← Chapters

အခန်း (၇-၉)

Vol. 1 Ch. 7-9

အခန်း (၇-၉)

Vol. 1 Ch. 7-9

အခန်း(၇)

(အရိပ်အစေခံ)

"သေပေတော့ ... အမှိုက်ကောင်"

"မြို့စား"

ပြေးဝင်လာသော ဝတ်ရုံနက် ဓားသမား ကျင့်ကြံသူအား သံမဏိဓားဖြင့် ကပြာကယာ ခုခံရင်း စောရန်နိုင်မှ

"အို့ ... ဘယ်ဆိုးလို့လဲ၊‌ အောင်မျိုးနွယ်ရဲ့ မင်းသားဘွဲ့ရ ပီသပါပေတယ် ... ဟား ... ဟား"

"ဝှစ်"

စောရန်နိုင်သည် စနစ်မှ စတင်ခြင်း ဆုလာဒ်အဖြစ် ရရှိထားသောကျင့်ကြံခြင်း အဆင့် လေးဆင့်အား ထုတ်ဖော်လိုက်လေသည်။

"ဟင် ... ဟာ"

တပ်ဖွဲ့မှူး ဝင်းနဲ့တကွ အားလုံး ရုတ်တရက် အံ့အားသင့်ကုန်ကြ၏။

ရုတ်တရက် တိုက်ခိုက်မှုများ ခနမျှ ရပ်ဆိုင်း ကုန်လေသည်။

"အမှိုက် မင်းသားဆို"

"မကျင့်ကြံ နိုင်ဘူးဆို"

"ဘယ်တုန်းက စကျင့်ကြံလိုက်လို့ အခြေခံ တည်ဆောက်ခြင်း ကိုရောက်နေရ တာလဲဟ"

အောင်ဇေယျနိုင်မှ လက်ညိုးထိုးလျက်

"မင်း ... မင်း ... ကျင့်ကြံနိုင် သွားပြီလား"

"ပြီးတော့ ငါမှန်း ... ဘယ်လို ... ဘယ်လိုသိ သွားတာလဲ"

[ ဒီအရူး ကတော့ကွာ ]

တွန့်ဆုတ်သွားသော အောင်ဇေယျနိုင်အား ကြည့်ကာ တပ်ဖွဲ့မှုးဝင်းအား ဖိတိုက်နေရင်း

"ဒီကောင် သေကိုသေမှ ရတော့မယ် ... ညီအစ်ကို‌အောင် သူ့ကိုအဆုံးသတ်လိုက်တော့"

ဝတ်ရုံနက်သည် ကျင့်ကြံဆင့် တူသော်လည်း သိုင်းပညာရပ် အသာဖြင့် ဖိတိုက်နေရာ တခန၌ပင် တပ်ဖွဲ့မှုးဝင်း လွှင့်စင်သွားလေသည်၊၊

"ဝေါ့"

တပ်ဖွဲ့မှူးဝင်း တစ်ယောက် သွေးအန်သွား၏။

သေရေးရှင်ရေးကြောင့် စောရန်နိုင်၏ ကျင့်ကြံနိုင်ခြင်းအား များများစားစား ဂရုမစိုက် နိုင်ကြချေ၊ နောက်တဖန် ပြန်တိုက်ကြ လေသည်။

ရရှိထားသော ဒဏ်ရာအား အံကျိတ် သည်းခံထားရင်း

"တပ်ဖွဲ့ ... ဖွဲ့စည်းပုံ အစီအရင် ခင်းကြ"

"ဟား ... ဟား ... နောက်ကျလွန်း မနေဘူးလား တပ်ဖွဲ့မှုး

ဝင်း"

မှန်ပေသည်၊၊

တိုက်ခိုက်ကြချိန်မှာ ၁၅မိနစ် မျှသာ ကြာသေးသော်လည်း နန်းတွင်းတပ် လူ၅၀ အနက်မှ ၁၅ဦး ခန့်သာ ကျန်တော့ပြီး ထိုထဲမှ တချို့ဟာ ဒဏ်ရာ ပြင်းထန်နေ၏။

မကြာခင်၌ ရာနှင့်ချီသော လုပ်ကြံရေးသမားများက စောရန်နိုင်တို့ကို ဝန်းရံမိ သွားလေသည်။

"မင်းတို့က ဘယ်သူတွေလဲ ... နန်းတွင်းတပ်ကို တိုက်ခိုက်ရင် သေ

ဒဏ်ဆိုတာ မသိဘူးလား"

တပ်ဖွဲ့မှူးဝင်း၏ မေးခွန်းအား လျစ်လျူရှုရင်း ... ဝတ်ရုံနက်

များမှ

"အမှိုက်ကောင်၊ ဒီနေ့မှ မင်းမသေရင် ငါမျိူးရိုး နာမည်ပြောင်း ပစ်မယ်ကွ"

"အမှိုက်ကောင်၊ သေလိုက်တော့"

