← Chapters

အခန်း (၇၃-၇၅)

Vol. 5 Ch. 73-75

အခန်း (၇၃-၇၅)

Vol. 5 Ch. 73-75

အခန်း(၇၃)

( နောက်ကြောင်းပြန်ခြင်း )

"မခံယူဝံ့ပါဘူး အရှင်စော"

"ကဲ၊ ကဲ ရော့ဗျာ ဒီဆေး သောက်လိုက်ဦး ဗိုလ်ချုပ်ကြီး"

"ရပါတယ် သခင်လေး စော အသေးအဖွဲ့ပါ"

"ဟား .. ဟား၊ အားလုံးကို မိတ်ဆက်ပေး ပါရစေဗျ၊ သူကတော့ ပြည်နယ်စောင့်တပ်ရဲ့ ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်တဲ့ ထွန်းအောင်အောင်ပါ၊ သိတဲ့သူ တော့ သိကြမယ် ထင်ပါတယ်ဗျ"

"နူတ်ဆက်ပါတယ် ဗိုလ်ချုပ်ကြီး"

စောရန်နိုင်ရဲ့ လူတချို့က နူတ်ဆက်လိုက်ကြ ပါတယ်။ လွင်မိုးနဲ့မေသူဇာ ကလဲ

"လွန်ခဲ့တဲ့ နှစ် ၂၀ က ကျိုင်းကောင်နယ်မြေပြန် ဗိုလ်ချုပ်ကြီးထွန်းအောင် အကြောင်း ကြားဖူးနေတာ ကြာပါပြီဗျာ၊ အခုမှတွေ့ဖူးတာပဲ၊။ နူတ်ဆက်ပါတယ် ဗိုလ်ချုပ်ကြီး"

"မေသူဇာပါရှင်၊ လွန်ခဲ့တဲ့ နှစ် ၂၀ က ကျိုင်းကောင် နယ်မြေမှာ အဖေ့ကို ကယ်တင်ပေးခဲ့ ကျေးဇူးရှင်ကို အခုတွေ့ရပါပြီ"

"မင်းအဖေက ဘယ်သူလဲကွဲ့"

"အဖေက ယခင် ပန်းတစ်ရာ ဂိုဏ်းချုပ်မရဲ့ ကြင်ယာတော် ဒဿ ပါရှင့်"

"အော် .. သခင်လေး ဒဿ ရဲ့ သမီးကိုး၊ ရပါတယ်ကွယ် ၊ဒါနဲ့ သူကောနေကောင်းရဲ့လား"

"အဖေက လွန်ခဲ့တဲ့ နှစ် ၂၀ ၊ နိုင်ငံကူးပေါ်တယ် ကနေပြန်လာပြီး တစ်လအကြာ၊ အမည်မသိ စာတစ်စောင်ကို လက်ခံရရှိပြီး ထွက်သွားကထဲက ခုထိ ပြန်မလာတော့ပါဘူးရှင်"

"ကျိုင်းကောင်နယ်မြေ ၊ နိုင်ငံကူးပေါ်တယ် အဲဒါတွေက ဘာတွေလဲဗျ"

စောရန်နိုင် တစ်ယောက် သိချင်စောနဲ့ ဝင်မေးလိုက်ပါတယ်။ထွန်းအောင်က

"သခင်လေးစော သိထားရမဲ့ အကြောင်းအရာ တချို့ ရှိတယ်၊ တချို့ ကိစ္စ တွေကိုပေါ့၊ အထူးသဖြင့် သခင်လေးရဲ့ ဖခင် ယခင် စစ်ခေါင်းဆောင် နဲ့ သခင်လေးရဲ့ မိခင် လင်းဝူဆိုတဲ့ ကိုယ်လုပ်တော်ဝူ အကြောင်းပဲ

စောရန်နိုင် မျက်မှောင်ကျုံ့လိုက်ရင်း

"ဟုတ်၊ ကျွန်တော်လဲ အဲဒီအကြောင်းတွေကို သိချင်နေမိတယ်ဗျ၊ ပြောပြပါဦး"

"လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက အောင်မင်္ဂလာ နိုင်ငံကို အင်ပါယာရဲ့ တတိယသားတော် စံဖဲက ယာယီအုပ်ချုပ်တဲ့ အချိန်ကာလပေါ့"

