Mirror Novel MyanmarMIRRORNOVEL← All Novels
ရာဇပလ္လင်သို့လျှောက်ရာလမ်း

ရာဇပလ္လင်သို့လျှောက်ရာလမ်း

50 chapters· Ongoing· ★ 7.6
FantasySystem

စောရန်နိုင်က စစ်လက်နက်သုတေသီတစ်ဦး ဖြစ်ပြီး လေကြောင်းခရီးတစ်ခုတွင် လေယာဉ်ပျက်ကျခဲ့၏။ ကံကောင်းလို့မသေခဲ့သော်လည်း ဒုက္ခိတဖြစ်သွားသဖြင့် ကိုယ့်ကိုကိုယ်သတ်သေခဲ့ရာ ဝိညဉ်က တခြားကျင့်ကြံခြင်းကမ္ဘာတစ်ခုဆီ ကူးပြောင်းသွားသည်။ ကူးပြောင်းသွားတဲ့ ခန္ဓာပိုင်ရှင်က ကျင့်ကြံလို့မရတဲ့ အမှိုက်တစ်ယောက်၊ ရောက်ရောက်ခြင်း ဆောက်နဲ့ထွင်းဆိုသလို နယ်နှင်ဒဏ်ပေးခံရပြီး နယ်စပ်မြို့ရောက်သွားခဲ့၏။ [ ဒီကမ္ဘာက နာမည်ယူပုံတွေက မြန်မာတွေနဲ့တူနေပုံပဲ ] [ ဟား ... မင်းထင်နော်ရထာ၊ ငစံပဲဟ ] [ အယ် ... သူက ... မင်းရဲကျော်စွာဆိုပဲ ] [ ဟာ ... လဂွန်းအိမ် ] [ ဒါက ၁၉၉၀မတိုင်ခင် ထုတ်ထားတဲ့သေနတ်တွေပဲ ] [ ဟွန်း ... ချီဧကရာဇ်အဆင့်တဲ့လား ... ရော့သေလိုက်၊ ခလုတ်တစ်ချက်နှိပ် ဒုံကျည်တစ်စင်း၊ ခံစားကြည့်လိုက်လေ ၊ feelပဲ ] [ ဘာ ရန်သူစစ်တပ်က သန်းတစ်ရာကျော်တယ် ဟုတ်လား ရော့အက်တမ်ဗုံးတွေယူလိုက် ] [ ဘာကို အစီအရင်တွေရေးဆွဲတာ အချိန်ပေးနေရမှာလဲ၊ ရော့ဒီကဒ်ယူသွား၊ ရန်သူကိုပစ်ပေါက်လိုက် ] [ ငါ့မှာစက်ရုံတွေတပုံကြီးပဲ ... လာစမ်းပါ ] စနစ်ရဲ့အကူအညီ၊ သူ့ရဲ့ စစ်ဘက်‌ဆိုရင်ရာ လေ့လာထားမှုတွေ၊ စီမံခန့်ခွဲနိုင်မှုတွေကြောင့် တစ်မြို့ပြီးတစ်မြို့သိမ်းပိုက်နိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ နိုင်ငံတစ်ခုအထိပါ ပြန်သိမ်းနိုင်ခဲ့တဲ့ စောရန်နိုင်တစ်ယောက်၊ ကျင့်ကြံခြင်းကို ခေတ်မှီလက်နက်နဲ့ ဖိအားပေးစစ်ကစားနိုင်ခဲ့တဲ့ စောရန်နိုင်တစ်ယောက် သူသိမ်းပိုက်နိုင်လိုက်တဲ့ နိုင်ငံကြီးဆိုတာ တိုက်ကြီးတစ်ခုလုံးမှာ အဆင့်နိမ့်စာရင်းဝင်လောက်သာ ရှိမှန်းသိလိုက်ရတဲ့အခါ ...။ တိုက်ကြီးကိုသိမ်းပိုက်ပြီး တစ်တိုက်လုံးရဲ့ ဧကရာဇ်ဘွဲ့ခံယူပြီးမှ သူနေထိုင်တဲ့ တိုက်ကြီးဆိုတာလဲ ကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးက တိုက်ကြီးတွေနဲ့ယှဉ်ရင် အနိမ့်ကျဆုံးဖြစ်နေမှန်း သိလိုက်ရတဲ့အခါ...။ သူနေထိုင်ရာ ကမ္ဘာကြီးဟာလဲ အဆုံးမဲ့အာကာပြင်ထဲက သေးငယ်လှတဲ့ ဂြိုလ်လေးတစ်လုံးသာသာပဲ ရှိမှန်းလိုက်ရတဲ့အခါ...။ [ အရင်ကမ္ဘာကငါ့ရဲ့အချိန်လေးကိုပဲပြန်တမ်းတမိတော့တယ် ] စကြာ၀ဠာတစ်ခွင်ကို သိမ်းပိုက်ပြီး အရာရာကို အောင်နိုင်ခဲ့ပြီး သိပ္ပံခေတ်တစ်ခုကို တည်ထောင်နိုင်ခဲ့ပေမဲ့ အချိန်ကိုမလွန်ဆန်နိုင်တဲ့အခါ သေမင်းကလာရှာတဲ့ အခိုက်အတန့်မှာတော့ [ ကမ္ဘာဂြိုလ်ကို ငါပြန်ရှာတွေ့ပါဦးမလား ]