"ငါ့ညီအစ်ကိုအတွက် ကလဲ့စား ချေရမယ်"

"မင်းကြောင့် ကိုယ့်ကိုကိုယ် အဆုံးစီရင် ခဲ့ရတဲ့ ငါ့ညီမအတွက် မင်းအသက်ကို ပြန်ပေးစမ်း"

"ငါ့ညီမ အတွက်"

"ငါ့အမ အတွက်"

"ငါ့အစ်ကို အတွက်"

"ငါ့ညီအတွက်"

"ငါတို့ရဲ့ အိမ်မက်နတ်သမီး အတွက်"

"ဆောင်ကြိုင်မြိုင်မှာ ငါ့နာမည်နဲ့ အကြွေး ချသွားတဲ့ အတွက်"

"ငါ့အကြွေး ရွှေပြား တစ်သောင်းကို အသက်နဲ့ ပြန်ဆပ်စမ်း"

ရာနဲ့ချီသော လူတစ်စု၏ တစ်ယောက်တစ်ပေါက် အော်သံများကြောင့် တပ်ဖွဲ့မှူးဝင်း သွေးအန်ချင် သွားလေသည်၊၊

[ မြို့စားရယ် ... ခင်ဗျား မင်းသားဘဝတုန်းက ဘယ်လောက်

တောင် သောင်းကျန်းခဲ့ တာလဲဗျာ ]

ထိုသို့တွေးရင်း စောရန်နိုင်အား လှမ်းကြည့်မိရာ ဘာမှမသိတဲ့

လူတစ်ယောက်လို ကြောင်တောင်တောင် ငေးကြည့်နေတာကို မြင်လိုက်ရ၍ မထိန်းနိုင်တော့ပဲ သွေးတစ်လုတ် အန်မိသွား၏။

[ ခင်ဗျား ... ဘာမှမသိဘူးလို့တော့ မပြောနဲ့နော် ]

တကယ်လဲ စောရန်နိုင် တစ်ယောက် ဘာမှမသိပါ၊ တစ်ယောက် တစ်ပေါက် အော်ဟစ်နေတဲ့ ရာနဲ့ချီသော လုပ်ကြံသူများအား ငေးကြည့်နေယုံသာ တက်နိုင်တော့၏။

တပ်ဖွဲ့မှူးဝင်း၏ အကြည့်အား သတိထားမိသည်တွင် ပုခုံးတစ်ချက်သာ တွန့်ပြလိုက်မိ၏။

အိမ်မက်နတ်သမီး ဆိုသူအား ကြည့်မိရာ သူ့အား တိုက်ခိုက်သူမှာ အောင်မိသားစုမှ အောင်ဇေယျနိုင် ဖြစ်နေလေ၏။

"အမှိုက်ကောင် ... ငါ့ဇင်မာ‌ကို ငါ့ဆီ ပြန်ပေးစမ်း"

ထိုသူအား ပြန်ကြည့်ရင်း စောရန်နိုင် က

"ဘယ်က ဇင်မာလဲ"

"အာ"

"ဖွီး"

"ဟာ"

"မင်း ... မင်း"

ဇင်မာဆိုတာ ဘယ်သူလဲ သူမမှတ်မိပါ၊ စိတ်လဲ မဝင်စားချေ၊၊

"ခင်ဗျားတို့ ဘာတွေ ပြောနေကြလဲ ကျွန်တော်မသိဘူး၊ ဒါပေမဲ့ ခင်ဗျားတို့က ကျွန်တော့်ကို သေစေချင်မှတော့၊ခင်ဗျားတို့ သေလို့ရပြီ"

"ဟား ... ဟား ... ဟား"

"တဲ့တိုး မဆန်လွန်းဘူးလားဟ"

"သူက အရှက်မရှိတဲ့အပြင် သူ့ရဲ့ မသိတက်မှုက ကယ်မရတော့ဘူး"

[ မြို့စားရယ်၊ ရူးသွားပလား၊ ဘေးပတ်လည်လဲ ကြည့်ပါဦးဗျ၊ ရာနဲ့ချီတဲ့ အခြေခံ တည်ဆောက်ခြင်း အဆင့်တွေဗျ၊ ခင်ဗျားက အခုမှအခြေခံ တည်ဆောက်ခြင်း အစောပိုင်းပဲ ရှိသေးတာလေ၊ မေမေ လာခေါ်ပါ ]

"ဟား ... အကြီးမားဆုံး ဟာသတစ်ခုကို ကြားလိုက်ရသလားလို့ ..အစ်ကိုတော်တိုက်ရေ၊ သေလိုက်တော့တဲ့၊ ဟား"

"ရီရလွန်းလို့ အူတောင်နာနေပြီ ညီအစ်ကိုအောင်ရေ ... ဟား"

ထို့နောက် မျက်နာတည်ကြီးနှင့်

"ညီအစ်ကိုတို့၊ အမှိုက်ကောင်ကို အဆုံးသတ် ပေးလိုက်ကြတော့"

