အခန်း (၁၄၅-၁၄၇)
Vol. 10 Ch. 145-147
အခန်း ( ၁၄၅ )
( ကျင့်ကြံဆင့်များကို မြှင့်တင်ပေးခြင်း )
နတ်သူငယ်နိုင်ငံက ပြန်လာပြီးနောက် ဝယ်ယူထားတဲ့ စက်ရုံအသစ်နဲ့ အဆင့်တက်ခြင်းကရတဲ့ စက်ရုံတွေကို နေရာချထားလိုက်ပါတယ်။
[ စနစ် အဆင့်၆ ဆေးပြားစက်ရုံကနေ အင်ပေါ်တယ်အဆင့်တက် ဆေးပြားတွေထုတ်ယူမယ် ]
[ ဒင် အင်ပေါ်တယ်ဆေးပြား ၁၅၀ပြားကို ထုတ်ယူပြီး စနစ်သိုလှောင်အိတ်ထဲသို့ သိမ်းဆည်းပြီးပါပြီ ]
"အစ်ကိုဇော်ပိုင်၊ လူတစ်ချို့ကို ခေါ်ပေးပါဦး"
"ဟုတ်ကဲ့ပါ ညီလေးစော"
နာရီဝတ်ခန့်အကြာမှာတော့ လွင်မိုး၊ မေသူဇာ၊ ထွန်းအောင်၊ ချစ်မွှေး၊ မင်းထင်နော်ရထာ၊ မင်းလှစည်သူ၊ မင်းရဲကျော်ထင်၊ လင်းထက်ကို၊ ရန်ပိုင်ထွေး စတဲ့ သစ္စာခံ ချီဧကရာဇ် အထွတ်အထိပ်ကို ရောက်ရှိနေတဲ့ လူ၁၅၀ခန့် ရောက်ရှိလာကြပါတယ်။
"အရှင်တွေ ရောက်နေပါပြီ ညီလေးစော ခန်းမအတွင်းမှာ စောင့်နေကြပါတယ်"
" ကောင်းပြီ၊ သွားကြစို့ ညီမ"
"ဟုတ်ကဲ့"
စောရန်နိုင်ရဲ့ လက်တစ်ချက်မျှ ဝေ့ရမ်းအပြီးမှာတော့
ခန်းမထဲကို တိုက်ရိုက်ပဲ ရောက်ရှိသွားပါတယ်။ ထိုနောက်
"အရှင်မြတ်နဲ့ တာအိုအရှင်မကို ဂါဝရပြုပါတယ်"
"အားလုံးပဲ စုံကြပြီဆိုတော့ လိုရင်းကိုပဲ တန်းပြောလိုက်ပါ့မယ်"
စောရန်နိုင်က လက်တစ်ချက်ကို ထပ်မံရမ်းလိုက်ဟန်ပြုလိုက်ရင်း စနစ်သိုလှောင်ခနမးက အင်ပေါ်တယ်အဆင့်တက် ဆေးပြားတွေကို ထုတ်ယူလိုက်ပါတယ်။
"ဒီဆေးပြားတွေက အဆင့်၆ အင်ပေါ်တယ်အဆင့်တက် ဆေးပြားတွေပဲ တစ်ယောက်တစ်လုံးဆီ ယူလိုက်ကြပြီး အဆင့်ဖြတ်ကျော်ကြပါ"
"အဆင့်တက်ကပ်ဘေး ကျရောက်လာခဲ့ရင် ငါနဲ့တာအိုအရှင်တို့က ဘေးမှာရှိနေပေးမယ်"
"ကျေးဇူးတင်ပါတယ်အရှင်စော"
"သွားကြတော့၊ ဒီလကစပြီး ၅နှစ်အတွင်း တစ်ရာနိုင်ငံတော်မှာ အင်ပေါ်တယ်အဆင့်တွေကို မြင်ချင်တယ်"
" ဟုတ်ကဲ့ပါ အရှင်စော၊ ကျွန်တော်တို့ အကောင်းဆုံးနဲ့ မြန်မြန်ပဲ အဆင့်ကျော်ဖြတ်ပါ့မယ်"
ခန့်မှန်းစရာ မလိုတော့အောင်ပဲ နောက်၃နှစ် အကြာမှာတော့ အင်ပေါ်တယ်အရှင် ၁၄၇ယောက်က တစ်ရာနိုင်ငံရဲ့ နေရာအသီးသီးမှာ ပေါ်ထွက်လာပါတော့တယ်။
