← Chapters

အခန်း (၄-၆)

Vol. 1 Ch. 4-6

အခန်း (၄-၆)

Vol. 1 Ch. 4-6

အခန်း(၄)

(စွမ်းအင် ကျင့်ကြံမှု အဆင့်ဆင့်)

စနစ်

"တွမ် ... စနစ်ကို အောင်မြင်စွာ အသက်သွင်းပြီးပါပြီ၊

စတင်ခြင်း လက်ဆောင်များ ပေးပို့ပြီးပါပြီ"

စောရန်နိုင်

"အဲ့ဒါတွေကို ဘယ်ကနေ ဘယ်လိုထုတ်ရမလဲ ဆိုတာနဲ့ စနစ်က ဘယ်လိုမျိုး အလုပ်လုပ်သလဲ ရှင်းပြပါဦး"

စနစ်

"လက်ဆောင်ထုတ်တွေကို စနစ်သိုလှောင်ခန်းမှာ ထည့်သွင်းပေးထားပါပြီ၊ ပိုင်ရှင်ရဲ့ အတွေးတစ်ချက်နဲ့ ထုတ်ယူနိုင်ပါပြီ"

စောရန်နိုင်သည် သူ့အရှေ့၌ ပေါ်လာသော စတင်ခြင်း လက်ဆောင်များကို ကြည့်ရှုနေလေသည်။

အမှတ် နှစ်ရာ

ကျင့်ကြံခြင်း အဆင့် လေးဆင့်

သံမဏိဓား တစ်ချောင်း

သိုလှောင်လက်စွပ် တစ်ကွင်း

အကာအကွယ် အဆောင် နှစ်ခု

အရိပ်အစေခံ တပ်သား တစ်ရာယောက် ( အခြေတည်နှောင်ပိုင်း )

အရိပ်အစေခံ တပ်ဖွဲ့မှူး နှစ်ယောက်( ချီစစ်သူကြီး အလယ်လတ် )

"ဟာ ... အရိပ်အစေခံ ဆိုပါလားဟ၊ ကျင့်ကြံဆင့်ကလဲ နည်းလိုက်တာကွာ"

စနစ်

"ဘာ ... အရူးကြီး ... အပေါကြီး"

[ ငါပဲ ဒီတောသားကို စိတ်လျော့ လိုက်ပါမယ်လေ ]

"စနစ်ကလဲ ဆဲတယ်ဟ"

"ဆဲမှာပဲ၊ မနေ့တနေ့ကမှ ရောက်လာပြီး ဘူမသိ ကိုးမသိနဲ့"

အခုလို ချောင်ကျတဲ့ နေရာမှာ ချီအခြေတည် အဆင့်ဆိုတာ လက်ချိုးရေတွက်လို့ ရတယ်ဆိုတာ သူမသိပေ။

"အာ ... ဟုတ်သားပဲ၊ ကျင့်ကြံခြင်း အဆင့်တွေအကြောင်း ပြောပြပါလား"

စနစ်

"ပျင်းတယ်၊ ဘေးကလူကို မေးလိုက်"

စောရန်နိုင်

" ဘာလား"

ဖလူး ... ဖလူး ... ကျီးတအုပ် ခေါင်းပေါ်ပျံသွား

စောရန်နိုင်သည် မနေ့ညက စနစ်၏ အသက်သွင်းမှုကြောင့် တစ်ညလုံး မေ့လျောနေခဲ့ရာ မနက်မှ နှိုးလာခဲ့ခြင်းပေ။

သို့သော် အဖိုးဖြစ်သူမှာလဲ နောက်တနေ့ နေ့တွင်းခြင်းပင် အရှေ့ဘက်သို့ ထွက်ခွာသွား ရလေသည်။

နူတ်ဆက်ချိန်ပင်မရ၊ ထို့အတူ စောရန်နိုင်မှာလဲ ဘုရင့်အမိန့်ဖြင့် လိုက်ပါ ပို့ဆောင်ပေးသော တပ်ဖွဲ့မှူးဝင်း အပါအဝင် လူ၅၀ခန့်ဖြင့် နေ့တွင်းခြင်း ခရီးထွက်ခဲ့ ရလေသည်။