"တပ်ဖွဲ့မှူးဝင်း၊ နောင်ဘဝမှာ ဒီလိုကောင်နဲ့ ဝေးဝေး နေဖြစ်အောင်

ဆုတောင်း သွားပေတော့၊ ကျား"

"အန္နိမဓားသိုင်း ... ကန်ရေပြင် ပိုင်းဖြတ်ခြင်း"

တပ်ဖွဲ့မှူးဝင်းက

[ တိုက်မျိုးနွယ်၊ အောင်မျိူးနွယ်၊ ဘုရားရေ ... ၊ ဘယ်လိုမျိုး အရှုပ်ထုပ်ထဲ ပါမိနေပြီလဲ ]

"ကိုယ့်အသက်ကိုယ် ကာကွယ်ကြ"

"ချွင် ... ချွင် ... ထန်"

ကိုယ်စီအသက်လု တိုက်နေကြ ပြန်လေသည်၊ အမှန်က တဖက်သက် တိုက်ပွဲတခုသာ

( ပြင်းပြင်းထန်ထန် တိုက်နေကြတယ်လို့သာ မှတ်ပါလေ )

အောင်ဇေယျနိုင်မှာလဲ စောရန်နိုင်အား အတင်းဖိပြီး တိုက်လေတော့သည်။

ကျင့်ကြံခြင်း ကွာဟမှုကြောင့် အောက်စည်း ရောက်နေသော စောရန်နိုင်ရဲ့ ရုတ်တရက် အပြုံးကြောင့် အောင်ဇေယျနိုင်လဲ ကျောချမ်းသွားတော့၏၊ ဘာမှားလို့ မှားနေမှန်း သူမသိပါ၊၊

"စနစ်‌ရေ၊ အရိပ်အစေခံ တပ်ဖွဲ့ကို ဆင့်ခေါ်မယ်"

စနစ်

"တွမ် ... အရိပ်အစေခံ တပ်ဖွဲ့ရောက်ရှိ"

[ ဘယ်သူတွေလဲ ... အခြေအနေ မကောင်းတော့ဘူး ]

ဘေးမှ စောင့်ကြည့်နေသော တိုက်ချုံးတစ်ယောက် မျက်မှောင်ကျုံ့ရင်း တွေးနေမိစဥ်၊ ရုတ်တရက်

"ဝှစ် ... ဒုတ် ... အာ့"

တိုက်ချုံးတစ်ယောက် မတိုက်လိုက်ရပဲ မေ့မျောသွားတော့သည်။

တိုက်ချုံး

[ အစ်ကိုကြီး အဲ့ဒါတော့ မလွန်ဘူးလားဗျာ ... ဝါး ]

( ငိုသံကြီးနှင့် )

ရုတ်တရက် တောအုပ်ထဲမှ ထွက်ပေါ်လာသော လူတစ်ရာခန့်အား

ကြည့်ရင်း တိုက်ပွဲခန တန့်သွားလေ၏။

"ဝုန်း ... အား"

အသံတချက် နဲ့အတူ အောင်ဇေယျနိုင် လွင့်စင်သွားကာ ခပ်လှမ်းလှမ်းရှိ သစ်ပင် တစ်ပင်နှင့် ဝင်ဆောင့်မိသွား၏။

အခန်း(၇)ပြီး

အခန်း(၈)

(ပထမဆုံး ဆုလာဒ်)

"ညီအစ်ကိုအောင် ... မင်းဘယ်သူလဲ၊ ငါတို့တိုက်မျိုးနွယ်ကို လာ

ရှုပ်ဝံ့တယ်ပေါ့ ... သေပေတော့"

တိုက်လင်းဟန်သည် တပ်ဖွဲ့မှူးဝင်းအား ဓားဖြင့် ခုတ်ချကာ အမျိုးအမည်မသိ သူထံသို့ တိုးဝင်သွားလေသည်၊၊

"ယား ... သူများအလုပ် ဝင်ရှုပ်တဲ့ကောင်၊ သေလိုက်တော့"

"အန္နိမ ဓားသိုင်း ... ဓားတရား စီရင်မှု"

"မင်းသားနှစ်က ဓားတရား စီရင်မှုကိုတောင် သင်ထားပြီလား"

"အဲ့အကွက်က တိုက်မျိုးနွယ်ရဲ့ အစွမ်းထက်ဆုံး အကွက်မလား"

"ဟုတ်တယ် ... ဟုတ်တယ် ... တိုက်မျိုးနွယ်ရဲ့ ဘိုးဘေး တစ်ယောက်ပဲ အဲ့ဓားကွက်ကို သိမြင်ခြင်း အဆင့်ထိ တက်မြောက်ထားတာဆို"

"တိုက်မျိုးနွယ်တော့ ရှေ့ဆက်လျှောက် တိုးတက်ဦးမှာပဲ"

"ကျွတ် ... ကျွတ် ... အဲ့လူတော့ မင်းသားသုံးကိုမှ သွားရန်စ"

