← Chapters

👑 The Original Ending

Vol. 20 Ch. 200

👑 The Original Ending

Vol. 20 Ch. 200

တစ်နေကုန် တက်ကြွလှုပ်ရှား စည်ကားသိုက်မြိုက်ပြီးနောက် မှောင်ရီပျိုးသောအခါ အားလုံးသက်ဆိုင်ရာနန်းဆောင်များထံသို့ ကိုယ်စီပြန်သွားခဲ့ကြသည်။

ဖုန့်ယီနန်းဆောင်ကြီး ရုတ်တရက်ဆိုသလို တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ဟာလာဟင်းလင်းဖြစ်သွားသည့် ခန်းမဆောင်ကြီးကို ကျန်းကျီမြောင် အချိန်အတော်ကြာအောင် ငေးကြည့်နေခဲ့မိသေးသည်။

ယခင်တုန်းကလည်း ဒီလိုအချိန်မျိုးဆို ဖုန့်ယီနန်းဆောင် တိတ်ဆိတ်သွားလေ့ရှိသည်။ သို့သော် မနက်ဖြန်ရောက်တိုင်း ညီအစ်မတွေရောက်လာဦးမည်ဖြစ်မှန်း သူ သိနေသဖြင့် စိတ်အေးချမ်းနိုင်ခဲ့သည်။

ယခုမူ… သူမတို့ တကယ်ခွဲခွာသွားရတော့မည်။

ကျန်းကျီမြောင် အနည်းငယ် စိတ်ဓာတ်ကျသွားသည်။

ယွဲ့လင်း နန်းတွင်းအရေးကိစ္စများကို ဖြေရှင်းပြီးနောက် ဖုန့်ယီနန်းဆောင်သို့ ကြွမြန်းလာခဲ့သည်။

ကျန်းကျီမြောင် မျက်နှာကို မြင်သောအခါ အခြေအနေကို ယွဲ့လင်း အနည်းနဲ့အများခန့်မှန်းမိခဲ့ပါသည်။

ကျန်းကျီမြောင်ဘေးမှာ ယွဲ့လင်းထိုင်ကာ မေးမြန်းလိုက်သည်။

“အားလုံးနဲ့ ခွဲရမှာ ဝမ်းနည်းနေတာလား”

ကျန်းကျီမြောင် သက်ပြင်းချလိုက်သည်။

“ဒါပေါ့၊ ဘယ်ခွဲချင်ပါ့မလဲ”

လပေါင်းများစွာတိုင်အောင် သူမတို့ နေ့တိုင်းလိုလို အတူ တူရှိနေခဲ့ကြတာဖြစ်သည်။ သူမတို့နှင့် ကျန်းကျီမြောင် အတူတူရှိနေသည့် အချိန်မှာ ယွဲ့လင်းနှင့်အတူတူရှိနေသည့်အချိန်ထက်ပင် ပိုများပါသေးသည်။

ထိုသို့သောနေ့ရက်မျိုး ထာဝရကြုံတွေ့ရလိမ့်မည်ဟု ကျန်းကျီမြောင်ထင်ထားခဲ့သည်။

ဒီလို… ရုတ်တရက်ကြီး ပြီးဆုံးသွားလိမ့်မည်ဟုထင်မထားခဲ့ပါ။

ဖြေသိမ့်စရာဆိုလို့ မုန့်ချိုက်ရမ်နှင့် ဝမ်ပေါင်လင်တို့ နန်းတော်အတွင်း ဆက်ရှိနေကြဦးမည်သာ။ ထို့ကြောင့် အနည်းဆုံးတော့ သူမထံ အဖော်အနည်းငယ်ရှိပါဦးမည်။

အနောက်နန်းဆောင်ကို ယွဲ့လင်းဘက်က အတင်းအဓမ္မ ဖျက်သိမ်းပစ်တာဆိုလျှင် ကျန်းကျီမြောင် ကန့်ကွက်နိုင်သေးသည်။

သို့သော် ထိုသည်မှာ ညီအစ်မများ၏ဆန္ဒဖြစ်မှန်း ကျန်းကျီမြောင် နားလည်သည်။

သူတို့တွေ အနောက်နန်းဆောင်ထဲမှာ မနေထိုင်ချင်ကြပါ။

ကျန်းကျီမြောင် တစ်ဘဝစာလောက် ကျွန်ခံခဲ့ရသူဖြစ်တာကြောင့် အခုလို ပျင်းရိပျင်းတွဲ အေးအေးလူလူနေနိုင်ခြင်းဖြစ်သည်။