"အောင်မင်္ဂလာနိုင်ငံရဲ့ ထီးနန်းကို အောင်မိသားစုကပဲ ဆက်ခံရတာ မဟုတ်ဘူးလားဗျ"

"ဒီမတိုင်ခင်နဲ့ အဲဒီအချိန် မတိုင်ခင်တုန်းက ဟုတ်တယ်"

"ဘာလို့လဲဗျ"

"အဲဒီအချိန်တုန်းက အောင်မင်္ဂလာနိုင်ငံရဲ့ ဘုရင် အောင်မျိုးက တစ်ဖက်ကုန်း‌မြေကလာတဲ့ မှော်ဝင်အင်ပါယာနဲ့ သီရိမင်္ဂလာ အင်ပါယာတို့ စစ်ဖြစ်တဲ့ အချိန်မှာ ကျဆုံးသွားတယ်လေ"

"ပြီးတော့ နောက်ထပ် ဆက်ခံမဲ့ အောင်မိသားစု လူငယ်ခေါင်းဆောင် အောင်ချမ်းနိုင်က နိုင်ငံကို မအုပ်ချုပ်နိုင် တော့ မိသားစုကြီးတွေကြား ပဋိပက္ခတွေ ဖြစ်ပြီး နိုင်ငံ မတည်ငြိမ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အင်ပါယာက ဘုရင်နေရာကို ခနထိန်းထားလိုက်တာပဲ"

"အင်အားကြီးလာတဲ့ ရန်မိသားစု ကိုထိန်းထား ချင်တာလဲ ပါတာပေါ့လေ"

"အော် ၊ ဆက်ပါဦးဗျ"

"တ‌စ်နေ့မှာ အောင်နန်းတွင်းကနေ ဆင့်ခေါ်ခြင်း အမိန့်တခုကို လက်ခံခဲ့ကြရတယ်"

"ရန်မိသားစု လူငယ်ခေါင်းဆောင် ရန်ထက်အောင်၊ တိုက်မိသားစု လူငယ်ခေါင်းဆောင် တိုက်နိုင်စိုး၊ လင်းမိသားစု လူငယ်ခေါင်းဆောင် လင်းထက်၊ အောင်မိသားစု လူငယ်ခေါင်းဆောင် အောင်ချမ်းနိုင်အပါအဝင် အဲဒီအချိန်က ဂိုဏ်း သားတော်တွေ ဖြစ်တဲ့ ဆေးပညာဂိုဏ်းက နန္ဒ၊ ဓားတစ်ထောင်ဂိုဏ်းက ဗျတ္တ၊ ပန်းတစ်ရာဂိုဏ်းချုပ်မ ကြင်ယာတော် ဒဿ၊ တိမ်အရိပ် ဂိုဏ်းသားတော် ရာဝဏ တို့ အပါအဝင် အရံအင်အားစု အနေနဲ့ ဂိုဏ်းအသီးသီး၊ မိသားစုအသီးသီးက ချီစစ်သူကြီး အထက်အဆင့် အားလုံးကို ဆင့်ခေါ်ခဲ့တယ်"

"နောက်ထပ် အရံအနေနဲ့ လဲ ငါတို့ပြည်နယ်စောင့် တပ်တွေက ဗိုလ်ချုပ်ကြီး တွေကို ဆင့်ခေါ် ခဲ့ ကြတယ်ပေါ့လေ"

"အဲဒီအထဲကနေ သင့်တော်တဲ့ လူ ၂၅၀ကို ရွေးထုတ်ခဲ့ပြီး ရန်မိသားစု လူငယ်ခေါင်းဆောင် ရန်ထက်အောင်ကို စစ်ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့တာပဲ"

"ပြဿနာရဲ့ မူလဇာတ် မြစ် အစက အဲ့ဒီကစတာပဲ"

"ဘယ်လိုမျိုးလဲဗျ"

အခန်း(၇၃)ပြီး

အခန်း(၇၄)

( လွန်ခဲ့သော အနှစ် ၂၀ အချိန်ကာလ )

အောင်မင်္ဂလာ နိုင်ငံတော်ကို သီရိမင်္ဂလာ အင်ပါယာရဲ့ မင်းသား တစ်ဦးက အုပ်ချုပ်နေချိန် ဖြစ်ပါတယ်။