ထိုသူမှာ မျက်လုံးပြူးကြီးနှင့် ကြည့်ကာ

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ဟာ ..... ဟင် ..... ဟို"

( ရုတ်တရက် အံ့သြောကုန်တယ်လို့ မှတ်ပါလေ )

"ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"အား ... ဘာလို့ ငါ့ကို လာဆိတ်တာလဲ"

"ငါအိမ်မက်များ မက်နေသလားလို့ စမ်းကြည့်တာ"

"ကိုယ့်ဘာသာ ပြန်စမ်းပါလားဟ"

"နာမှာ ဆိုးလို့ဟ"

တိုက်လင်းဟန်၏ ဓားကို အမျိုးအမည် မသိသူမှ လက်ညှိုးလက်မဖြင့် ညှပ်ကာ တားထားခြင်း ဖြစ်လေသည်။

တိုက်လင်းဟန်၏ ခုတ်ချက်အား ပြန်ကာရင်း လွင့်စင်သွားသော တပ်ဖွဲ့မှူး ဝင်းမှာ သွေးတလုတ် အန်ရင်း

[ သူ ဘယ်သူလဲ ]

ထို့နောက် ထိုလူမှ လက်ညှိုးလက်မအား အသာလေး လှန်လိုက်ရင်း လက်ဝါးတချက် ရိုက်ထုတ်လိုက်ရာ တိုက်လင််းဟန်ဓားက ကျိုးသွားပြီး လူရောဓားပါ အနောက်သို့ လွှင့်စင် သွားလေသည်။

"အရိပ်အစေခံ တပ်မှူးဇော်ပိုင်မှ သခင့်အား ဂါဝရပြုပါတယ်"

"အရိပ်အစေခံ တပ်မှူးဇင်ဝိုင်းမှ သခင့်အား ဂါဝရပြုပါတယ်"

ဟူးလား ... လား

ပတ်ဝန်ကျင် တခုလုံး တိတ်ဆိတ်သွား

သူတို့အားလုံး၏ အတွေးကိုယ်စီ၌

[ အမှိုက်မင်းသားဆို၊ ဘယ်တုန်းက အဲဒီလောက် အစွမ်းထက်တဲ့နောက်လိုက်တွေ ရှိသွားတာလဲ ]

"နေသာသလို နေပါ"

"ဟုတ်ကဲ့"

"ဟုတ်ကဲ့"

"ဝုန်း"

ကြောက်မက်ဖွယ် အရှိန်အဝါတခု ဇော်ပိုင်ထံက ထွက်ပေါ်လာလေသည်။

[ ငါလို ချီစစ်သူကြီး တစ်ယောက်တောင် သခင်ရှေ့မှာ ဒူးထောက်နေတာ၊ ဒင်းတို့လို အဆင့်က မတ်တပ်ရပ် နေရဲသေးတာလား ... ဟွန့်၊ သခင်က သဘောထားကြီးပေမဲ့ ငါကတော့ မကြီးနိုင်ဘူး ]

( သဘောထား ပြောတာပါ )

"ဒါ ...... ဒါ .... ချီစစ်သူကြီး အဆင့်ပဲ"

အရိပ်အစေခံ စစ်သည်များမှ လွဲ၍ ကျန်သူများမှာ ဖိအားအရှိန်အဝါကို မခံနိုင်သောကြောင့် ဒူးထောက်ကျကာ သွေးအန်ကုန်ကြလေသည်၊ ဒဏ်ရာပျင်းသော သူများမှာ မေ့လဲကုန်ကြ၏။

[ ဘယ်သူလဲ သူက ... ငါသိသမျှ ချီစစ်သူကြီး ထဲမှာ သူမပါ ပါဘူးဘယ်ကလဲ သူ့ကို ငါ မမြင်ဖူးပါလား ]

ဖိအားကို အံကျိတ်ခံရင်း တပ်ဖွဲ့မှူးဝင်း စဥ်းစားနေမိ၏။

( ဘယ်ကြာဖူးမလဲ၊ စာရေးဆရာ လျှောက်ထည့်ထားတာကို )

"သခင် ... သူတို့ကို ဘာလုပ်သင့် ပါသလဲ"

အရိပ်တပ်ဖွဲ့မှူး ဇော်ပိုင်သည် အရိပ်စစ်သည်များ ဝန်းရံထားသော ဒူးထောက်လျက်သား လုပ်ကြံသူများနှင့် နန်းတွင်းတပ်ဖွဲ့ကို ကြည့်ရင်း မေးလိုက်၏။

"ကျန်တဲ့ လုပ်ကြံသူတွေကို သတ်ပစ်လိုက်ပြီး၊ ဟိုနှစ်ယောက်ကို ငါ့ဆီခေါ်လာခဲ့"

"ပြီးတော့ နန်းတွင်းတပ်ဖွဲ့ကို ကုသပေးလိုက်ပါ"

"ဟုတ်"

