← Chapters

👑Irresponsible Extra: The Harem Sisters Travel a Thousand Years Into the Future

Vol. 21 Ch. 208-end

👑Irresponsible Extra: The Harem Sisters Travel a Thousand Years Into the Future

Vol. 21 Ch. 208-end

လေဆိပ်တစ်ခုတွင်…

ယွဲ့လင်း အလွန်စိတ်ဖိစီးစွာ စောင့်မျှော်နေခဲ့သည်။

မြောင်မြောင် သူငယ်ချင်းတချို့နဲ့ ခရီးထွက်သွားခဲ့သည်။ သူလည်းလိုက်ချင်သဖြင့် တောင်းတောင်းပန်ပန် ပြောခဲ့သော်လည်း မြောင်မြောင်ကမူ စကားတစ်ခွန်းတည်းနှင်ါ ငြင်းလွှတ်ခဲ့သည်။

“မိန်းကလေးတွေချည်းပဲသွားမှာ ရှင်လိုက်လို့ မသင့်တော်ဘူး”

ထို့နောက် သူ့အား အိမ်မှာ ရက်ရက်စက်စက်ထားပစ်ခဲ့ပါသည်။

ထို့ကြောင့် အထီးကျန်နေခဲ့ရသည့် ရက်တွေအတွင်းဝမ်း နည်းမှုနှင့် ခံပြင်းမှုတို့ကို ယွဲ့လင်း ကြိုးစားအားထုတ်ချင်စိတ်အဖြစ် ပြောင်းလဲကာ ‘အသေးစားအောင်မြင်မှုလေး’ (သန်း၁၀၀) တစ်ခု ရရှိခဲ့ပါသည်။

ယနေ့ မြောင်မြောင် ပြန်ရောက်လာမည့်နေ့ဖြစ်သည်။ ထို့ ကြောင့် သုံးရက်လောက်အထိ အလုပ်တွေကိုဘေးဖယ်လိုက်ပြီး လေဆိပ်မှာ ၂ နာရီလောက်စောကာကြိုရောက်နေခဲ့ပါသည်။

နောက်ဆုံးတော့ လေယာဉ်ပေါ်မှ ကျန်းကျီမြောင် ဆင်းလာခဲ့ပါပြီ။ သူမရဲ့ ‘ပြောရဆိုရခက်သော’ သူငယ်ချင်းကောင်းတွေကလည်း ဒီတစ်ခါတော့ အရိပ်အကဲကြည့်တတ်နေပြီး ကိုယ့်အိမ်ကိုယ် အသီးသီးပြန်သွားခဲ့ကြသည်။

ကျန်းကျီမြောင်ကိုကားဖြင့်ခေါ်ကာ အိမ်သို့ ပြန်မောင်းလာစဉ် နောက်သုံးရက်အတွက် ယွဲ့လင်း အစီအစဉ်တွေချနေပြီဖြစ်သည်။

“မြောင်မြောင် နောက်သုံးရက်အတွင်း ကိုယ် ဘာအလုပ်မှမရှိဘူး၊ အဲ့တာကြောင့် ကိုယ်တို့အတူတူ လုပ်လို့ရတာတွေ အများကြီးရှိတယ်၊ ဥပမာ…”

ယွဲ့လင်း သူ့ရဲ့ စကားလုံး ၈၀၀ အစီအစဉ်ကို စတင် ရှင်းပြလိုက်သည်။ ပထမတော့ ကျန်းကျီမြောင် စကားအနည်း ငယ် ပြန်ပြောခဲ့သော်လည်း နောက်တော့ အသံတိတ်ဆိတ်သွားခဲ့သည်။

ယွဲ့လင်း လှည့်ကြည့်လိုက်သောအခါ ကျန်းကျီမြောင် အိပ် ပျော်နေပါပြီ။ သူ့အကြည့်တွေ ရုတ်တရက် နူးညံ့သိမ်မွေ့သွားခဲ့သည်။

