် စကားတစ်ခွန်းတည်းဖြင့် လုံလောက်မည်မထင်ပါ။

သူ တောင်းပန်လိုက်လျှင်ကော ယွဲ့လင်း ခွင့်လွှတ်နိုင်ပါ့မလား…

မယ်တော်ကြီးပြန်စဉ်းစားကြည့်လိုက်သောအခါ သူ့ ဘဝတစ်ခုလုံး ဟာသကြီးတစ်ခုလိုဖြစ်ခဲ့တာကို နားလည်ခဲ့ရသည်။

မယ်တော်ကြီး အနှီးထုပ်ကိုကိုင်ရင်း ယိုင်တိုင်တိုင် လမ်းပြန်လျှောက်လာခဲ့ပြီး နှုတ်မှလည်း ထူးထူးဆန်းဆန်းရယ်သံတွေ ထွက်နေပါသည်။

“ငါ့ကလေးလေး ချစ်စရာကောင်းလိုက်တာ! ဒီတစ်ခါတော့ သိုင်းပညာတွေသင်ယူဖို့ ဒီမယ်တော် တွန်းအားမပေးတော့ဘူးနော်၊ ဒီမယ်တော့်ကို လက်ဆောင်ပေးထားတဲ့ ပစ္စည်းတွေကိုလည်း လွှင့်မပစ်တော့ဘူး၊ သားလေးတစ်ယောက် တည်းကိုပဲ မယ်တော်ချစ်ပေးတော့မှာ”

“လိမ်လိမ်မာမာနေနော်”

အနှီးထုပ်ထဲမှ အရိုးစုအား မယ်တော်ကြီးအမြတ်တနိုးနမ်းရှိုက်လိုက်သည်။ သူမ အမှန်တကယ် ရူးသွပ်သွားတာ သေချာပါသည်။

“အရှင်မင်းကြီး”

ယွဲ့လင်းလက်ကို လှုပ်ကာ မယ်တော်ကြီးရှိရာထံသို့ ကျန်းကျီမြောင် မျက်လုံးဖြင့် ညွှန်ပြလိုက်သည်။

ယွဲ့လင်း ခေတ္တတွန့်ဆုတ်သွားပြီးနောက် အမိန့်ပေးလိုက်သည်။

“မယ်တော့်ကို ရှို့အန်းနန်းဆောင်ဆီ ပြန်ပို့လိုက်ကြ”

အခုချိန်မှာ မယ်တော်ကြီး နောင်တတွေရနေမည်မှာ သေချာသည်။

သိုင်းပညာတွေ လေ့ကျင့်ခိုင်းတော့မှာ မဟုတ်ကြောင်း၊ သူ့ကို လက်ဆောင်ပေးထားသည့် ပစ္စည်းတွေကို လွှင့်ပစ်တော့မှာ မဟုတ်ကြောင်း နှုတ်မှတဖွဖွပြောနေသည်။

ဒါတွေကို ကြည့်ခြင်းအားဖြင့် သူ့ မသိစိတ်ထဲမှာ ယွဲ့လင်းအပေါ်အပြစ်ရှိစိတ်မျ ခံစားနေရခြင်းဖြစ်မှန်းသိနိုင်သည်။

သို့သော်… အရာအားလုံးနောက်ကျသွားခဲ့ပါပြီ။

မယ်တော်ကြီးကို ကွပ်မျက်ရလောက်သည့်အထိတော့ ယွဲ့လင်းလုပ်မည်မဟုတ်ပါ။ သို့သော် အခုချိန်ကစပြီး သူမကို ရှို့အန်းနန်းဆောင်မှာသာ တစ်သက်လုံးနေထိုင်ခိုင်းတော့မည်ဖြစ်သည်။

သူမ လိုချင်နေသည့် နွေးထွေးမှုနှင့် ခွင့်လွှတ်မှုတွေကိုတော့ ယွဲ့လင်းပေးနိုင်မည် မဟုတ်သလို ပေးလည်းမပေးချင်တော့ပါ။

