အခန်း (၁၉-၂၁)
Vol. 2 Ch. 19-21
အခန်း(၁၉)
( လွင်မိုးရဲ့ တစ်ချက်လွှတ် အမိန့် )
"ဟာ ... ရက်စက်လှပါလား"
"ဘယ်လို ... လူလေး ၁၀၀ လောက်နဲ့ ကျန်မိသားစု အဆုံးသတ် တော့မှာတဲ့လား"
"တော်သေးတယ် အဲဒီလူငယ်၊ မဟုတ်ဘူး ... မဟုတ်ဘူး မြို့စားအသစ်ကို ကောင်းကောင်းဧည့်ခံ မိလိုက်လို့"
"သို့မဟုတ်ရင်"
လွင်မိသားစု အိမ်တော်ရဲ့ အကြီးအကဲများ ဘုရားတသသ၊ ရင်တမမနှင့် ရှိချေသည်။
"တင်ပြပါတယ် သခင်ကြီး"
"ဟေ ... အခု တစ်ခေါက်ကကော ဘာလဲ"
"မြို့အပြင်ဘက်က ကျန်မိသားစု သစ္စာခံ မြို့စောင့်တပ်ကို အမည်မသိ စစ်တပ်က ဝင်တိုက်တာကြောင့် အများအပြား သေကုန်ကြပြီး ကျန်သူတွေလည်း လက်နက်ချ အညံ့ခံ လိုက်ရကြောင်းပါ"
သူဇာလွင်မှ
"အဲဒါက သူ့ရဲ့ ခရူးဆိတ် စစ်သည်တော် ဆိုတာတွေ ဖြစ်မယ်"
ဆက်ပြီး
"အောက်ခြေက အနိမ့်ဆုံး စစ်သည်တောင် အခြေခံ တည်ဆောက်ခြင်း အထွတ်အထိပ်မှာ ရှိတယ်"
"သေချာရဲ့လား သမီး"
"ဒီကိစ္စက နောက်စရာ မဟုတ်ဘူးပဲ"
"မနောက်ဘူး အဖေ၊ သမီးကိုယ်တိုင် မြင်ခဲ့တာ၊ မြို့ထဲကိုတောင် သူတို့နဲ့အတူ ပြန်ဝင်လာတာ"
ပြီးတော့ တပ်ဖွဲ့မှူးတွေက အခြေတည် အထွတ်အထိပ် တွေပဲ၊ ဒါတောင် ကျင့်ကြံဆင့် မသိရသေးတဲ့ တပ်မဟာမှူး တစ်ယောက်နဲ့ ဗိုလ်မှူးနှစ်ယောက် ဆိုတာလဲ ကြားခဲ့သေးတယ်"
လွင်မိုးတစ်ယောက် သက်ပြင်းချ၍
"ဟင်း ... လောကရဲ့ ဒီရေ အတိမ်အနက်ကို မသိသေးတာ ငါတို့ပဲ ထင်ပါရဲ့"
"ရှေ့ဆက်လျှောက် မြို့စားသစ်ရဲ့ အမိန့်နောက်ကို လိုက်ကြရမယ်၊ သိကြပြီလား၊ ဘာအကြောင်းကြောင့် ပဲဖြစ်ဖြစ် ဆန့်ကျင်သူကို အသေသတ်ပစ်မယ်၊ ကြားလား"
"ခေါင်းဆောင်ရဲ့ အမိန့်အတိုင်း ပါပဲ"
"အထူးသဖြင့် ငါ့သမီးပဲ၊ ဟီး ... မြို့စားသစ်က ကြင်ယာဖက် မရှိသေးဘူး ထင်ပါရဲ့လေ"
"ဟာ ... အဖေကလဲ ... ဘာတွေလျှောက်ပြီး ပြောနေမှန်းလဲ မသိဘူး"