ရန်မိသားစုရဲ့ လူငယ်ခေါင်းဆောင် ရန်ထက်အောင် ဟာ တစ်ခေတ်တစ်ခါသာ ပေါ်ထွန်းခဲ့တဲ့ တောက်ပတဲ့ လူငယ်တဦး ဖြစ်ပါတယ်။

ရန်မိသားစုရဲ့ ပြိုင်ဘက် မိသားစု လူငယ်ခေါင်းဆောင် တွေကို ဦးချိူးနိုင်ခဲ့ပြီး ကျင့်ကြံဆင့် မြင့်ခဲ့သူလဲ တစ်ယောက်ပါ။

မိသားစု ပြဿနာ တွေကနေ ဝေးဝေးနေပြီး စီးပွားရေးကိုသာ အဓိက ထားကြတဲ့ လင်းမိသားစု မှာလဲ လူငယ် ပါရမီရှင် တစ်ဦးရှိခဲ့ပါတယ်။

လင်းဝူ ဆိုတဲ့ သူမဟာလဲ ရန်ထက်အောင် ထက်အနည်း ငယ်သာ လျော့ကျတဲ့ ပါရမီရှင် မိန်းခလေး တစ်ဦး ဖြစ်ပါတယ်။

တစ်နေ့မှာတော့ နှစ် ၂၀ ကိုတစ်ကြိမ် ကျင်းပနေကြ ဖြစ်တဲ့ နိုင်ငံအဆင့် ဖြစ်တဲ့ ကျိုင်းကောင် သုတ်သင်ရေး ပြိုင်ပွဲမှာ ယှဉ်ပြိုင်ကြဖို့ အမိန့်စာ ကိုယ်စီ လက်ခံရရှိခဲ့ပါတယ်။

"ဟွန့် .. သူ့ကိုယ်သူ ပြိုင်ဘက်ကင်း ပါရမီရှင် ဆိုပြီး ဘဝင်မြင့် နေတာများ"

"မိန်းခလေး လင်း ကျွန်တော် ခင်ဗျားကို ဘာအပြစ်များ လုပ်ထား မိပါလိမ့်"

ဒါဟာ သူတို့နှစ်ဦးရဲ့ တွေ့ဆုံချိန် တိုင်း ဖြစ်နေကြ ရန်ပွဲလေး တစ်ခုပါပဲ၊ လင်းဝူဟာ ရန်ထက်အောင် ထက် အနည်းငယ် အသက် ငယ်ပါတယ်။

လင်းဝူ ဟာ ထိုအချိန်က အောင်မိသားစုဝင် လူငယ်တဦးဦးနဲ့ စေ့စပ်ဖို့ စီစဉ် ခံနေရချိန် ဖြစ်ပါတယ်။

စိတ်ထွက်ပေါက် အနေနဲ့ သဘောထားကြီးပြီး သည်းခံတက်တဲ့ ရန်ထက်အောင် အပေါ် နွဲ့ဆိုး ဆိုးနေသူ တစ်ယောက်လဲ ဖြစ်ပါတယ်။

လင်းဝူ ရဲ့မောင် လင်းထက်နဲ့ ရန်ထက်အောင်ဟာ သွေးသောက် ညီအကို အဖြစ် သစ္စာဆိုထား သူတွေ ဖြစ်ကြပြီး ဒဿ၊ ဗျတ္တ၊ နန္ဒ တို့နဲလဲ ခင်မင်ရင်းနှီး ကြသူတွေပါ။

သူတို့ထက် အသက်ကြီးသူ လင်းဝူ တစ်ယောက် အနိုင်ကျင့်တိုင်း ခံပေးကြရသူတွေ ဆိုလဲ မမှားပါဘူး။

လင်းဝူ ကို တစ်ဖက်သတ် ကျိတ်ကြံနေသူက ရန်မိသားစုဝင် လူငယ်တစ်ဦး ဖြစ်တဲ့ ရန်ထက်အောင်ရဲ့ ဒုတိယ ညီအကို ရန်နိုင်အောင်ပါ။

