အခန်း (၁၃-၁၅)
Vol. 1 Ch. 13-15
အခန်း ၁၃
( ယောက္ခထီးလောင်း ပေးတဲ့လက်ဆောင် )
"မိသားစု ခေါင်းဆောင်ကို တင်ပြပါတယ်"
"မင်းကြီးကြိုက် တည်းခိုဆောင်ကနေ ဟိုသခင်လေး တို့အဖွဲ့ အပြင် ထွက်သွားတယ်လို့ သိရပါတယ် သခင်ကြီး"
"ဟေ ... ဘယ်ထွက်သွားလဲ သိရသေးလား"
"မသိရသေးပါဘူး သခင်ကြီး၊ နောက်ယောင်ခံ လိုက်ခိုင်းထားပါတယ်"
"အေးကောင်းတယ်၊ သူတို့ကို ပြောလိုက်၊ တဖက်လူ သံသယ မဝင်စေနဲ့လို့၊ ဘဏ္ဌာစိုး ဆီကနေ မင်းတို့ညီအစ်ကို တွေအတွက် ငွေပြား ၅၀ ထုတ်ယူသွားလိုက်"
သတင်းလာပို့သူ အစေခံမှာ ပြုံးရွှင်သွားလျက််
"ကျေးဇူးတင်ပါတယ် သခင်ကြီး"
လွင်မိသားစု အရောင်းဝယ် ခန်းမ၌
"ဒီဘက်ကြွပါ သခင်လေးတို့"
"ဒီခန်းမထဲမှာ သားရဲတစ်ထောင်မြို့ ပတ်ဝန်းကျင် အနှံ့က ရောင်းဝယ် စရာရှိတဲ့ အိမ်ခြံမြေတွေရဲ့ သက်ဆိုင်ရာ အချက်အလက်တွေကို စုစည်းပြီး ပြပေးထားပါတယ်"
"ကောင်းပြီ"
"ဒါနဲ့ ဒီကဦးလေး နာမည်က"
"ဒီအစေခံက လွင်မိသားစုရဲ့ အိမ်တော်ထိန်း လွင်စိုးပါ သခင်လေး"
စောရန်နိုင် တော်တော် သဘောကျနေ၏၊ လွင်မိသားစုသည် မမောက်မာ သည့်အပြင် အဝယ်တော် များအား မည်သူပင် ဖြစ်ပါစေ စိတ်ရှည်ရှည် ရောင်းဝယ်နိုင်မှု အပြင်၊ အာမခံလဲ စိတ်ချရသဖြင့် နာမည်ကြီး နေခြင်းဖြစ်ပေသည်။
"ဦးလေးလွင်စိုး ... အဝယ်တော် တွေလားဗျ"
"ဟုတ်ပါတယ် သခင်လေး၊ အိမ်ကောင်းကောင်း ခြံကောင်းကောင်း လိုချင်တယ် ဆိုလို့ပါ။"
ဤသည်ကား လွင်မိသားစု၏ အထာဖြစ်လေသည်၊ ထိုအထာဖြင့် ထိုက်တန်သူသည် ဖောက်သည် ကြီးကြီးဖြစ်မှန်း လွင်ထက်ကျော် သဘောပေါက်လိုက်၏။
"အဟမ်း ... အဟမ်း"
"ဒီသခင်လေးက လွင်မိသားစုရဲ့ ဒုတိယသခင်လေး လွင်ထက်ကျော်လို့ ခေါ်ပါတယ်"
အိမ်တော်ထိန်း၏ မိတ်ဆက် ပေးမှုကြောင့် ယဥ်ကျေးမှုအရ စောရန်နိုင်တို့ ခေါင်းညိမ့် အသိအမှတ် ပြုလိုက်လေသည်။
"ဟင်"
"လွင်မိသားစုက အပြင်မှာ သတင်းကြီး သလောက်လဲ သဘောထား မကြီးပါလား"
စောရန်နိုင် မျက်မှောင်ကျုံ့လျက် ဆိုလိုက်၏။
"ဘာကွ"
"မင်း စော်ကားလှချေ လား"
လွင်ထက်ကျော်မှာ စောရန်နိုင်အား လက်ညိုးထိုး၍ အော်လိုက်လေသည်။ အိမ်တော်ထိန်းမှလည်း
"ဒီကသခင်လေး စကားကို ဆင်ခြင်ပြောပေးပါ၊ လွင်မိသားစုက ဧည့်သည်တွေကို အမြဲတမ်း လေးလေးစားစား ဆက်ဆံခဲ့တာပါ"
"လေးစားတယ် ဟုတ်လား ... ဆိုပါဦး၊ ဒီပန်းပင်က ဘာသဘောနဲ့ ဒီခန်းမထဲ ထား ထားရသလဲ ဆိုတာကို ရှင်းပြပါဦး"
လွင်ထက်ကျော်မှ မျက်နှာကြီး နီမြန်းလျက်
"ဘာကို ရှင်းပြရမှာလဲ၊ ဒါက ပန်းပင်တစ်ပင် ပဲလေ"
စောရန်နိုင်က
"ပန်းပင်တစ်ပင် ပဲတဲ့လား၊ ဒီအပင်ကြောင့် ဖောက်သည်တွေ သေရတော့မှာကို ပန်းပင်တစ်ပင် ထဲတဲ့လား"
[ သခင်ကတော့ ပြဿနာ ရှာပြန်ပြီ ထင်တယ် ]
ဘာပဲဖြစ်ဖြစ် တစ်လှေထဲ စီးပြီးသည်မို့ ကျရာဇာတ်အား လိုက်ကကြယုံသာ
"ဒီပန်းပင်က ဘာပြဿနာ ရှိလို့လဲ သခင်"
တပ်ဖွဲ့မှူး ဝင်းမှ ဝင်မေးလိုက်မိ၏။
ဘယ်လိုပဲ ကြည့်ကြည့် သာမာန်ဆန်သော အပင်သည် လူ့အသက်အား မသေစေ နိုင်လောက်ဘူး မလား
စောရန်နိုင်
"ဒီပန်းပင်ကို ဇော်ဂျီဂမုန်းလို့ ခေါ်တယ်၊ သာမာန် ပတ်ဝန်းကျင်မှာ ပေါက်လေ့ရှိပြီး လူကို အန္တရယ် မပေးပေမဲ့ ဒီပန်းပင်ကတော့ မတူလောက်တော့ဘူး၊ အထူးနည်း တစ်မျိူးမျိုးနဲ့ စိုက်ထားတာမို့ ချီမရှိတဲ့ ပတ်ဝန်းကျင်မှာ မရှင်သန် နိုင်တော့ဘူး"
ဆက်လက်၍ စောရန်နိုင်မှ ခေါင်းယမ်းကာ
"အခုတော့ ဒီပန်းပင်က ဒီခန်းမထဲ ဝင်လာတဲ့ ဧည်သည်တွေဆီက ချီတွေကို စုပ်ယူ နေလို့သာ အခုထိ ရှင်သန်နေတာပဲ"
"ပြောကြည့်ပါဦး ... ဒါက ဘာသဘောလဲ ဆိုတာ"
"ဒါ ... ဒါက"
တပ်ဖွဲ့မှူးဝင်းနှင့် အိမ်တော်ထိန်းတို့ ထိတ်လန့် သွားလေသည်။
စောရန်နိုင်သည် စနစ်ဆီမှ ဆုအဖြစ် ရထားသော ပန်းတစ်ရာ ပညာရပ်ထဲ၌ ဤအပင်ကြောင်း ပါသောကြောင့် သိရှိနေခြင်း ဖြစ်ပေ၏။
"ပေါက်ကရတွေ ... ဒါပန်းပင်က ငါ့အမ အမြတ်တနိုးနဲ့ ဂိုဏ်းထဲကနေ အဖေ့အတွက် လက်ဆောင် ယူလာတဲ့ ပန်းပင်ကွ"
"အဲ့တော့ မင်းက မယုံဘူးပေါ့လေ"
"ဟုတ်တယ်၊ ရေထက် သွေးက ပိုပြစ်တယ်၊ ပြီးတော့ ငါ့အမကလဲ အဖေ့ကို ထိခိုက်အောင် ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး"
"ဘယ်သူက ငါတို့ရဲ့ လွင်အိမ်တော်မှာ ပြဿနာ လာရှာရဲတာလဲ"
"ကျားအသည်း စားထားလို့ အသည်းမာ နေရလောက်အောင် ဘယ်သူက အတင့်ရဲနေတာလဲ"
"ငါယူလာတဲ့ ပန်းပင်ကိုများ အပြစ်ပြော ရဲလောက်အောင် နင်က ပန်းပင်အကြောင်း ဘယ်လောက် သိလို့လဲ"
လွင်မိသားစု ခေါင်းဆောင်နဲ့ သမီးဖြစ်သူတို့ အလွမ်းသယ်၍ ကောင်းနေစဥ် အရောင်းဝယ် ခန်းမ၌ သူဇာလွင် ယူလာသော ပန်းပင်ကြောင့် လူသေရတော့မည် ဖြစ်ကြောင်း လာရောက် သတင်းပို့သောကြောင့် ဒေါသတကြီး ပြေးလာကြခြင်း ဖြစ်လေသည်။