“ဝူကျီး”

ဝူကျီးကို ယွဲ့လင်း ဆင့်ခေါ်လိုက်သည်။

“ချန်ကျင်းမင်ရဲ့အလောင်းကို သယ်သွားပြီး ကျန်းပြောဖူးတဲ့ နေရာမှာမြှုပ်နှံလိုက်ပါ၊ အဲ့ဒီနေရာမှာ အုတ်ဂူတစ်လုံး ပြင်ဆင်ထားပြီးသား၊ အဲ့ဒါကိုဖွင့်ပြီး ချန်ကျင်းမင်ကို သေသေချာချာမြှုပ်နှံပေးလိုက်”

ဝူကျီးချက်ချင်းအမိန့်နာခံလိုက်သည်။ ထို့နောက်တွန့်ဆုတ် စွာ မေးမြန်းလိုက်ပါသည်။

“အရှင်မင်းကြီး ခုနက တံတိုင်းပေါ်မှာ…”

ယွဲ့လင်း တည်ငြိမ်စွာ မိန့်လိုက်သည်။

“လောလောဆယ်တော့ မသိချင်ယောင်ပဲ ဆောင်ထားဦး၊ ကျန်းမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှိတယ်”

အရှင်မင်းကြီးမှာ သူ့ အစီအစဉ်နဲ့သူ ရှိတယ်ဟုတ်လား…

ဝူကျီး စိတ်တွေ အနည်းငယ်ရှုပ်ထွေးသွားခဲ့သည်။

တံတိုင်းပေါ်မှာ မြင်ခဲ့ရသည့် စစ်သည်တော်က သူ့ညီမလေးဖြစ်နိုင်ချေအတော်များသည်။

အနောက်နန်းဆောင် ကြင်ယာတော်တစ်ပါးက ဘယ်သူမှမသိအောင် စစ်တပ်ထဲ ခိုးဝင်သွားခဲ့သည်…

ဘယ်လိုပဲစဉ်းစားကြည့်ပါစေ အဓိပ္ပာယ်မဲ့လွန်းနေသည်။

သို့သော်…

အရှင်မင်းကြီးသည် လူ့လောကကို ဆင်းသက်လာသည့် ကြင်စင်နတ်ဘုရားတစ်ပါးဖြစ်သည်။ ထို့ကြောင့် အရှင် မင်းကြီး၏ဆုံးဖြတ်ချက်တိုင်းက မှန်ကန်နေပါလိမ့်မည်။

ဝူကျီးခေတ္တသာ တွန့်ဆုတ်ခဲ့ပြီး ချက်ချင်းအမိန့်နာခံကာ ချန်ကျင်းမင်အလောင်းကို သယ်ဆောင်ရင်းအရင်ဆုံး ထွက်ခွာသွားလေတော့သည်။

ယွဲ့လင်း စစ်မြေပြင်၏အခြေအနေအကြမ်းဖျင်းကို စီမံပေးခဲ့ပြီးနောက် ကျန်အရေးကိစ္စတွေကိုတော့ စစ်မက်ရေး ရာဝန်ကြီးဌာနလက်ထဲသာ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် ကျန်းကျီမြောင်လက်ကိုတွဲရင်း နန်းတော်ထဲသို့ ပြန်ဝင်ရောက်လာခဲ့တော့သည်။

-

ဖုန့်ယီနန်းဆောင်တွင်…

ကိုယ်လုပ်တော်များအားလုံး စိုးရိမ်ပူပန်စွာ စောင့်မျှော်နေကြသည်။

ဒီနေ့က အရာရာကိုအဆုံးအဖြတ်ပေးမည့်နေ့ဖြစ်သည်။ အရှင်မင်းကြီးနှင့် မိဖုရားကြီးတို့ အောင်မြင်မှုကို ဆွတ်ခူးနိုင်ကြပါ့မလားဆိုတာ သူတို့ မသိနိုင်ကြပါ။