မြောင်မြောင် ရက်အတော်ကြာအောင် ခရီးထွက်သွားခဲ့တာဖြစ်သဖြင့် အတော်လေးပင်ပန်းနေလောက်သည်။ ထို့ ကြောင့် မနှိုးရက်ဘဲ သူမကို စောင်လေးတစ်ထည် ခြုံပေးထားလိုက်သည်။

အိမ်ပြန်ရောက်ခါမှ ကျန်းကျီမြောင် အိပ်ချင်မူးတူးဖြင့် မျက်လုံးတွေ ဖွင့်ကြည့်လိုက်ပါသည်။ ယွဲ့လင်းကမူ သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး အိမ်ထဲအတူတူဝင်လာခဲ့လေသည်။

သူတို့နှစ်ယောက်စလုံးက လူစုလူဝေးကိုကြိုက်နှစ်သက်သူတွေမဟုတ်ပါ။ ထို့ကြောင့် ပုံမှန်ဆို အိမ်ထဲမှာ သူတို့နှစ်ယောက်သာ ရှိတတ်သည်။ သန့်ရှင်းရေးသမား၊ စားဖိုမှူးတွေကလည်း သတ်မှတ်ချိန်ကျမှ ရောက်လာတတ်တာ ဖြစ်ပါသည်။

ဒီသုံးရက်အတွက် ထိုအလုပ်သမားတွေကိုတောင် ယွဲ့လင်း ခွင့်ပေးထားခဲ့သည်။ အကျဉ်းချုန်းပြောရလျှင်တော့ နှစ်ယောက်တည်းကမ္ဘာကို ကြည်ကြည်နူးနူးဖြတ်သန်းချင်တာကြောင့်ပင်။

ယွဲ့လင်း အရာရာကို အကွက်စေ့အောင် စီစဉ်ထားခဲ့သည်။

သို့သော်…

အိမ်တံခါးကို ဖွင့်လိုက်တာနဲ့တပြိုင်နက် သူကြက်သေသေသွားခဲ့ရသည်။

ဒါ… ဒါဘာတွေလဲ!!

အိမ်ထဲမှာ သူစိမ်းအမျိုးသမီးနှစ်ယောက် ရောက်နေလေသည်။

သူတို့မျက်နှာတွေကို သေချာမမြင်ရခင်မှာပင် ယွဲ့လင်းကြောက်လန့်တကြား အော်ဟစ်လိုက်ပါသည်။

“မြောင်မြောင်! ကိုယ် ဘာမှမလုပ်ဘူး! သူတို့တွေ ဘယ်သူလဲ ကိုယ် လုံးဝမသိဘူး!”

စက္ကန့်ပိုင်းအတွက် မိုးပြိုသွားသလို ယွဲ့လင်းခံစားလိုက်ရသည်။ ဒီအမျိုးသမီးတွေ အိမ်ထဲ ဘယ်လိုဝင်လာသလဲ သူမသိပါ။

သို့သော် မြောင်မြောင့်ကို ရှင်းပြဖို့ အလွန်ခက်တော့မည်ဆိုတာကိုတော့ ယွဲ့လင်း သိနေပါသည်။

ယွဲ့လင်းနောက်မှ ကျန်းကျီမြောင် ခေါင်းပြူထွက်လာပြီး အိမ်ထဲကို ကြည့်လိုက်သောအခါ မျက်လုံးထဲပျော်ရွှင်တောက်ပသွားခဲ့သည်။

“ချိုးလန်! ရွှမ်းယွီ!”

ကျန်းကျီမြောင် ပျော်ရွှင်မြူးထူးစွာ အော်ခေါ်လိုက်လေသည်။

“ဒီကိုဘယ်လို ရောက်လာကြတာလဲ!”

ဒီနာမည်တွေကို… ကြားဖူးသလိုလိုပဲ…

ယွဲ့လင်း သေချာကြည့်လိုက်မှ သူလည်း မှင်သက်သွားခဲ့ရသည်။

သူတို့နှစ်ယောက်က ဝူချုံးလန်(ကြင်ယာတော်သဲ့)နဲ့ ချန်ရွှမ်းယွီ(ကြင်ယာတော်ချန်)တို့ မဟုတ်လား…! သူတို့ ဒီကို ဘယ်လိုလုပ် ရောက်လာကြတာလဲ!

