← Chapters

အခန်း (၂၂-၂၄)

Vol. 2 Ch. 22-24

အခန်း (၂၂-၂၄)

Vol. 2 Ch. 22-24

အခန်း(၂၂)

( ကြောက်လန့် နေကြပြီ)

"ခွပ်"

မည်သူက စပစ်လိုက်သည် မသိသော ခဲတစ်ခဲက တပ်ဖွဲ့မှူး ဆိုသူအား လာထိမှန်လေသည်၊ ထိုနောက်ကား ခဲမိုးများစွာ ရွှာသွင်းဖြိုး ကြတော့၏။

မိသားစုဝင် အုပ်စု‌တွေ ကတော့ ထိုအထဲ မပါဝံ့ချေ၊ သာမာန် ပြည်သူများက တိမ်အရိပ်ဂိုဏ်းအား မသိကြသော်လည်း သူတို့ကား ဂိုဏ်းများအကြောင်း ကြားသိထား ကြလေသည်၊ အဆင့် ၃ ဟူသည်ကား အားမနည်းချေ၊၊

အခြေတည် အဆင့်များ ရိုက်သတ်၍ မကုန်နိုင်အောင် ပေါများပြီး ချီစစ်သူကြီး အဆင့် အကြီးအကဲ များစွာရှိကာ ချီဘုရင် အဆင့် ဂိုဏ်းချုပ်များ တည်ရှိကြသည်၊ ထိုသို့ အဆင့်များကား သူတို့ မိသားစုဝင် အိမ်တော်များ စော်ကားဝံ့သော အနေအထားတစ်ခုမဟုတ်ချေ၊၊

စောရန်နိုင်သည် ထိုကိစ္စအား သိထားသော်လည်း တမင်ပင် လျစ်လျူရှု ထားလေသည်။ ထို့နောက်

"ဒီရင်ပြင်မှာ ဒီလူတွေ ရှိနေပေမဲ့ တချို့သော ကျန်မိသားစုဝင် လက်ကျန်တွေက သူတို့ရဲ့ ပင်မစံအိမ် ခြံဝန်းထဲမှာပဲ ရှိနေသေးတယ်"

"ဒါပေမဲ့ စိတ်မပူပါနဲ့၊ မကြာခင် သူတို့လဲ ဒီနေရာမှာ အပြစ်ပေး ခံရဖို့ စောင့်ရတော့မှာပါ၊ နောက်ကနေ လိုက်ခဲ့ကြပြီး ကျန်မိသားစုရဲ့ အဆုံးသတ်ကို ကိုယ်တိုင်ပဲ လိုက်ကြည့်ရှု စေလိုတယ်"

ထိုနောက် စကားများထက် လက်တွေ့ကသာ အရာရောက်ကြောင်း သိသည်မို့ လူအုပ်ထဲအား ခေါင်းတစ်ချက် ညိမ့်ပြလိုက်လေရာ လူနှစ်ဦးမှ ခေါင်းပြန် ညိမ့်ပြလျက် တစ်ခြားသူများ မရိပ်မိခင် ထွက်သွားလေသည်၊၊

ခနအကြာ၌

"အုံး"

"အုံး"

"ဒါက ကျန်မိသားစု ရှိတဲ့ နေရာကမလား၊ မဟုတ်မှ လွဲရော"

"ဘာတွေ လျှောက်တွေးနေတာလဲ မြန်မြန်သွားဟ"

"တော်ကြာ နောက်ကျရင် နောက်ကနေ မမြင်ရပဲ နေမယ်"

စောရန်နိုင်နဲ့ ပြည်သူများသည် ကျန်မိသားစု အိမ်တော်ဘက် ထွက်လာကြ လေသည်။

ကျန်မိသားစု စံအိမ် အတွင်း၌

"အခြေအနေက ဘယ်လိုရှိသွားပြီလဲ"