သူရဲ့ မိတ်ဖက် တွေက အောင်မိသားစု လူငယ်ခေါင်းဆောင် အောင်ချမ်းနိုင် နဲ့ တိုက်မိသားစု လူငယ် ခေါင်းဆောင် တိုက်နိုင်စိုး တို့ဖြစ်ကြပါတယ်။ တိမ်အရိပ် ဂိုဏ်းရဲ့သားတော် ဗလနဲ့ လဲ ပနာသင့်နေကြ ပါသေးတယ်။

ဒါတွေဟာ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်က ကျိုင်းကောင်နယ်‌မြေကို ပ်ြုပွဲဝင်ဖို့ သွားခဲ့ကြတဲ့ မိသားစု အလိုက် လူငယ်ခေါင်းဆောင် တွေနဲ့ ဂိုဏ်းသား တော် တချို့ပဲဖြစ်ပါတယ်။

အောင်မင်္ဂလာ နိုင်ငံတော်ရဲ့ နိုင်ငံကူး ပေါ်တယ် ရှေ့မှာတော့ မိသားစု ခေါင်းဆောင် အသီးသီး နဲ့ ဂိုဏ်းချုပ် အသီးသီးဟာ သူတို့နဲ့ သက်ဆိုင်သူ တွေကို မှာစရာ ရှိတာ မှာနေကြပါပြီ။

အချိန်တစ်နှစ် ကျော်ကြာမဲ့ ဒီခရီးလမ်းဟာ သူတို့လို တက်သစ်စ လူငယ်များ အတွက် ဘဝနဲ့ ဆိုင်တဲ့ အထိမ်းအမှတ် တခုဖြစ်နေတော့မှာပါ။

( ဟုတ်ကဲ့၊ ဒီလောက်ဆိုရင် ဘယ်သူဘယ်ဝါ သိကြလောက်ပါပြီ၊စာစဉ် ခုနှစ် မှာ စောရန်နိုင် သွားရမဲ့ ကျိုင်းကောင်‌နယ်မြေဆီ တိုက်ရိုက် ကျော်လိုက်ကြ ရအောင်ဗျာ- စာရေးသူ )

အောင်င်္ဂလာ နိုင်ငံရဲ့ နိုင်ငံကူး ပေါ်တယ် ကနေတစ်ဆင့် ရွှေတစ်ခေတ် နိုင်ငံရဲ့ နိုင်ငံကူးပေါ်တယ် ဆီအရင် သွားကြရပါတယ်။ ထိုမှတဆင့် သီရိမင်္ဂလာ အင်ပါယာရဲ့ မြို့တော် ဟန်လင်းမြို့ဆီ ဆက်လက်၍ ပေါ်တယ် ကူးရပါသေးတယ်။

ထိုသို့ နိုင်ငံပေါင်း ဆယ့်သုံးခု အင်ပါယာ နှစ်ခုကို ပေါ်တယ် အဆင့်ဆင့် ကူးပြီးတဲ့ အခါမှာတော့ ခရီးလမ်းဆုံးဖြစ်တဲ့ အယုဒ္ဓယ အင်ပါယာရဲ့ လက်အောက်ခံ မဲဆောက်နိုင်ငံ ကိုရောက်ရှိပါပြီ။

"ဝါး .. လှလိုက်တာ၊ ဒီလို ဒေသမှာ ကျိုင်းကောင်သားရဲ တွေရှိနေတာ ယုံတောင် မယုံနိုင်ဘူး"

မိန်းခလေးတစ်ဦး ပီသစွာပဲ လင်းဝူတစ်ယောက် အသံထွက်သွား မိပါတယ်။

"ယို့ .. ဘယ်က တောသူလဲ မှတ်တယ် လက်စသတ်တော့ အောင်မင်္ဂလာ နိုင်ငံကကိုး"

"ဟား .. ဟား၊ စီနီယာကလဲ အခုမှ မြို့ရောက်ဖူးတဲ့ တောသူတစ်ယောက်ကို မနှိမ်ပါနဲ့"

"ဝါး .. ဟား .. ဟား"

သူတို့ကတော့ ရွှေတခေတ် နိုင်ငံရဲ့ ကိုယ်စားလှယ် အဖွဲ့တွေပါပဲ၊ တနည်းအားဖြင့် ပြိုင်ပွဲဝင်တွေပေါ့လေ။