ပြောရင်းနဲ့ မျက်နှာကြီး နီမြန်းလျက် ပြေးထွက်သွားလေသည်၊၊
လွင်မိုးနှင့် အကြီးအကဲ များကတော့ဖြင့် ခေါင်းတညိမ့်ညိမ့်နှင့် ကျေနှပ်နေကြ လေပြီ၊ ကျန်တာတော့ မြို့စားသစ်ကလေး၏ သဘောသာ။
ထိုခန၌
"တင်ပြပါတယ် သခင်ကြီး"
အစေခံတစ်ဦး ထပ်မံပြီး အပြေးဝင်ရောက် လာလေသည်။
"အပြင်ဘက် ခြံဝိုင်းတံခါးမှာ ချပ်ဝတ်တန်ဆာ အပြည့်နဲ့ အမည်မသိ စစ်တပ်က စစ်သည် ၅၀ ဦး ရောက်ရှိလာပြီး သခင်ကြီးနဲ့ တွေ့ချင်ကြောင်း ပြောနေပါတယ်"
" ဟေ ... မြတ်စွာဘုရား ... "
"မြန်မြန် သွားခေါ်လာခဲ့ ... မဟုတ်သေးဘူး ငါကိုယ်တိုင် သွားကြိုရမယ်"
ခနအကြာ၌
"လွင်မိသားစုကနေ ကြိုဆိုပါတယ်ဗျာ၊ ကျွန်တော်က လွင်မိသားစု ခေါင်းဆောင်ဖြစ်သူ လွင်မိုးပါ၊ ကြွပါခင်ဗျာ"
လာရောက်သူကား မြို့တံခါးများအား ထိန်းချုပ်ရာ၌ ပါဝင်သော ခရူးဆိတ် တပ်ဖွဲ့မှူးနေ ( နေမျိုး ကျော်ထင် )ဖြစ်လေသည်၊ နေမျိုးကျော်ထင်မှ ခေါင်းညိမ့်ကာ အသိအမှတ်ပြု၍ နောက်က လိုက်ပါလာခဲ့ လေသည်။
"ကြွပါ ... ကြွပါ ... ဒါက ကျွန်တော်တို့ လွင်မိသားစုဝင် မျိုးဆက်တွေ သားရဲတစ်ထောင် တောအုပ်ဘက်ဆီ အတွေ့အကြုံခရီး စေလွှတ်တုန်းက တွေ့ရှိလို့ မျိုးစေ့ ယူလာပြီး လွင်မိသားစု ဆေးပင်ကြီး စိုက်ခင်းမှာ ပြန်စိုက်ပျိုးထားတဲ့ ရှားပါးတဲ့ ရွှေဖီမိုးလွတ် လက်ဖက်ခြောက်ပါ"
လက်ဖက်ရည် တည်ခင်းခြင်းအား လွင်မိုးကိုယ်တိုင် ပြုလုပ်နေလေသည်။ ထို့နောက်
"ဒီက တပ်မှူးက နှိမ့်ကျတဲ့ ကျွန်တော်တို့ လွင်မိသားစုဆီ လာရတဲ့အကြောင်းအရင်းက"
နေမျိူးကျော်ထင်မှ လက်ပြ၍
"ယဥ်ကျေးနေစရာ မလိုပါဘူး ခေါင်းဆောင်လွင်"
"သီးသန့်ကြီး လာတယ်ရယ်တော့ မဟုတ်ပါဘူး၊ သခင်စောက မြို့ထဲရောက်တဲ့အခါ လွင်မိသားစုကို တိမ်အရိပ်ဂိုဏ်း ရန်ကနေ ခတ္တခဏ ကာကွယ်ခိုင်းထားလို့ ဝင်လာကြည့်တာပါ"