ယွဲ့ဟွာမှာ ဘယ်လိုလှည့်ကွက်တွေ ရှိနေဦးမလဲဆိုတာကိုလည်း သူတို့ မသိကြပေ။

ရုတ်တရက်… ဖုန့်ယီနန်းဆောင်ရှေ့မှ အစောင့်တပ်သားများ လမ်းဖယ်ပေးလိုက်ကြသည်။

ကိုယ်လုပ်တော်များအားလုံး ရင်တထိတ်ထိတ်ဖြင့် လှမ်းမျှော်ကြည့်ရှုလိုက်ကြလေသည်။

မီးရောင်မှိန်မှိန်အောက်မှာ ယွဲ့လင်းနှင့် ကျန်းကျီမြောင်တို့ လက်ချင်းဆုပ်ကိုင်ကာ အတူယှဉ်တွဲ ကြွမြန်းလာခဲ့ကြပါပြီ။

ချန်ရှုယိ မျက်ရည်များ ချက်ချင်းကျလာခဲ့သည်။

အခြားကိုယ်လုပ်တော်များအားလုံးလည်း မျက်လုံးတွေ နီမြန်းသွားခဲ့ကြရသည်။

သူတို့ အောင်နိုင်သွားခဲ့ပြီ…

“ယွဲ့ဟွာနဲ့ တုံရှောင်းတို့ကိုကွပ်မျက်လိုက်ပြီ၊ အန္တရာယ်တွေ ဘေးကင်းသွားပါပြီ၊ အားလုံးတပ်ပြန်ဆုတ်ပြီး ပုံမှန်အတိုင်းပဲ စောင့်ကြပ်ကြပါ”

ယွဲ့လင်း မိန့်ကြားလိုက်သည်။

ဖုန့်ယီနန်းဆောင်ကို အတွင်းအပြင် စေ့စေ့စပ်စပ်စောင့် ကြပ်ပေးခဲ့ကြသည့် အစောင့်တပ်သားများစွာ ချက်ချင်းဆိုသလို ထက်ဝက်ကျောက်လောက် လျော့ကျသွားခဲ့သည်။ သို့သော် ားလုံး၏စိတ်တွေကမူ ယခင်တုန်းကထက် ပိုမို လုံခြုံအေးချမ်းသွားကြပြီဖြစ်သည်။

ကျန်းကျီမြောင်နှင့် အတူတူ ယွဲ့လင်းထိုင်လိုက်သည်။

ကျန်းကျီမြောင် သူ့လက်ကို ပြန်သိမ်းချင်နေပြီဖြစ်သော် လည်း ယွဲ့လင်းက ပိုမိုတင်းကြပ်စွာဆုပ်ကိုင်ထားခဲ့သည်။

အနောက်နန်းဆောင်ညီအစ်မများထံ ကျန်းကျီမြောင် ရှက် ကိုးရှက်ကန်းကြည့်လိုက်သော်လည်း ညီအစ်မများကမူ ပြုံးသာ ပြုံးပြနေကြသည်။

ယွဲ့လင်း တည်ငြိမ်စွာ မိန့်လိုက်သည်။

“ဒီနေ့ပုန်ကန်သူတွေကို နှိမ်နင်းတဲ့နေရာမှာ မိဖုရားကြီးက အကြီးမားဆုံး အကူအညီပေးခဲ့တာပဲ”

ကျန်းကျီမြောင် အမြန်လျှောက်တင်လိုက်သည်။

“ဒီမိဖုရား ဘာမှ မလုပ်ခဲ့ရပါဘူး အရှင်မင်းကြီး”