ယွဲ့လင်းခေါင်းထဲဝင်လာသည့် ပထမဆုံးအတွေးက: ‘တော်သေးတာပေါ့ ကပ်ဘေးကလွတ်ပြီ!’

ဒုတိယအတွေးကတော့: ‘!!! ငါ့ နှစ်ယောက်တည်းကမ္ဘာလေး‌တော့ ပျက်စီးပါပြီ!!’

“အရှင်မ!”

ဝူချုံးလန်နှင့် ချန်ရွှမ်းယွီတို့ နှစ်ယောက်စလုံး အလွန်ဝမ်းမြောက်သွားကြသည်။

ဒီထူးထူးဆန်းဆန်းနေရာကို သူမတို့ ဆန်းကြယ်စွာရောက်ရှိလာကြသဖြင့် ပထမတော့ ဂယောင်ချောက်ချားဖြစ်ခဲ့ကြပါသည်။ သို့သော် ကျန်းကျီမြောင်အား မြင်လိုက်သည်နှင့်တစ်ပြိုင်နက် စိတ်နှလုံးအေးချမ်းသွားကြသည်။

“ဒီမှာ ဘာ ‘အရှင်မ’မှမရှိဘူး၊ မြောင်မြောင်လို့သာ ခေါ်စမ်းပါ”

ကျန်းကျီမြောင် ပြောလိုက်သည်။

ထိုစဉ် အပေါ်ထပ်မှ အန်းရှောင်းယွီ(ကြင်ယာတော်အန်း)နှင့် စုရှင်းယွဲ့(ကြင်ယာတော်စု)တို့နှစ်ယောက် ဆင်းလာကြသည်။

စုရှင်းယွဲ့က နားမလည်နိုင်စွာ ရေရွတ်နေပါသည်။

“ဒီနေရာကြီးက တော်တော်ထူးဆန်းတာပဲ၊ ပြူတင်းပေါက်အပြင်ကိုကြည့်လိုက်တော့ ကမ္ဘာကြီးက…”

“ရှင်းယွဲ့! ရှောင်းယွီ!”

သူတို့နှစ်ယောက်ကိုပါ ကျန်းကျီမြောင် နွေးနွေးထွေးထွေးကြိုဆိုလိုက်ပါသည်။

ထိုနှစ်ယောက် ကြက်သေသေသွားကာ မျက်ရည်တွေ ချက်ချင်းဝဲလာကြပါသည်။

သူတို့ အိပ်မက်မက်နေကြတာများလား…

အရှင်မကို တကယ်မြင်နေရတာလား…

မိဖုရားကြီး ကောင်းကင်ဘုံသို့ ပြန်လည်ကြွမြန်းသွားပြီဟု အရှင်မင်းကြီး ရုတ်တရက်ကြေညာလိုက်သည့်နေ့ကစပြီး ရက်ပေါင်းများစွာတိုင်အောင် သူမတို့ဖြေမဆည်နိုင်စွာ ငိုကြွေးခဲ့ကြရသည်။

“အရှင်မ…”

စုရှင်းယွဲ့ တုန်ယင်နေသောအသံဖြင့် ခေါ်ဝေါ်လိုက်သည်။

ကျန်းကျီမြောင်အသံကိုကြားပြီး အပေါ်ထပ်ကလူတွေအားလုံး တစ်ယောက်ပြီးတစ်ယောက် အကုန်ဆင်းလာကြပါသည်။

အားလုံးကို ကျန်းကျီမြောင် သေချာကြည့်လိုက်သည်။ အနောက်နန်းဆောင် ညီအစ်မတွေအားလုံး တစ်ယောက်မကျန် ရောက်ရှိလာခဲ့ကြတာဖြစ်သည်။

ထို့နောက် ကျန်းကျီမြောင်နဲ့အတူတူ အားလုံးပွေ့ဖက်ကာ တငိုငိုတရယ်ရယ် ဖြစ်သွားခဲ့ကြသည်။

ယွဲ့လင်း: “…”

နှစ်ယောက်တည်းကမ္ဘာလေးကတော့ ပျက်စီးသွားပြီ…

သူ ဘာသွားလုပ်ရတော့မှာလဲ၊ သစ်သီးတွေ ရေသွားဆေးပေးရတော့မှာပေါ့!

