အခန်း (၁၀-၁၂)
Vol. 1 Ch. 10-12
အခန်း(၁၀)
( ရောက်ရောက်ခြင်း ဆောက်နဲ့ထွင်း )
"ဖြောင်း"
"အုန်း"
ပတ်ဝန်းကျင် တစ်ခုလုံး စွံ့အ ကုန်လေသည်၊ တပ်ဖွဲ့မှုးဝင်းနှင့် မြို့သူမြို့သားများမှာ ဘာဖြစ်သွားသလဲ မသိလိုက် ကြပေ။
ဇော်ပိုင်သည်သာ မျက်နှာထား တင်းတင်းနှင့် အေးစက်စက် ရှိနေချေသည်။
မြို့တံတိုင်း၌ ခြေကားယား လက်ကားယား ပုံရိပ်တစ်ခု နှစ်ဝင်နေလေသည်၊ ထိုပုံရိပ်ကား မြို့တံခါးမှုး ကျန်ကျောင်းတည်း။
"ဘယ်က သူတောင်းစားလဲ ... မြို့စောင့်တပ်ကို လုပ်ကြံရဲတာ"
မြို့စောင့် စစ်သည်တို့၏ ဒေါသတကြီး အော်သံကြောင့် လူအများ သတိ ပြန်ဝင်လာကြရင်း လက်သည်အား ကြည့်လိုက်ရာ သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော အသက် ၁၈နှစ် အရွယ် လူငယ်တဦးအား တွေ့လိုက်ကြရသည်။
စနစ်
"တွမ် ... အကျင့်ပျက် ချစားနေသော တံခါးမှုးအား အပြစ်ပေးပါ၊
ဆုလာဘ်- အမှတ် ၁၀၀
ခြေလှမ်းသိုင်း တစ္စေတစ်ကောင် ကခုန်ခြင်း ( အခြေတည်အဆင့်)
မြို့တည်ဆောက်ပုံ မူကြမ်း ၁
အား ရရှိပါသည်၊ ဆုလာဒ်များအား စနစ် သိုလှောင်ခန်းသို့ ထည့်သွင်းပြီးပါပြီ"
စနစ်
"အမှတ် ၆၁၉ "
"ဟိုလေ ... ခလုတ်တိုက်မိရင်း မတော်တဆ တွန်းမိတာလို့ ပြောလိုက်ရင် ယုံမလားဟင်"
တပ်ဖွဲ့မှူးဝင်း တစ်ယောက် နီးစပ်ရာ တွင်းထဲသာ ခေါင်းစိုက်ထား ချင်မိသည်။
စစ်သည် ၁၅ ယောက်မှာလဲ အပေါ်ကြည့် အောက်ကြည့်နှင့် ငှက်ရှာနေကြသည်၊၊
[ သခင်ရဲ့ မျက်နှာပြောင် နိုင်စွမ်းက အဆုံးမရှိဘူး ]
"မင်းဘိုးအေကို ယုံပါလား"
"ညီအစ်ကိုတို့ ... သူတို့ကို ဖမ်းကြစမ်း"
တံခါးမှူးကား သေသည်ရှင်သည် မသိရ၊ သည်လူတစု ကိုတော့ ဖမ်းထားမှ ရပေလိမ့်မည် သို့မဟုတ်ရင် ကျန်မိသားစု ဒေါသကို သူတို့ရင်မဆိုင်ရဲ။
"ချွင် ... ချွင် ... ချလွမ်"
မောင်ပါကြီးတို့ လူစုကား မြို့စောင့်တပ်၏ အဝိုင်းခံရ ချေပြီ။
တပ်ဖွဲ့မှူးဝင်းမှ
"မင်းတို့တွေ အတင့်ရဲလှချေလား ... ဒီသခင်က"
"ထားလိုက်ပါ ... ကျွန်တော်လဲ ကျင့်ကြံပြီး ကထဲက ကောင်းကောင်းမတိုက် ဖူးသေးဘူး၊ သူတို့နဲ့ လက်ရည် စမ်းကြည့်တာပေါ့"
စနစ်
"ပိုင်ရှင်က အရှက်မရှိဘူး"
တပ်ဖွဲ့မှူးဝင်းနှင့် စစ်သည်တွေ နှုတ်ခမ်းများ ရွဲ့စောင်းကုန်၏၊၊
[ သခင်က အနိုင်ကျင့်တက် တယ်လား ]
စောရန်နိုင်
[ ဆိုးဆောရီးပဲ ... မွေးကထဲက ချက်ကြောနဲ့ ရှက်ကြော မှားဖြတ်လာတာ၊ ဟီး ]
မြို့စောင့် စစ်သည်များမှာ ချီစုဆောင်းခြင်း ၌သာ ရှိကြပြီး တံခါးမှုး ဆိုသည်မှာလဲ အခြေခံ တည်ဆောက်ခြင်း အစောပိုင်းသာ ရှိနေလေသည်။
"ဒီကောင်လေးတော့ သမင်ငယ် ကျားမကြောက်ပဲ"
"မြို့စောင့်တပ် ကိုတောင် ရန်စဝံ့တာ ဘယ်မိသားစုက ပါလိမ့်"
"ကြည့်ရတာ စည်းမျဥ်းတွေ မသိပုံထောက်ရင် တောရွာဘက်က သူဌေးသား တယောက်ထင်တယ်"
"သူ့ဘဝတော့ ငယ်ငယ်နဲ့ အဆုံးသတ် မကောင်းရှာဘူး"
"သနားစရာပါဗျာ ... ကျွတ်ကျွတ်"
[ မင်းတို့ အဘကို သနားပါလား၊ ဟိုမြို့စောင့်တပ်သားတွေကို သနားရမှာဗျ၊ အခြေခံ တည်ဆောက်ခြင်း အထွတ်အထိပ်က ချီစုဆောင်းခြင်း အဆင့်တွေကို အနိုင်ကျင့်နေတာဗျ ]
"အုံး ... အမလေးဗျ"
"ဘုန်း"
"ဒုန်း"
"ဝုန်း"
စောရနိုင် တစ်ယောက် ဆုလာဒ်တွေကြောင့် သဘောခွေ့ နေလေရာ ပျော်ပျော်ကြီး သမ နေလေတော့သည်။
မြို့စောင့် တပ်သားများမှာ ချီစုဆောင်းခြင်း သာရှိသည့် အပြင် စောရန်နိုင်မှ ဆုလာဒ် ရထားသော တစ္စေတစ်ကောင် ကခုန်ခြင်း ခြေလှမ်းသိုင်းအား စမ်းသပ် နေလေရာ ကောင်းကောင်းကြီး သမခံ ကြရလေသည်။