ကျန်မင်းတစ်ယောက် စိတ်တိုဒေါသ ထွက်နေလေသည်၊ တစ််ခြားနေရာမှ ကျန်မိသားစုများ ပင်မစံအိမ်ဆီ လာပေါင်းချင်ကြသော်လည်း အစီအရင် အပြင်ဘက်ရှိ အရိပ်အစေခံ တချို့နှင့် ခရူးဆိတ်စစ်တပ်မှ ဆီးကြိုသတ်ဖြတ် နေကြသောကြောင့် သူတို့မျက်စိရှေ့တွင်ပင် မိသားစုဝင်များ နာရီနှင့်အမျှ သေဆုံးနေရလေသည်၊၊

ပိုဆိုးသည်က သူတို့အနေနဲ့ ဘာမှမကူညီ နိုင်သည့်အပြင် ယခုအချိန်အထိ လာတိုက်ခိုက်သူများ၏ နောက်ကြောင်းအား လုံးဝမသိရခြင်းပင်၊၊

"တိမ်အရိပ်ဂိုဏ်းရဲ့ အကူအညီ အရိပ်အယောင် မတွေ့ရသေးဘူးလာ"

"မတွေ့ရသေးပါဘူး ခေါင်းဆောင်၊ အနည်းဆုံး နောက် ၂ ရက်နေမှ ရောက်လောက်မယ် ထင်တယ်"

မှန်ပေသည်၊ တိမ်အရိပ်ဂိုဏ်းရှိရာ အနောက်ပြည်နယ် အရှေ့ပိုင်းနှင့် သားရဲတစ်ထောင်မြို့ရှိရာ အနောက်ပြည် နယ်စပ်ဒေသသည် မိုင်ပေါင်းရာချီ ဝေးလှသောကြောင့် ချီဘုရင်အဆင့်ပင် အနည်းဆုံးတစ်ရက် ကြာနိုင်၏၊ စွမ်းအင်သုံး ယာဥ်ပျံများနှင်သာ သွားလာနိုင်၏၊၊

သို့သော် စွမ်းအင်သုံး ယာဥ်ပျံများကား ရှားပါးလွန်းရ ာတိမ်အရိပ်ဂိုဏ်း၌ တစ်စီးသာရှိပြီး ကျန်မိသားစု ပြဿနာသည် မိသားစုအခြင်းခြင်း အရေးကိစ္စဟုသာ ယူဆသောကြောင့် ယာဥ်ပျံအား ထည့်မပေးလိုက်ချေ၊ ထို့ကြောင့် ဤမျှ ကြာနေရခြင်း ဖြစ်လေသည်။

ထို့အပြင် မိသားစု ရန်ပွဲများ ဖြစ်သော်လည်း ဂိုဏ်းသားတော်အား ထိလိုလျင်တောင် ဂိုဏ်း၏မျက်နှာကြောင့် အသက်အန္တရယ် မစိုးရိမ်ရနိုင်ပေ၊ ထို့ပြင် ကျန်မိသားစု အိမ်တော်၌ ဂိုဏ်းမှ ထောက်ပံ့ထားသော အဆင့်၁ တန်ပြန်အစီအရင် လဲရှိနေသေး၏။ သို့သော် .....

ခရူးဆိတ် တပ်ဖွဲ့မှူးတစ်ဦးမှ သာမာန်သာ ဝတ်ဆင်ထားသော လူရွယ်နှစ်ဦးအား ဦးညွန့်လျက်

"တပ်မဟာမှူးနဲ့ ဗိုလ်မှူးကို ကြိုဆိုပါတယ်"

တပ်မဟာမှူးဆိုသူမှ ခေါင်းညိမ့်လျက်

"သခင်စောက အစီအရင်ကို ဖြတ်ဆီးဖို့ ငါ့ကိုလွှတ်လိုက်တာပဲ၊ လမ်းပြပါ"

"ဟုတ်"