Chapters (50)

Vol. 1 Ch. 1-3အခန်း (၁-၃)Vol. 1 Ch. 4-6အခန်း (၄-၆)Vol. 1 Ch. 7-9အခန်း (၇-၉)Vol. 1 Ch. 10-12အခန်း (၁၀-၁၂)Vol. 1 Ch. 13-15အခန်း (၁၃-၁၅)Vol. 2 Ch. 16-18အခန်း (၁၆-၁၈)Vol. 2 Ch. 19-21အခန်း (၁၉-၂၁)Vol. 2 Ch. 22-24အခန်း (၂၂-၂၄)Vol. 2 Ch. 25-27အခန်း (၂၅-၂၇)Vol. 2 Ch. 28-30အခန်း (၂၈-၃၀)Vol. 3 Ch. 31-33အခန်း (၃၁-၃၃)Vol. 3 Ch. 34-36အခန်း (၃၄-၃၆)Vol. 3 Ch. 37-39အခန်း (၃၇-၃၉)Vol. 3 Ch. 40-42အခန်း (၄၀-၄၂)Vol. 3 Ch. 43-45အခန်း (၄၃-၄၅)Vol. 4 Ch. 46-48အခန်း (၄၆-၄၈)Vol. 4 Ch. 49-51အခန်း (၄၉-၅၁)Vol. 4 Ch. 52-54အခန်း (၅၂-၅၄)Vol. 4 Ch. 55-57အခန်း (၅၅-၅၇)Vol. 4 Ch. 58-60အခန်း (၅၈-၆၀)Vol. 5 Ch. 61-63အခန်း (၆၁-၆၃)Vol. 5 Ch. 64-66အခန်း (၆၄-၆၆)Vol. 5 Ch. 67-69အခန်း (၆၇-၆၉)Vol. 5 Ch. 70-72အခန်း (၇၀-၇၂)Vol. 5 Ch. 73-75အခန်း (၇၃-၇၅)Vol. 6 Ch. 76-78အခန်း (၇၆-၇၈)Vol. 6 Ch. 79-81အခန်း (၇၉-၈၁)Vol. 6 Ch. 82-84အခန်း (၈၂-၈၄)Vol. 6 Ch. 85-87အခန်း (၈၅-၈၇)Vol. 6 Ch. 88-90အခန်း (၈၈-၉၀)Vol. 7 Ch. 91-93အခန်း (၉၁-၉၃)Vol. 7 Ch. 94-96အခန်း (၉၄-၉၆)Vol. 7 Ch. 97-99အခန်း (၉၇-၉၉)Vol. 7 Ch. 100-102အခန်း (၁၀၀-၁၀၂)Vol. 7 Ch. 103-105အခန်း (၁၀၃-၁၀၅)Vol. 8 Ch. 106-108အခန်း (၁၀၆-၁၀၈)Vol. 8 Ch. 109-111အခန်း (၁၀၉-၁၁၁)Vol. 8 Ch. 112-114အခန်း (၁၁၂-၁၁၄)Vol. 8 Ch. 115-117အခန်း (၁၁၅-၁၁၇)Vol. 8 Ch. 118-120အခန်း (၁၁၈-၁၂၀)Vol. 9 Ch. 121-123အခန်း (၁၂၁-၁၂၃)Vol. 9 Ch. 124-126အခန်း (၁၂၄-၁၂၆)Vol. 9 Ch. 127-129အခန်း (၁၂၇-၁၂၉)Vol. 9 Ch. 130-132အခန်း (၁၃၀-၁၃၂)Vol. 9 Ch. 133-135အခန်း (၁၃၃-၁၃၅)Vol. 10 Ch. 136-138အခန်း (၁၃၆-၁၃၈)Vol. 10 Ch. 139-141အခန်း (၁၃၉-၁၄၁)Vol. 10 Ch. 142-144အခန်း (၁၄၂-၁၄၄)Vol. 10 Ch. 145-147အခန်း (၁၄၅-၁၄၇)Vol. 10 Ch. 148-150အခန်း (၁၄၈-၁၅၀)