မကြာခင် မြို့နံရံ များပေါ်ဝယ် လူပုံစံ ချိုင့်ရာများသည် ပန်းချီတစ်ခုပမာ ရှိနေလေတော့၏။
"ဆောရီးဗျာ ... အားနည်းနည်း ထည့်မိသွားတယ်၊ ဟီး"
စောရန်နိုင်၏ အပြစ်ကင်းစင်သလို မလုံမလဲ ဖြစ်နေသောမျက်နှာပေးအား ကြည့်၍ ပတ်ဝန်းကျင် အနီးနားမှ လူအများ လက်ယားကုန်ကြ၏။
မြို့စောင့် တပ်သားများသာ သတိလည်နေ သေးပါက
[ အစ်ကိုကြီးရဲ့ အားနည်းနည်းက ဒီမှာ ကျိုးကြေ ကုန်ပြီဗျ ]
"ဘာဖြစ်နေကြတာလဲ ... လမ်းဖယ်ကြစမ်း"
"ဟာ ... ကျန်မိသားစုပဲ ... မြန်မြန် ရှောင်ကြဟ"
"ပြေးကြ ပါတော့လားဟ"
"ဝေးဝေး ရှောင်ကြဟေ့ ... ကျန်ခွေးရူးလို့ နာမည်ပြောင် ရထားတဲ့ ကျန်စစ်ပျော် ကြီးဟ"
မြို့တံခါးဝ အနီးရှိ လူစုများ အလန့်တကြားဖြင့် ပြန့်ကြဲ ကုန်လေသည်။
စောရန်နိုင်
[ အန် ... ကျန်စော်ပစ် ဆိုပါလား ... အဲလေ မှားလို့ ကျန်စစ်ပျော်၊ ဟီး ]
"ဘယ်ကောင်က ငါတို့ရဲ့ ကျန်မိသားစုက ခန့်ထားတဲ့ တံခါးမှူးကို ထိရဲတာလဲကွ"
တပ်ဖွဲ့မှူးဝင်းနှင့် စစ်သည် ၁၅ ယောက်မှာ စောရန်နိုင်ရှေ့ ပိတ်ရပ်လျက်
"ငါတို့ပဲ ... မင်းက ဘယ်သူလဲ"
"ဖွီး ... ဟား"
"ငါတို့ရဲ့ အကြီးအကဲကျန်ကို မသိရလောက်အောင် ဘယ်က တော သား တွေလဲဟ"
"ဟား၊ ငါအူတွေ နာနေပါပြီလို့"
"မင်းက ဘယ်က တောသား"
"အုံး ... ဒုန်း"
နံရံ၌ နောက်ထပ် လူရိပ်တစ်ခု ကပ်သွားချေပြီ။
[ သောက်စကားကို ပေါလွန်းတယ် ]
စောရန်နိုင်သည် မြန်မာပြည်က ကမ္ဘာကူး လာသူမို့ တောသားဟု အသုံးနှုန်း ခံရခြင်းအား အမြင်ကတ်ပေသည်၊၊
"ဒီတောသား"
"အုံး ... ဒုန်း"
နောက်တစ်ရိပ် ကပ်သွားပြန်၏
"မင်း ... မင်း"
ကျန်စစ်ပျော်၏ လက်ညှိုး တထိုးထိုးနှင့် အမေးအား မျက်စိလှန်ကြည့်လျက်
"အင်း ... မင်းဘာဖြစ်လဲ၊ ဆက်ပြောလေ"
"မင်းဘယ်သူလဲ၊ ဘယ်မိသားစုကလဲ၊ ဒီမြို့ကို ဘာလာလုပ်တာလဲ၊ ဒီမြို့မှာ တခြားမိသားစုနဲ့ မြို့စား ခန်းမကတောင် ကျန်မိသားစုကို မျက်နှာပေးရတာ မသိဘူးလားကွ"
"အင်း ... မသိဘူး ... အဲ့တော့"
"မင်း ... မင်း"
ကျန်စစ်ပျော်သည် စောရန်နိုင်၏ ကျင့်ကြံဆင့်အား သိနိုင်သူ ဖြစ်သောကြောင့် ကျန်မိသားစု မျက်နှာဖြင့် ဖိနှိပ်လိုခြင်း ဖြစ်လေသည်၊
သို့သော် စောရန်နိုင်က ဂရုမစိုက်ပဲ နေလိမ့်မည်ဟု မထင်ထားချေ။
"တမင်းမင်းနဲ့ ... ငါ့ ... ဖြစ်နေတာလား"
"ဦးလေးဝင်း၊ ဝင်ရိုက်စမ်းဗျာ"
"ဟုတ်၊ ညီအကိုတို့ ရိုက်ကြစမ်း"
ပြောလဲပြော ဝင်လဲရိုက် လေတော့သည်။
"ဖုန်း ... အုံး"
"အမလေးဗျ ... သေပါပြီဗျ"
အစက ပြန့်ကျဲသွားသော လူထုလဲ တဖြည်းဖြည်း ပြန်စုမိ လာလေသည်။
မြို့စား မရှိသည့်နောက် ကျန်မိသားစု၏ အာဏာ ကြီးထွားလာရာ မည်သူမှ ယခုလို ပြန်ပြီး မိုက်ကြေး မခွဲရဲသည်မှာ လအတန် ကြာလေပြီမလား၊၊
"ချ ... ချ"
"ကျန်မိသားစုက ကောင်တွေကို အသေရိုက်ပစ်"
"မသနားနဲ့၊ နာနာလေး ရိုက်ပေးပါဟ"
"သွားကြစို့"
စောရန်နိုင်သည် ဇော်ပိုင်နှင့် တပ်ဖွဲ့မှူးဝင်းတို့ လူစုအား ဦးဆောင်ကာ မြို့ထဲသို့ ဝင်ခဲ့လေတော့သည်။
တပ်ဖွဲ့မှုး ဝင်းတို့မှာ သခင်ဖြစ်သူ ဘာကြံနေမှန်း မသိသော်လဲ အတိုင်းအဆအား သိကြသူများမို့ ရိုက်နှက်ယုံသာ ရိုက်နှက်ကြ လေသည်၊ အသေကား မသတ်ကြချေ။
ကျန်မိသားစု ဝင်ထဲတွင် ကျန်စစ်ပျော် တစ်ယောက်သာ အခြေခံ တည်ဆောက်ခြင်း အလယ်လတ် ဖြစ်သည်မို့ အနည်းအကျဥ်း ခုခံလိုက်နိုင်၏၊၊
ကျန်သူများမှာ ချီစုဆောင်းခြင်း အဆင့်များသာမို့ ကျိုးကြေနေအောင် အရိုက်ခံ လိုက်ကြရ၏၊၊ သို့သော်ငြား သူလဲ မစားသာ ညာဘက်လက် ကျိုးသွားကာ မျက်နှာမှာလဲ ဝက်ကဲ့သို့ ဖူးယောင်နေလေသည်၊၊