ဒါပေမဲ့ စောရန်နိုင်နဲ့ ဇင်မာအောင်တို့နှစ်ယောက်သား စောင့်ကြည့်နေတဲ့အောက်မှာပဲ လူ၃ယောက်ဟာ အဆင့်တက်ရာမှာ ကျဆုံးခဲ့ရပါတယ်။ အဆင့်တက်ကျရှုံးခြင်းရဲ့ အကျိူးဆက်ကတော့ သေဆုံးခြင်းပါပဲ။
"ညီလေးစော သားရဲနိုင်ငံကို သွားရောက်တိုက်ခိုက်ကြတဲ့ ကိုယ်ရံတော်မှူးတို့အဖွဲ့ ပြန်ရောက်လာပါပြီ၊ ခန်းမထဲမှာ စောင့်နေကြပါတယ်"
"ကောင်းပြီ"
ခန်းမအတွင်းမှာတော့ ချူရင်၊ ချူရီ၊ မင်းရဲကျော်စွာတို့ရှိနေပြီး ချူရင်က အလုံးစုံကို ပြန်လည်အစီအရင်ခံနေပါတယ်။
"အရှင်စော သားရဲနိုင်ငံကိုသိမ်းပိုက်ပြီးပါပြီ၊ အခုအချိန်မှာတော့ အရှင်သီရိပျံချီက ထိန်းသိမ်းဖို့ ကျန်ရစ်ခဲ့ပါတယ်အရှင်"
"ကောင်းပြီလေ တပ်ရင်းဆုံးရှုံးမှုတွေကကော ဘယ်လောက်ရှိခဲ့သေးလဲ"
"ဟုတ်ကဲ့ တပ်ရင်း၁၂ရင်းတော့ သားရဲတွေနဲ့ တိုက်ခိုက်ရင်း ကျဆုံးခဲ့ပါတယ်၊ အဆင့်၆သားရဲသခင် မင်းရဲစက်ကတော့ တိုက်ပွဲမဖြစ်ခင်ကထဲက ထွက်ပြေးလွတ်မြောက်သွားလို့ မမိလိုက်ပါဘူးအရှင်စော"
"အင်း အဆင့်၆သားရဲသခင်ရဲ့ လက်အောက်မှာ အနည်းဆုံး သားရဲသိန်းချီရှိနေမှာပဲ ဒီလောက်တော့ ရင်းရမှာပေါ့"
"ကဲ ဗခကမင်းရဲကျော်စွာ၊ မိန်ခလေးစံပယ်ဦး ကျင့်ကြံရာကနေ ထွက်လာရင် လက်ထပ်ကြတော့ပေါ့၊ မင်္ဂလာပွဲအတွက် ကျသင့်နိုင်မဲ့ ရွှေပြားပမာဏကို အကိုဝင်းဆီက ထုတ်ယူသွားပါလေ"
စောရန်နိုင်အနေနဲ့ စံပယ်ဦးကို သားရဲနိုင်ငံကို ပြန်အုပ်ချုပ်ခိုင်းဖို့ အစီအစဉ်ဆွဲထားပြီးသားပါ။ အဲဒါဆိုရင် သူအနေနဲ့ စစ်တိုက်စရာမလိုပဲ လက်အောင်ခံ သားရဲနိုင်ငံတစ်ခုကို ပိုင်ဆိုင်တော့မှာပဲ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ ရွှေတစ်ခေတ်နိုင်ငံနဲ့ အယုဒ္ဓယအင်ပါယာက သူ့လက်အောက်ကို ဝင်ရောက်ထားကြပြီပဲ ဖြစ်ကြပါတယ်။
"အရှင်စော အယုဒ္ဓနိုင်ငံတော်ကနေ သတင်းစကားပါလာပါတယ်"
"အင်း ဘာတဲ့လဲ"
"တောင်ငူအင်ပါယာက အယုဒ္ဓကနိုင်ငံရဲ့ လက်အောက်ခံနိုင်ငံဖြစ်တဲ့ တိုင်းလန်နိုင်ငံငယ်ကို ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်သွားပါတယ်၊ အဲဒီအတွက် မင်းသမီးဆူကီယိုကိုယ်တိုင် လာရောက်ပြီး အကူအညီတောင်းခံနေပါတယ်အရှင်စော"
