← Chapters

👑 The Use for a Reborn Girl

Vol. 20 Ch. 198

👑 The Use for a Reborn Girl

Vol. 20 Ch. 198

ကျန်းကျီမြောင်ကို ယွဲ့လင်း လှည့်ကြည့်လိုက်သည်။

“မြောင်မြောင် ဘယ်လိုသဘောရလဲ”

ကျန်းကျီမြောင်ရင်ထဲ ခံစားချက်တွေရှုပ်ထွေးနေခဲ့သည်။

ယွဲ့လင်းကို သူ့အထက်အရာရှိတစ်ဦးလို သဘောထားခဲ့တာဖြစ်သလို အနောက်နန်းဆောင် ညီအစ်မတွေ အားလုံးက သူ့ရဲ့ ‘လုပ်ဖော်ကိုင်ဖက်’၊ သူငယ်ချင်းမိတ်ဆွေတွေ ဖြစ်ကြသည်။

ယခုမူ…

သူ့ လုပ်ဖော်ကိုင်ဖက်တွေက တစ်ယောက်ပြီးတစ်ယောက် အလုပ်ထွက်သွားကြပြီး သူ့ကို တစ်ယောက်တည်း ချန်ထားခဲ့တော့မည်။

သူ ခံနိုင်ရည်ရှိပါ့မလား…

ကျန်းကျီမြောင်မျက်လုံးများ ရုတ်တရက် နီမြန်းသွားခဲ့သည်။

“ဒီ… ဒီမိဖုရား ညီအစ်မတွေနဲ့ မခွဲနိုင်ဘူး…”

ယွဲ့လင်း: “???”

ကိုယ်လုပ်တော်များအားလုံးလည်း မျက်လုံးတွေ နီမြန်းကုန်ကြသည်။

“ဒီကိုယ်လုပ်တော်တို့လည်း အရှင်မနဲ့ မခွဲခွာနိုင်ပါဘူး…”

ယွဲ့လင်း: “???”

ကျန်းကျီမြောင် မျက်ရည်တွေ တကယ်ကျလာသည်။

“အားလုံးထွက်သွားကြရင် ဒီမိဖုရားနန်းဆောင်မှာ တစ် ယောက်တည်း ဘယ်လိုနေထိုင်ရမလဲ”

သူ တစ်ယောက်တည်း ဘယ်လောက်တောင် ပျင်းနေလိုက်မလဲ…

အားလုံးလည်း မျက်ရည်တွေ စီးကျလာခဲ့သည်။

“ဒီကိုယ်လုပ်တော်တို့လည်း အရှင်မကို မထားခဲ့ချင်ပါဘူး”

တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ရင်း ခါးသီးစွာ ငိုယိုခဲ့ကြသည်။

ယွဲ့လင်း: “…”

အခုချိန်မှာ သူ လူပိုတစ်ယောက်ဖြစ်မှန်း သေချာနေပါပြီ။

ယွဲ့လင်း အသက်ဝဝရှူလိုက်ရသည်။

မြောင်မြောင် အနောက်နန်းဆောင်ကိုယ်လုပ်တော်များနှင့် အလွန်ရင်းနှီးနေသောကြောင့် မခွဲနိုင်မခွာရက်ဖြစ်နေတာသာဖြစ်ပါလိမ့်မည်။ ဒီလောက်တော့ သူသည်းခံနိုင်ပါ သည်။

သူ သည်းခံနိုင်မယ် မဟုတ်လား…

“အရှင်မလည်း ဒီကြင်ယာတော်တို့နဲ့အတူ နန်းတော်ထဲကနေ လိုက်ထွက်ခဲ့ပါလား ? ဒီကြင်ယာတော်တို့ရဲ့ ပြဇာတ်အဖွဲ့အတွက် အကြီးအကဲလုပ်ပေးလို့ရတယ်လေ!”