ညီအစ်မများသည် ခေတ်သစ်ကို ရောက်သွားလျှင်ပင် အရွယ်မရောက်သေးသည့် ကလေးတွေအဖြစ်သာ ရှိနေပါဦးမည်။

သူမတို့လည်း ကောင်းကင်ဘုံနှင့် ကမ္ဘာမြေ၏ကျယ်ပြောမှုကို မြင်ချင်ကြလိမ့်မည်။ ကိုယ့်လမ်းကိုယ် ရွေးချယ်ပြီး အဆုံးထိလျှောက်လှမ်းချင်ကြလိမ့်မည်။

ဒါက သာမန်ပင်။ ထို့ကြောင့် ကျန်းကျီမြောင်လည်း သူမတို့အတွက် တိတ်တဆိတ် ဆုတောင်းပေးနိုင်ရုံသာ ရှိတော့ သည်။

ယွဲ့လင်း ပေါ့ပေါ့ပါးပါး မိန့်လိုက်သည်။

“သူတို့ ဒီတိုင်း နန်းတော်ကနေ ထွက်သွားကြတာပါ၊ မြောင်မြောင့်ကို လာမတွေ့နိုင်တော့တာမှ မဟုတ်တာ၊ ရှေ့လျှောက် အားလုံးထပ်ဆုံလို့ရသေးတာပဲ”

ကျန်းကျီမြောင် ခေတ္တမှင်သက်သွားပြီး ယွဲ့လင်းကိုအံ့အား သင့်စွာ ကြည့်လိုက်သည်။

“အရှင်မင်းကြီး ဆိုလိုတာက…”

ယွဲ့လင်း မျက်လုံးများ နူးညံ့သိမ်မွေ့သွားသည်။

“မြောင်မြောင်တို့ ရှေ့လျှောက်တွေ့ဆုံဖို့အတွက် နန်းဆောင်တစ်ခုကို ကျန်းသီးသန့် စီစဉ်ပေးထားမယ်၊ အဲ့ဒီနန်းဆောင်ကို ကျန်းမကြွမြန်းဘူး၊ အဲ့ဒီနန်းဆောင်က မြောင်မြောင်တို့ ညီအစ်မတွေ သီးသန့်တွေ့ဆုံဖို့အတွက်ပဲ”

ကျန်းကျီမြောင် မျက်လုံးများတောက်ပသွားခဲ့သည်။

“အဲ့တာ… အဆင်ပြေပါ့မလား ? ဝန်ကြီးမှူးမတ်တွေသိရင်…”

ယွဲ့လင်း တည်ငြိမ်စွာ မိန့်လိုက်သည်။

“သူတို့ ထောက်ခံ သည်ဖြစ်စေ၊ ကန့်ကွက်သည်ဖြစ်စေ ကျန်းဂရုမစိုက်ဘူး၊ ဒီကိစ္စအတွက် ကျန်းသေချာပေါက် အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်ဆိုတာပဲ မြောင်မြောင် ယုံထားဖို့လိုတယ်”

ကျန်းကျီမြောင်ရင်ထဲ အနည်းငယ် ချိုမြိန်သွားခဲ့သည်။

“ကောင်းပါပြီ”

ကျန်းကျီမြောင် စိတ်ပြန်လည်ကြည်လင်သွားတာကိုမြင်မှ ယွဲ့လင်း သက်ပြင်းချနိုင်တော့သည်။

မြောင်မြောင်ကို ယွဲ့လင်း ဒီမှာ ခေါ်ဆောင်ထားချင်တာက သူမကိုပျော်ရွှင်စေချင်သောကြောင့်ပင်။ ဒီလိုပုံစံမျိုးနဲ့သာ နေရမည်ဆို မြောင်မြောင့်အားလွတ်လပ်ခွင့်ပေးလိုက်တာကမှ ပိုကောင်းပါဦးမည်။

ကံကောင်းစွာဖြင့် သူ့ပါးနပ်မှုကြောင့် နှစ်ခုစလုံးအဆင် ပြေနိုင်မည့် နည်းလမ်းတစ်ခု ရှာတွေ့ခဲ့သည်။

မနက်ဖြန် ညီလာခံမှာ ယွဲ့လင်း ဒါကိုတင်ပြရဦးမည်။

“ကျန်းပြောစရာတစ်ခုရှိသေးတယ်၊ အဲ့ဒီတုန်းက မြို့တော်တံတိုင်းပေါ်မှာ တွေ့ခဲ့ရတဲ့လူကို မြောင်မြောင်လည်း မှတ်မိတယ်မလား ? သူက ကြင်ယာတော်သဲ့ပဲ”