( အင်း အခန့်သင့်သားပဲ ငါလဲနယ်ချဲ့ချင်လို့ အကြောင်းပြချင်ရှာနေတာနဲ့ အတော်ပဲ )
"သူမကအခုဘယ်မှာလဲ"
"ခြောက်ထောင့်ကြယ် စစ်ဌာနချုပ်မှာ တည်းခိုနေပါတယ်အရှင်စော"
"ကောင်းပြီး ဗိုလ်ချုပ်ကြီးတွေကို နာရီဝတ်အတွင်း စစ်ဌာနချုပ်မှာ စုစည်းဖို့ ဆင့်ခေါ်လိုက်ပါ"
"ဟုတ်ကဲ့ပါအရှင်စော ခင်ဗျ"
အခန်း ( ၁၄၅ ) ပြီး
စာစဉ် ၁၀ အဆုံး
အခန်း ( ၁၄၆ )
( ပထမဆုံးအကြိမ် နိုင်ငံဖြတ်ကျော်တိုက်ပွဲ ပြင်ဆင်ခြင်း )
လာရောက်သတင်းပို့သူ အရိပ်အစေခံစစ်သည် ပြန်လည်ထွက်သွားအပြီးမှာတော့ ဘေးနားရှိ ဇင်မာအောင်အား လည့်ကြည့်၍
"ကဲ ငါညီမရေ အရေးတော့ပေါ်ပြီကွယ် အစ်ကိုခနသွားလိုက်ဦးမယ်"
"ဟုတ်အစ်ကို ညီမလဲ အဖေ့ဆီ အလည်ပြန်ချင်သေးတယ်၊ ခွင့်ပြုပါဦးအစ်ကို"
"အင်း သွားလေ၊ အော် .. ဦးလေးကို မြို့တော်ဆီ ဖိတ်ခေါ်လို့ရရင် ခေါ်ခဲ့ပါဦးလား"
"အဖေက နန်းစွန့်ပြီးကထဲက တစ်ယောက်ထဲပဲ သီးသန့်နေနေတော့တာအစ်ကို ဖိတ်ခေါ်လို့ရမယ်မထင်ဘူး၊ ဒါပေမဲ့ အစ်ကိုအတွက် ညီမကြိုးစားပေးပါ့မယ်"
"အင်းပါ ကျေးဇူးပါပဲ၊ အစ်ကိုခနသွားဦးမယ်"
ခြောက်ထောင့်ကြယ် စစ်ဌာနချုပ်ထဲမှာတော့ နစတစစ်တပ်နဲ့ ကကရရဲ့ အဆင့်မြင့် ဗိုလ်ချုပ်ကြီးတွေ စုဝေးနေကြပါပြီး တစ်စုံတရာကို စောင့်မျှော်နေကြပါတယ်။ ။ စောရန်နိုင် ပေါ်လာတာနဲ့
"ဂါဝရပြုပါတယ် အရှင်စော"
"ဂါဝရပြုပါတယ် အရှင်မြတ်"
"မင်းသမီးဆူရီယို အကြောင်းစုံကို ပြန်ပြောပြပေးပါဦး"
"ဟုတ်ကဲ့ပါအရှင်မြတ်၊ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကထဲက တောင်ငူအင်ပါယာရဲ့ လက်အောက်ခံနိုင်ငံတစ်ခုဖြစ်တဲ့ ပြည်နိုင်ငံက ဒီဂျုနီယာတို့လက်အောက်ခံ နိုင်ငံငယ်တစ်ခုဖြစ်တဲ့ တိုင်းလန်နိုင်ငံကို စတင်တိုက်ခိုက်ရာကနေ စတင်တာပါအရှင်စော"