[ မင်းတို့တွေ တွေ့ကြသေး တာပေါ့ကွာ ]
အသံထွက်ပြီး မကြိမ်းမောင်းရဲချေ၊ ပြန်လည့်လာပြီး သမခံရမှာ ကြောက်နေလေပြီ။
ပိုဆိုးသည်က ပြဿနာ၏ ဇာတ်မြစ်အား တစ်ခုမှ မသိလိုက်ရချေ၊၊
ကုန်သည် သားအဖမှာလဲ စောရန်နိုင်မှ ကျန်စစ်ပျော်အား စတင်သမ ကထဲက ပြေးသွားလေပြီ။
"ချီးလိုပဲ ... အား ... ကျွတ်ကျွတ်"
စောရန်နိုင်တို့ မြို့ထဲရောက်သော်၊ သပ်ရပ်လှသော မင်းကြီးကြိုက် ဟူသော တည်းခိုခန်း၌ တည်းဖြစ် ကြလေသည်၊၊
"ကြိုဆိုပါတယ် ဧည့်သည်တော်တို့၊ စားမှာလား တည်းမှာလားဗျ"
စောရန်နိုင်မှ စဥ်းစားပြီး
"အရင်စားမယ်၊ ပြီးတော့ အခန်း ၇ ခန်းယူမယ်"
ဇော်ပိုင်နဲ့ တပ်ဖွဲ့မှုး ဝင်းအတွက် တစ်ခန်း ကျန်လူများအတွက် နှစ်ယောက် တစ်ခန်း ငါးခန်း၊ သူ့အတွက် တစ်ခန်း ယူလိုက်လေသည်၊၊
"ဟုတ် ... ဟုတ်"
ဧည့်က်ြို၏ အတွေးထဲ၌လဲ
[ ဒီတခါတော့ ဧည့်သည် အကြီးစားတွေ ထင်တယ်၊ ငါတော့ ကော်များများ ရပြီဟ ]
မြို့တံခါး၌ ကျန်မိသားစုနှင့် ရိုက်ပွဲ နွဲလာကြတာ သူမသိရှာချေ၊၊
( ဧည့်ကြိုအတွက် သုံးမိနစ် ငြိမ်ပေးကြပါ )
အခန်း၁၀ပြီး
အခန်း(၁၁)
( လွင်မိသားစုနှင့် ကျန်မိသားစု )
လွင်မိသားစု အိမ်တော်တွင်း၌
"ခလွမ်း ... "
လက်ဖက်ရည် ခွက်အား ပစ်ပေါက်သံ ထွက်ပေါ်လာလေသည်။
"အဲ့ဒီ ကျန်မိသားစုက သေချင်နေကြ ပြီလား"
"မိသားစု ခေါင်းဆောင် .... ထပ်တိုး တင်ပြရရင်၊ ပြီးခဲ့တဲ့ တစ်ခေါက် မြို့တော်ဆီ သံရိုင်းသတ္တု တင်သွင်းမှုရဲ့ ရှစ်ဆယ် ရာခိုင်နှုန်း ကျော်ကို ကျန်မိသားစုက တင်သွင်းလိုက် ကြပါတယ်"
"ဆေးပင်တောင်ကြားက ထုတ်ပြန်တဲ့ ဝယ်ယူခွင့် လိုင်စင် လေလံပွဲကိုလဲ နောက်နှစ်ရက်မှာ ပွင့်လင်းသောပန်း လေလံစံအိမ်မှာ ပြုလုပ်မယ်လို့ သိရပြီး ကျန်မိသားစုက အရယူဖို့ ရှိသမျှ ပုံအောမယ်လို့ သိရပါတယ်"
အကြီးအကဲ တစ်ဦးမှလဲ
"ဒီနှုန်းထားနဲ့ဆို လာမဲ့ ဆောင်းရာသီအတွက် ရိက္ခာ ပြင်ဆင်မှုအတွက် ရိက္ခာ စုဆောင်နိုင် စွမ်းအားက ကျန်မိသားစုဘက် အလေးသာ တော့မှာပဲ"
အကြီးအကဲများမှ စိတ်ပျက်လက်ပျက် ဖြင့်ပင်
"ဘာတက်နိုင်မှာလဲ၊ မြို့တွင်းအခွန်နဲ့ ရောင်းဝယ်ခွင့် အခွန်တော်တွေ ကောက်ခံခွင့်ကို အရင် မြို့စားဟောင်းက ကျန်မိသားစုဆီ ပေးအပ်ခဲ့တာ မလား"
သားရဲတစ်ထောင်မြို့၌ ယခင်က မြို့စားဟောင်း၏ မျက်နှာသာပေးမှုဖြင့် အခွန်တော် ကိစ္စများနှင့် ရောင်းဝယ် ဖောက်ကားခြင်း ကိစ္စများတွင် ကျန်မိသားစုမှ တခြားသော မိသားစုများ အပေါ် တရားဝင်ကော တရားမဝင်ပါ ဖိနှိပ်လာခဲ့သည်မှာ လချီနေလေပြီ။
"သတင်းကောင်း၊ သတင်းကောင်း”
"တိတ်စမ်း ..... ဒီမှာ အစည်းအဝေးပွဲ လုပ်နေတာ မသိဘူးလား"
ခန်းမအတွင်း အော်ကြီးဟစ်ကျယ် ပြေးဝင်လာသော သားဖြစ်သူ
လွင်ထက်ကျော်ကြောင့် မိသားစု ခေါင်းဆောင်ဖြစ်သူ လွင်မိုးတယောက် မျက်မှောင်ကြုံ့၍ ဆူငေါက် လိုက်လေသည်။
"သခင်လေးလွင် အခြေခံ တည်ဆောက်ခြင်းကို ရောက်သွားပြီလား၊ အဲ့ဒါဆို သတင်းကောင်းပဲ မလား"
"မိသားစု ခေါင်းဆောင် ဂုဏ်ပြုပါတယ်ဗျာ”
"မိသားစု ခေါင်းဆောင် ဂုဏ်ပြုပါတယ်ဗျာ”
"ဟား ... ဆယ်ခုနှစ် နှစ်နဲ့ အခြေခံ တည်ဆောက်ခြင်း အလယ်ဆင့် ရောက်နေတဲ့ သမီးကြီး သူဇာလွင်နဲ့ ယှဥ်ရင် အလကားပါဗျာ၊ ဂုဏ်ယူစရာ မရှိပါဘူး၊ ဟား ... "
အကြီးအကဲများ
[ ဂုဏ်ယူစရာ မရှိတဲ့ မျက်နှာပေး ကြီးကလဲ ကောင်းကင်ကို တက်ချိတ်တော့မယ်၊ ငါ့လခွေး ]
"အဟမ်း ဘာပဲပြောပြော ဒါက အစည်းအဝေးခန်းမပဲ၊ မိသားစုရဲ့ အကြီးအကဲ မဟုတ်ရင် ဝင်လာလို့ မရဘူးဆိုတာ မသိဘူးလား”