စံအိမ်အပြင်ဘက် အစီအရင် အနီး၌

"ကြိုဆိုပါတယ် တပ်မဟာမှူးနဲ့ ဗိုလ်မှူး"

"တွေ့ရတာ ဝမ်းသာပါတယ် အရိပ်အစေခံ တပ်ဖွဲ့မှူး"

"အင်း ... မနေ့ညက အရိပ်စစ်သည်တွေရဲ့ စွမ်းဆောင်နိုင်မှုက ချီးကျူးထိုက် ပါတယ်"

"မခံယူဝံ့ပါဘူး တပ်မဟာမှူး"

ခရူးဆိတ်ဗိုလ်မှူး သူရကျော်ထင်နဲ့ ဇင်ဝိုင်းမှာ အဆင့်တူ ဖြစ်လေသောကြောင့် သာမန်သာ နူတ်ဆက်နိုင်သော်လည်း၊ တပ်မဟာမှူး ဗလမင်းထင်မှာ ကျင့်ကြံဆင့်ရော ရာထူးပါ ကြီးသည်မို့ ရိုသေလေးစား ရလေသည်၊၊

"ငါ့အနေနဲ့ အစီအရင်ကို အပြင်အားနဲ့ ဖျတ်ဆီးမှာမို့ တပ်ဖွဲ့တွေကို မိုင်ဝတ်အထိ ဆုတ်ခိုင်းလိုက်ပါ"

"ဟုတ်"

ခနအကြာ၌ ဆုတ်မိန့်ပေးသံ အသီးသီး ထွက်ပေါ်လာလေသည်၊၊

"တပ်ဖွဲ့တွေ မိုင်ဝတ်အထိ နောက်ဆုတ်ကြ၊ ပြီးရင် စစ်ကြောင်းတန်းထိုးနိုင်အောင်ပါ ပြင်ထားကြ"

" ဆုတ်ကြ ... "

ကျန်စံအိမ်‌တော် အတွင်း၌

"ဂိုဏ်းသားတော် ... စိတ်မပူပါနဲ့၊ ဒီတန်ပြန် အစီအရင်ကို တော်ရုံနဲ့ မဖြိုဖျတ်နိုင်ပါဘူး၊ သူတို့ဘက်မှာ ချီဘုရင်တစ်ယောက် ပါမလာရင်ပေါ့"

ကျန်ခေါင်းဆောင်မှ ပြောလို့မဆုံးခင်

"သခင်ကြီး ... ရန်သူဘက်က လူတစ်ဦး ရှေ့ထွက်လာပြီး ကျန်သူတွေ အနောက်ကို ပြန်ဆုတ်ကုန်ပြီ"

ချီစစ်သူကြီးအဆင့်ရှိ ဂိုဏ်းအကြီးအကဲကလဲ

"ဂိုဏ်းသားတော် ... တစ်ဖက်မှာ ချီဘုရင်အဆင့် တစ်ဦးရဲ့ အော်ရာကို အခုလေးတင် ခံစားမိပါတယ်"

ဂိုဏ်းသားတော်

"ဒါဆို၊ ဒါက"

"ဘာ ... ဒါဆိုရင် "

"ဘာ .... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ချီဘုရင်ဆိုတာ ဂိုဏ်းကြီးတွေ ထဲမှာသာ ရှိတာမဟုတ်လား၊ ဘယ်လိုလုပ်ပြီး ဒီမှာတစ်ယောက် ရှိနေရတာလဲ"

ထိုစဥ်

"အုံး ... အုံး ... အုံး"

အခန်း(၂၂)

အခန်း(၂၃)

(အစီအရင် ပျက်ဆီးခြင်း)

"အုံး ... အုံး ... အုံး"

"ခလွပ်"

ဗလမင်းထင်၏ စွမ်းအင်လက်သီးဖြင့် တိုက်ခိုက်မှု နှစ်ကြိမ်မြောက်တွင် အစီအရင်၌ အက်ကြောင်းရာများ ပေါ်လာလေသည်။