"ပထမတော့ တိုင်းလန်နိုင်ငံက ဒီဂျူနီယာတို့ရဲ့ အကူအညီနဲ့ ပြန်တွန်းလှန်နိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့၇လလောက်စပြီး တောင်ငူအင်ပါယာရဲ့ စစ်ဘုရင်တွေ တိုက်ပွဲထဲ ပါဝင်လာကြလို့ ဒီဂျုနီယာတို့ရဲ့ တပ်ရင်းတွေကို တိုင်းလန်နိုင်ငံကနေ နောက်ဆုတ်ပေးခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ တောင်ငူအင်ပါယာရဲ့ စစ်ဘုရင်တွေက တိုင်းလန်ကို အပြီးသိမ်းသွားနိုင်ကြပါတယ်အရှင်စော"
"မင်းသမီးတို့က တိုင်းလန်ကိုကူညီဖို့ ထပ်မကြိုးစားကြဘူးလား"
ဗိုလ်ချုပ်ကြီးတစ်ဦးက ကြားဖြတ်ပြီး မေးလိုက်တာပါ။ ဆူရီယိုက
"ကူညီဖို့ကြိုးစားပေမဲ့ သူတို့ဖက်မှာ အင်ပေါ်တယ်အဆင့် စစ်ဘုရင်တစ်ချို့ပါလာတော့ လွှတ်သမျှတပ်ရင်းတွေက မခုခံနိုင် ဖြစ်ခဲ့ရတာပါ အရှင်"
စောရန်နိုင်က
"ဒီနှစ်တွေထဲမှာ အယုဒ္ဓယနိုင်ငံကို ငါအရှင်အနေနဲ့ musket သေနတ် သိန်းနဲ့ချီ ထောက်ပံ့ရောင်းချပေးခဲ့တယ်၊ ကြည့်ရတာ ဒီထက်မြင့်တဲ့ သေနတ်တွေကို ရောင်ူချပေးဖို့ စဉ်းစားရတော့မှာပဲ"
"ဟုတ်ကဲ့ပါအရှင်မြတ်၊ လက်ရှိ အယုဒ္ဓယနိုင်ငံမှာ တပ်ရင်းပေါင်း ၂၀၀ကျော်ရှိပေမဲ့ မလုံလောက်ဘူးဖြစ်နေပါတယ်အရှင်၊ နောက်ပြီး musket သေနတ်တွေက ချီဘုရင်အထက်ကို မထိရောက်နိုင်ဘူး ဖြစ်နေပါတယ်"
"နောက်ပြီး ချီဧကရာဇ်အဆင့်အထိ ခြိမ်းခြောက်နိုင်တဲ့ အမြောက်တပ်ရင်းနဲ့ gatling gunတပ်ရင်းတွေက အင်အားနည်းပါးနေတော့ ထိထိရောက်ရောက် မကူညီပေးနိုင်ဖြစ်နေပါတယ်အရှင်မြတ်"
" ကောင်းပြီလေ လက်နက်သစ်အနေနဲ့ kar 98kတွေကို တိုးမြှင့်ရောင်းချပေးလိုက်မယ်၊ အမြောက်အနေနဲ့က ၈၁မမ စိန်ပြောင်းကြီး အလက်၅၀ကိုလဲ ချီခဲယမ်းနဲ့တကွ ရောင်းချပေးမယ်၊ လက်အောက်ခံထားလို့ တစ်ဝတ်တိတိလျော့ပေးလိုက်ပါ့မယ်"
"Mustek အလက်၂သောင်းကိုလဲ လက်ဆောင်အနေနဲ့ သီးသန့်ထောက်ပံ့ပေးလိုက်ပါ့မယ်"
"တပ်အင်အား စစ်ကူအနေနဲ့တော့ တစ်လအတွင်း အရောက်ပို့ပေးပါ့မယ်"
"ကျေးဇူးတင်ပါတယ် အရှင်မြတ်ရှင့်"
"အင်း ရပါတယ်၊ လောလောဆယ် တစ်လအတွင်းတော့ ရသလောက်ခုခံထားကြပေါ့၊ မကြာခင်ကာလမှာ တောင်ငူအင်ပါယာကို ငါအရှင်မြတ်အနေနဲ့ တိုက်ခိုက်သိမ်းပိုက်ဖို့ အစီအစဉ်ရှိတယ်"