လှည့်ထွက်သွားသည့် ယွဲ့လင်းကျောပြင်ကို ကြည့်ရင်း အန်းရှောင်းယွီ သာမန်ကာလျှံကာပြောလိုက်သည်။

“ဪ အရှင်မင်းကြီးလည်း ရောက်နေတာကိုး”

ထို့နောက် ယွဲ့လင်းကို ဘယ်သူမှ အရေးထပ်မစိုက်ကြတော့ပေ။ မိန်းကလေးတစ်သိုက် သူတို့အချင်းချင်းသာ လျှို့ဝှက်ချက်တွေ တတွတ်တွတ် ပြောနေခဲ့ကြလေသည်။

အနှစ်တစ်ထောင်လောက် ကွာခြားနေခဲ့သဖြင့် ပြောစရာတွေ မကုန်နိုင်အောင် ရှိခဲ့သည်။ ကျန်းကျီမြောင်၏ တိုက် တွန်းမှုဖြင့် နောက်ဆုံးတော့ သူမကို ‘မြောင်မြောင်’ဟု အားလုံးခေါ်သားကျသွားခဲ့ပါပြီ။

ခေတ်သစ်အစားအသောက်တွေကို မြည်းစမ်းကြည့်လိုက်တာနဲ့တစ်ပြိုင်နက် အန်းရှောင်းယွီ မျက်လုံးများ အရောင်လက်သွားခဲ့သည်။

ကောင်းလိုက်တာ! ဟုတ်ပြီ!

ရည်မှန်းချက်အသစ်တစ်ခု ပေါ်လာခဲ့ပြီ!

ယုံမင်းဆက်ရှိ ဒေသန္တရအစားအသောက်တွေ အားလုံးကို မြည်စမ်းပြီးနောက် ဒီကမ္ဘာက ဒေသန္တရအစားအသောက်တွေကိုပါ လာရောက်မြည်းစမ်းပစ်ပါဦးမည်။

ခရီးပန်းလာသဖြင့် ကျန်းကျီမြောင် အိပ်ငိုက်နေခဲ့သော် လည်း ညီအစ်မတွေရောက်လာတာနဲ့တစ်ပြိုင်နက် ချက် ချင်းအားအင်တွေပြန်ပြည့်ဝသွားခဲ့သည်။

အားလုံးတိုင်ပင်ပြီးနောက် ညီအစ်မတွေကို နိုင်ငံတဝှမ်း ခရီးလိုက်ပို့ပေးမည်ဟု ကျန်းကျီမြောင် ဆုံးဖြတ်ခဲ့သည်။ သူမတို့ ဒီမှာ ဘယ်လောက်ကြာကြာနေနိုင်မလဲ မသေချာပါ။ ကောင်းကင်ပေါ်မှာပျံသန်းဖို့ပဲဖြစ်ဖြစ် ပင်လယ်သမုဒ္ဒရာထဲ ဆင်းဖို့ပဲဖြစ်ဖြစ် လေယာဉ်တွေ၊ ရေငုပ်သင်္ဘာတွေအကုန် သူ စီစဉ်ပေးပါမည်။

ဘေးနားမှာ ရပ်နေသည့် ယွဲ့လင်း စကားဝင်ပြောဖို့ပင် တွန့်ဆုတ်နေခဲ့သည်။ သူလည်း လိုက်ခဲ့လို့ ရမလားဟု မေးမြန်းချင်ခဲ့မိသည်။ သို့သော် ‘ရှင်လိုက်လာလို့မသင့် တော်ပါဘူး’ဟူပြီး ကျန်းကျီမြောင် ငြင်းမှာသေချာသဖြင့် ယွဲ့လင်း မမေးဖြစ်ခဲ့ပါ။