သားသမီးများမှာ ထူးချွန်ကြ သော်လည်း မိမိမှာ ခေါင်းဆောင်တယောက်မို့ မျက်နှာသာ ပေး၍မဖြစ်ချေ၊၊
"တကယ်ကို သတင်းကောင်းပါ အဖေရ"
"မှောက်ထားစမ်း ... အပြစ်ပေး ကြိမ်လုံး ဘယ်မလဲ"
"သားရဲတစ်ထောင်မြို့မှာ ကျန်မိသားစု လုပ်ပိုင်ခွင့် ရကထဲက ငါတို့ လွင်မိသားစု ဝင်တွေအတွက် သတင်းကောင်း ရှိသေးလို့လားကွ ... ဟေ"
" ပြီးတော့ ........ "
"ကျန်ကျောင်းနဲ့ ကျန်စစ်ပျော် တို့နှစ်ယောက် မြို့ဝင်တံခါးဝမှာ အမည်မသိ အဖွဲ့ရဲ့ အရိုက်ခံ လိုက်ရတယ် အဖေ"
" ဘာ ..... "
ဆူပူနေသော လွင်မိုးတစ်ယောက် သားဖြစ်သူ၏ စကားကြောင့် ပြောလက်စ စကားလုံးများ စွံ့အကုန်၏၊၊
"သေချာရဲ့လား"
"သေချာတယ်အဖေ၊ သားကိုယ်တိုင် မြင်ခဲ့တာ"
"ဟား ... ကျန်မိသားစုတော့ ဝဋ်လည်တာပဲ၊ ဟား ... "
"ညစာစားပွဲ ပြင်လိုက်ကြတော့၊ ကောင်းကောင်းကြီး ပျော်ပစ်ရမယ်"
သားရဲတစ်ထောင် မြို့တွင်း၌ ကျန်မိသားစုဝင်များ အရိုက်ခံ လိုက်ရသည့် ကိစ္စမှာ ပျံ့နှံ့ သွားလေသည်။
သို့သော်ငြား ထုတ်မပြောကြ၊ ပျော်သူများ ပျော်နေသလို ငိုင်သူများလဲ ရှိကြသည်၊၊
ကျန်မိသားစု အိမ်တော်တွင်း၌ မိသားစု ခေါင်းဆောင် ကျန်ဒိုတစ်သည် ကျန်စစ်ပျော်၏ တင်ပြချက်များကို ဂရုတစိုက် နားထောင်နေလေ၏။
ခန်းမအတွင်း၌ အပ်ကျသံမျှမ သံကြားရ လောက်အောင် တိတ်ဆိတ်ငြိမ်သက် သွားချေပြီ။
"အခြေခံ တည်ဆောက်ခြင်း ဆယ်ခြောက်ယောက်နဲ့ အခြေတည် အစောပိုင်း တစ်ယောက်၊ ဟုတ်လား"
ကျန်ဒိုတစ်သည် တုံးအသူ မဟုတ်ချေ၊ ကျန်မိသားစုအား ဤအဆင့်သို့ ရောက်အောင် ဆွဲခေါ်နိုင်ခဲ့သူ တဦးဖြစ်ရာ ဒီကိစ္စ ဒီမျှ မရိုးရှင်းကြောင်း ရိပ်မိလေသည်။
ကျန်မိသားစု အနေနှင့်လဲ ထိုကဲ့သို့ လူအင်အား ထုတ်နိုင်သေးသော်ငြား ထိုလူကဲ့သို့ကား သွားလေရာ မခေါ်နိုင်ချေ။
"သူတို့အခု ဘယ်မှာလဲ"
"မင်းကြီးကြိုက် တည်းခိုဆောင်မှာလို့ သိထားပါပြီ ခေါင်းဆောင်"
"ဒီတခါ ဘယ်သူလှုပ်ရှားချင်လဲ၊ တဘက်က ပေါ့သေးသေး ဟုတ်ပုံမရတော့ သတိတော့ ထားရလိမ့်မယ်"
-"အဖေ ... အဲ့ဒီတောသားက လောကရဲ့ ဒီရေ အနိမ့်အမြင့်ကို မသိသေးဘူးပဲ၊ အဲ့ဒီတောသားကို ဆုံးမဖို့ ကျွန်တော် ဦးဆောင်ပါရစေ အဖေ"
"ကောင်းပြီး၊ မင်းရဲ့ ဦးလေးနှစ်နဲ့ လိုက်သွားပါ၊ အရှင်မလိုချင် ဘူးနော်"
"စိတ်ချပါ အဖေ … ဟီး"
"သွားကြစို့ ဦးလေးနှစ်"
"ကောင်းပါပြီ"
သားဖြစ်သူ ကျန်ဖျင်းမှာ အခြေခံ တည်ဆောက်ခြင်း အထွပ်အထိပ် ရောက်နေသည့်အပြင် ဦးလေးနှစ်မှာ အခြေတည် အလယ်လတ်၌ ရှိသောကြောင့် ဒီလူထုတ်ပုံနှင့် ဆိုပါက တဘက်အဖွဲ့အား အပျောက်ရှင်းနိုင် နေပြီဖြစ်၏။
ထိုကိစ္စ များအား စောရန်နိုင် တစ်ယောက်မသိချေ၊ စားသောက်နေရင်း
"စနစ် ကိုယ်ရေး ပြပေးပါဦး"
အမှတ် - ၆၁၉
ပိုင်ရှင်အမည် - စောရန်နိုင်
ကြင်ယာတော် - မရှိ
နိုင်ငံတော် - အောင်မင်္ဂလာနိုင်ငံတော်
ရာထူး - မြို့စား
ကျင့်ကြံဆင့် - အခြေခံ တည်ဆောက်ခြင်း အထွတ်
- အထိပ် ( နှောင်းပိုင်း )
- အဆင့်မြှင့်ရန် အမှတ်( ၆၁၉ ၊ ၁၅၀ )
သွေးမျိုးဆက် - မရှိ
တပ်ဖွဲ့များ - အရိပ်အစေခံ တပ်ဖွဲ့၊ ခရူးဆိတ်တပ်
- တော်
လက်နက် - အဆင့်နှစ် သံမဏိဓား
ပညာရပ်များ - ခြေလှမ်းသိုင်း ( တစ္စေတစ်ကောင်
- ကခုန်ခြင်း ( အခြေတည် အဆင့် )
အထွေထွေ - အကာအကွယ်ကဒ် နှစ်ခု၊
- မြို့တည်ဆောက်ပုံ မူကြမ်း တစ်ခု
[ မဆိုးဘူး ခြေလှမ်းသိုင်း တစ်ခုနဲ့ မူကြမ်းတစ်ခု တိုးလာပြီ ]
[ စနစ်ရေ .... အဆင့်နှစ် သံမဏိဓား အကြောင်း ရှင်းပြပါဦး ]