"ဟုတ်ကဲ့ပါအရှင်မြတ်ရှင် ဒီဂျုနီယာကို သွားခွင့်ပြုပါဦး"
"ကောင်းပြီ လက်နက်တွေကို စစ်ဌာနချုပ်ခဲယမ်းတိုက်မှာ ငါ့အမိန့်နဲ့ ထုတ်သွားပါ"
"ဟုတ်ကဲ့ရှင့်"
ဆူရီယိုထွက်သွားပြီးနောက် စောရန်နိုင်ဟာ သူရဲ့သစ္စာခံ ဗိုလ်ချုပ်ကြီးတွေနဲ့ တိုင်ပင်ပါတော့တယ်။ အျကြာင်းအရာကတော့ တောင်ငူအင်ပါယာကို တိုက်ခိုက်သိမ်းပိုက်ဖို့ပါပဲ။
တစ်ရာနိုင်ငံရဲ့ ထုံးစံအရ တိုက်ခိုက်ရေးကို နစတဖက်က လုပ်ဆောင်ရမှာဖြစ်ပြီး သီရိပျံချီက စစ်ဦးစီးချုပ်အနေနဲ့ တာဝန်ယူရပါတယ်။
သိမ်းပိုက်ပြီးသား နိုင်ငံနဲ့ မြို့တွေကို ကကရဖက်က ထိန်းသိမ်းရမှာဖြစ်ပြီး ရန်ပိုင်ထွေးက စစ်ဦးစီးချုပ်အနေနဲ့ တာဝန်ယူထားရပါတယ်။
တိုက်ပွဲကွပ်ကဲမှုပုံစံက ကြည်းရေလေစနစ် အုပ်ချုပ်မှု ပုံစံနဲ့ဖြစ်ပြီး စစ်ဦးစီးချုပ်နှစ်ဦးက အလုံးစုံတာဝန်ယူထားရပါတယ်။
နစတစစ်ဦးစီးချုပ်ရဲ့ လက်အောက်မှာ kar 98kသေနတ်ကိုင် တပ်ရင်းပေါင်း၁၀၀၀ရင်း စစ်သည်၄သန်း၊ M4 carbine ကိုင် တပ်ရင်းပေါင်း၂၀၀ စစ်သည်၃သိန်း၊ M1 carbineကိုင် တပ်ရင်းပေါင်း ၅၀၀ စစ်သည် ၇သိန်းခွဲ၊ Ppsh စက်ကလေးတပ်ရင်း ၅၀၀ စစ်သည် ၂သိန်းခွဲ၊ M 34 စက်ကြီးတပ်ရင်း ၅၀၀၊ စိန်ပြောင်းကြီးတပ်ရင်း ၅၀၀၊ 7.62cm flak 36r၊ 7.5cm Pak 40 အမြောက်၊ 2cm flak 30 စက်သေနတ်ကြီး စတဲ့ ပစ်ကူပေး အမြောက်ကြီးငယ် အလက် ၃သောင်းကျော်ဆီ၊ အမြောက်ငယ်တင် ရိုက်ဒါစစ်သင်္ဘော ၂၀၀၀စီး၊ ဘစ်စမတ် စစ်သင်္ဘောကြီး ၁၀၀၊ စပေ့ရှစ်စစ်ယာဉ်ပျံကြီးတစ်စီး၊ သံချပ်ကာအနေနဲ့ sd kfs 232နဲ့ 234အစီးရေ ၄၀၀၀၀ဆီ၊ Tiger 1 tankအစီး ၃၀၀၀၊ Panzer 1 tank 1 အစီးရေ ၂သောင်း၊ လေတပ်အနေနဲ့လဲ စုစုပေါင်း အစင်းရေ ၂သောင်းအထက်ပါရှိနေမှာ ဖြစ်ပါတယ်။
ကကရစစ်ဦးစီးချုပ် လက်အောက်မှာလဲ ထောက်ပို့လေတပ်ဆွယ်၊ စပေ့ရှစ်စစ်ယာဉ်ပျံကြီး တစ်စီး အပါအဝင် စုစုပေါင်း စစ်အင်အား ၅သန်း၆သိန်းကျော် ပါရှိမှာဖြစ်ပါတယ်။