ထို့ကြောင့်ပင် ... သူရောက်ခဲ့သော နန်းတွင်းအကြောင်း၊ ဤကမ္ဘာအကြောင်း လေ့လာခွင့် မရလိုက်ချေ။

အမှန်မှာ ထိုလူ ၅၀ ဆိုသည်မှာ ချီအခြေခံ တည်ဆောက်ခြင်း အဆင့်မှ စစ်သည်များသာ ဖြစ်ပြီး တပ်ဖွဲ့မှူးဝင်း တဦးသာ အခြေတည်အဆင့်၂ ဖြစ်လေသည်။

"ဟူး ... ငါတို့တော့ ကံဆိုးချက်ကွာ ... ဒီအမှိုက် မင်းသားကိုမှ လိုက်ပို့ပေး နေရတယ်လို့"

"အေးလေ ... အခုချိန်ဆို လမင်းတို့ ကြယ်စင်တို့နဲ့ သာယာ နေရမဲ့ အချိန်ကိုကွာ"

ရထားလုံး အပြင်ဘက်မှ စကားပြောသံများကို စောရန်နိုင် ကြားနေနိုင်ပေမဲ့ အမှိုက်သာသာမို့ မည်သူမှ ဂရုမစိုက်ကြချေ။

"တော်ကြတော့၊ တာဝန်က တာဝန်ပဲ၊ အရှေ့တောင်ကြားက ဓားပြတွေ ကျက်စားနေကြ နေရာတွေ ထဲပါတယ်၊ သတိထားကြ"

"ဟုတ်"

ထိုစဥ်

"တပ်ဖွဲ့မှုးဝင်း"

"အမိန့်ရှိပါ မြို့စား"

မှန်ပေသည်။

စောရန်နိုင်မှာ မင်းသားဘွဲ့ မရှိတော့ချေ၊ သို့သော် သူဂရုမစိုက်ချေ။

စောရန်နိုင်

"တပ်ဖွဲ့မှုးဝင်းရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်ရှိလဲ"

ဝင်း

"အခြေတည်အဆင့် အစောပိုင်း မှာပါ"

စောရန်နိုင်

"စွမ်းအင် အဆင့်တွေကိုကော ဘယ်လိုသတ်မှတ် ထားတာလဲဗျ"

[ ထူးဆန်းပါလားဟ၊ ကျင့်ကြံခြင်း အကြောင်း တလုံးမှ မသိတာလဲ မဆန်းပါဘူးလေ၊ အမြဲဆိုးသွမ်း နေတာဆိုတော့ ]

တပ်ဖွဲ့မှူးဝင်း

"စွမ်းအင် ကျင့်ကြံခြင်း တွေက၊ ချီစုဆောင်းခြင်း၊ အခြေခံ တည်ဆောက်ခြင်း၊ အခြေတည်အဆင့်၊ ချီစစ်သူကြီး၊ ချီ ဘုရင်နဲ့ ဒဏ္ဍာရီလာ ချီဧကရာဇ် ဆိုပြီး ကိုးဆင့် ရှိတယ်"

"ချီ စုဆောင်းခြင်း မှာဆိုရင် အသွေးထဲစုဆောင်းခြင်း၊ အသားထဲ စုဆောင်းခြင်း၊ အရိုးထဲ စုဆောင်းခြင်း ဆိုပြီး သုံးဆင့် ခွဲခြားထားတယ်"

"အခြေခံ တည်ဆောက်ခြင်း မှာဆိုရင် စုဆောင်းထားတဲ့ ချီတွေကို ဒန်တန်ဆိုတဲ့ နေရာဆီ စီးဆင်းစေတယ်၊ အဲ့အဆင့်မှာ ခြောက်ဆင့် ရှိတယ်"