ကျန်းကျီမြောင် ခေါင်းညိတ်လိုက်ပြီး မျက်လုံးထဲ ကြယ် များပင်ပေါ်လာသည်။

“ချိုးလန်က တကယ် ခံ့ညားတာပဲ”

ယွဲ့လင်း: “…”

သူပြောလိုက်သည်။

“တကယ်တော့ ကျန်းလည်း သိုင်းပညာတတ်တယ်”

“အရှင်မင်းကြီးလည်း ခံ့ညားပါတယ် ခံ့ညားပါတယ်”

ကျန်းကျီမြောင်၏အသံမှာမူ ဝတ်ကျေတန်းကျေနိုင်လှသည်။

ယွဲ့လင်း အသက်ဝဝရှူလိုက်ပြီး စိတ်ဓာတ်ကျမှုကို ဖုံးကွယ်ရင်း မိန့်လိုက်သည်။

“မနက်ဖြန် ကြင်ယာတော်သဲ့ကို ညီလာခံမှာ ကျန်းဆုချဖို့ အစီအစဉ်ရှိတယ်၊ အဲ့ဒီမှာ ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်လာနိုင်တယ်၊ မြောင်မြောင်လိုက်ခဲ့ချင်လား”

မနက်ဖြန် ညီလာခံမှာ တကယ်စိတ်ဝင်စားစရာကောင်းတာတွေဖြစ်လာနိုင်သည်။

ကျန်းကျီမြောင် နည်းနည်းလေးမှမတွန့်ဆုတ်ဘဲ သဘော တူလိုက်သည်။

“ဒါဆို စောစော အိပ်စက်ကြစို့”

ယွဲ့လင်း နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်။

စောစော… အိပ်စက်မယ်…?

ယွဲ့လင်း ကျန်းကျီမြောင်ထံလှည့်ကြည့်လိုက်ပြီး မျက်နှာတစ်ခုလုံးနီမြန်းသွားခဲ့သည်။

ခုတလော ယွဲ့လင်းက ပိုပိုပြီးပွင့်လင်းလာခဲ့သည်။ ထို့ ကြောင့် ကျန်းကျီမြောင် အနည်းငယ်နေရခက်ခဲ့သည်။

ယွဲ့လင်းခေါင်းစောင်းကာ ကျန်းကျီမြောင်ကိုကြည့်လိုက်သည်။

“ဘာဖြစ်လို့လဲ မြောင်မြောင်၊ စောင်က နှစ်ထည်ရှိပါတယ်၊ ကျန်း…”

ယွဲ့လင်း ခေတ္တရပ်တန့်သွားပြီး ဆက်မိန့်လိုက်သည်။

“မြောင်မြောင့် စောင်ကို ကျန်း မလုပါဘူး…”

ယွဲ့လင်းပြောဖို့ကြံနေသည့်စကားက ဒါမဟုတ်မှန်း ကျန်းကျီမြောင်ခံစားမိသည်။ ထို့ကြောင့် သူ့ ရင်ထဲ ထူးထူးဆန်းဆန်း ခံစားချက်တွေပေါ်လာရသည်။

ညအမှောင်ထုမှယ နက်ရှိုင်းလွန်းသည်။

အိပ်ရာထဲလှဲရင်း ကျန်းကျီမြောင် ရုတ်တရက် မေးမြန်းလိုက်ပါသည်။

“ယွဲ့လင်း၊ ကျွန်မကို မကြောက်ဘူးလား”

ယွဲ့လင်း ခေတ္တကြက်သေသေသွားပြီး သူ့မျက်လုံးထဲ ပျော်ရွှင်မှုအရိပ်အယောင်တွေ ထင်ဟပ်သွားခဲ့သည်။

“ကိုယ့်နာမည်ကို ခေါ်နေတာလား ? ‘အရှင်မင်းကြီး’လို့ မခေါ်တော့ဘူးလား”

ပျော်မြူးနေသည့် သူ့လေသံကြောင့် ကျန်းကျီမြောင် ရှက် ကိုးရှက်ကန်းဖြစ်ကာ မျက်စောင်းထိုးလိုက်ပါသည်။

“အရေးကြီးတာ ပြောမလို့!”