ဒီစစ်ထွက်စာရင်းမှာတော့ နစတစစ်ဦးစီးတွေအနေနဲ့ သီရိပျံချီ၊ မင်းလှစည်သူ၊ မင်းရဲကျော်ထင်၊ နေမျိုးကျော်ထင်၊ စည်သူကျော်စွာ စတဲ့ စောရန်နိုင်ရဲ့ လက်ရင်းသစ္စာခံ ချီဇကရာဇ်အဆင့်က လူ၃၅၀ကျော်ပါဝင်ပါတယ်။ သီရိပျံချီက အင်ပေါ်တယ်ပထမအဆင့်၊ ကျန်သုံးယောက်က ချီဧကရာဇ်အထွတ်အထိပ်အဆင့်မှာ ဖြစ်ပါတယ်။
ကကရစစ်ဦးစီးတွေအနေနဲ့ အင်ပေါ်တယ်အရှင် ရန်ပိုင်ထွေး၊ အင်ပေါ်တယ်အရှင်ချစ်မွှေး ၊ ချီဧကရာဇ်အဆင့်အသီးသီးက လင်းလက်ပိုင်၊ လင်းမာန်ဟိန်း၊ ရန်ကြီးအောင်၊ ရန်စိုးမိုးတို့အပါအဝင် ချီဧကရာဇ်အဆင့် ၂၅၀ကျော်ပါရှိပါတယ်။
တခြားသော အင်ပေါ်တယ်အဆင့်ဝင် လူအကုန်နီးပါးက တံခါးပိတ်ကျင့်ကြံနေကြလို့ လူစုံမပါဝင်နိုင်ခဲ့ပါဘူး။ မင်းထင်နော်ရထာနဲ့ ထွန်းအောင်တို့နှစ်ယောက်ကတော့ နိုင်ငံစောင့်အနေနဲ့ ကျန်ခဲ့ရပါတယ်။
အခန်း ( ၁၄၆ ) ပြီး
အခန်း ( ၁၄၇ )
( ဇင်းမယ်နိုင်ငံ )
ဦးဆောင်စစ်ဦးစီးချုပ်နှစ်ဦးက အင်ပေါ်တယ်အဆင့်တွေဖြစ်ကြတဲ့အပြင် အဆင့်၆လက်ကိုယ်စီ ကိုင်ဆောင်ထားကြတာမလို့ ဒီကုန်းမြေမှာတော့ ပြိုင်ဘက်ကင်းတဲ့ စစ်ချီမှုကြီးတစ်ခု ဖြစ်နေမှာ မလွဲပါပဲ။
ရေတပ်ကတော့ ခရီးလမ်း အနည်းငယ်ရှည်လျားနေခဲ့ပေမဲ့ ကြည်းတပ်နဲ့ လေတပ်ကတော့ စပေ့ရှစ် စစ်ယာဉ်ပျံကြီးနှစ်စင်း အကူအညီနဲ့စစ်ချီခဲ့ကြပါတယ်။
ရေတပ်ရဲ့ အဓိက ရည်ရွယ်ချက်က အယုဒ္ဓယနိုင်ငံရဲ့ လက်အောက်ခံနိုင်ငံငယ်တွေက စစ်ကူအင်အားတွေကို စစ်မြေပြင်ဆီ တစ်ပါတည်း ခေါ်ဆောင်သွားကြရန် ဖြစ်ပါတယ်။
တစ်လအကြာမှာတော့ တစ်ရာနိုင်ငံနဲ့ မိုင်ပေါင်း ၃၅သန်းအကွာမှာရှိတဲ့ တောင်ငူအင်ပါယာရဲ့ လက်အောက်ခံနိုင်ငံကြီး တစ်ခုဖြစ်တဲ့ ဟံသာဝတီနိုင်ငံနဲ့ အယုဒ္ဓယနိုင်ငံရဲ့ လက်အောက်ခံနိုင်ငံငယ်တစ်ခုဖြစ်တဲ့ ဇင်းမယ်နိုင်ငံတို့ရဲ့ နယ်စပ်ဆီ ရောက်ခဲ့ကြပါတယ်။
ဇင်းမယ်နိုင်ငံရဲ့ ထက်ဝတ်ခန့်ကိုလဲ ဟံသာဝတီနိုင်ငံက သိမ်းပိုက်ထားနိုင်ပြီပဲ ဖြစ်ပါတယ်။ ဇင်းမယ်နိုင်ငံရဲ့ ခံစစ်မြို့ကြီးတစ်ခုဖြစ်တဲ့ ဇင်းကျိုက်မြို့မှာတော့
"အမြောက်တွေပစ်ကြစမ်း"
"အုံး .. အုံး .. အုံး"
"မြို့တံတိုင်းပေါ်ကျော်တက်လာတဲ့ ကျင့်ကြံသူတွေကို အရင်ပစ်ကြပါဟ"