ထိုနောက် လက်ဖက်ရည် တစ်ငုံအား အသာအရာ အရသာခံ သောက်လိုက်ရင်း
"ကြည့်ရတာ အရိပ်အစေခံတွေက ကျန်မိသားစုကို သူတို့ရဲ့ အိမ်တော်ထဲမှာပဲ သူတို့ကို ပိတ်ထားနိုင်ပုံပါပဲ၊ ပြီးတော့ မနက်ဖြန် မိုးလင်းရင် သခင်စောက မြို့စားမင်း အိမ်တော်ရှေ့က အာဇာနည် ရင်ပြင်မှာ မြို့မိမြို့ဖတွေကို စုစည်းလိမ့်မယ်"
"အဲဒီထဲမှာ လွင်မိသားစုကို အထူးဧည့်သည် အဖြစ် ကျွန်တော်က တဆင့် ဖိတ်ကြား ခိုင်းလိုက်တယ်"
"အဲဒီအတွက် ဒီညတော့ ကျွန်တော်တို့တပ်က လွင်မိသားစုမှာ လုံခြုံရေး ရယူပြီး မနက်မှပဲ အတူတူ သွားကြတာပေါ့"
လွင်မိုး
"အဲဒီလိုက ... ကျွန်တော်တို့ လွင်မိသားစုကို ... "
"စိတ်ချပါ၊ အကျယ်ချုပ် အနေနဲ့ ထားခိုင်းတဲ့ သဘောမျိုး မဟုတ်ပါဘူး၊ လွင်မိသားစုရဲ့ လွတ်လပ်ပိုင်ခွင့် မဆုံးရှုံးစေရဘူး၊ လွတ်လပ်ပိုင်ခွင့် အပြည့်ရှိပါတယ် လို့လဲ သခင်စောက မှာလိုက်ပါတယ်"
"ဘာပြောတယ် ... ဒင်းက ဘာသဘောလဲ ပြောကြည့် ... "
ဒေါနဲ့မောနဲ့ ဝင်လာသူကား သူဇာလွင် ဖြစ်လေသည်၊ လွင်မိုးမှာ ဒူးတဆက်ဆက် တုန်ခါသွားပြီး
"သမီး ..."
အခန်း(၁၉)ပြီး
အခန်း(၂၀)
( ကျန်မိသားစုရဲ့ အကာအကွယ် )
"သမီး ... "
[ သွားပါပြီ၊ ငါတို့တော့ သေပြီ ]
ကြောက်လန့်စိတ်နှင့် နေမျိုးကျော်ထင်အား ခိုးကြည့်မိရာ စိတ်မဆိုး သည့်အပြင် မတ်တပ်ရပ် နူတ်ဆက်လိုက်သောကြောင့်
"အန်"
"မမလေးလွင် အထင်မလွဲပါနဲ့ ... သခင်စောက မမလေးကို တိမ်အရိပ်ဂိုဏ်းက လာနှောက်ယှက် မှာဆိုးလို့ လာစောင့်ရှောက် ခိုင်းလိုက်တာပါ"
လွင်မိုးတစ်ယောက် သွေးအန်ချင် သွားပါတယ်။
[ ခွေးကောင်၊ ငါကတော့ ဖားလိုက်ရတာ၊ ဒင်းက ငါ့သမီးကို ပြန်ဖားနေတယ်တဲ့လား၊ အဖေဖြစ်တဲ့ ငါ့ကော ရှိသေးတယ် ထင်ရဲ့လား ]
သူဇာလွင်တစ်ယောက် ပီတိဖြာကာ မျက်နှာကြီး နီသွားလျက် အသံတိုးတိုးဖြင့်
"သူ ဘယ်မှာလဲ?