ဘာပဲပြောပြော ထိုသူများသည် သူ့အား အသေခံ ကာကွယ်ခဲ့သူများ ဖြစ်သောကြောင့် မရက်စက်နိုင်ပါချေ၊၊

"အရှင်မင်းသား ... ငှဲ့ညှာပေးပါ"

"သူတို့ခေါ်လို့ ပါလာတာပါ"

"ရွှေပြားပေးမယ်ဆိုလို့ လိုက်လာမိတာပါ"

"အရှင်မင်းသား ... ငှဲ့ညှာပေးပါ"

"အရှင်မင်းသား ... ငှဲ့ညှာပေးပါ"

လုပ်ကြံသူများ၏ သနားစဖွယ် အော်ဟစ်သံများကို လျစ်လျူရှု၍ လက်ရမ်းပြလိုက်ရာ

"ဇွတ် ... အင့်"

"ဒုတ် ... အား"

( ဓားနဲ့ခုတ်လို့ ထွက်လာတဲ့ အသံတွေပါ၊ တလွဲမတွေးပါနဲ့ )

လုပ်ကြံသူ ရာချီပေမဲ့ အများစုမှာ အခြေခံ တည်ဆောက်သူများသာမို့ အခြေတည် အဆင့်သို့ ရောက်နေပြီ ဖြစ်သော အရိပ်အစေခံများကို မယှဥ်သာကြပေ၊ တခဏအတွင်း အသတ်ခံ လိုက်ကြရလေသည်။

"တွမ် ... အခြေခံ တည်ဆောက်ခြင်း အဆင့်အား သတ်လိုက်သောကြောင့် နှစ် မှတ် ရရှိပါသည်"

"တွမ် ... အခြေခံ တည်ဆောက်ခြင်း အဆင့်အား သတ်လိုက်သောကြောင့် နှစ် မှတ်ရရှိပါသည်"

"တွမ် ... အခြေခံ တည်ဆောက်ခြင်း အဆင့်အား သတ်လိုက်သောကြောင့် ၂ မှတ်ရရှိပါသည်"

"တွမ် ... အခြေတည် အဆင့်အား သတ်လိုက်သောကြောင့် ငါး မှတ်ရရှိပါသည်"

"တွမ် ... အခြေတည် အဆင့်အား သတ်လိုက်သောကြောင့် ငါး မှတ်ရရှိပါသည်"

[ စနစ် ... လူသတ်လဲ အမှတ်ရတာ ပဲလား ]

စနစ်

[ ဟုတ်ပါတယ်၊ တပ်ဖွဲ့ဝင် များကသတ်လျှင် အမှတ်၏ ထက်ဝတ်နှင့် ပိုင်ရှင်မှ သတ်လျှင် အမှတ်ပြည့် ရပါမယ် ]

[ ဂါး ... စောစောက ပြောပါလားဟ ]

စနစ်

[ ပိုင်ရှင်မှ မမေးတာ ]

စောရန်နိုင် တစ်ယောက် သွေးတစ်လုတ် အန်ချင်သွားသည်။

[ ငါ့အမှတ်တွေ ... ဂါး ]

မကြာခင်၌ အခြေခံ တည်ဆောက်ခြင်း အဆင့် တစ်ရာ့နှစ်ဆယ်ယောက်နှင့် အခြေတည် အဆင့် ဆယ့်ငါးယောက်အား သတ်လိုက်ပြီး ဖြစ်လေသည်၊၊

စနစ်

[ ပေးအပ်သော မစ်ရှင် ပြီးမြောက်ပါပြီ ]

[ မစ်ရှင် ( ရန်သူများကို သတ်ဖြတ်ပါ )

ဆုလာဒ် ... ကျင့်ကြံခြင်း လေးဆင့်

အခြေခံ တည်ဆောက်ခြင်း အဆင့်

ခရူးဆိတ် စစ်သည်တော် တစ်ထောင်ငါးရာ

အခြေတည် အဆင့် တပ်မှူး သုံး ဦး

ချီစစ်သူကြီး အဆင့် ဗိုလ်မှူး တစ်ဦး

ချီဘုရင် အဆင့် တပ်တော်မှုး တစ်ဦး

"ကျင့်ကြံခြင်းကို ပေါင်းစည်းပေးပါ"

"သခင် ... လုပ်ကြံသူများကို သုတ်သင်ပြီးပါပြီ"

[ မဆိုးဘူး ]

စောရန်နိုင်မှ ကျေနှပ်စွာ ခေါင်းငြိမ့်လိုက်မိသည်။

စနစ်

"တွမ် ... ပိုင်ရှင်၏ ကိုယ်ရေးအကျဥ်းအား ပြုစုထားပါသည်၊ ကြည့်လိုပါသလား"

"စနစ်‌ရေ ကိုယ်ရေးအကျဥ်းပြပါ"

စနစ် အဆင့် ၁

အဆင့်မြှင့်ရန် အမှတ် ( ၅၁၉ / ၃၀၀၀ )