"တစ် ၊ နှစ်ကို အစောပိုင်း၊ သုံး နဲ့ လေး ကို အလယ်ပိုင်း၊ ငါး နဲ့ ခြောက်ကို အထွတ်အထိပ် အဆင့်လို့ ခေါ်တယ်"

"ကျွန်တော်အခု ရောက်နေတဲ့ အခြေတည် အဆင့်ကတော့ ဒန်တန်ကနေ စုဆောင်းသန့်စင်လို့ ရလာတဲ့ ချီတွေကို ခန္ဓာကိုယ်အနှံ့ စီးဆင်းစေရင်း ဝိဥာဥ်တစ်ခုကို ယင်နဲ့ယန် စုံမှတ်မှာ ပျိုးထောင်ရတာပဲ"

" စုစုပေါင်း ကိုး ဆင့် ရှိတယ်၊ တစ် နှစ် ကို အစောပိုင်း၊ သုံး ကနေ ငါး အထိက အလယ်ပိုင်း၊ ခြောက် ကနေ ရှစ် အထိကို နှောင်းပိုင်းနဲ့ အဆင့် ကိုး ကိုတော့ အထွတ်အထိပ်ပိုင်း လို့ခေါ်တယ်"

"အဲ့နောက်က အဆင့်တွေ အကြောင်းတော့ သိပ်ပြီး မသိတော့ပါဘူး မြို့စား"

အခန်း( ၄ )ပြီး

အခန်း( ၅ )

( လုပ်ကြံသူများ )

စနစ်

[ တွမ် ... အနီးပတ်ဝန်းကျင်၌ ရန်လိုသော အချက်အလက်များ တွေ့ရှိရသည်၊ စစ်ဆေးလိုက ၁၀ မှတ် ကျသင့်ပါမည် ]

စောရန်နိုင်

[ အန် ... ဘာကိုလဲ၊ စစ်ဆေးပါ ]

စနစ်

[ ၁၀ မှတ် နုတ်ယူပြီးပါပြီ ]

စောရန်နိုင်သည် တပ်ဖွဲ့မှူးဝင်း ရှင်းပြနေစဥ် တစ်ခါထဲ စနစ်အကြောင်းအား လေ့လာနေသောကြောင့် စနစ်အကြောင်း သိသင့်သလောက် သိထားပီး ဖြစ်လေသည်။

စနစ်

[ အမည် ၊ တိုက်လင်းထိုက်

အသက် ၊ ၂၃ နှစ်

စွမ်းအင်ဆင့် ၊ အခြေတည် အဆင့် တစ်

အမည် ၊ တိုက်ချုံး

အသက် ၊ ၁၀၆ နှစ်

စွမ်းအင်ဆင့် ၊ အခြေတည် အဆင့် နှစ်

အမည် ၊ အောင်ဇေယျပိုင်

အသက် ၊ ၂၃ နှစ်

စွမ်းအင်ဆင့် ၊ အခြေခံ တည်ဆောက်ခြင်း ငါး

အမည် ... အမည် ... အမည် ]

စောရန်နိုင်

[ သောက်ဂွ ဆရာကြီးတွေ ချည်းဟ၊ အနည်းဆုံးက အခြေခံ တည်ဆောက်ခြင်း တွေပါလား ]

"တပ်ဖွဲ့မှူးဝင်း"

ဝင်း

"မှန်ပါ မြို့စား"

စောရန်နိုင်

"အခုအချိန်မှာ ကျွန်တော့်ကို အသတ်ချင်ဆုံးက ဘယ်မိသားစု ဖြစ်မလဲဗျ"

ဝင်း

"တိုက်မျိုးနွယ်၊ လင်းမျိုးနွယ်၊ အောင်မျိုးနွယ်၊ ရန်မျိုးနွယ် ဖြစ်ပါလိမ့်မယ် မြို့စား၊ ဘာလို့ မေးတာပါလဲ သိပါရစေ"