"ဗိုလ်ချုပ်ကြီး ဒီတစ်သုတ်ချီခဲယမ်းတွေက ဒီခံတပ်အတွက် နောက်ဆုံးလက်ကျန်ပဲ၊ ဘယ်လိုလုပ်ရမလဲ"
"ဟာကွာ ပြဿနာပဲ မြို့တော်ဆီက ဘာသတင်းမှမရဘူးလား"
"မရသေးပါဘူး ဗိုလ်ချုပ်ကြီး၊ နောက်ဆုံးအဆက်အသွယ်ရခဲ့တာက လွန်ခဲ့တဲ့ ၁လလောက်ကပါ အဲဒီနောက်ပိုင်း အဆက်အသွယ်ပျက်သွားပါတယ်"
"တင်ပါပြတယ်ဗိုလ်ချုပ်ကြီး မြို့တံတိုင်းပေါ် ရန်သူတွေထိုးဖောက်လာနေပါပြီ"
"မဖြစ်ဖူး၊ ငါကိုယ်တိုင်ထွက်တိုက်မှရတော့မယ်"
မြို့တံတိုင်းအပြင်ဖက်က တောင်ကုန်းငယ်တစ်ခုအပေါ်မှာတော့ အနီရောင်ရွှေအနားကွပ်သော ဂိုဏ်းဝတ်ရုံဝတ်ဆင်ထားတဲ့ ဂိုဏ်းအကြီးအကဲတစ်ဦးနဲ့ မြစိမ်ရောင်ရွှေအနားကွပ် သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားတဲ့ လူရွယ်နှစ်ဦးဟာ မြို့တိုက်ပွဲကို အကဲခတ်ကြည့်ရှုလျက် ရှိပါတယ်။
ဂိုဏ်းအကြီးအကဲဖြစ်သူက
"သူတို့သုံးနေတဲ့လက်နက်တွေက အစွမ်းထက်လွန်းတယ်၊ သူတို့တွေကို ဘယ်ဂိုဏ်းက ထောက်ပံ့ထားတာလဲသိလား သေနာပတိ"
"အင်း တစ်ချိန်က သီရိမင်္ဂလာအင်ပါယာရဲ့ လက်အောက်ခံနိုင်ငံကြီးတစ်ခုဖြစ်တဲ့ အောင်မင်္ဂလာနိုင်ငံဆိုတာရှိခဲ့ဖူးတယ် အကြီးအကဲ"
"အခုတော့ တစ်ရာနိုင်ငံအဖြစ် ပြန်လည်တည်ထောင်ထားတာ မကြာသေးဘူး၊ နိုင်ငံခေါင်းဆောင်က စောရန်နိုင်လို့ခေါ်တဲ့ လူငယ်တစ်ဦးပဲ၊ သူ့လက်ထပ်မှာ တစ်ရာနိုင်ငံက ဒီလိုလက်နက်တွေကို သန်းနဲ့ချီပိုင်ဆိုင်ထားတယ်၊ ကြည့်ရတာ အယုဒ္ဓယက တစ်ရာနိုင်ငံဆီ လက်အောက်ခံလိုက်ပုံပဲ"
"အဲဒါဆိုရင် ဒီတိုက်ပွဲက ရှုပ်ထွေးဦးမှာပေါ့ သေနာပတိ"
သေနာပတိဆိုသူက သက်ပြင်းတစ်ချက်ချရင်း
"တောင်ငူအင်ပါယာအရှင်က တစ်ရာနိုင်ငံရဲ့ အင်အားကြီးမားလာမှုကို ကြောက်ရွံနေပုံပဲ အဲဒါကြောင့် သွေးတိုးစမ်းနေတာထင်ပါတယ်"
"မဟုတ်ရင် တောင်ငူအင်ပါယာရဲ့ ထောက်ပံ့မှုမရှိပဲ ဟံသာဝတီနိုင်ငံတစ်ခုထဲရဲ့အင်အားနဲ့ အယုဒ္ဓယလို အင်ပါယာဟောင်းနိုင်ငံတစ်ခုကို ရန်စရဲမှာလဲဗျာ"
"အင်း ငါလဲ မကြာခင်မှာ မြင့်မြတ်သောမီးတောက်နယ်မြေကို ပြန်ရတော့မယ်၊ ဒီလိုပုံစံနဲ့ဆိုရင် သေနာပတိအနေနဲ့ ဇင်းမယ်နိုင်ငံကို ထိန်းချုပ်နိုင်ပါ့မလား"