ကြင်ယာတော်စု အကြံပေးလိုက်သည်။

“အမှန်ပဲ အမှန်ပဲ! အဲ့တာဆို အားလုံးခွဲစရာမလိုတော့ဘူး”

အခြားကိုယ်လုပ်တော်တွေလည်း သံယောင်လိုက်ကာ ထောက်ခံလိုက်ကြသည်။

ထိုအကြံပြုချက်တွေကို နားထောင်ရင်း ကျန်းကျီမြောင် အနည်းငယ် စိတ်လှုပ်ရှားမိသည်။

ယွဲ့လင်းကမူ ဒီတိုင်းထိုင်မနေနိုင်တော့ဘဲ အမြန်ဝင်မိန့်လိုက်ရသည်။

“အကြီးအကဲဆိုပေမယ့်လည်း စိတ်ပူပန်ရမှာတွေ များတယ် မြောင်မြောင်၊ ဒီအနောက်နန်းဆောင်မှာဆိုရင် မြောင်မြောင် ဘာမှစိတ်ပူစရာမလိုဘူး၊ နောက်ဆို မြောင်မြောင် အိပ်ချင်သလောက် အိပ်၊ စားချင်သလောက် စား၊ လိုချင်တာရှိရင် တစ်ခွန်းသာပြောလိုက်၊ မြောင်မြောင့်ရှေ့ထိ ရောက်လာအောင် ကျန်းပို့ဆောင်ပေးမယ်၊ မြောင်မြောင် ဘယ်သူနဲ့မှ လိုက်သွားစရာမလိုဘူး”

ပြောပြောဆိုဆိုနှင့် ကျန်းကျီမြောင်ထံ ကြည့်နေသည့် ယွဲ့လင်း သူငယ်အိမ်များ အနည်းငယ်တုန်လှုပ်သွားခဲ့သည်။

မြောင်မြောင်သာ တကယ်ထွက်သွားမည်ဆိုလျှင် သူဘာလုပ်ရမှန်းသိမှာ မဟုတ်တော့ပေ။

[ဘုရားဘုရား… ဝန်ထမ်းကောင်းဖြစ်ရတဲ့ အကျိုးကျေးဇူးက ဒါလား ?လုပ်ငန်းအသစ်စဖို့ လုပ်ဖော်ကိုင်ဖက်တွေက မျှားခေါ်နေခြင်း VS သဘောကောင်းတဲ့ဘော့စ်က ကတိအလွတ်တွေပေးနေခြင်းပေါ့၊ ငါဘာကို ရွေးချယ်ရမလဲ…]

ကျန်းကျီမြောင် သေသေချာချာစဉ်းစားလိုက်သည်။

အချိန်အတော်ကြာမှ သူ သက်ပြင်းချလိုက်သည်။

[ထားလိုက်ပါတော့ ထားလိုက်ပါတော့၊ လုပ်ငန်းအသစ်တစ်ခုတည်ထောင်ရင် ဘယ်လောက် ပင်ပန်းရသလဲဆိုတာ လူတိုင်းသိတယ်၊ ညီအစ်မတွေက ငါ့ကို ဘာမှမလုပ်ခိုင်းရင် တောင် ငါလည်း ဘာမှမလုပ်တတ်ဘူးလေ! အရင်ဘဝက ကျွန်ခံခဲ့ရတာလုံလောက်ပြီ၊ ဒီဘဝမှာတော့ ဒီတိုင်း အေးအေးဆေးဆေးပဲ ဖရဲသီးထိုင်စားနေချင်တော့တယ်]

ထိုအတွေးသံထွက်လာသည်နှင့် တစ်ပြိုင်နက် ယွဲ့လင်း စိတ်သက်သာရာရသွားပြီး သက်ပြင်းချမိသည်။

အနောက်နန်းဆောင်ညီအစ်မများကမူ အနည်းငယ်စိတ်မကောင်းဖြစ်သွားကြသည်။

ယွဲ့လင်း ချောင်းအနည်းငယ်ဆိုးကာ မိန့်လိုက်သည်။

“အားလုံး ဆုံးဖြတ်ချက်ချပြီးကြပြီဆိုတော့ အနောက်နန်းဆောင် ဖျက်သိမ်းမယ့်ကိစ္စကို မနက်ဖြန် ညီလာခံမှာ ကျန်းဆွေးနွေးတိုင်ပင်လိုက်မယ်၊ တရားဝင်အတည်ပြုပြီးသွားတာနဲ့ အားလုံးထွက်ခွာလို့ရပါပြီ”

“နန်းတော်က ထွက်ခွာသွားတဲ့ ကိုယ်လုပ်တော်တွေအားလုံး အိမ်ကိုပြန်ပြီး နှစ်သက်သဘောကျသူနဲ့ လွတ်လွတ်လပ်လပ်လက်ဆက်ထိန်းမြှားခွင့် ရှိတယ်လို့လည်း ကျန်းကြေ ညာပေးမယ်၊ အားလုံး လက်ဆက်ထိန်းမြှားတဲ့အခါ ကျန်းနဲ့ မိဖုရားတို့က လက်ဆောင်ပဏ္ဍာတွေပို့ဆောင်ပေးပါမယ်”