စောရန်နိုင်

"သူတို့ လာပြီးများ လုပ်ကြံနိုင်မလားလို့ မေးကြည့်မိတာပါ"

ဝင်း

"အာ"

"စနစ် ... အရိပ်အစေခံ အဖွဲ့ကို ဘယ်လိုမျိုး ခေါ်သုံးရမလဲ ပြောပါဦး"

စနစ်

"အရိပ်အစေခံ အဖွဲ့က ပိုင်ရှင်အနား လီ တစ်ရာ ဝန်းကျင်မှာ အမြဲရှိပါတယ်၊ ပိုင်ရှင်အနေနဲ့ စိတ်နဲ့ ညွှန်ကြားယုံနဲ့ တန်းရောက် လာမှာပါ"

စနစ်

[ တွမ် ... မစ်ရှင်အသစ်၊ ရန်သူများကို သတ်ဖြတ်ပါ ]

ဆုလာဒ် ... ကျင့်ကြံခြင်း လေးဆင့်

အခြေခံ တည်ဆောက်ခြင်း အဆင့်

ခရူးဆိတ် စစ်သည်တော် တစ်ထောင်ငါးရာ

အခြေတည် အဆင့် တပ်မှူး သုံး ဦး

ချီစစ်သူကြီး အဆင့် ဗိုလ်မှူး တစ်ဦး

ချီဘုရင် အဆင့် တပ်တော်မှုး တစ်ဦး

မစ်ရှင် လက်ခံ လိုပါသလား

[ ဝါး ... စနစ်က မိုက်လှချေလားဟ၊ လက်မခံရင် ငါရူးနေလို့ပဲ ]

"လက်ခံမယ်"

ပြောရင်းဆိုရင်း လက်လှမ်းလှမ်းသို့ မြင်းစီးရင်း ရွေ့သွားသော‌ တပ်ဖွဲ့မှုးဝင်းအား ကြည့်ရင်း ရီလျက်

"ဘာလဲ ... ကြောက်နေပြီလားဗျ ... ဟား"

ဝင်း

[ မင်းဘကြီး မကြောက်ပဲ နေမလားဟ ]

"မြို့စားရယ် ... မနောက်ပါနဲ့ဗျာ၊ ဒါက နောက်စရာ မဟုတ်ဘူးနော်"

[ ကျင့်ကြံခြင်းတောင် မရှိတဲ့သူက ဘာလုပ် နိုင်မှာတဲ့လဲ၊ သေမဲ့သေရင် ငါတို့ပါ သေရမှာပဲကို ... ဟွန့် ]

"ကဲ ... ထားပါတော့၊ ဒီတစ်ညတော့ ဒီမှာပဲ စခန်းချ ကြရအောင်ဗျာ"

"မနက်မှပဲ ခရီးဆက်ကြတာပေါ့၊ အနောက်ဘက် နယ်စပ်မြို့ ကလဲအဝေးကြီး လိုပါသေးတယ်"

မှန်ပေသည်၊ သူတို့ ထွက်လာသည်မှာ သုံးလ ကျော်နေချေပြီ၊‌ အောင်မင်္ဂလာ နိုင်ငံတော်ကား ကျယ်ပြောလှ၏၊၊

လမ်းတလျှောက်တွင် သိလိုသည်များကို တပ်ဖွဲ့မှူး ဝင်းအား မေးစမ်းလာရာ သိသင့်သလောက်လဲ သိရချေပြီ။

အောင်မင်္ဂလာ စစ်သည်‌တော်တို့၏ အထင်မြင် သေးခြင်းကိုလဲ မသိသလို နေခဲ့ရလေသည်။

အောင်မင်္ဂလာ နိုင်ငံတော်ကား ထင်သလောက် အားမနည်းချေ။‌

အောင်မျိုးနွယ် မိသားစု အဆက်ဆက် အုပ်စိုးခဲ့သဖြင့် အောင်မင်္ဂလာ နိုင်ငံတော် ဟုသာခေါ်တွင်‌ လေ၏။