အမှတ် ၅၁၉

ပိုင်ရှင်အမည် စောရန်နိုင်

ကြင်ယာတော် မရှိ

နိုင်ငံတော် အောင်မင်္ဂလာနိုင်ငံတော်

ရာထူး မြို့စား

ကျင့်ကြံခြင်းအဆင့် အခြေခံ တည်ဆောက်ခြင်း အထွတ်အထိပ်

အဆင့်မြှင့်ရန် အမှတ် ( ၅၁၉ / ၁၅၀ )

သွေးမျိုးဆက် မရှိ

တပ်ဖွဲ့များ အရိပ်အစေခံ တပ်ဖွဲ့၊ ခရူးဆိတ် တပ်တော်

လက်နက် အဆင့်၂သံမဏိဓား

ပညာရပ်များ မရှိ

အထွေထွေ အကာအကွယ်ကဒ်+၂

အခန်း(၈)ပြီး

အခန်း(၉)

(ပထမဆုံး သစ္စာခံ)

"စနစ်၊ ပညာရပ်ဆိုတာ ဘာတွေလဲ"

စနစ်

"ပညာရပ်ဆိုတာ ပိုင်ရှင် တက်မြောက်ထားသော အသိပညာ၊ အတက်ပညာ အားလုံးကို အသိအမှတ် ပြုထားတာပါ"

"ပညာရပ်တွေကို ဝယ်လို့ကော ရလား"

စနစ်

"စနစ်စျေးဆိုင် ထဲကနေ ရနိုင်ပါတယ်"

စောရန်နိုင်တစ်ယောက် စနစ်စျေးဆိုင်အား ကြည့်မိသည်တွင်စင်၄စင် ခွဲခြားထားပြီး

ပထမစင်၌ အမျိုးမျိုးသော လက်နက်များ

ဒုတိယစင်၌ အမျိုးမျိုးသော စွမ်းအင် ကျင့်စဥ်များ

တတိယစင်၌ အမျိုးမျိုးသော တပ်ဖွဲ့တံဆိပ်များ

စတုထ္တစင်၌ အထွေထွေ အသုံးပြုစရာများ ဟူ၍ တွေ့ရလေသည်၊၊

လက်နက်စင်အား ဆက်ကြည့်ရာတွင် ဆိုင်ရာ လက်နက်များ၏ အကြောင်းအရာ များအား တခါထဲ ဖော်ပြထား၏။

[ ဘုရားရေ .. ဒါက ဘာကြီးလဲဟ ]

ဝရဇိန်လက်နက်၊ အဆင့် ငါး လက်နက်ဖြစ်ပြီး၊ အဆင့် ငါး ပန်းပဲပညာရှင် တစ်ဦးမှ နှစ်ပေါင်းများစွာ ထွင်းထုထားသော လက်နက်ဖြစ်သည်၊ ချီစစ်သူကြီနှင့် အထက် အဆင့်များသာ အသုံးပြုနိုင်သည်၊ ဆက်လက် အဆင့် မြှင့်တင်နိုင်သည်၊ အကျိုးသက်ရောက်မှု၊ အသုံးပြုသူ၏ စွမ်းအင်အလိုက် အနည်းဆုံး ဆယ်မိုင် ဝန်းကျင်အား မိုးကြိုးဖြင့် ဖုံးလွမ်းထားနိုင်ပြီး ချီဘုရင် အဆင့်အောက် အသက်မရှင်နိုင်။

( အမှတ် တစ်သောင်းခွဲ )

တင့်ခွမ်း ရေခဲဓား၊ အဆင့် လေး လက်နက်ဖြစ်ပြီး၊ အဆင့် ငါး ပန်းပဲဆရာ တစ်ဦးမှ အေးခဲသတ္တုအား အသုံးပြုထားပြီး လေးနှစ်ကြာ ကြိုးစား ထွင်းထုထားပြီး ချီစစ်သူကြီးနှင့် အထက် အဆင့်သာ အသုံးပြုနိုင်သည်၊ ဆက်လက် အဆင့်မြှင့်တင် နိုင်သည်၊ အကျိုးသက်ရောက်မှု၊ အသုံးပြုသူ၏ စွမ်းအင်အလိုက် အနည်းဆုံး တစ် မိုင်ဝန်းကျင်အား ရေခဲဖြင့် ဖုံးလွမ်းထားနိုင်ပြီး အခြေတည် အဆင့်အောက် အသက်မရှင်နိုင်။

( အမှတ် တစ်သောင်း )

တင့်ခွမ်း မီးလျှံဓား၊ အဆင့် လေး လက်နက်ဖြစ်ပြီး၊ အဆင့် ငါး ပန်းပဲဆရာ တစ်ဦးမှ မီးတောက် သတ္တုအား အသုံးပြုထား၍ ခြောက်

