← Chapters

အခန်း (၁၆-၁၈)

Vol. 2 Ch. 16-18

အခန်း (၁၆-၁၈)

Vol. 2 Ch. 16-18

အခန်း( ၁၆ )

( မြို့စားသစ် စောရန်နိုင် ]

"တင်ပြပါတယ် ညီလေးစော"

"ကျန်မိသားစု အိမ်တော်ကို စုံစမ်းရာမှာ သတ္တုရိုင်းတွေကို မြို့တော်က တိုက်မိသားစုဆီ တရားမဝင် တင်ပို့နေပါတယ်၊ ပြီးတော့ ညီအစ်ကို ဇော်ပိုင် သတ်လိုက်တဲ့ မြို့စောင့်တပ်မှူး ဆိုသူမှာလဲ ဓားပြတစ်ဦး ဖြစ်ပြီး နောက်ကွယ်က တိမ်အရိပ်ဂိုဏ်းဆီကို အမျိုးသမီးတွေ ဖမ်းဆီးပို့ဆောင် ပေးနေသူပါ"

"သူကို ကျန်မိသားစုက ကူညီထောက်ပံ့ပေးပြီး မြစ်ကြောင်းကနေ တဆင့် တိမ်အရိပ် ဂိုဏ်းရှိရာ အနောက်ပြည် အလယ်ပိုင်းကို ပို့ဆောင်ပေးတာပါ"

"မနေ့တုန်းက ကျန်မိသားစု အိမ်‌တော်ကို တိမ်အရိပ် ဂိုဏ်းသားတော် ဆိုသူဟာ အခြေခံ တည်ဆောက်ခြင်း ၅၀ ၊ အခြေတည် ၁၀ဦး၊ ချီစစ်သူကြီး အဆင့် စဦးပိုင်း တစ်ဦးနဲ့ ရောက်လာပါတယ်"

"ဒီမနက် မှာတင်ပဲ ကျန်မိသားစုက မြို့ထဲနဲ့ မြို့ပြင်ကနေ အမျိုးသမီးငယ်တွေကို လိုက်လံပြီး ဖမ်းဆီးနေပါတယ်၊ အဲဒီတစ်ယောက် အထူးတောင်းတဲ့ မိန်းခလေးကတော့၊ ဒီက မိန်းခလေး ထင်ပါရဲ့"

နောက်ဆုံး‌စကားမှာ သူဇာလွင်အား ကြည့်၍ ဆိုလိုက်သည်မို့ သူဇာလွင် ရှက်ဒေါသနှင့် ခေါင်းငုံ့ သွားလေသည်၊၊

ဒီလူကား မြို့တွင်းသတင်း အကုန်လုံးအား သိနေပုံပင်၊ စောရန်နိုင် ကျေနှပ်စွာ ခေါင်းငြိမ့်၍

"လက်စသတ်တော့ ဒီတစ်ပတ် အတွင်းမှာ ကျန်မိသားစု ငြိမ်နေတာ တိမ်အရိပ်ဂိုဏ်းက သားတော်လာဖို့ ရှိလို့ကိုး"

ရုတ်တရက် သူဇာလွင်မှ

"နေပါဦး .... စောနက ဘာဖြစ်တယ်၊ မြို့စောင့်တပ််မှူးကို သတ်လိုက်တဲ့ မင်းကြီးကြိုက် တည်းခိုဆောင်က ဧည့်သည်ဆိုတာ သူလား .... အဲဒီအဖွဲ့က နင်တို့ရဲ့ အဖွဲ့လား"

ဇော်ပိုင်အား လက်ညှိုးထိုး၍ စောရန်နိုင်အား မေးလိုက်ရာ

"အမှန်ပါပဲ"

[ အဖေရေ ... အဖေ ရှာခိုင်းထားတဲ့ အဖွဲ့က အဖေ့ဆီက လက်ဆောင်တောင် ရနေပြီ၊ ပျော်လိုက်တော့ ]