"မကောင်းတော့ဘူး အစီအရင်ကို စွမ်းအင်ဖြည့်ကြ"

မိသားစု အကြီးအကဲများနှင့် ဂိုဏ်းသားတို့သည် ရှိသမျှ ချီစွမ်းအင်များဖြင့် အစီအရင်အား ချီစွမ်းအင် ဖြည့်လိုက်ကြလေသည်။

"အုံး ... ဝေါ့ ... အော့"

ဗလမင်းထင် တစ်ခါထိုးနှက်လိုက်တိုင်း အကြီးအကဲ များထဲမှတချို့ သွေးအန်ရင်း လွှင့်စင်ကုန်လေသည်။

ထိုစဥ် ကျန်မိသားစု ပင်မစံအိမ်နှင့် မိုင်ဝတ်အကွာသို့ စောရန်နိုင်နှင့် ပြည်သူများ ရောက်ရှိလာကြ လေသည်။

လွင်မိုးမှသက်ပြင်းချ၍

"ဟင်း ... တစ်ချိန်က ကြီးကျယ်ပြီး ခမ်းနားခဲ့တဲ့ ကျန်မိသားစုက အခုတော့ ... "

လွင်မိုးလဲ မတက်သာစွာ ခေါင်းရမ်းမိလိုက်သည်။

မြို့စားသစ်မှ ဤကဲ့သို့ ပြည်သူများအား ကြည့်စေလိုသည်မှာ သတိပေးခြင်း တစ်မျိုးဖြစ်ကြောင်းနှင့် သူအပါအဝင် တစ်ခြားမိသားစုဝင်များအား သတိပေးလိုခြင်း ဖြစ်ကြောင်း ရိပ်မိကြပေလိမ့်မည်။

များမကြာမီ အချိန်၌

"အုံး .... ဝုန်း ... အား"

ကျိုးပျက်သွားပီး ပေါက်ကွဲမှုအရှိန်ကြောင့် ကျန်မိသားစု အကြီးအကဲများနှင့် ဂိုဏ်းဝင်များ သေသူကသေ မသေလျှင် တစ်သတ်စာ ဒဏ်ရာများ ရကုန်ကြလေသည်။

ထိုစဥ် ... မိုးထက်ယံထိ ဟိန်းထွက်နေသော အသံများအားကြားလိုက်ကြ ရလေရာ ပြည်သူအများ ကြောက်ဒူးတုန်လျက် တစ်ချို့မှာ လဲကျကုန်လေသည်၊၊

"သတ် .... သတ်"

"ရွှတ် ..... ဇုတ် ... အား ... အွတ်"

"ဝုန်း ... ဝုန်း"

"ဖျစ်ဖျစ်ဖျစ် .... ဝုန်း"

"အား ..... "

စွမ်းအင်သီးသန့် တိုက်ခိုက်မှုများ ဓားခြင်းခုတ်သံများ၊ အဆောက်အဦး ပြိုကျသံများဖြင့် ကျန်ပင်မစံအိမ်၌ ငရဲပြည်အလား ပွတ်လောရိုက်သံ ဆူညံနေတော့၏။

"ကျန်မိသားစုတော့ သံပြားကန်မိပြီး အဆုံးသတ်ပြီပဲ"

"ဟွန့် ... ဒီလိုမိသားစု ဒီလိုသေရတာ မဖြစ်သင့်ဘူး၊ သက်သာလွန်းနေတယ်"

"ဟုတ်တယ် .... သူတို့ကြောင့် တစ်ဘဝလုံး အိပ်ယာထဲ လဲနေသူတွေ၊ ခြေပြက်လက်ပြက်နဲ့ ဒုက္ခိတဖြစ်သွားသူတွေ၊ ဘဝပျက်သွားသူတွေ အများကြီးပဲ"

ပတ်ဝန်းကျင်မှ တီးတိုးသံများအား နားစွန့်ရင်း အနားရှိ ဇော်ပိုင်အား တီးတိုးကပ်ပြော လိုက်လေသည်၊၊