[ အဆင့်နှစ် သံမဏိဓား၊ ဓားတစ်ထောင် ပန်းပဲရုံမှ ထုတ်လုပ်ထားပြီးအဆင့် သုံး အစီအရင် ဆရာမှ အဆင့် နှစ် အစီအရင် ရေးဆွဲပေးထားပြီး အခြေတည် အဆင့် အထက်သာ အသုံးပြုနိုင်သည်၊ အကျိူးသက်ရောက်မှု မာကျောကာ ခိုင်ခံ့သည်။
[ စနစ်ရေ ကျင့်ကြံဆင့် မြှင့်တင်မယ် ]
[ ကျင့်ကြံဆင့် မြှင့်တင်လိုက်ပါပြီ ၊ အမှတ် - တစ်ရာ့ငါးဆယ်]
[ လက်ကျန်အမှတ် ၄၆၉ ]
[ အခြေတည် အဆင့်တစ်သို့ ရောက်ရှိသွားသည့် အတွက် စနစ်မှ ဓားသိုင်းပညာ - မာယာလေးကွက် ဓားသိုင်း ( ချီစစ်သူကြီး အဆင့် )
အား ဆုချလိုက်ပါသည် ]
[ သင်ယူ လိုပါသလား ]
[ မစ်ရှင်မရှိပဲ ဘာကြောင့် ဆုပေးတာလဲ စနစ် ]
စနစ်
[ နောက်ပိုင်း၌ ပိုင်ရှင်ရဲ့ အဆင့်မြင့်လေလေ ဆုရရှိမှု စိတ်လေလေဖြစ်သည် ]
[ သင်ယူမယ် ]
စောရန်နိုင်၏စိတ်အာရုံထဲသို့မာယာ၄ကွက်ဓားသိုင်းနှင့်ပတ်သတ်သောအချက်အလက်များပေါ်လာလေသည်။
[မဆိုးဘူးမိုက်တယ်]
လက်ရှိ၌ ပစ္စည်းများ နည်းနေသော်လည်း စောရန်နိုင် စိတ်ဓတ်မကျချေ၊ ထို့နောက် အပေါ်ထပ်တက်၍ အနားယူကြတော့သည်။
"ကျန်မျိုးနွယ်ကို ရိုက်နှက် စော်ကားသွားတဲ့ တောသားတွေ ထွက်လာခဲ့စမ်း"
"သခင်လေးကျန် … ကြိုဆိုပါတယ် .... ကြိုဆိုပါတယ်."
"ငါ့လခွေးကို ကြိုဆိုပါ လားကွ"
"မင်းတို့ရဲ့ တည်းခိုဆောင်က ရှေ့ဆက်ပြီး မဖွင့်ချင် တော့လို့လား၊ ပိုင်ရှင်ကို ခေါ်ခဲ့စမ်း"
"ဟုတ်ကဲ့ … ဟုတ်ကဲ့”
ဧည်က်ြိုခမျာ ကြောက်အားလန့်အားနဲ့ ဘားနောက်သို့ ပြေးဝင်သွား၏။
"ဒီ ကျန်မျိုးနွယ်တွေ အဲ့လောက်ကို ရဲတင်းနေကြ တာလား"
"မမလေး စိတ်ထိန်းပါဦး”
ဒေါသတကြီး ထရန် ပြင်နေသော အသက် ၁၈ အရွယ် မိန်းမပျို တဦးအား ဘေးမှ လူအိုကြီးက တားနေခြင်း ဖြစ်လေသည်။
"မမလေး မသိလို့ရယ်၊ ကျန်သားစုက သားရဲတစ်ထောင် မြို့မှာ ပြီးခဲ့တဲ့ လပိုင်းအတွင်း တိုးတက်လာတာ၊ သူတို့နောက်ကွယ်မှာ တိမ်အရိပ်ဂိုဏ်း ရှိနေတယ်တဲ့"
"ဘာ”
ထရပ်ရန် ပြင်နေသော မိန်းမပျိုခမျာ မျက်နှာတခုလုံး ဖြူစွတ် သွားလေသည်။
မိမိမှာ ပန်းတစ်ရာဂိုဏ်းမှ ဖြစ်သော်လည်း တိမ်အရိပ်ဂိုဏ်းလို ပြည်နယ်အဆင့် ထိပ်ပိုင်းဂိုဏ်းမှ မဟုတ်ချေ။
ပန်းတစ်ရာ ဂိုဏ်းသည် အနောက်ပြည်နယ်မှာ အဆင့် ၃၀ ကျော်မျှသာ ဖြစ်ပြီး တိမ်အရိပ်ဂိုဏ်းမှာမူ အဆင့် ၃ ဂိုဏ်း ဖြစ်လေသည်၊ ထို့အပြင် သမိုင်းကြောင်းနဲ့ သက်တမ်းတခုအထိ ရှည်ကြာနေသော ဂိုဏ်းကြီးတစ်ခု ဖြစ်လေသည်။
ခနအကြာ ဘားနောက်ဘက် အခန်းထဲမှ ပိုင်ရှင်ဆိုသူ ကဗျာကယာ ပြေးလာရှာ၏။
"ဖြန်း”
ကြိုရိုက်လိုက်သည့် လက်ဝါးချက်ကြောင့် လဲကျသွားသောလည်း ပြန်ထလာရကာ ရင်ထဲမှာလဲ ဒေါသများ အလိပ်လိပ် တက်လာ၏၊ သို့သော် အပြင်မထုတ်ရဲ၊ အားတင်းပြုံးကာ
"သခင်လေးကျန် ကျေးကျွန်တို့ တည်းခိုဆောင်ကို ဘာများ စိတ်တိုင်းမကျ စရာရှိလို့လဲ ခင်ဗျာ"
"စိတ်တိုင်း မကျစရာ ဟုတ်လား၊"
ဆက်လက်၍
"ဟွန့် ... မြို့အဝင် တံခါးဝမှာ ကျန်မ်သားစု ဂုဏ်သိက္ခာကို စော်ကားသွားတဲ့ လူတစ်စုကို ဒီတည်းခိုဆောင်က တည်းခွင့်ပြုထားတယ်ဆို ... ဟုတ်ရဲ့လား"
"ဒါ ... ဒါက.. ဒီအကျွန်လဲ မကြာမှီကတင် ခရီးက ပြန်ရောက်လာတာမိို့ အကြောင်းစုံ မသိလိုက်ပါဘူး၊ ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့ဘသခင်လေးကျန်"
စကားပြန် လုပ်နေရင်း
"သခင်လေးကျန်တို့ကို နှစ် တစ်ရာ ပျားရည်ဝိုင် ချပေးလိုက်စမ်း၊ ပြီးတော့ သခင်လေး ပြောသလို တကယ်ဖြစ်ခဲ့တာလား တစ်ယောက်ယောက် ရှင်းပြကြစမ်း”
နှစ်တစ်ရာ ပျားရည်ဝိုင် ဟူသောအသံ ကြားလျှင် ကျန်ဖျင်တစ်ယောက် မျက်စိအရောင် တောက်သွားကာ