ကျန်းကျီမြောင်လည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။ ဘဝနှစ်ခုလောက် နေထိုင်ခဲ့ရသူဖြစ်သဖြင့် သူ့ကိုယ် သူ အစ်မကြီးတစ်ဦးသဖွယ် ခံယူထားခြင်းဖြစ်သည်။ ထို့ ကြောင့် ညီမတွေအိမ်ထောင်ပြုသည့်အခါ လက်ဆောင်ပို့ပေးရမှာ သူမ တာဝန်ဖြစ်သည်။

အားလုံးသဘောတူခဲ့ကြသည်။

ထို့ကြောင့် အနောက်နန်းဆောင်မှ ထွက်ခွာမည့်ကိစ္စအား အတည်ပြုနိုင်ခဲ့ကြသည်။

ကျန်းကျီမြောင်ရင်ထဲမှာတော့ ခွဲခွာဖို့ တွန့်ဆုတ်နေစိတ်တွေ ရှိနေသေးသည်။ ညီအစ်မများနှင့် စကားလုံလုံ လောက်လောက် မပြောရသေးဘူးဟု ခံစားနေရသည်။ ထို့ကြောင့် ညီအစ်မများနှင့် အတူ ကျန်းကျီမြောင် စကား စမြည်ပြောခဲ့ကြပါသေးသည်။

ညီအစ်မများနှင့် ပထမဆုံးတွေ့ဆုံခဲ့ရတုန်းက အချိန်ကို ကျန်းကျီမြောင်ပြန်မြင်ယောင်မိသည်။ အားလုံးတစ်ယောက်နဲ့တစ်ယောက် မရင်းနှီးသေးဘဲ စိမ်းစိမ်းကားကား ဖြစ်နေခဲ့ကြလေသည်။

အားလုံးကြားက တင်းမာမှုတွေကို ကျန်းကျီမြောင် မြင်နိုင်ခဲ့သည်။ သို့သော် ဝင်မစွက်ဖက်ချင်ခဲ့ဘဲ အတင်းအဖျင်းတွေကိုသာ ထိုင်ဖတ်နေခဲ့သည်။

မျက်စိတမှိတ် အချိန်လေးအတွင်းမှာပင် လပေါင်းများစွာကြာခဲ့လေပြီ…

ကျန်းကျီမြောင် လွမ်းဆွတ်တမ်းတနေစဉ် ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကိုသတိရသွားခဲ့ပြီး စနစ်ကိုဖွင့်ကြည့်လိုက်သည်။

[ဒါနဲ့ ဒီနေ့အတင်းအဖျင်းတွေ ငါ မဖတ်ကြည့်ရသေးဘူးပဲ]

ညီအစ်မများနှင့် စကားပြောရင်း ကျန်းကျီမြောင် အတင်းအ ဖျင်းသုံးခုကို ဖတ်ကြည့်လိုက်သည်။

အကြီးမားဆုံးကပ်ဘေးဖြစ်သည့် ယွဲ့ဟွာပြဿနာကို ဖြေရှင်းပြီးပြီ ဖြစ်တာကြောင့် ကျန်းကျီမြောင်စိတ်တွေ အလွန်အေးချမ်း လွတ်လပ်သွားသည်။ ပထမဆုံး ကူးပြောင်းလာခဲ့တုန်းကလို စိတ်ဓာတ်မျိုးပြန်ဝင်လာခဲ့သည်။

ဘာမှမလုပ်ဘဲ အတင်းအဖျင်းတွေသာ ထိုင်ဖတ်ချင်သည့် စိတ်မျိုးဖြစ်သည်။

အားလုံးလည်း နာားရွက်တွေ အလိုလိုထောင်သွားကြသည်။

မိဖုရားကြီးနှင့် အတူတူ အတင်းအဖျင်းနားထောင်ရသည်မှာ သူမတို့ဘဝရဲ့အစိတ်အပိုင်းတစ်ခုလို ဖြစ်လာခဲ့ပါပြီ။ ထို့ကြောင့် ရှေ့လျှောက် သူမတို့ နားမထောင်နိုင်တော့သည့်အခါ တကယ်သတိရမိလိမ့်မည်။

[ပထမဆုံး အတင်းအဖျင်းကတော့…]