ကျန်းကျီမြောင်ရင်ထဲ အနည်းငယ်စိုးရိမ်မိသည်။ သူမဘေးကင်းလုံခြုံစေဖို့အတွက်ဆို အစွမ်းတွေကို ဒီလိုထုတ်မပြခဲ့သင့်ပါ။

သူ ထုတ်ပြခဲ့သည့် စွမ်းရည်တွေကမှော်ဆန်လွန်းလှသည်။

သံသယကြီးမားသည့် သို့မဟုတ် အာဏာမက်မောသည့် ဧကရာဇ်မင်းတစ်ယောက်သာဆို သူ့ကို အန္တရာယ်ဟု ယူဆကာ ချက်ချင်းကွပ်မျက်ပစ်နိုင်သည်။

ကျန်းကျီမြောင် ယခုလိုအလောင်းအစား လုပ်ရဲခဲ့တာက… ယွဲ့လင်းအား ယုံကြည်သောကြောင့်ပင်။

ထို့အပြင် သူမသေဆုံးသွားလျှင်… အဆိုးဆုံး ကြုံတွေ့နိုင်တာဆိုလို့ အခြားကမ္ဘာငယ်တစ်ခုကို ကူးပြောင်းသွားတာသာ ဖြစ်သည်။ ထိုအခါ ခွေးစနစ်က သူမကို တာဝန်ယူပေးပါလိမ့်မည်။

သူ အလောင်းအစားလုပ်လိုက်တာ မှန်ရဲ့လားဆိုတာ ကျန်းကျီမြောင် မသေချာခဲ့ချေ။

ဘယ်လိုပဲဖြစ်ဖြစ် ယခုလက်ရှိ ယွဲ့လင်းအားအကဲခတ်ကြည့်ရသလောက်တော့ သူ့ကို ကြောက်ရွံ့နေပုံမပေါ်ပေ။

ကျန်းကျီမြောင် လက်ကို ယွဲ့လင်း ပိုမိုတင်းကြပ်စွာဆုပ် ကိုင်လိုက်ပြီး လေးလေးနက်နက် မိန့်လိုက်သည်။

“မဟုတ်တာ… မြောင်မြောင် လိုအပ်တာထက် အများကြီး ပိုလုပ်ခဲ့ပြီးပါပြီ”

ထို့နောက် ကိုယ်လုပ်တော်တွေကို ငုံ့ကြည့်ကာ ယွဲ့လင်း မိန့်လိုက်သည်။

“ကျန်းရဲ့ နှလုံးသားကို မိဖုရားကြီးဆီမှာပဲ ပုံအပ်ထားတော့မှာ၊ အနောက်နန်းဆောင်ကို ဖျက်သိမ်းပစ်ဖို့ ကျန်းစီစဉ်ထားတယ်၊ အားလုံး ဘယ်လိုသဘောရကြလဲ”

ကျန်းကျီမြောင် ကြက်သေသေသွားသည်။

ဘာ…?

သူတို့ အောင်ပွဲရပြီးပြန်လာတာမှ မကြာသေးပါ။ အနောက်နန်းဆောင်ကို ဖျက်သိမ်းမည်ဟု ယွဲ့လင်းက ရုတ်တရက်ကြီးထပြောနေသည်။

ညီအစ်မတွေ ဘယ်လိုထင်ကုန်ကြမလဲ!!

ယွဲ့လင်းအား ကျန်းကျီမြောင် အမြန်တားဖို့ကြံလိုက်ပါသည်။

သို့သော် ချန်ရှုယိ အပြုံးဖြင့် လျှောက်တင်လိုက်လေသည်။

“အရှင်မင်းကြီး… ဒီကြင်ယာတော်ရဲ့ မယ်တော့်ကိုပြုစုပေးဖို့အတွက် ဒီကြင်ယာတော် နန်းတော်ထဲကထွက်ခွာချင်တယ်လို့ လျှောက်တင်ခဲ့တာကြာပါပြီ၊ အရှင်မင်းကြီးသာ အဲ့ဒီဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် ဒီကြင်ယာတော် အတိုင်းထက်အလွန် ဝမ်းမြောက်ဝမ်းသာဖြစ်မိမှာပါ”