"ဟွန့် ... မြန်မြန်လုပ် ... ဒီသခင်လေးကို မစောင့်ရစေနဲ့"
"ဟုတ်ကဲ့ပါ ... ဟုတ်ကဲ့ပါ"
ပိုင်ရှင်မှ မျက်နှာချို သွေးရင်း ဘားနားသို့ သွားတာ
"အဲဒီ ဧည့်သည်တွေကို ရှောင်ခိုင်းလိုက်တော့"
"ဒုက္ခပဲ သူဌေး .... သူတို့တွေ ဆင်းလာပြီ"
"ဟာ"
ဆူညံသံများနှင့် ကျန်မိသားစု ဟူသော အသံကြောင့် စောရန်နိုင်နှင့် တပ်ဖွဲ့မှူးဝင်းတို့ ဆင်းလာကြခြင်း ဖြစ်လေသည်၊ ရောက်ရောက်ခြင်း ဓားနဲ့ထွင်း ဆိုသလိုပင်
( သူက ဆောက်နဲ့တင် မကတော့ပါဘူး၊ ဓားနဲ့ပါ ခုတ်နေတာပါ )
"ကျန်မိသားစုကို မြို့တံခါးဝမှာ ရိုက်လိုက်တာ သူတို့ပဲ"
စောရန်နိုင်မှ တပ်ဖွဲ့မှုးဝင်းတို့ ၁၆ ယောက်ကို လက်ညှိုးညွှန်ကာ ပြောလိုက်တော့သည်။
အခန်း ၁၁ ပြီး
အခန်း(၁၂)
( ချောက်ချ လွန်းသူကြီး စောရန်နိုင် )
[ တခြားသူက ချောက်ချတာ ထားပါတော့၊ သခင်ရဲ့ စကားက မျက်နှာပြောင် တိုက်ရာ ကျမနေ ဘူးလား ]
တပ်ဖွဲ့မှူးဝင်းတို့လူစု သွေးပွက်ပွက် အန်ချင် သွားလေသည်။
"မင်းသေချာ ရဲ့လား"
ကျန်းဖျင်၏ အမေးကို ခေါင်းညိမ့်လျက် စောရန်နိုင်မှ တပ်ဖွဲ့မှူး ဝင်းတို့နှင့် ခပ်လှမ်းလှမ်းသို့ လျှောက်သွား၍
"သေချာတယ် သခင်လေးကျန် ... မနက်က မြို့တံခါးမှာ သောင်း
ကျန်းနေကြတာ တွေ့လိုက်လို့ လာကြည့်တော့ သူတို့တွေကို တွေ့တာပဲဗျာ"
"အရိုက်ခံရတာ ကျန်မိသားစုက ဖြစ်နေတယ်လေ၊ အဲ့ဒါနဲ့ လိုရမယ်ရ ကျွန်တော်လဲ ဒီတည်းခိုဆောင် ထိလိုက်ပြီး စောင့်ကြည့်နေတာဗျ"
ဧည့်ကြို
[ ခင်ဗျားလေး နဲနဲမှ မရှက်ဘူး လားဟင် ]
ဝင်းတို့အဖွဲ့
[ သခင်လေးရယ် ချောက်ချတာ မလွန်လွန်း ဘူးလားဟင်]
ပတ်ဝန်းကျင်
"ညီအစ်ကိုတို့ ဒီကောင်တွေကို သတ်ကြစမ်း"
"သတ်”
တပ်ဖွဲ့မှူး ဝင်းမှလဲ
"တိုက်ကြ ... အသေ မသတ်နဲ့"
“ချွမ် … ချွမ် … ချွမ်”
( ဓားတွေဆွဲထုတ်ကြတာပါ )
ဦးလေးကျန်း ကလဲ တပ်ဖွဲ့မှူး ဝင်းအား ဝင်ခုတ်လေတော့၏။
တခဏ အတွင်း၌ တည်းခိုဆောင် တခုလုံး ဝုန်းဒိုင်း ကျဲကုန်ကြလေသည်၊ စားပွဲတခု ကျိူးတိုင်း ပိုင်ရှင်မှာ မျက်ရည်ကျ ချင်သော်လည်း မကျရဲ ဖြစ်နေရ ရှာသည်။
ယခု တစ်ခေါက်၌ ကျန်မိသားစုဘက်မှ အခြေခံ တည်ဆောက်ခြင်း အဆင့်များစွာ ပါလာသော်လည်း တပ်ဖွဲ့မှုး ဝင်းတို့ ၁၆ ယောက်မှာ နန်းတွင်းမှ တပ်ဖွဲ့ဝင်များမို့ သူမသာ ကိုယ်မသာ ရှိနေသည်၊၊
ကျန်မိသားစု ဘက်က ၁၀ ဦးခန့် ဒဏ်ရာ ရကြသလို သူတို့ဘက်၌လဲ ၄ဦးခန့် ဒဏ်ရာရ နေကြချေပြီ။
မူလ လက်သည်ကြီး စောရန်နိုင်ကား ဘေးဘက် မနီးမဝေး၌ အပြစ်ကင်း သောဟန်၊ ကြောက်ရွံ့သော အမူအရာဖြင့် တုန်လှုပ်ပြနေ၏။
စိတ်ထဲ တွင်တော့
[ ဆိုးဆောရီးပါ အကိုဝင်း၊ စနစ်က ကျန်မိသားစုကို လည့်စားနိုင်ရင် ဆုချမယ် ဆိုလို့ပါ၊ ဟီး ]
စနစ်
"လျက်တပြက် အရံမစ်ရှင်- ကျန်မိသားစု ဝင်များအား လည့်စားပါ၊ ဆုလာဘ်- အမှတ်- ၁၀၀၊ အသက်မွေးမှု ပညာရပ်၊ ပန်းမျိူးတစ်ရာ ပညာရပ်၊ အဆင့်- ၁တို့အား ရရှိပြီး အချ်ိန်မရွေး အသုံးပြု နိုင်ပါပြီ"
စနစ်
"အမှတ် ၅၆၉”
ထိုကိစ္စကြောင့်သာ သူတို့ကို ရှေ့တန်းတင် ခံရမှန်း သိပါက တပ်ဖွဲ့မှူး ဝင်းတို့အဖွဲ့ နေရာမှာတင် သွေးအန်သွားနိုင်၏။
"အားလုံး လက်နက်ချ လိုက်ကြစမ်း"
မြို့စောင့် တပ်များ ရောက်ချလာ ကြလေသည်။
"ဘယ်သူတွေက သားရဲတစ်ထောင် မြို့ထဲမှာ ပြဿနာ ရှာရဲတာလဲ"
မြို့စောင့် တပ်မှူး ဇေယျသူ ဖြစ်၏၊၊ အခြေတည် အထွတ်အထိပ် အဆင့်ဖြစ်ကာ စစ်သည် တစ်ထောင်အား ဦးစီးရလေသည်။
"တပ်မှူးပါလား.. ကျွန်တော်ကျန်မိသားစုကကျန်ဖျင်းပါခင်ဗျာ.."