ယွဲ့လင်း‌ မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။

“ကြောက်ရမယ်ဟုတ်လား ? ကိုယ်က ဘာလို့ကြောက်ရမှာလဲ”

ကျန်းကျီမြောင် ပေါ့ပါးစွာ ပြောလိုက်သည်။

“ကျွန်မရဲ့ အတွေးသံတွေကို ကြားခဲ့ရတာဆိုတော့ ယွဲ့ဟွာက ဒီကမ္ဘာကလူမဟုတ်မှန်း ရှင်သိပြီးလောက်ကောပေါ့၊ သူက နှစ်ပါင်းတစ်ထောင် အနာဂတ်ကနေရောက်လာခဲ့တာာ၊ ကျွန်မ သူနဲ့ကမ္ဘာချင်းတူတယ်လို့ ပြောလို့မရပေမယ့် တူတာ တစ်ခုတော့ရှိတယ်၊ ကျွန်မက ယုံမင်းဆက်နဲ့ သက်ဆိုင်တဲ့လူမဟုတ်ဘူး”

ယွဲ့လင်းမျက်နှာ မှိုင်တွေသွားခဲ့သည်။

“ကျွန်မက အနာဂတ်ကိုလည်းကြိုမြင်နိုင်တယ်၊ထူးဆန်းပြီး ကြောင်တောင်တောင်နိုင်တဲ့ စွမ်းရည်တွေလည်းအများ ကြီးရှိတယ်၊ အားလုံးကို ဇာတ်လမ်းတွဲတွေတောင် ဖွင့်ပြနိုင်တယ်၊ အဲ့ဒီအစွမ်းတွေကို… ရှင်တို့ မကြောက်ကြဘူးလား”

ကျန်းကျီမြောင် လေးနက်စွာ မေးလိုက်သည်။

သူ ခံစားမိသည်။ ယွဲ့လင်းကော အနောက်နန်းဆောင် ညီအစ်တွေအားလုံးကော ဘယ်သူမှ သူ့ကိုမကြောက်ကြပါ။

သို့တိုင် တိတိကျကျ အဖြေတစ်ခုကိုတော့ ကျန်းကျီမြောင် လိုချင်နေဆဲပင်။

“အထူးသဖြင့် ရှင်ပေါ့၊ရှင့်လို့ ဧကရာဇ်မင်းတစ်ပါးအတွက် ထိန်းချုပ်ရခက်တဲ့ ဒီလို စွမ်းအားတွေကို နည်းနည်းလေးတောင် မကြောက်မိဘူးလား”

ယွဲ့လင်းကို ကျန်းကျီမြောင် လှည့်ကြည့်လိုက်သည်။

“ကျွန်မရှိနေလို့ ဧကရာဇ်မင်းဆိုတဲ့ ရှင့်ဂုဏ်သိက္ခာကို ထိခိုက်စေမှာ မစိုးရိမ်ဘူးလား”

ညအမှောင်ထဲတွင် ယွဲ့လင်း မျက်လုံးများကမူ အလွန်တောက်ပနေခဲ့သည်။

ကျန်းကျီမြောင်လည်း သူ့မျက်လုံးတွေထဲကို စိုက်ကြည့်လိုက်သည်။ ထိုမျက်လုံးတွေထဲမှာ သူမ လိုချင်နေသည့် အဖြေတွေကို တွေ့ရကောင်း တွေ့ရနိုင်ပါသည်။

ကျန်းကျီမြောင် လေးနက်စွာမေးလာသဖြင့် ယွဲ့လင်းလည်း လေးလေးနက်နက် ပြန်ဖြေလိုက်ပါသည်။

“ဒါပေမယ့် မြောင်မြောင်သာ မရှိရင် အခုလက်ရှိ ယွဲ့လင်းဆိုတာလည်း မရှိနိုင်ဘူးလေ”

[မြောင်မြောင်မရှိရင် ဒီကမ္ဘာလောကကြီးတောင် ရှိမနေနိုင်ဘူး]

ယွဲ့လင်း အာရုံထဲမှ ရုတ်တရက်တွေးလိုက်ပါသည်။

ညအမှောင်ထဲတွင် ကျန်းကျီမြောင် ရင်ခုန်သံတွေ အလိုလို မြန်ဆန်လာခဲ့သည်။

“အဲ့လို မဟုတ်ဘူး၊ ကူးပြောင်းလာသူတွေဆိုတာ ဒီကမ္ဘာကြီးထဲကို မတော်တဆ ရောက်ရှိလာခဲ့ကြတာ၊ ကူးပြောင်းလာတဲ့သူ ယွဲ့ဟွာမရှိတဲ့ကမ္ဘာမှာ ရှင်က ပညာရှိဧကရာဇ်မင်းဖြစ်လာဖို့ ကံပါလာပြီးသား”

ကျန်းကျီမြောင် နူးညံ့စွာပြောလိုက်သည်။

“ရှင့်ရဲ့မူလဇာတ်သိမ်း ကျွန်မ ဆီမှာရှိတယ်၊ ကြည့်ချင်လား”