ထို့နောက် ချန်ရှုယိ ချက်ချင်းဒူးထောက်ချလိုက်သည်။

“အရှင်မင်းကြီးရဲ့မေတ္တာကရုဏာအတွက် ဒီကြင်ယာတော် ကျေးဇူးတင်ရှိပါတယ်”

ချန်ရှုယိ ဒူးထောက်တာကိုမြင်သော် အန်းကျောက်ရီလည်း ဒူးထောက်လိုက်ပါသည်။

“ဒီကြင်ယာတော့်ဘဝမှာ အတောင့်တဆုံးအရာဆိုလို့ ကမ္ဘာတစ်ဝှမ်းလုံးက စားကောင်းသောက်ဖွယ်တွေကို စားသုံးကြည့်ချင်တာပါပဲ၊ အနောက်နန်းဆောင်ထဲက အစားအ သောက်တွေက ကောင်းမွန်ပေမယ့် ဒေသန္တရ အရသာတွေ လစ်ဟင်းနေတယ်၊ အဲ့တာကြောင့် ဒီကြင်ယာတော် နန်းတော်ကနေထွက်ခွာပြီး ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အစားအသောက်တွေကို လှည့်လည်စားသောက်ကြည့်ချင်ပါတယ် အရှင်မင်းကြီး”

လျှောက်တင်ရင်းနှင့် အန်းကျောက်ရီမျက်လုံးများ မျှော် လင့်ချက်တို့ဖြင့် တောက်ပသွားခဲ့ရသည်။

မုန့်ချိုက်ရမ်နှင့် ဝမ်ပေါင်လင်တို့လည်း အတူတူဒူးထောက် လိုက်ကြသည်။

“ဒီကိုယ်လုပ်တော်တို့နှစ်ယောက်ကတော့ အနောက်နန်းဆောင်မှာပဲ ဆက်လက်နေထိုင်ချင်ပါတယ် အရှင်မင်းကြီး၊ နားလည်မှုမလွဲပါနဲ့… ဒီကိုယ်လုပ်တော်တို့ မိဖုရားကြီးကို မထားခဲ့ရက်လို့ပါ၊ ပြီးတော့ ဒီကိုယ်လုပ်တော်တို့ နန်းတော်ကနေထွက်ခွာသွားရင်တောင် ဒီကိုယ်လုပ်တော်တို့ရဲ့အခြေ အနေကို လက်ခံပေးနိုင်မယ့်နေရာမျိုး မရှိမှာ စိုးရွံ့မိပါတယ်”

တစ်နေ့နေ့တစ်ချိန်ချိန် ချူးရှားပြောခဲ့သည့် ရည်မှန်းချက်သုံးခု အကောင်အထည်ပေါ်လာသည့်အခါ လူအများကြားမှာ သူမတို့နှစ်ယောက်လည်း လက်ချင်းယှဉ်တွဲရင်း လွတ်လွတ်လပ်လပ် လျှောက်လှမ်းနိုင်ပါလိမ့်မည်။

သို့သော် ယခုမူ ထိုအချိန်မျိုးကို မရောက်နိုင်သေးပေ။

စုကျဲယွီနှင့် ကိုယ်လုပ်တော်ရှားတို့လည်း ပီတိဖြာစွာ ဒူးထောက်လိုက်ကြသည်။

“အရှင်မင်းကြီး၊ ဒီကြင်ယာတော်တို့နှစ်ယောက်ကတော့ ဇာတ်လမ်းပုံပြင် အတူတူရေးသားဖို့ သဘောတူထားပြီးပါပြီ။ အခုလက်ရှိမှာ ဇာတ်လမ်းပုံပြင်တွေက ကျော်ကြားခြင်းမရှိသေးပေမယ့် ကောင်းမွန်တဲ့ ဇာတ်လမ်းပုံပြင်တွေက လူတွေရဲ့ဘဝကို လမ်းပြပေးနိုင်မယ်လို့ ဒီကြင်ယာတော်တို့ယုံကြည်ပါတယ်”