"ဟွန့် ... ငါ့ဆရာမက ငါ့အဖေအတွက် ဇော်ဂျီပန်းကို တကူးတက လက်ဆောင် ပေးလိုက်တာပဲ၊ ဒီဇော်ဂျီ ပန်းပင်ကို စိတ်အေးချမ်း စေဖို့ ရည်ရွယ်ပြီး ချီစွမ်းအင် ပေါတဲ့နေရာမှာ တကူးတက စိုက်ပျိုးထားရတာ၊ နင်လို အပြင်လူက ဘယ်သိပါ့မလဲ"
"ဒါဆို ... ဒါ ... ဒါက"
"ဟာ"
အိမ်တော်ထိန်းနှင့် လွင်ထက်ကျော်တို့ မျက်နှာများ ဖြူလျော့ကုန်၏၊၊
သူတို့နှစ်ယောက်သည် အရောင်းဝယ် ကိစ္စရပ်များကြောင့် ဤခန်းမ အတွင်း၌ အမြဲနီးပါး နေရသောကြောင့် လက်တလော ရက်ပိုင်းအတွင်း ချီစုဆောင်း မရနိုင်ခြင်းနဲ့ ကိုယ်တွင်း ချီစွမ်းအင် လျော့နည်းလာ ကြသည်ကို သတိထား မိကြ၏။
ယခင်က သာမာန် ကျင့်ကြံခြင်း ပြဿနာ တစ်ခုဟုသာ ယူဆမိကြသော်လည်း ယခုလို ပန်းပင်တစ်ပင် ကြောင့်ဆိုတာ မရိပ်မိ ကြချေ၊
[ ဒါဆို သူပြောတာ အမှန်တွေပဲပေါ့ ]
[ ဒီရက် ပိုင်းအတွင်း ဧည်သည်တွေ ကြုံနေရတဲ့ ပြဿနာက ဒီပန်းပင်ကြောင့်ပေါ့ ]
အိမ်တော်ထိန်းနှင့် သားဖြစ်သူတို့၏ ပြောင်းလဲကုန်သော မျက်နှာမူယာ အနေအထားကြောင့် လွင်မိုးသည်
"ဘာတွေ ဖြစ်နေလို့လဲ"
"ဒီလိုပါအဖေ ( မြန်မာကားကဲ့သို့ ယူဆပါလေ ) ၊ အဲ့ဒါက ဒီပန်းပင်ကြောင့် ဖြစ်နေမယ်လို့ မထင်ထားမိဘူး"
"အမှန်ပဲ သခင်ကြီး"
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ပြီးတော့ ... ဆရာမ၊ ဆရာမက အဖေ့ကို ဒီလိုမျိုး လုပ်ကြံဖို့က မဖြစ်နိုင်ဘူးလေ"
"ဟင့် ... ဟင့်"
သူဇာလွင် တစ်ယောက် ငိုချင်နေမိတော့၏၊ သူယူလာသော ပန်းပင်မှ ယခုလိုတွေ ဖြစ်ကုန်သဖြင့် ငိုခြင်းချ လုမတက် ဖြစ်နေလေသည်။
ထို့ကြောင့် ဘေးကနေ ရပ်ကြည့်နေသော စောရန်နိုင်မှာ အသည်းငယ်သူမို့ မကြည့်ရက်တော့ပဲ ဝင်ရှင်းပြရ လေတော့၏။
"ဒီကိစ္စက တမင်ရည်ရွယ်ပုံ မရပါဘူး၊ ဇော်ဂျီပန်းဟာ ချီတွေကိုသာ စုဆောင်းရင်း ရှင်သန်ခဲ့တာမလို့၊ ရုတ်တရက် ချီမရနိုင်တဲ့ ပတ်ဝန်းကျင်နဲ့ တွေ့တဲ့အခါ အနားကို ရောက်လာတဲ့ လူသားတွေရဲ့ ချီတွေကို မတော်တဆ စုပ်ယူနေမိတာပါ"
"ဒါကလဲ ရှင်သန်ခြင်း သဘာဝမလို့ ဒီကအမနဲ့ အမရဲ့ ဆရာမတို့မှာ အပြစ် မရှိနိုင်ပါဘူး"
ထိုသို့ ကြားသောအခါ သူဇာလွင်က ပြုံးရွှင်လာ၍ အရည်ရွှမ်းသော မျက်နှာလေးဖြင့်
"ဒါဆို ဘယ်လိုလုပ်ရမလဲ မောင်လေး"
စားလုမတက် ဝါးလုမတက် ကြည့်နေသော သူဇာလွင်၏ အကြည့်အား မခံနိုင်ရှာသော မြန်မာပြည်ဖွား Fa လေးမှာ မျက်နှာကြီး နီမြန်းလျက်
"ဒါက လွယ်ပါတယ် ချီစွမ်းအင်ပါတဲ့ ပစ္စည်းတခုခုကို အနီးနားထား၊ ဒါမှမဟုတ် အနီးနားကို ရွေ့စိုက် ပေးလိုက်ရင် ရပါပြီ"
"ဒီက သခင်လေးကို ဒီလွင်မိုးက ကျေးဇူးတင်ပါတယ်ဗျာ၊ ဒီအကြောင်းသာ အပြင်ပေါက်ကြား ခဲ့ရင်"
စောရန်နိုင်မှာ လွင်မိသားစု ခေါင်းဆောင်၏ ဆိုလိုရင်းအား သဘောပေါက်သည်မို့
"စိတ်ချပါ"
သူဇာလွင်သည် ဒီလူငယ်လေးအား မြင်ဖူးသလိုလို ရှိနေသော်လည်း ဘယ်နေရာ၌မှန်း မသဲကွဲချေ၊ ခန်းမတွင်း အခြေအနေမှာ လေးလံလာကာ အနေရ ခက်နေကြသည်မို့ အိမ်တော်ထိန်းမှ
"သခင်ကြီး ... ဒီက သခင်လေးတို့က အိမ်နဲ့ခြံဝယ်ဖို့ လာစုံစမ်း ကြတာပါ"
"ဟုတ်လား ... ဒါဆိုရင်"
လွင်မိုးတစ်ချက် စဥ်းစားဟန် ပြု၍ အိမ်တော်ထိန်းအား မျက်စပစ်ကာ
"မြို့တောင်ဘက်က ဟိုခြံ ဆိုရင်ကော"
"အဖေ ... ဒါက"
"သခင်ကြီး ... ဒါက"
"အဖေကလဲ ... အဲ့ဒါကသမီး"
"တော်လောက်ပြီ၊ အဲ့လိုပဲ သတ်မှတ်လိုက်မယ်၊ ဒီကတူငယ်လေး၊ အဲ့ခြံကို ကျေးဇူးဆပ်တဲ့ အနေနဲ့ လက်ဆောင်ပေးတယ်လို့ ယူဆပေးပါ"
လွင်မိုးမှ အိမ်ခြံစာချုပ် တစ်ခုအား ထုတ်၍ စောရနိုင်အား ပေးလိုက်လေသည်၊၊
စောရန်နိုင်မှ
[ တခုခုတော့ လွဲနေသလိုပဲ ]
"သမီး ... အဲ့ခြံကို လိုက်ပြလိုက် ပါဦးကွယ်"
သူဇာလွင်မှာ ဒေါသတကြီး နှင့်
"ပြီးရော ဟွန့်"
[ ဘာလဲဟ၊ စောနကတင် စားတော့ ဝါးတော့မတက်၊ အခုကျ သူပဲ ဒေါသတကြီးနဲ့၊ မိန်းမတွေ တယ်လဲ ခန့်မှန်းရ ခက်လှချေလား ]
မြို့သည် အတော်အသင့် ကျယ်သည်မို့ မြို့တောင်ဘက် ခြံဝိုင်းဆီ စောရန်နိုင်တို့ မြင်းနှင့် ထွက်ခဲ့ကြလေသည်၊ လမ်းတလျောက်တွင် သူဇာလွင်က စိတ်ဆိုးဆဲ ပုံစံနှင့်မို့ စကားမပြော ဖြစ်ကြချေ၊၊
ခနအကြာ၌
"ရောက်ပြီ"
ဆောင့်ကြီး အောင့်ကြီးနှင့်မို့ စောရန်နိုင် ခေါင်းသာ ယမ်းလိုက်မိသည်၊၊
ခြံဝိုင်းအား လေ့လာမိ သောအခါ၌ သဘောကျသွားလေ၏။
ခြံဝိုင်းအား တံတိုင်း ၃ထပ် ခတ်ကာ အကန့်သုံးကန့် ခွဲထားပြီး သားသားနားနား ရှိချေသည်။
သူဇာလွင်မှ
"ဒါက အပြင်ဘက် ခြံဝိုင်း၊ အစေခံနဲ့ အိမ်တော်ထိန်းတွေ အတွက် အဆောင်ခန်းတွေ ရှိတယ်၊ ဒါက ဒုတိယခြံဝိုင်း ဧည့်သည်တွေ အတွက် အဆောင်ခန်းတွေနဲ့ ပင်မခန်းမ တချို့ရှိတယ်၊ ဒါက အတွင်းခြံဝိုင်း ဥယျာဥ်နဲ့ ရေကန်အတွက်၊ အိမ်ဆောင်နှစ်ခု ပါတယ်၊"
စောရန်နိုင် လေ့လာမိသလောက် မဆိုးလှပေ၊ ခြံဝိုင်းမှာ လေးထောင့်ကျ၍ အတွင်းခြံဝိုင်းသည် ပတ်ပတ်လည် ၁မိုင် ဝတ်ခန့် ကျယ်ပြော၍ ဥယျာဥ်ဆောင်နှင့် ပင်မအိပ်ဆောင် ဟူ၍ နှစ်နေရာရှိပြီး လေ့ကျင့်ရေး ကွင်းအသီးသီး ပါရှိကြသည်။