ထို့နောက် ညတွင်းချင်း လေယာဉ်တစ်စင်းနဲ့ ညီအစ်မတွေ ထွက်ခွာဖို့ ပြင်ဆင်ကြသည်။ ယွဲ့လင်းကမူ မျက်ရည်သုတ်ဖို့ရု လက်ထဲမှာ လက်ကိုင်ပဝါတစ်ထည်ကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့သည်။

သူ့ပုံစံကိုမြင်ပြီး ကျန်းကျီမြောင် အနားကပ်လာကာ ပါးတစ်ဖက်ကို ခပ်ဖွဖွနမ်းလိုက်သည်။

“လိမ်လိမ်မာမာနေနော်၊ အိမ်မှာပဲ စောင့်နေ”

ယွဲ့လင်း မျက်လုံးများအရောင်တောက်သွားပြီး နောက် ပါးတစ်ဖက်ကိုပါ ကမ်းပေးလိုက်သည်။ ထိုပါးကိုလည်းကျန်း ကျီမြောင်နမ်းရှိုက်လိုက်သည်။ ထိုအခါမှ ယွဲ့လင်း စိတ် ကျေနပ်သွားခဲ့ရသည်။

ရုတ်တရက်ကြီး ယွဲ့လင်း သဘောထားကြီးသွားခဲ့လေသည်။

“အားလုံး ဆုံတောင့်ဆုံခဲ ဆုံကြရတာပဲ၊ သွားပါ ကိုယ့်အတွက် စိတ်ပူနဲ့နော်”

ကျန်းကျီမြောင် အပြုံးဖြင့်ထွက်သွားခဲ့သည်။

ဒီခွဲခွာမှုက ရက်အနည်းငယ်သာကြာလိမ့်မည်ဟု ယွဲ့လင်းထင်ထားခဲ့သည်။ သို့သော် ၁၀ ရက်ကြာတာတောင် သူမတို့ ပြန်ရောက်မလာသေးပါ… တစ်ရက်ကို ဖုန်းဆယ်ကောလောက်ခေါ်ဖို့ ယွဲ့လင်းကြံလိုက်စဉ် နောက်ထပ် ‘သတင်းဆိုး’တစ်ခုကို ကြားခဲ့ရသည်။

ဧကရာဇ်မင်းယုံဟယ်နှင့် ကူးပြောင်းလာသည့်မိန်းကလေးတစ်ဦးတို့ ချစ်ကျွမ်းဝင်သည့် ဇာတ်လမ်းတွဲအား ဇာတ် လမ်းဇာတ်ကွက်ဆိုးရွားသည်ဟု ပရိတ်သတ်က ရီဗျူးဝိုင်းအုံပေးကြသဖြင့် ပြန်ရုတ်သိမ်းလိုက်ရသည်။

ယခုမူ ရိုက်ကူးရေးအဖွဲ့တစ်ခုက ‘ဧကရာဇ်မင်းယုံဟယ်၏ အနောက်ဆောင်’ဟူသည့် ဇာတ်လမ်းတစ်ပုဒ်ကို ရိုက်ကူးဖို့ ပြင်ဆင်နေပြန်ပါပြီ။

ဧကရာဇ်မင်းယုံဟယ်က အနောက်နန်းဆောင်ကိုဖြုတ်သိမ်းခဲ့သော်လည်း သူ့ကြင်ယာတော်အားလုံးက အောင် မြင်မှုတွေ ကိုယ်စီရရှိခဲ့ကြမှန်း လူတိုင်းသိကြသည်။ ထို့အပြင် ထိုကြင်ယာတွေအားလုံးက မိဖုရားကျန်းကိုချစ်မြတ်နိုးကြသည်။

ပုံမှန်ဆို အနောက်နန်းဆောင်အတွင်း ပြိုင်ဘက်တွေဖြစ်သင့်တာ ဖြစ်သော်လည်း မိဖုရားကျန်း၏အမည်ကို ကြားတိုင်း ထိုကြင်ယာတော်တွေရင်ထဲ လေးစားကြည်ညိုမှုသာ ရှိသည်။ ဧကရာဇ်မင်းယုံဟယ်ကိုတော့… ဘယ်ကြင်ယာတော်ကမှ စကားထဲထည့်မပြောခဲ့ပါ။