"မဖြစ်နိုင်ဘူး အကြီးအကဲ၊ အခုတောင် တိုင်းလန်နိုင်ငံကို သိမ်းပိုက်ပြီးလို့ ဇင်းမယ်ဆီဆက်အတိုက်မှာ လူအင်အားက မလုံလောက်တော့ဘူးဖြစ်နေတယ်"
"အဲဒါအပြင် တစ်ဖက်မှာက အဆင့်၂လက်နက်တွေ အရမ်းများလွန်းတယ်၊ ငါတို့မှာ သန်းချီတဲ့စစ်တပ်ရယ် မြင့်မြတ်သောမီးတောက်နယ်မြေက ထောင်ချီတဲ့ ချီဘုရင်အဆင့် ဂိုဏ်းသားတွေရယ် ရာချီတဲ့ ချီဧကရာဇ်တွေရှိနေလို့သာ အခုလိုအနိုင်ရနေတာ"
"အကယ်၍ အကြီးအကဲတို့ မြင့်မြတ်သောမီးတောက်နယ်မြေရဲ့ အကူအညီသာမရခဲ့ရင် ဇင်းမယ်နိုင်ငံကို ဆက်တိုက်နိုင်မှာ မဟုတ်တော့ဘူး"
အင်ပေါ်တယ်ပထမအဆင့်ရောက်နေတဲ့ အဆိုပါမြင့်မြတ်သောမီးတောက်နယ်မြေရဲ့ အကြီးအကဲဆိုသူက အဝေးတစ်နေရာက ကောင်းကင်တစ်ခွင်ကို လှမ်းကြည့်လိုက်ရင်း
"အင်ပေါ်တယ်အဆင့်ပါလား သေနာပတိ၊ ဒီကုန်းမြေမှာ အင်ပေါ်တယ်အရှင်တွေမရှိတော့တာ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကထဲကမလား"
သေနာပတိက အံ့အားသင့်သွားရင်း
"ဘယ်လိုလုပ်ပြီး အင်ပေါ်တယ်အရှင်တစ်ဦး ပေါ်လာရတာလဲ၊ မဟုတ်မှလွဲရော တစ်ရာနိုင်ငံက စစ်ကူတွေများလား"
"အယုဒ္ဓယနိုင်ငံက ဘိုးဘေးအိုကြီးတွေကော မဖြစ်နိုင်ဘူးလား သေနာပတိ"
သေနာပတိက ခေါင်းအားခါရမ်းလိုက်ရင်း
"အယုဒ္ဓယဆိုတာ သက်တမ်းရင့်တဲ့ အင်ပါယာဟောင်းတစ်ခုဆိုပေမဲ့ အင်ပေါ်တယ်အဆင့် ဘိုးဘေးတွေ မရှိတာ ကုန်းမြေတစ်ခုလုံးအသိပဲ"
"ဒါပေမဲ့ တောင်ငူအင်ပါယာကိုယ်စားလှယ်တွေ တစ်ရာနိုင်ငံကိုသွားရောက်ကြတုန်းက ချီဧကရာဇ်တွေ ရာနဲ့ချီတွေ့ကြုံခဲ့ရတယ်လို့ ပြန်တင်ပြကြတယ်တဲ့"
"အဲဒါကြောင့် အင်ပေါ်တယ်အရှင်တစ်ဦးသာ ရှိမယ်ဆိုရင် အဖြစ်နိုင်ဆုံးက တစ်ရာနိုင်ငံပဲ အကြီးအကဲ"
"နောက်တစ်ခုက တစ်ရာနိုင်ငံရဲ့ခေါင်းဆောင် စောရန်နိုင်ဆိုတာကလဲ အင်ပေါ်တယ်အဆင့်လို့ သူလျိုတွေက သတင်းပို့ထားကြတယ်"
"ကျေးဇူးပြုပြီးအကြီးအကဲ ဒီတစ်ခါလဲ ကူညီပြီး တစ်ဖက်က အင်ပေါ်တယ်အရှင်ကို တားဆီးအနိုင်ယူကပေးပါဦး"
အခန်း ( ၁၄၇ ) ပြီး