ထိုအခါ ဇော်ပိုင်မှ မျက်စိမှိတ်ရင်း စိတ်အာရုံဖြင့် ရှေ့တန်းအား စကားတစ်ချို့ လှမ်းပြောလိုက်လေသည်။

"လက်နက်ချပြီး အညံ့ခံရင် အသက်ရှင်မယ်၊ လက်နက်ချပြီးရင် ဒူးထောက်ထားကြ"

"ချလွင် ... ချလွင် ... ချလွမ်"

နဂိုကထဲက ကြောက်ရွံ့ခြင်း ကြီးနေကြသော မိသားစုဝင်များမှာ ထိုအသံကြားသည်နှင့် မဆိုင်းတကွပင် လက်နက်များအား ပစ်ချကြ၍ ဒူးထောက်ထားရင်း ဦးခေါင်းပါ ငုံ့ထားလိုက်ကြလေသည်။

ဂိုဏ်းသားများမှာလည်း သူတို့သားတော်အား လည့်ကြည့်လိုက်ရာ

[ ငါ့လခွေး ]

ဂိုဏ်းသားတော်ဆိုသူမှာ အသံကြားသည်နှင့် ချက်ခြင်းပင် ဓားအားပစ်ချလိုက်ပြီ ဖြစ်သည်၊ မချလို့လဲ မရပေ၊ ဂိုဏ်းမှပါလာသော တစ်ဦးတည်းသော ချီစစ်သူကြီးမှာ တစ်ဖက်က ချီဘုရင်၏ လက်ချက်ဖြင့် ခေါင်းနဲ့ကိုယ် နှုတ်ဆက်သွားပြီ ဖြစ်လေသည်၊ သို့သော် ဒူးကား မထောက်ထားချေ၊၊

[ ငါတို့ကိုလဲ အသိပေးပါဦးဟ၊ မင်းကဂိုဏ်းသားတော်လေ ]

တိမ်အရိပ်ဂိုဏ်းဝင် လက်ကျန်လူ ၃၀ခန့်မှာ တစ်နေရာသို့ စုစည်း၍ မတ်တပ်ရပ် နေကြလေသည်။

ကျန်မင်းကား လက်နက်ချ၍ ဒူးထောက်ထားသော သူ၏ မိသားစုဝင် များအားကြည့်ကာ လက်နက်အား စွန့်လိုက်လေတော့သည်၊၊

မိသားစုခေါင်းဆောင် လက်နက်ချ လိုက်ပြီမို့ ကျန်ရစ်သော အကြီးအကဲများလဲ လက်နက်ချ လိုက်ရတော့၏။။

ထို့နောက် ခရူးဆိတ် စစ်သည်များက ဒဏ်ရာရသော စစ်သည်များအား ကုသခြင်း၊ ကျဆုံးစစ်သည်များအား သယ်ယူခြင်း၊ သုံ့ပန်းများအား ရင်ပြင်ဆီသို့ စောင့်ကြပ်ခေါ်ဆောင် သွားခြင်းများ ပြုလုပ်ကြ၍၊ အရိပ်အစေခံ များမှာတော့ ပြင်ပရောက် ကျန်မိသားစုဝင်များအား လိုက်လံဖမ်းဆီး လေတော့သည်၊၊

တစ်ချိန်က ကြီးကျယ်ခမ်းနားခဲ့သော ကျန်မိသားစုသည် ဤသို့ပင်ကျဆုံးခဲ့လေပြီ၊၊

ဇင်ဝိုင်းမှ စောရန်နိုင်အား

"ညီလေးစော၊ .... တိမ်အရိပ်ဂိုဏ်း သားတော်ဆိုသူက တွေ့ခွင့်တောင်းနေပါတယ်"

"အင်း"