"သခင်စောက ကိစ္စတစ်ခုကြောင့် မလာနိုင်သေးဘူး ထင်ပါတယ် မမလေးလွင်"
" ဟွန့် ... "
သူဇာလွင် ခြေဆောင့်နေ လေတော့သည်။
"ငါ့ကို နေ့လည်က အခွင့်အရေး ယူသွားတာ မကျေနှပ်ဘူး"
မြို့တောင်ဘက် လွင်မိသားစု ခြံဝိုင်းဟောင်း အတွင်းထဲ၌ ဇော်ပိုင်မှ စောရန်နိုင်အား အစီရင် ခံနေလေသည်၊၊
"ညီလေးစော၊ မြို့စောင့်တပ်နဲ့ မြို့ပတ်ဝန်းကျင်က ကျန်မိသားစုပိုင် မိုင်းတွင်းနဲ့ ဆေးပင်ကြီး စိုက်ခင်းတွေကို ရှင်းလင်းပြီးပါပြီ၊ မြို့စောင့်တပ်က တပ်ဖွဲ့မှူး တစ်ဦး အပါအဝင် စစ်သည် ၅၀၀ ခန့် လက်နက်ချခဲ့ ကြပါတယ် ဒါပေမဲ့"
"ဒါပေမဲ့ ဘာဖြစ်လဲ အကိုဇော်ပိုင်"
"မြို့တွင်းက ကျန်မိသားစု ဆီမှာတော့ အခက်အခဲနဲနဲ ကြုံနေရပါတယ်၊ အဲဒါက အပြင်ဘက် အစေခံ တန်းလျားတွေက်ို ရှင်းလင်းပြီးပေမဲ့ လက်ကျန်တချို့က ပင်မစံအိမ် ထဲကနေ ဝင်္ကပါ အားကိုးနဲ့ အခုချိန်ထိ ခုခံနေ ကြဆဲပါ"
"အဲဒီ ဝင်္ကပါက ဘယ်လိုမျိုး မို့လဲ"
"အဆင့် ၁ ဝင်္ကပါလေး တစ်ခုပါပဲ၊ ဒါပေမဲ့ တန်ပြန်ဝင်္ကပါ အမျိုးအစားဖြစ်လို့ တိုက်ခိုက်သူကို တန်ပြန်ဒဏ်ရာ ရစေပါတယ်"
"အခုချိန်ထိ တန်ပြန်ဒဏ်ရာကြောင့် အရိပ်အစေခံ ၃၀ လောက် ဒဏ်ရာရ ထားကြပြီး ၅ ယောက်က အထူးစိုးရိမ် နေရပါတယ်"
"ချိုးဖြတ်လို့ကော မရနိုင်ဘူးလား"
"ချီဘုရင် အဆင့် စွမ်းအားနဲ့တော့ ရနိုင်ပါတယ်"
"ပြီးတော့၊ မြို့တံခါး လေးပေါက်ကိုလဲ အပြည့်အဝ ထိန်းချုပ်ပြီး ပါပြီ"
စောရန်နိုင် လေးနက်စွာ ခေါင်းညိမ့်လျက်
"မြို့ရဲ့ နံပတ်တစ် မိသားစုပဲ ဒီလောက်တော့ ရှိမှာပါပဲ၊ လောလောဆယ် ကျန်ပင်မစံအိမ် တိုက်ခိုက်မှုကို ခနရပ်ခိုင်း ထားကြပါ"
"ဝန်းရံထားဖို့ မြို့တံခါးသိမ်း တပ်ဖွဲ့ကနေ တပ်ဖွဲ့မှူး နှစ်ယောက် ထုတ်နုတ်ပြီး အားဖြည့်ပေးလိုက်ပါ"
"ဒဏ်ရာရတဲ့ အရိပ်အစေခံတွေကို ခြံထဲ ပြန်ခေါ်လာခဲ့ပါ၊ ကုသဖို့ နည်းလမ်းကို ရှာလိုက်ဦးမယ်"
"ဟုတ်ကဲ့ပါ ညီလေးစော"
ဇော်ပိုင် ထွက်သွားပြီးနောက်
[ စနစ် ... ကုသဖို့ ဘာပစ္စည်းတွေ ရနိုင်လဲ ]
စနစ်
[ စနစ်စျေးဆိုင် အထွေထွေ စင်ထဲမှာ ရနိုင်ပါတယ် ]