ယွဲ့လင်း မျက်မှောင်ကြုတ်သွားသည်။

မူလဇာတ်သိမ်းဟုတ်လား…

ကူးပြောင်းလာသူ ယွဲ့ဟွာမရှိတဲ့ ဇာတ်သိမ်းလား…

ယွဲ့လင်း သက်ပြင်းချလိုက်သည်။

“ကောင်းပြီ”

မူလဇာတ်သိမ်းဆိုတာကို ယွဲ့လင်း ဂရုမစိုက်ပါ။

သို့သော် မြောင်မြောင်ကမူ ဂရုစိုက်ပုံပေါ်သည်။ ထို့ကြောင့် သူမနဲ့အတူတူ ကြည့်ရှုလိုက်မည်သာ။

ဒီဗီဒီယိုကို ကျန်းကျီမြောင်လည်း မကြည့်ရှုရသေးပါ။

ယခုမှ သူ ဖွင့်ကြည့်ချိန်ရခြင်းဖြစ်သည်။

မူလဇာတ်လမ်းထဲမှာ ပြဿနာတွေရှုပ်ထွေးနေဆဲဖြစ်သော်လည်း ယွဲ့ဟွာ၏ မျိုးရိုးကတော့ မပြောင်းလဲခဲ့ပေ။ သူက ချန်ကျင်းမင်၏ သားအဖြစ် ရှိနေဆဲဖြစ်သည်။ ကံကြမ္မာလှည့်ကွက်ကြောင့် သူ့ကို နှောင်းဧကရာဇ်မင်းကြီးနှင့် မယ်တော်ကြီးတို့က အရေးပေးခဲ့သည်။

နှောင်းဧကရာဇ်မင်းကြီးက အနာဂတ်မှာ ယွဲ့ဟွာနန်းတက်နိုင်ရန် ကူညီပေးဖို့ တုံရှောင်းထံ လျှို့ဝှက်အမိန့်တော်တစ်ခုကို အလားတူပို့ဆောင်ခဲ့သည်။

ယွဲ့လင်း၏ ကျန်းမာရေးကလည်း အလွန်ချူချာနေဆဲဖြစ် သည်။ နန်းတက်ပြီးနောက် အလွန်ဆုံး ငါးနှစ်လောက်သာ သက်တမ်းကျန်ရှိမည်ဖြစ်သည်။

သို့သော် ကူးပြောင်းလာသူတစ်ဦး၏ စွမ်းရည်များ မရှိတော့သဖြင့် ယွဲ့ဟွာက သာမန်လူတစ်ယောက်သာ။ ညီလာ ခံမှာကော၊ တိုင်းသူပြည်သားတွေအကြားမှာကော သူ့ကို ထောက်ခံသူမရှိခဲ့ပါ။

ယွဲ့လင်းခေါင်းကိုက်ခဲမှုဝေဒနာကို နှိုးဆွနိုင်သည့် စုစစ်ယောင်ဖန်တီးပေးထားသော အမွှေးတိုင် မရှိတော့သော အခါ ယွဲ့လင်းရံဖန်ရံခါ ခေါင်းကိုက်ခဲမှုကို ခံစားရဆဲဖြစ်သော်လည်း အရမ်းကြီးတော့ မဆိုးရွားတော့ပေ။

ယွဲ့လင်းနန်းတက်ပြီးနောက် မယ်တော်ကြီးက ယွဲ့ဟွာကို မျက်နှာသာ ပေးနေဆဲဖြစ်သည်။ ယွဲ့ဟွာလည်း နန်းတက်ရဖို့ စိတ်ကူးယဉ်ခဲ့ပါသည်။

သို့သော် စိတ်ကူးယဉ်မှုအဖြစ်သာ ရှိခဲ့သည်။

ကံကြမ္မာ၏မျက်နှာသာပေးမှုကို မခံရသည့်အခါ ချန်ကျင်းမင်ဘယ်လောက်ပဲကူညီပေးခဲ့ပါစေ သူ့အစီအစဉ်တွေက ဟာကွက်တွေ၊ အမှားအယွင်းတွေနှင့်ပြည့်လို့နေခဲ့သည်။

ယွဲ့ဟွာအာဏာကို ယွဲ့လင်း ဖြည်းဖြည်းချင်းဖိနှိပ်ပစ်ခဲ့သည်။ နောက်ဆုံး တုံရှောင်းလည်း လျှိ့ဝှက်တော်ဝင် အမိန့်တော်ကို အသုံးချပြီး မြို့တော်သို့စစ်ချီလာခဲ့သည်။

All Chapters