ကျန်းကျီမြောင် စိတ်ဝင်တစားဖတ်ကြည့်လိုက်သည်။

[‘အချစ်ကြီးတဲ့ဧကရာဇ်ရဲ့ တစ်ဦးတည်းသောအချစ်ခံလေး’ ဝတ္ထုရဲ့ ဇာတ်လိုက်မင်းသား ယွဲ့ဟွာ မတော်တဆမှုကြောင့် သေဆုံးသွားပြီ၊ အဲ့တာကြောင့် ဇာတ်လမ်းက လုံးဝပြောင်းလဲသွားခဲ့ပြီတဲ့၊ အခုဝတ္ထုရဲ့ ဇာတ်လိုက်မင်းသမီး ပြန့်ချန်းရှီက အချိန်မတိုင်ခင် ပြန်လည်မွေးဖွားလာပြီး မြို့တော်ဆီကို ရောက်လာတော့မယ်တဲ့]

ကျန်းကျီမြောင် မျက်ခုံးပင့်လိုက်သည်။

ထို ‘အရပ်သားမင်းသမီးလေး’ကို သေချာစောင့်ကြည့်ဖို့ ယွဲ့လင်း လူတွေလွှတ်ထားလောက်ပြီဖြစ်သည်။

သို့သော် ဒီခေတ်မှာ အဆက်အသွယ်လုပ်ရတာက ခေတ် သစ်လို မြန်ဆန်မည်မဟုတ်ပေ။

ပြန့်ချန်းရှီကလည်း မြို့တော်ကိုလာဖို့ ကြံရုံသာ ရှိလောက်ပါဦးမည်။ ယွဲ့လင်းလူတွေလည်း သတင်းပို့ဖို့ အချိန်မရှိသေးတာဖြစ်လိမ့်မည်။

သို့သော်လည်း ယွဲ့ဟွာ သေဆုံးသွားပြီဖြစ်သဖြင့် ပြန့်ချန်းရှီ ဘာပြဿနာမှရှာနိုင်မည် မဟုတ်တော့ပါ။

ညီမဖြစ်သူကို အသိအမှတ်ပြုခြင်း၊ မပြုခြင်းက ယွဲ့လင်း ၏ကိစ္စဖြစ်သည်။ ကျန်းကျီမြောင် ဝင်စွက်ဖက်ဖို့ စိတ်ကူး မရှိပါ။

ထိုအတွေးဖြင့် ဒုတိယအတင်းအဖျင်းကို ကျန်းကျီမြောင် ဆက်ဖတ်ကြည့်လိုက်ပါသည်။

[ပြန်လည်မွေးဖွားလာတဲ့ ပြန့်ချန်းရှီမှာ ‘မယ်ရီဆူးသူရဲ ကောင်းမလေး ရောင်ဝါ’ပါလာတယ်တဲ့၊ အဲ့ဒီရောင်ဝါကြောင့် သူ့အပေါ်မှာ လူတိုင်းကအတိုင်းအတာတစ်ခုအထိ မျက်နှာသာပေးကြလိမ့်မယ်တဲ့]

ကျန်းကျီမြောင် မျက်လုံးပြူးသွားရသည်။

‘မယ်ရီဆူး သူရဲကောင်းမလေး ရောင်ဝါ’ဆိုတာ ဘာလား!

လူတိုင်းက သူမအပေါ်မှာ အတိုင်းအတာတစ်ခုအထိ မျက် နှာသာပေးကြမယ် ဟုတ်လား…

မျက်နှာသာပေးတာ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ၊ ပိစိလေးလောက်ပဲရှိသည်ဖြစ်စေ ဒီရောင်ဝါကြီးက အိုဗာပါဝါဖြစ်လွန်းလှသည်။

စနစ်အားကျန်းကျီမြောင် ထေ့ငေါ့ကာပြောလိုက်သည်။

“သူများတွေကို ကြည့်လိုက်စမ်း ခွေးစနစ်! ပြန်လည်မွေးဖွားလာတဲ့သူဆိုတာ ဒီလိုအကျိုးခံစားခွင့် ရသင့်တာ! နင့်ကိုယ် နင် ပြန်ကြည့်လိုက်ဦး၊ ဘာဖြစ်ဖြစ် ညည်းဖို့ပဲ သိတယ်!”