စောရန်နိုင် စနစ်စျေးဆိုင်မှ အထွေထွေစင်အား နှိပ်ကြည့်လိုက်ရာ၊ ကဏ္ဍအမျိုးမျိုး ပြန်ခွဲထားသည်ကို တွေ့ရလေသည်၊ ထို့နောက််အထွေထွေ ကုသမှု ကဏ္ဌအား တွေ့ရ၍ ထပ်နှိပ်ကြည့်ရာ ဆေးလုံးများ၊ ဆေးပင်များ၊ ကုသနည်း မျိုးစုံအား တွေ့ရလေသည်၊၊
တချို့နေရာ များ၌ကား ဝေဝါးနေသေး၏၊ ကြည့်ရတာ စနစ်အဆင့် မြှင့်တင်ပြီးမှ ကြည့်လို့ရမဲ့ပုံပင်၊
နွယ်သာကီ
အဆင့် တစ် ဒဏ်ရာ လိမ်းဆေးဖြစ်သည်၊ အထုပ်ကြီး အတွင်း၌ ဆေးထုတ်ငယ် တစ်ရာ ပါရှိသည်၊ ထိခိုက်ရှနာ၊ ရိုးရှင်းသော အတွင်းဒဏ်ရာ များအတွက် အသုံးပြုနိုင်သည်၊
အမှတ် ၁၀၀
အမှတ် ၂၅၀
အမှတ် ၅၀၀
[ တော် တော် ]
စောရန်နိုင်တစ်ယောက် ဆက်ပြီး မကြည့်ရဲတော့ပေ၊ နွယ်သာကီ ဆေးဝါးကိုသာ ယူ၍ ပြန်ထွက်လာလေသည်၊
[ တွမ် ... နွယ်သာကီ ဆေးဝါးအား ရရှိပါသည်၊ အမှတ် ၁၅၀ အား ဖြတ်လိုက်ပါပြီ၊ ပစ္စည်းအား စနစ်သိုလှောင်ရုံထဲ ထည့်သွင်းပြီးပါပြီ၊ လက်ကျန်အမှတ် ၅၂၄ ]
ထိုနောက် တစ်နေကုန် ပင်ပန်းလာ၍ ည ၉ နာရီခန့်၌ အိပ်ယာဝင် သွားလေတော့သည်။
မနက်ပိုင်း မိုးလင်းချိန် ၇ နာရီခန့်၌ စောရန်နိုင် နိုးလာလေသည်။
"အကို ဇော်ပိုင်"
"ရှိပါတယ် ညီလေးစော"
"မြို့ထဲဝင်ဖို့ ပြင်ဆင် ထားတာတွေ အခြေအနေ ဘယ်လိုရှိလဲ"
"အကုန်လုံး အဆင်သင့် ဖြစ်ပါပြီ၊ ထွက်ခွာရုံပါပဲ"
"အင်း ... ကောင်းတယ်၊ ဒါနဲ့ ညပိုင်းက သူဇာ တစ်ယောက် ပြန်လာပြီး အိပ်သေးလားဗျ"
ဇော်ပိုင် ပြုံးမိရင်း
"လာမအိပ်ပါဘူး ညီလေးစော၊ ညတုန်းက လွင်အိမ်တော်မှာပဲ အိပ်တယ် ထင်ပါတယ်"
စောရန်နိုင် ရှုံ့မဲ့လိုက်ရင်း
"မြို့မိ မြို့ဖတွေကို စုစည်းပြီး မြို့စားမင်း အိမ်တော်ရှေ့ အာဇာနည်ရင်ပြင်မှာ စုဝေးခိုင်း ထားတာကော ဘယ်လိုရှိလဲ"
"ဟုတ်ကဲ့၊ မိသားစု အများအပြား စုံလင်နေပါပြီ၊ လွင်မိသားစုကိုတော့ ညီလေးရဲ့ အမိန့်အရ အစောင့်အရှောက်နဲ့ လာခိုင်းထားပါပြီ"
"ကောင်းပြီလေ ... သွားကြတာပေါ့"
အခန်း(၂၀)ပြီး
အခန်း(၂၁)
( ရင်ပြင်ထဲမှာ ဆူဆူညံညံ )
"ကောင်းပြီလေ ... သွားကြတာပေါ့"
"စစ်သည်တွေက ဘာဖြစ်လို့ ငါတို့ကို ဒီမှာလာပြီး စုဝေးခိုင်း ရတာလဲ"
"ဟုတ်တယ်၊ ငါ့ကိုတောင် အိမ်ထဲဝင်ပြီး အတင်းအကြပ် ဆွဲခေါ်လာတာ၊ ကြည့်ပါဦး အဝတ်တောင် မဝတ်နိုင်လိုက်ဘူး"