ထို့နောက် စောရန်နိင်သည် လွင်မိသားစုအား ဆင့်ခေါ်၍ စကားစမြည် ပြောနေကြလေသည်၊၊ အထူးသဖြင့် သူဇာလွင်နှင့်ပင်၊၊

လွင်မိသားစု ခေါင်းဆောင်ကား ဘေး၌ မျက်နှာကြီး နီမြန်းလျက် ရပ်နေရရှာ၏၊၊

"သူတို့ကို ဘာလုပ်ချင်လဲ သူဇာ"

[ သူ ... သူငါ့ကို မေးနေတာလား၊ သူငါ့ကို ဟိုကိစ္စအတွက် လက်စားချေ ခိုင်းနေတာလား ]

သူဇာလွင် ရင်ထဲတွင် မေးခွန်းများစွာနှင့် နှလုံးခုန် မြန်နေလေသည်၊ ထို့ကြောင့် လွင်မိုးမှ သတိဝင်ပေး လိုက်မိသည်၊၊

"သမီး ... မြို့စားက မေးနေတယ်လေ"

"အန် ... အော် ... အင်း၊ အင်း"

ခနအကြာ၌ တိမ်အရိပ် ဂိုဏ်းဝင်များအား ကျင့်ကြံဆင့်ပိတ်၍ ခေါ်ဆောင် လာလေသည်၊၊

"မင်းတို့ ငါတို့ကို လွှတ်ပေးပြီး မင်းတို့သတ်လိုက်တဲ့ ဂိုဏ်းအကြီးအကဲနဲ့ ဂိုဏ်းဝင်တွေအတွက် ငါတို့ရဲ့ တိမ်အရိပ်ဂိုဏ်းကို ဖြေရှင်းချက် တစ်ခုပေးရလိမ့်မယ်"

"ဖြေရှင်းချက် လိုချင်တယ်ပေါ့"

အခန်း(၂၃)ပြီး

အခန်း(၂၄)

(သူမကငါ့လူပဲ)

"ဖြေရှင်းချက် လိုချင်တယ်ပေါ့"

"ဟုတ်တယ်၊ ပြီးတော့ သေလွန်သူတွေ အတွက်လည်း လျော်ကြေး ပေးရမယ်"

စောရန်နိုင်မှ ခေါင်းငြိမ့်၍

"အမှန်ပါပဲ"

"သေလွန်သူတွေအတွက် အလျော်ပေးရမှာမို့ တိမ်အရိပ်ဂိုဏ်းက လျော်ကြေးအနေနဲ့ ရွှေပြား ၁သိန်း၄သောင်း၊ ဂိုဏ်းသားတစ်ဦးဆီအတွက် ပြန်ရွေးဖို့ ရွှေပြားတစ်ထောင်နှုန်းနဲ့ အယောက် ၃၀စာ ရွှေပြား ၃သောင်း၊ မြို့ကိစ္စရပ်များမှာ ဝင်ရောက်ပြီး စွတ်ဖက်တဲ့အတွက် တစ်ဦးကို ဒဏ်ကြေးအနေနဲ့ ရွှေပြား၁၀၀၀နှုန်း၊ ရွှေပြား၃သောင်း၊ အခုပေးမလား ဂိုဏ်းဆီက တောင်းရမလား"

"အဲ့လိုမှပေါ့ ... ဘ ... ဘာပြောတယ်"

ဂိုဏ်းသားတော်ဖြစ်တဲ့ နိုင်လူတစ်ယောက် သွေးတစ်လုတ် အန်မိတော့မလို သွားလေသည်၊၊

[ ဓားပြတိုက်တာ အရှက်မရှိ ဓားပြတိုက်နေတာပဲ ]

"ဘာဖြစ်လို့ ငါတို့ဂိုဏ်းက ရွှေပြားပေးရမှာလဲ၊ ငါတို့ရဲ့ ဂိုဏ်းသားတွေလဲ အများအပြား သေခဲ့ရတာပဲလေ၊ ပြီးတော့ ပြန်ရွေးခံရမဲ့အထဲ ငါက ဘာလို့မပါရတာလဲ"