ဒုတိယခြံဝိုင်းသည် ၁မိုင်ခန့် အကျယ်ရှိ၍၊ အပြင်ခြံဝိုင်းကား အကျယ်ဆုံး ဖြစ်ကာ ၂မိုင် ခန့်ရှိပြီး အပြင်ခြံဝိုင်းမှ အတွင်းခြံဝိုင်းထိ ပတ်လည်အားဖြင့် အတော်လေး ကျယ်ဝန်းပါတယ်။
အရပ်မျက်နှာ တစ်ဖက်ဆီ၌ ၁ဧကဆီ အနည်းဆုံး ကျယ်သော လေ့ကျင့်ရေး ကွင်းများ ပါရှိသည့်အပြင် အပြင်ဘက်ဆုံး ခြံဝိုင်း၌ အဆောင်ခန်းများ အနေနဲ့ တစ်ဖက်ဆီကို ၁၀ ဆောင်နဲ့ လေးဘက်ပေါင်း ၄၀ ဆောင် ပါရှိလေသည်။
ဒုတိယ ခြံဝိုင်းအတွင်း၌ တစ်ဖက်ဆီ ၅ဆောင်နှင့် လေးဖက်ပေါင်း အဆောင်၂၀ မျှ ပါရှိလေသည်။
"အခု လက်ဆောင်အတွက် အပြန်ကျရင် လွင်မိသားစု ခေါင်းဆောင်ဆီ ကျေးဇူးတင်ကြောင်း ပြောပေးပါဦး"
"ဘယ်သူက ပြန်မယ် ပြောလို့လဲ၊ ဒါက ကျွန်မခြံလေ၊ ကျွန်မခြံကို ရှင့်ဆီ ပေးလိုက်တော့ ကျွန်မက ဘယ်သွား နေရမှာလဲ"
စောရန်နိုင်နှင့် တပ်ဖွဲ့မှူးဝင်းတို့ နှုတ်ခမ််း တဆက်ဆက် တုန်သွားလေသည်။
နောက်ဆုံးတော့ နားလည်လိုက်ပါပြီ၊ စားမတက် ဝါးမတက် အရည်ရွမ်းနဲ့ ကြည့်နေပြီးမှ အဘယ်ကြောင့် မဝါးပဲ အကောင်လိုက် မျိုချချင်သလို ဖြစ်သွားရတဲ့ အကြောင်းအရင်းအား ဇာတ်ရည် လည်မိလိုက်ကြ၏၊
[ ငါ့လခွေး ... လက်စသတ်တော့ သူ့ခြံကိုး ]
"အဟမ်း ... ဒါက၊ ဒီမှာက ယောကျာ်းသားတွေ ချည်းပဲနေမှာ ဆိုတော့လေ၊ မတော်လို့များ မူးရစ်ပြီးတော့"
"အဲ့တော့ ဘာဖြစ်လဲ"
စောရန်နိုင် ဆိုလိုသည်အား သဘောပေါက် သွားသောကြောင့်
"ဟင် ... ရှင် ... ရှင် ... လူညစ်ပတ်၊ ဟွန့်"
"ကျွန်မမှာလဲ ကိုယ်ပိုင် အစေခံတွေ ရှိပါသေးတယ်"
ပြောပြောဆိုဆိုနဲ့ အတွင်းခြံထဲသို့ ဝင်သွားလေရာ စောရန်နိုင် ခေါင်းယမ်းရင်း အနောက်မှ လိုက်၍
"ဒါဆိုလဲ အမကြီးက"
"ဘာ အမကြီးလဲ ... အသက် ၂၀ပဲ ရှိသေးတယ် ရှင့်"
"အာ ... ဟုတ်ပါပြီ၊ အဲ့ဒါဆို ဘယ်လို ခေါ်ရမလဲဗျာ၊"
စောရန်နိုင် ငိုချင်လာသော်လည်း မျက်ရည်မကျချေ
"သူဇာ လို့ပဲခေါ်"
"ဟုတ်ပါပြီ ... အဲ့ဒီတော့ သူဇာက ဥယျာဥ်ခြံ ဝိုင်းဘက်နေပေါ့ ကျွန်တော်က အိပ်ဆောင်ခန်းမ ဘက်နေမယ်၊ အဆင်ပြေရဲ့လား"
"ပြေတယ်"
အခန်း(၁၃)ပြီး
အခန်း ၁၃
( ယောက္ခထီးလောင်း ပေးတဲ့လက်ဆောင် )
"မိသားစု ခေါင်းဆောင်ကို တင်ပြပါတယ်"
"မင်းကြီးကြိုက် တည်းခိုဆောင်ကနေ ဟိုသခင်လေး တို့အဖွဲ့ အပြင် ထွက်သွားတယ်လို့ သိရပါတယ် သခင်ကြီး"
"ဟေ ... ဘယ်ထွက်သွားလဲ သိရသေးလား"
"မသိရသေးပါဘူး သခင်ကြီး၊ နောက်ယောင်ခံ လိုက်ခိုင်းထားပါတယ်"
"အေး ကောင်းတယ်၊ သူတို့ကို ပြောလိုက်၊ တဖက်လူ သံသယ မဝင်စေနဲ့လို့၊ ဘဏ္ဌာစိုး ဆီကနေ မင်းတို့ ညီအစ်ကို တွေအတွက် ငွေပြား ၅၀ ထုတ်ယူသွားလိုက်"
သတင်းလာပို့သူ အစေခံမှာ ပြုံးရွှင်သွားလျက််
"ကျေးဇူးတင်ပါတယ် သခင်ကြီး"
လွင်မိသားစု အရောင်းဝယ် ခန်းမ၌
"ဒီဘက်ကြွပါ သခင်လေးတို့"
"ဒီခန်းမထဲမှာ သားရဲတစ်ထောင်မြို့ ပတ်ဝန်းကျင် အနှံ့က ရောင်းဝယ် စရာရှိတဲ့ အိမ်ခြံမြေတွေရဲ့ သက်ဆိုင်ရာ အချက်အလက်တွေကို စုစည်းပြီး ပြပေးထားပါတယ်"
"ကောင်းပြီ"
"ဒါနဲ့ ဒီကဦးလေး နာမည်က"
"ဒီအစေခံက လွင်မိသားစုရဲ့ အိမ်တော်ထိန်း လွင်စိုးပါ သခင်လေး"
စောရန်နိုင် တော်တော် သဘောကျနေ၏၊ လွင်မိသားစုသည် မမောက်မာ သည့်အပြင် အဝယ်တော် များအား မည်သူပင် ဖြစ်ပါစေ စိတ်ရှည်ရှည် ရောင်းဝယ်နိုင်မှု အပြင်၊ အာမခံလဲ စိတ်ချရသဖြင့် နာမည်ကြီး နေခြင်းဖြစ်ပေသည်။
"ဦးလေးလွင်စိုး ... အဝယ်တော် တွေလားဗျ"
"ဟုတ်ပါတယ် သခင်လေး၊ အိမ်ကောင်းကောင်း ခြံကောင်းကောင်း လိုချင်တယ် ဆိုလို့ပါ။"
ဤသည်ကား လွင်မိသားစု၏ အထာဖြစ်လေသည်၊ ထိုအထာဖြင့် ထိုက်တန်သူသည် ဖောက်သည် ကြီးကြီးဖြစ်မှန်း လွင်ထက်ကျော် သဘောပေါက်လိုက်၏။
"အဟမ်း ... အဟမ်း"
"ဒီသခင်လေးက လွင်မိသားစုရဲ့ ဒုတိယသခင်လေး လွင်ထက်ကျော်လို့ ခေါ်ပါတယ်"
အိမ်တော်ထိန်း၏ မိတ်ဆက် ပေးမှုကြောင့် ယဥ်ကျေးမှုအရ စောရန်နိုင်တို့ ခေါင်းညိမ့် အသိအမှတ် ပြုလိုက်လေသည်။
"ဟင်"
"လွင်မိသားစုက အပြင်မှာ သတင်းကြီး သလောက်လဲ သဘောထား မကြီးပါလား"
စောရန်နိုင် မျက်မှောင်ကျုံ့လျက် ဆိုလိုက်၏။
"ဘာကွ"
"မင်း စော်ကားလှချေ လား"
လွင်ထက်ကျော်မှာ စောရန်နိုင်အား လက်ညိုးထိုး၍ အော်လိုက်လေသည်။ အိမ်တော်ထိန်းမှလည်း
"ဒီက သခင်လေး စကားကို ဆင်ခြင်ပြောပေးပါ၊ လွင်မိသားစုက ဧည့်သည်တွေကို အမြဲတမ်း လေးလေးစားစား ဆက်ဆံခဲ့တာပါ"
"လေးစားတယ် ဟုတ်လား ... ဆိုပါဦး၊ ဒီပန်းပင်က ဘာသဘောနဲ့ ဒီခန်းမထဲ ထား ထားရသလဲ ဆိုတာကို ရှင်းပြပါဦး"
လွင်ထက်ကျော်မှ မျက်နှာကြီး နီမြန်းလျက်
"ဘာကို ရှင်းပြရမှာလဲ၊ ဒါက ပန်းပင်တစ်ပင် ပဲလေ"
စောရန်နိုင်က
"ပန်းပင်တစ်ပင် ပဲတဲ့လား၊ ဒီအပင်ကြောင့် ဖောက်သည်တွေ သေရတော့မှာကို ပန်းပင်တစ်ပင် ထဲတဲ့လား"