"ငါလဲ ဘာထူးသေးလဲ ... အိမ်သာတံခါး ကန်ဖွင့်ပြီး ဆွဲခေါ်လာတာ၊ ဖင်တောင် မဆေးခဲ့ရ ဘူးဟ"
"ထွီ ... အဲ့ဒါကြောင့် နံပါတယ် မှတ်နေတာ ... "
"မင်းလဲ ဘာထူးလဲ ... ဆောင်ကြာမြိုင်မှာ ဒချိနေတုန်း ပြီးခါနီးမှ ဆွဲခေါ်ခံလိုက်ရ တာပဲမလား"
" ဟား ... ဟား ... ဟား "
မြို့ရင်ပြင်၌ လူပေါင်းသောင်းချီ စုဝေး နေကြပြီး ဆူညံကာ ပွတ်လောရိုက် နေကြလေသည်။
ထိုစဥ် ရုတ်တရက်
"ဟာ ... ဟိုမှာကြည့်စမ်း ... လွင်မိသားစုဝင် တွေမလား"
"ဟုတ်တယ် ... ဘေးက စစ်တပ်က မနေ့ညက မြို့တံခါးဝကို ဝင်တိုက်တဲ့ စစ်တပ် ပဲမလား"
"ဘာတွေများ ဖြစ်ကုန်တာလဲဟ"
"ဟိုဘက်မှာကော စစ်တပ်တစ်ခု ချီတက်လာနေ သလိုပဲနော်"
"မဟုတ်သေးပါဘူး ... ငါမြင်တာတော့ သူတို့က။မြို့စားမင်း အိမ်တော်ဘက် ချီတက်သွား သလားလို့"
"ဒါ ... ဒါက အာဏာ သိိမ်းလိုက်တဲ့ သဘောမျိူးလား"
"ဘယ်နှယ့် ခင်များကလဲ မမြင်တက်လိုက်တာ၊ အာဏာ သိမ်းတာဆိုရင် မြို့စားမင်း အိမ်တော်က တလေးတစား ထွက်ကြို နေပါ့မလားဟ"
စောရန်နိုင်သည် ပတ်ဝန်းကျင်၏ ခန့်မှန်းမှု နဲ့အတူ ဆူညံသံများကို လျစ်လျူရှုရင်း မြို့စားအိမ်တော် အပေါ်ထပ်ရှိ ဝရံတာ အစွန်းသို့ လျှောက်သွားရင်း
"ဒီမြို့စားက နန်းတွင်းကနေ တိုက်ရိုက် ခန့်အပ်စေလွှတ် လိုက်တဲ့သူ ပဲဖြစ်တယ်၊ မနေ့ညက မြို့ထဲမြို့ပြင် တိုက်ခိုက်မှု များကြောင့် ထိတ်လန့်ကြရလို့ ငါမြို့စား စိတ်မကောင်းပါဘူး"
"ဒီလို တိုက်ခိုက်မှုတွေဟာ ကျန်မိသားစုနဲ့ သူတို့ရဲ့ လက်ဝေခံ မြို့စောင့်တပ်ကိုသာ ဦးတည်ထားတာမလို့ တခြား မဆိုင်သော ပြည်သူများကို ထိခိုက်မှာ မဟုတ်ဘူးလို့ ငါမြို့စား အာမခံပါတယ်"
"ဟုတ်တယ်၊ ဟုတ်တယ် မနေ့ညက ကျန်မိသားစု သွေးချောင်းစီးတာ ငါကိုယ်တိုင် မြင်ခဲ့တာ"
"ငါရောပဲ မနေ့ည ညနေပိုင်းက မြို့ပြင်ကနေ ပြန်လာတော့ မြို့စောင့်တပ် ထွက်ပြေးနေရတာ မြင်ခဲ့တယ်"
တစ်ယောက်တစ်ပေါက် ဆူညံသံများအား လက်ကာပြလိုက်ရာ ငြိမ်သက်သွားကြ၏။
"ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကျော်၊ ငါမြို့စား အနေနဲ့ မြို့တံခါးရဲ့ ဂိတ်ဝမှာ မြို့စောင့်တပ်ရဲ့ အနိုင်ကျင့်မှု တွေကို တွေ့မြင်ခဲ့ရတယ်၊ အဲ့ဒါအပြင် ကျန်မိသားစုရဲ့ တခြားသော နှိပ်စက်မှု များကိုလဲ သိမြင်ကြရပြီး ဖြစ်လိမ့်မယ်"