"ကျန်မိသားစုကို ဒီအတိုင်းတော့ လွှတ်ပေး မထားနိုင်ဘူး၊ ကျွန်တော့်မြို့မှာ ဒီလိုမျိုး အမှိုက်တွေကို မထားနိုင်တော့ဘူး၊ အချိန်ကျပြီ"

"အကိုဇင်ဝိုင်း ... အရိပ်အစေခံတွေ အကုန်လုံး ခေါ်သွားပြီး ကျန်မိသားစုဝင် အငယ်ပိုင်း တွေကို ရှင်းပစ်ပြီး အကြီးပိုင်းတွေ အကုန်လုံးကို ဖမ်းလာခဲ့ပါ"

ထိုနောက် အနည်းငယ် စဥ်းစား၍

"နောက်ပြီး တိမ်အရိပ် ဂိုဏ်းက ဝင်ရှုပ်ရင်လဲ အငယ်တွေကို ရှင်းပစ်ပြီး အကြီးတွေပဲ ဖမ်းခေါ်ခဲ့"

ဇင်ဝိုင်းမှ အားတက်သရော ဒူးထောက်၍

"ဒီငယ်သား ... အမိန့်နာခံပါတယ်"

"အကိုဇော်ပိုင်၊ အပြင်က အစေခံ ၁၅၀၀ကို ခရူးဆိတ် စစ်သည်တွေ လို့ခေါ်တယ်"

"စောနက ၁၅ ယောက်က တပ်ဖွဲ့မှူးတွေပဲ၊ သူတို့ကို ချက်ခြင်း ပြန်ခေါ်လိုက်ပါ"

"ဟုတ်"

"နင်ဘာတွေ လုပ်နေတာလဲ၊ နင်လုပ်နေတာတွေကို နင်ရော သိရဲ့လား"

ဘေးမှ သူဇာလွင် ထိတ်လန့် နေချေပြီ၊ စောရန်နိုင် ပြုံးရုံသာ ပြုံးပြလိုက်လေသည်၊၊

တပ်ဖွဲ့မှူး ၁၅ယောက် ဝင်လာသည်နှင့် နူတ်ဆက် မခံရဲပဲ

"ခရူးဆိတ် တပ်မှူးများ အမိန့်နာခံပါ"

"ဟုတ်"

သူတို့ရဲ့ နူတ်ဆက်တာ ခံရလျှင် မိန်းမပျို တစ်ဦးရှေ့၌ သူအရှက် ကွဲသွားနိုင်ပါတယ်၊၊

"ခရူးဆိတ် တပ်ဖွဲ့မှူး သောက်၊ နေ၊ ကျ၊ ဆောင်၊ ကြာ၊ မြိုင်၊ က၊ နေ တပ်ဖွဲ့မှူးတို့က စစ်သည် ၈၀၀ နဲ့ မြို့ဝင်တံခါး လေးခုကို တပြိုင်နက်ထဲ တိုက်သိမ်းပါ"

"ဝမ်း၊ သာ၊ စွာ၊ ကြို၊ ဆို တပ်ဖွဲ့မှုးများက စစ်သည် ၅၀၀ နဲ့ မြို့ပြင်က မြို့စောင့်တပ် စခန်းဆီ ဝင်တိုက်ပါ၊ လက်နက်ချသူကို အရှင်ဖမ်းပါ"

"ခုခံရင် တစ်ခါထဲ သတ်ပစ်ပါ၊ ကျန်တဲ့ တပ်ဖွဲ့မှူး ပါနဲ့ တပ်ဖွဲ့မှုး တယ် တို့က ကျွန်တော်နဲ့အတူ မနက်ဖြန် မနက်မှာ မြို့တောင်ဘက် တံခါးကနေ မြို့စားရဲ့ အိမ်တော်ဆီ ချီတက်ကြမယ်"