နှစ်ကြာ ကြိုးစား ထွင်းထုထားပြီး ချီစစ်သူကြီးနှင့် အထက် အဆင့်သာ အသုံးပြုနိုင်သည်၊ ဆက်လက် အဆင့်မြှင့် တင်နိုင်သည်၊ အကျိုးသက်ရောက်မှု၊ အသုံးပြုသူ၏ စွမ်းအင်အလိုက် အနည်းဆုံး တစ်မိုင်ဝန်းကျင်အား မီးများဖြင့် ဖုံးလွမ်းထားနိုင်ပြီး အခြေတည် အဆင့်အောက် အသက်မရှင်နိုင်။

( အမှတ် လေးသောင်း)

ယိမ်းနွဲ့ပါးဓား၊ အဆင့်သုံး လက်နက်ဖြစ်ပြီး ၊ မြန်မာပြည်မှ အဆင့်လေး ပန်းပဲဆရာ တစ်ဦးမှ နက္ခတ်အလိုက် ကြိုးစားကာ သံပြဒါး သတ္တုအား အသုံးပြုထားသည်၊ ချီဘုရင် အဆင့်အောက် အသုံးပြုနိုင်သည်၊ အဆင့်မြှင့် တင်နိုင်သည်၊ အကျိူးသက်ရောက်မှု မည်သည့် နတ်ဘုရား အဆင့်အောက် သတ္တုကိုမဆို ပိုင်းဖျတ်နိုင်ပြီး သုံး ဖာလုံအထိ အရှိန်အဝါ သက်ရောက်နိုင်သည်။

( အမှတ် နှစ်သောင်း )

အရိဒ္ဒမာ လှံပျံ၊ အဆင့် ကိုး အင်မော်တယ် လက်နက် ဖြစ်ခဲ့ဖူးပြီး သံချေး တက်နေကာ လက်နက်ဝိညဥ် ပျောက်ဆုံး နေသောကြောင့် အဆင့် လျော့ကျကာ လက်ရှိတွင် အဆင့် နှစ် လက်နက်သာ ဖြစ်သည်၊ နောက်ကြောင်း ရာဇဝင်မသိရ၊ ပြန်လည်ပြုပြင်က အထွပ်အထိပ်သို့ ပြန်ရောက်နိုင်သည်၊ အကျိုးသက်ရောက်မှု၊ အသုံးပြုသူ၏ စွမ်းအင်အလိုက် ထိန်းချုပ်၍ အနည်းဆုံး ဆယ်မိုင် ဝန်းကျင်အား လှံပျံဖြင့် တိုက်ခိုက်နိုင်သည်။

( အမှတ် တစ်သောင်း)

ဆန်းကြယ်သော လမင်းဓား အဆင့်၂ ( အမှတ်= ၁၀၀၀ )

နေမင်းတရာ ရောင်ခြည်ဓား အဆင့်၂ ( အမှတ်= ၁၀၀၀ )

ဖီးနစ်လှံတံ အဆင့်၂ ( အမှတ်= ၁၀၀၀ )

အသူရာ အမှောင်ဓား အဆင့်၂ ( အမှတ်= ၁၀၀၀ )

သံမဏိဓား အဆင့်၂ ( အမှတ်= ၁၀၀၀ )

နည်းခုနှစ်သွယ်ဓား အဆင့်၁ ( အမှတ်= ၅၀၀ )

မိုးလမင်းဓား သာမန် ( အမှတ် ၁၀၀ )

အမျိုးမျိုးသော ဓားများနှင့် အမှတ်များကို ကြည့်၍ စောရန်နိုင် တစ်ယောက် သွေးအန်ချင် သွား၏။

နောက်ထပ် စင်များအား ဆက်ကြည့်ရာတွင်လဲ ထိုနည်းလည်းကောင်းသာ၊ အဆင့်မြှင့်လေ အမှတ်များလေ ဖြစ်၏၊

"စနစ်၊ အဲ့ဒါတွေကို တခြား ဘယ်ကနေ ရနိုင်သေးလဲ"

စနစ်

"ကျပန်းမစ်ရှင်၊ ကံတရား ကံစမ်းမဲပုံး၊ အပတ်စဥ် မှတ်ပုံတင်ခြင်း တွေကနေ ရနိုင်ပါတယ်၊ တာဝန်အလိုက် ဆုကွဲပြားပါတယ်"

( ထိုအရာထဲက တချို့ကို နောက်ပိုင်းမှ ရရှိမှာပါ )

[ အင်း ... မဆိုးဘူးပဲ ]

"အမှိုက်ကောင် ... ငါတို့ကို အခု လွတ်ပေးစမ်း၊ မဟုတ်ရင် တိုက်မျိုးနွယ်ရဲ့ ဒေါသကို မင်းရင်ဆိုင်ရဲ လို့လား"

"ဟုတ်တယ် ... ငါတို့ အောင်မျိုးနွယ်လဲ အတူတူပဲ ... ငါ့ကို လွတ်ပေးရင် ဒီကိစ္စ ဒီမှာပဲ ပြီးလိုက်မယ်"

"ဟား ... ဒီကိစ္ဓက ဒီလိုဖြစ်ခဲ့မှတော့ မင်းတို့နှစ်ကောင်ကို လွတ်ပေးလိုက်တော့ရော ဘာထူးသေးလဲ"