"မြို့စောင့်တပ်မှူး ဆိုသူတွေဟာ တကယ်တော့ ဓားပြအုပ်စုတွေ ဖြစစ်နေကြပြီး သူတို့ရဲ့ နောက်ကွယ်က တိမ်အရိပ်ဂိုဏ်းဆီ သမီးပျိုတွေကို ယင်ယန်ကျင့်ကြံဖို့ လျို့ဝှက်လုပ်ရှားပြီး တစ်မျိုး ပြောင်တစ်သွယ် ဖမ်းဆီးပို့ဆောင် နေခြင်းဖြစ်တယ်"
ပြည်သူများ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။
"ရက်စက်လိုက်တဲ့ ခွေးကောင်တွေ၊ ဒီကောင်တွေကြောင့် အမျိုးသမီးငယ်တွေ ပျက်ဆီးကြရတာ၊ သေသင့်တယ်"
"ဟွန်း ... အဲဒီလို ကိစ္စတွေကို ကျန်မိသားစုက မသိဘူးဆိုတာ မဖြစ်နိုင်ဘူးကွာ"
"ဟုတ်တယ်"
"ဒါဆိုရင် ဒီကိစ္စတွေရဲ့ လက်သည်တွေက ကျန်မိသားစုနဲ့ တိမ်အရိပ်ဂိုဏ်း ဆိုတာပေါ့"
စောရန်နိုင် ထပ်မံ၍ လက်ကာပြလိုက်ရင်း
"ဒီလိုမျိုး လူကျင့်ဝတ်တွေနဲ့ မလျော်ညီတဲ့ ကိစ္စတွေ၊ အလိုမတူပဲ ယင်ယန် ကျင့်ကြံခံနေရတဲ့ အမျိုးသမီး ငယ်တွေအတွက် လက်စားမချေလို ကြဘူးလား၊ ဒီိလို လူတွေကို ငါတို့ ဘာလုပ်သင့်လဲ"
စောရန်နိုင်၏ အမေးအား
"ဒီကျန်မိသားစုက ငါ့သမီးကို ဂိုဏ်းသားတော်နဲ့ ယင်ယန် ကျင့်ကြံဖို့ဆိုပြီး ခေါ်သွားကထဲက ပြန်ရောက် မလာတော့ဘူး"
"ငါ့သမီး ရောပဲ"
"ငါ့သမီးရဲ့ ကိုယ်လုံးတီး ရုပ်အလောင်းကို ပြန်လာပြီး ပေးကြတုန်းက ကျန်မိသားစုကို ဘာမှ ပြန်မလုပ် ရဲခဲ့ဘူး"
"မြို့စောင့်တပ်က ငါ့သမီးကို ခိုးယူမှုနဲ့ ဖမ်းဆီးသွား ကထဲက အခုထိ ပြန်မတွေ့ရတော့ဘူး"
ပြည်သူများ၏ တစ်ယောက်တစ်ပေါက် ပြောသံများ အဆုံး၌ မည်သူက စအော်လိုက်သည် မသိသော
"သတ်ပစ်"
"ဟုတ်တယ် ... သတ်ပစ်"
"သတ် သတ် သတ် သတ်"
စောရန်နိုင်မှ
"စိတ်ချပါ၊ အပြစ်ရှိသူကို အပြစ်ပေးမှာ ဖြစ်တယ်၊ ခေါ်ခဲ့တော့"
ခရူးဆိတ် စစ်တပ်သည် လက်နက်ချ တပ်ဖွဲ့မှုးနှင့် စစ်သည်များအား ရင်ပြင်ထဲသို့ ခေါ်ဆောင်လာလေသည်၊၊
"လွတ်စမ်း ... ငါတို့ကို ကျန်မိသားစုလောက်နဲ့ ခိုင်းလို့ရတယ် ထင်နေတာလား၊ ငါတို့နောက်မှာ ပြည်နယ်ရဲ့ အဆင့် ၃ ဝင် တိမ်အရိပ်ဂိုဏ်း တစ်ခုလုံး ရှိတယ်ကွ၊ မင်းတို့ အဆင့်တွေ လောက်နဲ့ တိမ်အရိပ်ဂိုဏ်း ကိုအန်တု"
"ခွပ်"
အခန်း(၂၁)ပြီး