ထို့နောက် တစ်လက်စထဲ

"တစ်ယောက်ယောက်က ဒီမြို့စားမင်း တံဆိပ်တော်ကို တပ်မဟာမှူး ဆီပေးပြီး ဗိုလ်မှူးတစ်ဦးကို မြို့စားအိမ်တော်ဆီ စေလွှတ်ထားလိုက်ပါ၊ ကျန်ဗိုလ်မှူး တစ်ဦးနဲ့၊ တပ်မဟာမှူးက ဒီကိစ္စမှာ လှုပ်ရှားစရာ မလိုဘူးလို့လဲ အသိပေးလိုက်ပါ"

တပ်ဖွဲ့မှူးများထဲက နေမျိုးကျော်ထင်ဆိုတဲ့ နေ တပ်ဖွဲ့မှူး တစ်ယောက်က တံဆိပ်အား ရိုသေစွာ လှမ်းယူရင်း

"ဒီက ငယ်သားများက စစ်ထွက် အမိန့်ကို နာခံပါတယ်"

များမကြာမီ ခနအတွင်း၌ အဖြူနှင့် အနီစပ်ကြား၊ ရွှေရောင် အနားကွက် သံချပ်ကာများ ဝတ်ဆင်ထားသော ခရူးဆိတ် စစ်သည်တော် ၁၃၀၀ သည် အစီအရီ စနစ်တကျဖြင့် မြို့ပြင်တို့ လည်းကောင်း၊ မြို့တံခါးများသို့ လည်း‌ကောင်း အသီးသီး ထွက်ခွာသွား ကြလေတော့သည်။

ဘေးမှာရပ်ပြီး နားထောင်နေသော သူဇာလွင်မှာ အရှိန်အဝါ အပြည့်ဖြင့် အမိန့်များ ပေးနေသော လူငယ်အား ကြည့်၍ အံ့သြောတုန်လှုပ် နေလေသည်။

"နင် ... နင်က ... ရန်အိမ်တော်က ခန့်လိုက်တဲ့ မြို့စားမင်း အသစ်လား"

စောရန်နိုင် ခေါင်းငြိမ့်လျက်၊

"မြို့စားတော့ ဟုတ်တယ်၊ ရန်အိမ်တော်က ခန့်တာ မဟုတ်ပါဘူး"

အခန်း(၁၆)ပြီး

အခန်း(၁၇)

( အလစ်ဝင်ပြီး တိုက်ခိုက်ကြပြီ)

"မြို့စားတော့ ဟုတ်တယ်၊ ရန်အိမ်တော်က ခန့်တာမဟုတ်ပါဘူး"

"ဒါဆိုရင် မြို့စား တံဆိပ်က"

စောရန်နိုင် ပြုံး၍

"နန်းတွင်းက တိုက်ရိုက် ခန့်တာလေ"

" ဘာလဲ မြို့စားမင်း အိပ်ယာထဲ ကြွေဆင်းချင် သွားပြီလား "

" သေလိုက်လေ ... "

သူဇာလွင်တစ်ယောက် မျက်နှာကြီး နီရဲသွားကာ နှလုံးခုန်မြန်လျက် ပြေးထွက် သွားလေ၏။

[ ဒီသတင်းကို အဖေ့ဆီ အမြန်ဆုံး ပို့ပေးရမယ်၊ ဒီအပြက်ရှင်း ကိစ္စတွေက လွင်မိသားစု အင်အားနဲ့ မဖြေရှင်းနိုင်ဘူး၊ မဟုတ်သေးဘူး ပန်းတစ်ရာဂိုဏ်း ဆိုရင်တောင် ဒီလူထုတ်ပုံကို ရင်ဆိုင်ဖို့ မလွယ်လောက်ဘူး၊ ဆရာဆီလဲ မြို့စားသစ်နဲ့ မရှုပ်ဖို့ သတိပေး ထားရမယ် ]

အချိန်ကား နီရဲသော သော်တာရောင်ခြည်သည် အနောက်ကောင်းကင်အောက်သို့ လျိုဝင်လုလု ညနေခင်း အချိန်သမယ ဖြစ်လေသည်။