အောင်မင်္ဂလာ နိုင်ငံတော်အား ရှေ့ဘက်တွင် အောင်မျိုူးနွယ်၊ မြောက်ဘက်တွင် လင်းမျိုးနွယ်၊ တောင်ဘက်တွင် တိုက်မျိုးနွယ်၊‌ အနောက်ဘက်တွင် ရန်မျိုးနွယ်ဝင်် ဘုရင်ခံများက‌ အောင်မင်္ဂလာ ဘုရင်မင်းမြတ် ကိုယ်စား စီမံအုပ်ချုပ် ကြလေသည်၊၊

၎င်းတို့ လက်အောက် အသီးသီး၌ စစ်သည် သိန်းနဲ့ချီ ရှိကြပြီး နယ်စပ်‌အသီးသီးကို ကာကွယ် ကြလေသည်။

ထိုအထဲတွင် အနောက်ဘက်မှ ရန်မျိုးနွယ်သည်၊ အမတ်ကြီး ရန်နိုင်စိုး၏ ညီဖြစ်လေသည်။

ကိုယ်လုပ်တော် ရန်ကား အနောက်ဘက် ရန်မျိုးနွယ် မှတည်း။

"အစ်ကိုတော်တိုက် ... အမှိုက်ကောင်ကို သတ်ချင်လှပြီဗျာ၊‌ ညီမတော် ဇင်မာအောင်ကို ဒီကောင် ဘယ်လိုစည်းရုံး ထားလဲမသိဘူး၊ ဟိုက သူမှသူ ဖြစ်နေတယ်ဗျ"

အနက်ဝတ် ဝတ်ထားသော လူရွယ်မှ ဘေးက အနက်ဝတ်

လူရွယ်အား တီးတိုး ညည်းညူနေခြင်း ဖြစ်သည်။

"စိတ်ချစမ်းပါ ညီအစ်ကိုအောင်ရယ် ဒီအမှိုက်ကောင် ဒီည မလွန်ပါဘူး"

"ဟုတ်ကဲ့ပါ ... အစ်ကိုတော်တိုက်၊ ဇင်လေး ကိုသာရရင် ရန်မျိုးနွယ်ကို ဖြုတ်ချဖို့ အဖေ့ကို သေချာ ကူပြောပေးမယ်ဗျာ"

"စိတ်ချပါ ... ဇင်‌မာအောင်က ညီအစ်ကို‌အောင် အတွက်ပါပဲ ... ဟား"

၎င်းတို့ နှစ်ဦးမှာ မင်းသားဘွဲ့ရ‌ မင်းသားသုံး ဖြစ်သူ တိုက်လင်းထိုက်နှင့်‌ မင်းသားရှစ် ဘွဲ့ရ အောင်ဇေယျပိုင် တို့သာဖြစ်လေတော့တည်း။

အခန်း( ၅ )ပြီး

အခန်း(၆)

(အောင်မိသားစုရဲ့ ရုပ်သေးဘုရင်)

ခမ်းနားထည်ဝါလှသော နန်းဆောင်အတွင်း ခြင်္သေ့ပုလ္လင် ပေါ်၌ နဂါးဝတ်ရုံ ဆင်မြန်းထားသော လူရွယ်တစ်ဦး ထိုင်နေလေသည်၊၊

၎င်း၏ ခန္ဓာကိုယ်မှ ခန့်ငြား ထည်ဝါလှသော ဧကရာဇ်တစ်ပါး၏

အရောင်အဝါများ တောက်ပနေ၏။

"အရှင်မင်းမြတ် ... ဒီကိစ္စက သင့်တော်ပါ့မလား"