[ သခင်ကတော့ ပြဿနာ ရှာပြန်ပြီ ထင်တယ် ]
ဘာပဲဖြစ်ဖြစ် တစ်လှေထဲ စီးပြီးသည်မို့ ကျရာဇာတ်အား လိုက်ကကြယုံသာ
"ဒီပန်းပင်က ဘာပြဿနာ ရှိလို့လဲ သခင်"
တပ်ဖွဲ့မှူး ဝင်းမှ ဝင်မေးလိုက်မိ၏။
ဘယ်လိုပဲ ကြည့်ကြည့် သာမာန်ဆန်သော အပင်သည် လူ့အသက်အား မသေစေ နိုင်လောက်ဘူး မလား
စောရန်နိုင်
"ဒီပန်းပင်ကို ဇော်ဂျီဂမုန်းလို့ ခေါ်တယ်၊ သာမာန် ပတ်ဝန်းကျင်မှာ ပေါက်လေ့ရှိပြီး လူကို အန္တရယ် မပေးပေမဲ့ ဒီပန်းပင်ကတော့ မတူလောက်တော့ဘူး၊ အထူးနည်း တစ်မျိူးမျိုးနဲ့ စိုက်ထားတာမို့ ချီမရှိတဲ့ ပတ်ဝန်းကျင်မှာ မရှင်သန် နိုင်တော့ဘူး"
ဆက်လက်၍ စောရန်နိုင်မှ ခေါင်းယမ်းကာ
"အခုတော့ ဒီပန်းပင်က ဒီခန်းမထဲ ဝင်လာတဲ့ ဧည်သည်တွေဆီက ချီတွေကို စုပ်ယူ နေလို့သာ အခုထိ ရှင်သန်နေတာပဲ"
"ပြောကြည့်ပါဦး ... ဒါက ဘာသဘောလဲ ဆိုတာ"
"ဒါ ... ဒါက"
တပ်ဖွဲ့မှူးဝင်းနှင့် အိမ်တော်ထိန်းတို့ ထိတ်လန့် သွားလေသည်။
စောရန်နိုင်သည် စနစ်ဆီမှ ဆုအဖြစ် ရထားသော ပန်းတစ်ရာ ပညာရပ်ထဲ၌ ဤအပင်ကြောင်း ပါသောကြောင့် သိရှိနေခြင်း ဖြစ်ပေ၏။
"ပေါက်ကရတွေ ... ဒါပန်းပင်က ငါ့အမ အမြတ်တနိုးနဲ့ ဂိုဏ်းထဲကနေ အဖေ့အတွက် လက်ဆောင် ယူလာတဲ့ ပန်းပင်ကွ"
"အဲ့တော့ မင်းက မယုံဘူးပေါ့လေ"
"ဟုတ်တယ်၊ ရေထက် သွေးက ပိုပြစ်တယ်၊ ပြီးတော့ ငါ့အမကလဲ အဖေ့ကို ထိခိုက်အောင် ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး"
"ဘယ်သူက ငါတို့ရဲ့ လွင်အိမ်တော်မှာ ပြဿနာ လာရှာရဲတာလဲ"
"ကျားအသည်း စားထားလို့ အသည်းမာ နေရလောက်အောင် ဘယ်သူက အတင့်ရဲနေတာလဲ"
"ငါယူလာတဲ့ ပန်းပင်ကိုများ အပြစ်ပြော ရဲလောက်အောင် နင်က ပန်းပင်အကြောင်း ဘယ်လောက် သိလို့လဲ"
လွင်မိသားစု ခေါင်းဆောင်နဲ့ သမီးဖြစ်သူတို့ အလွမ်းသယ်၍ ကောင်းနေစဥ် အရောင်းဝယ် ခန်းမ၌ သူဇာလွင် ယူလာသော ပန်းပင်ကြောင့် လူသေရတော့မည် ဖြစ်ကြောင်း လာရောက် သတင်းပို့သောကြောင့် ဒေါသတကြီး ပြေးလာကြခြင်း ဖြစ်လေသည်။
"ဟွန့် ... ငါ့ဆရာမက ငါ့အဖေအတွက် ဇော်ဂျီပန်းကို တကူးတက လက်ဆောင် ပေးလိုက်တာပဲ၊ ဒီဇော်ဂျီ ပန်းပင်ကို စိတ်အေးချမ်း စေဖို့ ရည်ရွယ်ပြီး ချီစွမ်းအင် ပေါတဲ့နေရာမှာ တကူးတက စိုက်ပျိုးထားရတာ၊ နင်လို အပြင်လူက ဘယ်သိပါ့မလဲ"
"ဒါဆို ... ဒါ ... ဒါက"
"ဟာ"
အိမ်တော်ထိန်းနှင့် လွင်ထက်ကျော်တို့ မျက်နှာများ ဖြူလျော့ကုန်၏၊၊
သူတို့နှစ်ယောက်သည် အရောင်းဝယ် ကိစ္စရပ်များကြောင့် ဤခန်းမ အတွင်း၌ အမြဲနီးပါး နေရသောကြောင့် လက်တလော ရက်ပိုင်းအတွင်း ချီစုဆောင်း မရနိုင်ခြင်းနဲ့ ကိုယ်တွင်း ချီစွမ်းအင် လျော့နည်းလာ ကြသည်ကို သတိထား မိကြ၏။
ယခင်က သာမာန် ကျင့်ကြံခြင်း ပြဿနာ တစ်ခုဟုသာ ယူဆမိကြသော်လည်း ယခုလို ပန်းပင်တစ်ပင် ကြောင့်ဆိုတာ မရိပ်မိ ကြချေ၊
[ ဒါဆို သူပြောတာ အမှန်တွေပဲပေါ့ ]
[ ဒီရက် ပိုင်းအတွင်း ဧည်သည်တွေ ကြုံနေရတဲ့ ပြဿနာက ဒီပန်းပင်ကြောင့်ပေါ့ ]
အိမ်တော်ထိန်းနှင့် သားဖြစ်သူတို့၏ ပြောင်းလဲကုန်သော မျက်နှာမူယာ အနေအထားကြောင့် လွင်မိုးသည်
"ဘာတွေ ဖြစ်နေလို့လဲ"
"ဒီလိုပါအဖေ ( မြန်မာကား ကဲ့သို့ ယူဆပါလေ ) ၊ အဲ့ဒါက ဒီပန်းပင်ကြောင့် ဖြစ်နေမယ်လို့ မထင်ထားမိဘူး"
"အမှန်ပဲ သခင်ကြီး"
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ပြီးတော့ ... ဆရာမ၊ ဆရာမက အဖေ့ကို ဒီလိုမျိုး လုပ်ကြံဖို့က မဖြစ်နိုင်ဘူးလေ"
"ဟင့် ... ဟင့်"
သူဇာလွင် တစ်ယောက် ငိုချင်နေမိတော့၏၊ သူယူလာသော ပန်းပင်မှ ယခုလိုတွေ ဖြစ်ကုန်သဖြင့် ငိုခြင်းချ လုမတက် ဖြစ်နေလေသည်။
ထို့ကြောင့် ဘေးကနေ ရပ်ကြည့်နေသော စောရန်နိုင်မှာ အသည်းငယ်သူမို့ မကြည့်ရက်တော့ပဲ ဝင်ရှင်းပြရ လေတော့၏။
"ဒီကိစ္စက တမင်ရည်ရွယ်ပုံ မရပါဘူး၊ ဇော်ဂျီပန်းဟာ ချီတွေကိုသာ စုဆောင်းရင်း ရှင်သန်ခဲ့တာမလို့၊ ရုတ်တရက် ချီမရနိုင်တဲ့ ပတ်ဝန်းကျင်နဲ့ တွေ့တဲ့အခါ အနားကို ရောက်လာတဲ့ လူသားတွေရဲ့ ချီတွေကို မတော်တဆ စုပ်ယူနေမိတာပါ"
"ဒါကလဲ ရှင်သန်ခြင်း သဘာဝမလို့ ဒီကအမနဲ့ အမရဲ့ ဆရာမတို့မှာ အပြစ် မရှိနိုင်ပါဘူး"
ထိုသို့ ကြားသောအခါ သူဇာလွင်က ပြုံးရွှင်လာ၍ အရည်ရွှမ်းသော မျက်နှာလေးဖြင့်
"ဒါဆို ဘယ်လိုလုပ်ရမလဲ မောင်လေး"
စားလုမတက် ဝါးလုမတက် ကြည့်နေသော သူဇာလွင်၏ အကြည့်အား မခံနိုင်ရှာသော မြန်မာပြည်ဖွား Fa လေးမှာ မျက်နှာကြီး နီမြန်းလျက်
"ဒါက လွယ်ပါတယ် ချီစွမ်းအင်ပါတဲ့ ပစ္စည်းတခုခုကို အနီးနားထား၊ ဒါမှမဟုတ် အနီးနားကို ရွေ့စိုက် ပေးလိုက်ရင် ရပါပြီ"
"ဒီက သခင်လေးကို ဒီလွင်မိုးက ကျေးဇူးတင်ပါတယ်ဗျာ၊ ဒီအကြောင်းသာ အပြင်ပေါက်ကြား ခဲ့ရင်"