နီမြန်းသော နေမင်း၏ အရောင်နှင့်အတူ ... သားရဲတစ်ထောင် မြို့အတွင်းရှိ ကျန်မိသားစု အိမ်တော်နှင့် သက်ဆိုင်သော နေရာဆိုင်ခန်းများ၊ မြို့အပြင် ဘက်ခြမ်းရှိ သတ္တုတွင်းများ၊ ဆေးပင် စိုက်ခင်းများ၌ သဘာဝနှင့် ထပ်တူကျစွာ သွေးသံ ရဲရဲနဲ့ ရှိချေသည်။

ကျန်မိသားစု ထိန်းချုပ်ထားသော ဆေးပင် စိုက်ခင်းကြီး အတွင်း ရုတ်တရက် အမည်မသိ အနက်ဝတ်စုံ ဝတ်ဆင်၍ ဝါးခမောက် ဆောင်းထားသော လူများမှ ရုတ်တရက် ဝင်တိုက်ခိုက်ကြရာ၊ ကျန်မိသားစုဝင်များ ရာနဲ့ချီ ထိခိုက်သေကြေ ကြရလေသည်၊၊

" အား ... "

" ကယ်ကြပါဦး ... "

" ရန်သူတွေကို သူသေကိုယ်သေ ခံတိုက်ကြဟေ့ ... "

သက်ဆိုင်ရာ နေရာဌှာနများ၏ အကြီးအကဲများမှ

" မြန်မြန်လေး ပင်မစံအိမ်ကို သတင်းပို့ကြ ပါတော့လားဟ ... "

" ပင်မ စံအိမ်ဘက်ကို ဆုတ်ကြဟေ့ ... "

သားရဲတစ်ထောင်မြို့ အပြင်ဘက်ပိုင်း ၅မိုင် ခန့်အကွာ သားရဲတစ်ထောင် တောအုပ်အစပ် သံရိုင်းသတ္တုတွင်း များ၌လည်း သတ်ဖြတ်သံများ၊ အော်ဟစ် အကူအညီ တောင်းသံများ ဓားဓားခြင်း ခုတ်သံများဖြင့် ဆူညံနေလေသည်။

သားရဲတစ်ထောင်မြို့ အရှေ့ဘက်ပိုင်း ကျန်မိသားစု အိမ်တော်အပြင် ဘက်ပိုင်း အစေခံ တန်းလျား၌လဲ သတ်ဖြတ်သံများ၊ အော်ဟစ်သံများ၊ အကူအညီ တောင်းသံများနှင့် ဆူညံနေကြ လေသည်။

" ပင်မစံအိမ်ဘက်ကို ဆုတ်ကြဟေ့ "

ကျန်မိသားစု အကြီးအကဲများရဲ့ နှိုးဆော်မှု နဲ့အတူ အသက်ရှင် ကျန်ရစ်သူများသည် ပင်မစံအိမ်ဆီသို့ ဆုတ်ပြေး ကြလေသည်။

"လခွမ်းပဲ ... ဘယ်လို လူ့ဘီလူး တွေလဲဟ ... ကလေးလူကြီး မကျန်‌ အကုန်လုံး သတ်နေကြတာ "

"ကျန်မိသားစုတော့ ဒီတစ်ခါ သံပြားကန်မိ ပုံပဲနော်၊ တစ်ဖက်က အပြက်ရှင်းချင် နေပုံပဲဟ"

"ဟုတ်တယ် ... ကြည့်ပါဦး ... အလစ်ငိုက် ဝင်တိုက်တာ ဘယ်လောက်ကြာ သေးလို့လဲ ကျန်မိသားစု ထောင်နဲ့ချီ သေကုန်ပြီ"

"လက်တွေ့မို့သာ ယုံရတယ်၊ တစ်ဖက်က လူ၆၀ လောက်လေးနဲ့ အသေအပျောက် မရှိသလိုပဲ"