ဟွားပေါင်လင်လည်း အပြုံးဖြင့် ဒူးထောက်လိုက်သည်။

“ဒီကိုယ်လုပ်တော်တော့ ကြင်ယာတော်စုတို့ရဲ့ဇာတ်လမ်း ပုံပြင်တွေအတွက် တေးသံစဉ်တွေ ရေးစပ်ပေးဖို့ စဉ်းစားထားပါတယ် အရှင်မင်းကြီး”

ယီချိုက်ရမ်လည်း အများနည်းတူ ဒူးထောက်လိုက်သည်။

“ဒီကိုယ်လုပ်တော်ကတော့ သီချင်းဆိုပေးဖို့…”

ယီချိုက်ရမ်ကို အားလုံး ဝိုင်းကြည့်လိုက်ကြသည်။ ယီချိုက်ရမ် ချောင်းအနည်းငယ်ဆိုးလိုက်ပြီး အမြန်လျှောက်တင်လိုက်သည်။

“ကျီစယ်တာပါ ကျီစယ်တာ၊ ဒီကိုယ်လုပ်တော်ရဲ့ အဆိုစွမ်းရည်က မကောင်းပေမယ့် စကားပြောစွမ်းရည်ကတော့ ကောင်းမွန်ပါတယ်၊ သူတို့ရေးသားမယ့် ပထမဆုံးဇာတ် လမ်းပုံပြင်အတွက် အမျိုးသမီးဇာတ်ဆောင်အဖြစ် သရုပ် ဆောင်ပေးမယ်လို့ တိုင်ပင်ထားပါတယ် အရှင်မင်းကြီး”

အမြဲတမ်း တည်တည်ငြိမ်ငြိမ်နေတတ်သည့် ကိုယ်လုပ် တော်မင်လည်း အေးချမ်းသာယာသောမျက်နှာလေးဖြင့် လျှောက်တင်လိုက်သည်။

“ဒီကိုယ်လုပ်တော်လည်း ညီအစ်မတွေနဲ့တူတူ အမျိုးသမီးပြဇာတ်အဖွဲ့ တည်ထောင်ချင်ပါတယ် အရှင်မင်းကြီး၊ စီမံခန့်ခွဲရေးအပိုင်းတွေကို ဒီကိုယ်လုပ်တော်က တာဝန်ယူပေးမှာပါ”

ကျန်းကျီမြောင် မှင်သက်သွားခဲ့သည်။

ဒါ… ဒါ ဘယ်လိုဖြစ်ရတာလဲ!

သူ မသိလိုက်သည့် အချိန်တစ်ခုအတွင်း ညီအစ်မတွေအားလုံး ရည်မှန်းချက်ကိုယ်စီဖြင့် အနောက်နန်းဆောင်ထဲမှထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြလေသည်။

ယခုချိန် ကြင်ယာတော်သဲ့ရှိနေလျှင် သူမလည်း အနောက်နန်းဆောင်မှာ ဆက်နေမည့်လူမဟုတ်မှန်းသေချာသည်။

ဒါ…

ထိုကိစ္စတွေကို သူတို့ ဘယ်တုန်းက ဆွေးနွေးတိုင်ပင်လိုက်ကြမှန်း ကျန်းကျီမြောင် မသိလိုက်ခဲ့ပေ။

ဘာကြောင့်မှန်းမသိ ကျန်းကျီမြောင်ရင်ထဲ အနည်းငယ် ဝမ်းနည်းမိသလို ခံစားလိုက်ရလေသည်။

All Chapters