လက်ရှိ မဲဆောက်နိုင်ငံရဲ့ မြို့တော်မှာတော့ အင်ပါယာ သုံးခု လက်အောက်ခံ နိုင်ငံပေါင်း ငါးဆယ်ကျော် က ကိုယ်စားလှယ် အဖွဲ့တွေ ရောက်ရှိနေကြပါပြီ။

တခြား နိုင်ငံတွေ မှာတော့ ဂိုဏ်းကြီးတွေဆိုတာ ဘုရင် တွေရဲ့ လေးစားမှုကို ခံကြရပြီး နိုင်ငံရေးမှာလဲ အတော်အသင့် အာဏာရှိကြပါတယ်။

ထိုနိုင်ငံ များထဲမှ တမူထူး နေတာက အောင်မင်္ဂလာ နိုင်ငံတော်ပါပဲ။

အင်အားအနည်းဆုံး မဟုတ်ပေမဲ့ အဆင့်ကောင်းကောင်း မကြာခန ရလေ့ရှိတဲ့ နိုင်ငံမို့ တခြားသူတွေ အတွက် မျက်မုန်းကျိုးစရာ ဖြစ်နေပါတယ်။

"ဘာ .. ဘယ်သူ့ကို တောသူမလို့ ခေါ်လိုက်တာလဲ"

အခန်း(၇၄)ပြီး

အခန်း(၇၅)

( သူရဲဘောကြောင်ကြီး )

"ဘာ .. ဘယ်သူ့ကို တောသူမလို့ ခေါ်လိုက်တာလဲ"

"ချွမ်း"

ခါးမှာ ချိတ်ဆွဲထားတဲ့ ဓားရှည်ကို ခပ်ကြမ်းကြမ်း ဆွဲထုတ်လိုက်ရင်း မိစွာတေး လင်းဝူတစ်ယောက် ဒေါသတကြီး မေးလိုက်ပါတယ်။

"ဟွန့် .. ချောင်ခြို ချောင်ကြား နိုင်ငံက တောသူမ ကများ စွာရတယ်ရှိသေး"

"သိချင်ရင် ဓားနဲ့ စမ်းကြည့်လေ"

တကယ်ပဲ တခြားနိုင်ငံ တွေနဲ့ ယှဉ်ရင် အောင်မင်္ဂလာ နိုင်ငံက ချောင်ကြပြီး ကျင့်ကြံဆင့် နိမ့်လှပါတယ်။

အနောက်ဘက်မှာ သားရဲတစ်ထောင် တောအုပ်ရှိနေပြီး မြောက်ဘက်မှာတော့ အဆုံးမရှိ လို့ထင်ရတဲ့ သေမင်းတမန် ပင်လယ်နီကြီး ရှိနေပါတယ်။

"မိန်းခလေးလင်း စိတ်လျော့ပါ၊ အဆင့်နဲ့ သက်သေပြ ကြတာပေါ့"

ရန်ထက်အောင် ဝင်တားနေပါတယ်။

"ရှင့်ကိုရှင် ပါရမီရှင် ဆိုပြီး အခုတော့ သူရဲဘော ကြောင်နေပါလား"

"ဘာလဲ၊ သူတို့ကို ကြောက်နေတာလား"

ရွှေတစ်ခေတ် နိုင်ငံရဲ့ ကိုယ်စားလှယ်က

"ယို့ .. ဒါက အောင်မင်္ဂလာ နိုင်ငံရဲ့ တစ်မိုးအောက် တစ်ယောက်ထွန်း ဆိုတဲ့ ရန်ထက်အောင်ကိုး"

"ဟား .. ဟား၊ အရေးကြုံတော့ မိန်းခလေး တစ်ယောက်လောက်တောင် သတ္တိ မရှိပါလားဟေ့"

"ဟား .. ဟား"

ဘေးမှာရှိတဲ့ တခြားနိုင်ငံက ကိုယ်စားလှယ် တွေလဲ လှောင်ပြောင်နေကြပါတယ်။

"ကြောက်သင့် ပါတယ်ကွာ၊ အင်ပါယာက ဖိနှိမ့်ထားတာ ကြာတော့ ဘယ်လိုလုပ် သတ္တိရှိ ရဲတော့မလဲ"