ပုံမှန်ဆို မည်သူမှ အောင်မင်္ဂလာ ဘုရင် အောင်ဇေယျနိုင်အား မေးခွန်းပြန် မထုတ်ဝံ့ပေ။

ထိုအထဲတွင် သူတော့မပါ၊ ထိုသူကား မိန်းမစိုးချုပ် လိုင်လိုင်ဖြစ်၏။

လိုင်လိုင်ကား‌ အောင်ဇေယျနိုင်၏ မင်းသားဘဝ ကထဲက ခစားလာသော လူယုံဖြစ်ရာ

"ဟင်း ... ဘာပဲပြောပြော ဒါက ကိုယ်လုပ်တော်ရဲ့ ဆန္ဓပဲလေ၊ ငါကိုယ်တော် ဖြည့်ဆည်းပေးယုံပဲ တက်နိုင်တယ်မလား"

ထို့နောက်

"ရွှေတစ််ခေတ် နိုင်ငံကကောင် ... မင်းကြောင့်သာ မဟုတ်ရင် သူမလဲ ထွက်သွားမှာ မဟုတ်ဘူး၊ ဒင်းမသေသ၍ ငါအနေ မသက်သာလှဘူး"

"အရှင်မင်းမြတ် စိတ်လျော့ပါ ... အခုချိန်မှာ အရေးကြီးဆုံးကမင်းသားငါး နောက်ကို ကာကွယ်ဖို့ လူထည့်ပေးဖို့ အဓိကပါ"

"ငါကိုယ်တော် မထည့်ချင်ဘူး ထင်လို့လား လိုင်လိုင်၊ ငါကိုယ်တော်ကို တိုက်မျိုးနွယ်နဲ့ အောင်မျိုးနွယ်ထဲက ဟိုဘိုးတော်တွေ စောင့်ကြည့်နေကြတာ၊ ငါကိုယ်တော် ဘယ်လိုလုပ် တက်နိုင်ပါ့မလဲ"

ထိုအချိန်၌ နန်းတွင်း၏ အရိပ်တစ်နေရာမှ

"တင်ပြပါတယ် ... မင်းသားသုံးနဲ့ မင်းသားရှစ် နန်းတွင်းက‌နေ ပြီးခဲ့တဲ့

ရက်ပိုင်းအတွင်းက ထွက်သွားကြပြီး မင်းသားငါး နောက်ကို

လိုက်သွားကြ ကြောင်းပါ"

"ဘာ ... အတင့်ရဲလှချေလား ... နန်းမြို့ကနေ ထွက်ချင်တိုင်း ထွက်လို့ရနေရအောင် အဲဒီမင်းသားတွေက ငါကိုယ်တော်ကို ရှိတယ်လို့ ထင်ကြသေးရဲ့လား"

"ဝုန်း"

ချီဧကရာဇ် စဦးအဆင့်၏ ချီစွမ်းအင်များ နန်းဆောင်အတွင်း ပေါ်ပေါက် လာတော့သည်။

မျက်နှာတခုလုံး ဖြူစွတ်၍ သွေးအန် နေရရှာသော တစ္စေတပ်သားအား ချီစွမ်းအင်ဖြင့် ကာပေးရင်း မိန်းမစိုးချုပ် လိုင်လိုင်မှ

"စိတ်လျော့ပါဦး အရှင်မင်းမြတ်၊ ခုအချိန်မှာ တိုက်မျိုးနွယ်နဲ့ အောင်မျိုးနွယ်က ပူးပေါင်းနေကြလို့ အားကောင်းနေတာပါ"

"အကယ်၍ အရှင်မင်းမြတ်က ဖိအားပေးလိုက်ရင် မျိုးနွယ်နှစ်ခုရဲ့ အင်အားနဲ့ အရှင်မင်းမြတ်ကို နန်းချပစ်ကြပါလိမ့်မယ်၊ သတိထား

ပါဦး"

"ဟွန့် ... ဒင်းတို့လုပ်ရဲလား"

အောင်ဘုရင် စိတ်လျော့လိုက်မှသာ နန်းဆောင်အတွင်း သက်တောင့်သက်သာ ပြန်ဖြစ်သွားလေသည်။

"တစ္စေတပ်ဖွဲ့ အမိန်နာခံစမ်း"

"ရှိ"