"အော် … သခင်လေး ကျန်ကိုး … ဘယ်သူတွေ ပြဿနာ ရှာနေတာလဲ သိလား"
ကျန်ဖျင်းမှ မျက်နှာချိုချို ဖြင့်
"သူတို့ပါ တပ်မှူးဇေယျ”
"ဟုတ်ပါတယ် တပ်မှူးခင်ဗျ၊ မနက်က မြို့ဝင်တံခါးမှာ တံခါးမှူးနဲ့ ကျန်စစ်ပျော် အပါအဝင် ကျွန်တော်တို့ ကျန်မိသားစုကို ရိုက်နှက်ခဲ့ကြလို့ အခုပြန်ပြီး ဖြေရှင်းချက် တောင်းနေတာပါ"
"ဒါပေမဲ့ .... ဒီတောသား တသိုက်က တပ်မှူးဇေယျကို မျက်နှာသာ မပေးချင်ဘူး ထင်ပါတယ် ခင်ဗျ"
ကျန်ကျောင်းနှင့် ကျန်စစ်ပျော်တို့၏ စကားများကြောင့် ဇေယျသူတယောက် ဒဘလယ် တင်းသွားချေပြီ။
"ဘာကွ”
"ငါတို့ မြို့စောင့်တပ် ခန့်အပ်ထားတဲ့ တံခါးမှူးကို ရိုက်တာက တော်လှန်မှုအပြင် ငါ့မျက်နှာကို ဖြတ်ရိုက်သလို ပဲဆိုတာ မင်းတို့ မသိကြဘူးလားကွ"
"တောသား … ဘာညာ သာရကာ နေကြာ ကွာစိ"
"အကို ဇော်ပိုင်"
"ဟုတ်"
"ရှလပ်"
စွမ်းအင်မျှင်တန်း တစ်ချက် အလက်တွင် တပ်မှူးဇေယျသူ၏ ခန္ဓာကိုယ် မဲ့သောခေါင်းမှာ မြေပေါ်သို့ လှိမ့်ကျ လာလေသည်။
ပြူးကျယ်နေသော မျက်လုံးများမှာ သူကိုယ်သူ ဘာဖြစ်သွားသည်ဆိုတာ မသိလိုက်ပုံပင်။
စနစ်
"အခြေတည် အဆင့်အား သတ်လိုက်သောကြောင့် အမှတ် ၅ ရရှိပါသည်"
"အမှတ် ၅၇၄ "
"အား ... လူသတ်ကုန်ပြီ"
တည်းခိုဆောင် တခုလုံး ဆူညံကြ ကုန်၏၊၊
ဝိုင်ပုလင်းအား ကိုင်မြောက်ထားလျက် စောရန်နိုင်မှာ နှုတ်ခမ်း တတဆက်ဆက်နှင့်
[ အစ်ကိုကြီး ... ကျွန်တော်ဘာမှ မပြောရသေးဘူးလေဗျာ ]
ပြူးကြည့်နေသော စောရန်နိုင်အား ဇော်ပိုင်မှ
"အာ ...... သတ်ခိုင်းတာ မဟုတ်ဘူးလား သခင်လေး"
[ မင်းအဘကို သတ်ခိုင်းပါလား ]
"အဟမ်း ..... ကျွန်တော်က ဒီနှစ်တရာ ပျားရည်ဝိုင်ကို နှစ်ယောက်သောက်ပြီး ရန်ပွဲ ကြည့်မလို့ လှမ်းခေါ်တာဗျ"
ရုတ်တရက်
"ပြေး ... ပြေး"
ကျန်မိသားစု ဝင်များနှင့် မြို့စောင့်တပ်များ ရုတ်တရက် ထွက်ပြေးကုန် ကြလေသည်။
အမှန်တွင် မြို့စောင့်တပ် ဟူသည်မှာ မြို့စားဟောင်း ထွက်သွားစဥ်တွင် ယခင်က မြို့စောင့်တပ်ကိုပါ ရုတ်သိမ်းသွားခြင်းကြောင့် ကျန်မိသားစုမှ အခွင့်အရေးယူကာ တောပုန်း ဓားပြများအား အသွင်ပြောင်း၍ ထည့်ထားခြင်း ဖြစ်လေသည်။
မြို့စောင့်တပ်မှူး ဇေယျသူကား ဓါးပြခေါင်းတည်း။
ဇော်ပိုင်မှ
"သခင်လေး ထွက်ပြေးသွား သူတွေကို လိုက်သတ်လိုက် ရမလား"
"ထားလိုက်ပါ၊ တောင်းပန်ပါတယ် သူဌေးရေ၊ ပျက်ဆီးတာ တွေကိုကျွန်တော့်စာရင်းထဲ ပေါင်းထည့်ပေးပါ၊ အလျော်ပေးပါ့မယ်"
"နေ … နေ နေပါစေ သခင်လေး၊ ဒီမြို့မှာ ဒီလိုမျိုးက ရိုးနေပါပြီ၊"
"အဲ့ဒါဆိုလဲ အားနာ မနေတော့ဘူး၊ ကျွန်တော်တို့ ဆက်သောက် ဦးမယ်ဗျ”
"စားပွဲထိုးရေ … သခင်လေးတို့ ဝိုင်းကို နှစ်တစ်ရာ ပျားရည်ဝိုင် ၅အိုးချ ပေးလိုက်ဟေ့”
တစ်ပတ်မျှ ကြာပြီးနောက် မြို့ထဲသို့ သတင်းတစ်ပုဒ်မှာ ပြန့်နံ့နေဆဲ၊၊
ကျန်မိသားစုမှ ကျန်းကျောင်းနှင့် ကျန်စစ်ပျော်တို့ အရိုက်ခံရ၍ ကျန်သခင်လေးနဲ့ အဖွဲ့တို့ မင်းကြီးကြိုက် တည်းခိုခန်းသို့ဘသွားရောက်ကာ စာရင်းရှင်းသော်လည်း မနိုင်သည့်အပြင်၊ သွားကူကြသော ကျန်မိသားစု သြဇာခံ မြို့စောင့်တပ်မှူးပါ အသတ်ခံလိုက်ရသည် ဟူသတည်း။
ထိုကိစ္စ များကြောင့် မင်းကြီးကြိုက် တည်းခိုဆောင်ကား အမြဲစည်းကားနေတော့၏။
"သူဌေးရေ"
"ရှိ ..... ရှိ ရှိပါတယ်ဗျာ"