"ကျားကို တောထဲ လွတ်ပေးလိုက်သလို ဖြစ်နေမှာပဲလေ"

"မင်းလို မြို့စားတစ်ယောက်က ငါတို့လို မင်းသားဘွဲ့ခံ တွေကို သတ်ရင် ဘာဖြစ်မလဲ မသိဘူးလား"

"မင်းတို့ကျ ငါ့ကိုသတ်နိုင်ပြီး မင်းတို့ကိုကျ မသတ်နိုင်ဘူး တဲ့လား ဟာသပဲ"

"ရွတ် ... ရွတ်"

ဦးခေါင်းနှစ်လုံး မြေပေါ်သို့ ပြုတ်ကျလာသည်၊ မျက်လုံး လေး စုံမှာ ပြူးကျယ်နေလျက်

"တွမ် ... အခြေခံ တည်ဆောက်ခြင်း အဆင့်အား သတ်လိုက်သောကြောင့် လေးမှတ် ရရှိပါသည်"

"တွမ် ... အခြေခံ တည်ဆောက်ခြင်း အဆင့်အား သတ်လိုက်သောကြောင့် အမှတ်တစ်ဆယ် ရရှိပါသည်"

"တွမ် ... စုစုပေါင်း ၅၁၉ မှတ်"

လုပ်တုန်းက လုပ်ပြီး ယခုမှ အကြောက်အကန် ဖြစ်နေသော ထိုနှစ်ယောက်အား စောရန်နိုင် အမြင်ကတ် နေလေပြီ၊ အစက အနောက်ဘက် နယ်စပ်မြို့သို့ ခေါ်သွားကာ အသက်ချမ်းသာ ပေးမလို့ပင်၊၊

"မြို့စား ... သူတို့က တိုက်မျိုးနွယ်နဲ့ တော်ဝင်မိသားစုက အောင်မျိုးနွယ်တွေလေ၊ သူတို့က ကျွန်တော်တို့ကို အလွတ်ပေးတော့မှာ မဟုတ်ဘူးနော်"

"အဲ့တော့ ဘာဖြစ်သေးလဲ ... အခုကော အလွတ်ပေးမှာ မို့လား"

"ကျွန်တော့်ကို ထားဦး၊ တပ်ဖွဲ့မှူးဝင်း တို့ကိုပါ လက်စဖျောက်ဖို့ကြိုးစားနေတာ အသိသာပဲလေ"

"ဒါ ... ဒါက"

လုပ်ကြံသူများမှာ သူတို့ကိုပါ နူတ်ပိတ်ဖို့ လက်စဖျောက်လိုသည်မှာ အသိသာပင်။

တွေဝေသွားသော တပ်ဖွဲ့မှူးဝင်းအား မသိမသာ ကြည့်၍ စောရန်နိုင် ပြုံး၍

[ ငါ့အကြံ အောင်ပြီ ]

တာဝန်အပေါ် အသက်စွ့န့် ထမ်းဆောင်သော ထိုလူများကို စောရန်နိုင် နူတ်ပိတ်ဖို့ မသတ်ချင်ပေ၊ စည်းရုံးလိုက်တာ ပိုကောင်းသည် မဟုတ်ပါလား .... ။

"တပ်ဖွဲ့မှုးဝင်း"

"ဟုတ်ကဲ့"

"ကျွန်တော့်ဆီမှာ သစ္စာခံချင်လား"

"ဒါက"

တပ်ဖွဲ့မှူးဝင်း ပတ်ဝန်းကျင်ကို ကြည့်မိရာ၊ စိမ်းစိမ်း ကြည့်နေသော အရိပ်တပ်ဖွဲ့နှင့် ရာချီသော လုပ်ကြံသူ အလောင်းများကို တွေ့ရချိိန်တွင် အခြေအနေအား သဘောပေါက် လိုက်မိသည်။

မှန်ပေသည်၊ ရာချီသော အခြေတည် အဆင့်တွေ၊ နန်းတွင်းမှာတောင် ၁၀ဦး ထက် မပိုတဲ့ ချိီစစ်သူကြီးနှစ်ဦး၊ ဒီသတင်းသာ နန်းတွင်းကို ရောက်ခဲ့ရင် .... ။

"ကျွန်တော် ဝင်းလှိုင် ... မြို့စားအား သစ္စာခံပါတယ်"

"သခင့်အား ... ဂါဝရ ပြုပါတယ်"

"သခင့်အား ... ဂါဝရ ပြုပါတယ်"

"သခင့်အား ... ဂါဝရ ပြုပါတယ်"

နောက်တစ်နေ့၌ စောရန်နိုင်နဲ့ အဖွဲ့ ခရီးဆက် ခဲ့ကြလေရာ လူ၁၇ဦး ခန့်သာ ပါလာကြတော့သည်။

အခန်း ၉ ပြီး

All Chapters