" သတ်ကြစမ်း ... "

" သတ် ... "

" ပြေးကြ ... ပြေးကြ ... အား "

နှိုးဆော်နေသော အကြီးအကဲမှာ ခေါင်းနဲ့ကိုယ် ထာဝရ ခွဲခွာသွားချေပြီ၊ ထိုတစ်ယောက်က ကျန်မိသား အပြင်ဘက်ပိုင်း ( အစေခံ တန်းလျား ) ၏ နောက်ဆုံးသော မိသားစု အကြီးအကဲ ဖြစ်လေရာ ကျန်သူများ ပို၍ပင် ပရမ်းပတာ ဖြစ်ကုန်လေသည်။

အရိပ်အစေခံ များကား သိုးအုပ်ထဲ ရောက်သွားသော ဝံပုလွေများနှယ် အမဲလိုက် သတ်ဖြတ် ကြတော့၏။

ကျန်မိသားစု၏ ပင်မစံအိမ် အတွင်း၌ ကျန်မင်းတစ်ယောာက်၊ ယောက်ယှက်ခက် နေလေသည်။ ထိုအချိန်၌ .....

"တင်ပြပါတယ် သခင်ကြီး"

"မြို့ပြင်က မိုင်းတွင်း ၂ ခုလုံး အသိမ်းခံလိုက်ရပြီး မိုင်းတွင်းလုပ်သား ထောင်ချီ အသတ်ခံ လိုက်ရပါတယ်"

" ပြီးတော့...."

" ပြီးတော့ဘာဖြစ်လဲ ဆက်ပြောစမ်း "

"အစောင့်ထားတဲ့ ကျန်မိသားစုဝင် အကြီးအကဲနဲ့ တစ်ခြား သူများလဲ အနည်းငယ်သာ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး၊ အပြင်ဘက်ပိုင်း အရောက်မှာ အကုန်လုံး သေဆုံးကုန်ပါပြီ"

" ရွှတ် ..... "

သတင်းလာပို့သူ အစေခံမှာ ဘာဖြစ်မှန်း သဘောမပေါက် လိုက်ပုံပေါ်သည်၊ ပျက်ထွက်သွားသော ဦးခေါင်းမှာ ခပ်လှမ်းလှမ်းမှ ခန္ဓာကိုယ်အား ပြူးကြည့်နေခဲ့ ရှာလေသည်။

"လာကြစမ်း ... ဆေးပင် တောင်ကြားဘက်ကို လူလွှတ်ပြီး အခြေအနေ စုံစမ်းခိုင်း လိုက်စမ်း"

အခန်း(၁၇)ပြီး

အခန်း(၁၈)

( ကျန်မိသားစု အခြေအနေ )

"လာကြစမ်း ... ဆေးပင် တောင်ကြားဘက်ကို လူလွှတ်ပြီး အခြေအနေ စုံစမ်းခိုင်း လိုက်စမ်း"

ဘေးနားမှ မိသားစု အကြီးအကဲ တစ်ဦးမှ

"အစ်ကိုကြီး၊ စိတ်လျော့ထားပါ၊ ဂိုဏ်းသားတော်က သူ့ဂိုဏ်းဆီ အသံလွှင့် ကျောက်ပြားကနေ သတင်းပို့ ထားပါပြီ"

"မကြာခင် အကူတွေ ရောက်လာမှာပါ"

"ပင်မစံအိမ် ခြံဝိုင်းရဲ့ အကာအကွယ် ဝင်္ကပါက အဲဒီအချိန်ထိ တောင့်ခံနိုင် ပါသေးတယ်"

"အခုအချိန်မှာ ဝင်္ကပါ အပြင်ဘက် ထွက်လာသမျှ အကုန်လုံး ဆီးသတ်နေလို့ ဘယ်သူမှ ထွက်ရဲတော့မှာ မဟုတ်ဘူး"