"ဒီမြို့ဝန်းကျင်မှာ ခြံဝိုင်းကျယ်ကျယ်နဲ့ သန့်ရှင်းတဲ့ မြေနေရာများ ရောင်းဖို့ ရှိနိုင်လားဗျ"
"အိမ်ခြံမြေနဲ့ ပတ်သတ်ပြီဆိုရင် လွင်မိသားစုဆီ စုံစမ်းတာ အကောင်းဆုံးပဲ သခင်လေး"
"ဘာလို့လဲဗျ"
စောရန်နိုင် မြန်မာပြည် သားပီပီ စပ်စုမိ၏။
"သားရဲတစ်ထောင် မြို့က သားရဲတစ်ထောင် တောအုပ်နားမှာ တည်ထားတာ သခင်လေး သိပြီးပြီမလား"
"အင်း ... သိတယ်လေ"
"လေလွင့်ကျင့်ကြံ သူတွေက မြို့ထဲက တည်းခိုဆောင်တွေမှာ တည်းကြပေမဲ့၊ ဂိုဏ်းကြီးက တပည့်တွေနဲ့ တခြားနယ်တွေက မိသားစု သခင်လေးတွေကတော့ မြို့ထဲလို ဆူညံတဲ့ နေရာတွေမှာ မတည်းချင် တဲ့အတွက် သီးသန့်ငှား နေကြတယ်လေ၊ အဲဒီတော့ လွင်မိသားစုက ဒီမြို့ရဲ့ ရပ်နီးရပ်ဝေး အိမ်ခြံမြေ လောကကို ထိန်းချုပ်ထား တာပေါ့ဗျာ"
"အော် ...... "
[ ကြည့်ရတာ လွင်မိသားစုဆီ ခရီးဆက် ရဦးမယ် ထင်တယ် ]
လွင်မိသားစု အိမ်တော်တံခါးဝ
"ရပ်လိုက်စမ်း .... ဘယ်သူတွေလဲ"
တံခါးစောင့်များ၏ တားမြစ်မှုကြောင့် စောရန်နိုင် တို့အဖွဲ့ တန့်သွားလေသည်။
တပ်ဖွဲ့မှူးဝင်း၏ စစ်သည်တဦးမှ
"အိမ်ခြံမြေ ဝယ်ချင်လို့ လာစုံစမ်းတာပါ"
"တာဝန်ရှိိသူနဲ့ တွေ့ချင်ပါတယ်"
စနစ်
"လျင်တပြက် အရံမစ်ရှင် လွင်မိသားစု အထင်ကြီးအောင် လုပ်ပါ၊ ဆုလာဘ် အမှတ် ၁၀၀၊ Colt Paterson 1836 တစ်လက်၊ ဆေးပညာ အင်မော်တယ် အကြည့် ( ချီစစ်သူကြီး အဆင့် )၊ မစ်ရှင် ကျဆုံးပါက လွင်မိသားစုနှင့် သူသေကိုယ်သေ ရန်သူဖြစ်မည်"
"မစ်ရှင်အား လက်ခံလိုပါသလား "
[ သူသေကိုယ်သေ ဆိုပါလားဟ ]
စောရန်နိုင်
"လက်ခံမယ်"
တံခါးစောင့်မှ
"ခနစောင့် ပေးကြပါ"
ခနအကြာ၌ အရပ်ပုပုနဲ့ လူရွယ်တစ်ယောက် တံခါးစောင့်နှင့် အတူပါလာ၏။ ထိုသူမှ ချိုသာစွာဖြင့်
"ဘယ်ဂိုဏ်း ဘယ်မိသားစု ကလဲ ပြောပြလို့ ရမလား ခင်ဗျ"
စောရန်နိုင်မှ ပြုံး၍
"ဘယ်ဂိုဏ်း၊ ဘယ်မိသားစု ကမှ မဟုတ်ပါဘူး၊ ဒီအတ်ိုင်းပဲ ခြံတစ်ခြံ လိုချင်လို့ပါ၊ ပြသနာရှိလို့ လားဗျ"
တစ်ဖက်က ယျဥ်ကျေး နေတာကြောင့် ချိုသာစွာ ပြန်ဖြေပေးလိုက်၏။
[ ဟူး ... တော်သေးတယ်၊ ဂိုဏ်းဝင်တွေ မိသားစု သခင်လေးတွေက ပြောဆိုရ လက်ပေါက်ကတ်တယ်၊ ဒီတစ်ယောက်က ဖော်ရွှေပုံပဲ ]
"ဟဲ၊ မရှိပါဘူးဗျာ၊ အထဲကြွ ကြပါ"
စောရန်နိုင်မှ ခေါင်းညိမ့် အသိအမှတ် ပြုရင်း
"ကြွပါ"
လွင်မိသားစု အဓိက ခန်းမ၌ ငယ်ရွယ် လှပသော မိန်းမပျိုလေး တစ်ဦးမှ လူရွယ်တစ်ဦးအား ကပ်ချွဲ ချွဲနေလေသည်။
"အဖေကလဲ ...... ခ်ခ်ခ်ခ််ခ်"
"ကြည့်စမ်းပါဦး ... လူကြီးတောင် ဖြစ်နေပြီ၊ အခုချိန်ထိ ဒီအဖေကို ကပ်ချွဲတုန်း လားကွယ်”
ထိုနောက် စိုးရိမ်စွာနဲ့ပင်
"ပန်းတစ်ရာ ဂိုဏ်းမှာ အဆင်ပြေရဲ့လား”
မိန်းမပျိုမှ
"ပြေပါတယ် အဖေ၊ သမီးရဲ့ ဆရာမကလဲ သေသေချာချာ ဂရုစိုက် ပါတယ်၊ ကြည့်ပါလား … သမီးတောင် အခြေတည် စဦးပိုင်း ရောက်နေပြီ"
"အသက် ၂၀နှစ်၊ အခြေတည် စဦးအဆင့် ..... ဟား"
"ဟိုကျန်မျိုးရိုး ကောင်ရဲ့ သားတောင် အခြေခံ တည်ဆောက်ခြင်း အထွတ်အထိပ်ပဲ ရှိသေးတာ မလား … ဟား"
"မိသားစု ခေါင်းဆောင်၊ ဒီတခါ မိသားစုခွဲတမ်း ပြိုင်ပွဲမှာ သခင်မလေးက နိုင်မှာ သေချာနေပြီ ပဲမလားဗျ၊ ဟား၊ ထူးချွန်တဲ့ မျိုးဆက်သစ်လူငယ် သားသမီးတွေကို ပိုင်ဆိုင်ထားတာ ဂုဏ်ပြုပါတယ်ဗျာ"
"ဟား ... "
"မိသားစု ခေါင်းဆောင်ကို တင်ပြပါတယ်"
အခန်း၁၂ပြီး