စောရန်နိုင်မှ

"မင်းက သေထိုက်လို့လေ"

ထို့နောက်

"ကျန်အိမ်တော် အတွင်းဆောင်ထဲမှာ ဝတ်လစ်စလစ်နဲ့ သေဆုံးနေတဲ့ အမျိုးသမီးငယ် ၆ယောက်ကို တွေ့ခဲ့ရတယ်လို့ ငါသိရတယ်၊ မသေခင်က အဓမ္မဆန်စွာ ယင်ယန်ကျင့်ကြံ ခံထားရပုံပဲ၊ ပြီးတော့ အသိစိတ်ပျောက်နေတဲ့ နောက်ထပ် အမျိုးသမီးငယ် တစ်ဒါဇင်လောက်ကိုလဲ တွေ့ရသေးတယ်တဲ့၊ ပြောစမ်းပါဦး ...... "

စောရန်နိုင်က သတ်ဖြတ်ချင်သော ဒေါသဖြင့်၊

"သူတို့က သေသင့်ရဲ့လား၊ သူတို့ပြန်အလာကို စောင့်နေကြတဲ့ သူတွေရဲ့ မျက်နှာကိုရော မင်းမြင်ယောင် ကြည့်ဖူးလား၊ မင်းလို အကျင့်ပျက်နေတဲ့ လူတစ်ယောက်ကမှ မသေဘူးဆိုရင် ဘယ်သူတွေက သေသင့်လို့လဲ"

"အဲဒီအတွက် သူတို့တစ်ယောက်ခြင်းဆီကို မင်းလျော်ပေးရမယ်၊ သေဆုံးသူ တစ်ယောက်အတွက် ရွှေပြားနှစ်သောင်း၊ ၆ယောက်စာ ၁သိန်း၂သောင်း၊ အသိမဲ့နေတဲ့ အမျိုးသမီးတွေအတွက် တစ်ယောက်ကို ရွှေပြား၁သောင်း၊ ၁၂ယောက်စာ ၁သိန်း၂သောင်း၊ ဂိုဏ်းဝင် တစ်ဦးစီအတွက် ရွှေပြား၁ထောင်၊ ၃၀စာ ရွှေပြား၃သောင်း၊ မြို့ကိစ္စရပ်တွေမှာ ဝင်စွတ်ဖတ်လို့ ဒဏ်ကြေးက တစ်ယောက်ကို ရွှေပြား၁၀၀၀နဲ့ ၃၀စာ ၃သောင်း၊ ပေါင်းနှစ်သိန်းကို ပေးဆောင်ခိုင်းတာ တရားမျတမှု မရှိလို့လား"

"အဆိုးဆုံးက ... လွင်မိသားစုရဲ့ သမီးအကြီးဆုံးကို မင်းဆင့်ခေါ်ခိုင်း လိုက်တာပဲ၊ ဘာလို့လဲဆိုတော့"

စောရန်နိုင်မှ ကြောက်လန့်တကြား မှီကျလာသော သူဇာလွင်အား ပွေ့ဖက်ထိန်းထားရင်း

"သူမက ငါ့လူမို့ပဲ"

"ဟ"

နိုင်လူတစ်ယောက် ထခုန်မိတော့သည်၊၊

[ ငါ့လခွမ်း ... အကျိုးနည်း တရားမျှတမှု၊ သူ့စော်ထိလို့ ငါ့ကိုသတ်ချင်တာများ၊ ကြားကောင်းအောင် လျော်ကြေးတောင်း ရသလားဟ ]

စောရန်နိုင်မှ ဖော်ပြလိုက်သော အမျိုးသမီးငယ်များ၏ အဆုံးသတ်အား ကြားလိုက်ရသည်တွင် သူဇာလွင်တစ်ယောက် အခြေမခိုင် ဖြစ်သွားကာ စောရန်နိုင်အား မှီထားလိုက်ရသည်၊၊