ရိုက်ကူးရေးအဖွဲ့သားတစ်ယောက်က နေရာတစ်ခုမှာ လှံရေးပြနေသည့် ဝူချုံးလန်ကိုမြင်သွားပြီး ရာဇဝင်ထဲက ‘ကြင်ယာတော်သဲ့’နှင့် တူသည်ဟုဆိုကာ ဇာတ်လမ်းတွဲထဲမှာ role တစ်ခု ချက်ချင်းကမ်းလှမ်းခဲ့သည်။ ထို့နောက် သေချာကြည့်လိုက်ခါမှ သူမနှင့် အတူ ပါလာသည့်အဖွဲ့ကလည်း ရာဇဝင်ထဲကအနောက်နန်းဆောင်အဖွဲ့နဲ့ တစ်ပုံစံ တည်းတူနေကြမှန်းမြင်လိုက်ရသည်။

ထို့နောက် ဒါရိုက်တာက အရဲစွန့်လိုက်ပြီး ကျန်းကျီမြောင်နှင့်ညီအစ်မတွေကို သူ့ ‘အနောက်ဆောင်ရာဇဝင်’ ဇာတ် လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ပေးဖို့ ကမ်းလှမ်းခဲ့သည်။ ကျန်းကျီမြောင်လည်း သဘောတူလိုက်သဖြင့် လပိုင်းလောက်ကြာသည်အထိ အိမ်ပြန်လာနိုင်မည်မဟုတ်ပါ။

ယွဲ့လင်း: “…”

သူကော ဘာလုပ်နိုင်ဦးမှာလဲ…

ဧကရာဇ်မင်းယုံဟယ်နေရာက ဝင်သရုပ်ဆောင်ပေးရုံပေါ့!!

ထို ‘အနောက်နန်းဆောင် ရာဇဝင်’ ဇာတ်လမ်းတွဲကို ၆ လကြာအောင်ရိုက်ကူးခဲ့ရသည်။ ထုတ်လွှင့်ပြသသောအခါမှာလည်း အကြီးအကျယ်အောင်မြင်မှုရရှိခဲ့သည်။

ထိုဇာတ်လမ်းတွဲကို ကျန်းကျီမြောင်နှင့် ညီအစ်မတွေအားလုံး ရယ်ရယ်မော‌မောပျော်ပျော်ရွှင်ရွှင် ကြည့်ခဲ့ကြသည်။ အားလုံးရင်ထဲမှာ အလွန်အောက်မေ့တမ်းတစရာ ခံစားချက်လေးတစ်ခုဖြစ်ပေါ်လာခဲ့သည်။

နောက်ထပ် ၆ လလောက် အတူသွား အတူစားပြီးနောက် တစ်ရက်တော့ ကျန်းကျီမြောင်ထံ ညီအစ်မတွေ ရောက်ရှိလာခဲ့သည်။ သူမတို့ကို ဒီမှာ ဆက်နေမလား၊ ယခင်ကမ္ဘာကိုပြန်မလား ရွေးချယ်ခွင့်ပေးသည့် စနစ်အသိပေးချက်တစ်ခုပေါ်လာသည်ဟု ညီအစ်မတွေ ဆိုခဲ့ကြပါသည်။

ဝူချုံးလန် နူးညံ့စွာပြောလိုက်သည်။

“မြောင်မြောင်… မြောင်မြောင့်ကို ထပ်မြင်ရတာ ကျွန်မတကယ် ပျော်တယ်၊ ဒါပေမယ့် ယုံမင်းဆက်မှာ မပြီးပြတ်သေးတဲ့ ကိစ္စတွေရှိနေသေးတယ်၊ အဲ့တာကြောင့် ကျွန်မ ပြန်ရတော့မယ်”

အန်းရှောင်းယွီကလည်း သိမ်မွေ့စွာဝင်ပြောလိုက်သည်။

“ဒီခေတ်သစ်ကမ္ဘာက အစားအသောက်တွေကို ယုံမင်း ဆက်ဆီ ပြန်ယူသွားဖို့ စိတ်ကူးထားတယ်၊ ပြီးတော့ အဖေလည်းစောင့်နေသေးတယ်လေ…”