စောရန်နိုင်မှာ လွင်မိသားစု ခေါင်းဆောင်၏ ဆိုလိုရင်းအား သဘောပေါက်သည်မို့
"စိတ်ချပါ"
သူဇာလွင်သည် ဒီလူငယ်လေးအား မြင်ဖူးသလိုလို ရှိနေသော်လည်း ဘယ်နေရာ၌မှန်း မသဲကွဲချေ၊ ခန်းမတွင်း အခြေအနေမှာ လေးလံလာကာ အနေရ ခက်နေကြသည်မို့ အိမ်တော်ထိန်းမှ
"သခင်ကြီး ... ဒီက သခင်လေးတို့က အိမ်နဲ့ခြံဝယ်ဖို့ လာစုံစမ်း ကြတာပါ"
"ဟုတ်လား ... ဒါဆိုရင်"
လွင်မိုးတစ်ချက် စဥ်းစားဟန် ပြု၍ အိမ်တော်ထိန်းအား မျက်စပစ်ကာ
"မြို့တောင်ဘက်က ဟိုခြံ ဆိုရင်ကော"
"အဖေ ... ဒါက"
"သခင်ကြီး ... ဒါက"
"အဖေကလဲ ... အဲ့ဒါကသမီး"
"တော်လောက်ပြီ၊ အဲ့လိုပဲ သတ်မှတ်လိုက်မယ်၊ ဒီကတူငယ်လေး၊ အဲ့ခြံကို ကျေးဇူးဆပ်တဲ့ အနေနဲ့ လက်ဆောင်ပေးတယ်လို့ ယူဆပေးပါ"
လွင်မိုးမှ အိမ်ခြံစာချုပ် တစ်ခုအား ထုတ်၍ စောရနိုင်အား ပေးလိုက်လေသည်၊၊
စောရန်နိုင်မှ
[ တခုခုတော့ လွဲနေသလိုပဲ ]
"သမီး ... အဲ့ခြံကို လိုက်ပြလိုက် ပါဦးကွယ်"
သူဇာလွင်မှာ ဒေါသတကြီး နှင့်
"ပြီးရော ဟွန့်"
[ ဘာလဲဟ၊ စောနကတင် စားတော့ ဝါးတော့မတက်၊ အခုကျ သူပဲ ဒေါသတကြီးနဲ့၊ မိန်းမတွေ တယ်လဲ ခန့်မှန်းရ ခက်လှချေလား ]
မြို့သည် အတော်အသင့် ကျယ်သည်မို့ မြို့တောင်ဘက် ခြံဝိုင်းဆီ စောရန်နိုင်တို့ မြင်းနှင့် ထွက်ခဲ့ကြလေသည်၊ လမ်းတလျောက်တွင် သူဇာလွင်က စိတ်ဆိုးဆဲ ပုံစံနှင့်မို့ စကားမပြော ဖြစ်ကြချေ၊၊
ခနအကြာ၌
"ရောက်ပြီ"
ဆောင့်ကြီး အောင့်ကြီးနှင့်မို့ စောရန်နိုင် ခေါင်းသာ ယမ်းလိုက်မိသည်၊၊
ခြံဝိုင်းအား လေ့လာမိ သောအခါ၌ သဘောကျသွားလေ၏။
ခြံဝိုင်းအား တံတိုင်း ၃ထပ် ခတ်ကာ အကန့်သုံးကန့် ခွဲထားပြီး သားသားနားနား ရှိချေသည်။
သူဇာလွင်မှ
"ဒါက အပြင်ဘက် ခြံဝိုင်း၊ အစေခံနဲ့ အိမ်တော်ထိန်းတွေ အတွက် အဆောင်ခန်းတွေ ရှိတယ်၊ ဒါက ဒုတိယခြံဝိုင်း ဧည့်သည်တွေ အတွက် အဆောင်ခန်းတွေနဲ့ ပင်မခန်းမ တချို့ရှိတယ်၊ ဒါက အတွင်းခြံဝိုင်း ဥယျာဥ်နဲ့ ရေကန်အတွက်၊ အိမ်ဆောင်နှစ်ခု ပါတယ်၊"
စောရန်နိုင် လေ့လာမိသလောက် မဆိုးလှပေ၊ ခြံဝိုင်းမှာ လေးထောင့်ကျ၍ အတွင်းခြံဝိုင်းသည် ပတ်ပတ်လည် ၁မိုင် ဝတ်ခန့် ကျယ်ပြော၍ ဥယျာဥ်ဆောင်နှင့် ပင်မအိပ်ဆောင် ဟူ၍ နှစ်နေရာရှိပြီး လေ့ကျင့်ရေး ကွင်းအသီးသီး ပါရှိကြသည်။
ဒုတိယခြံဝိုင်းသည် ၁မိုင်ခန့် အကျယ်ရှိ၍၊ အပြင်ခြံဝိုင်းကား အကျယ်ဆုံး ဖြစ်ကာ ၂မိုင် ခန့်ရှိပြီး အပြင်ခြံဝိုင်းမှ အတွင်းခြံဝိုင်းထိ ပတ်လည်အားဖြင့် အတော်လေး ကျယ်ဝန်းပါတယ်။
အရပ်မျက်နှာ တစ်ဖက်ဆီ၌ ၁ဧကဆီ အနည်းဆုံး ကျယ်သော လေ့ကျင့်ရေး ကွင်းများ ပါရှိသည့်အပြင် အပြင်ဘက်ဆုံး ခြံဝိုင်း၌ အဆောင်ခန်းများ အနေနဲ့ တစ်ဖက်ဆီကို ၁၀ ဆောင်နဲ့ လေးဘက်ပေါင်း ၄၀ ဆောင် ပါရှိလေသည်။
ဒုတိယ ခြံဝိုင်းအတွင်း၌ တစ်ဖက်ဆီ ၅ဆောင်နှင့် လေးဖက်ပေါင်း အဆောင်၂၀ မျှ ပါရှိလေသည်။
"အခု လက်ဆောင်အတွက် အပြန်ကျရင် လွင်မိသားစု ခေါင်းဆောင်ဆီ ကျေးဇူးတင်ကြောင်း ပြောပေးပါဦး"
"ဘယ်သူက ပြန်မယ် ပြောလို့လဲ၊ ဒါက ကျွန်မခြံလေ၊ ကျွန်မခြံကို ရှင့်ဆီ ပေးလိုက်တော့ ကျွန်မက ဘယ်သွား နေရမှာလဲ"
စောရန်နိုင်နှင့် တပ်ဖွဲ့မှူးဝင်းတို့ နှုတ်ခမ််း တဆက်ဆက် တုန်သွားလေသည်။
နောက်ဆုံးတော့ နားလည်လိုက်ပါပြီ၊ စားမတက် ဝါးမတက် အရည်ရွမ်းနဲ့ ကြည့်နေပြီးမှ အဘယ်ကြောင့် မဝါးပဲ အကောင်လိုက် မျိုချချင်သလို ဖြစ်သွားရတဲ့ အကြောင်းအရင်းအား ဇာတ်ရည် လည်မိလိုက်ကြ၏၊
[ ငါ့လခွေး ... လက်စသတ်တော့ သူ့ခြံကိုး ]
"အဟမ်း ... ဒါက၊ ဒီမှာက ယောကျာ်းသားတွေ ချည်းပဲနေမှာ ဆိုတော့လေ၊ မတော်လို့များ မူးရစ်ပြီးတော့"
"အဲ့တော့ ဘာဖြစ်လဲ"
စောရန်နိုင် ဆိုလိုသည်အား သဘောပေါက် သွားသောကြောင့်
"ဟင် ... ရှင် ... ရှင် ... လူညစ်ပတ်၊ ဟွန့်"
"ကျွန်မမှာလဲ ကိုယ်ပိုင် အစေခံတွေ ရှိပါသေးတယ်"
ပြောပြောဆိုဆိုနဲ့ အတွင်းခြံထဲသို့ ဝင်သွားလေရာ စောရန်နိုင် ခေါင်းယမ်းရင်း အနောက်မှ လိုက်၍
"ဒါဆိုလဲ အမကြီးက"
"ဘာ အမကြီးလဲ ... အသက် ၂၀ပဲ ရှိသေးတယ် ရှင့်"
"အာ ... ဟုတ်ပါပြီ၊ အဲ့ဒါဆို ဘယ်လို ခေါ်ရမလဲဗျာ၊"
စောရန်နိုင် ငိုချင်လာသော်လည်း မျက်ရည်မကျချေ
"သူဇာ လို့ပဲခေါ်"
"ဟုတ်ပါပြီ ... အဲ့ဒီတော့ သူဇာက ဥယျာဥ်ခြံ ဝိုင်းဘက်နေပေါ့ ကျွန်တော်က အိပ်ဆောင်ခန်းမ ဘက်နေမယ်၊ အဆင်ပြေရဲ့လား"
"ပြေတယ်"
အခန်း(၁၃)ပြီး
အခန်း(၁၄)
( ခရူးဆိတ် တပ်ဖွဲ့)
အိပ်ခန်းမဆောင် ဧည့်ခန်း အတွင်း၌
စနစ်
[ တွမ် ... လျက်တပြက် အရံမစ်ရှင် ပြီးဆုံး- လွင်မိသားစု အထင်ကြီးအောင်လုပ်ပါ၊ ဆုလာဘ် အမှတ် ၁၀၀ ၊ Colt Paterson 1836 တစ်လက်၊ ဆေးပညာရပ်၊ အင်မော်တယ် အကြည့် ( ချီဘုရင်အဆင့် ) အား ရှိပါသည် ]
[ ပိုင်ရှင်မှ တိုက်ရိုက် အသုံးပြုနိုင်ပါပြီ၊ အမှတ် ၆၇၄ ]