စနစ်ဝမ်းနည်းသွားသည်။

“စနစ်ပိုင်ရှင်ကလည်း… ကျွန်ုပ်မှာ အသုံးဝင်တဲ့အချက်တွေတော့ ရှိပါသေးတယ်… ပြီးတော့ အဲ့ရောင်ဝါက စနစ်ပိုင်ရှင်ထင်သလောက် အိုဗာပါဝါမဖြစ်ဘူး၊ ဒီရောင်ဝါရဲ့အစွမ်းက သူ့ကိုမြင်မြင်ချင်း လူတွေမမုန်းအောင် စမှတ်တစ်ခုဖန်တီးပေးလိုက်သလိုမျိုးပဲ၊ အဲ့ဒီနောက်ပိုင်း သူ့ကို လူတွေဘယ်လို မျက်နှာသာပေးမလဲ ဆိုတာကတော့ ပြန့်ချန်းရှီရဲ့ကိုယ်ပိုင်အစွမ်းအစအပေါ်မှာပဲ မူတည်တယ်လေ”

ကျန်းကျီမြောင် မေးပွတ်လိုက်သည်။

မြင်မြင်ချင်း လူ မမုန်းအောင် လုပ်ပေးတာတဲ့လား…

ဘာကြောင့်မှန်းမသိဘဲ ထိုစွမ်းရည်က အသုံးဝင်နိုင်သည်ဟု သူ ခံစားလိုက်ရသည်။

ထိုစဉ် ကျန်းကျီမြောင်မျက်လုံးများ ရုတ်တရက် အရောင်လက်သွားခဲ့သည်။

[ထုံတမ်းရေးရာဝန်ကြီးဌာနမှာ အဲ့လိုလူမျိုးလိုအပ်တာ! အထူးသဖြင့် တိုင်းတပါးရေးရာကိစ္စတွေမှာ အသုံးဝင်လိမ့်မယ်၊ အစကတော့ တိုင်းပြည်နှစ်ခုက ဓားတွေလှံတွေနဲ့ ညှိနှိုင်းဆွေးနွေးရမှာ၊ ဒါပေမယ့် ပြန့်ချန်းရှီလို နိုင်ငံ့ရတနာလေးပေါ်လာရင်တော့… အားလုံးချက်ချင်းပြေလည်သွားမှာပဲ! ပြန့်ချန်းရှီ စိတ်ပညာနည်းနည်း သင်ယူလိုက်ရင် အဲ့ဒီ တိုင်းတပါးသားတွေကို ရုပ်သေးရုပ်တွေလို ကစားနိုင်မှာမလား!]

ကျန်းကျီမြောင် အတွေးသံကိုကြားသောအခါ ယွဲ့လင်း ကြက်သေသေသွားခဲ့သည်။

ထိုထူးထူးဆန်းဆန်း ရောင်ဝါအမည်ကိုကြားပြီး ပထမတော့ ယွဲ့လင်း သတိကြီးသွားခဲ့သေးသည်။

သို့သော် မြောင်မြောင့်အကြံပြုချက်ကို ကြားသောအခါ သူလည်းအကြံတစ်ခုရသွားခဲ့သည်။

ရုတ်တရက်ဆိုလျှင်တော့ အဓိပ္ပာယ်မဲ့သည့် အစီအစဉ်ဟုထင်ရလောက်သည်။ သို့သော် သေချာစဉ်းစားကြည့်လျှင် ဖြစ်နိုင်ချေရှိသည်။

ပြန့်ချန်းရှီလို ပါရမီမျိုးကို ယောက်ျားတစ်ယောက်အတွက် အသုံးမချသင့်ပါ။ တိုင်းပြည်အတွက်သာ အသုံးချသင့်တာဖြစ်သည်။

ပထမတော့ သူ့ ‘ညီမတော်’အား ယွဲ့လင်း မည်သို့စာရင်းရှင်းရမှန်းမသိ ဖြစ်နေခဲ့လေသည်။

ယခုမူ ယွဲ့လင်း အကြံရသွားခဲ့ပါပြီ။

သူ့ညီမတော်သာ ကယ်မရလောက်သည်အထိ အခြေအနေ ဆိုးရွားမနေခဲ့လျှင် ယွဲ့လင်းဟူသည့် သူက အသိအမှတ်ပြုပေးပါမည်။

ထိုသို့သောပါရမီရှင်မျိုးအား လက်လွှတ်စရာအကြောင်း လုံးဝမရှိချေ။

ယွဲ့လင်းအာရုံထဲ ‘ပြန့်ချန်းရှီ အသုံးချနည်းလမ်းညွှန်’ စာအုပ်တစ်အုပ် အလိုလိုပေါ်လာခဲ့တော့သည်။

All Chapters