"ဘယ်သူတွေမို့ ဒီလောက် အင်အားကြီး နေရတာလဲကွာ"

ကျန်မိသားစု လက်ကျန်များနှင့် အကြီးအကဲများ ညည်းငြူနေမိ ကြလေသည်။

ထိုအချိန်တွင် ခန်းမထဲသို့ ဂိုဏ်းသားတော်နှင့် တိမ်အရိပ် ဂိုဏ်းဝင်များ ရောက်ရှိလာပြီး

"စိတ်မပူပါနဲ့ ခေါင်းဆောင်ကျန်၊ ဂိုဏ်းကနေ အကြီးအကဲတွေနဲ့ ဂိုဏ်းသားတွေ အကူလာနေပါပြီ"

ဂိုဏ်းသားတော်၏ ဖြေသိမ့်မှုကြောင့် ကျန်မင်းတစ်ယောက် အားတင်းကာ မျှော်လင့်ထားမိလေသည်။

အကာအကွယ် အစီအရင်မှာ ၅ ရက် စာသာ စွမ်းအင် ရှိထားရာ ထိုအချိန်အတွင်း အရောက်လာဖို့ မျှော်ရပေတော့မည်။

မြို့ပြင်ဘက်ရှိ မြို့စောင့်တပ် စခန်းမှ အချက်ပြ အကူတောင်း မီးပန်းများကို ကြည့်ယုံဖြင့် ထိုဘက်၌လဲ အခြေအနေ မကောင်းကြောင်း သိမြင်နိုင်ပေသည်။

မြို့အပြင်ဘက်၊ မြို့စောင့်တပ်စခန်း၌

"ငါ့လခွီးကွာ .... ကျန်မိသားစုက မယုံရပါဘူး ဆိုနေမှ၊ ဒီလောက်ကြီး အကူအညီ လှမ်းတောင်းတာတောင် အခုထိ အကူအညီ မရောက်လာသေးဘူး"

"သူတို့က ငါတို့ကို စွန့်ပစ်လိုက် တာများလား"

" မဖြစ်နိုင်ပါဘူး၊ ငါတို့ကို ဂရုမစိုက်ဘဲ နေရဲရင်တောင် တိမ်အရိပ်ဂိုဏ်း ကိုတော့ မျက်ကွယ်ပြုရဲမယ် မထင်ဘူး ... "

ရုတ်တရက် ဝင်တိုက်လာသော စစ်တပ်ရဲ့ ၃ဆခန့်ရှိတဲ့အင်အားကို ပိုင်ဆိုင်ထားသော သားရဲတစ်ထောင် မြို့စောင့်တပ်မှာ အလဲအလဲ အကွဲကွဲနှင့် မြို့ရိုးဘက်သို့ တဖြည်းဖြည်း ဆုတ်လာရ၏၊၊

ယခင်က ၃၀၀၀ နီးပါးရှိသော မြို့စောင့်တပ်မှာ ယခုအခါ ၅၀၀ခန့်သာ ကျန်တော့လေသည်။

မိမိတို့ဘက်၌ အမြင့်ဆုံးမှာ အခြေတည် အလယ်လတ် အဆင့် ၂ ယောက်သာ ရှိထားပြီး တစ်ဖက်မှာ အခြေတည် အထွတ်အထိပ် ၅ ယောက်ထိ ပါလာပြီး တပ်သားတစ်ယောက်၏ အဆင့်သည်ပင် အခြေခံ တည်ဆောင်ခြင်း အဆင့်များ ဖြစ်ကြရာ တပ်သားအဆင့် ချီစုဆောင်းခြင်းသာ အများစုရှိသော မြို့စောင့်တပ်ရဲ့ လူ ၃၀၀၀ မှာ မည်သို့မျှ မခုခံနိုင်ပါချေ။

"မြို့တံခါး ဖွင့်ပေးဦးဟေ့"

" ကျွီ ... "