စနစ်မှ သတိပေးချက် ရရှိသည်နှင့် စောရန်နိုင် ထပြီး ကလုမတက် ဖြစ်သွားလေသည်၊ စနစ် သိုလှောင်ခန်းမှ Colt Paterson 1836အား ထုတ်ယူ၍ ကြည့်လိုက်လေရာ ဆိုင်ရာ အချက်အလက်များ ပေါ်ပေါက်လာ၏။
Colt Paterson 1836 သေနတ် အဆင့်မရှိ
Colt Paterson 1836 သေနတ်သည် မြေကမ္ဘာမှ ဆင်မြူရယ်ကိုးလ်မှ တီထွင်ထားသော သေနတ်ဖြစ်ပြီး လက်ရှိကမ္ဘာနှင့် ကိုက်ညီအောင် ပြုလုပ်၍ ပိုင်ရှင်အား ဆုအဖြစ် ချပေးခြင်းဖြစ်သည်။
ကျည်ဆံအစား သားရဲ အမြူတေအား အသုံးပြု၍ ၆ ကြိမ် ပစ်ခတ်နိုင်သည်။
( မှတ်ချက် အမြူတေ အဆင့်မြင့်လေ အစွမ်းထက်လေ ဖြစ်သည် )
ဆေးပညာရပ်် အင်မော်တယ် အကြည့် ( ချီဘုရင် အဆင့် )
အင်မော်တယ် အကြည့်သည် ချီဘုရင်နှင့် အောက်အဆင့်များ အပေါ်တွင် သက်ရောက်နိုင်သည်၊ ပိုင်ရှင်ကြည့်လိုသော သူသည် ၎င်းတို့၏ ကိုယ်တွင်း သွေးကြောများနှင့် ရောဂါဖြစ်စဥ် များကို သိရှိနိုင်ပြီး ကိုက်ညီသော ဆေးဝါးနှင့် လိုအပ်ချက်များအား ဖော်ပြပေးသည်
[ ကြိုက်ပြီဟေ့ ... ဒါနဲ့ အမြုတေ တွေကို ဘယ်က ရနိုင်တာလဲ စနစ် ]
စနစ်
[ သားရဲများကို သတ်ဖြတ်ခြင်းမှ ရရှိနိုင်သည်၊ စနစ် ဈေးဆိုင်မှလဲ အထွေထွေ စင်ပေါ်၌ ပိုင်ရှင်၏ လိုအပ်ချက်အရ ထည့်သွင်းပေးထားပါပြီ ]
ထိုနောက် စနစ်စျေးဆိုင်မှ အထွေထွေ စင်ပေါ်သို့ ကြည့်မိရာ
[ အားပါးပါး ]
အဆင့် ၃ အမြူတေ၊ အမှတ် ၅၀၀၀
အဆင့် ၂ အမြူတေ၊ အမှတ် ၃၀၀၀
အဆင့် ၁ အမြူတေ၊ အမှတ် ၁၀၀၀
[ ဆိုးဆောရီး ... စနစ်၊ ပိုင်ရှင်အဲ့လောက် မချမ်းသာသေးပါ ]
[ စနစ်ရေ ကျင့်ကြံဆင့် ၄ ဆင့် မြှင့်မယ် ]
စနစ်
[ ပိုင်ရှင်၏ ကျင့်ကြံဆင့် ၄ဆင့်အား မြှင့်ပြီးပါပြီ၊ အမှတ် ၅၀၀ အား ကျသင့်ပါမည်။
ကျင့်ကြံဆင့် အခြေတည် ၅ ( အထွတ်အထိပ် အဆင့် )
လက်ကျန်မှတ် ၁၇၄ မှတ်
ဆက်လက် မြှင့်တင်ရန် ( ၁၇၄ ၊ ၁၅၀ )
[ အား ... ငါလေး တော်တော် မွဲသွားတာပဲ၊ နောက်ဆို စနစ်စတိုး ထဲက ပစ္စည်းဝယ်ဖို့ စုရတော့မယ် ]
[ စနစ်၊ ကံတရား ကံစမ်း မဲပုံးက အခုနှိပ်လို့ မရသေးဘူးလား ]
စနစ်
[ စနစ် အဆင့် ၆ ရောက်မှသာ ရရှိနိုင်ပါသည် ]
[ ဟူး ... ထားလိုက်တော့ ]
"အကိုဇော်ပိုင်"
"ဟုတ်သခင်"
"ကျွန်တော့်က်ို နောက်ဆို သခင်လို့ မခေါ်နဲ့တော့ ညီလေးစော လို့သာခေါ်ပါ"
ဇော်ပိုင် တွေတွေကြီး စိုက်ကြည့်၍
"ဟုတ်ကဲ့ပါ ညီလေးစော"
အရိပ်တပ်ဖွဲ့ဝင် စစ်သည်များသည် သခင်နဲ့ကျွန် ဆက်ဆံရေးသာ ရိုက်သွင်းခံ ခဲ့ရသည်မို့ မြို့စားအား သူလေးစား လာမိသည်။
"အကို ဇင်ဝိုင်းတို့ ဘာလို့ လာပြီး မဆက်သွယ် သေးတာလဲ"
"ဟုတ်ကဲ့ပါ ညီလေး၊ မကြာခင်က အရိပ်စစ်သည် တစ်ဦးရဲ့ သတင်းပို့ချက်အရ ကျန်မိသားစု နောက်ကြောင်းကို ဆက်လက်စုံစမ်း နေကြတာပါတဲ့"
"သားရဲတစ်ထောင်မြို့ ပတ်ဝန်းကျင် မြေပုံဆွဲကို ခိုင်းထားတဲ့ အဖွဲ့အခြေအနေ ကကော"
"ဒီတစ်ရက် နှစ်ရက်အတွင်း အပြီးသတ် နိုင်ပါလိမ့်မယ် ညီလေးစော"
"ကောင်းပါပြီ မကြာခင် အဖွဲ့သစ်တွေ လာဖို့ရှိတယ်၊ ကြိုဆိုဖို့ ပြင်ထား လိုက်ပါဦး"
ဇော်ပိုင် သိလိုနေ သော်လည်း
"ဟုတ်ကဲ့ပါ ညီလေးစော"
ကျေးငှက်တို့ရဲ့ နှိုးထသံ နဲ့အတူ သားရဲတစ်ထောင်မြို့ရဲ့ နံနံက်ခင်းဟာ လှပလို့ နေပေသည်။
ကျန်မိသားစု အိမ်တော်၊ ပင်မခန်းမ၌
"တိမ်အရိပ်ဂိုဏ်းက သားတော်နဲ့ အကြီးအကဲတို့ကို ကြိုဆိုပါတယ်"
ခန်းမထိပ် ထိုင်ခုံပေါ်၌ အသက် ၂၀အရွယ် လူငယ်တဦး ဝင့်ကြွားစွာ ထိုင်နေလေသည်၊ ဘေးဘယ်ညာ၌ ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေသော လူအိုကြီးများ၊ လူရွယ်များမှ တလေးတစားနှင့် ရှိချေသည်။
လူအို တစ်ဦးမှ မာနကြီးစွာနဲ့
"ဟွန့် ... ဒီတစ်ခေါက် သားရဲတစ်ထောင် တောအုပ်ဘက်ကို အတွေ့အကြုံ ရှာပြီး ဂိုဏ်းဆီပြန်တဲ့ ခရီးမှာ ဂိုဏ်းသားတော်က မင်းတို့ရဲ့ ကျန်အိမ်တော်ဆီ မှာတည်းဖို့ ဖြစ်လာတာဟာ မင်းတို့ကျန်မိသားစုရဲ့ ကံကောင်းမှုပဲ၊ ဒီအချိန်မှာ ဂိုဏ်းသားတော်ကို စိတ်မပျက်စေနဲ့ ကြားလား"
ကျန်မိသားစု ခေါင်းဆောင်မှ ရိုရိုကျိုးကျိုးနဲ့
"စိတ်ချပါ အကြီးအကဲ၊ ဂိုဏ်းသားတော်ကို အစစ အရာရာ ပြည့်စုံစေ ရပါမယ် ခင်ဗျ"
ဂိုဏ်းသခင်လေး ဆိုသူမှာ
"ကျန်မိသားစု ခေါင်းဆောင်၊ ဒီသခင်လေးက ယန်ဓတ် ကျင့်ကြံသူမို့ ယင်ဓတ် ကျင့်ကြံသူ အမျိူးသမီး တစ်ယောက်ကို ခေါ်တွေ့လိုတယ်၊ စီစဥ်ပေး နိုင်မလား"
ကျန်မိသားစု ခေါင်းဆောင် ကျန်မင်းသည် ချက်ဆို နှာခေါင်းက မီးတောက်သူမို့၊ ခပ်ညစ်ညစ် ပြုံးကာ
"တစ်ယောက်တော့ ရှိပါတယ် သခင်လေး ... ဒါပေမဲ့"
ကျန်မင်းတစ်ယောက် အထာကိုင် နေလေရာ
"ကျန်ခေါင်းဆောင် ... ဒီသခင်လေးတို့ ဂိုဏ်းမှာ ကျော်ကြားတဲ့
အခြေတည် အဆင့် ကျင့်စဥ်ဖြစ်တဲ့ တိမ်လိုသစ္စာ ဓားသိုင်းက မျှဝေမယ်ဆို မျှဝေခွင့် ပြုထားပါတယ်ဗျာ၊ ဟဲ"