"မင်းသားငါးကို အနောက်ဘက် နယ်စပ်မြို့အထိ အမှောင်ထဲကနေ တက်နိုင်သလောက် ကာကွယ်ကြ"

"အမိန့်တော် အတိုင်းပါ"

ထို့နောက် တစ္စေတပ်သားမှာ အရိပ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။

ထိုအခါမှ အောင်ဘုရင်သည် အတိတ်ကို လွမ်းမောဟန်ဖြင့်

[ ကိုယ်ဒီလောက်ပဲ လုပ်ပေးနိုင်တော့တယ်၊ ကျန်တာတော့ သူ့အစွမ်းအစ အပေါ်မူတည်နေပြီ ]

[ ရန်လေး ... အဆင်ပြေရဲ့လား ]

အောင်မင်္ဂလာ နိုင်ငံတော် နန်းမြို့မှ တစ်လကျော် ခရီးအကွာ သစ်စိမ်းတောအုပ် အတွင်း၌ စောရန်နိုင်နှင့် တပ်ဖွဲ့မှူးဝင်းတို့ အဖွဲ့ညအချိန်၌ ခရီးတထောက် နားနေကြလေသည်။

ထိုအချိန်၌ ရာနဲ့ချီသော ဝတ်စုံနက်နှင့် လူရိပ်များ ရာနဲ့ချီ၍ တိတ်

တစိတ် ချည်းကပ် လာကြလေသည်။

"ရွှတ် ... ဇွတ် ... အု ... အား"

ကင်းသမားတချို့ အသက်ခံ လိုက်ရလေသည်။

ထိုစဥ် ကင်းထစစ်သော တပ်ဖွဲ့မှူးဝင်းမှ သတိထားမိရာ

"ဘယ်သူလဲကွ ... နန်းတွင်းတပ်ကို လုပ်ကြံရဲရအောင်၊ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား"

ကျင့်ကြံဆင့် နိမ့်ကြသော်လည်း အတွေ့အကြုံရှိသော နန်းတွင်းတပ် ဖြစ်လေရာ အချိန်တိုအတွင်း အခြေအနေအား သတိထားမိကုန်၏။

"ရန်သူ ... ရန်သူ ... ရန်သူ"

ထိုခန၌ပင် အစောင့်တပ်၌ လူသုံးဆယ်ခန့်သာ ကျန်တော့လေသည်။

"ဟား ... ဟား ... အမှိုက်ကောင် ... ထွက်လာပြီး အသေခံစမ်း"

စောရန်နိုင်

"ရောက်လာကြပီလား ဒီမှာစောင့်ရတာ ပျင်းတောင်နေပြီ"

စိတ်ထဲမှလည်း

[ မင်းတို့ကို သတ််ပြီးမှ စနစ်ဆီက ဆုယူလို့ ရမှာလေ ... ဟီး ]

"အမှိုက်ကောင် သေစမ်း ... ငါ့ဇင်မာလေးကို ပြန်ပေး"

"မြို့စားကို ကာကွယ်ကြ"

"မင်းပြိုင်ဘက်က ငါပဲ"

အမိန့်ပေးရင်း ပြေးကူရန် ပြင်နေသော တပ်ဖွဲ့မှုးဝင်းအား အနက်ဝတ် လူတစ်ဦးမှ ဝင်ရောက်တိုက် ခိုက်လေသည်။

တပ်ဖွဲ့မှုးဝင်း မျက်မှောင်ကြုံ့ရင်း

"အခြေတည် စဦးအဆင့်"

တပ်ဖွဲ့မှုး ဝင်းမှာလည်း အခြေတည် အစောပိုင်း အဆင့် ရောက်နေသော်လည်း သိုင်းပညာရပ် ကွာဟမှုကြောင့် မကြာခင် အောက်စည်းသို့ ရောက်လေတော့၏။

[ ဒီတခါတော့ တကယ်လစ်ပြီပဲဟ ... သောက်ချည်းတဲ့မှ ]

အခန်း(၆)ပြီး

All Chapters