စုရှင်းယွဲ့လည်း ပြောလိုက်သည်။

“ကျွန်မရဲ့ အမျိုးသမီးပြဇာတ်အဖွဲ့က နောက်ထပ်ဖျော်ဖြေပွဲတွေအတွက်ပြင်ဆင်ရဦးမယ်”

အားလုံး ယုံမင်းဆက်ကို ပြန်ဖို့ဆုံးဖြတ်ခဲ့ကြသည်။ မုန့်ရွှမ်း(မုန့်ချိုက်ရမ်)နှင့် ဝမ်လင်း(ဝမ်ပေါင်လင်)တို့ပင် ဆက်နေဖို့ မရွေးချယ်ခဲ့ကြပါ။

ဒီကမ္ဘာကြီးက ပျော်ဖို့ကောင်းပါသည်။ သူမတို့နှစ်ယောက် လမ်းမပေါ်မှာ လက်ချင်းချိတ်တွဲသွားလျှင်ပင် ဘယ်သူမှ ထူးထူးဆန်းဆန်းအကြည့်နှင့် ကြည့်ကြမည်မဟုတ်ပေ။

သို့သော် ဒီကမ္ဘာကြီးက ကောင်းမွန်လေလေ လွန်ခဲ့သည့် နှစ်တစ်ထောင်က သူမတို့ရဲ့ကမ္ဘာ ပိုမိုတိုးတက်ဖို့ လိုအပ်နေသေးသည်ဆိုတာကို နားလည်လာလေလေဖြစ်သည်။ ယခင်တုန်းက သူမတို့အနောက်နန်းဆောင်မှာသာ နေထိုင်ပြီး ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းမည်ဟု ကြံရွယ်ထားခဲ့တာဖြစ်သည်။

ယခုမူ သူမတို့ ကြိုးစားပြီး ပြောင်းလဲကြည့်ချင်ပါသေးသည်။ သူမတို့လို ‘ထူးခြားသည့်’လူတွေအတွက် အများ နည်းတူ လွတ်လပ်စွာအသက်ရှူနိုင်အောင် ဖန်တီးပေးချင်ပါသည်။ ထိုပန်းတိုင်ဆီရောက်အောင် သူမတို့ကြိုးစားပြီး လျှောက်လှမ်းကြမည်။

“ဒီအနာဂတ်နှစ်တစ်ထောင်ကမ္ဘာကြီးက ကောင်းမွန်ပါတယ်… ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကမ္ဘာကိုတော့ ကျွန်မတို့ မွမ်းမံတည်ဆောက်ပေးဖို့ လိုအပ်နေတုန်းပဲ…”

ဝူချုံးလန် မျက်လုံးများ နီမြန်းသွားခဲ့သည်။

“ရှေ့လျှောက် အခွင့်အရေးထပ်ရခဲ့ရင် ပြန်ဆုံကြရအောင် မြောင်မြောင်”

ကျန်းကျီမြောင်လည်း မျက်ရည်များဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဧည့်ခန်းထဲမှ သူ့ညီအစ်မတွေ တစ်ယောက်ချင်း မှေးမှိန်ပျောက်ကွယ်သွားလေတော့သည်။

နှစ်တစ်ထောင်ကြာသည့်အခါ ယုံမင်းဆက် ဒီလောက်ထိ ကြီးပွားတိုးတက်လာရခြင်းက လွန်ခဲ့သည့် နှစ်တစ်ထောင်တုန်းက လူတွေရဲ့ကြိုးစားအားထုတ်မှုကြောင့်ပဲဆိုတာ ကျန်းကျီမြောင် နားလည်သွားခဲ့ရသည်။

သူမရဲ့ညီအစ်မတွေအားလုံး တော်ကြပါပေသည်။

သူမ ယုံကြည်ပါသည်။

နောင်တစ်ချိန်မှာ သူမတို့ ကျိန်းသေပြန်ဆုံတွေ့ကြရဦးမည်…

All Chapters