"ဂိုဏ်းသခင်လေး ဒါဆိုရင် အားနာစွာနဲ့ လက်ခံပေးပါ့မယ်၊ ဟား ... ဟား ... ဒါပေမဲ့ အဲဒီတစ်ယောက်က တကယ်ကို မလွယ်ဘူးနော်"
"ဘယ်မိသားစုက မလို့လဲ၊ သားရဲ တစ်ထောင်မြို့လို တောကျတဲ့ ဒီနေရာမှာ ဒီသခင်လေးကို ဆန့်ကျင်ရဲသူ ရှိသေးတာလား ... ဟွန့်"
"အဲဒီ မိန်းမပျိုက ပန်းတစ်ရာဂိုဏ်းက သမီးတော်ဆိုသူ လွင်မိသားစုက သမီးအကြီးပါ၊ မကြာခင် ရက်ပိုင်းကပဲ တာဝန်တစ်ခုနဲ့ ပြန်ရောက်လာတာ လို့သိရပါတယ်"
ကျန်မင်းမှ ဂိုဏ်းသခင်လေး ဆိုသူ လူငယ်အား ကြည့်၍
"အဲဒီ တစ်ယောက်ကိုများ စိတ်ဝင်စား မလားလို့ပါ"
"ဟွန့် ... ပန်းတစ်ရာ ဂိုဏ်းလို ဂိုဏ်းအသေးစားလေးရဲ့ သမီးတော်ပဲ မလား၊ အဲဒီလို ဂိုဏ်းအသေးစားလေးကို သခင်လေးက ဂရုစိုက် နေမယ်တဲ့လား"
"အကြီးအကဲ ဘူ"
"ဟုတ်ကဲ့"
"အဲဒီ မိသားစုဆီ လူလွှတ်လိုက်၊ တိမ်အရိပ် ဂိုဏ်းသားတော်က လွင်မိသားစုရဲ့ သမီးကြီးကို ကျန်မိသားစုမှာ ဧည့်ခံဘချင်ပါတယ်လို့"
"ပြီးတော့ မနက်ဖြန် တစ်နေကုန်လို့မှ ရောက်မလာခဲ့ရင် သားရဲ တစ်ထောင်မြို့မှာ လွင်မိသားစု ဆိုတာ ရှိဖို့ မလိုတော့ဘူး လို့ပါ တခါထဲပြောခဲ့"
"ဟုတ်"
လွင်မိသားစုက သူတို့ရဲ့ သမီးကြီးအား ပို့လိမ့်မည် မဟုတ်တာ သူသိပေသည်၊ ထို့ကြောင့် မြို့တွင်း၌ ယင်ဓတ် ပြည့်ဝသော အမျိုးသမီး များစွာ ရှိသည့်အနက် လွင်မိသားစုဘက် တမင် မျှားဦးလည့် ပေးလိုက်ခြင်း ဖြစ်လေသည်။
ကျန်မင်းကား အကျေနှပ်ကြီး ကျေနှပ်နေ၏၊ စိတ်အနှောက်အယှက် ဖြစ်စရာ မိသားစု တစ်ခုအား ရှင်းပစ်နိုင်တော့ ပေမည်။
"လောလောဆယ် သခင်လေး ယင်ယန် ကျင့်ကြံဖို့ အမျိုးသမီးငယ်တွေ စီစဥ် ပေးထားပါတယ်၊ ဟဲ ... ဟဲ"
"ဒါက မိသားစု ခေါင်းဆောင်ကျန် စီစဥ်ပေးတာနော်၊ ဒီက သခင်လေး ဘာမှ မသိလိုက် ဘူးနော်"
"ဟား ... ဟုတ်ပါတယ် ... ဟုတ်ပါတယ်"
ခနအကြာ ခန်းမ အပြင်ဘက်၌
"လာကြစမ်း ... ဂိုဏ်းသားတော်အတွက် ယင်ဓတ် ပြည့်ဝတဲ့ အမျိုးသမီး ပျိုလေးတွေ လေး၊ ငါး ဆယ်ယောက်လောက် သွားဆွဲခေါ်ခဲ့ကြ"
"ဟုတ်ကဲ့ပါ"
[ စနစ်ေရ ခရူးဆိတ် စစ်သည်တွေကို အစေခံတွေလို ဝတ်စားပြီး လာခိုင်းလိုက်ပါ၊ ပြီးတော့ ချီစစ်သူကြီး အဆင့် ဗိုလ်မှုး ၃ဦးနဲ့ ချီဘုရင် အဆင့် တပ်မဟာမှုးကို သာမာန်လူ အဖြစ် ပုံဖျတ်ပြီး မြို့ထဲမှာ ပေါ်လာခိုင်းလိုက်ပါ၊ ဘယ်သူမှ မမြင်ပါစေနဲ့ ]
စနစ်
[ တွမ် ... ခရူးဆိတ် စစ်သည်တော် ၁၅၀၀ဦး၊ တပ်မှူး ၁၅ဦး တို့အား ခြံဝင်း တံခါးပေါက်တွင် နေရာချထား ပြီးပါပြီ ]
စောရန်နိုင် ကျေနှပ်စွာ ခေါင်းညိမ့်လိုက်စဥ် ဇော်ပိုင် ရောက်လာပြီး
"အပြင်မှာ ညီလေးစော အစေခံတွေ ဆိုပြီးလူ ၁၅၁၅ ယောက် လာပြော နေကြပါတယ်"
"ဟုတ်တယ် စောနက ကျွန်တော် ပြောထားတဲ့ သူတွေပဲ၊ သူတို့ကို အပြင်ခြံဝိုင်းရဲ့ အရပ် လေးမျက်နှာမှာ ခွဲဝေပြီး နေရာချ ပေးလိုက်ပါ"
စောရန်နိုင် နာမည်စာရင်း တစ်ခုပေးရင်း
"ဒီလူတွေကို ခေါ်လာခဲ့ပါ"
ထိုစာရင်းမှာ ခရူးဆိတ် တပ်ဖွဲ့မှူး ၁၅ ယောက်၏ အမည်စာရင်း ဖြစ်လေသည်၊၊
အပြင်ခြံဝိုင်း အပြင်ဘက်၌ ညီညာစွာ တန်းစီထားသော လူထောင်ချီ ရှိနေလေသည်၊ လူ ၁၅ ယောက်မှာ ခေါင်းဆောင် ဖြစ်ဟန်တူ၏၊၊
ထောင်ချီသော အခြေခံ တည်ဆောက်ခြင်း အထွတ်အထိပ်များနဲ့ အခြေတည် အထွက်အထိပ် လူ ၁၅ ယောက်မှာ ဘယ်လိုမှ အစေခံများ မဖြစ်နိုင်ပေ၊ ထိုကြောင့် တပ်ဖွဲ့မှူး ဝင်းတို့ ၁၆ ယောက်မှာ မပေါ့ဆရဲပေ။
[ မင်းတို့ရဲ့ ကျင့်ကြံဆင့် တွေနဲ့ အစေခံတွေ ပါတဲ့လား၊ အခြေတည် ၁၅ ယောက်က အစေခံတွေ ဆိုရင်၊ ငါတို့က ချီးစားတဲ့ ဝက်သာသာ ဖြစ်နေပြီ ]
ခနအကြာ အရှိန်အဝါ ကြီးမားစွာဖြင့် ဇော်ပိုင် ထွက်လာပြီး
"အဝင်း ... သူတို့က သခင်စောရဲ့ အစေခံတွေ ဆိုတာ အမှန်ပဲ၊ သူတို့ကို အပြင်ခြံဝိုင်း အရပ် ၄မျက်နှာမှာ ဖြန့်ကျက် ချခိုင်းထားတယ်၊ အဲ့အတွက် စီစဥ်ပေး လိုက်ဖို့ အမိန့်ပေးလိုက်တယ်၊ ပြီးတော့ အခု နာမည်ခေါ် တဲ့သူများ သခင်စောနဲ့ တွေဖို့ လိုက်ခဲ့ပါ"
သံပြိုင် ညီညာစွာဖြင့်
"ဟုတ်"
တပ်ဖွဲ့မှူးဝင်း စိတ်ထဲတွင်
[ ဒီလောက် စည်းစနစ် ကျတာကို နန်းတွင်းရဲ့ ကာကွယ်ရေး တပ်မှာသာ တွေ့ဖူးသေးတယ်၊ မဟုတ်သေးဘူး ဒီအဖွဲ့က အဲဒီထက် ပိုတယ်၊ ဘယ်လိုမှ အစေခံတွေ မဖြစ်နိုင်ဘူး၊ မဟုတ်မှ လွဲရော၊ ရွှေတခေတ် နိုင်ငံက စစ်သားတွေလား၊ အဲ့ဒါဆို သခင်စောက ]
"ခရူးဆိတ် တပ်ဖွဲ့မှူး သောက်၊ နေ၊ ကျ၊ ဆောင်၊ ကြာ၊ မြိုင်၊ က၊ နေ၊ ဝမ်း၊ သာ၊ စွာ၊ ကြို၊ ဆို၊ ပါ၊ တယ် မှ သခင်စောအား နုတ်ဆက်ပါတယ်"
[ နင့် မေ က လွှား ... ဘာနာမည် တွေလဲဟ ]
စနစ်
[ ဒီလောက်များတဲ့ နာမည်တွေ နင်ပေးကြည့်လေ၊ ဒီနာမည် တွေရဖို့ ဘယ်လောက်တောင် ခေါင်းစားရတယ် ထင်လဲ မသာရဲ့"
[ လူကိုဘာလို့ လာဆဲနေတာလဲ၊ မင်းပေးတဲ့ နာမည်တွေလဲ ကြည့်ဦးလေ၊ ကြယ်စင်တို့ လမင်းတို့ မပါဘူးလား ]
စနစ်