မြို့တံခါး ဖွင့်သံနဲ့အတူ မီးတုတ်များ အလင်းရောင်အောက်၌ သေဆုံးနေသော မြို့စောင့်တပ် စစ်သည်များ၏ အလောင်းများအား မြင်လိုက်ကြရ လေသည်။

" ဟာ ....... "

အစက မြို့ရိုးရဲ့ အကာအကွယ်နှင့် ခုခံမည်ဟု ရည်ရွယ်ထားသော်လည်း

ထိုနောက် ၂၀၀ သော ခရုးဆိတ် စစ်သည်များ စီစီရီရီ ထွက်လာလေသည်။

အနောက်မှလည်း ခရူးဆိတ် စစ်သည် ၅၀၀ ကပ်ပါလာ လေရာ

" ချလွင် ... ချလွင် ... ချလွင် "

အသက်ရှင် ကျန်ရစ်သော မြို့စောင့်တပ်မှူး တစ်ဦး အပါအဝင် ကျန်ရစ်သော စစ်သည်များ လက်နက်ချ ရလေတော့သည်။

သားရဲတစ်ထောင် တစ်မြို့လုံး ကျွတ်ကျွတ်ညံ နေလေသည်။

တိုက်ခိုက်မှုများမှာ ပြည်သူများကို တိုက်ရိုက်အားဖြင့် မထိရောက်သော်လည်း သက်ဆိုင်ရာ မိသားစု များအလိုက် ကြောက်ရွံ့တုန်လှုပ် နေကြရ၏။

လွင်မိသားစု အိမ်တော် အတွင်းခန်းမ၌ မိသားစု ခေါင်းဆောင်ဖြစ်သူ လွင်မိုးနဲ့ အကြီးအကဲများသည် သူဇာလွင်၏ ရှင်းပြချက်များကို နားထောင်ပြီး အံ့သြောနေကြ လေသည်။

လွင်မိုးမှ မိမိတို့ အရှက်ရမဲ့ ပြဿနာအား ဖြေရှင်း ကာကွယ်ပေးခဲ့၍ ခြံဝိုင်းလက်ဆောင် ပေးလိုက်မိသော လူငယ်မှာ မြို့စားသစ် ဖြစ်လိမ့်မည်ဟု မထင်ထားချေ၊၊

" တင်ပြပါတယ် သခင်ကြီး ... "

လွင်မိုးတစ်ယောက် ခေါင်းငြိမ့်ပြရာ

"အမည်မသိ လူ ၁၄ ဦးခန့်က ကျန်မိသားစုပိုင် မိုင်းတွင်းတွေကို ဝင်တိုက်ပြီး မိုင်းတွင်းရဲ့ အလုပ်သမား များစွာနဲ့ ကျန်မိသားစုဝင် အစောင့်အကြီးအကဲ အပါအဝင် အားလုံးကို သုတ်သင် ပြစ်လိုက်ပါပြီ"

"တင်ပြပါတယ် သခင်ကြီး ... "

"အမည်မသိ လူ ၇ ဦးက ကျန်မိသားစုပိုင် ဆေးပင်ကြီး စိုက်ခင်း

တွေကို ဝင်တိုက်ပြီး ကျန်မိသားစုဝင် များစွာကို သတ်ဖြတ်သွားပါတယ်"

"တင်ပြပါတယ် သခင်ကြီး ... "

"ကျန်မိသားစု အိမ်တော်ကို အမည်မသိ လူ ၆၀ ခန့်က အလစ်အငိုက် ဝင်တိုက်ခိုက်လို့ ကလေးလူကြီး ထောင်ချီပြီး အသတ်ခံ နေရပါတယ်"

"လက်ကျန် မိသားစုဝင်တွေက ပင်မခြံဝိုင်း ဝင်္ကပါအတွင်း ထွက်ပြေးသွား ကြပါပြီ"

"ဟာ ... ရက်စက်လှပါလား"

အခန်း(၁၈)ပြီး

All Chapters