သူမလဲ မနေ့ညကသာ ကျန်အိမ်တော်ထဲ ရောက်ခဲ့လျှင် ထိုမိန်းခလေးများကဲ့သို့ အဆုံးသတ် ရပေလိမ့်မည်၊၊

ထိုစဥ် စောရန်နိုင် ထပ်မံဖြည့်စွက်လိုက်သော စကားကြောင့် ရင်ခုန်နှုန်း မြန်သွားကာ စောရန်နိုင်အား ငေးမောကြည့် နေမိသည်။

လွင်မိုးမှာ ခေါင်းမော့ရင်ကော့ဖြင့် ဝံ့ဝံ့ကြွားကြွား ရှိပြနေသည်မို့ တခြားသော မိသားစုများမှာ ထရိုက်ချင်ဘသွားလေသည်။ ထို့အပြင်မနာလိုစွာဖြင့်လဲ ကြည့်နေကြလေ၏။

သမီးအား အကြောင်းပြု၍ မြို့စားသစ်၏ ပစားပေးမှုဖြင့် လွင်မိသားစု မြင့်တက်လာ ပေတော့မည်။

ဒီလိုမှန်း ကြိုသိပါက မင်းကြီးကြိုက် တည်းခိုဆောင်ဆီ သူ့တို့၏ သမီးများအား စွမ်းအင်ချိတ်ပိတ်၍ ကိုယ်တိုင်ကိုယ်ကျ အခန်းထဲအရောက် ထည့်ပေးမိပေမည်။ ယခုကား ... နောင်မှရသော နောင်တများတည်း။

စောရန်နိုင်က ထိုအကြောင်းအရာများအား မသိသေးပဲ

"ကဲ ... သူဇာ ... သူ့ကို သူဇာ ဘာလုပ်ချင်လဲ သူဇာရဲ့ သဘောပဲ"

[ ဟီး .... တောင်နှစ်လုံးက နူးအိနေတာပဲ ]

ထိုသို့တွေးရင်း စောရန်နိုင်တစ်ယောက် နှာခေါင်းသွေး လျံသွား၏၊ ထိုသည်ကိုမသိပဲ ရင်ခွင်ထဲသို့ ရောက်နေသော သူဇာလွင်မှ စိုးရိမ်စွာဖြင့်

"ဟင် .... နင်ဘာဖြစ်သွားတာလဲ ... တိုက်ပွဲက ချီစွမ်းအင်တွေ လာထိတာလား၊ အဆင်ပြေရဲ့လား"

မေးမြန်းရင်း တောင်စမ်းမြောက်စမ်း လုပ်နေလေသည်။

ဘေးမှ မိသားစုဖခင်များ

[ နင့်အဘကို ထိပါလား၊ တိုက်ပွဲနဲ့ ဒီနေရာက မိုင်ဝတ်လောက် ကွာတာကို၊ နင့်ကြောင့်ဖြစ်နေတာ သိသာနေကို ]

"အဟမ်း ... ဘာမှမဖြစ်ပါဘူး၊ အခုတလော အိပ်ရေးမဝ ဖြစ်နေလို့ပါ"

"ရိုမန်တစ် ဆန်နေတာတွေ တော်လိုက်တော့၊ လွင်မိသားစုက ငါ့ကိုထိရဲမှတဲ့လား တောသားရဲ့"

"ဖြန်း ... အား"

စောရန်နိုင်မှ မြန်မာပြည်သားပီပီ

"အာ ... ဆောရီး၊ ယောင်ပြီးတော့ မတော်တဆ ရိုက်မိသွားတာ"

" အယ် ... ဘယ်ရောက်သွားလဲ၊ ပြန်ခေါ်ခဲ့ဦး"

"ခ်ခ်ခ်ခ်ခ်"

အခန်း(၂၄)ပြီး

All Chapters