[ ပါပါ မပါပါ နင့်အပူ ပါလား၊ လူနဲ့နာမည် တွဲမိရင် ပြီးရောမလား၊ ဘာတွေအပူ လာကပ်နေတာလဲ ပိုင်ရှင် အစုတ်ပလုတ်ရဲ့ ]
[ သောက်စနစ် ထွက်ခဲ့စမ်း၊ လူသာဆိုရင် ကောင်းကောင်းကြီး ရိုက်ပစ်မယ် ]
စနစ်
[ လာခဲ့စမ်းပါ ကြောက်မယ် ထင်လား ]
[ မင်းသာ ထွက်ခဲ့စမ်းပါ၊ မင်းမိဘ မမှတ်မိအောင် ရိုက်ပြလိုက်မယ် ]
စနစ်
[ မှတ်ချက်၊ စနစ်၌ မိဘ မရှိပါ၊ ဘာလာ ဘာလာ ]
[ ငါ့လခွေး၊ ဟုတ်သားပဲ ]
အခန်း(၁၄ပြီး)
အခန်း(၁၅)
စောရန်နိုင်၏ မျက်နှာမှာ အမျိုးမျိုး ပြောင်းနေသောကြောင့် တပ်ဖွဲ့မှူးများမှာ တုန်လှုပ်သွားပြီး
"ကျွန်တော်တို့ အစေခံတွေ အတက်နိုင်ဆုံး ပြင်ဆင်ခဲ့ပေမဲ့ လိုအပ်ချက်တွေ ရှိသွားတာ ခွင့်လွှတ်ပေးပါ သခင်"
ထိုအသံကြောင့် စောရန်နိုင် မျက်နှာကြီး နီမြန်း၍ မာန်သူ့ဖို့ ဟန်ကိုယ့်ဖို့ လုပ်ရတော့သည်။
"အဟမ်း ... ကိစ္စ မရှိပါဘူး"
ဆက်ပြီး
"အပြင်ဘက် ခြံဝိုင်းမှာ လေးမျက်နှာပေါင်း အဆောင် ၄၀ရှိတယ်၊ အဲ့ဒီတော့ တစ်ဖက်ကို ၃၇၅ ယောက်ဆီ စောင့်ကြပ်ပြီး တပ်ဖွဲ့မှူး ၁၅ယောက်က တစ်ဖက်ကို ၃ယောက်နှုန်း အထိုင်ယူပြီး ကျန် ၃ ယောက်ကတော့ ၆နာရီ တစ်ကြိမ် ကင်းလည့်ပါ၊ ယာယီအားဖြင့် ဖွဲ့စည်းပုံ ပျက်သွား နိုင်ပေမဲ့ ဒီလိုပဲ လုပ်ပေးပါ၊ မကြာခင် ပြန်စီမံ ပေးပါ့မယ်၊ ပြီးတော့ ကျွန်တော့်ဆီက ခွင့်ပြုချက် မရမခြင်း မည်သူမှ အဝင် မခံပါနဲ့"
"ဟုတ်"
တပ်ဖွဲ့မှူးများ ပြန်ထွက်သွားချိန် သူဇာလွင်နဲ့ ဆုံလေရာ သူမကြောက်ရွံ တုန်လှုပ်သွား လေသည်။
[ အခြေတည် အထွတ်အထိပ် ၁၅ယောက် ကြီးများတောင် ပါလား ]
ခန်းမထဲ ဝင်လာလာခြင်း တွင်ပင်
"သူတို့က ဘယ်သူတွေလဲ၊ အိမ်တော်ထိန်း အကြီးအကဲတွေ လား"
"မဟုတ်ပါဘူး အစောင့်တပ်ဖွဲ့ သပ်သပ်ပါပဲ"
သူဇာလွင် မျက်စောင်းထိုး လျက်
[ ယုံနေမယ် အားကြီးကြီး ]
သူဇာလွင် မယုံမှန်း သိသော်လဲ စောရန်နိုင် တစ်ယောက် မရှင်းပြချင်ပါ၊ ရှင်းပြရမှာ ပျင်း၍ ဖြစ်သည်။
ဆူပုပ်လာသော သူဇာလွင်အား ကြည့်၍ စနောက်ချင် သောကြောင့်
"ဘာလဲ ... ဒီက မောင်လေးကို မတွေ့ရ မနေနိုင် တော့ဘူးလား"
"အားပါးပါး နေ့လည်ကပဲ တွေ့နေကြ သေးတာကို"
သူဇာလွင် စိတ်တိုစွာဖြင့်
"ဆုတောင်းလေ"
"ဟား ... ဟား"
"ကဲ ပြောပါဦး ... ဒီတခါကော ဘာကိစ္စ ရှိလို့ ယောကျ်ားလေး တစ်ယောက်နေတဲ့ အခန်းထဲ ဝင်လာရဲတာလဲ"
"ဆုတောင်းလေ ... လာချင်လို့ လာတာများ ထင်နေလား၊ ပြီးတော့"
ရုတ်တရက် ကိစ္စတစ်ခုကို တွေးမိဟန်ဖြင့် မျက်ရည်များ ဝိုင်းလာကာ
"ဟိုတိမ်အရိပ် ဂိုဏ်းသားတော် ဆိုတဲ့တစ်ယောက်ပေါ့ ... ငါ့ကို ဧည့်ခံချင်လို့ ကျန်မိသားစုကို လာတွေ့ပါတဲ့လေ၊ အဲ့ဒီသဘောက ... ငါ့ကိုသူ ... သူ"
"ဝါး .... "
သူဇာလွင် တစ်ယောက် မတ်တပ်ရပ်ရင်း ငိုခြင်းချ နေတော့သည်၊
[ ဟဲ့ပလုတ်တုတ်၊ ငါ့အခန်းထဲ လာငိုရ သလားဟ]
အခန်းရှေ့က ဇော်ပိုင် တစ်ယောက် ကြောင်တောင်တောင်နဲ့
[ ဘာလား ဟ ]
"ကဲပါ ... ငိုမနေ နဲ့တော့ ... ကလေးကြီး ကျနေတာပဲ၊ အလှတွေ ပျက်ကုန်တော့မယ် မမရဲ့"
ပြောလဲပြော ရင်ခွင်ထဲလဲ ဆွဲထည့်နေ၏။ စနစ်
[ ပိုင်ရှင်တော့ လူပါးဝပြီ ]
[ ဆိုးဆောရီး ... ကျော်ကြီးက အသည်းငယ် တက်တယ်လေ၊ ဟီး ]
သူဇာလွင်မှာ စောရန်နိုင်၏ ရင်ခွင်ထဲ ဆွဲထည့်ခံရမှန်း သိသော်လည်း သက်တောင့်သက်သာ ရှိလှပြီး အပူအပင် ကင်းတာကို ခံစားမိသောကြောင့် မရုန်းကန်မိပေ၊ တရှံ့ရှံ့နှင့်သာ ငိုနေတော့သည်။
စောရန်နိုင် ဆက်လက်ပြီး နှစ်သိမ့်မည် အပြုတွင် တံခါးဝမှ
"အဟမ်း ... ညီလေးစော၊ မြို့ထဲဝင်ပြီး စုံစမ်းခိုင်း ထားတဲ့ ဇင်ဝိုင်းနဲ့ အရိပ်အစေခံ တပ်ဖွဲ့တွေ လာတွေ့ပါတယ်"
[ ငါ့လခွေး ... ပွဲကောင်းပြီ ဆိုဖျက်ပြီ ]
သူဇာလွင်လဲ မျက်နှာကြီး နီမြန်းကာ ရှက်ရှက်နှင့် ဘေးသို့ ရုန်းထွက်သွားရာ စောရန်နိုင် တစ်ယောက် ဟာတာတာနှင့် ကျန်ခဲ့လေသည်။
"ပြီးတော့ သူတို့က ညီလေးစောကို အထူးပဲ တင်ပြစရာ ရှိပါတယ်တဲ့၊ အဲ့ဒါ"
ဇော်ပိုင်မှ သူဇာလွင်အား ကြည့်၍ စကားရပ်လိုက်ရာ၊
"ငါ ..... ခနနေမှ ပြန်လာခဲ့မယ်"
"ရပါတယ် ပြန်လာမဲ့ အတူတူတော့ ဒီမှာပဲ နေလိုက်ပါ၊ အဲ့သတင်းကို သူလဲ သိချင်မှာပဲ"
"အရိပ်အစေခံ တပ်ဖွဲ့မှူး ဇင်ဝိုင်းမှ ညီလေးစောကို ဂါဝရပြုပါတယ်"
ဇော်ပိုင်၏ သတိပေးမှုကြောင့် သခင်စောအစား ညီလေးစော လို့သုံးနှုန်းလိုက်ခြင်း ဖြစ်ပေသည်။
[ ဟင်၊ ချီစစ်သူကြီး အလယ်လတ် အဆင့်တွေပါလား၊ ဘုရားရေ ]
သူဇာလွင် ယခုမှ သတိပြု မိလေသည်၊ ယခင်က ဇော်ပိုင်မှာ မရှိသလို နေသည်မို့ သတိမထားမိချေ၊၊
ယခုမှသာ အတွေ့များ နေသည်မို့ သတိထားမိခြင်း ဖြစ်လေသည်၊ အရိပ်အစေခံတို့သည် အရိပ်ကျင့်စဥ် အား ကျင့်ကြံကြရာ အသံမပေးပါက တော်ရုံလူ သတိမထားမိ သည်မှာ မဆန်းချေ။
[ စောနကလဲ အခြေတည် ၁၅ယောက်၊ အခုလဲ ချီစစ်သူကြီး နှစ်ယောက်၊ သူ့နောက်ခံက ဘယ်လိုများလဲ]
အခန်း(၁၅)ပြီး
စာစဉ်(၁)ပြီး