ရန်နိုင်အောင်က

"စစ်ခေါင်းဆောင်၊ ကျွန်တော်တို့ အောင်မင်္ဂလာ နိုင်ငံရဲ့ အစွမ်းအစ ကိုဘာလို့ မပြရ မှာလဲဗျ"

"ဟုတ်တယ် စစ်ခေါင်းဆောင်၊ သူတို့ကို နာနာ ရိုက်ပစ်သင့်တယ်"

တိုက်နိုင်စိုးနဲ့ ရန်နိုင်အောင်က ဘေးကနေ နာသလိုလိုနဲ့ ဝင်ပြီး မြှောက်ပင့် နေကြတာပါ။

ဘာလို့လဲဆိုတော့ ဒီပြိုင်ပွဲရဲ့ ဒိုင်သူကြီးတွေ ထဲမှာ သီရိမင်္ဂလာ အင်ပါယာရဲ့ အကြီးအကဲ ပိုင်းတွေပါ နေပါတယ်။

ပြိုင်ပွဲရဲ့ စည်းမျဉ်းက ရိုးရှင်းပါတယ်။ ပြိုင်ပွဲဝင် အခြင်းခြင်း ပြဿနာမဖြစ်ရ၊ ဖြစ်ခဲ့ရင် အရင်ဆုံး စတိုက်သူက ပြိုင်ပွဲက‌နေ နုတ်ထွက်ရမှာပါ။

"မိန်းခလေးလင်း၊ သူရဲကောင်းနဲ့ သူရဲဘောကြောင် ဆိုတာကို ကျိုင်းကောင် သားရဲတွေနဲ့ တွေ့တဲ့ အခါ သူတို့သိ သွားမှာပါ"

"ပြိုင်ပွဲစည်းကမ်း ကိုလဲ မမေ့ပါနဲ့ ၊ ဒီကို ရန်လာ ဖြစ်ကြတာ မဟုတ်လို့ အခုတော့ တည်းခိုခန်းပဲ ဆက်ရှာကြတာပေါ့"

"ဟွန့် .. ကြောက်ရင် ကြောက်တယ်ပေါ့ ၊ သူရဲဘောကြောင်ကြီး"

"သွားကြစို့

ရန်ထက်အောင်က သူ့အဖွဲ့ကို ခေါ်ပြီး မြို့တော်ထဲမှာ တည်းခိုခန်း လည့်ပတ် ရှာနေပါတယ်။

တည်းခိုခန်းတစ်ခု ရဲ့ ကောင်တာ ရှေ့မှာတော့

"ဧည်သည်တော် တို့က သားရဲ နှိမ်နှင်းဖို့ လာကြတာ ထင်တယ်ဗျ၊ ကြွပါ .. ကြွပါခင်ဗျ"

"ဟုတ်ကဲ့၊ လူ နှစ်ရာ့ငါးဆယ် အတွက် အခန်းကော လောက်ပါ့မလားဗျ"

"ဟဲ .. ဟဲ၊ လုံလောက် တာထက် ပိုနေပါသေး တယ်‌ခင်ဗျ၊ ပြီးတော့ သားရဲနှိမ်နှင်း ဖို့လာကြတဲ့ ဧည်သည်တော် တွေကိုလဲ တည်းခိုခ မယူကြဖို့ မဲဆောင် ဘုရင်မင်းမြတ်က မေတ္တာ ရပ်ခံထားပါတယ်ဗျ"

"အဲဒါကြောင့် အခမဲ့ တည်းခို နိုင်ပါတယ်ခင်ဗျ၊ ဧည်သည်တော်တွေက စားသောက်ဖို့ စရိတ်တစ်ခုပဲ ပေးချ ရမှာပါဗျ"

"ကျေးဇူးပါပဲ"

ရက်ပေါင်း ခြောက်ဆယ်ကျော် ပေါ်တယ် အဆင့်ဆင့် ကူး ပြီးတဲ့ နောက်မှာတော့ သူ‌တို့အဖွဲ့ဟာ ပြိုင်ပွဲကျင်းပရာ မဲဆောက်နိုင်ငံရဲ့ မြို့တော် မဲဆောင်မြို့မှာ တည်းခိုနိုင် ခဲ့ကြပါပြီ။

အခန်း(၇၅)ပြီး

All Chapters